မောင်မောင့် ချစ်ဇနီး တော်တော်ထက်
အခန်း (၁၀) လင်လျှို
အဆင့်မြင့် အလှပြင်ဆိုင်နှင့် အနှိမ့်ခန်း ထဲတွင်
ဂန္တဝင် သီချင်း ငြိမ့်ညောင်းသံ ၊ မြတ်လေးရနံ့ ထုံသင်းသင်း တို့နှင့်အတူ သီးသန့်အခန်းထဲတွင် အနှိမ့်ခံနေသော အမျိုးသမီးငယ် နှစ်ဦးသည် အကြောများပြေလျော့သည့် အရသာကို မြိန်ရည်ရှက်ရည် ခံစားနေလေသည်။
သို့သော် ရာသီဥတု အနေအခြေကား ရုတ်တရက် ပြောင်းလဲသွားလေသည်။
နှင်းဆီပွင့်ချပ်တို့နှင့် ပြည့်နှက်နေသော ဇလားထဲတွင် ခြေထောက်ကို ရေစိမ်သည့် အမျိုးသမီးငယ် တစ်ဦးသည် သူမ၏ ဖုန်းကို ကြည့်နေသည်။ ထိုအချိန်တွင် သူမသည် ရုတ်တရက် ထအော်မိလေသည်။
" လျှိုလျှို ။ နင် ဒါကို တွေ့ ပြီးပြီလား။ " သူမသည် ထိုသို့ပြောပြီး ဖုန်းကို သူငယ်ချင်းအား စိတ်လှုပ်ရှား
စွာနှင့် လှမ်းပေးလိုက်သည်။ "
" ဘာလဲ။ " ဖန်းလျှို သည် စိတ်မဝင်စားသည့် လေသံနှင့် ပြန်မေးလိုက်လေသည်။
သူမသည် ဖက်ရှင် မဂ္ဂဇင်း၏ စာမျက်နှာကို လှန်ကြည့်နေသည်။ သူမသည် ယခုတွင် ခြေသလုံး ကြွက်သားတွေကို အနှိမ့်ခံလေသည်။
" လျှိုလျှို ။ နင်က ဒီစာတွေကို ဖတ်မှ ရတော့မယ်။ မဖတ်လို့မရဘူး။ လူတွေက မင်းရယ် ၊ အစ်ကိုကြီး ချုံးလင် နဲ့ ဟိုမန်းမပျက် အိုင်းရစ်လုံတို့ အကြောင်းကို အွန်လိုင်းပေါ်မှာ ပြောနေကြတယ်။ "
" ဘာလဲ။ " ဖန်းလျှို သည် အိုင်းရစ်လုံ ၏ နာမည်ကို ကြားသောအခါ သူမ၏ မျက်နှာကား ချက်ချင်း မဲမှောင်သွားလေသည်။
သူမသည် ကြည့်လက်စ မဂ္ဂဇင်းကို ပိတ်လိုက်ပြီး ၎င်းကို ကြမ်းပြင်ပေါ်သို့ ဖြစ်သလို ပစ်ချလိုက်သည်။ ထို့နောက် သူငယ်ချင်း ကမ်းပေးသော ဖုန်း
ကို သူမ ယူလိုက်ပြီး စာများကို အလောတကြီးနှင့် ဖတ်လေတော့သည်။
သူမသည် စာများကို ဖတ်နေရင်း အမူအရာ ပြောင်းသွားသည်။ ပထမတွင် သူမသည် မျက်မှောင်ကြုတ်ပြီး လှောင်ပြောင်သော ရယ်သံတို့သည် အခန်းတစ်ခုလုံး ဟိန်းသွားလေတော့သည်။
ဖန်းလျှို သည် ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး သူငယ်ချင်းကို အေးဆေးတည်ငြိမ်စွာ နှင့် စကားပြောလိုက်သည်။ သို့သော် သူမ၏ ဒေါသပါသော စကားသံသည် ရုတ်တရက် ထွက်ပေါ်လာသည်။ " ငါ့လူနောက်ကို လိုက်ပြီး နှောက်ယှက်နေတဲ့ ဒီမိန်းမပျက်ကို
ငါက ရှင်းလင်းထားပြီးသားပဲ။ သူမက ငါတို့ကို နောက်ထပ် မနှောက်ယှက်နိုင်တော့ပါဘူး..."
" ဘာမှ မစိုးရိမ်နဲ့ လျှိုလျှို ။ အဲဒီမိန်းမကို လူတိုင်းက မုန်းတီးနေကြတယ်။ သူမက ဘယ်လိုပုံစံနဲ့ပဲ ပြန်ပေါ်လာပါစေ ဘယ်သူမှ သူမကို မကြိုဆိုကြဘူး။ နင့်ရဲ့ အဆင့်က ဒီမိန်းမထက် အများကြီးသာပါ။ အဲဒါကြောင့် အစ်ကိုကြီး ချုံးလင် က နင့်ကိုချစ်ပြီး
လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။ "
ဖန်းလျှို သည် မကျေနပ်သော လေသံနှင့် ပြောပြန်ပေသည်။ " ဒီမိန်းမက အစ်ကိုကြီး ချုံးလင် နဲ့ ကိုယ်ဝန်ရသွားတာလို့ လူတွေပြောကြတာကို ငါနဲနဲလေးမှ မကြိုက်ဘူး။ "
" နင်က ဘာကို စိုးရိမ်နေတာလဲ။ ဒါတွေက ကောလဟာလတွေပဲ။ နင်က မကြာခင်မှာ မစ္စစ် ကျင်း ချုံးလင် ဖြစ်လာမယ်လို့ ပို့စ်တစ်ခု တင်လိုက်ပေါ့။ "
ဖန်းလျှို သည် သဘောကျကာ ရယ်လိုက်လေသည်။ " ဒီအကြံမဆိုးဘူး။ မိုက်တယ်။ "
သူမသည် သူငယ်ချင်း၏ ဖုန်းကို ပြန်ပေးလိုက်ပြီး သူမ၏ ကိုယ်ပိုင်ဖုန်းကို ထုတ်လိုက်လေသည်။ ထို့နောက် ပို့စ်တင်မည့် စာများကို သူမ စတင် ရေးလေတော့သည်။
###
ကျင်းချုံးလင်သည် နောက်ဆုံးထွက်မည့် သီချင်း ဗီဒီယို ရိုက်ကူးရေးကို အဆုံးသတ်လိုက်သည်။
သူတို့သည် နောက်ဆုံးထွက်မည့် တေးအယ်လ်ဘမ် အတွက် ဗီဒီယိုရိုက်ကူးရန် ဂိုဒေါင် အလွတ်တစ်ခုကို စတူဒီယို အဖြစ်ယာယီ ပြောင်းထားသည်။ ယခုတွင် ထိုစတူဒီယိုထဲ၌ ရှိနေကြသည်။ တေးအယ်လ်ဘီအတွက် ဗီဒီယို ရိုက်ကူးရာမှာ အကများစွာ ပါဝင်သဖြင့် သူတို့ ကိုယ်ပေါ်တွင် ချွေးများ စိုရွှဲနေသည်။
သူ့လက်ထောက်သည် သူ့အား ရေဘူး နှင့် ပုဝါကို ပေးလိုက်လေသည်။ သူသည် ရေကို တစ်ဘူးလုံး တက်တက်စင်အောင် အငန်းမရ နှင့် အကုန်သောက်လိုက်ပြီး ပုဝါကိုယူကာ ကိုယ်ပေါ်မှ ချွေးများကို သုတ်လိုက်လေသည်။
သူ၏မန်နေဂျာသည် ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေချိန်တွင် သူသည် စတိုင်အသစ် ခေတ်မှီပြီး ပြဲနေသည့် ဂျင်းဘောင်းဘီနှင့် ခေါင်းစွပ် လက်ပြတ် အင်္ကျီကို လဲဝတ်လိုက်လေသည်။
" ဘာဖြစ်နေတာလဲ။ " သူ၏ မန်နေဂျာက မျက်မှောင်ကြုတ် နေသည်ကို မြင်သဖြင့် သူက ထိုသို့ မေးလိုက်လေသည်။
သူ့မန်နေဂျာ လင်တုန်း သည် သူ့အား ဘာမျှ မပြောဘဲ အကြာကြီး စိုက်ကြည့်နေ၏။
" ငါပြောထားပေမဲ့ မင်းက ငါ့ကို ဂရုမစိုက်ဘူး။ "
လင်တုန်း သည် မျက်လုံးကို မှေးလိုက်ပြီး သူ့အား ပွင့်ပွင့်လင်းလင်း မေးလေတော့သည်။ " ချုံးလင် ။ မင်းငါ့ကို မှန်မှန်ပြောစမ်း။ အိုင်းရစ်လုံက မင်းနဲ့ ကိုယ်ဝန် ရသွားတာလား။ "
" ဘာလဲ။ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ဘာလို့ ပြောနေတာလဲ။ " သူသည် ထိတ်လန့်သည့် ဟန်ပန်နှင့် ပြန်မေးလိုက်လေသည်။
သူ့မန်နေဂျာသည် မျက်လုံးကို ယခင်ထက် ပို၍ မှေး
စက်ကာ သူ့ကို ပြန်မေးနေသည်။ " မင်းတကယ် ပြောနေတာလား။ "
" တကယ်ပေါ့။ ဒီလို အခြေအမြစ် မရှိတဲ့ အကြောင်းကို မင်းဘယ်ကနေ ကြားလာတာလဲ။ "
လင်တုန်း သည် သူ၏ ဖုန်းကို သူ့အား ကမ်းပေးလိုက်သည်။
ကျင်းချုံးလင် သည် ဖုန်းကို မြန်မြန်ဆန်ဆန် လှမ်းယူလိုက်သည်။ သူ့မျက်လုံးများ ပြူးကျယ်သွားသည်။
" ဒါ...ဘာတွေလဲ။ တစ်ညလုံး...ကိစ္စက ဘာတွေလဲ။ ဘာတွေက သူမကို ကိုယ်ဝန်ရစေတာလဲ။ ဘာတွေက ငါ့ကို မုဒိန်းကျင့်တာလဲ။ ဒါတွေက အဓိပ္ပါယ် မရှိဘူး။ ငါက သူမနဲ့ တစ်ခါမှ လိင်မဆက်ဆံပါဘူး။ သူမကို တစ်ခါမှ မနမ်းပါဘူး။ သူမနဲ့တောင် မတွဲဖူးဘူး။ "
" ဒါပေမဲ့ အရင်တုန်းက မင်နောက်ကို သူမလိုက်ခဲ့တာ အမှန်ပဲလေ။ "
" ဟုတ်တယ်။ သူမက ငါကြိုက်တဲ့ ပုံစံမျိုး မဟုတ်
ဘူး။ အဲဒါကြောင့် ငါက သူမကို အတတ်နိုင်ဆုံး ရှောင်နေခဲ့တယ်။ " သူသည် လက်သီးကို ဝေ့ယမ်းကာ လင်တုန်း ၏ မျက်နှာကို ချိန်ရွယ်ထားလိုက်လေသည်။ " ငါက သူမကို ကိုယ်ဝန် ရသွားစေတယ်လို့ မင်းက ဘာလို့ ထင်ရက်တာလဲ။ မင်းက ငါ့ကိုတောင် မယုံတော့ဘူးလား။ မင်းက ဘယ်လို မန်နေဂျာလဲ။ "
လင်တုန်း သည် သူ့ကို လှောင်ပြောင်လိုက်လေသည်။ " ထိုးလိုက်စမ်းပါ။ မင်းက ပလေးဘွိုင် တစ်ယောက်ဆိုတာ လူတိုင်းသိတယ်။ မင်းက မိန်းကလေးတွေကို တစ်ယောက်ပြီး တစ်ယောက် ထည်လဲ တွဲနေတာပဲ။ အိုင်းရစ်လုံက မင်းနဲ့ ကိုယ်ဝန်ရတာကို မယုံနိုင်စရာ အကြောင်းမရှိဘူး။ သူမက လှတာပဲလေ။ သူမက မင်းနဲ့ ကိုယ်ဝန်ရတယ်လို့ လူတိုင်း ပြောကြကုန်ပြီလေ။ "
" ငါမင်းကို ပြောပြီးပြီပဲ။ သူမက ငါကြိုက်တဲ့ မိန်းမမျိုး မဟုတ်ဘူးလို့။ အခုတောင် ငါ့မှာ စေ့စပ်ထားတဲ့သူ ရှိနေပြီလေ။ သူတို့ ပြောနေတာတွေက မမှန်ဘူး။ ငါက အကာအကွယ်ကို အမြဲတမ်းသုံးပါတယ်။ "
" ဟုတ်ပါတယ်။ မင်းက အကာအကွယ်ကို အမြဲတမ်း သုံးပါတယ်။ လောလောဆယ်မှာတော့ မင်းနဲ့ ဖန်းလျှို ကို အဆုံးသတ်စေမဲ့ အခြေအနေကို ရောက်နေတယ်။ ဒါတောင်မှ သူမအပေါ် အပြစ်မရှိဘူးလို့ ခံစားနေရရင် အသက် ၃၀ မပြည့်ခင် သူမသို့မဟုတ် အခြား တစ်ယောက်ယောက်ကို မင်းမလက်ထပ်သင့်ဘူးလို့ ငါထင်တယ်။
" ဟမ်။ "
" ငါပြောတာ မှားလို့လား။ "
" ခွေးကောင်။ "
" ရိုးရိုးသားသား နဲ့ ဝန်ဆောင်မှုကို ပေးပါ ခွေးကောင်ရဲ့။ ဟားဟားဟား "
ကျင်းချုံးလင် သည် သူ၏ ဖုန်းကို အိတ်ထဲမှ မထုတ်ခင် အရူးကောင်ရဲ့ ဖုန်းကို ပြန်ပေးလိုက်လေသည်။
" ဟေ့ကောင်။ မင်းဘာလုပ်တာလဲ။ " လင်တုန်း
သည် သူ့ကို မေးလိုက်သည်။
" ဘာလုပ်ရမှာလဲ။ အမှန်တရားကို ပြောမလို့ပေါ့။ " ကျင်းချုံးလင် က ထိုသို့ ပြန်ပြောက်လိုက်သည်။
" မင်းရဲ့ ပို့စ်ကို မတင်ခင် ငါအရင် စစ်ရမယ်။ "
" ဟမ်။ "
ကျင်းချုံးလင် သည် သူနှင့် အိုင်းရစ်လုံ တို့ ကိစ္စကို ဖြေရှင်းသည့် ပို့စ်အတွက် စတင်ရေးလေတော့သည်။
အခန်း (၁၀) ပြီး။
ဘာသာပြန် ထူးထူး