ထက်မြက်သော အိမ်ရှင်မ
အခန်း (၄) သားအမိ ဆက်ဆံရေး
အိုင်းရစ်သည် ပုခုံးကို ပွတ်သပ်ပြီး သက်ပြင်းချလိုကသည်။
ယခု သူမသည် ဒီခန္ဓာ၏ ပိုင်ရှင်အသစ် ဖြစ်လေ သည်။ ဤခန္ဓာ အသစ်တွင် လွတ်လပ်ခြင်း ဘဝကို မစတင်မီ ပြဿနာ များစွာကို သူမ အရင်ဖြေရှင်း ရမည်။ အိုင်းရစ်လုံ ဘဝသည် သပွတ်အူလို ရှုပ်ထွေးပွေလီသည်။ သို့သော် ဤခန္ဓာသစ် ဘဝနှင့် ပျံသန်းရန် သူမ စိတ်လှုပ်ရှားနေသည်။
" သဲလေး အဆင်ပြေရဲ့လား။ ခေါင်းကိုက်
တာလား။ " ဝေ့လန်က ဆရာဝန်များ ဘက်သို့ လှည့်ကြည့်ကာ ကြိမ်းမောင်း စကားဆိုလေတော့သည်။ " မင်းတို့တွေ ဘာမှ မလုပ်ပေးကြဘူးလား။ မင်းတို့က ဆရာဝန်တွေ မဟုတ်ဘူးလား။ ငါ့သမီး ခေါင်းကိုက် ပျောက်အောင် မြန်မြန်လုပ်ပေး ကြ။ မင်းတို့က ဘာမှအသုံးမကျဘူး။ ဆေးရုံ ဒါရိုက်တာ ကို ခေါ်လိုက်မယ်။ မင်းတို့ကို အလုပ်ထုတ်ခိုင်းလိုက်မယ်။ ငါ့
ခင်ပွန်းဟောင်းကို မင်းတို့မသိ ကြဘူးလား။ လုံ စက်ရုံ ရဲ့ စီအီးအို ပဲ။ "
" စိတ်အေးအေး ထားပါအမေ။ သမီးဘာမှ မဖြစ်ပါဘူး။ သမီး ပြန်ကောင်းလာအောင် ဒေါက်တာ ချင်း နဲ့ အဖွဲ့သားတွေက အကောင်းဆုံး ကုသပေးခဲ့ပါတယ်။"
ယခု သူမ အိုင်းရစ် ၏ ခန္ဓာကိုယ်ကို အပိုင်းစီးထားသူ ဖြစ်သည်။ ဝေ့လန် ကို မချစ်သော်လည်း အိုင်းရစ် ၏ မိခင် အရင်းဖြစ်နေ သည်။ ဝေ့လန်က သူမကို တိုက်ရိုက် မတိုက်ခိုက် သရွေ့ သူမက ယဥ်ယဥ်ကျေးကျေး ဆက်ဆံရမည် ဖြစ်သည်။
ဒေါက်တာ ချင်း သည် ကျေးဇူးတင်သည့် အမူအရာနှင့် သူမကို ပြုံးပြလိုက်သည်။ ဆရာဝန်အဖွဲ့သည် သူမ၏ ကျန်းမာရေး အခြေအနေကို စစ်ဆေးပြီးနောက် သူမတို့ သားအမိ နှစ်ဦးကို ထားခဲ့ကာ အခန်းထဲမှ ထွက်သွား ကြပေသည်။
အခန်းတံခါး ပိတ်သွားသော အခါ ကုတင်ဘေးရှိ ခုံ
ပေါ်တွင် ဝေ့လန် အလောတကြီး ထိုင်လိုက်သည်။ သူမသည် ခြေချိတ်ပုံစံ အနေအထား နှင့် သက်ပြင်းရှည် တစ်ချက် ချလိုက်သည်။
" မင်းအဖေကို လာတွေ့ခိုင်းလိုက်ပါ။ သမီးက တစ်နှစ်လုံး သတိမေ့မြောနေခဲ့တာ။ တစ်နှစ်တောင်မှနော်။ တစ်ခါလေးတောင်မှ မျက်နှာ လာမပြဘူး။ တော်တော် ရက်စက်တာပဲ။ ငါ့သမီးလေး သနားပါတယ်။ မင်းအဖေကို စျေးကြီးတဲ့ဟာ ဝယ်ပေးဖို့ ပူဆာလိုက်။ ဥပမာ အနေနဲ့ ကိုယ်ပိုင် လေယာဥ်လိုမျိုးပေါ့။ ကိုယ်ပိုင် လေယာဥ်ဆိုရင် အချိန်ပိုင်း ငှားစားလို့ရတယ်။ အမေ့ကို ပေးငှားမယ် မဟုတ်လားဟင်။ ရွက်လှေဆိုရင်လည်း မဆိုးဘူး။ ရွက်လွှင့်ရင်း သီးသန့် ပါတီပွဲ လုပ်လို့ရတယ်။ အိုး အရမ်းမိုက်တယ်။ သမီးသာ ဒီလိုစျေးကြီးတာတွေ ပူဆာလိုက်ရင် သူတော့ သွေးတက်သေမှာ သေချာတယ်။ သမီးတောင်းဆိုရင် သူဝယ်ပေးမယ်ဆိုတာ အမေသိတယ်။ "
အိုင်းရစ်က မိခင်ကို မျက်စိအဝိုင်းသား နှင့် ကြည့်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ ကိုယ်ပိုင်
လေယာဥ် ၊ ရွက်လှေတို့ကို နှင့်အတူ ဝေ့လန်သည် သူမ ချစ်သူအသစ်နှင့် အနှံ့ဇယားရှုပ်မည်ကို အိုင်းရစ် သိနေသည်။
" ဆေးရုံ စရိတ်ကို အဖေပဲ ရှင်းပေးတာမို့ သမီးသတိရလာတဲ့ အကြောင်း သူသိနေလောက်ပါပြီ။ သူလာတွေ့တွေ့ မတွေ့တွေ့ သူ့အပေါ်မှာပဲ မူတည်ပါတယ် အမေ။ သမီးကတော့ အဲ့ဒါတွေ စိတ်မဝင်စားဘူး။ မြန်မြန်နေကောင်းပြီး အိမ်မြန်မြန် ပြန်ချင်တာပဲ သိတယ်အမေ။ "
" အိုး မင်းက လုံမျိုးနွယ်နဲ့ စိတ်တူကိုယ်တူ ဖြစ်သွားပြီလား။ ဒါလည်း ကောင်းပါတယ်။ မင်းလည်း သူတို့ရဲ့ အမွေဆက်ခံသူ တစ်ဦးဆိုတာ သူတို့ကို သတိပေးသလို ဖြစ်သွားတာပေါ့။ "
အိုင်းရစ်က သူမကို မျက်စောင်း ထိုးလိုက်သည်။ " သူတို့ဆီက အမွေကို မျှော်လင့် နေရလောက်အောင် သမီး မမွဲသေးပါဘူး အမေ။ "
" သမီးက အခု အိမ်သေးသေးလေးမှာ နေရတယ်။
ဘယ်လောက်ရှက်ဖို့ကောင်းလဲ။ တကယ်တော့ ငွေကြေး စီမံတဲ့သူကို အလုပ်ခန့်တာက မင်းအဖေ ကိုယ်တိုင် မှားတာပါ။ အဲဒီ အမှိုက်ကောင် ငွေကြေးစံမံသူကြောင်း စံအိမ်ကြီးတောင် ဝယ်ပိုင်ခွင့်မရှိဘူး။ ငွေကြေးနဲ့ပတ်သက်ရင် မင်းအဖေက သူ့ကို အာဏာကုန် လွှဲပေးထားတယ်။ မင်းအဖေနဲ့ အဲဒီအကောင်က မင်းရဲ့ ကိုယ်ပိုင် ပိုက်ဆံကိုတောင် စိတ်တိုင်းကျ သုံးစွဲပိုင်ခွင် မပေးထားဘူး။ မင်းအဖေက မင်းကို အိမ်ဝယ်ပေးဖို့ နေနေသာသာ မင်း ကိုယ်ပိုင် ပိုက်ဆံနဲ့တောင် ဝယ်ခွင့်မရှိဘူး။ မင်းက ခက်ခဲ ရုန်းကန်ရေတဲ့ အချိန်မှာ သူက သစ္စာရှိတဲ့ မင်းမျိုးမင်းနွယ်လို ခန့်ခန့်ကြီး နေရတယ်။ လောကကြီးရဲ့ တရားမျှတမှုက ဘယ်မှာလဲ။ သနားစရာကောင်းတဲ့ ငါ့သမီးလေး။ "
ဤဘွားတော် ဘာတွေ လာပွားနေသနည်း။ အိမ်သေးသေးလား။ ကွန်ဒိုတိုက်ခန်း အပေါ်ဆုံးထပ် နှစ်ထပ်လုံးကို အိုင်းရစ်လုံ ပိုင်ဆိုင်ထားသည်ကို အိုင်းရစ် ရဲ့ မှတ်ဉာဏ်အရ သူမသိနေသည်။ ဆယ်ကျော်သက် တစ်ယောက်အတွက် ကြီးကျယ်ခမ်းနားသည့် ကွန်ဒိုအိမ် ပင်ဖြစ်သည်။ ( ဝေ့လန် ပြောသော "အမှိုက်
ကောင်") အိုင်းရစ် ၏ ဘဏ္ဍာရေး မန်နေဂျာ ၏ ဆောက်ရွက်ပေးခြင်းကြောင့် အိုင်းရစ်လုံ ကွန်ဒို တိုက်ခန်းကို ပိုင်ဆိုင်ခွင့်ရခဲ့သည်။ ထိုတိုက်ခန်းအတွက် လျှို့ဝှက်ထောက်ပံ့သူမှာ လုံထန်ဖေး ဖြစ်သည်ဟု သူမ တွက်ဆထားသည်။
သားအမိ နှစ်ဦး ဘယ်သောအခါမျှ အတူမနေ။ သမီးကို ထောက်ပံ့ရန် ဖခင်တာဝန်သာ ဖြစ်သည်ဟု ဝေ့လန် ခံယူထားသည်။ သူမတာဝန်သည် ကိုယ်ဝန်လွယ်ပြီး ကလေးမွေးဖွားရန်သာ ဖြစ်သည်။
ယခု ပြဿနာကြီးကို ကျော်လွှားပြီးပါက သနားကြင်နာ ချစ်တတ်သော ယောက်ျားနှင့် ထိုက်တန်သည်ဟု သူမ တွေးမိသည်။
မူရင်း အိုင်းရစ် ဘဝမှာ မိခင်၏ ချစ်သူများက သူမကို မုန်းတီးကြသည်။ သူမကို မလိုလားသော လုံ မိသားစု နှင့်လည်း မနေချင်ပေ။ တစ်ဦးတည်း သီးသန့် နေဖို့က လွဲ၍ သူမမှာ ရွေးချယ်စရာ မရှိပေ။
ဝေ့လန် ၏ အသုံးမဝင်သော စကားများကို ဘာမှ နား
မလည်သည့် ပုံစံ နှင့် သူမ နားထောင်နေသည်။ မူလ အိုင်းရစ် မိခင်ကို မနှစ်မြိုသည့် ပုံစံနှင့် သူမ မတုံ့ပြန်ခဲ့ပေ။
ဝေ့လန် သည် အလှအပကို မက်မောကာ ငွေကို တွယ်တာနေသည်။ သူမက ကိုယ်ကိုယ်ကိုသာ ချစ်တတ်သော အတ္တသမား မိခင်သာ ဖြစ်သည်။ သူမသည် ဤသို့သော သူမျိုးဖြစ်သည်သာ မက သူမ လိုချင်တာ ရဖို့အတွက်ဆို ရာဇဝတ်မှု ကျူးလွန်ရန်လည်း ဝန်လေးမည် မဟုတ်ပေ။
သားအမိနှစ်ဦး တစ်ယောက်နှင့် တစ်ယောက် အမြင်မကြည်ပေ။ သို့သော် မနှစ်မြိုသည့် လက္ခဏာတော့ ပေါ်ပေါ်ထင်ထင် မပြကြပေ။ သားအမိနှစ်ဦး စိတ်ဓာတ်တူနေကြသည်။ မနှစ်သက်ပေမဲ့ ဟန်ရေးလုပ် အနေအထားနှင့် သာ ဆက်ဆံခဲ့ကြသည်။ သို့သော် သားအမိနှစ်ဦး တစ်ယောက်နှင့် တစ်ယောက် အမြဲတမ်း ဆန့်ကျင်ရေးဝါဒကို လက်ကိုင် သုံးစွဲကြသည်။
ယခု အိုင်းရစ် အသစ်သည် ကြားနေဝါဒကိုသာ
ဆုပ်ကိုင်ထားသည်။ သူမကို မည်သူမျှ မထိခိုက်သရွေ့ ယဥ်ကျေး ပျူငှာနေမည်သာ ဖြစ်သည်။ သူမကို တိုက်ခိုက်လာရင်တော့ ... သည်းခံနေမည် မဟုတ်ပေ။
အခန်း (၄) ပြီး။
ဘာသာပြန် ထူးထူး