no

Font
Theme


မောင်မောင့် ချစ်ဇနီး တော်တော်ထက်

အခန်း (၈) ပုံစံကို ပြင်ဆင် မွမ်းမံခြင်း


မေ့မြောခြင်းမှ သတိရလာပြီး နောက်ပိုင်းတွင် အိုင်းရစ်လုံ ၏ ကျန်းမာရေး အခြေအနေကား တစ်နေ့ထက်တစ်နေ့ တိုးတက်လာလေ၏။ ယခုအချိန်တွင် ခန္ဓာကိုယ် ပြန်လည် ထူထောင်ရေး လေ့ကျင့်ခန်းကို တစ်ပတ်တွင် တစ်ကြိမ်သာ လုပ်ဆောင်ရပေသည်။


သို့သော်လည်း ခန္ဓာကိုယ်၏ လက်ရှိအခြေအနေကို သူမက စိတ်တိုင်းမကျသေးပေ။ သူမ၏ ကြွက်သားသည် အားနည်းနေသဖြင့် သူမသည် လမ်းသိပ်မလျှောက်နိုင်သေးပေ။ သို့သော် လေ့ကျင့်ခန်းကို အားမလျော့ပဲ ဇွဲရှိရှိနှင့် လုပ်ရမည်ကိုတော့ သူမ နားလည်ထားသည်။ ထို့ကြောင့် လေ့ကျင့်ခန်း လုပ်ရမည့် 

အချိန်တိုင်း သူမက ပျက်ကွက်သည်ဟူ၍ မရှိပေ။


သူမ၏ တိုက်ခန်း တစ်ခုလုံးကို ပြုပြင်မွမ်းမံခြင်း ကိစ္စကား နောက်ဆုံးတွင် ပြီးစီးသွားခဲ့လေသည်။ မူလ အိုင်းရစ် ၏ အတွင်းပိုင်း ဒီဇိုင်း နှင့် ဗီရို အထားအသိုကို သူမ မနှစ်သက်ပေ။ တစ်ခန်းလုံး


တွင် အရောင်တောက်တောက် အရာများသာ ရှိနေသည်။ ထိုတောက်ပသော အရောင်များကြောင့် လူကို မွန်းကြပ်စေသည်။ 


ယခုမှာ အိုင်းရစ်၏ ဘဝတစ်ခုလုံးကို သူမ သိမ်းပိုက်လိုက်လေပြီ။ သူမသည် အရာအားလုံးကို နှစ်လိုဖွယ် ကောင်းသော ဂန္တဝင် ဆန်ဆန် ဒီဇိုင်း နှင့် အရောင်ကို ပြောင်းပစ်လိုက်လေသည်။ အသစ်မွမ်းမံထားသော တိုက်ခန်း၏ အဖီကလေးလည်း ခေတ်မီသာယာပြီး လေထုကိုလည်း ပေးဆောင်စေသည်။ တစ်အိမ်လုံးကို သူမ ဆင်ယင်ထားသည်မှာ ခန့်ညားထည်ဝါပြီး ကြက်သရေ ရှိလွန်းလှသည်။ 


လျှို့ဝှက်ခန်း တစ်ခန်းကိုလည်း သူမ စိတ်ကြိုက် စီမံထားလေသည်။ ထိုအခန်းကို ကွန်ပျူတာ နှင့် စာကြည့်တိုက် အဖြစ် သူမ အသုံးပြုလေသည်။ စာ

ကြည့်တိုက်ခန်းနှင့် ကွန်ပျူတာခန်းကို စကားဝှက်နှင့် ခွဲခြားထားကာ တစ်ခန်းစီပုံစံ ဖြစ်သွားသည်။ စာကြည့်တိုက်ထဲရှိ စာအုပ်များသည် ဘာသာစကား ပေါင်းစုံ နှင့် ရေးထားသော စာအုပ်များဖြစ်ကြသည်။ ထိုစာအုပ်များသည် ယခင်ဘဝမှ သူမ ကြိုက်


ခဲ့သော စာအုပ်များ ဖြစ်ပေသည်။


ကွန်ပျူတာခန်းကို သူမက စိတ်ကြိုက် ဒီဇိုင်းဆွဲထားသည်။ လက်ရှိ အခန်းထဲတွင် ခေတ်မီသော ကွန်ပျူတာနှင့် စက်ပစ္စည်း ဆယ့်ခုနစ်ခု ပါရှိသည်။ နံရံတစ်ခုကို မော်နီတာ စခရင် အပြားနှင့် နှင့် တပ်ဆင်ထားသဖြင့် အာကာသခန်းနှင့် တူနေလေသည်။


ကွန်ပျူတာ အခန်းထဲတွင် သူမ လိုချင်သည့် ပစ္စည်းများ မစုံလင်သေးပေ။ လိုအပ်သည်များကို သူမက နောက်ထပ် မှာယူ လိုက်လေသည်။ သူမ မှာထားသည့် ကွန်ပျူတာ ပစ္စည်းများသည် သာမန်စျေးကွက်တွင် ရှာဖွေ ဝယ်ယူ၍ မရနိုင်ပေ။ ဤရှားပါးသော ပစ္စည်းများကို သူမ၏ အတိတ်ဘဝတွင် ကိုင်တွယ် အသုံးပြုခဲ့သည်။


 အခန်းကို အလုံပိတ်ထားကာ အခန်းထဲတွင် သူမတစ်ဦးတည်းသာ ဝင်ရောက်ခွင့်ရှိသည်။ တခြားသူများကို ဝင်ခွင့်မပြုရသည့် အကြောင်းရင်းမှာ အခန်းထဲတွင် နိုင်ငံတကာ မှောင်ခို စျေးကွက်မှ ရရှိထားသော နည်းပညာများ ရှိခြင်းကြောင့် ဖြစ်ပေသည်။ ထို


အချက်ကို အခြားသူများ သိလျှင်ကား သူမအတွက် မကောင်းပေ။


 အသံသွင်း စတူဒီယိုကိုလည်း တိုက်ခန်း၏ မရှိမဖြစ် အစိတ်အပိုင်း အဖြစ် သူမ ဖန်တီးလိုက်သည်။ အိုင်းရစ်လုံသည် ပေါ့အဆိုတော် တစ်ဦး ဖြစ်လျက်နဲ့ စတူဒီယို အခန်းတစ်ခန်းပင် မရှိသည်ကို သူမက အံ့သြနေသည်။ သူမဆိုမည့် သီချင်း ၊ ဖန်တီးမည့် သံစဥ်းအားလုံးကို သူတပါးကိုသာ ငှားရန်း အမှီပြုခဲ့ခြင်းသာ ဖြစ်ပေသည်။


ယခုတွင် သူမသည် အိုင်းရစ် နာမည်နှင့် နေထိုင်သဖြင့် အကောင်းဆုံး ဘဝတစ်ခုကို  ဖန်တီးနေထိုင် မည်ဟု သူမ ဆုံးဖြတ်ထားသည်။ သူမသည် အောင်မြင်သော အသက်မွေးဝမ်းကျောင်း စီးပွားရေးတစ်ခုကို သူမ စတင် အကောင်အထည် ဖော်မည် ဖြစ်သည်။ 


မူလ အိုင်းရစ် ၏ ဂီတ အသက်မွေးဝမ်းကြောင်း လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန် သူမ ဆုံးဖြတ်ထားလေသည်။ သူမသည် အတိတ်ဘဝ တွင်လည်း ဂီတကို ရူးသွပ် ခုံမင်သူ ဖြစ်သည်။ သို့သော်လည်း 


ဂီတကို ဖန်တီးရာ၌ ဂီတပါမက တခြားအရာ တို့ကိုအိုင်းရစ် ပုံစံနှင့် ကွဲပြားပြီး သူမပုံစံ ၊ သူမစတိုင်နှင့် ပြုပြင်မွမ်းမံ ဖန်တီးမည် ဖြစ်သည်။ 


တိုက်ခန်း တစ်ခုလုံးကို သူမ စိတ်ကြိုက် ပြုပြင် မွမ်းမံသည်သာမက ဗီရိုများအားလုံးကို သူမ နှစ်သက်သည့် ပုံစံနှင့် လဲလှယ်လိုက်သည်။ မူရင်း အိုင်းရစ် နှစ်သက်သော ပါးလွှာ သည့် အဝတ်စားများကို သူမ မကြိုက်ပေ။ ထိုအဝတ်အစားများကို  ဝတ်လျှင် သူမနှင့်အဆင်မပြေဟု သူမခံစားမိသည်။


သူမ၏ လက်ထောက်အသစ် ဒွန်မင်းနစ် ချွား သည် အိမ်ထဲရှိ ပစ္စည်း ၉၀ % ခန့်ကို ထုပ်ပိုး ပြီးနေပြီ ဖြစ်သည်။ ထိုအထဲတွင် အဝတ်အစား၊ ဖိနပ် ၊ အိတ် ၊ မိတ်ကပ် ၊ အလှပြင် ပစ္စည်း ၊ လက်ဝတ်ရတနာ နှင့် အသုံးအဆောင် ပစ္စည်းများ အများဆုံး ဖြစ်နေသည်။ လက်ထောက်၏ မျက်လုံးတို့သည် အံ့သြမှု မယုံနိုင်မှုတို့နှင့် သက်ဝင်လှုပ်ရှားနေသည်။ 


" သူဌေး။ ဒါတွေကို ဘာလုပ်ဖို့ စီစဥ်ထားလဲ။ " သူသည် ခုနစ်လက်မအရွယ် သက်တံ့ရောင် ဒေါက်မြင့်


ဖိနပ်ကို ပွတ်သပ်ရင်း အိုင်းရစ်ကို မေးနေသည်။ 


" ဒါတွေကို မင်းလက်ထဲ အပ်လိုက်ပြီ။ " သူမက ထိုကဲ့သို့ ပြောလိုက်လေသည်။ " ဒါတွေကို ရောင်းရောင်း ၊ လှူလှူ ကြိုက်သလို လုပ်ပါ။ နင့်လက်ထဲ ကို အကုန်အပ်လိုက်ပြီ။ "


ဒွန် သည် သူ၏ သူဌေး အသစ်ကို ကြည့်ရင်း အလွန် စိတ်ရှုပ်ထွေးနေသည်။ သူမသည် ဗီရို တစ်ခုလုံးကို အဘယ်ကြောင့် အစားထိုးချင်သနည်း။ ဤပစ္စည်း အားလုံးတို့သည် နာမည်ကြီး အမှတ်တံဆိပ် တို့ဖြစ်ကြသည်။ သာမန် လူတန်းစားများ မဝယ်သုံးနိုင်သည့် ပစ္စည်းများဖြစ်နေသည်သာ မက ပစ္စည်းကား တစ်ခုတလေ မဟုတ် အားလုံးနီးပါး ဖြစ်နေသောကြောင့် သူသည် ပစ္စည်းများကို ကြည့်ရင်း နှမြောတသ နေမိသည်။ 


" စဥ်းစားလို့ကို မရဘူး။ " သူသည် အံ့သြနေသဖြင့် ထိုစကားကို သူ့ကိုယ်သူ ပြောနေမိခြင်း ဖြစ်သည်။


အကယ်၍ သူသည် ဤနာမည်ကြီး အမှတ်တံဆိပ် 


ပစ္စည်းများကို ပိုင်ဆိုင်ရပါက မည်မျှပင် ခေတ်နောက်ကျ သွားပါစေ ၎င်းတို့ကို ရတနာ သဖွယ် မြတ်မြတ်နိုးနိုးနှင့် သူသိမ်းဆည်း ထားမည်ဖြစ်သည်။ ထို့အပြင် ချွား မိသားစုဝင်တွေ၏ နောက်ထပ်မျိုးဆက်သစ်တို့ကို လက်ဆင့်ကမ်းပေးမည် ဖြစ်သည်။ သူသည် သလင်းကျောက်နှင့် လှပသေသပ်စွာ စီချယ်ထားသော ပိုက်ဆံအိတ်ကို ကောက်ကိုင်ရင်း သူဌေးမလေးကို သူက စိုက်ကြည့်လေ၏။ 


" သူဌေး သိတဲ့ အတိုင်းပဲ ဖိလစ်ပိုင်မှာ ကျွန်တော့်ရဲ့ မိန်းကလေး ဆွေမျိုးတွေ ရှိပါတယ်။ ဒီပစ္စည်းတွေက သူတို့နဲ့ အဆင်ပြေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်အမေဆိုရင် ဒီပိုက်ဆံအိတ် တွေကို ရသွားမယ်ဆိုရင် အရမ်း ဝမ်းသာနေမယ်ဆိုတာ ကျွန်တော် မြင်ယောင်မိသေးတယ်။ ကျွန်တော့် အဒေါ် ၊ ညီမတွေနဲ့ ဝမ်းကွဲတွေက ဒီလိုပဲနေမှာပါ။ တစ်ချို့ဖိနပ်တွေက သူတို့နဲ့ တော်မယ်လို့ ကျွန်တော် ထင်တယ်။ ဒါကြောင့် ကျွန်တော် ပြောချင်တာက..."


" ဒီပစ္စည်းထုပ်တွေ အားလုံးကို မင်းရဲ့ မိသားစုတွေကို ပို့ပေးလိုက်ပါ။ အဆင်ပြေပါတယ်။ "



ဒွန် သည် မေးရိုးပြုတ်မတတ်အောင် ဝမ်းသာနေလေသည်။ " တကယ်ပြောတာလား။ သူဌေး တကယ်ပြောတာလား။ ကျေးဇူးတင်ပါတယ်။ တကယ်ကို ကျေးဇူးတင်ပါတယ်။ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် သူဌေး။ သူဌေးက အကောင်းဆုံး သူဌေးဖြစ်ပါတယ်။ "


သူသည် ဝမ်းသာသဖြင့် ခုန်ပေါက်ရင်း စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီး နေပါတော့သည်။ ထို့နောက် သူသည် ဦးခေါင်းကို ကြမ်းပြင်ပေါ် ထိလုနီးပါးဖြစ်သွားကာ အိုင်းရစ်ကို ဦးညွတ်လိုက်သည်။ 


အိုင်းရစ်သည် သူမ၏ လက်ထောက်အသစ်၏ အပြုအမူကို ကြည့်ရင်း သဘောကျသဖြင့် ဟက်ဟက်ပက်ပက် ရယ်မောမိလေသည်။


" သူဌေးက အရမ်းရက်ရောတာပဲ။ " သူသည် ထိုသို့ ပြောပြီး အစေခံများကို ခေါ်လိုက်လေသည်။ " အားလုံးပဲ ဒီကိုလာကြ။ သူဌေးက ဒီပစ္စည်းတွေ အားလုံးကို ကြိုက်သလို စီမံဖို့ အခွင့်ပေးလိုက်ပြီ။ ဒီ


ပစ္စည်းထဲက နင်တို့ ကြိုက်တာကို ယူကြပါ။ " ထို့နောက် သူသည် အိုင်းရစ်ကို တစ်ချက်ကြည့်လိုက်ပြီး အဆင်ပြေလားဟု တိတ်တဆိတ် မေးမိလေသည်။ 


အိုင်းရစ်သည် အဆင်ပြေသည့် ပုံစံနှင့် သူ့အား လက်ကို ဝှေ့ယမ်းလိုက်လေသည်။ 


" နင်တို့တွေ့လား။ သူဌေးက အဆင်ပြေတယ်လို့ ပြောနေတယ်။ ကြိုက်တာကို လာယူကြပါ။ ပြီးတော့ သူဌေးကို ကျေးဇူးတင် စကားပြောဖို့လည်း မမေ့ကြနဲ့အုံး။ "


" ကျေးဇူးတင်ပါတယ် သခင်မလေး။ " အစေခံများသည် အပြုံးပန်း ဝေဝေဆာဆာ နှင့် ကျေးဇူးတင်စကားပြောရင်း အိုင်းရစ်အား ဦးညွတ်ကြလေသည်။ သူတို့သည် မိမိကြိုက်နှစ်သက်သော ပစ္စည်းများကို စိတ်လှုပ်ရှားစွာဖြင့် ရွေးချယ်နေကြလေသည်။ 


အိုင်းရစ်ကား ခေါင်းတဆတ်ဆတ် ညိမ့်နေသည်။


" ကျေးဇူးတင်ပါတယ် သူဌေး။ ဒီပစ္စည်းတွေ အားလုံးကို ဖိလစ်ပိုင်ကို မပို့တော့ပါဘူး။ ကျွန်တော့်မိသားစုအတွက် သင့်လျော်တဲ့ တစ်ခုစီပဲ ရွေးချယ်လိုက်မယ်။ ကျန်တဲ့ ပစ္စည်းတွေကိုတော့ အွန်လိုင်းပေါ်မှာ ရောင်းလိုက်ပါမယ်။ "


" ငါမင်းကို အကုန်လုံး ထားခဲ့လိုက်မယ်။ "


အခန်း (၈) ပြီး။

ဘာသာပြန် ထူးထူး


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment