ရွှံ့ထူထပ်နေတဲ့ တောင်ပေါ်လမ်းလေးဟာ တကယ့်ကို သွားလာဖို့အတွက် ခက်ခဲလှလေသည်။ ဆုတန်ဟာ နွားလှည်းအရှိန်ကြောင့် လန့်နိုးသွားရပြီး သူမရဲ့မျက်ခုံးတွေကို ပွတ်လိုက်ကာ သူ့ကိုယ်သူလန်းဆန်းသွားအောင် အားယူလိုက်သည်။
သူမရဲ့ဘေးနားမှာရှိတဲ့ မျက်နှာဝိုင်းဝိုင်းနဲ့မိန်းကလေးက သူမနိုးလာတာကိုတွေ့တော့ ချက်ချင်းပင်ပြုံးလိုက်ပြီး ပျော်ရွှင်သွားခဲ့၏။
“ရှင် နောက်ဆုံးတော့နိုးလာခဲ့ပြီ ရှင်က တကယ်ကို ကောင်းကောင်းအိပ်နိုင်တာပဲ လမ်းတစ်လျှောက်လုံးအိပ်နေခဲ့တာ”
ဆုတန်က အခုအချိန်ထိ ဘေးပတ်လည်က အခြေအနေကို သေချာနားမလည်သေးတာကြောင့် ပြန်ပဲပြုံးပြလိုက်၏။ထိုနောက် သူမက ငုတ်တုတ်ထထိုင်လိုက်ပြီးတော့ စနစ် 3742ဆီမှာ အချက်အလက်များကို တောင်းခံလိုက်သည်။
ချန်ယင်ကျိုးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် သူမဟာ ၁၉၇၅ ခုနှစ်ကို ရောက်လာခဲ့ပြီး ကျေးလက်ကို ခရီးသွားနေတဲ့ ပညာတက်လူငယ်တွေထဲကတစ်ယောက် ဖြစ်လာခဲ့ကာ ဝမ်ရွေ့ရွာသို့ သတင်းပို့ရန် ရောက်လာခဲ့ခြင်းဖြစ်သည်။ မူလပိုင်ရှင်မှာ အားနည်းလွန်းသဖြင့် ကျေးလက်သို့သွားရသည့်အချက်ကို လက်မခံနိုင်ခဲ့ကာ လူတစ်ကိုယ်လုံးက စိတ်ထောင်းကိုယ်ကြေဖြစ်နေသည့်အချိန်တွင် စနစ် 3742 က ဆုတန်ကို ဒီကိုယ်ထဲကို ရောက်လာဖို့အတွက် စီစဉ်ပေးခဲ့တာဖြစ်၏။
ဒီတစ်ခါမှာတော့ ချန်ယင်ကျိုးရဲ့အသက်မှာ ၁၈နှစ်ပဲရှိသေးတာဖြစ်ပြီး ဆုတန်က သူ့ကိုရှာပြီး သူ့ရဲ့စိတ်ဆန္ဒတွေ ပြည့်ဝအောင်အတွက် တစ်ဖက်တစ်လမ်းက ကူညီပေးရမှာ ဖြစ်သည်။
သူငယ်ချင်းတွေရှာမယ်။ ကောလိပ်ဝင်ခွင့်ကိုတက်မယ်။ပြီးတော့ တစ်စုံတစ်ယောက်နဲ့ချစ်ကြိုက်သွားမယ်။ဒီလိုလုပ်ဆောင်ချက်တွေက သူမရဲ့အရင်က လုပ်ဆောင်ချက်တွေနဲ့ ယှဉ်ရင် ပမွှားပဲဖြစ်တဲ့အတွက် သူမက ဒီလုပ်ဆောင်ချက်တွေကို အရမ်းကြီးစိတ်နှစ်မထားခဲ့ပါ။
မျက်နှာဝိုင်းဝိုင်းနဲ့မိန်းကလေးက ဆုတန်အချိန်အတော်အတန်ကြာထိ ငေးငိုင်နေတာကိုတွေ့တဲ့အခါ သူမက အခုအချိန်ထိ ကျေးလက်ဒေသကိုသွားရတဲ့အပေါ် သိပ်ပြီးမကျေနပ်သေးဘူးလို့ထင်တာကြောင့် သူမကို အလျင်အမြန်နှစ်သိမ့်ပေးလိုက်သည်။
“တအားကြီးဝမ်းမနည်းပါနဲ့။ကျေးလက်ဒေသဘက်က အခြေအနေတွေက ခက်ခဲတယ်ဆိုပေမယ့်လည်း ထမင်းတစ်နပ်တော့ ကောင်းကောင်းမွန်မွန် စားနိုင်ပါတယ်။ တကယ်လို့ ရှင်သာ အလုပ်ကို ကောင်းကောင်းမွန်မွန်နဲ့ ကြိုးစားမယ်ဆိုရင် မြို့ကိုပြန်ဖို့အတွက် နည်းလမ်းကလည်း ရှိလာမှာပါ”
မျက်နှာပြည့်ပြည့်နဲ့ကောင်မလေးက စိတ်ထားကောင်းကောင်းရှိပြီးတော့ အဆက်မပြတ်စကားများကို ပြောပေးနေခဲ့သည်။ဆုတန်က သူမအပေါ် ပထမဆုံးတွေ့သည့်အချိန်ကတည်းက ကောင်းတဲ့အမြင်ရှိသည့်အတွက် ပြုံးပြလိုက်ပြီး သူမရဲ့ နာမည်ကို အရင်ဆုံးမေးလိုက်၏။
“ကျွန်မနာမည်က ကျန်းချွေ့ရှန်း။အမ နာမည်ကရော ဘာလဲ??”
“ဆုတန်။ဆုကျိုးက ဆုနဲ့ ချိုမြိန်သည်(သကြားလုံး)က တန် "
ကျန်းချွေ့ရှန်းက ပြုံးလိုက်ပြီး “နာမည်ကကောင်းသားပဲ။အဲဒါက ချိုမြိန်တယ်လို့ အဓိပ္ပါယ်ရတယ်”
ဆုတန်က သူမနဲ့အတူ လိုက်ရယ်မောလိုက်ပြီးတော့ “ဒါဆိုအဲ့ဘက်က ဆောင်းဦးမှာ မွေးဖွားတာပေါ့။ နာမည်က ချွေ့ရှန်းဆိုတော့”
ကျန်ချွေ့ရှန်းက မျက်တောင်ခတ်လိုက်ပြီးတော့အံ့သြစွာနဲ့ ပြောလာခဲ့သည်။ “ရှင်က ကျွန်မ ဆောင်းဦးမှာ မွေးဖွားတယ်ဆိုတာ ဘယ်လိုသိတာလဲ။ကျွန်မမှာ ကျန်းချွန်ရှန်းနဲ့ ကျန်းရှရှန်းလို့ ခေါ်တဲ့ အစ်ကိုနှစ်ယောက်ရှိပြီးတော့ ကျန်းဒုန်ရှန်းလို့ခေါ်တဲ့ ညီမလေးတစ်ယောက်လည်း ရှိတယ်”
ဒီကောင်မလေးက တကယ့်ကိုရိုးသားပြီးတော့တစ်စက္ကန့်လောက်အတွင်းမှာပဲ သူမရဲ့ညီအစ်ကိုမောင်နှမတွေရဲ့ နာမည်အစစ်တွေကိုထုတ်ပြောပြလာခဲ့သည်။
ကားမောင်းနေတဲ့လူအိုကြီးက အနောက်ခန်းမှာရှိတဲ့ အမျိုးသမီးလေးနှစ်ယောက်က တက်တက်ကြွကြွနဲ့ ရယ်ရယ်မောမော စကားပြောနေတာကိုနားထောင်နေခဲ့သည်။ လူငယ်တွေကတော့အမြဲတမ်းအားအင် အပြည့်နဲ့လန်းဆန်းနေတာပင်။
အချိန်အတော်တန်ကြာ စကားပြောပြီးတဲ့နောက် မှာတော့ ဆုတန်က သူမတို့ရဲ့ကားနောက်မှာ ကပ်ပြီးတော့လိုက်လာတဲ့ နွားလှည်းတစ်စီးကို တွေ့လိုက်ပြီးတော့ ထိုနွားလှည်းအပေါ်မှာကောင်လေးသုံးယောက်ထိုင်နေတာကိုပါ တွေ့လိုက်ရသည်။
ကျန်းချွေ့ရှန်းက ထိုသူတွေကို တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပြလာခဲ့၏။
“မျက်လုံးကြီးကြီးနဲ့တစ်ယောက်က ရှုဟောင်။ မျက်လုံးသေးသေးနဲ့တစ်ယောက်က ကျန်းဖန်းမင်။ မျက်မှန်တပ်ထားတဲ့တစ်ယောက်က ဝိန်ဟွိုင်ရှု။သူတို့လေးယောက်စလုံးက အန်းယန်မြို့ကလေ”
ဆုတန်က အကုန်လုံးကိုနားလည်သွားခဲ့ပြီး ကျန်ချွေ့ရှန်းနဲ့အတူ သူမတို့အခုသွားမယ့်နေရာရဲ့ အတွင်းအပြင်အကြောင်းကို အတွင်းကျကျဆွေးနွေးနေခဲ့သည်။
နွားလှည်းကလည်း မရပ်ဘဲဆက်သွားနေခဲ့ကာ ဆုတန်က နောက်ဆုံးမှာ အရမ်းကိုပျင်းပြီးတော့ သေတော့မလိုခံစားရတော့တဲ့အချိန်မှာပဲ သူတို့သွားရမယ့်နေရာကို ရောက်ရှိလာခဲ့တော့သည်။
............
ဝမ်ရွေ့ကျေးရွာရှိ တပ်မဟာဌာနချုပ်မှာတော့ ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင် လျှို့ဟိုင်ခွေ့က အဆိုပါ ပညာတတ်လူငယ်များအတွက် နေရာထိုင်ခင်း စီစဉ်ပေးနေခဲ့၏။
လျှို့ဟိုင်ခွေ့ အဖွဲ့ခေါင်းဆောင်မဖြစ်မီတွင် ဝမ်ရွေ့ကျေးရွာက အမြဲတမ်းညံ့ဖျင်းသောအဖွဲ့ဖြစ်တာကြောင့် ပညာတတ်လူငယ်များကို သူတို့ရွာအတွက် တာဝန်မပေးခဲ့ပေ။
လျှို့ဟိုင်ခွေ့ အဖွဲ့ခေါင်းဆောင်ဖြစ်လာပြီးတဲ့နောက် သူ၏ခေါင်းဆောင်မှုအောက်တွင် ကောက်ရိတ်သိမ်းမှုများ နှစ်စဉ်ရှိခဲ့ပြီး အိမ်ထောင်စုတိုင်းမှာ ပိုမိုကောင်းမွန်သောဘဝ ရှိလာခဲ့လေသည်။
ပညာတတ်လူငယ်အဖွဲ့ ရွာသို့ ရောက်ရှိလာခြင်းက ပထမဆုံးအကြိမ်ဖြစ်ပြီး ၎င်းတို့က သူတို့ မျှော်လင့်ထားသည်ထက် တစ်လကျော်လောက်ပင်စော၍ ရောက်ရှိလာခြင်းဖြစ်သည်။ ယခုအချိန်သည် စိုက်ပျိုးရာသီဖြစ်ပြီး ပညာတတ်လူငယ်များအတွက် အဆောင်များ ဆောက်ရန်အချိန်မရှိသေးပါ။
လျှို့ဟိုင်ခွေ့က လူတိုင်းနှင့် ဆွေးနွေးလိုက်ပြီး အဆိုပါ ပညာတတ်လူငယ်ငါးဦး ယောက်ျားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးကို ရွာသားများနှင့်အတူ ခဏတာနေထိုင်ရန်နှင့် သူတို့ အလုပ်ပြီးပါက အဆောင်များဆောက်ရန် စီစဉ်ခဲ့သည်။
ပညာတတ်လူငယ်များက အလကားနေရမည်ဖြစ်ပြီး အလုပ်မလုပ်ရပါ။ ကျေးလက်သို့သွားသည့် ပထမနှစ်မှာတွင်ပင် ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများ ရရှိမည်ဖြစ်သည်။ ပညာတတ်လူငယ်များကို ခေါ်ယူခဲ့သည့် မိသားစုများမှာလည်း တစ်လလျှင် ထောက်ပံ့ကြေးငွေ ၅ ယွမ် ရရှိနိုင်မည်ဖြစ်သည်။
၅ ယွမ်ဟာ နည်းတဲ့ပမာဏ မဟုတ်ပါပေ။ သန်မာသူတစ်ယောက်တောင် တစ်နေ့ကို ၁၀ ဆင့်နဲ့ ၃၀ ဆင့်သာ ဝင်ငွေရနိုင်သည့်အတွက် ဒီ ၅ ယွမ်အတွက် ရွာသားတွေဟာ ပညာတတ်လူငယ်များကို အိမ်ပြန်ခေါ်သွားရန်အတွက် ရန်ဖြစ်လုနီးပါး ဖြစ်ကုန်ကြလေသည်။
ရှုဟောင်က ဝိန်ဟွိုင်ရှုနဲ့ တခြားသူတွေကို တိုးတိုးကပ်ပြောလိုက်ပြီး "ငါတို့ ဒီလောက်နာမည်ကြီးလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး"
ကျန်းဖန်းမင်က သူ့နှုတ်ခမ်းကို ရှုံ့မဲ့လိုက်ပြီး "သူတို့က ငါတို့ကို မကြိုဆိုဘူး၊ ၅ ယွမ်ကိုပဲ ကြိုဆိုတာ"
လျှို့ဟိုင်ခွေ့မှာ ဒေါသကြီးသူဖြစ်လေရာ ဆူညံနေတဲ့လူတွေကိုမြင်တော့ သူက ဒေါသတကြီးနဲ့ "ဘာတွေ ငြင်းခုံနေကြတာလဲ။ မင်းတို့ အသက်အရွယ်နဲ့ မရှက်ကြဘူးလား။ ဝေးဝေးနေကြ။ပညာတတ်လူငယ်တွေက မဲနှိုက်ကြလိမ့်မယ်၊ မဲကျတဲ့အိမ်မှာ နေရမှာပဲ"
စာရင်းကိုင်ယန်နှင့် အမျိုးသမီး ဒါရိုက်တာ ကျောက်ဟုန်ဖန်းတို့က ကတ်ထူပုံးကြီးတစ်ခုကို အမြန်ပြင်ဆင်လိုက်ပြီး ကိုယ်စားလှယ်တစ်ဦးစီ၏အမည်များကို စာရွက်များပေါ်တွင် ရေးမှတ်ကာ ပုံးထဲသို့ ထည့်လိုက်လေသည်။
ဆုတန်က 3742နဲ့ ထပ်မံအတည်ပြုလိုက်ပြီး ချန်ယင်ကျိုးက ဝမ်ရွေ့ ရွာတွင်ရှိနေသည်ကို သူမသိသဖြင့် သူ့မိသားစုကို တခြားတစ်ယောက်ယောက်က ရွေးသွားမှာကို သူမကြောက်မိနေသည်။ထိုကြောင့် သူမ နှလုံးသားထဲမှာ 3742 ကိုပဲ ဆက်တိုက်က်ခေါ်နေမိသည်။ 3742 က “ဟမ်” လို့ စိတ်မရှည်စွာနဲ့ ပြောလာခဲ့၏။
စနစ်၏ လိမ်လည်လှည့်ဖြားမှုနှင့်အတူ နောက်ဆုံးရလဒ်မှာတော့ ချန်ယင်ကျိုးရဲ့ မိသားစုကို သဘာဝအတိုင်း သူမ ရောက်သွားခဲ့သည်။
စာရွက်ပေါ်က နာမည်တွေကို လူတော်တော်များများ ဖတ်ပြပြီးနောက် ဆုတန်ဟာကလွဲရင် ဘယ်သူမှ ပြဿနာမှမရှိဘူးလို့ လျှို့ဟိုင်ခွေ့ ထင်လိုက်သည်။
လျှို့ဟိုင်ခွေ့က "ရဲဘော်ဆုတန် မဟုတ်လား။ နောက်တစ်ခု ထပ်ဆွဲပေးလို့ရမလား??"
ဆုတန်က "ဘာလို့ ထပ်ဆွဲရမှာလဲ?" ထပ်မဆွဲချင်တော့ဘူးလေ။
လျှို့ဟိုင်ခွေ့က သူမကို ဘယ်လိုရှင်းပြရမှန်းမသိပေမယ့် အမျိုးသမီးရေးရာဌာနရဲ့ ဒါရိုက်တာ ကျောက်ဟုန်ဖန်းက ပြတ်ပြတ်သားသားပြောလာခဲ့သည်။ သူမက ဆုတန်အတွက် အသံကို လျှော့ကာ ချော့ပြောလိုက်ပြီး "ညီမလေး နားထောင်ပါ၊ သူ့အိမ်ကို မသွားနဲ့၊ သူ့မိသားစုထက် ပိုကောင်းတဲ့သူကို ရွေးလို့ရတယ် "
ကလေးမလေးက ရှုပ်ရှက်ခတ်နေတဲ့ မျက်နှာနဲ့ သူ့ကိုကြည့်နေတာကို မြင်တော့ ကျောက်ဟုန်ဖန်းက စကားနည်းနည်းထပ်ပြောဖို့ကို မတတ်နိုင်တော့ဘဲ " ချန်ယင်ကျိုးနဲ့ သူ့အဖွားတို့ မိသားစုထဲမှာ လူနှစ်ယောက်ပဲရှိတယ်။ သူ့အဖွားကလည်း အသက်ကြီးနေပြီ။ ချန်ယင်ကျိုးကလည်း တခြားသူတွေနဲ့ ပေါင်းသင်းရတာ မကြိုက်ဘူး။သူ့မှာ အရမ်းဆိုးတဲ့ စိတ်ဓာတ်ရှိတယ်။သူ့အိမ်က မင်းလို ကလေးမလေးအတွက် နေဖို့ မသင့်တော်ဘူး"
ကျောက်ဟုန်ဖန်းက ချန်ယင်ကျိုးရဲ့အကြောင်း မကောင်းပြောဖို့အတွက် မရည်ရွယ်ခဲ့ပါပေ။ သူမက ကြင်နာတတ်တာကြောင့် မစ္စချန်မှလွဲ၍ ချန်မိသားစုတွင် တခြားအမျိုးသမီးမရှိသဖြင့် ဆုတန်သွားဖို့ အဆင်မပြေမှာကို သူမစိုးရိမ်နေခဲ့တာပင်။
"ညီမလေး ချန်ယင်ကျိုးရဲ့ မိသားစုက ဘာကောင်းလို့လဲ။ ဘာလို့ ငါ့အိမ်ကို မသွားရမှာလဲ၊ ငါ့အိမ်က ကျယ်ဝန်းပြီး နေထိုင်ရတာ အဆင်ပြေတယ်"
ထိုစကားပြောလာသော အမျိုးသမီးမှာ အသက်သုံးဆယ်ရှိပြီဖြစ်သော စုန့်ရှဖြစ်ကာ သူမက ထက်မြက်ပြီး အလုပ်လည်းတော်ကာ ရန်ပွဲများတွင်လည်း မရေမရာ တစ်ခါတစ်ရံပါတတ်၏။ ကျောက်ဟုန်ဖန်းက ဆုတန်ကို မိသားစုပြောင်းဖို့ ဆွဲဆောင်နေတာကိုမြင်တော့ သူမကိုယ်တိုင် ပါဝင် အကြံပြုလိုက်သည်။
သူမက အလွန်စိတ်အားထက်သန်သူမဟုတ်သော်လည်း တစ်လလျှင် 5 ယွမ် ထောက်ပံ့မှုရှိနေသဖြင့် အနည်းငယ် စိတ်ဝင်စားနေဆဲ ဖြစ်သည်။
စုန့်ရှမိသားစုနှင့် ချန်ယင်ကျိုးတို့ မိသားစုမှာ အိမ်နီးချင်းများဖြစ်ကြပြီး သူ့ မိသားစု၏အခြေအနေကို ပိုမိုရှင်းလင်းစွာသိရှိသူလည်းဖြစ်သည်။ သူတို့ မျိုးဆက်နှစ်ဆက်လုံးမှာ အရင်က ဆင်းဆင်းရဲရဲဖြင့် တစ်နှစ်ပတ်လုံး အသားမစားနိုင်ကြသူများဖြစ်ပြီး အခုတော့ သူမ၏မိသားစုအခြေအနေက ဝမ်ရွေ့ ရွာရှိ အကောင်းဆုံးများထဲမှတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။ ထိုသာလွန်သောခံစားချက်က သူမအား အနည်းငယ်မာနကြီးလာစေခဲ့ပြီး ချန်ယင်ကျိုးရဲ့မိသားစုကို ပြောသောအခါတွင် သူမက နည်းနည်း ရှုတ်ချချင်ခဲ့သည်။
ဆုတန်က သူမ လေသံကို မကြိုက်သော်လည်း ပထမဆုံးနေ့တွင် ရန်သူများ မဖြစ်စေလိုသောကြောင့် ယဉ်ကျေးစွာပြုံးကာ လျစ်လျူရှူလိုက်လေသည်။
ဆုတန်၏အေးစက်သော သဘောထားကို ခံစားမိလိုက်ရာ စုန့်ရှဟာ ငြီးငွေ့လာခဲ့သည်။ မြို့က ပညာတတ်လူငယ်တွေက ကျေးဇူးကန်းလွန်းတယ်လို့ သူမထင်သည်။ ကောင်းတဲ့နေရာကို မသွားကြဘဲ ကြမ်းတဲ့အစာတွေကိုပဲ စားချင်ကြတယ်။စာသင်ခဲ့တာက ဒီလို မိုက်မဲကြဖို့လား။
ကျောက်ဟုန်ဖန်းမှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိကြောင်း ဆုတန်က သိတာကြောင့် မျက်လုံးများကွေးကာ ပြုံးပြလိုက်ပြီး "ကျွန်မတို့ တပ်မဟာ ပတ်ဝန်းကျင်မှာ အကောင်းဆုံး လေထုရှိတယ်လို့ ကြားဖူးခဲ့ပါတယ်၊ ရွာသားတွေကလည်း စည်းလုံးညီညွတ်ပြီး သဟဇာတ ဖြစ်နေကြတယ်။ ချန်ယင်ကျိုးက တခြားသူတွေနဲ့ ပေါင်းသင်းရတာကို မကြိုက်ပေမယ့် တစ်ခါမှ မကောင်းတာ မလုပ်ဖူးပါဘူး။ ဒါကြောင့် နောက်ထပ် ထပ်ဆွဲစရာမလိုဘူးလို့ ထင်ပါတယ်။ မဲရလဒ်က မျှတပါတယ် "
ကျောက်ဟုန်ဖန်းက သူမ၏တပ်မဟာကို လူအများက ချီးမွမ်းပြောဆိုသည်ကို ကြားရတာကြောင့် သဘာဝအတိုင်း ပျော်ရွှင်သွားခဲ့ပြီး ပညာတတ်များဆီမှ မျှော်မှန်းထားသည့်အတိုင်း သူတို့ရဲ့ စကားလုံးများမှာ အမြဲလိုလိုပင် ကြားရ နားထောင်က ကောင်းလွန်းလှသည်ဟု ထင်မိသည်။
သူမက ပြုံးပြီးလိုက်ပြီး ခေါင်းညိတ်လိုက်ကာ ထပ်ခါတလဲလဲနဲ့ " မင်းမှန်တယ်၊ ငါတို့အဖွဲ့ဟာ ယဉ်ကျေးတဲ့အသင်းဖြစ်ပြီး ကွန်မြူနတီခေါင်းဆောင်တွေကပါ ငါတို့ကို ချီးကျူးကြတယ်"
ကျောက်ဟုန်ဖန်းက အဲဒါကို တွေးလိုက်ပြီး ဆုတန်ပြောတာ မှန်တယ်လို့ ခံစားလိုက်ရသည်။
ချန်ယင်ကျိုးက များသောအားဖြင့် သူ့ကိုယ်သူ ထိန်းထားပြီး တခြားသူတွေနဲ့ မဆက်ဆံတတ်ပေမယ့် သူက သာမန်ထက်ပိုတာမျိုးလည်း ဘာမှမလုပ်တတ်ပါဘူး။ပြီးတော့ သူက ရွာသားတွေရဲ့ မျက်စိအောက်မှာ ကြီးပြင်းလာခဲ့တာပင်။
ဒါကို တွေးမိလိုက်တော့ စိတ်သက်သာရာရသွားခဲ့ကာ တွန့်ဆုတ်မနေတော့ပါပေ။