no

Font
Theme


မောင်မောင့် ချစ်ဇနီး တော်တော်ထက်

အခန်း (၁၉) တခြား အမျိုးသမီး


ချောင်းယွီ ကား အသက်ပြင်းပြင်း ရှူရှိုက် လိုက်ပေသည်။ " ဟုတ်ကဲ့။ သခင်မလေး လုံရဲ့ ကမ်းလှမ်းချက်ကို ကျွန်တော် လက်ခံပါတယ်။ "


သူသည် သူမ၏ ကမ်းလှမ်းချက်ကို အမှန်တကယ် လက်ခံပါတော့မည်။


ပုဂ္ဂလိက ဘဏ္ဍာရေး မန်နေဂျာ တစ်ဦးအနေဖြင့် သူ၏ စုစုပေါင်းဝင်ငွေသည် ရာထူးတူသူနှင့် နှိုင်းယှဥ် ကြည့်ပါက သူလုပ်ရသည့် အလုပ်အများစုမှာ အကောင့်များ လွတ်ထွက်ခြင်းမှ ကာကွယ်ရန် ၊ ငွေကြေးကို ကာကွယ်ခြင်း နှင့် အသုံးစရိတ်များကို ဟန်ချက် ညီညီ ရှိနေရန် လုပ်ဆောင်ရခြင်း ဖြစ်လေသည်။ 


ထို့အပြင် သူ့ အလုပ်ရှင် အများစုသည် အသက်ရှူတိုင်း ငွေတွေ ဖြုန်းတီးနေသော သူဌေး သားသမီးများသာ ဖြစ်ပေသည်။ သူ့ကို အထင်ကြီးလောက်


စရာ ကောင်းသည့် ငွေကြေး ကျွမ်းကျင်သူဟု ပြောတာ ထက် ကလေး၏ ငွေကြေးကို ထိန်းသိမ်းပေးသည့် ဘဏ္ဍာထိန်းဟုခေါ်လျှင် ပိုမှန်ပေမည်။ 


သူသည် တတ်ကျွမ်းသော ပညာနှင့် ကျွမ်းကျင်မှုကို အသုံးပြုကာ ငွေကြေးကို ရင်းနှီး မြှုပ်နှံပြီး ငွေကြေးများပြား လာခြင်းကို ထိုင်ကြည့်နေချင်သည်။ ကြီးထွားလာသော ငွေကြေးများ၏ အတိုးငွေကို သိမ်းယူပြီး ထိုအတိုးငွေကို ပြန်လည် ရင်းနှီးမြှုပ်ချင်သည့် အိမ်မက်တစ်ခုက သူ့စိတ်ထဲ၌ အမြဲတမ်း သိုမှီးထားလေသည်။ ယခုတွင် ထိုကဲ့သို့သော ကမ်းလှမ်းမှုက သူ့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသောအခါ သူက မငြင်းပယ်နိုင်တော့ပေ။ 


ဘီလီယံ တစ်ဝက်ကို ကိုင်တွယ်ရမည်လော။ သူမက သူ့ကို ငွေတွေ အပ်ခဲ့လေပြီ။ သူမ အသက် နှစ်ဆယ်မပြည့်ခင် သူမကို သန်းကြွယ် သူဌေးတစ်ဦးဖြစ်ရန် သူက အမှန်အကန် ကြိုးစားပေတော့မည်။ သူ့ကို စောင့်ကြည့်ဖို့သာ လိုပေတော့သည်။ 


" အရမ်းကောင်းတယ်။ " အိုင်းရစ်က ပြုံးလိုက်လေ


သည်။ " ဒွန်။ အလုပ်အကိုင် စာချုပ်နဲ့ သဘောတူညီချက် စာချုပ်ကို ယူလာပေးပါ။ "


" ဟုတ်ကဲ့ သူဌေး။ "


သူမတို့ နှစ်ဦးသည် စာချုပ်ပေါ်တွင် လက်မှတ် ထိုးကြပြီးနောက် အိုင်းရစ် နှင့် ချောင်းယွီ တို့က အချင်းချင်း လက်ဆွဲ နှုတ်ဆက် ကြလေသည်။ 


" အဖေနဲ့ဆိုင်တဲ့ ကိစ္စကိုတော့ မစ္စတာ ချောင်း ရဲ့ လက်ထဲကိုပဲ အပ်လိုက်တော့မယ်။ အဆင်ပြေလား။ "


" ဘာမှ စိတ်မပူပါနဲ့ သခင်မလေးလုံ။ ဒီနေ့ပဲ ဥက္ကဋ္ဌကြီးဆီမှာ ထွက်စာ တင်ပြီးတော့ အလုပ်ရှင် အသစ်ဆီမှာ အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့ စီစဥ်လိုက်ပါမယ်။ "


" ကောင်းတယ်။ မစ္စတာကို ကျွန်မရဲ့ ပိုက်ဆံတွေနဲ့အတူ ယုံကြည်လိုက်ပြီနော်။ မစ္စတာက လွန်ခဲ့တဲ့ နှစ်တွေ ကတည်းက ကိုယ်ကိုယ်ကို သက်သေပြခဲ့ပြီးပါ


ပြီ။ ဒါပေမဲ့ ကျွန်မက မရင့်ကျက်ခဲ့လို့ အဲဒါတွေကို မမြင်ခဲ့မိဘူး။ " 


တစ်ယောက်ယောက်က သူ့ကို လိမ်ဝံ့မည်လော။ ချောင်းယွီ သည် ရင်ဘတ် ပေါက်ကွဲမတတ်အောင် နွေးထွေးမှုကို ခံစားရသော်လည်း ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ကာ ခေါင်းကို ညိမ့်လိုက်လေသည်။ " စိတ်ချပါ။ အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ပါမယ်။ "


" ကောင်းပါတယ်။ ခုချိန်မှာ ဝန်ထမ်းတွေ အားလုံးနဲ့ မိတ်ဆက် ပေးပါ့မယ်။ ရှင်က သစ္စာဖောက်ရင်တော့ သစ္စာဖောက်တဲ့ အပြစ်ဒဏ်ကို ခံစားရမယ် ၊ အလုပ်ကြိုးစားသူ ဆိုရင်တော့ အလုပ်ကြိုးစားတဲ့ ဆုလာဘ်ကို ခံစားရမှာပါ။ တကယ်လို့ သစ္စာဖောက်ခဲ့ရင်တော့ ကျွန်မရဲ့ လက်က ပြေးဖို့ လွှတ်မှာ မဟုတ်ဘူးဆိုတာ ကိုတော့ သိထားသင့်ပါတယ်။ "


သူမ၏ စကားထဲ၌ ရက်စက် ကြမ်းကြုတ်မှုများကို ချောင်းယွီ ကြားရသောအခါ ရုတ်တရက် ထိတ်လန့် သွားလေသည်။ သူသည် ယခု သူဌေးအသစ် အပေါ် 


စိုးစင်းမျှ သံသယမဝင်ပေ။ သူမသည် အပြော နှင့်အလုပ် ညီတတ်သူဟု သူ သိခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် လအနည်းငယ်အတွင်း ဘီလီယံ တစ်ဝက်ကို ရှာနိုင်သောသူသည် ပေါ့သေးသေး အရည်အချင်းတော့ မဟုတ်ပေ။


သူမ၏ ဦးခေါင်း ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ခြင်းကြောင့် သူမ ပြောင်းလဲသွားခြင်း ဖြစ်နိုင်ပေသည်။ ဤသို့ဆိုလျှင် ဘုရားသခင်ကို ကျေးဇူးတင်ရပေမည်။ သူမ၏ ဦးခေါင်းကား စောစောစီးစီး ထိခိုက်သင့်ပေသည်။ ဤသို့မှသာ သူမ၏ ငွေ ဘီလီယံ တစ်ဝက်နှင့် စောစောစီးစီး အလုပ်လုပ်ရပေမည်။ 


သူက သခင်မလေး လုံ ၏ ငွေ ဘီလီယံ တစ်ဝက်နှင့် အလုပ်လုပ်ဖို့ ဆန္ဒပြင်းပြနေလေပြီ။ သူက အလွန်စိတ်လှုပ်ရှား နေသော်လည်း ကိုယ်ကိုယ်ကို ထိန်းထားနေရလေသည်။ သူ၏ ပျော်ရွှင်မှုကို ကြွေးကြော်နိုင်ရန် အိမ်ပြန် ရောက်သည်အထိ သူ စောင့်ရပေမည်။ သူသည် အိမ်ကို ရောက်လျှင် ကခုန်မြူးတူး နေမည် ဖြစ်လေသည်။ သူမ၏ အသက် ၂၀ မပြည့်ခင် သူမကို သန်းကြွယ်သူဌေး ဖြစ်အောင် လုပ်ပေး


ခြင်းက သူ့အတွက် စိန်ခေါ်မှုကြီး တစ်ခု ဖြစ်လေသည်။


" အကောင်းဆုံး ကြိုးစားပါ့မယ် သခင်မလေး လုံ။ "


" ဒီလိုပဲ ကြားချင်ပါတယ်။ နောက်တစ်ရက် နှစ်ရက်နေရင် အကောင့်ထဲက ငွေတော်တော်များများကို ကျွန်မထုတ်ဖို့ရှိတယ်။ ရှင် လန့်မသွားနဲ့နော်။ စိတ်ချပါ ဒီငွေတွေကို ကျွန်မ မဖြုန်းတီး ပစ်ပါဘူး။ "


" ဟုတ်ကဲ့။ နားလည်ပါပြီ သခင်မလေး လုံ။ "


သူမသည် နိုင်ငံခြား ဘဏ် အကောင့်များစွာကို ဖွင့်မည် ဖြစ်ပြီး သူမ၏ ငွေအချို့ကို နိုင်ငံခြားငွေတွေ အဖြစ် ပြောင်းလဲရန် စီစဥ်ထားလေသည်။ သူမ ဤသို့ လုပ်ရခြင်းမှာ အရေးပေါ် အခြေအနေအတွက် ငွေကို သုံးစွဲနိုင်ရန် ဖြစ်လေသည်။ ထို့အပြင် ထိုငွေများနှင့်လည်း သူမက ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။ သူမ၏ ငွေကြေးကို ကိုင်တွယ်ပေးမည့်သူကို သူမက ၁၀၀% အထိ မယုံကြည်နိုင်ပေ။ 


နောက်ထပ် စကားအနည်းငယ် ပြောကြပြီးနောက် အစည်းအဝေးပွဲကို သူတို့ ရုတ်သိမ်း လိုက်လေသည်။ 


ဘဏ္ဍာရေး မန်နေဂျာသည် အပြုံးမျက်နှာကို ပြနေသော်လည်း သူ၏ စိတ်မရှည်မှု ၊ စိတ်လှုပ်ရှားမှုတို့ကို အိုင်းရစ် တွေ့ရလေသည်။ 


 ချောင်းယွီ  ပြန်ထွက်သွားသောအခါ ဒွန် က လမ်းညွှန်ပေးသည်။ ဒွန်သည် ချောင်းယွီ အား ဓာတ်လှေခါး ဆီသို့ ခေါ်သွား လေသည်။ 


အိုင်းရစ်သည် စာကြည့်တိုက် ရုံးခန်းထဲတွင် ကျန်နေခဲ့ကာ ရေနွေကြမ်း အရသာကို ခံစားရင်း ချောင်းယွီ ရောက်မလာခင် ဖတ်ခဲ့သော ဂျပန်ဘာသာ ဝတ္ထုကို ဆက်ဖတ်လေတော့သည်။


###


အိုင်းရစ်လုံ ၊ ကျင်းချုံးလင် နှင့် ဖန်းလျှို တို့၏ သုံးပွင့်ဆိုင် ကောလဟာလ သတင်းကား ပျံ့နှံ့နေဆဲ ဖြစ်


လေသည်။ ထို့အပြင် အိုင်းရစ်လုံသည် ကျင်းချုံးလင် နှင့် ကိုယ်ဝန်ရသွားသည့် ကောလဟာလကား ပို၍ ရေပန်းစားလေသည်။ 


ထိုကောလဟာလနှင့် ပတ်သက်၍ ကျင်းချုံးလင် နှင့် ဖန်းလျှို တို့က သူတို့၏ ဖြေရှင်းချက် အသီးသီးကို အွန်လိုင်းပေါ် ပြန်တင်လိုက်သောအခါ အခြေအနေက ပို၍ ရှုပ်ထွေးသွားလေသည်။


ပထမမှာ ဖန်းလျှိုပင် ဖြစ်လေသည်။


လျှိုဖန်းဖန်း ၏ ပို့စ်မှာ - " ငါ နဲ့ စေ့စပ်ထားသူက အခြားမိန်းမ တစ်ယောက်နဲ့ ဇာတ်လမ်းတွေ ရှုပ်ခဲ့တဲ့ကိစ္စက အရေးမကြီးပါဘူး။ အဲဒါက အတိတ်က ကိစ္စလို့ပဲ ငါသဘောထားပါတယ်။ သူ့ကို ငါချစ်တဲ့အတွက် သူ့ရဲ့ အတိတ် ၊ ပစ္စုပ္ပန် နဲ့ အနာဂတ် ကိစ္စရပ်တွေ အားလုံးကို ငါလက်ခံ ပေးနိုင်တယ်။ မရေ

တွက်နိုင်တဲ့ မိန်းမတွေက သူ့ကို ချဥ်းကပ်ချင်ကြပေမဲ့ နောက်ဆုံးမှာ သူက ငါ့ကိုပဲ လက်ထပ်ယူမှာပါ။  ငါ့ရဲ့ ခင်ပွန်းလောင်း ဘက်က ငါ အမြဲတမ်း ရပ်တည်ပေးမှာပါ။ ငါက ဇနီးကောင်း အနေနဲ့ရော ၊ နောင်တစ်


ချိန်မှာ မွေးဖွားလာမဲ့ သားသမီးတွေရဲ့ မိခင်အနေနဲ့ရော ငါအမြဲတမ်း ရှိနေမှာပါ။ အဆင့်အတန်း မရှိတဲ့ မိန်းမတစ်ယောက်ကို ငါတို့နဲ့ တန်းမညှိပါနဲ့။ ကျွန်မတို့ဘက်မှာ ရပ်တည်ပေးတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်။ "


အခန်း (၁၉) ပြီး။

ဘာသာပြန် ထူးထူး


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment