no

Font
Theme


မောင်မောင့် ချစ်ဇနီး တော်တော်ထက်

အခန်း ( ၆)  သခင်မလေး အသစ်


ရွှေမြင့် ကွန်ဒို


သုံးလ ကြာပြီးနောက်


အိုင်းရစ်လုံ ၏ လက်ချောင်းများသည် စန္ဒယား ခလုတ်များပေါ်တွင် လှလှပပ ကခုန်နေသဖြင့် မိုဇတ် ၏ " တူရကီ ၏ ချီတက်ခြင်း (Rondo alla Turca) " ၏ တေးသွားများက ကွန်ဒိုအပေါ်ဆုံးထပ်တွင် ညိမ့်ညိမ့်ညောင်းညောင်း ထွက်ပေါ်နေလေသည်။ 


အိမ်တော်ထိန်းကြီး ယိမိန် သည် သခင်မလေး၏ ကျွမ်းကျင် လှပ ပြေပြစ်သော စန္ဒယား တီးခတ်သံကို ရင်သပ်ရှုမောစွာ ငေးကြည့်နေမိသည်။ 


စန္ဒယားရှေ့ ထိုင်ခုံပေါ်တွင် ထိုင်နေသော သခင်မလေးသည် နတ်မိမယ်လေး တစ်ပါး ယိမ်းနွဲ့သည့် ဟန်ပန်နှင့် တူနေပေသည်။ စန္ဒယားတီးသံသည် သူမအနောက်ဘက် ပြတင်းပေါက်မှ မီးရောင်ထိန်ထိန် ၊ 


မျက်နှာကြက် ဖန်သားအလှများနှင့် မြို့ညတစ်ညကို ကြက်သရေရှိလှပေသည်။ 


သခင်မလေး စန္ဒယား တီးတတ်သည်ကို ယိမိန် သိခဲ့သည်။ သို့သော် ဤမျှလောက် စွဲဆောင်မှုရှိသည့် လက်သံထွက်လာမည်ဟု သူမ မထင်ခဲ့ပေ။ 


ဆရာကျ ညိမ့်ညောင်းလှသော လက်သံကြောင့် ကိုယ်ထည်အဖြူရောင် စန္ဒာယားကြီး၏ ဂုဏ်အရှိန်အဝါကို ထင်ဟပ်စေတော့သည်။ 


အိုင်းရစ် အိမ်ပြန်ရောက်ပြီး တစ်လကြာ ကတည်းက သူမ၏ ဟန်ပန် အမူအယာ ၊ စိတ်ဓာတ် နှင့် စရိုက် အားလုံး ပြောင်းလဲသွားသည်ကို ယိမိန်  သတိထားမိသည်။ ထို့ကြောင့် ယိမိန်က အလွန့်အလွန် အံ့သြ သွားမိသည်။ 


ကားမတော်တဆမှု မဖြစ်ခင် သခင်မလေး၏ အစေခံဘဝများသည် အိမ်မက်ဆိုးထဲ ကျင်လည်ရသူများ ကဲ့သို့ ပင်ဖြစ်နေကြသည်။ ယခင် သူမသည် အစေခံများကို လေးစားခြင်း စိုးစင်းမျှ မရှိပေ။ သူမ


စိတ်တိုင်း မကျသည့်အခါတိုင်း အစေခံများ အပေါ် မကြာခဏ ဝုန်းဒိုင်းကြဲလေ့ ရှိသည်။ ထို့ကြောင့် သခင်မလေး သည် အစေခံအသစ်ကို အမြဲတမ်း ထပ်၍ ရှာဖွေရလေ့ရှိသည်။ အစေခံများ မကြာခဏ အလုပ်ထွက်လေ့ရှိသည်။ ယိမိန် သည် အစေခံ အသစ် ရှာဖွေခြင်း သံသရာ ကို ငြီးငွေ့နေလေပြီ။ 


ယိမိန် ခြေကုန် လက်ပန်းကျခဲ့သည်မှာ အကြိမ်ကြိမ်။ သို့သော် သူမသည် သခင်ကြီး ထန်ဖေး အပေါ် သစ္စာ စောင့်သိသူ ဖြစ်သည်။ ထို့ကြောင့် သခင်မလေး၏ စိတ်ပုပ် စိတ်ယုတ် တစ်ကိုယ်ကောင်းဆန် မှုတို့ကို သည်းခံခဲ့ခြင်း ဖြစ်သည်။ 


ရိုးရိုးသားသား ဝန်ခံရလျှင် ကားမတော်တဆကြောင့် ဆေးရုံတွင် တစ်နှစ်ပတ်လုံး သခင်မလေး သတိမေ့မြောနေသည်ကို ယိမိန် ဝမ်းသာ နေမိသည်။ ဤခံစားချက်သည် အပြစ်ရှိသည်ဟု သူမခံစားမိသော်လည်း ၎င်းကား အမှန်တရားပင် ဖြစ်နေလေသည်။ 


သခင်မလေး သတိရလာပြီး မကြာခင် အိမ်ပြန်လာ


တော့မည့် သတင်းကို သူမ ကြားရသောအခါ ဖိတ်ဖိတ်တုန်အောင် ကြောက်လန့်ပြီး ယောက်ယက်ခတ်နေလေသည်။ သူမ ထိတ်လန့်နေသော်လည်း မျက်နှာချိုးပြေရန်  လေ့ကျင့်ထားရလေသည်။ သူမ၏ ခံစားချက်ကို ကွယ်ဝှက်ရင်း မတ်မတ်ရပ်နေကာ သခင်မလေး အိမ်ပြန်အလာကို သူမ မျက်နှာချိုလေးနှင့် ကြိုဆိုရလေတော့သည်။ 


သူမ များစွာ ထိတ်လန့်ခဲ့ရ လေသည်။ သခင်မလေး အိမ်ပြန်ရောက်သည့် အခါတွင် သူမ၏ စိုရိမ်မှုသည် အပိုအလုပ် တစ်ခု သက်သက်သာ ဖြစ်ကြောင်း သူမ သိရလေတော့သည်။ မတော်တဆ ထိခိုက်မှုကြောင့် သခင်မလေး ၏ စိတ်နေစိတ်ထား ပြောင်းလဲသွားခဲ့လေ သလားဟု သူမ ခံစားမိလေသည်။


အိုင်းရစ် အိမ်ပြန်ရောက်သည်နှင့် မလိုအပ်သည့် အလုပ်သမားများကို အလုပ်ထုတ်လိုက်လေသည်။ သူမ၏ မိတ်ကပ်ပညာရှင် ၊ ဆံပင် ပညာရှင် ၊ ဖက်ရှင် ဒီဇိုင်း ဖန်တီးရှင် ၊ ဆယ်လ်ဖီ လက်ထောက် ၊ အစားအသောက် ကွပ်ကဲသူ နှင့် သူမ သတိမေ့မြောစဥ် ကာလတလျှောက် အလုပ်မလုပ်ဘဲ လစာပုံမှန်


ထုတ်သည့် အလှအပ ဖန်တီးရှင် အဖွဲ့သားများ အားလုံးကို သူမ အလုပ်ထုတ် ခဲ့လေသည်။ 


သခင်မလေး အသစ်သည် ယိမိန် နှင့် အလုပ်သမား များကို ယဥ်ယဥ်ကျေးကျေး ပြောဆို ဆက်ဆံလေသည်။ အိုင်းရစ် သည် ယိမိန် အား သုံးကြိမ်မြောက် အထိ ယဥ်ကျေး သိမ်မွေ့စွာ ပြောဆို ဆက်ဆံလာသောအခါ ယိမိန် စိတ်မထိန်းနိုင် တော့ဘဲ မျက်ဝန်းထဲမှ မျက်ရည်များ စီးကျလာတော့သည်။ 


" ဘာတွေ ဖြစ်သွားတာလဲ သခင်မလေး။ " ယိမိန်က ငိုကြွေးရင်း စကားဆိုမိလေသည်။ " ဦးခေါင်းက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတာလား။ "


အိုင်းရစ် သက်ပြင်းချရင်း နူးညံ့သော မျက်ဝန်းနှင့် ကြည့်ပြီး သူမကို ပြန်ပြောမိလေသည်။ " မင်းကို စိတ်ထိခိုက်စေလို့ တောင်းပန်ပါတယ်။ " 


ထိန်းချုပ်ခဲ့ရသော သူမ၏ စိတ်ခံစားချက် နှင့် နာကျည်းမှုတို့က နောက်ဆုံးတွင် ရေကာတာ ကျိုးသွားသလို ပွင့်ထွက် သွားလေတော့သည်။ ခန္ဓာကိုယ် 


တုန်လှုပ် သွားသည်အထိ သူမ ရှိုက်ကြီးတငင် ငိုချမိလေသည်။ သခင်မလေး၏ တောင်းပန် တိုးလျှိုးတဲ့လေသံ ၊ ယဥ်ကျေး ပျူငှာသည့် အသံကို ကြားနေရသဖြင့် သူမ မယုံနိုင်အောင် ဖြစ်ခဲ့ရလေသည်။ အိပ်မက် မက်နေသည်ဟုသာ သူမ ယုံ့ကြည်ဝံ့လေသည်။


အိမ်တော်ထိန်းကြီး စိတ်သက်ရာရစေရန် သခင်မလေး၏ ကြည့်နေသည့် မျက်နှာပုံစံသည် ငြိမ်သက် အေးမြ နေသည့် ကန်ရေပြင်ကြီးနှင့် တူနေလေသည်။ ထိုဟန်ပန် ပုံစံကြောင့် ယခုသခင်မလေးသည် ယခင်ကြမ်းတမ်းသည့် သခင်မလေးနှင့် လုံးဝ ကွာခြားသွားသည်ကို သူမ ခံစားမိလေတော့သည်။ 


အိုင်းရစ် ၏ ကြင်နာသော မျက်ဝန်း အာဝါသအောက်တွင် သူမ၏ နာကျင်မှုနှင့် ဝမ်းနည်းမှုတို့ကား အရည်ပျော်သွားလေတော့သည်။


သခင်မလေး၏ အခြေအနေ ပုံစံအရပ်ရပ် ပြောင်းလဲ သွားခြင်းကြောင့် ယိမိန် ရင်ဖိုခဲ့ရသည်။ အထူးသဖြင့်  စန္ဒယားကို အိုင်းရစ် တီးခတ်ခြင်းနှင့် 


ပတ်သက်၍ သူမ ပို၍ ရင်ခုန်နေရပေသည်။ သခင်မလေး နေကောင်းခါစ စန္ဒယား တီးခတ်သည့် နုတ်စ် များမှာ ရိုးရှင်းလွယ်သူသော သံစဥ်များ ဖြစ်နေသော်လည်း ကျန်းမာရေး ဒေါင်ဒေါင်မြည်လာပြီး နောက်ပိုင်းတွင် ခက်ခဲ နက်နဲ လှပ သေသပ်သော သံစဥ် တီးကွက်များ တီးခတ်လာသည်ကို ယိမိန် သတိထားမိ ခဲ့လေသည်။ သခင်မလေး၏ လက်သံသည်လည်း သူမတူအောင် ညိမ့်ညောင်း လွန်းလှသည်ဟု သူမ ခံစားမိနေလေသည်။


ယခုအချိန်တွင် သခင်မလေးသည် ဘီးတပ်ကုလားထိုင် သို့မဟုတ် အကူသူနာပြု နှင့် အိမ်အလုပ်သမားများ၏ ဖေးမမှု သိပ်မလိုတော့ဘဲ ကိုယ်တိုင် လမ်းလျှောက်စ ပြုနေလေပြီ။ သူမ၏ ဆေးဘက်ဆိုင်ရာ အဖွဲ့မှ ဆရာဝန် အဖွဲ့များလည်း သူမ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာသည့်အပေါ် အားရကျေနပ်မှု ရှိလေသည်။ သူမ၏ ကြွက်သား ပုံမှန် အနေအထား ပြန်ကောင်းလာနိုင်ဖို့ အချိန်တစ်ခုကို စောင့်ဆိုင်းရန်သာ လိုပေတော့သည်။ 


လောလောဆယ်မှာတော့ သခင်မလေး၏  " တူရကီ 


၏ ချီတက်ခြင်း (Rondo alla Turca) " သံစဥ် တီးခတ်သံကြောင့် ယိမိန် ကျေးနပ်စွာ အပြုံးပန်း ချွေလေသည်။


" ညနေစာ အဆင်သင့် ဖြစ်ပါပြီ သခင်မလေး။ "


အိုင်းရစ် ၏ တည်ငြိမ် သော ဖီးနစ်မျက်လုံး အကြည့်ကြောင့် သူမ၏ နှလုံးသားအိုကြီး လှုပ်ခါသွားလေသည်။ 


'အရမ်းလှတာပဲ' ဟု ယိမိန် ၏ စိတ်ထဲ၌ စကားသံသည် သူမ မျက်နှာပေါ်တွင် အထင်းသားပေါ်လွင်နေသည်။


" ညစာ ပြင်ဆင်ပေးလို့ ကျေးဇူးပါ " ဟု အိုင်းရစ်က ညင်ညင်သာသာ ပြောလိုက်လေတော့သည်။ 


အခန်း (၆) ပြီး။ 

ဘာသာပြန် ထူးထူး


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment