no

Font
Theme


မောင်မောင့် ချစ်ဇနီး တော်တော်ထက်

အခန်း ( ၃ ) အိုင်းရစ်လုံ


" ခင်ဗျား နာမည်ကို မှတ်မိလား။ " နောက်တစ်နေ့ သူမ နိုးလာချိန် ဒေါက်တာ ချင်း က သူမကို ကျန်းမာရေး အခြေအနေ စစ်ဆေးနေသည်။ 


" ကျွန်မ နာမည် အိုင်းရစ်လုံ ပါ။ ကျွန်မ မေ့မြောနေတာ ဘယ်လောက်ကြာပြီလဲ။ " ယနေ့တွင် ဆရာဝန်နှင့် သူမ အေးအေးဆေးဆေး စကားပြောနေသည်။ မနေ့ကလို အထိတ်တလန့် မဟုတ်တော့ပေ။ 



" သိပ်မကြာပါဘူး။ တစ်နှစ် စွန်းစွန်း လောက်ပါပဲ။ " သူက ပြုံးပြုံးရွှင်ရွှင် နှင့် ပြန်ဖြေသည်။ 


" ဟုတ်လား။ "


ဆရာဝန်များကိုသာ စကားပြောစေတော့သည်။ တခြား ခန္ဓာကိုယ်ထဲတွင် သူမ နိုးထလာသည့် အဖြစ်ကို လက်ခံရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။ 


သူမသည် သေပြီးသား လူတစ်ဦး ဖြစ်နေသည်။ ၎င်းကို သူမ ဂဃနဏ သိနေသည်။

ခန္ဓာ အသစ်နှင့် ယခုဘဝမှာ မနုဿ လူသားဖြစ်ဖို့ သူမအတွက် အခွင့်အရေးသာလျှင် ဖြစ်လေ သည်။ အတိတ် ဘဝလို လူသားတစ်ဦးမျိုးတော့ သူမ မရှင်သန်ချင်ပေ။ 


သူမ၏ အတိတ်ဘဝသည် အကျဥ်းသား နှင့်မခြား။ သက်တော်စောင့်တို့နှင့် လှုပ်ရှားသွားလာ နေခဲ့ရသည်။ စိတ်မဝင်စားသည့် အသိပညာ အတတ်ပညာများကို သင်ယူခဲ့ရသည်။ အပြင်ထွက်ခွင့်မရှိ။


 အပေါင်းအသင်း မိတ်ဆွေ ထားခွင့်မရှိ။ လွတ်လပ်မှုသည် သူမနေရသည့် ဘဝနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ 


လှောင်အိမ်ထဲ ငှက်ကလေးလို ဘဝ....


ဒါကတော့ သူမရဲ့ ခါးသီးတဲ့ အတိတ်ဘဝရယ်ပါ။ ယခု ဘဝမှာ လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ရပေတော့မည်။ မြင့်မြင့် ပျံချင်သလောက် အတောင်ပံ ဖြ


န့်ခွင့်ရပေ တော့မည်။ 


လွတ်လပ်ခြင်းသည် သူမကို မဆန့်ကျင်တော့ပေ။


လွတ်လပ်ခြင်း ဘဝကို သူမ အမြဲ မက်မော နေခဲ့သည်။ တခြားသူ ဘဝမှာ နိုးထခဲ့ရသော်လည်း ထိုဘဝကို သူမ လိုလိုလားလား လက်ခံမည် ဖြစ်သည်။


 အယ်ဗလီနာ ဆိုသော ဘဝသည် သေသွားခဲ့လေပြီ။ သွေးစွန်းသည့် ညတစ်ည၌ အသက် ၂၅ နှစ် အရွယ် ရှိသော သူမသည် သေဆုံးသွားခဲလေပြီ။


ယခုတွင် သူမသည် အသက် ၁၉ နှစ်အရွယ် အိုင်းရစ်လုံ ဘဝ ဖြစ်နေသည်။ အိုင်းရစ်လုံ သည် ခေတ်မီသည့် ပေါ့အဆိုတော် မိန်းမရိုင်းဖြစ်သည်။ ဆယ်ကျော်သက် ပါတီမယ် တစ်ဦးလည်းဖြစ်သည်။


 လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလ ညတစ်ည ပါတီပွဲတစ်ခုမှ အပြန်လမ်းတွင် ကားကို သူမ တစ်ဦးတည်း မောင်းနေခဲ့သည်။ ကားဘရိတ် အလုပ်မလုပ်သဖြင့် အဆောက်အဦးကို ဝင်တိုက်မိတော့သည်။ ပြိုင်ကား


တစ်စီး လုံးဝ ပျက်စီး သွားခဲ့သည်။ ကားမောင်းသူ မိန်းကလေး ငယ်မှာတော့ ဒဏ်ရာ ဗလပွနှင့် သတိမေ့မြောသွားခဲ့သည်။ ထိုအချိန်မှ စ၍ ဆေးဘက်ဆိုင်ရာ စက်ကိရိယာ များနှင့် ဆေးရုံကုတင်ပေါ်တွင်


 လဲလျောင်းခဲ့ရကာ အချိန်တစ်နှစ်ကြော် ကြာသွားခဲ့သည်။ 


မူလ အိုင်းရစ်လုံ သေသွားခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ်ကို ဆေးဘက်ဆိုင်ရာများက ထိန်းထားခဲ့သည်။ ဝိညာဥ်အသစ်သည် ထိုခန္ဓာကိုယ်ကို အပိုင်စီး ဝင်ရောက်နေထိုင် လေပြီ။ ခန္ဓာကိုယ်၏ ပိုင်ရှင်အသစ်သည် လွတ်လပ်ခြင်းကို ဖက်တွယ်ထားသူဖြစ်သည်။ လွတ်လပ်ခြင်းကို အပြည့်အဝ အသုံးချကာ နေထိုင်မည်ဟု ပိုင်ရှင်အသစ်က ကြုံးဝါးနေလေသည်။


" ဆေးရုံက ဘယ်အချိန် ဆင်းလို့ရမလဲ ဒေါက်တာ။ "

အယ်ဗလီနာ တဖြင့်လည်း ယခု အိုင်းရစ် သည် ဒေါက်တာ ချင်း ကို မေးလိုက်သည်။ လွတ်လပ်သည့် ဘဝကို တောင့်တခဲ့သည့် သူမသည် လွတ်လပ်


ခြင်း အရသာကို ခံစားရန် သူမ မစောင့်နိုင်တော့ပေ။ 



" စိတ်မလောပါနဲ့။ ခင်ဗျားရဲ့ ကျန်းမာရေး အခြေအနေ အားလုံးကို သေချာ စစ်ဆေးရပါဦးမယ်။ ခင်ဗျားမှာ ကျန်းမာရေး ပြဿနာ ကင်းရှင်းသွားရင်တော့ ယခင် ခွန်အားနဲ့ ရွေ့လျားနိုင်မှု ပမာဏကို ပြန်လည်ရရှိဖို့  ရုပ်ပိုင်းဆိုင်ရာကုထုံး နဲ့ လေ့ကျင့်ခန်းတွေ လုပ်ရပါဦးမယ်။ "


သူမ သက်ပြင်းချလိုက်မိသည်။ မေးခွန်းထပ်မေးရန် ဟန်ပြင်နေစဥ် တံခါး ရုတ်တရက် ပွင့်လာသည်။ ထိုအချိန်တွင် မွန်ထူသော မွှေးရနံ့များ တစ်ခန်းလုံးကို ပျံ့နှံ့နေလေသည်။


အိုင်းရစ် နှာခေါင်းရှုံ့လိုက်သည်။ အခန်းထဲဝင်လာသည့် အနီရောင်ဝတ်စုံ ၊ ဒေါက်ဖိနပ် မြင့်မြင့် နှင့် ဆံပင်ထူထူ အမျိုးသမီးကို အိုင်းရစ် ကြည့်လိုက်သည်။ 


ဝေ့လန် သည် ကုတင်ပေါ် လဲလျောင်းနေသော



 သမီးကို ရင်းရင်းနှီးနှီး စကားပြောနေသည့် ဆရာဝန်ကို ဖယ်လိုက်သည်။ 


" အိုးးးးး မေမေ့ ချစ်သမီးလေး။ သတိပြန်လည်လာလို့ ဝမ်းသာတယ်။ မင်းအတွက် မေမေ အရမ်း အရမ်း ဝမ်းနည်းခဲ့ရတာပဲ။ "


ဒီဇိုင်းလှလှ ပိုက်ဆံအိတ်ကိုဖွင့်ပြီး လက်ကိုင်ပုဝါကို ထုတ်ကာ ထွက်မလာသော မျက်ရည်ကို ဝေ့လန် သုတ်လိုက်သည်။ 


ပြင်းရှရှ ရေမွှေးနံ့ကြောင့် အိုင်းရစ်သည် ပါးစပ်ဖြင့်သာ အသက်ရှူရလေ သည်။ မူရင်း အိုင်းရစ် မှတ်ဉာဏ်ကို စူးစမ်း ကြည့်သောအခါ ထိုအမျိုးသမီးကြီးကို သူမ မသိ။ တကယ်တော့ သူမသည် မိ

သားစုဝင်များနှင့် မရင်းနှီးခဲ့ပေ။ 


နာမည်ကျသွားသော မော်ဒယ်ဟောင်း ဝေ့လန် သည် ငွေကြေး နှင့် ဘဝင်မြင့်မြင့် အတွက် လုံထန်ဖေး

 ကို လက်ထပ်ခဲ့သည်။ အိမ်ထောင်ရေး အဆင်မပြေ


သဖြင့် လင်မယားခန်းလည်း ပြတ်စဲခဲ့သည်။ ဝေ့လန် သည်  ကလေး  ထောက်ပံ့ကြေး အတွက် ခင်ပွန်းဟောင်းထံမှ ငွေကြေးတောင်းခဲ့သည်။ အိုင်းရစ် သည် ငွေးကြေး အထောက်အပံ့ အတွက် ဝေ့လန် ၏ အသုံးချခံ သမီး သာဖြစ်နေသည်။


ခင်ပွန်းဟောင်းနှင့် လမ်းခွဲခဲ့သည်မှာ တစ်လပင်မပြည့်သေး ဝေ့လန် သည် ချမ်းသာသော ချစ်သူများနှင့် တရုန်းရုန်း ဖြစ်နေခဲ့သည်။ ထို့ကြောင့် လုံ မျိုးရိုး မိသားစုဝင် များသည် ဝေ့လန် နှင့် သူမ၏ သမီး အိုင်းရစ် ကို မုန်းတီးခဲ့ကြသည်။ 


ဝေ့လန် သည် ငွေကြေးအတွက် သူမ၏ သမီးကို ရှိုးပွဲလုပ်ငန်းသို့ အတင်းတွန်းပို့ခဲ့သည်။ ထို့ကြောင့် အိုင်းရစ် သည် ကလေး တီဗီကြော်ငြာ မော်ဒယ် ဘဝရောက်ခဲ့ရသည်။ ထို့နောက် ဆက်ကျော်သက်အရွယ်၌ ပေါ့အဆိုတော် တစ်ဦးဖြစ်လာခဲ့သည်။ 


လုံထန်ဖေး သည် သမီးကြောင့် အရှက်ရသည်ဟု ခံစားရသည်။ သို့သော် သမီး၏ သွေးပြန်ကြောထဲ၌ လုံ မျိုးရိုး သွေးများ စီးဆင်းနေသည် မဟုတ်ပေ


လော။ ဇနီးဟောင်း၏ လောဘဇောကို သိနေသော လုံထန်ဖေး သည် သမီး၏ ငွေကြေးများကို ကာကွယ်ရန် နှင့် သမီးကိုယ်တိုင်လည်း ငွေကြေးကို စနစ်တကျ သုံးစွဲတတ်ရန် သမီးအတွက် ငွေကြေး မန်နေဂျာကို ငှားရမ်းခဲ့သည်။ 


ထို့ကြောင့် ဝေ့လန် သည် သမီး၏ ငွေကြေးများကို ချယ်လှယ်ခွင့်မရခဲ့ပေ။ သမီးအပေါ် စိတ်ကွက်ခဲ့သည်မှာ ထိုအချိန်မှ စတင်ခဲ့သည်။ သားအမိ ဆက်ဆံရေး အဆင်မပြေမှု ဖြစ်လာခဲ့သည်။


သားအဖ ဆက်ဆံရေးလည်း ကောင်းသည်ဟု မဆိုနိုင်ပေ။ အဖေသည် သူမ ကောင်းဖို့အတွက် ထိုသို့ စီစဥ်ပေးခဲ့သော်လည်း မရင့်ကျက်သော သူမသည် ၎င်းကို မနစ်မြိုပေ။ သူမ၏ ကိုယ်ပိုင်ဝင်ငွေ နှင့် အထောက်အပံ့ ငွေများကို လွတ်လွတ်လပ်လပ် သုံး

ပိုင်ခွင့် မရှိသဖြင့် ဖခင်ကို အမြင်မကြည်လင်ပေ။ ခင်ပွန်းဟောင်း၏ အစီအစဥ်ကို ဝေ့လန် က  စွက်ဖက်ပိုင်ခွင့်မရှိပေ။


လုံ မိသားဝင်များသည် သူမကို မလိုလားသဖြင့် 


အောင်မြင် ကျော်ကြားဖို့ အတွက် အိုင်းရစ် ဘာမဆို လုပ်ခဲ့သည်။ သူမ အဆိုတော် တစ်ဦးဖြစ်ဖို့ ကြိုးစားအားထုတ်ခဲ့သည်။ ပါတီပွဲများသို့ တက်ကာ နာမည်ကြီးသူများနှင့် ရင်းနှီးအောင် ကြိုးပမ်းခဲ့သည်။ ပရိသတ်များ၏ အာရုံစိုက်မှုကို ရရှိရန် ဖျော်ဖြေပွဲများ ပြု

လုပ်ခဲ့သည်။


ပို၍အောင်မြင်လေ မေတ္တာတရားကို ပိုရရှိလေဟု သူမ ခံယူထားသည်။ အောင်မြင်မှုကြောင့် သူမ ပိုပျော်ရွှင်ခဲ့ရသည်။ သူမ၏ သီချင်း နှင့် အလှအပကို တခြားသူများ နှစ်သက်ကြသော်လည်း သူမကို လူတစ်ဦးအဖြစ် မြင်ကြမည်တော့ မဟုတ်ပေ။



အခန်း (၃) ပြီး။ 


ဘာသာပြန် ထူးထူး


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment