မောင်မောင့် ချစ်ဇနီး တော်တော်ထက်
အခန်း (၁၇) ချောင်းယွီ ၏ အလည်အပတ်
ရွှေမြင့် ကွန်ဒိုမီနီယမ်
" ကြိုဆိုပါတယ် မစ္စတာ ချောင်းယွီ ။ လာပါ ခင်ဗျ။ ကျွန်တော်က သခင်မလေး အိုင်းရစ်လုံရဲ့ လက်ထောက် ဒွန်မင်းနစ်ချွား ပါ ခင်ဗျား။ ကျွန်တော်တို့ ဖုန်းနဲ့ ခဏခဏ စကားပြောဖူးပါတယ်။ "
ချောင်းယွီ သည် ခေါင်းညိမ့်ပြီး လူငယ်ကို လက်ဆွဲနှုတ်ဆက် လိုက်လေသည်။
သူသည် အိမ် အပြင်အဆင်ကို မျက်လုံးနှင့် ဝေ့ကြည့်ပြီး လေ့လာနေသည်။ သိုသိပ်ကျစ်လစ်မှုရှိကာ ဆန်းပြားလှပေသည်။
ကုန်ကျစရိတ် နှင့် ကိုက်ညီအောင် အိမ်ကို ကျယ်ကျယ်ပြန့်ပြန့် မွမ်းမံခြင်း ဖြစ်နိုင်သည်။ သူသည် ဤအိမ်သို့ နောက်ဆုံးတစ်ခေါက် ရောက်ခဲ့စဥ် အိမ်၏ ပုံစံမှာ ဒစ်စနေးလန်း တို့လို ကလေးကလား ဆန်ဆန်
ဖြစ်နေသည်။
သခင်မလေး ငယ်ရွယ်စဥ်က သရုပ်ဆောင် လုပ်ငန်းနှင့် ကိုယ်ပိုင် ဝင်ငွေ စတင်ရရှိသည်မှ စ၍ ဥက္ကဋ္ဌကြီး လုံထန်းဖေးက ချောင်းယွီ ကို ကလေး၏ ဘဏ္ဍာရေး မန်နေဂျာ အဖြစ် အလုပ်ခန့်အပ်ခဲ့သည်။ ဥက္ကဋ္ဌကြီး ဤသို့ လုပ်ရခြင်းကား လောဘကြီးသော သားအမိ၏ လက်ထဲမှ ငွေကြေးများကို ကာကွယ်ရန် ဖြစ်လေသည်။
သူမ၏ ဝင်ငွေကား ပထမတွင် မက်မောစရာ မရှိသော်လည်း နောက်ပိုင်း အဆိုတော် ဘဝနှင့် အောင်မြင်လာသောအခါ သူမ၏ ဝင်ငွေ တိုးလာခဲ့သည်။ သူမ၏ အသုံးစရိတ်ကို ဥက္ကဋ္ဌ ကြီးက လစဥ် ထောက်ပံ့ပေးခဲ့သည်။
သို့သော် သူမ၏ အသုံးစရိတ်ကား ရူးသွပ်စရာ ကောင်းလောက်အောင် များပြားလှပေသည်။ ချောင်းယွီ က ငွေကြေးကို စီမံခန့်ခွဲပေးခြင်းဖြင့် သူမ၏ အသုံးစရိတ်က အကန့်အသတ်နှင့် ဖြစ်လာခဲ့သည်။ သူ့မ၏ အသုံးစရိတ်ကို ဤကဲ့သို့ မကန့်သတ်ထားပါ
က သူမသည် ဤမျှသော ခမ်းနားသည့် နေထိုင်မှုပုံစံနှင့် နေရမည် မဟုတ်ပေ။
သားအမိနှစ်ဦးတို့၏ စိတ်ပုပ်ခြင်း ၊ အကောင်းမမြင်ခြင်းကြောင့် ချောင်းယွီ သည် အိုင်းရစ်လုံတို့ သားအမိအတွက် နတ်ဆိုးတစ်ကောင်လို ဖြစ်နေလေသည်။ သို့သော် ဥက္ကဋ္ဌက သူ့ကို လစာ ကောင်းကောင်း ပေးသည်သာမက ကောင်းကောင်းမွန်မွန်ဆက်ဆံသဖြင့် ဤအလုပ်ကို သူကြိုးစား လုပ်နေခြင်း ဖြစ်လေသည်။
သခင်မလေး မေ့မြောခြင်းမှ ပြန်သတိရလာပြီး နောက်ပိုင်းတွင် ဥက္ကဋ္ဌကြီး လုံထံက သူမအတွက် အသုံးစရိတ် တစ်နှစ်တာ ထုတ်ခွင့်ပေးရန် အမိန့်ကျလာသော်လည်း ဤကိစ္စနှင့် ပတ်သက်၍ သခင်မလေးက ဘာမျှ အကြောင်းမကြားလာခဲ့ချေ။
ဆိုလိုသည့် အဓိပ္ပါယ်မှာ သူမ၏ အသုံးအဖြုန်းကြီးခြင်းနှင့် ပတ်သက်၍ ကန့်သတ်ထားခြင်းကို ရပ်တန့်လိုက်ခြင်း ဖြစ်ပေသည်။ အကယ်၍ သူမက ငွေသုံးကြမ်း၍ ငွေလျော့နည်းသွားပါက ဘဏ်အကောင့်ထဲ
သို့ ငွေပြန်ဖြည့်ပေးမည်ဟု ဥက္ကဋ္ဌကြီး လုံက ပြောပေသည်။
ဥက္ကဋ္ဌကြီးသည် သူ၏ သမီးအပေါ် ရက်ရောခြင်းသည် ဘာမျှမသိတတ်သည့် သူမအပေါ် ရက်ရောနေသည်နှင့် တူနေသည်ဟု ချောင်းယွီ က ဤသို့
တွေးခဲ့မိလေသည်။
သခင်မလေး သတိပြန်ရလာသည်မှာ နှစ်တစ်ဝက်ခန့် မျှရှိလေပြီ။ သူမသည် စျေးမဝယ်ခဲ့ရသည့် တစ်နှစ်ကျော်အတွင်း အတိုးချ၍ စျေးဝယ်ထွက်မည်ဟု ချောင်းယွီ က မျှော်လင့်ထားခဲ့လေသည်။
သို့သော် သူမ၏ ဘဏ်အကောင့်ထဲတွင် ငွေကြေးအနည်းငယ်သာ လျော့နည်း သွားလေသည်။ သူမသည် နေ့စဥ်အသုံးစရိတ် ၊ ဝန်ထမ်းလစာ နှင့် အဓိက အချက်သုံးချက်အတွက်သာ ငွေကြေးကို ထုတ်ယူ သုံးစွဲသဖြင့် ချောင်းယွီ တွေးထားခဲ့သည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
ပထမ အချက် အတွက် ယွမ် ၃ သန်းကို သူမထုတ်
ခြင်းသည် တိုက်ခန်းကို ပြုပြင်ရန် အတွက် ဖြစ်လေသည်။ ဒုတိယအကြိမ် ယွမ် ၅ သန်း ထုတ်ယူခြင်းမှာ ဗီရိုအသစ်များ ဝယ်ခြင်းအတွက် ဖြစ်သည်။ တတိယအကြိမ်တွင် ယွမ် ၁၅ သိန်းကို သူမ ထုတ်ယူခဲ့သည်။ ထိုငွေများသည် ကွန်ပျူတာ ဝယ်ရန်နှင့် ရင်းမြှုပ်နှံခြင်း အတွက်သာ ဖြစ်လေသည်။
ယွမ် ၃ သန်း အတွက် အသုံးစရိတ်သည် ယခုတွင် သူက မျက်ဝါးထင်ထင် မြင်ရလေသည်။ ချောင်းယွီ ၏ အမြင်တွင် ကုန်ခဲ့သည့် ငွေနှင့် ယခုမြင်နေရသည် အိမ်အခြေအနေသည် ကိုက်ညီမှုမရှိလှပေ။ ယခု ပြုပြင်မွမ်းမံ ခဲ့သော အိမ်သည် အဆင့်အတန်း တစ်ခုအထိကို ရောက်ရှိနေသော်လည်း တစ်ချို့နေရာများတွင် သာမန်ပုံစံ အနေအထားမျှသာ ရှိနေလေသည်။
ငွေ ၅ သန်း အသုံးစရိတ် သည် ဗီရိုဝယ်ယူခြင်း အတွက်သာ ဖြစ်လေသည်။ မိန်းကလေးဟူသည် မိန်းကလေး အသုံးအဆောင်များကို မက်မောတတ်သူ ဖြစ်လေသည်။ မိန်းကလေး တစ်ဦး၏ လက်ကိုင်အိတ် တစ်လုံး တန်ဖိုးသည် ယွမ် ၅ သန်း
မျှ ရှိနေသည်ကို သူသိလေသည်။ ဗီရိုတစ်လုံး ကုန်ကျစရိတ်နှင့် ညီမျှလေသည်။
ချောင်းယွီ သိလိုသည်မှာ ကွန်ပျူတာအတွက် ကုန်ကျငွေ ၁၅ သန်း အကြောင်းပင် ဖြစ်လေသည်။ သို့သော် သူက သခင်မလေးကို မမေးမိရန် သူ့ကိုယ်သူ ထိန်းထားလိုက်သည်။ ယွမ် ၁၅ သန်းမျှ ကုန်ကျသဖြင့် သူမက ကွန်ပျူတာ ဘယ်နှစ်လုံးကို ဝယ်သနည်း။ ရင်းနှီးမြှုပ်နှံမှု အတွက်ပေလော။ " ရင်းနှီး မြှုပ်နှံ" သည့် စကားလုံးကို သခင်မလေးက သိသလော။
ငွေ ၁၅ သန်း ကုန်ကျသည့် ကိစ္စများကို သူက တွေးထားပြီးသား ဖြစ်လေသည်။ သူမသည် တစ်နှစ်တာ အတွင်း ငွေကို စိတ်ကြိုက် သုံးနိုင်သည့် အခွင့်အရေးကို ရထားသဖြင့် သူက သူမကို အထွဋ်တက်ပိုင်ခွင့်မရှိပေ။ သူမအတွက် ငွေကို စိတ်ကြိုက်သုံးနိုင်သည့် အခွင့်အရေးကား ခြောက်လမျှ ကျန်နေသေးသည် မဟုတ်ပေလော။
လွန်ခဲ့သော နှစ်ရက်ခန့်က သခင်မလေးက သူနှင့်တွေ့
ချင်ကြောင်း ဒွန်မင်းနစ်ချွား သူ့ဆီ ဖုန်းဆက် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ယနေ့တွင် သခင်မလေး အိမ်သို့ ရောက်လာခြင်းဖြစ်သည်။
သူ့ကို သခင်မလေး ဖိတ်ကြားသည်မှာ ပထမဆုံး အကြိမ်သာ ဖြစ်လေသည်။ ဘာအတွက်ကြောင့် ဖိတ်ကြားသည်ကို သူ စဥ်းစား၍ မရပေ။ သို့သော် ကောင်းသော ဖိတ်ကြားခြင်း မဖြစ်နိုင်ဟု သူက ကြိုတင် တွက်ထားလေသည်။
" ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါ ခင်ဗျား။ သခင်မလေးလုံက ဆရာ့ကို စာကြည့်တိုက်ရဲ့ ရုံးခန်းထဲမှာ စောင့်နပါတယ် ခင်ဗျား။ " ဒွန်မင်းနစ်ချွားက
ချောင်းယွီ ကို ဤကဲ့သို့ ပြောလိုက်လေသည်။
" ကျေးဇူးတင်ပါတယ် ကွာ။ "
ချောင်းယွီ က စာကြည့်ခန်းသို့ ရောက်သောအခါ အံ့သြမဆုံး ဖြစ်နေလေသည်။ နံရံပေါ်တွင် စာအုပ်များနှင့် ပြည့်နှက်နေလေသည်။ ရုံးခန်းရှိရာ အပေါ်ထပ်သို့
သွားရန် ခရုပတ် လှေခါးတစ်ခု ရှိလေသည်။ ဒုတိယထပ်တွင်လည်း စာအုပ်များနှင့် ပြည့်နေလေသည်။
နဂါးစက် ဂမုန်း အပင် နှင့် ရှင်သီဝလိ အပင်တို့သည် ဒုတိယ ထပ်တွင် ခန့်ခန့်ငြားငြားရှိနေကာ ၎င်းအပင်တို့သည် လေကောင်းလေသန်ု့ကို ပေးစွမ်းစေသည်။ နံရံတွင်လည်း အလှပန်းများနှင့် ထိုးထားသော ပန်းအိုးများက စနစ်တကျ ရှိနေသည့်အပြင် အိမ်တွင်းစိုက်ရသည့် အပင်များလည်း ရှိနေလေသည်။
အခန်း၏ အပြင်အဆင် အားလုံးကား အထင်ကြီးစရာ ကောင်းလှပေသည်။
ချောင်းယွီ သည် စာအုပ်များကို ကြည့်မိနေလေသည်။ ဘာသာစကား များစွာနှင့် ရေးထားသော
စာအုပ်များစွာ ရှိလေသည်။ သူမ ပြုပြင်မွမ်းမံသည့် အရာများကား ဤအရာများ ဖြစ်နေသည်ကို သူက ချက်ချင်း သဘောပေါက် သွားလေသည်။ ဤစာအုပ်များကို အသုံးမကျသည့် သခင်မလေးက ဖတ်သည်ဟု တစ်စုံတစ်ယောက်က ပြောလျှင် သူ ယုံကြည်နိုင်မည် မဟုတ်ပေ။ သူမက အနည်းဆုံး အင်္ဂလိပ်
စာအုပ်နှင့် တရုတ်စာအုပ်များကိုသာ ဖတ်နိုင်သည်ဟု သူက တွေးမိလေသည်။
" မစ္စတာ ချောင်း ရောက်လာပါပြီး သူဌေး။ "
စာကြည့်ခန်းအဆုံးရှိ နက်မှောင်နေသော စားပွဲခုံရှိရာသို့ လူငယ်က သူ့အား ခေါ်သွားလေသည်။ သူသည် စားပွဲခုံအား ပြုလုပ်ထားသည့် သစ်သားကို ကြည့်ရင်း အံ့သြနေလေသည်။ ၎င်းသည် မက်ကာဆာ အဲဘိုနီ သစ်သား မဟုတ်ပေလော။ ထိုလှပသော အနက်ရောင် စားပွဲခုံသည် နွေရာသီ၏ လေနုအေးအသံကို သူ့အားပေးစွမ်းသည်ဟု ခံစားရလေသည်။
" ကျေးဇူးပါ ဒွန်။ " အိုင်းရစ်လုံသည် အိုးထန်းပင်အောက်ရှိ သူမ လဲလျောင်းနေသော ဧည့်ခန်းထိုင်ခုံမှ ထလာလေသည်။ သူမသည် ဘဏ္ဍာရေးမှူးကို စောင့်နေရင်း ဂျပန် ဝတ္ထုစာအုပ်ကို ဖတ်နေခြင်း ဖြစ်သည်။ " အိမ်ကို လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာ ချောင်းယွီ ။ "
ဟင်။ ချောင်းယွီ သည် သူမကို မမှတ်မိသဖြင့် သူ့
မျက်လုံးများကို လက်နှင့် ပွတ်သပ်မိလေသည်။ " သခင်မလေးလား။ "
အိုင်းရစ်သည် အပြုံးများနှင့် ခေါင်းညိမ့်လိုက်လေသည်။ " ထိုင်ပါ။ "
သူမ၏ လက်ထောက်သည် သူထိုင်ရန် နက်မောင်သော စားပွဲခုံ ရှေ့ရှိ ကုလားထိုင်ကို ညွှန်ပြလိုက်လေသည်။ အိုင်းရစ်နှင့် ချောင်းယွီ တို့သည် မျက်နှာချင်းဆိုင် အနေအထားနှင့် ထိုင်ကြလေသည်။ ဒွန်မင်းနစ်ကား သူတို့နှစ်ဦးအတွက် ရေနွေ
ကြမ်း ပူပူကို လာချပေးလေသည်။
သူ့ရှေ့တွင် ထိုင်နေသော သခင်မလေးကို ချောင်းယွီက မှတ်မိဖို့ ခက်ခဲလှပေသည်။ သူမ၏ မျက်နှာမှလွဲ၍ သူမ၏ အဝတ်အစား အရောင်အဝါ အားလုံး ပြောင်းလဲသွားလေသည်။
ကမ္ဘာမြေကြီး အဆုံးသတ် သွားပြီလော။
အခန်း (၁၇) ပြီး။
ဘာသာပြန် ထူးထူး။