no

Font
Theme

Chapter ( 20 )

ချန်ယင်ကျိုးက ဆုတန်အခန်းတွင် ညစာစားချိန်ရောက်သည်အထိ ခနနေခဲ့သည်။ သူက စာအုပ် ဖတ်ရသည်ကို အလွန်စိတ်အားထက်သန်နေသောကြောင့် ဆုတန်ကလည်း သူ့ကို မနှောင့်ယှက်ပေ။ အဘွားချန်က သူတို့ကို ထမင်းစားဖို့ လာခေါ်တဲ့အချိန်အထိ သူ့ဘေးမှာ တိတ်တိတ်လေးသာနေပေးခဲ့ပြီး ပြီးမှသာ အခန်းထဲမှ ထွက်လာခဲ့ကြသည်။

ချန်ယင်ကျိုးသည် ညစာစားပွဲတွင် စိတ်ကြည်နေပြီး အရင်က ဘာအမူအရာမှ မရှိသော သူ့မျက်နှာမှာ အပြုံးရိပ်များ ရှိနေပုံရ‌သည်။အဘွားချန်က သူမမြေးကို ကောင်းကောင်းသိတာကြောင့် "ရှောင်ကျိုး ကလေး ဘာ‌တွေတွေးပြီး ပျော်နေတာလဲ?"

ချန်ယင်ကျိုးက ထမင်းတစ်ပန်းကန် ထပ်ယူပြီး "ဘာမှမဟုတ်ပါဘူး" လို့ ပြောလိုက်သည်။

ဆုတန် အဘွားအိုကိုပြုံးပြပြီး ပြောပြလိုက်၏။ "အဘွား၊ သမီး စာအုပ်နည်းနည်းတွေ့ထားတယ်။ ရှောင်ကျိုးက စာဖတ်ရတာ ကြိုက်ပုံရတယ်"

အဘွားချန် အံ့အားသင့်သွားပြီး ချန်ယင်ကျိုးကို ကြည့်လိုက်သည်။ ထို့နောက် သူမက စိတ်သက်သာရာရစွာဖြင့် "ငါတို့ ရှောင်ကျိုးက ဉာဏ်ကောင်းတယ်။ ဘာမဆို မြန်မြန်ဆန်ဆန် သင်ယူနိုင်တယ်။ကောလိပ်ဝင်ခွင့်စာမေးပွဲသာ ဖြေနိုင်ခဲ့ရင် ရှောင်ကျိုးက ကောလိပ်ကျောင်းသားဖြစ်လာမှာ သေချာတယ်"

ဆုတန်က အဘွားချန်ပြောတာကို စိတ်ဝင်စားသွားတာကြောင့် သူမ ပန်းကန်ကိုယူကာ အဘွားဘေးတွင် ဝင်ထိုင်လိုက်၍ သူမနှင့် စကားပြောဖို့ပြင်လိုက်သည်။ချန်ယင်ကျိုးအကြောင်း သူမ ပိုသိချင်လာခဲ့သည်။

"အဖွား ကျောင်းတက်တုန်းက ရှောင်ကျိုးက ကျောင်းသားကောင်းလို့ ပြောနေတာလား" ဆုတန်က စပ်စုလိုက်၏။

အဘွားချန်က ထမင်းစားတာ ပြီးခါနီးပြီမို့ ပန်းကန်လုံးနဲ့ တူတွေကို ရိုးရိုးရှင်းရှင်းနဲ့ ချလိုက်ပြီး “ဒါ‌ပေမဲ့ သူ ကျောင်းမတက်တာ နှစ်အနည်းငယ်ကြာနေပြီ” ဟု အတိတ်အကြောင်း ပြောပြလာသည်။

တိတ်တိတ်ဆိတ်ဆိတ် စားသောက်နေသော ချန်ယင်ကျိုးက အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။သူသာ ကြိုသိခဲ့လျှင် နောက်ထပ်နှစ်အနည်းငယ်လောက်တော့ ကျောင်းဆက်တက်ရန် သူ့ကိုယ်သူ တွန်းအားပေးခဲ့မှာပင်။

ဆုတန်က ပိုလို့တောင် အံ့ဩသွားလေသည်။ နေ့လယ်တုန်းက ချန်ယင်ကျိုး အလေးအနက်ထား၍ စာဖတ်နေသည်ကို သူမ မြင်ခဲ့ရပြီးဖြစ်တာကြောင့် နှစ်အနည်းငယ်ကြာမှ စာပြန်ဖတ်သူတစ်ဦးဟု မထင်မိခဲ့ပေ။

ဆုတန် စိတ်ဝင်စားနေတာကိုမြင်တော့ အဘွားချန်က သူ့အိမ်မှာ ချန်ယင်ကျိုးကို စာသင်ပေးတဲ့အကြောင်း ဆုတန်ကို ပြောပြလာသည်။သူမ မတုန်လှုပ်ဘူးဟုဆိုလျှင် ဆုတန် လိမ်ပြောရာ ကျပါလိမ့်မည်။ အဘွားချန်ကလည်း ဉာဏ်ပညာရှိသူဖြစ်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

ဆုတန် ကြောင်အနေတာကိုမြင်တော့ အဘွားချန်က သူ့လက်ကိုဆွဲပြီး သူမနောက်ကို လိုက်လာခိုင်းသည်။

ဆုတန်က အဘွားချန်နှင့်အတူ သူမ နေထိုင်ရာ အရှေ့ဘက်အခန်းဆီသို့ လိုက်သွားခဲ့‌သည်။ အဘွားအိုသည် ဗီရိုဟောင်း၏ အောက်ခန်းမှ သစ်သားသေတ္တာကို ထုတ်ယူလိုက်သည်။ သေတ္တာက အရမ်းဟောင်းနေပြီဟု ပြောနိုင်ပြီး ၎င်းပေါ်ရှိ ထွင်းထုထားသော ပုံစံများသည် ရိုးရှင်းပြီး ဆန်းကြယ်လှသည်။

အဘွားချန်က သစ်သားသေတ္တာရှိ သော့ကိုဖွင့်ကာ ပစ္စည်းများကို တစ်ခုပြီးတစ်ခုထုတ်ကာ ဆုတန်အား ပေးလိုက်သည်။ ထိုအရာများမှာ မှတ်စုစာအုပ်များဖြစ်ပြီး တချို့က အိုဟောင်းလွန်း‌နေကာ အချို့ဆို လက်ရေးများက မှုန်ဝါးနေပြီဖြစ်၍ အကြမ်းဖျင်းသဘောတရားသာ မြင်နိုင်တော့သည်။

"ဒါတွေက ဘာတွေလဲ အဘွား?" ဆုတန်က သူမကို လှည့်ကြည့်ရင်း မေးလိုက်သည်။

အဘွားချန်က ချစ်စဖွယ် ပြုံးပြလိုက်ပြီး "ဒါတွေက ရှောင်ကျိုးရဲ့ မှတ်စုစာအုပ်တွေပါ။ သူက အရမ်း ဉာဏ်ကောင်းတယ်။သူက အဘွား သင်ပေးတာတွေကို တစ်ချက်တည်းနဲ့ မှတ်မိနိုင်တယ်။ ဒါတွေက သူအရင်ကသုံးတဲ့ မှတ်စုစာအုပ်တွေ။ ကြည့်ပါအုန်း၊ လက်ရေးက အရမ်းလှတယ်မလား " အဘွားအို၏အသံမှာ ဂုဏ်ယူမှုအပြည့်နှင့်ပင်။

ဆုတန်က စာမျက်နှာများကို လှန်ကြည့်လိုက်ရာ အချို့စာအုပ်များရှိ လက်ရေးသည် ကလေးဆန်ပြီး နည်းနည်း‌ မညီညာသေးပေမယ့် ရေးသူက အရမ်းသတိထား ရေးခဲ့တာ ထင်ရှားပေသည်။ စာမျက်နှာတွေကို လှန်ကြည့်လေလေ လက်ရေးက ပိုသပ်ရပ်လာလေပင်။ သူ့မှာ ကိုယ်ပိုင်ရေးဟန် ရှိပုံရသည်။

အဘွားချန် အခန်းထဲမှ ထွက်လာသောအခါ  ချန်ယင်ကျိုးက ပန်းကန်များကို ဆေးကြောနေပြီဖြစ်တာကြောင့် ဆုတန်က သူ့ဆီလာပြီး မချီးမွမ်းပဲ မနေနိုင်‌တော့ပေ။

"ရှောင်ကျိုး လူတစ်ယောက်ကို သူ့အသွင်အပြင်နဲ့ အကဲဖြတ်လို့မရဘူးဆိုတာ အမှန်ပဲနော်။ နင် ဘာဖြစ်လို့ ဒီလောက် အံ့ဩစရာကောင်းရတာလဲ!" ဆုတန်ရဲ့လေသံနှင့် အမူအရာက အလွန်ရိုးသားပြီး အမှန်တွေပြောနေတာကြောင့် ချန်ယင်ကျိုး နည်းနည်း ရှက်လာခဲ့သည်။

"မဟုတ်ပါဘူး"  ချန်ယင်ကျိုးက ပေါ့ပေါ့ပါးပါးပဲ ပြောလာသည်။

"တအား မနိမ့်ချပါနဲ့။ နေ့လယ်တုန်းက ပြခဲ့တဲ့ စာအုပ်တွေက ကလေးဆန်လွန်းတယ်လို့ ရုတ်တရက် ခံစားလိုက်ရတယ်။ အဲဒါတွေက နင့်အတွက် မသင့်တော်ဘူးထင်တယ်" ဆုတန်က နောက်မှ သဘောပေါက်သွားခဲ့သည်။

"မဟုတ်ဘူး၊ သင့်တော်ပါတယ်"

ချန်ယင်ကျိုးက ဆုတန် နောင်တရပြီး စာအုပ်တွေ ပြန်ယူသွားမှာကို ကြောက်သလို အမြန်ပြောလိုက်သည်။

"တကယ်လား? ဒါပေမဲ့ နင့်အကြောင်း အဘွားချန်ဆီက ငါ သိလိုက်ရတယ်။နင်က အများကြီး သိနှင့်ပြီးသားဆိုတော့ ငါ နင့်ကို လုံးဝကြီး မကူညီနိုင်ခဲ့ဘူးလို့ ရုတ်တရက် ခံစားလိုက်ရတယ်"

ဆုတန်ရဲ့စကားများက ယဉ်ကျေးသိမ်မွေ့တဲ့ မှတ်ချက်တစ်ခုမျှသာဖြစ်သော်လည်း သူမက စာလေ့လာရေး အစီအစဉ်အသစ်တစ်ခုကို ရေးဆွဲရတော့မည် ဖြစ်သည်။

ချန်ယင်ကျိုးက ဆုတန် နောင်တရသွားပြီး သူ့ကို ထပ်မသင်ပေးချင်တော့ဘူးလို့ တွေးလိုက်မိတော့ သူ့မျက်နှာက ချက်ချင်း မှုန်မှိုင်းသွားရသည်။သူက ဆုတန်၏လက်ကောက်ဝတ်ကိုဆွဲကိုင်ကာ သူမ မျက်ဝန်းများကို စိုက်ကြည့်လိုက်ပြီး "မဟုတ်ဘူး။ သင့်တော်တယ်" ဟု အသံနက်ကြီးဖြင့် ပြောလာလေသည်။

ဆုတန်က ရုတ်တရက် ထိုလုပ်ရပ်ကြောင့် ထိတ်လန့်သွားပြီး ချန်ယင်ကျိုးရဲ့မျက်နှာထားမှာလည်း သိပ်ရင်းနှီးမှုမရှိတာကြောင့် သူမ အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။

ချန်ယင်ကျိုးက သူမနှင့် စကားပြောစဉ်၌ ထိုကဲ့သို့သော အမူအရာမျိုးကို အချိန်အတော်ကြာ မသုံးခဲ့သောကြောင့် အနည်းငယ် စိတ်မသက်မသာလည်း ဖြစ်မိသွားရသည်။ ဒီမြင်ကွင်းက သူတို့ပထမဆုံးစတွေ့တဲ့နေ့ကို ပြန်ရောက်သွားပုံရတယ်လို့ သူမ ဘာလို့ခံစားနေရတာလဲ။

"လက်ကိုအရင်လွှတ်..."

ချန်ယင်ကျိုးက သူမ၏လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တာကြောင့် ဆုတန် နာကျင်သွားသော်လည်း ချန်ယင်ကျိုးက သူမစကားနားမထောင်ဘဲ သူမကို စိုက်ကြည့်နေဆဲပင်။

"ချန်ယင်ကျိုး ငါ့လက်နာတယ်..."

ဆုတန်က ချန်ယင်ကျိုးရှေ့မှာ သူမရဲ့လက်တစ်ဖက်ကို ဝှေ့ယမ်းပြီး တိုးတိုးလေးပြောလိုက်မှ ချန်ယင်ကျိုး ရုတ်တရက်ဆိုသလို သူမလက်ကို လွှတ်ပေးလိုက်သည်။ ဆုတန်က သူမ၏ လက်ကောက်ဝတ်ကို ပွတ်သပ်နေလိုက်သည်။ ချန်ယင်ကျိုးမှာ သူ အင်အား မည်မျှသုံးထားသည်ကို သတိမထားမိခဲ့သော်လည်း ဆုတန် လက်ကောက်ဝတ်ရှိ အနီရောင်အစက်အပြောက်များက သူ့ကို ထိတ်လန့်စေလာပြီး သူ့နှလုံးသားက တင်းကျပ်လာကာ အနည်းငယ် သနားမိသွားခဲ့သည်။

"တောင်းပန်ပါတယ်"

ချန်ယင်ကျိုးက အမှားလုပ်မိထားတဲ့ ကလေးတစ်ယောက်လို ခေါင်းငုံ့ပြီး သူမကို မကြည့်ဝံ့ဘဲ သူ ခေါင်းထဲမှာ အတွေးတွေ ဆူညံသွားသည်။

ဆုတန်က သူ့ကို တကယ် အပြစ်မတင်ပါပေ။သူ့ကို အပြစ်မမြင်သော်လည်း သူ သူမကို မော့ကြည့်ရန် ငြင်းဆန်နေသေးသည်ကို သူမတွေ့လိုက်ရတော့ အနည်းငယ် ကူကယ်ရာမဲ့ဖြစ်ပြီး သူ့ဆံပင်တွေကို ပွတ်သပ်ပေး၍ တိုးတိုးလေးပြောလိုက်သည်။

"တကယ်ရပါတယ်။ ငါ့အသားအရေက ဒီလိုပါပဲ။ ထိလိုက်တာနဲ့ လွယ်လွယ်လေး နီရဲသွားတာ။ နင့်အပြစ်မဟုတ်ဘူး"

ဆုတန်ရဲ့ နှစ်သိမ့်မှုကို နားထောင်ပြီးနောက် ချန်ယင်ကျိုး စိတ်အခြေအနေ အနည်းငယ် ပိုကောင်းလာလေသည်။ဆုတန်ရဲ့လက်ကို ဆွဲယူ၍ သူ့ဆံပင်တွေနဲ့ ပွတ်လိုက်တာကြောင့် ဆုတန်ရဲ့လက်ဖဝါးက ယားယံလာပြီး  သူမ မသိစိတ်ထဲက ရယ်မောလိုက်‌သည်။

"နင့်ကြည့်ရတာ Golden Retriever ကြီးနဲ့ တူတယ်"

ချန်ယင်ကျိုး ဆံပင်အရည်အသွေးက ကောင်းမွန်ပြီး ထိတွေ့မှုလည်းကောင်းမွန်တာကြောင့် ဆုတန်က နှစ်ခါ‌လောက် ထပ်ပွတ်လိုက်သည်။

"Golden Retriever?" 

ချန်ယင်ကျိုးက Golden Retriever ဆိုတာ မည်သည်ကို ဆိုလိုမှန်း မသိခဲ့ပေ။

ဆုတန်က သူ့ကို ဘယ်လိုရှင်းပြရမှန်းမသိဘူးတာကြောင့် ချောင်းပဲ ဆိုးလိုက်သည်။Golden Retriever က ခွေးတစ်ကောင်လို့ သူ့ကို မပြောရဲပေ။ အဲ့လိုဆို ချန်ယင်ကျိုးက သူမကို သတ်မှာမဟုတ်ဘူးလား။

"Golden Retrieverက တကယ် ချစ်စရာကောင်းတဲ့ တိရိစ္ဆာန်လေးတွေ။ အကျင့်စာရိတ္တကောင်းမွန်ပြီး နာခံမှုလည်းရှိကြတယ်" ဆုတန်က အဓိကအချက်ကို ရှောင်ရှားပြီး ပြောပြလိုက်သည်။

ချန်ယင်ကျိုးက သူ့မျက်လုံးတွေကို ငုံ့ပြီး ဆုတန် ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက ဆုတန်အား မျက်မှောင်ကြုတ်သွားစေ၏။

"ငါလည်း အကျင့်စာရိတ္တကောင်းပြီး နာခံတတ်တဲ့သူပါ"

ဆုတန်က အံ့ဩသွားသလားမသိပေမယ့် ချန်ယင်ကျိုး ဒီလို တုံ့ပြန်တဲ့အခါ သူမ မမျှော်လင့်ထားသည့် ချိုမြိန်တဲ့ ပရောပရည်လုပ်ခြင်းကို ခံစားလိုက်ရသလိုပင်။

"ကောင်းပြီ၊ ငါ နားလည်ပြီ"

ဆုတန်က ချန်ယင်ကျိုးနှင့် ခပ်ခွာခွာနေရန် ကြိုးစားလိုက်ပြီး ရုတ်တရက် နောက်ပြန်ဆုတ်သွားလိုက်သည်။

သို့သော် သူမ နောက်ပြန်ဆုတ်သွားသည်နှင့် တစ်ပြိုင်နက် ချန်ယင်ကျိုးက ရှေ့သို့ ခြေတစ်လှမ်းတိုးလာခဲ့‌လေသည်။ သူ့ခြေလှမ်းတွေက ကြီးမားလာပြီး သူတို့နှစ်ယောက်ကြားက အကွာအဝေးက ပိုနီးကပ်လာကာ တစ်ယောက်နဲ့တစ်ယောက် အသက်ရှူသံကိုပါ ခံစားသိရှိလာရသည်။

"ကိုယ့်စကားကိုယ် တည်ရမယ်"

ချန်ယင်ကျိုးက သူမကိုကြည့်ကာ မျက်တောင်မခတ်ဘဲ ပြောလိုက်သည်။

ဆုတန် အနည်းငယ် အံ့အားသင့်သွားရသည်။သူမက ဘယ်စကားကို တည်ရမှာလဲ?

ချန်ယင်ကျိုးက သူမအား "မင်း ငါ့ကို သင်ပေးမယ်လို့ ပြောထားတယ်လေ"

မင်း ငါနဲ့အမြဲရှိနေမယ်လို့ မင်းပြောခဲ့တယ်။

ဆုတန် အဲ့ကျမှ ရုတ်တရက် သဘောပေါက်သွားပြီး "ဟုတ်တယ်၊ ငါက ငါ့စကားကို တည်ပါ့မယ်။ နင့်ကို ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်ဖို့ လေ့ကျင့်ပေးမယ်လို့ ကတိပေးတယ်"

ချန်ယင်ကျိုးက နှုတ်ခမ်းကို တွန့်ကွေးပြီး လက်ကောက်ဝတ်ကို ဆွဲလိုက်ပေမယ့် ဒီတစ်ကြိမ်မှာတော့ သူရဲ့ခွန်အားကို ထိန်းချုပ်ပြီး ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်ထားလိုက်၍ သူ့အသံက အနည်းငယ် ပိုကြည်လင်လာပြီး "ဒါဆို အခုပဲ စလေ့လာကြရအောင်လေ"

ဆုတန် : ...

ဤကလေးသည် သင်ယူရန် စိတ်အားထက်သန်လွန်း‌နေသည် မဟုတ်လော။ အနည်းဆုံးတော့ သူမကို သင်ခန်းစာတစ်ခုလောက်တော့ အရင် ပြင်ဆင်ခွင့်ပေးသင့်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment