always"> အခန်း ( ၁ ) ဖြူဖြူစင်စင်
အမျိုးသမီး
Arial;color:#252525">သွေး ၊ ယမ်းမှုန့် နှင့် သေမင်း ရနံ့တို့သည် လေထဲတွင် ပြည့်နှက်နေ၏။
ရဟတ်ယာဉ် တို့၏ အသံသည် ရာဇ၀တ်ကောင်များကို သေဒဏ်ပေးကြောင်း ကြေငြာနေသည်။ ထိုဆူညံသံများသည်
ဗုံတီးခတ်သံနှင့် တူနေပါသည်။ သေနတ်သံ နှင့် အော်ဟစ်သံတို့ ရောထွေးနေလေသည်။ လ နှင့် ကြယ်များကို မကောင်းဆိုဝါးများ မျိုချထားသလို
ညကောင်းကင်၌ မီးခိုးများ တက်လာ၏။
Arial;color:#252525">အိမ်ကြီးအတွင်းရှိ ဂါဝန်ဖြူ နှင့် အမျိုးသမီးငယ် တစ်ဦးသည် ငရဲပြည်သဖွယ်
မြင်ကွင်းကို ကြည့်ရှုနေခဲ့သည်။ သူမသည် အမှောင်ထဲတွင်
ရပ်နေကာ ရက်စက်ကြမ်းကြုတ်မှု အားလုံးကို မြမျက်လုံး အဝိုင်းသားနှင့် ကြည့်နေသည်။ လရောင်သည် သူမ၏ ရွှေရောင်ဆံပင်ပေါ်တွင် ရောင်ပြန်ဟပ်နေသည်။
Arial;color:#252525">ထိုမြင်ကွင်းကို ရိုးသားသော မျက်နှာနှင့် သူမကြည့်နေသော ပုံစံသည်
အချင်းချင်း သတ်ဖြတ်သည့်
Arial;color:#252525">မြင်ကွင်းကို ကြည့်နေသော နတ်သမီးလေးတစ်ပါး နှင့်တူနေပေသည်။
Arial;color:#252525">သို့သော်လည်း သူမသည် အစွမ်းရှိသော နတ်သမီးတစ်ပါးမဟုတ်ပေ။ ဤညတွင်
သူမသည် သေခြင်း ကံကြမ္မာ နှင့် ရင်ဆိုင် ရတော့မည် ဖြစ်သည်။
Arial;color:#252525">သူမ မျက်လုံးကိုမှိတ်လိုက်ကာ သက်ပြင်းချလိုက်သည်။ အပြင်ဘက်ရှိ
မိစ္ဆာသဖွယ် အကျည်းတန်သော မြင်ကွင်းကို တစ်ချက်ကြည့်လိုက်ပြီး စန္ဒယား ရှိနေသည့် အခန်းဆီသို့
သူမ လျှောက်သွားလိုက်သည်။
Arial;color:#252525">သူမကို စောင့်ရှောက်သော ကိုယ်ရံတော် ငါးဦးတို့သည် သူမ လှုပ်သလို
လှုပ်ရှားနေကြသည်။ တိတ်ဆိတ်သော ညအချိန်၌ သူတို့၏ လှုပ်ရှားမှုတို့သည် ပိရိလွန်းလှသည်။
Arial;color:#252525">ဤညသည် သူမအတွက် နောက်ဆုံးညဟု တွက်ဆထားပေသည်။ သူမ အဖေ ၊ အမေ နှင့်
အစ်ကိုတို့ အသက်ရှင် နေသေးသည်လော သူမ မသိပါချေ။ သေသွားခဲ့ ကြတာလည်း ဖြစ်နိုင်လေ သည်။
အပြင်မှ ရန်သူများသည် သူမတို့ မိသားစုဝင် အားလုံးကို သတ်ကြမည့် အခြေအနေကို သူမ မြင်နေရသည်။
Arial;color:#252525">ရန်သူများ အိမ်ကြီးဆီသို့ ချဥ်းကပ်လာသည်ကို သူမ ကြားလိုက်သည်။
သေနတ်သံတို့လည်း ပိုမိုကျယ်လာသည်။
Arial;color:#252525">သက်တော်စောင့် ငါးဦးတို့သည် သူမကို ကာကွယ်ရန် သူမဆီသို့ ချည်းကပ်လာကြသည်။
သူတို့သည် တံခါးဆီသို့သာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။
Arial;color:#252525">သူမသည် စန္ဒယားရှေ့တွင် ဖြည်းညှင်းစွာထိုင်လိုက်သည်။ မကြာခင်မှာ သူမ သေဆုံးရတော့မည်။
Arial;color:#252525"> အနည်းဆုံးတော့ သူမ မသေခင်တွင်
ယနေ့ညမှာ သေသွားကြသည့် သူများ၏ ဝိညာဥ်များကို တေး14.0pt">
Arial;color:#252525">ဂီတနှင့် သူမ နှစ်သိမ့်ရပေမည်။ ထို့နောက် အသက်ပြင်းပြင်းရှူရှိုက်ပြီး
စန္ဒယားပေါ်တွင် သူမ ၏လက်ချောင်းများကို ကခုန်စေတော့သည်။
Arial;color:#252525">ဗီသိုဗင်ရဲ့ " အက်လစ် အတွက် (Fur Elise) " သီချင်းသံသည်
သတ်ဖြတ်သံနှင့်အတူ လေထဲတွင် စိမ့်ဝင်နေသည်။
Arial;color:#252525">ဘမ်း
Arial;color:#252525">အခန်းတံခါး ပွင့်သွားသည်။ သက်တော်စောင့်များသည် စစ်သားများ ၊
ရဲများတို့ကို ပစ်ခတ်ကြလေသည်။
Arial;color:#252525">သွေးညှီနံ့ နှင့် ချွေးနံ့တို့ ပိုမို ပြင်းထန်လာသော်လည်း
Arial;color:#252525">ဂါဝန်ဖြူ နှင့် အမျိုးသမီးသည် ဘာမျှမသိသ
Arial;color:#252525">လိုနေကာ စန္ဒယားကိုသာ ဆက်လက်တီးခတ်နေသည်။ ဘယ်ဘက်ပခုံး နှင့် ညာဘက်တင်ပါး
တို့ကို ကျည်ဆံ ထိမှန်သော်လည်း တစ်ချက်မျှ တွန့်မ14.0pt">
Arial;color:#252525">သွားပေ။
Arial;color:#252525">စစ်သား နှင့် ရဲသားတို့ နားထောင်မိသည်အထိ ဂီတသံသည် တိုက်ခိုက်သံကြားတွင်
ရဲရဲတင်းတင်း ထွက်ပေါ်နေသည်။ ဂီတသံ နှင့် တိုက်ခိုက်သံတို့ ခြားနားသည့် ဆန်းကြယ်မှုကို
သူတို့ခံစားမိကြသည်။
Arial;color:#252525">သက်တော်စောင့် ငါးဦးတို့သည် အသက်သေမည်ကို မကြောက် မမလေးအသက်ကို
ကာကွယ်ရင်း တိုက်ခိုက်နေကြသည်။ စိတ်ခံစားချက်
ကင်းမဲ့သည့် တိုက်ခိုက်သူများ အဖြစ် သူတို့ ငယ်ရွယ်စဥ်ကပင် လေ့ကျင့် ခံခဲ့ရသူများ ဖြစ်ကြလေ
သည်။ သူတို့သည် လူအနည်းငယ်ကို
Arial;color:#252525"> သတ်နိုင်ခဲ့ပြီ။ သို့သော် သူတို့ကို ဝန်းရံလာသော ရန်သူအင်အားများက အဆမတန်
ကြီးမားနေသည်။
Arial;color:#252525">နောက်ဆုံးတွင် လက်ကျန် သက်တော်စောင့်များ သေဆုံးသွားကြလေ သည်။
Arial;color:#252525">"အရှုံးပေးလိုက်ပါတော့။" ရဲအရာရှိ တစ်ဦးသည်
Arial;color:#252525">ထိုသို့ အော်ပြောလိုက်သည်။ 14.0pt">
Arial;color:#252525">ဂါဝန်ဖြူဖြူ အမျိုးသမီးသည် အော်သံကို လျစ်လျူရှုရင်း မျက်စိကို
စုံမှိတ်ထားသည်။ လက်ချောင်းများသည် စန္ဒယား ခလုတ်ပေါ်တွင် ဆက်၍ လှုပ်ရှားနေသည်။
Arial;color:#252525">ရဲအရာရှိ နှင့် စစ်သားတို့သည် သေနတ်များကို မြှောက်ထားကာ သေခါနီးမှာပင်
စန္ဒယားတီးခတ်နိုင်သည့် အံ့ဘွယ် အလှပဂေး အမျိုးသမီး ကို
Arial;color:#252525">ချိန်ရွယ် ထားလိုက်လေ သည်။ ဒဏ်ရာကြောင့် စီးထွက်လာသော သွေးတို့သည်
ဆေးနီရောင် ဆိုးထားသလို ဂါဝန်ဖြူပေါ်ပြန့်ကျဲနေ၏။14.0pt">
Arial;color:#252525"> သူမ၏ နတ်သမီးလို အလှတရား
နှင့် ကျက်သရေရှိမှုတို့သည် အခန်းထဲရှိ လူတိုင်းကို ဆွဲ ဆောင်နေလေသည်။
Arial;color:#252525">သနားစရာ မြင်ကွင်းတစ်ခု ပေါ်လွင်ထင်ရှားနေသည်။
Arial;color:#252525">စစ်သားတစ်ဦး အံကြိတ်နေသည်။ ပါးစပ်မှလည်း အမိန့်သံကို အော်ပြောနေသည်။
"အမိန့်။ ပစ်။"
Arial;color:#252525">သေနတ်ကျည်သည် ကျောကုန်းကို မထိုးဖောက်မီ သူမ ညင်ညင်သာသာ ပြုံးလိုက်သည်။
Arial;color:#252525">သူမ၏ သွေးများသည် လေထဲတွင် နှင်းဆီပန်းများကဲ့သို့ ပြန့်ကျဲပြီး
ကြမ်းပြင်ပေါ်သို့ ရေပေါက်ပမာ စီးကျနေသည်။
Arial;color:#252525">သူမကိုယ်သည် စန္ဒယားပေါ်တွင် ကိုင်းညွတ်
Arial;color:#252525">သွားလေတော့ သည်။ ထို့ကြောင့် မူလ သူမ တီးခတ်သော စန္ဒားသံနှင့်
မတူတော့ပဲ ဟန်ချက်မညီသော ဂီတသံတို့ ပေါ်ထွက် လာပေတော့သည်။ အသက်ကို အလုအယက် ရှုနေရသော်လည်း
သူမ၏ အစိမ်းရောင် မြမျက်လုံးများ လှလှပပ မှေးစက်နေသည်။
Arial;color:#252525">ကြမ်းပြင်ပေါ်သို့ သူမ လဲကျသွားသည်။
Arial;color:#252525">ထိုနောက် "ငါ လွတ်လပ်သွားပြီ" ဟု သူမ ရေရွတ်လိုက်တော့သည်။
နောက်ဆုံးထွက်သက် တစ်ချက်
always">
Arial;color:#252525">ကို သူမ ရှူသွင်းလိုက်လေသည်။14.0pt">
Arial;color:#252525">အခန်း ( ၁ ) ပြီး။
line-height:normal">mso-fareast-font-family:Arial;color:#252525"> ဘာသာပြန် ထူးထူး14.0pt">