no

Font
Theme

မောင်မောင့် ချစ်ဇနီး တော်တော်ထက်

အခန်း ( ၁၂) အိုင်းရစ်လုံရဲ့ အမွှာ ညီအစ်မလား

နောက်တစ်ရက်တွင်

ကြယ်ငါးပွင့် ဟိုတယ် စားသောက်ဆိုင် တစ်ဆိုင်တွင်

နေ့လည်စာ စားချိန်

စားပွဲ နှင့် ကုလားထိုင်များပေါ် ခင်းထားသော စားပွဲခင်း ပိတ်စဖြူတို့သည် ချော်ရည် ကော်ဇောပေါ်တွင် တိမ်များ လွှင့်မျောသည့်နှယ် ပုံစံနှင့် ခင်းကျင်းထားပေသည်။ ရိုးတံရှည်နှင့် အဝါရောင် လီလီပန်းများကို ဖောက်ထွင်းမြင်ရသော ဖန်ပန်းအိုးထဲတွင် လှပသေသပ်စွာ ထိုးထားသည်။ ကျက်သရေရှိလှသော ထိုဖန်ပန်းအိုးသည် စားပွဲခုံ အလယ်တွင် ခန့်ညားထည်ဝါစွာ တည်ရှိလေသည်။ ရွှေရောင် မီးဆိုင်းအလင်းဖျော့ဖျော့သည် အနီရောင်နှင့် ရွှေရောင် နံရံအလှကို ပို၍ ပြည့်စုံစေသည်။

ကျုံးကျွင်း သည် ပြတင်းပေါက်နား စားပွဲခုံရှိ

ကုလားထိုင်တွင် ထိုနေကာ ဂျင် ပြင်းပြင်းအချိုးအစား ပါဝင်သည့် ကော့တေး တစ်ခွက်ကို တစ်ငုံမျှ သောက်နေသည်။ သူသည် ချိန်းဆိုထားသည့် အချိန်မရောက်ခင် နှစ်မိနစ် အလိုတွင် သူ၏မျက်နှာ၌ စိတ်မရှည်သည့် အရိပ်အယောင်များ သန်းနေသည်။

ချိန်းဆိုမှု ပြုလုပ်ခံရသည့် မိန်းကလေး တစ်ဦးသည် နောက်မကျသင့်ပေ။ သူ့လို ဂီတလောကတွင် အောင်မြင်သော ဆုရ ထုတ်လုပ်လုပ်သူ တစ်ဦးက သူမနှင့် တွေ့ဆုံရန် အဆင်သင့် စောင့်ဆိုင်းနေရလေသည်။ ထိုသို့သော သူက ချိန်ဆိုသဖြင့် သူမသည် ကျေးဇူးတင်သော စိတ်ဖြင့် အချိန်မီ ရောက်လာသင့်ပေသည်။

တစ်မိနစ် အလိုတွင်

စားသောက်ဆိုင်၏ တံခါးဝကို သူက လှမ်းကြည့်မိလေသည်။ ထိုအချိန်တွင် သူသည် ဝန်ထမ်းဧည့်ကြိုက ချောမောလှပသော မိန်းမပျိုလေး တစ်ဦးကို ကြိုဆိုနေသည်ကို တွေ့နေရလေသည်။

လူနှစ်ဦးသည် စက္ကန့် အနည်းငယ်မျှ စကားပြောပြီးနောက် ဧည့်ကြိုသည် ကျုံးကျွင်း အား တစ်ချက်ကြည့်လိုက်ပြီး ချောမောလှပသော အမျိုးသမီးကို သူ့ဆီသို့ ခေါ်ဆောင်လာပေသည်။

ကျုံးကျွင်း သည် စိတ်ဂနာမငြိမ် ဖြစ်နေကာ တည့်တည့်မတ်မတ် ထိုင်လိုက်ပြီး စားပွဲဆီသို့ ချဉ်းကပ်လာသည့် အမျိုးသမီးကို သတိပြုမိရင်း ရင်ဘတ်ကို ဖိထားမိလေသည်။

သူမသည် မော်ဒယ် တစ်ဦးလို အရပ်မရှည်သော်လည်း တရုတ် အမျိုးသမီးတွေထက် အရပ်မြင့်သဖြင့် အရပ်ရှည်သော မိန်းကလေး စာရင်းထဲတွင် ပါဝင်လေသည်။ ထို့အပြင် သူမသည် သဲနာရီ ကိုယ်လုံး နှင့် တောင့်တင်းသော ခန္ဓာကိုယ် ရှိသော်လည်း အနည်းငယ် ပိန်နေသည်။

သူမသည် အင်္ကျီလက်ရှည် အမဲရောင်ကို ဝတ်ဆင်ကာ အင်္ကျီလက်ပေါ်ရှိ ပန်းရောင် ကြာပန်းပွင့်ကလေးများ စီစီရီရီရှိနေကာ လက်ပင်းမှာ ဗီပုံသဏ္ဌာန် ရှိ

နေသည်။ အင်္ကျီသည် ဒူးအုပ် အထိရှည်လျားပြီး လှပသေသပ်သော ခါးစည်းကြောင့် သူမ၏ သေးသွယ်သော ခါးကလေးကို ပေါ်လွင်ထင်ရှားစေသည်။

ရိုးရှင်းနက်မှောင်သော ဒေါက်မြင့်ဖိနပ်သည် သူမ၏ အရပ်ကို ပို၍ ထင်ဟပ်စေသည်။ ဖြောင့်စင်း နက်မှောင် ရှည်လျားသော ဆံပင်သည် သူမ၏ သေးသွယ်သော မျက်နှာကို ဖုံးအုပ်ထားသလို ဖြစ်နေသည်။ နေကာမျက်မှန်ကြီးသည် သူမ၏ မျက်လုံးကို ဖုံးအုပ်ထားသော်လည်း သူမ၏ အလှအပကို မဝှက်ထားနိုင်ပေ။

ဧည့်ကြို နောက်သို့ လိုက်လာရင်း သူ့ဆီ တည့်တည့်လျှောက်လာသည် မိန်းကလေးတစ်ဦး၏ အလှကို ကြည့်နေရင်း ကျုံးကျွင်း အသက်ရှူမှားမတတ် ဖြစ်လေသည်။ မိန်းကလေးသည် သူ့ရှေ့တွင် မတ်တပ်ရပ်နေသည်။

" သိပ်ကြာကြာ မစောင့်ရဘူးလို့ ထင်ပါတယ်နော် မစ္စတာ ဂျေဂျေ။ " ဤချိုသာသော အသံသည် မနေ့

က သူမ ဖုန်းပြောခဲ့သော အသံဖြစ်နေသည်။

" မိန်းကလေး အိုင်းရစ်လုံ လား။ " သူသည် ထိုသို့မေးရင်း မျက်မှောင်ကြုတ်ကာ အနည်းငယ် ထိတ်လန့်နေသည်။

အမျိုးသမီးသည် ခေါင်းညိမ့်ပြရင်း သူမ၏ လက်တစ်ဖက်ကို ထုတ်လိုက်သည်။

သူသည် မျက်တောင်ခတ်လိုက်ကာ သူမ၏ ဖြူဖျော့သော လက်ကို ကြည့်လိုက်သည်။ သူမ၏ လက်ထဲ၌ လက်စွပ်မရှိ ၊ ရောင်စုံ လက်သဲ ဆိုးဆေးမရှိပါချေ။ သူမ၏ လက်သည် ရိုးရှင်းပြီး သန့်ပြန့်နေလေသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် သူသည် ပျံ့လွှင့်နေသော အာရုံများကို ပြန်ထိန်းကွပ်လိုက်ကာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် သူမ ကမ်းလာသော လက်တစ်ဖက်ကို လက်ဆွဲနှုတ်ဆက် လိုက်လေသည်။

" အိုး။ မိန်းကလေးလုံ။ ငါမင်းကိုတောင် မမှတ်မိ

ဘူး။ မင်းပုံစံက...အရင်နဲ့ လုံးဝမတူတော့ဘူး။ "

သူမသည် သူ့အား ယဲ့ယဲ့လေး ပြုံးပြလိုက်လေသည်။ သူမ၏ အမူအယာ ခံစားချက်တစ်ချို့ကိုတော့ နေကာမျက်မှန်ကြီးက ဖုံးထားလေသည်။

စားသောက်ဆိုင် ဧည့်ကြိုသည် သူမထိုင်ဖို့အတွက် ထိုင်ခုံ တစ်လုံးကို ထုတ်ပေးလိုက်သည်။ ထို့နောက် သူတို့မှာယူမည့် အစားအသောက် စာရင်းကို မှတ်ယူပြီး ဧည့်ကြိုက ပြန်ထွက်သွားလေသည်။ ခဏအကြာတွင် သူမအတွက် ဆေးဖက်ဝင် ရေနွေးကြမ်း ပူပူလေး တစ်ခွက် ရောက်ရှိလာသည်။

ဂီတနယ်ပယ်တွင် နာမည်ကျော်နေသော ဂျေဂျေခေါ်

ကျုံးကျွင်း သည် သူ့ဘေးတွင် ထိုင်နေသော လှလှပပ အမျိုးသမီး၏ ရေနွေးကြမ်း ပူပူကို မှုတ်ရင်း သောက်နေသည့် ပုံစံကို ငေးကြည့်နေမိသည်။ သူမ၏ ပုံစံသည် ရိုးရှင်းပြီး အတုအယောင်မပါ သဘာဝအတိုင်း လှပကျော့ရှင်းနေသည်။

သူ အံ့သြနေလေသည်။ ယခု သူ့ရှေ့တွင် ထိုင်နေ

သော အမျိုးသမီးသည် သူချိန်းထားသည့် မိန်းကလေးနှင့် တခြားစီဖြစ်နေလေသည်။ အဘယ်ကြောင့် ဆိုသော် ယခင် အိုင်းရစ်လုံ နှင့် ယခု အိုင်းရစ်လုံသည် ပုံစံ အပြောအဆို အရည်အချင်း တို့ကား မိုးနဲ့မြေလို ကွာခြားနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤအမျိုးသမီးသည် အိုင်းရစ်လုံ အစစ်မှ ဟုတ်ပါလေစ ဟု သူတွေးနေမိသည်။

" ကျွန်တော်တစ်ခု မေးပါရစေ။ မင်းက အိုင်းရစ်လုံရဲ့ အမွှာညီအစ်မလား။ "

မစ္စတာ ဂျေဂျေ၏ မေးခွန်းကို ကြားပြီးသောအခါ သူမသည် သဘောကျပြီး ရယ်မောမိလေသည်။ " မဟုတ်ပါဘူးရှင်။ ကျွန်မမှာ အမွှာညီအစ်မ မရှိပါဘူး။ ကျွန်မက အိုင်းရစ်လုံ အစစ်ပါ မစ္စတာ ဂျေဂျေ။ "

" မဖြစ်နိုင်ဘူး။ " သူမ၏ အဖြေကို သူက လက်မခံနိုင်သည့် အမူအယာနှင့် ဦးခေါင်းကိုသာ တွင်တွင်ခါယမ်းနေလေသည်။

သူမသည် ဆက်၍ ပြုံးနေရင်း ရေနွေးကြမ်းကိုသာ ဆက်သောက်နေလေသည်။

သူတို့ မှာယူထားသော အစားအသောက်များ ရောက်လာသဖြင့် စားသောက်နေကြသည်။ သူတို့နှစ်ဦးသည် စားရင်းသောက်ရင်းနှင့် အလာပ သလာပ စကားများကို အေးအေးဆေးဆေး ပြောနေကြသည်။ စားသောက်ပွဲ ပြီးခါနီးတွင် အလုပ်ကိစ္စနှင့် ဆက်စပ်သော စကားများကား စကားဝိုင်းထဲသို့ ရောက်လာလေသည်။

မစ္စတာ ဂျေဂျေထံမှ စကားသံ ထွက်လာသည်။ " ဒါဆို အလုပ်ကိစ္စ အကြောင်းကို ကျွန်တော်တို့ ဆွေးနွေးကြရအောင်။ "

သူမက ခေါင်းညိမ့်ပြလိုက်သည်။

" မင်းသိထားတဲ့ အတိုင်းပဲ မင်းပို့ပေးတဲ့ သီချင်းနမူနာကို ငါက ကြိုက်တယ်လေ။ ဒါပေမဲ့ မင်းရဲ့ မကောင်းတဲ့ ကောလဟာလ သတင်းတွေကြောင့် ငါက မင်းကို မဆိုစေချင်ဘူး။ မင်းကလည်း မင်းရဲ့

သီချင်းတွေကို တခြားအဆိုတွေ ဆိုဖို့ကိုလည်း ခွင့်မပြုဘူး။ ငါမင်းကို ကမ်းလှမ်းချင်တာကတော့ မင်းက တေးရေးဆရာအနေနဲ့ သီချင်းတွေကို လက်လွှဲပေးဖို့ပါ။ "

မစ္စတာ ဂျေဂျေ၏ ကမ်းလှမ်းမှုကြောင့် သူမ၏ မျက်လုံးများ အနည်းငယ် မှေးစက်လာကာ နေကာမျက်မှန်၏ နောက်ကွယ်တွင် သူတို့ကို စူးစူးရဲရဲ ကြည့်နေသည်။ သူမ၏ နှုတ်ခမ်းကို မျဥ်းဖြောင့် အတိုင်းသာ စေ့ထားသည့် အမူအယာကိုသာ သူမ ပြသနေသည်။

အခန်း ( ၁၂) ပြီး။

ဘာသာပြန် ထူးထူး

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment