no

Font
Theme

မောင်မောင့် ချစ်ဇနီး တော်တော်ထက်

အခန်း (၁၁) ကြေးကြီးသော အလောင်းအစား

ရွှေမြင့် ကွန်ဒိုမီနိီယမ်

" ဒီလူတွေက တော်တော်ဆိုးတာပဲ။ " ဒွန်မင်းနစ် ချွား သည် ဖုန်းကိုကြည့်နေရင်း ဒေါသထွက်နေသည်။ " ဒါက လူကို မတရားစွပ်စွဲတာပဲ။ သူဌေး။ သူတို့ကို တရားစွဲလိုက်မယ်။ "

အိုင်းရစ်သည် ရှေးခေတ် နာဆစ်ဆပ် ပန်းပွင့် ရေနွေးကြမ်း ပူပူ အငွေ့ကို မှုတ်ထုတ်ရင်း ရှူရှိုက်လိုက်သည်။ ထို့နောက် ရေနွေးကြမ်းကို တစ်ငုံမျှ သောက်လိုက်သည်။ သူမသည် ရေနွေးကြမ်း၏ ထူးခြားသော အရသာကို ခံစားနေလေသည်။

" သူဌေးက ဘာလို့ ဒီလို ငြိမ်နေနိုင်တာလဲ။ သူဌေးကို ဒီလို ဆဲဆိုနေကြတာ တွေ့ရလို့ ကျွန်တော်အရမ်း ဝမ်းနည်းတယ်။ "

" လာ။ ရေနွေးကြမ်း တစ်ခွက်လောက် လာသောက်။

အရသာ အရမ်းကောင်းတယ်။ "

" ကျွန်တော် ရေနွေးကြမ်း မသောက်ချင်ဘူး သူဌေး။ ကျွန်တော်တို့ အခု ဘာလုပ်ရမလဲ။ သူဌေးက အကောင့်အဟောင်းကို ဖျက်ပြီး တစ်မိနစ်လောက်ပဲ ကြာသေးတယ် သူတို့က သူဌေး ကိုယ်ဝန်ရှိတယ် ဘာညာနဲ့ လျှောက်ပြောနေကြတယ်။ ဒီလူတွေက ဘာဖြစ်နေကြတာလဲ။ "

" ဒွန် ။ မင်းက ဘာလို့ စိတ်ဆိုးနေတာလဲ။ လူတွေက မင်းအကြောင်းကို ပြောနေတာမှ မဟုတ်တာ။ ငါ့အကြောင်းကို ပြောနေတာလေ။ "

" ဟုတ်တယ်။ ငါစိတ်ဆိုးတယ်။ မင်းက ငါ့ရဲ့ သူဌေး တစ်ယောက်လေ။ သူတို့က ငါ့သူဌေးကို ဘာလို့ ဒီလိုပြောရတာလဲ။ သူတို့ကို ခွင့်မလွှတ်နိုင်ဘူး။ ကျွန်တော်ပြန်တိုက်မယ်။ "

အိုင်းရစ်သည် တခစ်ခစ်နှင့် ရယ်မောနေလေသည်။ သူမသည် ရေနွေးကြမ်းကို နောက်တစ်ခွက် ထပ်သောက် နေပြန်သည်။

" မင်းက လူကောင်း တစ်ယောက်ပါ။ မင်းက အလုပ်သမား အားလုံးကို ကောင်းကောင်း ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ မင်းကို အနိုင်ကျင့်တဲ့ လူတွေကို ငါလုံးဝ ခွင့်မလွတ်ဘူး။ "

အိုင်းရစ်သည် ရေနွေးခွက်ကို သူမ ဘေးနားက စားပွဲပေါ်သို့ ညင်ညင်သာသာ ချလိုက်သည်။ ထို့နောက် လက်ပေါ်သို့ မေးစေ့တင်လိုက်ကာ ဒေါသထွက်နေသော သူမ၏ လက်ထောက်ကို ငေးကြည့်နေလေသည်။ " ငါက ဒီလိုပုံစံနဲ့ အမြဲတမ်းမနေပါဘူး။ ဒွန် ။ ငါ့ဆီမှာ မင်းအလုပ် မဝင်ခင်တုန်းက ငါ့ရဲ့ နာမည်ဆိုးတွေကို မင်းမကြားမိဘူးလား။ "

ဒွန် က မျက်မှောင်ကြုတ်လိုက်သည်။ " ငါ့ကို လူတွေက သတိပေးဖူးတယ်...မင်းက...မင်းသိပါတယ်..."

." ငါက ခွေးမ ဖြစ်နေတဲ့ အကြောင်းကိုလား။ "

" ဟုတ်ပါပြီ။ ဒီလိုမျိုးကို ပြောချင်တာပါ။ " သူသည် ငြင်းပယ်နေသည့် ပုံစံနှင့် လက်ကို ကာပြလေသည်။

" ကျွန်တော့် မျက်လုံးနဲ့ မြင်တဲ့ အရာတွေကိုပဲ ကျွန်တော်က ယုံတာပါ။ ကျွန်တော့်ရှေ့မှာ ရှိနေတဲ့ ဘော့စ်က တစ်ကမ္ဘာလုံးမှာ အကြီးမြတ်ဆုံး လူဖြစ်ပါတယ်။ "

" မင်းက အခုမှ ငါ့ကို မြင်ဖူးတာကိုး။ အရင်တုန်းက ငါဟာ တန်ဖိုးမရှိတဲ့ ခွေးမ အဆင့်လောက်ပဲ ရှိပါတယ်။ အဲဒါက အမှန်တရား ဖြစ်နေလို့ နင် ဝမ်းနဲစရာ မလိုပါဘူး။ "

သူကလည်း မခံချင်စိတ် များသွားသဖြင့် ဤသို့ပြန်ပြောလိုက်သည်။ " ဒါဆို အဲဒီလို ပုံစံကို ပြပါလား။ "

" ငါ့မှာ အစီအစဥ် ရှိပါတယ်။ တရားစွဲတာက အဖြေမှန် မဟုတ်ပါဘူး။ စိတ်အေးအေး ထားပါ ဒွန်။ ရေနွေးကြမ်းကိုသာ သောက်ပါ။ အရသာ ရှိပါတယ်။ "

" ဟုတ်ကဲ့။ " အိမ်အကူ တစ်ဦးသည် သူ့အတွက် ရေနွေးကြမ်း တစ်ခွက်ကို ငှဲ့ပေးလိုက်သည်။

သူ့ဖုန်း မြည်လာသည်။

ဒွန်သည် ဖုန်းကို ကိုင်လိုက်လေသည်။ " ဟယ်လို... ဟုတ်ပါတယ်။ အိုင်းရစ်လုံရဲ့ လက်ထောက် ဒွန်မင်းနစ် ချွားပါ... ခဏစောင့်ပါ ခင်ဗျာ။ " သူသည် အိုင်းရစ်ကို ဖုန်းပေးလိုက်ကာ သူမအား တိုးတိုးလေး ပြောလိုက်သည်။ " မစ္စတာ ဂျေဂျေ ပါ ဘော့စ်။ "

" အင်း။ ကျေးဇူးပါ ဒွန်။ " သူမသည် ဖုန်းကိုယူပြီး နားနှင့် တေ့ထားလေသည်။ " ဟယ်လို မစ္စတာ ဂျေဂျေ။ အိုင်းရစ်လုံ ပြောနေပါတယ်။ "

တစ်ဖက်မှ လူက စကားပြောနေသည်။ " မင်းပို့လိုက်တဲ့ သီချင်းနှစ်ပုဒ်ကို ငါ နားထောင်ခဲ့ပါတယ်။ "

" ဟုတ်ကဲ့။ "

" မင်းမှာ နောက်ထပ် သီချင်းတွေ ရှိသေးလား။ "

" ဟုတ်ကဲ့။ ရှိပါတယ်။ "

" ဘယ်လောက် ရှိပါသလဲ။ "

" အားလုံး စုလိုက်ရင်တော့ အယ်လ်ဘမ် တစ်ခုစာလောက် ရှိပါတယ်။ "

" ... " တစ်ဖက်မှ ဘာမျှ မပြောသေးပဲ နှုတ်ဆိတ်နေလေသည်။

အိုင်းရစ်သည် စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းကာ ရေနွေးကြမ်းကိုသည် သောက်နေလေသည်။

" မင်းက ဒီသီချင်းတွေကို ကိုယ်တိုင် ရေးခဲ့တာလား။ "

" ဟုတ်ပါတယ်။ "

" ... ဒီသီချင်း တွေက ... အရင် ပုံမှန်ဆိုနေကျ သီချင်း စတိုင်တွေနဲ့ မတူဘူးနော်။ "

" သေချာပါတယ်။ "

" မင်းက ထပ်မရှင်းပြ တော့ဘူးလား။ "

" ဒီတစ်ခါမှာတော့ ကျွန်မရဲ့ ဂီတက စကားပြောပါလိမ့်မယ်။ " သူမသည် ရေနွေးကြမ်းကို နောက်တစ်ခွက် သောက်လိုက်သည်။ " ကျွန်မ ပို့လိုက်တဲ့ သီချင်းတွေကို ဘယ်လို သဘောရလဲ မစ္စတာ ဂျေဂျေ။ ပွင့်ပွင့်လင်းလင်းသာ ပြောပြပေးပါ။ "

" အင်း.... သီချင်းတွေက ကောင်းတယ်။ မဟုတ်ဘူး အရမ်း ကြီးကျယ် ခမ်းနား လွန်းတာပါ။ အရမ်းမိုက်တယ်။ အံ့သြစရာ ကောင်းတယ်။ မကြာသေးမီက ငါနားထောင်ဖူးတဲ့ သီချင်းတွေထဲက အကောင်းဆုံး သီချင်းတွေပဲ။ ဒီသီချင်းတွေကို နားထောင်ရင်း ရင်ဘတ်ထဲကို လာထိတယ်။ သီချင်းထဲက နာကျင်မှုနဲ့ အထီးကျန်မှုကို ခံစားရတယ်။ ဒီသီချင်းတွေကို မင်းရေးစပ်တယ်လို့တောင် ယုံဖို့ခက်တယ်။ "

" ဒါပေမဲ့ ကျွန်မ ကိုယ်တိုင် ရေးခဲ့တာပါ။ "

" ဒီသီချင်းတွေကို အရမ်းကြိုက်ပါတယ်။ ဒီသီချင်း

တွေနဲ့အတူ ငါအလုပ်လုပ်ဖို့တောင် မစောင့်နိုင်တော့ဘူး။ ဒီသီချင်းရဲ့ နောက်ဆုံး ဗားရှင်းကို အံ့သြစရာ ကောင်းလောက်အောင် အချောသပ်ပေးပါ။ မင်းနဲ့ အလုပ် တွဲလုပ်ဖို့ မသေချာပေမဲ့ ဒီသီချင်းတွေနဲ့တော့ ငါ အလုပ်တွဲလုပ်မှာပါ။ "

အိုင်းရစ်သည် မျက်စိကို မှေးစက်ထားရင်း အတည်ငြိမ်ဆုံး လေသံနှင့် စကားပြောလိုက်သည်။ " ဘာကို ဆိုလိုတာလဲ မစ္စတာ ဂျေဂျေ။ "

" မင်းက အခု အရမ်းနာမည် မကြီးသေးဘူး။ မကြာခင်က မင်းရဲ့ ကောလဟာလ သတင်းတွေကလည်း အင်တာနက်မှာ ပလူပျံနေတာ မဟုတ်လား။ ပြီး

တော့ မင်းက ပျောက်သွားတာလည်း အရမ်းကြာပြီ။ ပြီးတော့ ဒီသီချင်းတွေကလည်း ... မင်းရဲ့ စတိုင် ၊ မင်းရဲ့ ပုံစံကို ပြောင်းလဲသွားစေတယ်။ မင်းအတွက် လွယ်ကူမှာတော့ မဟုတ်ဘူးဆိုတာ မင်းသိမှာပါ။ ဒါကလည်း ငါ့အတွက် အလောင်းအစားကြီး တစ်ခု ဖြစ်လာလိမ့်မယ်။ ဒါကြောင့် မင်းကို အနုပညာရှင် အနေနဲ့ ပဲ လက်မှတ် ထိုးစေချင်တယ်။ အဲဒီလိုမှ မဟုတ်ရင် ငါ့အတွက် အခက်အခဲကြီး ဖြစ်လိမ့်

မယ်။ ဒါပေမဲ့ ငါက ဒီသီချင်းတွေကို အရမ်းကြိုက်တယ်..."

" ရှင်က ဘာကို ပြောချင်တာဘဲ မစ္စတာဂျေဂျေ။ "

တစ်ဖက်မှ လူသည် ချောင်းကို တစ်ချက်ဟန့်ပြီး လည်ချောင်းကို ရှင်းလင်းလိုက်။ " မင်းရဲ့ သီချင်းတွေက အရမ်းလှတယ်။ မင်းသာ ဆန္ဒရှိရင် မင်းကို တေးရေးဆရာအနေနဲ့ ငှားမယ်။ နောက်ပြီးတော့----

" မရပါဘူး မစ္စတာ ဂျေဂျေ။ ဒီသီချင်းတွေက ကျွန်မရဲ့ ကိုယ်ပိုင် သီချင်းတွေပါ။ ဒီသီချင်းတွေက ကျွန်မကိုယ်တိုင် သီဆိုဖို့အတွက် ရေးစပ်ထားတာပါ။ ဒီသီချင်းတွေကို ကျွန်မ ကိုယ်တိုင်ဆိုမှ ပြီးပြည့်စုံမှာပါ။ ဒီသီချင်းတွေကို တခြားအဆိုတော်တွေ ဆိုဖို့ ခွင့်မပြုနိုင်ပါဘူး။ ကျွန်မက အရင်ဆုံးဆိုပြီး လက်လွှတ်တော့မှ တခြားအဆိုတော်တွေ အတွက် သီချင်းရေးပေးဖို့ ဆက်ဆွေးနွေးမှာပါ။ "

လူကြီးသည် သက်ပြင်းရှည်ကြီးကို ချလိုက်မိလေသည်။

အိုင်းရစ်သည် ရေနွေးကြမ်းကို ဟန်မပျက် ဆက်သောက်ရင်း သူမ၏ လက်ထောက်ကို စိုက်ကြည့်နေလေသည်။

ဒွန်သည် ဖုန်းကို ဆက်ပြီး နားထောင်နေလေသည်။ မစ္စတာ ဂျေဂျေက အိုင်းရစ်ကို ပုပ်ခတ်ပြောဆိုသံကို ကြားတဲ့အခါမှာ အင်တာနက်ပေါ်က ကောလဟာလတွေကို ကြားတာထက် သူက ပို၍ ဒေါသထွက်နေမိသည်။

သူ၏ ရေနွေးကြမ်းကိုသာ ဆက်သောက်ဖို့ရန် သူမက လက်ဟန်ခြေဟန် ပြလိုက်လေသည်။ ဒွန်က စိတ်တိုနေသဖြင့် ရေနွေးကြမ်းကို သတိမဲ့စွာ သောက်လိုက်သဖြင့် သူ၏ ပါးစပ် အပူလောင်သွားသည်။ အစေခံကလည်း ပေပွသွားသော သူ့ကို ပျာပျာသလဲနှင့် သန့်ရှင်းရေး လုပ်ပေးနေသည်။

" မိန်းကလေးလုံ။ မင်းနဲ့ လူချင်းတွေ့ပြီး ဆွေးနွေးချင်ပါတယ်။ " မစ္စဂျေဂျေ က ထိုကဲ့သို့ ကမ်းလှမ်းလာသည်။

" ဟုတ်ကဲ့။ ရပါတယ်။ "

" မင်းက မနက်ဖြန် အားလား။ "

" ဟုတ်ကဲ့။ အားပါတယ်။ "

" ဒီနေရာမှာပဲ ဆုံကြရင်ကော ဘယ်လိုလဲ...."

အိုင်းရစ်သည် မစ္စတာ ဂျေဂျေ ချိန်းဆိုသော နေရာကို သဘောတူပြီးနောက် သူတို့ အချင်းချင်း နှုတ်ဆက်စကား ဆိုပြီးနောက် ဖုန်းကို ချလိုက်လေသည်။

အခန်း (၁၁) ပြီး။

ဘာသာပြန် ထူးထူး

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment