မောင်မောင့် ချစ်ဇနီး တော်တော်ထက်
အခန်း (၂၀) ကောလဟာလ နှင့် ပတ်သက်၍ လင်လျှို၏ တုန့်ပြန်ချက်
ဖန်းလျှို၏ ဝေ့ဘို ပို့စ် ရဲ့ လိုက်ခ် အရေအတွက်ကား ချက်ချင်းကြီး ထိုးတက်သွားလေသည်။
+ ၅၇
+၉၉၃
လိုက်အရေအတွက် - + ၃၅၆၈
သူမ၏ ပို့စ်ကို ရီပလိုင်း လုပ်သူများက များပြားလှပေသည်။
" အိုး မြတ်စွာဘုရား။ "
" ဒါက ဖန်းလျှို နဲ့ ကျင်းချုံးလင် တို့ရဲ့ အခြေအနေလား။ ဖန်းလျှို က သနားစရာ ကောင်းပါတယ်။ "
" အိုး "
" အိုင်းရစ်လုံ အရှက်မရှိတာကိုတော့ မအံသြတော့ပါဘူး။ သူမက နဂိုကတည်းက မိန်းမပျက် တစ်ယောက်ပဲ။ "
" ငါတို့ရဲ့ ကျင်းချုံးလင်ကို ကမ္ဘာပေါ်ရှိ အရှက်တရား အားလုံးထဲမှ ကာကွယ်ရန် ၊ အထူးသဖြင့် မိန်းမပျက် အိုင်းရစ်လုံရဲ့ လက်ထဲက ကာကွယ်ချင်တဲ့ သူတွေကို ဖိတ်ခေါ်ပါတယ်။ "
+၁၆
+၂၇၉
လိုက်ခ် လုပ်သူ အရေအတွက် - + ၁၀၀၃
" လျှိုလျှိုက တကယ့် မိန်းမချောလေးပဲ။ ခွင့်လွှတ်တတ်တဲ့ စိတ်ကလေးရှိလို့ အဆင့်အတန်း ရှိလှပါပေတယ်။ တစ်ယောက်ယောက်က ငါ့ရဲ့ လူကို လာလုရင်တော့ အဲဒီလူရဲ့ မျက်နှာကို ကုတ်ခြစ်လိုက်မယ်။
ပြီးတော့ သမုဒ္ဒရာထဲကို ပစ်ပြီး ငါးမန်းစာ ကျွေးလိုက်မယ်။ "
" ဒီ မိန်းမပျက်က လျှိုလျှိုရဲ့ ခွင့်လွှတ်မှုနဲ့တောင် မတန်ပါဘူး။ "
" ဖန်းလျှိုက အရမ်းမိုက်တယ်။ သူမက ဖန်း မိသားစုရဲ့ အမွေဆက်ခံသူ တစ်ယောက်ပဲ။ "
" ဖန်းလိုက ငါ့ကို လက်ထပ်ရင် သိပ်ကောင်းမှာပဲ။ "
" မင်းကတော့ ထွက်သွား။ မင်းနေရာကို မင်းသိပါ။ မင်းလိုအဆင့်က လျှိုလျှိုကို ဘာလို့ လာယှဥ်ရဲတာလဲ။ လျှိုလျှိုက ငါတို့ မင်းသားလေး လင်လင်ကို ပိုင်ဆိုင်ထားတဲ့သူပဲ။ "
" ငါတို့ရဲ့ နှလုံးသားထဲမှာတော့ လင်လျှိုက ထာဝရပဲ။ "
" ဒါဆို အိုင်းရစ်လုံက ကျင်းချုံးလင်နဲ့ ကိုယ်ဝန်ရတာကို ဖန်းလိုက အတည်ပြုလိုက်ပြီလား။ "
" အိုး ဒီကိစ္စက အမှန်ဟုတ်ရင်တောင် ဒီမိန်းမယုတ်ရဲ့ ကလေးကို ငါတို့အသိအမှတ် မပြုနိုင်ဘူး။ မင်းသမီးလေး လျှိုလျှို က မွေးတဲ့ မင်းသား လင်လင်ရဲ့ အမွေဆက်ခံသူ ကိုပဲ ငါတို့ အသိအမှတ် ပြုနိုင်မယ်။ "
" ကိုယ်ဝန်နဲ့ ပတ်သတ်တဲ့ စကားကို ဖန်းလျှိုက မပြောခဲ့ပါဘူး။ သူမရဲ့ စကားထဲမှာတော့ အိုင်းရစ်လုံက ကျင်းချုံးလင်ကို သွေးဆောင်ဖို့ ကြိုးစားတာတော့ သေချာတယ်။ "
" အိုင်းရစ်လုံက ရွံဖို့ ကောင်းလိုက်တာ။ ဒီကောင်မက သေသင့်တယ်။ "
" တစ်ခုခု ပြောပါအုံး ကျင်းချုံးလင်။ "
အားလုံး၏ မျက်လုံးများသည် ကျင်းချုံးလင်၏ အကောင့်ဆီသို့ ရောက်သွားကြလေသည်။ ကောလဟာလနှင့် ပတ်သက်ပြီး သူပြောမည့် စကားကို လူတိုင်းက သိချင်နေကြသည်။
ခဏအကြာတွင် ကျင်းချုံးလင်သည် သူ၏ ဝေ့ဘို ပေါ်တွင် ပို့စ်တစ်ခုကို တင်လိုက်လေသည်။
ကျင်းချုံးလင်၏ ပို့စ်တွင် - " အမှန်တရား တစ်ခုကို ပြောချင်ပါတယ်။ ငါနဲ့ အိုင်းရစ်လုံက သာမန်ဆက်ဆံရေး အခြေအနေမှာပဲ ရှိခဲ့ပါတယ်။ သူမနဲ့ ငါက ရည်းစားတောင် မဖြစ်ခဲ့ပါဘူး။ နာမည်မကြီးတဲ့ ဖျော်ဖြေပွဲ တွေမှာ ငါတို့ ဆုံခဲ့ကြတယ်။ အဲဒီလောက်ပါပဲ။ သူမက ငါ့ကို မဆွဲဆောင်ခဲ့ သလို ငါကလည်း သူမကို မလှည့်စားခဲ့ပါဘူး။ ဒါတွေအားလုံးက ကောလဟာလတွေပါ။ သူတပါးကို မနှိမ့်ချဖို့ ကျွန်တော်ပြောချင်ပါတယ်။ နောက်ထပ်ထွက်မဲ့ ကျွန်တော့်ရဲ့ အယ်လ်ဘမ် အသစ်ကိုလည်း အားပေးဖို့ ပရိသတ်ကြီးတို့ကို ပြောချင်ပါတယ်။ "
သူ၏ ပို့စ်သည် ပရိသတ်တွေကို အလွန် ဆွဲဆောင်နိုင်ခဲ့သည်။ သူပို့စ်တင်ပြီး စက္ကန့်အနည်းငယ် မှာပင်
လိုက်ခ် နှင့် တုန့်ပြန်စာတို့က တရစပ် တက်လာလေတော့သည်။
+ ၅၉၇
+ ၁၉၉၉၈
လိုက်ခ်လုပ်သူ အရေအတွက် - +၁၀၀၂၆၂
" ငါတို့က မင်းသား လင်လင်ကို နားလည်ပေးပါတယ်။ အယ်လ်ဘမ် အသစ်ကိုလည်း အားပေးပါမယ်။ အယ်လ်ဘမ် အသစ် ထွက်လာမဲ့ နေ့ကိုတောင် မစောင့်နိုင်တော့ဘူး။ "
" အိုး မြတ်စွာဘုရား။ အယ်လ်ဘမ် အသစ်လား။ ငါ အရမ်း စိတ်လှုပ်ရှားမိတယ်။ "
" သံသယ ဖြစ်စရာ အချက်ကို တွေ့ကြလား။ ဖန်းလျှိုက 'အခြားမိန်းမ' လို့သုံးပြီး အိုင်းရစ်လုံကို ရှုတ်ချခဲ့တယ်။ မင်းသား လင်လင်က အဲဒါတွေကို ဆန့်ကျင်ပြီး အိုင်းရစ်လုံကို ဘာလို့ ကာကွယ်ပေးရတာလဲ။ ဟင်း...."
" မင်းပြောတာ မှန်တယ်။ အိုင်းရစ်လုံနဲ့ သူ့ရဲ့ဆက်ဆံ
ရေးက ခိုင်မြဲနေပြီလား။ ဒါက စေ့စပ်ပွဲကို ထိခိုက်စေမလား။ "
" အိုး မဖြစ်ဘူး။ လင်လျှိုကို ဝင်နှောက်ယှက်ရဲတဲ့သူမှန်သမျှ ငါတို့ နှင်ထုတ်ရမယ်။ "
" ငါတို့ လင်လျှို တပ်ဖွဲ့က အိုင်းရစ်လုံ ပျက်စီး
ရေး မစ်ရှင်ကို လုပ်ရမယ်။ "
" ကျင်းချုံးလင်က လူကြီးလူကောင်းလို ဟန်ဆောင်ပြီး လုံမိသားစုနဲ့ ဆက်ဆံရေး မပျက်ပြားအောင် ထိန်းသိမ်းချင်တဲ့ သဘောပဲ။ လုံမိသားစုက ကျင်းမိသားစုလောက် မချမ်းသာပေမဲ့ သူတို့ရဲ့ ချမ်းသာမှုကလည်း မနိမ့်ပါဘူး။ အိုင်းရစ်လုံဟာ လုံ မိသားစုရဲ့ သမီးတစ်ယောက်ပဲ။ တကယ်တော့ လုံမိသားစုက မြင့်မြတ်တဲ့ မျိုးရိုး သမိုင်းကြောင်းရှိခဲ့တယ်။ လုံမျိုးနွယ်ရဲ့ ဘိုးဘေး အချို့က မင်းမျိုးမင်းနွယ်တွေ ဖြစ်ကြတယ်။ ဒီခေတ်မှာတော့ ဒါတွေက အရေးမပါတော့ပါဘူး။ "
" မင်းပြောတာ အဓိပ္ပါယ်ရှိတယ်။ "
" အိုင်းရစ်လုံက လုံမိသားစုကို အရှက်ရစေတယ်။ လုံမိသားစုက သူမကို စွန့်ပစ်သင့်တယ်။ "
" ဟုတ်တယ်။ "
" နင်တို့က အရေးမပါတဲ့ ဟာတွေကို ဘာလို့ အာရုံစိုက်နေတာလဲ။ ငါတို့ အိုင်ဒေါလ်ရဲ့ ထွက်လာမဲ့ အယ်လ်ဘမ် အသစ်ကိုပဲ ငါစိတ်ဝင်စားတယ်။ အယ်လ်ဘမ်ကို ဝယ်ဖို့ ပိုက်ဆံစုရမယ်။ အိုး ဘုရားသခင်။ ငါ့ရဲ့စိတ်တွေ လှုပ်ရှားလိုက်တာ။ "
ကောလဟာလကား အွန်လိုင်းပေါ်တွင် ပွက်ပွက်ဆူခဲ့သည်။ ထိုကောလဟာလကို ဖြေရှင်းပေးသည့် အကြောင်းအရာကား သတင်းစာထဲတွင် ပါလာခဲ့သည်။ သို့သော် ၎င်းသည် အွန်လိုင်း ကောလဟာကို မတားဆီးနိုင်ပေ။
အာဏာရှိသူသည် ထိုအရိပ်ကို ပိတ်ဆို့ နေလေသည်။
အခန်း (၂၀) ပြီး။
ဘာသာပြန် ထူးထူး