no

Font
Theme

တစ်ချိန်လုံး နှုတ်ဆိတ်နေသော  ချန်ယင်ကျိုးက ရုတ်တရက် တစ်စုံတစ်ခု ပြောလာသဖြင့် လီ ညီအစ်ကိုများက ၎င်းတို့၏ စွပ်စွဲမှုများကို ဆက် မပြောတော့ဘဲ ရပ်တန့်သွားခဲ့‌လေသည်။

ချန်ယင်ကျိုး၏မျက်နှာက ညိုမှိုင်းနေတာ‌ကြောင့် လီညီအစ်ကိုများကို ထိတ်လန့်သွားစေခဲ့သည်။

လီအာ့သည် လီတာ့ကိုတွန်းလိုက်ကာ လီတာကလည်း သူ့မျက်လုံးများမှ အချက်ပြမှုများကို ချက်ချင်းနားလည်သွားလိုက်သဖြင့် ညီအကိုနှစ်ယောက်က ချန်ယင်ကျိုးရှေ့သို့ လှည့်သွားပြန်သည်။

"ထွီ" 

လီတာ့က အပြုံးအတုဖြင့် တံတွေးထွေးလိုက်ကာ "ဒီမှာ ဘယ်သူတွေ အညစ်ကြေး ထုတ်နေတာလဲလို့ ကြည့်လိုက်မိတာ။ အဘွားအိုကြီး ချန်ရဲ့မိသားစုက ဝံပုလွေကလေး ဖြစ်နေတာကိုး"

"ဝံပုလွေကလေး" ဟူသော စကားလုံးလေးလုံးသည် ချန်ယင်ကျိုး၏နှလုံးသားကြေးခွံကို ထိမိသွားခဲ့သလိုပင်။

ညိုမှိုင်းနေသော မျက်နှာသည် ပို၍ပင် အေးစက်လာကာ ချန်ယင်ကျိုးက ကြောက်ခမန်းလိလိ ငြိမ်သက်နေပြီး သူ့မျက်လုံးများက စူးရှနေပုံပေါ်‌သည်။သူ့လက်သီးတွေကို တင်းတင်းဆုပ်ထားရင်း သူ့နှုတ်ခမ်းတွေကို ကိုက်ထားတာက သွေးထွက်လုမတတ် ဖြစ်နေပြီး လီညီအစ်ကိုတွေကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လို့နေခဲ့သည်။

ထိုကြောင့် သူတို့အနည်းငယ်ကြောက်သွားရပြီး  လီတာ့ကို လီအာ့က လှမ်းဆွဲလိုက်ရာ နောက်ပြန်ဆုတ်သွားရသည်။

"ဘာကိစ္စရှိလို့လဲ ဝံပုလွေလေး၊ မင်းက လူတွေကို ကိုက်ချင်နေတာလား"

ဝိန်ဟွိုင်ရှုနှင့် ရှုဟောင်တို့က သူ့ကို ဤကဲ့သို့မြင်ရသောအခါတွင် စိတ်ပူသွားခဲ့ပြီး လီမိသားစုကို တစ်ခုခုလုပ်မည်ကို စိုးရိမ်သဖြင့် သူ့ကိုနောက်မှ ဆွဲရန် အမြန်ပြေးသွားလိုက်ကြသည်။ 

ချန်ယင်ကျိုးက ကလေးဘဝကတည်းက အကြိမ်ပေါင်းများစွာ ဝေဖန်ခံခဲ့ရသော်လည်း ဒေါသကို အမြဲထိန်းနိုင်ခဲ့သူဖြစ်သည်။သူ တဖြည်းဖြည်း ငြိမ်သက်သွားသော်လည်း သူ့အသံက ဒီဇင်ဘာလေကဲ့သို့ အေးစက်နေ၏။

"ဒီနေ့ အလုပ်မပြီးတာကို ငါ ဘာမှညည်းညူနေမှာမဟုတ်ဘူး။မင်းတို့နှစ်ယောက်ကတော့ သူတို့ကို လိုက်အပြစ်တင်နေတယ်"

ချန်ယင်ကျိုးက စကားတစ်ခွန်းထဲပဲ ပြောလိုက်ပါသော်လည်း သူပြောလိုက်တဲ့စကားကိုကြားပြီးတဲ့နောက်မှာတော့ လီညီအကိုနှစ်ယောက်က အပြစ်ရှိသလိုခံစားလိုက်ရကာ ဘာမှဆက်မပြောတော့ဘဲနဲ့ ရပ်သွားခဲ့သည်။

“အရေးမပါတာတွေမပြောနဲ့”

ဝိန်ဟွိုင်ရှုနဲ့ ရှုဟောင်က သူပြောတဲ့စကားတွေကို နားမလည်ခဲ့ပါ။

ဘာလို့ ညီအကိုတွေကို ပြဿနာရှာနေရတာလဲ??။သူတို့က ကိစ္စတွေကို မပြီးအောင်အချိန်ဆွဲပြီး လုပ်နေလို့လား။

ချန်ယင်ကျိုးက အေးစက်နေတဲ့မျက်နှာထားနဲ့ လီညီအကိုတွေ‌ ဘေးနားကိုလျှောက်သွားရာ သူတို့ကို တစ်ခုခုလုပ်လိုက်မှာဆိုးသဖြင့် ကြောက်ရွံ့နေကြသော်လည်း အမှန်တကယ်မှာတော့ ချန်ယင်ကျိုးက လီညီအကိုတွေ ခုနကမှ ပေါင်းသင်ထားတဲ့ မြေကွက်နား သွားတာဖြစ်သည်။

ချန်ယင်ကျိုးက မြေကြီးကို ဂေါ်ပြားဖြင့် ညင်သာစွာ တူးထုတ်လိုက်ရာ မြေဆီလွှာမှ ပြောင်းဖူးစေ့ အနည်းငယ်ထွက်လာတာကို တွေ့လိုက်ရသည်။

လီညီအစ်ကိုများ၏ မျက်နှာမှာ အနည်းငယ် ရုပ်ဆိုးသွားလေသည်။

ချန်ယင်ကျိုးက နောက်ထပ် အပိုင်းအစ နှစ်ပိုင်းကို တူးဖော်လိုက်ပြီး "အစေ့တွေက အပေါ်လောက်ပဲ တိမ်မြုပ်နေတယ်။ ဒီလိုဆိုရင် မိုးရွာတာနဲ့ အလွယ်တကူ မိုးရေနဲ့ ပါသွားလိမ့်မယ် "

သူတို့လုပ်ရပ်များကို ဖော်ထုတ်ခံလိုက်ရသဖြင့် အထိနာသွားသော လီအာ့က "ဒါ မင်းရဲ့ကိစ္စမဟုတ်ဘူး!"

ညီအကိုနှစ်ယောက်က တကယ်အပျင်းကြီးတာ‌ကြောင့် ကြုံသလိုတွင်းတူးပြီး အစေ့များကို ပစ်ချထားခဲ့လေသည်။သူတို့က ဘယ်သူမှ သတိမထားမိ‌လောက်ဘူးလို့ ထင်ခဲ့ကြပေမယ့်  ချန်ယင်ကျိုးကတော့ ဒါကို မြင်လိုက်ပုံပင်။

သူတို့က မျိုးစေ့များကို စနစ်တကျတောင် မစိုက်ပျိုးဘဲ တမင်တကာ အချိန်ဆွဲခဲ့ကြပြီး လျှို့ဟွိုင်ခွေ့ ရောက်လာတဲ့အခါမှာတော့ တာဝန်‌တွေကို သူများတွေအပေါ်  ပုံချပစ်ရာ အမြဲလိုလို တိတ်ဆိတ်နေတတ်တဲ့ ချန်ယင်ကျိုးပင် သည်းမခံနိုင်တော့ပါပေ။

ဝိန်ဟွိုင်ရှုနဲ့ ရှုဟောင်ကလည်း အခုမှ ဘာတွေဖြစ်နေတယ်ဆိုတာကို အကုန်သေချာနားလည်သွားခဲ့ပြီးတော့ သူတို့ရဲ့အပြစ်ရှိစိတ်ကလည်း နည်းနည်းလျော့သွားခဲ့သည်။

ရှုဟောင်က အစကတည်းက ဒေါသထွက်နေခဲ့ပြီး အခုအရာအားလုံး နားလည်သွားပြီး သူ့အပြစ်မဟုတ်ဘူးဆိုတာကို သိလိုက်ရ‌တဲ့အခါမှာတော့ ပိုပြီးတော့ ဒေါသထွက်လာခဲ့ရသည်။

သူက လီညီအစ်ကိုတွေကို တစ်ချက်ကြည့်လိုက်ကာ နှာရှုပ်လိုက်ပြီးတော့ ပြောလာခဲ့သည်။

“ညီအစ်ကိုတို့က ကျွန်တော်တို့အနေနဲ့ လယ်ဘယ်လိုစိုက်ရမလဲဆိုတာကို သေချာမသိတာကြောင့် ညှပ်ချပြီး ကျွန်တော်တို့ကို အပြစ်တင်ချင်နေတာလား??။ ဒါပေမဲ့ ကံကောင်းချင်တော့ ငါတို့အစ်ကိုက လယ်ဘယ်လိုစိုက်ရမလဲဆိုတာကို သေချာသိတယ်လေ။ငါတို့အခုပဲ အဖွဲ့ခေါင်းဆောင်ကိုခေါ်ပြီးတော့ ဘယ်သူက ဒီပြဿနာအတွက် တကယ့်ကို တာဝန်ရှိတာလဲဆိုတာကို ဆုံးဖြတ်ခိုင်းလိုက်ကြရအောင်”

ရှုဟောင်ရဲ့ပါးစပ်က အကိုဟူသော စကားထွက်လာတဲ့အခါမှာ  ချန်ယင်ကျိုးက အနည်းငယ်ထိတ်လန့်သွားခဲ့သည်။ ဒါပေမဲ့ သူက ဘာမှပြန်မပြောဘဲနဲ့ ရှု‌ဟောင်ကိုသာ တစ်ချက်ကြည့်လိုက်၏။

လီညီအကိုက အစကတည်းက ဝမ်ရွေ့ရွာမှာ နာမည်ဆိုးရှိပြီးသားသူတွေဖြစ်သည်။ သူတို့က သူတို့မမှန်နေရင်တောင်မှ တခြားသူတွေကို ပြဿနာဖြစ်အောင် ဆွဲခေါ်နိုင်တဲ့ လူတန်းစားမျိုးတွေလည်းဖြစ်၏။အခုကား ဒီမှာပညာတတ်လူငယ်နှစ်ဦးနဲ့ ပေါင်းသင်းဆက်ဆံရေးမကောင်းတဲ့ ချန်ယင်ကျိုးတစ်ယောက်ပဲရှိတာကြောင့် လီညီအကိုက သူတို့ကို ပြဿနာပေးလည်း ဘာကိစ္စမှမရှိဘူးလို့ အစက တွေးထင်ထားခဲ့တာ ဖြစ်သည်။

စကားလုံးအချို့ကို ပြောပြီးတဲ့နောက်မှာတော့ လူတစ်ချို့ကစပြီးတော့ ပြဿနာတက်ခဲ့ကြသည်။ဒါပေမဲ့ များသောအားဖြင့်တော့ ရှုဟောင် က လီမိသားစုကညီအကိုနှစ်ယောက်နဲ့ စကားများ ရန်ဖြစ်နေတာပဲဖြစ်သည်။ဝိန်ဟွိုင်ရှု ကတော့ သူတို့ရဲ့ရန်ပွဲကို အားပေးအားမြောက်လုပ်နေပြီး ချန်ယင်ကျိုးကတော့ ဒီရန်ပွဲမှာ ဘာမှထပ်ပြီးဝင်မပြောတော့ပါပေ။

သူ့အတွက်တော့ အခုလိုမျိုး မတ်တပ်ထရပ်ပြီးတော့ စကားပြောပေးလိုက်တာတောင်မှ တော်တော်ကို ခက်ခဲနေပြီဖြစ်တာကြောင့် နောက်ထပ်ထပ်ပြီး ရန်ဖြစ်ပေးဖို့အတွက်ကတော့ ချန်ယင်ကျိုးအတွက် မဖြစ်နိုင်တော့ပါ။

ထိုအချိန်တွင် ဤနေရာမှ ဖြတ်ကာသွားလာလှုပ်ရှားနေသော ရွာသားတစ်ဦးက ရန်ဖြစ်နေတာကို ကြားသိတဲ့အခါမှာ လျှို့ဟွိုင်ခွေ့ ဆီသို့ သွားပြီးတော့ ချက်ချင်းသတင်းပို့ပေးခဲ့သည်။

လျှို့ဟွိုင်ခွေ့ကလည်း အစကတည်းက ဒီလူများအပေါ် ဒေါသထွက်နေတာဖြစ်ပြီး အခုတော့ အလုပ်မလုပ်တဲ့အပြင် ခိုက်ရန်ဖြစ်ပွားနေတယ်ဆိုတာ ကြားတဲ့အခါမှာ ပိုပြီးတော့ ဒေါသထွက်လာပြီးတော့ မီးအပူလုံးကြီးတစ်ခုကို စီးနင်းနေရသကဲ့သို့ အမြန်ပြေးလာခဲ့သည်။

အလုပ်သေချာကြိုးစားနေတဲ့ ဆုတန်ကလည်း လျှို့ဟွိုင်ခွေ့ အမြန်ဆုံးပြေးသွားနေတာကို တွေ့တဲ့အခါမှာ သူ့ဘေးနားကသူတွေကို ဘာတွေများဖြစ်လို့လဲဟု မေးမြန်းလိုက်သည်။

ဆုတန်က ဒီဝမ်ရွေ့ရွာကို ပြောင်းလာခဲ့တဲ့အချိန်ကနေစပြီးတော့ အမြဲတမ်းပြုံးနေခဲ့ပြီး သူ့ရဲ့စိတ်သဘောထားကလည်း လူတိုင်းအပေါ် တကယ်ကောင်းမွန်ခဲ့သည်။သူမလေးက လှပရုံသာမကဘဲ စကားချိုချိုလေးတွေကိုလည်း ပြောတတ်ပါသေးတယ်။ရွာမှာရှိတဲ့လူတိုင်းက သူမနဲ့စကားပြောချင်ကြပြီးတော့ တစ်ခါတစ်လေမှာတော့ သူတို့က စကားမပြောနိုင်ဘဲနဲ့ လွဲချော်သွားခဲ့ကြသည်။

ဘေးနားမှာရပ်နေတဲ့ ရွှယ်အာ့ဆောင်ဆိုသူကလည်း တခြားသူတွေဆီက စကားကိုကြားပြီးပြီဖြစ်ကာ သူမက ခပ်ကျယ်ကျယ် ထပြောလိုက်သည်။

“အဲဒါက ချန်အဘွားအိုကြီးအိမ်က ကလေးလေးနဲ့ တစ်ခြားတစ်ယောက် ရန်ထဖြစ်နေခဲ့တာလေ”

သူမက ဆုတန်ကို မြင်တဲ့အခါမှာတော့ တစ်စုံတစ်ခုကိုတွေးမိသွားပြီးတော့ ချက်ချင်းထပြောလာလေသည်။

“အဲဒါ ချန်မိသားစုလေ နင်နေတဲ့ ချန်မိသားစုကို ပြောချင်တာ”

ဆုတန်က သူမ ပထမဆုံးရောက်သည့်နေ့တွင် ဒေါသထွက်နေချိန်က ချန်ယင်ကျိုး၏ အကြည့်ကို သတိရမိသွားလေသည်။သူမ ထိတ်လန့်သွားရပြီး ချက်ချင်းပင် လယ်ယာသုံးကိရိယာများကို ပစ်ချကာ တောင်ဘက်သို့ ပြေးသွားခဲ့သည်။

လျှို့ဟွိုင်ခွေ့ရောက်လာသောအခါ ရှုဟောင်သည် လီညီအစ်ကိုများ၏ ပျင်းရိသော အမူအကျင့်များအကြောင်းကို ပြောပြ‌လေသည်။ဒီတစ်ကြိမ်မှာတော့ သူ့မှာ အတွေ့အကြုံရှိတာကြောင့် လီညီအစ်ကိုတွေ စကားပြောလာဖို့ မစောင့်ဘဲ သူက အရင်စကားစပြောခဲ့ပြီး အဲဒါကိုဖော်ပြဖို့ ကွက်ကွက်ကွင်းကွင်း စကားလုံးအချို့ကို သုံးဖို့မမေ့ခဲ့ပါ။အဆုံးတွင် သူသည် ချန်ယင်ကျိုးကိုအတုယူကာ တစ်ဖက်သူကြည့်ရန်အတွက် ပြောင်းဖူးစေ့အနည်းငယ်ကိုပါ ကောက်ယူပြခဲ့သည်။

လီညီအစ်ကိုများကတော့ သူတို့၏နှလုံးသားထဲတွင် ကျိန်ဆဲနေကြသည်။ကျောင်းတက်ဖူးသူတွေက တကယ်ပဲ သူများနဲ့မတူဘူးပဲ။တိုင်တန်းတာ‌တောင် ဟောပြောနေသလို သို့မဟုတ် သတင်းပို့နေသလိုမျိုး ပြောနေလေသည်။

လျှို့ဟွိုင်ခွေ့ကတော့ နားထောင်ရင်းနဲ့ ဒေါသအရမ်းထွက်လာခဲ့သည်။အလုပ်မပြီးနိုင်လျှင် ဖြည်းညှင်းစွာ လုပ်ဆောင်နိုင်သေးပေမယ့် အစာကို ဖြုန်းတီးတာကတော့ တကယ်အပြစ်ကြီးတစ်ခုပင်။

ဆုတန် ရောက်လာသောအခါမှာတော့ လျှို့ဟွိုင်ခွေ့က ခါးကို‌ထောက်ပြီး လီညီအကိုများကို ကြိမ်းမောင်း‌နေသည်ကို တွေ့လိုက်ရလေသည်။ ညီအစ်ကိုများသည် မြေးများကဲ့သို့ ခေါင်းငုံ့ကာ ဆူပူကြိမ်းမောင်းခြင်းခံနေရပြီး မြေပေါ်သို့ လဲကျလုနီးပါးဖြစ်နေခဲ့သည်။

ရှုဟောင်က လိမ္မာပါးနပ်စွာ ရယ်မောနေပြီး ဝိန်ဟွိုင်ရှုကတော့ သူ့မျက်မှန်ကို အေးအေးဆေးဆေး သုတ်နေကာ ချန်ယင်ကျိုးကတော့ ဒီကိစ္စက သူနဲ့ ဘာမှမဆိုင်သလိုမျိုး သူ့မျက်နှာမှာ အမူအရာမှ မရှိနေခဲ့ပါ။

"အဆင်ပြေရဲ့လား?"

ဆုတန် အနားရောက်လာပြီး ချန်ယင်ကျိုး ၏အဝတ်အစားထောင့်ကို ညင်သာစွာဆွဲကိုင်လိုက်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။

ချန်ယင်ကျိုးက သူမဖြစ်ကြောင်းကိုမြင်တော့ ခေါင်းယမ်းလိုက်ကာ "ကောင်းပါတယ်"

ဆုတန်က သူပြောတာကိုကြားတော့ စိတ်သက်သာရာရသွားပြီး  "နင်အဆင်ပြေမယ်လို့ ငါလည်း မျှော်လင့်ပါတယ်။နင် တစ်ယောက်ယောက်နဲ့ ရန်ဖြစ်တာလို့ ငါထင်ပြီး တွေ့ဖို့ပြေးလာခဲ့တာ" ဟုဆိုကာ စိတ်သက်သာရာရသွားသလို ရင်ဘတ်ကို ပွတ်သပ်လိုက်သည်။

ချန်ယင်ကျိုးက သူမကိုကြည့်လိုက်ပြီး သူ့နှလုံးသားက ရုတ်တရက် ပူနွေးလာကာ သူ့မျက်လုံးထဲမှာ လှိုင်းလုံးတွေ ပေါ်လာတာကြောင့် ခေါင်းကိုလှည့်ကာ ဘာမှမပြောတော့ပေ။

လျှို့ဟွိုင်ခွေ့က လုံလောက်အောင် ကြိမ်းမောင်းလိုက်ပြီး မဝေးလှသော မြေကွက်ကြီးကို ညွှန်ပြကာ "မင်းတို့ အလုပ်ပြီးမှ အိမ်ပြန်ကြ!"

လီညီအစ်ကိုများ၏ တုံ့ဆိုင်းနေသည့် အမူအရာကိုမြင်တော့ လျှို့ဟွိုင်ခွေ့၏မျက်နှာ မည်းလာပြီး "ဘာကိစ္စရှိလို့လဲ၊ မင်းတို့က ပုန်ကန်ချင်‌နေတာလား"

ညီအစ်ကိုများက သူတို့လည်ပင်းကိုသာ ငုံ့ကာ စကားပြန်မပြောရဲကြပေ။

လျှို့ဟွိုင်ခွေ့ မကြာသေးမီက တစ်စုံတစ်ခုကို တွေးနေခဲ့သည်။သူသည် တပ်မဟာရှိလူများကို အုပ်စုများခွဲပြီး အစုအဖွဲ့တစ်ခုစီတွင် စိုက်ခင်းမှ ရိတ်သိမ်းချိန်အထိ သတ်မှတ်ထားသော လယ်မြေတစ်ကွက်စီတွင် တာဝန်ပေးပြီး  အပြည့်အဝတာဝန်ယူခိုင်းမည်။ ဤနည်းအားဖြင့် ဆောင်းဦးရိတ်သိမ်းချိန်တွင် မည်သည့်အဖွဲ့က ကောင်းစွာအလုပ်မလုပ်သည်ကို သိရှိနိုင်ပြီး ၎င်းတို့အားလုံးကို နှစ်ကုန်အကဲဖြတ်မှုများအဖြစ် ရေတွက်မည်ဖြစ်သည်။

၎င်းအကြံသည် လိမ္မာပါးနပ်လှသဖြင့် လီအာ့နှင့် လီတာ့ကဲ့သို့သော အချောင်သမားများကို ဖမ်းနိုင်ရုံသာမက အဖွဲ့ဝင်များ၏ အလုပ်အားထက်သန်မှုကိုလည်း တိုးတက်စေနိုင်ပေသည်။ထိုသို့သော ညွှန်ပြချက်တစ်ခုဖြင့် မင်းကပျင်းရိချင်ရင်တောင်  နှစ်ခါပြန်စဉ်းစားရန် လိုအပ်ပေလိမ့်မည်။

သူ ဒီလောက်မြန်မြန် အကောင်အထည်ဖော်ဖို့ မစီစဉ်ထားပေမယ့် ဒီနေ့မှာတော့ လီညီအစ်ကိုတွေကို အရမ်းဒေါသထွက်ခဲ့ပြီး ဒီကိစ္စကို မြန်မြန်အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်

တော့သည်။ လျှို့ဟွိုင်ခွေ့ထွက်သွားပြီးနောက် ဤလူများက မျိုးစေ့ကြဲရန် ပြန်ပြင်ဆင်ကြသည်။

လီညီအစ်ကိုများက အချိန်အတော်ကြာအောင် ဆူပူကြိမ်းမောင်းခံခဲ့ရပြီးနောက် နှလုံးသားထဲတွင် ဒေါသဖြစ်လာခဲ့ကြ‌လေသည်။ ယခု ဤလူများကို မြင်သောအခါ သူတို့သည် မျက်ကွင်းညိုသော ကြက်များကဲ့သို့ဖြစ်ပြီး အပြေးအလွှားပင် ကိုက်ချင်လာကြသည်။

လီတာ့မှာ မြေပြင်ပေါ်သို့ တံတွေးထွေးကာ လီအာ့နဲ့အတူ စိုက်ပျိုးမြေအနားသို့ လိုက်သွားခဲ့ပြီး နောက်တစ်ကြိမ်ထပ်ပြီး ပျင်းရိချင်နေတာ ထင်ရှားပေသည်။ ချန်ယင်ကျိုးကတော့ သူ့လက်များကိုရွှေ့ကာ အလုပ်စရန် ပြင်ဆင်လိုက်သည်။

မစိုက်ရသေးသော လယ်မြေကွက်ကြီးကိုကြည့်ရင်း ရှုဟောင်ရဲ့မျက်နှာကတော့  တုန်လှုပ်သွားပြီး ငိုချင်လာခဲ့သည်။

ဝိန်ဟွိုင်ရှုက ရှုဟောင်ပုခုံးကို ပုတ်လိုက်ပြီး "လာပါ" ဟု အားပေးလာလေသည်။

ရှုဟောင်က နှစ်ခါလောက် ရယ်မောလိုက်ပြီး သူ့လက်ပေါ်ရှိ အရည်ကြည်ဖုကြီးများကို မှုတ်ထုတ်ကာ "ငါ အားကုန်တာကြာပြီ..."

ဆုတန်လည်း သူတို့အလုပ်မပြီးနိုင်ဘူးလို့ ခံစားရသဖြင့် သူမက အဲဒါကိုစဉ်းစားလိုက်ပြီး "နင်တို့အရင်လုပ်နေကြအုန်း။ ငါလုပ်စရာကျန်သေးလို့၊ ခဏနေမှ နင်တို့ကို ကူညီဖို့လာခဲ့မယ်!"

ထိုစကားကိုပြောပြီးနောက် သူမက အလျင်အမြန် ပြန်ပြေးသွားလေသည်။

ချန်ယင်ကျိုးက ခေါင်းငုံ့ပြီး အလုပ်လုပ်‌နေရာ ဆုတန်၏စကားကိုကြားပြီးနောက် ခေါင်းကိုမော့ကာ သူမ၏ရုပ်သွင် သေးသထက်သေးသွားသည်ကိုကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားလေသည်။

ပြန်ရောက်ပြီးနောက် ဆုတန်က အလုပ်ကြိုးစားခဲ့သည်။ နှစ်နာရီ‌လောက် ကြာမည့်အလုပ်ကို သူမက တစ်နာရီအတွင်း ပြီးအောင်လုပ်လိုက်သည်။သူမ၏ကျောပြင် နာကျင်မှုကို တောင့်ခံထားပြီး အနားယူချိန်တောင် မယူခဲ့ပါပေ။ထို‌

နောက် အလုပ်ပြီးသည်နှင့် ကိရိယာတွေကို ကောက်ကိုင်ပြီး တောင်ဘက်ဆီ ပြန်ပြေးသွားတော့သည်။

အလုပ်လုပ်နေဆဲဖြစ်သော ရွှယ်အာ့ဆောင်မှာ သူမ၏ကျောကို တည့်တည့်မတ်မတ်ထားပြီး သူမ၏နဖူးမှချွေးများကို သုတ်လိုက်‌လေသည်။ မြို့ထဲက ပညာတတ်လူငယ်လေးတွေက တကယ်ကို ထူးထူးခြားခြားပဲလို့ သူမ ထင်သည်။ သူတို့ဟာ အားနည်းပုံရပေမယ့် အလုပ်လုပ်တဲ့အခါမှာတော့ ပြတ်သား၏။ အဖွဲ့ခေါင်းဆောင်က သူမတို့ကို ပညာတတ်လူငယ်များနှင့် ပိုမိုဆက်ဆံပြီး ပိုမိုလေ့လာသင့်သည်ဟု ထပ်ခါတလဲလဲ အလေးပေး ပြောဆိုခဲ့သည်မှာ အံ့သြစရာ‌တော့ မဟုတ်ပါ။ ဤစိတ်ဓာတ်နှင့် ဇွဲလုံ့လတို့က တကယ်သင်ယူထိုက်ပေသည်။

ဆုတန် ရောက်လာတဲ့အခါမှာတော့ လီညီအကိုများက ချောင်းကြည့်လိုက်ပြီး သူတို့သည် သစ်ပင်တစ်ပင်အောက်တွင်ထိုင်ကာ တစ်ခုခုကို လေ့လာနေကြပြီး ချန်ယင်ကျိုးနှင့် အခြားသူတို့ကို စိုက်ကြည့်နေကြလေသည်။သူတို့ကို လျှို့ဟွိုင်ခွေ့ ကြိမ်းမောင်းတာ ပေါ့တန်လွန်းသည်ဟု ဆုတန် ခံစားမိသည်။သူတို့သည် မြည်းများကဲ့သို့ဖြစ်ပြီး ကြာပွတ်ဒဏ်သာ မခံရလျှင် အလုပ်မဖြစ်နိုင်ပါ။

[ မြည်း- ငါတို့က မျက်ကွယ်ပြုထားရင်တောင် ကြိတ်စက်ကို ဆွဲထုတ်နိုင်တယ်... ]

ဆုတန်က သူတို့ကို ဂရုမစိုက်တော့ဘဲ ချန်ယင်ကျိုးဆီကို ပြေးသွားခဲ့သည်။

" ချန်ယင်ကျိုး ငါ နင့်ကိုကူညီဖို့လာပြီ"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment