မောင်မောင့် ချစ်ဇနီး တော်တော်ထက်
အခန်း (၁၈) ဘီလံယံ တစ်ဝက်
သူသည် ရေနွေမ်းကြမ်း တစ်ငုံကို သောက်ပြီး မျက်လုံးပြူးကျယ် သွားသည်။ ရေနွေးကြမ်းကို နောက်တစ်ငုံ သူ ထပ်သောက်လိုက်လေသည်။ ကြိမ်းသေသွားပြီ။ ဤရေနွေးကြမ်း တီးကွမ်းယင် ပထမတန်း လက္ဘက်ခြောက် ခပ်ထားသော ရေနွေကြမ်းပင် ဖြစ်လေသည်။ ၎င်းသည် ထိပ်ထန်း လက္ဘက်ခြောက် စာရင်းတွင်ပါဝင်လေကာ အရသာ မဆိုးလှပေ။
အိုး ကမ္ဘာကြီးက အမှန်တကယ် အဆုံးသတ်သွားပြီလော။
" မစ္စတာ ချောင်းယွီ ကို ခေါ်ရတဲ့ အကြောင်းရင်းကတော့ ကျွန်မ ဆွေးနွေးစရာ ရှိလို့ပါ။ " သူမ၏ အပြောအဆိုလည်း ယခင်နှင့်မတူ ရင့်ကျက်မှုရှိလာသည်။
သူ၏ မျက်နှာအနေအထားကို ပုံမှန်ပုံစံကဲ့သို့ သူက ပြန်ပြောင်းလိုက်လေသည်။ " ဟုတ်ကဲ့။ ပြောပါ
သခင်မလေး။ ကျွန်တော် ဘာကူညီရမလဲ။ "
" ကျွန်မရဲ့ ကိုယ်ပိုင် ဘဏ္ဍာရေး မန်နေဂျာ အနေနဲ့ အလုပ်ခန့်အပ်ချင်လို့ပါ။ တခြားမှာ လက်ခံထားတဲ့ အလုပ်ကို နားလိုက်ပြီးတော့ ကျွန်မရဲ့ အထူးဘဏ္ဍာရေး မန်နေဂျာအနေနဲ့ အလုပ်လုပ်စေချင်ပါတယ်။ ကျွန်မ ကမ်းလှမ်းတဲ့ အလုပ်ကို လက်ခံရင်တော့ အဖေ့ဆီမှာ လစာမယူဘဲ။ ကျွန်မဆီမှာ လစာ ယူပါ။ "
ချောင်းယွီက မျက်မှောင်ကြုတ် လိုက်လေသည်။ " သခင်မလေး လုံ...ဒါက...."
သူမ အဖေ့ဆီမှ ရရှိသော လစာသည် သူမ၏ ဖျော်ဖြေရေး မှ ရသည့် ဝင်ငွေထက် ပိုများပေသည်။ သူမဆီမှ လစာယူရမည်ဆိုလျှင် သူမ မည်မျှ ချမ်းသာနေသနည်း။ သူမဆီက လစာအနည်းအကျဥ်းကို ကျွန်ုပ်က မက်မောနေမည်လော။
" လစဥ် ထောက်ပံ့ကြေး ပေးတာကိုလည်း ရပ်လိုက်ဖို့ အဖေ့ကို ပြောပေးစေချင်ပါတယ်။ ကျွန်မက အခု
အသက် ၁၉ နှစ် ရှိလို့ လူကြီးဖြစ်နေပါပြီ။ "
မှန်ပေသည်။ ကမ္ဘာကြီး အဆုံးသတ်သွားတာပဲ ဖြစ်ရပေမည်။
သူသည် လည်ချောင်းကို ရှင်းလင်းလိုက်ကာ " သခင်မလေး လုံ ရဲ့ ဆုံးဖြတ်ချက်ကို ဥက္ကဋ္ဌကြီးဆီ အကြောင်းကြားပေးပါ့မယ်။ "
" ဒါဆို ကျွန်မရဲ့ ကမ်းလှမ်းချက်ကို လက်ခံပါသလား။ "
သူက အသက်ပြင်းပြင်း ရှူရှိုက်ပြီး သူမ၏ ကမ်းလှမ်းမှုအတွက် အဖြေပြန်ပေးလေသည်။ " သခင်မလေးလုံက ကဏ္ဍာရေးကိစ္စကို ဒီလိုမျိုး စိတ်ဝင်စားလာတာကို ဝမ်းသာမိပါတယ်။ ဒါပေမဲ့..."
" ဒွန်။ "
သူမ၏ အနောက်တွင် ရပ်နေသော ဒွန်က သူ့အား ဖိုင်တွဲ တစ်ခုကို ပေးလိုက်လေသည်။
" ဒီဖိုင်တွဲကို အရင်ဆုံး ဖွင့်ပြီး ပထမ စာမျက်နှာကို ကြည့်လိုက်ပါ။ " သူမက ထိုကဲ့သို့ အမိန့်ပေးလိုက်လေသည်။
သူသည် အမိန့်ကို နာခံပြီး စိတ်ရှုပ်ထွေးနေသည်။ ဤအရာသည် ဘဏ်အကောင့် တစ်ခုရဲ့...အချက်အလက် အသေးစိပ်လော။
" ဒါက ကျွန်မကိုယ်တိုင် ဖွင့်ထားတဲ့ ဘဏ်အကောင့် အသစ်ပါ။ ကွန်ပျူတာ ဝယ်ပြီးနောက်ပိုင်း ပြန်ထည့်ထားတဲ့ ပိုက်ဆံ ၁၅ သန်းပါ။ " ချောင်းယွီ စိတ်ရှုပ်ထွေးသွားလေသည်။ ဤဘဏ်အကောင့်ထဲတွင် ငွေ ၁၅ သန်း ရှိနေသည်မှာ အတိအကျပင် ဖြစ်သည်။
ဤမိန်းကလေးကား ဘဏ်ကို လုယက်ခဲ့သည်လော။ သို့တည်းမဟုတ် ဤငွေများစွာကို သူမ ဘယ်က ရမည်နည်း။
" ကျွန်မက ငွေတွေကို စတော့ရှယ်ယာကို ကစားတဲ့ နေရာမှာ အသုံးပြုပါတယ်။ တခြားကုမ္ပဏီ တွေမှာ
လည်း ရှယ်ယာ ဝင်ထားပါတယ်။ တစ်ချို့ စီးပွားရေး လုပ်ငန်းတွေအတွက် ငွေတိုးချေးပေးပါတယ်။ အခု အဲဒီ ဘဏ်အကောင့်ထဲမှာ ငွေက ဘီလံယံ တစ်ဝက်ကျော်လောက် ရှိပါတယ်။ တခြား စာမျက်နှာကို လှန်ကြည့်လိုက်ပါ။ ကျွန်မ ရင်းနှီး မြှုပ်နှံထားတဲ့ ကုမ္ပဏီ နာမည်စာရင်းတွေ ရှိပါတယ်။ တစ်ချို့ကတော့ နိုင်ငံခြား ကုမ္ပဏီတွေ ဖြစ်ပါတယ်။ နောက်ဆုံး စာမျက်နှာကတော့ ကျွန်မ နောက်ထပ် ရင်းနီးမြှုပ်နှံချင်တဲ့ ကုမ္ပဏီနာမည် စာရင်းတွေ ဖြစ်ပါတယ်။ ဒီအလုပ်တွေကို ကိုင်တွယ်စေချင်လို့ အလုပ်ကမ်းလှမ်းရခြင်း ဖြစ်ပါတယ်။ "
ဟုတ်ပေသည်။ ဝဘ်ဆိုက် အမှောင်လောကတွင် ဟက်ကာ အလုပ်ကို လက်ခံခြင်းကြောင့် သူမ ပိုက်ဆံများစွာ ရခဲ့လေသည်။ သို့သော် ထိုကိစ္စကို သူမက သူ့အား မပြောပြပေ။
သူ့ဘဝတွင် စိတ်ထဲတွင် ဟာတာတာ ခံစားရသည်မှာ ပထမဆုံး အကြိမ် ဖြစ်လေသည်။
" မစ္စတာ ချောင်းယွီ ။ ဘာဖြစ်တာလဲ။ " အိုင်းရစ်
သည် ဒွန်ဘက်သို့ လှည့်၍ စကားပြောလေသည်။ " သူဘာဖြစ်သွားတာလဲ ဒွန်။ သူက ဘာလို့ မလှုပ်ရှားတာလဲ။ "
" အိုး။ သူဌေးက သူ့ကို လန့်အောင် လုပ်လိုက်မိပြီ ထင်တယ်။ "
" လာမနှောက်နဲ့။ ငါသူ့ကို ဘာမှ မလုပ်ပါဘူး။ "
ဒွန်က သက်ပြင်းကို ချလိုက်သည်။ " သူအေးခဲ သွားပြီ။ အိုး သူက လေဖြတ်သွားတာလား။ ကျွန်တော်တို့ ဘာလုပ်ရမလဲ သူဌေး။ သူသေသွားရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော် ကြောက်တယ်သူဌေး။ "
" ဘာလဲ။ ဒါဆို လူနာတင်ကား မြန်မြန်ခေါ်။ "
လူနှစ်ဦးသည် အထိတ်တလန့်နှင့် ပြေးလွှားလှုပ်ရှားနေသည်။ နောက်ဆုံးတွင် ချောင်းယွီ က သတိပြန်လည်လာသည်။ သူသည် လူနာတင်ကား ၊ လေဖြတ်ခြင်း အကြောင်း နှင့်ပတ်သက်၍ လူငယ်က ဖုန်းပြောနေသည်ကို သူကြားနေရသည်။
" အိုး။ ဘာဖြစ်တာလဲ။ ဘယ်သူက လေဖြတ်တာလဲ။ "
" မစ္စတာ ချောင်းယွီ ။ အဆင်ပြေရဲ့လား။ နေကောင်းလား။ " အိုင်းရစ်သည် သူ့ထံသို့ အလောတကြီးလာပြီး စိုးရိမ်စိတ်နှင့် မေးလေသည်။ " လေဖြတ်တာလား။ ဘာမှမပူနဲ့ ။ လူနာတင်ကား ခေါ်ထားတယ် သိလား။ "
" အင်း ငါ အဆင်ပြေပါတယ်။ နေအုံး...ငါက လေဖြတ်နေတာလား။ "
ဒွန်သည် ဖုန်းပြောနေရင်း သူ့ထံသို့ ရောက်လာလေသည်။
" နေအုံး...နေအုံး။ ဖုန်းကို အခုချလိုက်တော့။ နင်တို့ နှစ်ယောက်က...ငါ့ကို လေဖြတ်သွားတယ် ထင်နေတာလား။ ငါနေကောင်းပါတယ်။ ငါလေမဖြတ်ပါဘူး။ "
" တကယ် အဆင်ပြေရဲ့လား။ " သူမက ထပ်၍ မေးလေသည်။
" အင်း။ ငါတကယ် အဆင်ပြေပါတယ်။ "
အိုင်းရစ်သည် သူမ၏ လက်ထောက်ကို လှမ်းကြည့်လိုက်လေသည်။
" အဲ။ " ဒွန်သည် ရှက်ရွံ့စွာနှင့် ပြုံးလိုက်မိသည်။ ထို့နောက် သူသည် လူနာတင်ကား မလိုအပ်တော့ကြောင်းကို ဖုန်းပြန်ဆက်လိုက်လေသည်။
လူတိုင်းက သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။
ချောင်းယွီ သည် ရှက်ရွံ့သည့်ပုံစံနှင့် လည်းချောင်းကို ရှင်းလိုက်သည်။ " ကျွန်တော့်ကြောင့် စိတ်ထိခိုက်စေလို့ တောင်းပန်ပါတယ် သခင်မလေး လုံ။ ကျွန်တော် နေကောင်းပါတယ်။ "
" ဒါဆို ကောင်းတာပေါ့။ "
သူတို့နှစ်ဦးသည် ရေနွေးကြမ်းကို ဆက်သောက်နေကြလေသည်။
ဒွန်သည် သူ့အတွက် ရေနွေးကြမ်းငှဲ့ပေးသော်လည်း ကြောက်စိတ်က မပျောက်နိုင်သေးပေ။ ဦးလေးသာ သေသွားခဲ့လျှင် ဆိုသည့် အတွေးကား သူ့ခေါင်းထဲတွင် ကျန်ခဲ့နေသေးသည်။
" ကျွန်မတို့ အလုပ်ကိစ္စကို ဆက်ဆွေးနွေးလို့ အဆင်ပြေပါ့မလား မစ္စတာ ချောင်းယွီ ။ " သူမက မေးလိုက်လေသည်။
" ရပါတယ်။ ရပါတယ် သခင်မလေး လုံ။ ဆက်ဆွေးနွေးပါ။ ရပါတယ်။ "
" မစ္စတာ ချောင်းယွီ မြင်တဲ့အတိုင်းပါပဲ။ ကျွန်မရဲ့ ဘဏ်အကောင့်ထဲမှာ ငွေတွေ ဘီလီယံ တစ်ဝက်ကျော် ရှိပါတယ်။ တခြားအလုပ်တွေကို နားလိုက်ပြီး ကျွန်မကမ်းလှမ်းတဲ့ အလုပ်ကို သဘောတူတယ် ဆိုရင် ဒီဘဏ်အကောင့်ကို အပ်ချင်ပါတယ်။ ညွှန်ကြားချက် အသေးစိပ်ကို တစ်ဆင့်ခြင်းစီ ပြောပြ
ပေးသွားမှာပါ။ ဒါပေမဲ့ မစ္စတာ ချောင်းယွီ ကို အေးအေးဆေးဆေး အလုပ်လုပ်စေချင်ပါတယ်။ ကျွန်မအသက် အနှစ် ၂၀ မပြည့်ခင်မှာ ချောင်းယွီ က ကျွန်မကို သန်းကြွယ်သူဌေး တစ်ယောက်ဖြစ်အောင် လုပ်ပေးနိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ "
ချောင်းယွီ သည် လေကိုပြင်းပြင်း ရှူရှိုက်ရင်း မျက်လုံးများ မှေးသွားသည်။ သူမ၏ ယွမ်ဘီလီ
ယံ တစ်ဝက်ကို ကိုင်တွယ်ရမည်လော။ သူမကို သန်းကြွယ် သူဌေး ဖြစ်အောင် လုပ်ရမည်လော။
မှန်ပေသည် ကမ္ဘာကြီး အဆုံးသတ်သွားလေပြီ။
သူသည် သေပြီးမှ အသက် ပြန်ရှင်လာသူ ဖြစ်မှရပေမည်။ ဤသို့မဟုတ်လျှင် အသုံးမကျသော သူသည် လအနည်းငယ်အတွင်း သန်းကြွယ်သူဌေးတစ်ဦး မည်သို့ ဖြစ်လာနိုင်မည်နည်းး။
" မစ္စတာ ချောင်း ဘာတွေ တွေးနေတာလဲ။ ကျွန်မရဲ့ ကမ်းလှမ်းမှုကို လက်ခံပါသလား။ "
ဝူးလုံ ထိပ်တန်း လက်ဖက်ခြောက် မျိုးစုံသည် ကမ္ဘာတွင် စျေးအကြီးဆုံး စာရင်းတွင် ပါဝင်လေသည်။
အခန်း (၁၈) ပြီး။
ဘာသာပြန် ထူးထူး