Five Elements
Chapter - 10 : ယွင်နန် သဘာ၀ရှုခင်း
လင်းကျူးရွှေနဲ့ ယန်ကျီချွမ်တို့နှစ်ယောက်က မိတ်ဆွေဟောင်းများ ဖြစ်ကြသည်။ သူတို့သည် အတိတ်အကြောင်းများ ပြန်ပြောင်းပြောကြရင်း လာမည့်ပြိုင်ပွဲရဲ့ သတင်းအချက်အလက်များကိုလည်း မျှဝေခဲ့ကြသည်။ သေချာတာကတော့ အများစုတွင် ယန်ကျီချွမ်က စကားပြောနေခြင်းဖြစ်ပြီး လင်းကျူးရွှေက လိုရင်းတိုရှင်းသာ ပြန်ဖြေကြားခဲ့သည်။
နောက်ဆုံးတော့ လင်းကျူးရွှေက ပြန်လည်ဆုံစည်းတွေ့ဆုံမှုမှ နှုတ်ဆက်ကာ အခန်းသို့ ပြန်သွားခဲ့သည်။ ယန်ကျီချွမ်ရဲ့ မျက်နှာအမူအရာသည် အနည်းငယ် အင်တင်တင် ဖြစ်နေသေးပေမယ့် သူ့ကိုယ်သူ ပြန်ထိန်းချုပ်လိုက်သည်။ လင်းကျူးရွှေသာ ယန်ကျီချွမ်ရဲ့ အတိတ်ကိုတမ်းတနေတဲ့ အကြည့်ကို မြင်သွားခဲ့ရင် သူ့တစ်ကိုယ်လုံး သေချာပေါက် ကြက်သီးထလာပေလိမ့်မည်။
လင်းကျူးရွှေ ထွက်သွားပြီးနောက် ယန်ကျီချွမ် သူ့တပည့် ယန်မြန်ကို လင်းကျူးရွှေအရှေ့မှာ သေချာပေါက် ကောင်းကောင်းမွန်မွန် ပြုမူနေထိုင်ဖို့ ထပ်ခါတလဲလဲ မှာကြားပြီးနောက် သွားကြိုတဲ့အချိန်တုန်းက ကိုယ့်ကိုယ်ကို သေချာမိတ်ဆက်ခဲ့လားဟု မေးလိုက်သည်။
“ဒါပေမယ့် ဆရာ အဲ့မတိုင်ခင်ကတည်းက မစ္စတာလင်းကို ဖုန်းခေါ်ပြီး ကြိုပြောထားပြီးသား မဟုတ်ဘူးလား” ယန်မြန်က အဲ့လိုကြားတဲ့အချိန်မှာ ကြောင်အမ်းအမ်းဖြင့် ပြောလိုက်သည်။
ယန်ကျီချွမ် : “ဖုန်းခေါ်တာလဲ။ ဘယ်ဖုန်းကိုခေါ်တာလဲ"
“မစ္စတာလင်းက ကျွန်တော့်ကို တွေ့ကတည်းက ကျွန်တော်ဘယ်သူလဲဆိုတာ ကြိုသိနေခဲ့တယ် သူဘယ်လိုသိတာလဲလို့ မေးလိုက်တော့ ဆရာက သူ့ကို ဖုန်းထဲကနေ ကြိုပြောထားတယ်လို့ ကျွန်တော့်ကို ပြောတယ်” ယန်မြန်က အံ့ဩသွားရင်း ပြောလိုက်သည်။
ယန်ကျီချွမ်က အမှန်တရားကို ချက်ချင်း ခန့်မှန်းမိလိုက်ပြီး ခါးသက်သက် ပြုံးလိုက်သည်။
“ငါက သူ့ကို ဘယ်လိုလုပ်ပြီး ဖုန်းခေါ်ရမှာလဲ? ငါက သူ့ဖုန်းနံပါတ်ကိုတောင် မသိဘူးလေ”
ယန်မြန် အံ့ဩသွားသည်။
ယန်ကျီချွမ် : “လင်းကျူးရွှေက တည်ငြိမ်အေးချမ်းမှုအပေါ် တန်ဖိုးထားတတ်မှုနဲ့ နာမည်ကျော်ကြားတယ် ကွ။ သူ့လိုမျိုးကို ရှာတွေ့နိုင်ဖို့က မလွယ်ကူဘူး၊ ဟင်း….ငါ့ရဲ့ ငတုံးတဲ့တပည့်ရဲ့”
ယန်မြန် : “အဲ့တော့ သူက ကျွန်တော့်ရဲ့အချက်အလက်ကို ခန့်မှန်းလိုက်တာပေါ့?”
ယန်ကျီချွမ်က ခေါင်းငြိမ့်ပြကာ သက်ပြင်းချလိုက်ပြီး သူ၏တုံးအသော တပည့်ဖြစ်သူ၏ ပခုံးကို အားနဲ့ပုတ်လိုက်သည်။
“မင်း၊ မစ္စတာလင်းခေါ်လာတဲ့ တပည့်နှစ်ယောက်နဲ့ ဆက်ဆံရေးကောင်းအောင် နေရမယ်။ အနာဂတ်မှာ မင်း သူတို့ကို သေချာပေါက် လိုအပ်လာလိမ့်မယ်!”
ယန်မြန်က ခေါင်းငြိမ့်ပြရင်း သဘောတူလိုက်သည်။ သူ့ဆရာ၏ ညွှန်ကြားချက်အတိုင်း ညဘက်တွင် ယန်မြန်က ကျိုးကျားယွီနဲ့ ရှန်းရိချွင်းတို့နှစ်ယောက်ကို သွားတွေ့ပြီး ညလယ်စာအဆာပြေမုန့် ထွက်စားရန် ဖိတ်ခေါ်ခဲ့သည်။
ယန်မြန်ရဲ့ ဖိတ်ခေါ်မှုကို ကြားပြီးချိန်မှာ ရှန်းရိချွင်းက သဘောတူလက်ခံလိုက်ပြီး ကျိုးကျားယွီကိုပါ ဟော်တယ်အပြင်ဘက်သို့ ဆွဲခေါ်လာခဲ့သည်။
“အကြီးအကဲ သိသွားရင် စိတ်မဆိုးလောက်ဘူးလား?”
ကျိုးကျားယွီက အနည်းငယ် စိုးရိမ်နေခဲ့သည်။
“ဟင့်အင်း၊ ရတယ်”
ရှန်းရိချွင်းက ပြောလိုက်သည်။
“အကြီးအကဲက ပုံမှန်ဆိုရင် ငါတို့အပေါ် စည်းကမ်း တင်းကျပ်တတ်ပေမယ့် ငါတို့သာ ပွတ်လောရိုက်လောက်တဲ့ ကိစ္စကြီးမျိုး မလုပ်မိသေးသရွေး ကိစ္စမရှိပါဘူး”
ကျိုးကျားယွီ : “ပွတ်လောရိုက်လောက်တဲ့ ကိစ္စကြီး? မင်းက ဘယ်လို ပွတ်လောရိုက်လောက်တဲ့ ကိစ္စကြီးမျိုး လုပ်ခဲ့ဖူးတာလဲ?”
ရှန်းရိချွင်း၏ မျက်နှာတွင် အနည်းငယ် ရှက်ရွံ့မှုများ ပေါ်လွင်နေပြီး အသေးစိတ်ရှင်းပြဖို့ ငြင်းဆန်ကာ ကျိုးကျားယွီကို အရက်လျှော့သောက်ဖို့သာ ပြောလာခဲ့သည်။
“မင်းတို့နှစ်ယောက်က ဆက်ဆံရေးကောင်းသားပဲ” ယန်မြန် ပြုံးရင်းပြောလိုက်သည်။
ရှန်းရိချွင်း : “ဟမ် ငါတို့ရဲ့ဆက်ဆံရေးက လုံး၀ မကောင်းပါဘူးနော်”
ကျိုးကျားယွီ : “....” ရှန်းရိချွင်း မင်းက Tsundare မင်းသမီးလေးလား?!
(T/N - Tsundare သည် နှုတ်ကြမ်း၍ ဂျစ်ကန်ကန် ပြောတတ်သော်လည်း စိတ်ရင်းကောင်းသူ)
သူတို့သုံးယောက်သည် လမ်းလျှောက်၍ စကားပြောရင်း ဟော်တယ်ဘေးက ညလည် သရေစာမုန့်ဆိုင်သို့ ရောက်သွားကြသည်။
ရှန်းရိချွင်းက ယန်မြန်ကို ဒီကိုရောက်နေတာ ဘယ်လောက်ကြာနေပြီလဲလို့ မေးလာသောကြောင့် ယန်မြန်က ပြန်ဖြေလိုက်သည်။
“ခုဆို တစ်ပတ်လောက်တော့ ရှိနေပြီ ဆရာက အခြေအနေကိုအရင်ဆုံး ကြည့်ရှုလေ့လာချင်တယ်လို့ ပြောတယ်”
ရှန်းရိချွင်း : “မင်းတို့ တစ်ခုခုရှာတွေ့ပြီလား?”
“မင်းက ငါ့ပြိုင်ဘက်လေ တစ်ခုခုသိရရင်တောင်မှ ပြောမပြနိုင်ပါဘူး” ယန်မြန်ပြုံးရင်း ပြောလိုက်သည်။
“ဟုတ်သားပဲ” ရှန်းရိချွင်း ခေါင်းငြိမ့်ပြရင်း ပြောလိုက်သည်။
ညလည်စာ အဆာပြေမုန့်ဆိုသည်မှာ လမ်းဘေးဆိုင်လေးတွင် စားသောက်မှသာ တကယ်စစ်မှန်မည် ဖြစ်သည်။ ယန်မြန်သည် ကောင်တာတွင် အစားအစာတစ်ချို့မှာလိုက်ပြီးနောက် ကျိုးကျားယွီနဲ့ ရှန်းရိချွင်းကို ပြောပြရင်း မိတ်ဆက်ပေးနေသည်။
“ဒီပြိုင်ပွဲရဲ့ အချိန်က တကယ့်ကို ကွက်တိကျလွန်းတယ် ဂျူလိုင်မှာဆို ယွင်နန်က မှိုအမျိုးအစားတွေ အကုန်လုံးပေါက်နေပြီလေ၊ ပြီးတော့ ဒါတွေက အရမ်းအရသာရှိတာ ငါ ပြီးခဲ့တဲ့ ရက်ကပဲ စားကြည့်ပြီးပြီ”
ကျိုးကျားယွီသည်လည်း မှိုတော်တော် ကြိုက်နှစ်သက်သူဖြစ်၍ ပြောလိုက်သည်။
“ဘယ်ဟာက ကောင်းလဲ?”
ယန်မြန် : “မင်းတို့ အရောင်တောက်တောက်နဲ့မှိုကို သေချာပေါက် စားကြည့်သင့်တယ်၊ စိတ်မပူနု့ ဆိုင်ရှင်က ချက်ထားပြီးရင် ဘာပြဿနာမှမရှိဘူး”
သူသည် ဘီယာခွက် အနည်းငယ်နဲ့ ဆားရေစိမ် အသီးအရွက်တစ်ချို့ကို မှာရင်း ပြောလိုက်သည်။
“ငါ့ဆရာက အပြင်ထွက်ပြီးစားရတာ မကြိုက်ဘူးလေ ပုံမှန်ဆိုရင် ငါ တစ်ယောက်တည်းစားရတာ ဒါပေမယ့် ဒီနေ့တော့ ငါနဲ့အတူ ပူးပေါင်းပေးမယ့်လူတွေ ရှိလာပြီ”
“မင်း အများကြီးတော့ သောက်လို့မရဘူးနော်၊ မဟုတ်ရင် အကြီးအကဲ ဒေါသထွက်လိမ့်မယ်” ရှန်းရိချွင်းက ပြုံးရင်းပြောလိုက်သည်။
“အင်း တစ်ယောက် တစ်ခွက်ပဲလေ သောက်ပြီးတာနဲ့ ပြန်ကြမယ်” ယန်မြန်က ခေါင်းငြိမ့်ရင်း ပြောလိုက်သည်။
ညဈေးက လူတွေနဲ့ ယောက်ယက်ခတ်လှုပ်ရှားရင်း တော်တော်လေး အသက်၀င်လှုပ်ရှားနေသည်။ မှာယူထားတဲ့ အစားအစာများ တစ်ခုပြီးတစ်ခု ရောက်လာကာ ကျိုးကျားယွီက ယန်မြန်အကြံပြုထားတဲ့ “အရောင်တောက်တောက်မှို”ကို အရသာခံကြည့်လိုက်သည်။ ပြီးနောက် သူ၏မျက်လုံးများ အရောင်တောက်သွား၍ ပြောလိုက်သည်။
“အရသာရှိတယ်”
ယန်မြန် : “ဟုတ်တယ်မလား? ဒီမှိုက လတ်ဆတ်တဲ့ အရသာရှိတယ် မဟုတ်လား"
အမှန်တကယ် တော်တော်လေး အရသာရှိသာ်၊ ၎င်းသည် လတ်ဆတ်ကာ မွှေးပျံ့သလို၊ နူးညံ့ပြီး အရည်ရွှမ်း၍ အနည်းငယ် မာဆတ်ဆတ် ဖြစ်လှသည်။ ပါးစပ်ထဲ ဝါးနေရင်းနှင့်ပင် အမွှေးရနံ့များ ပြည့်နှက်နေပြီဖြစ်သည်။ ကျိုးကျားယွီက ချီးကျူးစကား ပြောလိုက်သည်။
“အင်၊ အင်း။ ဒါက အလေ့ကျမှိုတွေနဲ့ တခြားမှိုတွေထက်တောင် ပိုပြီးအရသာရှိတယ်”
ရှန်းရိချွင်းလည်း စားကြည့်ပြီးနောက် အရသာရှိတယ်လို့ ပြောလာသည်။ သူတို့သည် ပြိုင်ပွဲနဲ့ ပတ်သတ်တဲ့ သဘာ၀လွန် အဖြစ်အပျက်များအကြောင်း ပြောကြရင်း သူ၏ဆရာဖြစ်သူက စုန်းအတတ်အရုပ်တွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ဖူးပြီး၊ အချိန်တစ်ခုကြာတဲ့အထိ တော်တော်လေး အလုပ်ရှုပ်ခဲ့ကြောင်း ယန်မြန်က ပြောပြလာခဲ့သည်။ ရှန်းရိချွင်းက ယန်မြန်ကို သူတို့ကြုံတွေ့ခဲ့တဲ့ Kuman Thong အကြောင်း ပြန်ပြောပြနေချိန်တွင် ကျိုးကျားယွီကတော့ သူတို့ဘေးတွင် ကြိုးကြိုးစားစား စားသောက်ကာ ၎င်းတို့၏စကားဝိုင်းကို အစားအသောက်စားရင်း နားထောင်သည့် ပုံပြင်တစ်ခုလိုသာ သဘောထားနေခဲ့သည်။
သုံးခေါက်မြောက် သောက်ပြီးသွားသည် အချိန်တွင်တော့ နောက်ကျနေပြီဖြစ်သောကြောင့် သုံးယောက်သား ဟိုတယ်ကို ဖြေးဖြေးချင်း လမ်းလျှောက်ပြန်ခဲ့ကြသည်။
သူတို့သုံးယောက် ဟိုတယ်ကို ပြန်ရောက်ချိန်တွင် အခန်းကိုယ်စီသို့ ပြန်၀င်သွားခဲ့ကြသည်။ ကျိုးကျားယွီသည်လည်း သူ့အခန်းသို့ ၀င်၍ အိပ်ရာပေါ်မှာလှဲကာ ခဏလောက် မျက်လုံးမှိတ်ထားရင်း သူ့ခန္ဓာကိုယ်တွင် တစ်ခုခုထူးဆန်းနေတာကို ခံစားနေရသည်။
မျက်လုံးများ ပြန်ဖွင့်လိုက်ချိန်တွင် ကျိုးကျားယွီတစ်ယောက် လုံး၀ ကြောင်အသွားသည်။ အခန်း၏ကြမ်းပြင်တွင် ခုနှစ်ယောက် ရှစ်ယောက်ခန့်ရှိသော လူသေးသေးလေးများ ရှိနေ၍ ၎င်းတို့အားလုံးသည် လင်းကျူးရွှေနှင့် တစ်ထပ်တည်း ဆင်တူနေသည်။ သူတို့က နဂါးလှေကဲ့သို့သော လှေထဲတွင် အကန့်နှစ်ကန့်ဖြင့် ထိုင်နေကြရင်း မျက်မှောင်ကြုံ့၍ လှေလှော်ဖို့ လုပ်နေကြသည်။
ကျိုးကျားယွီ : “ချီးပဲ!!!”
ထိုမြင်ကွင်းကြောင့် ကြောက်လန့်သွားသော ကျိုးကျားယွီက အော်ဟစ်ပြီး အိပ်ရာထဲမှ ခဲရာခဲဆစ် ထွက်ပြေးသွားလေသည်။ သူသည် ဘေးအခန်း၏တံခါးကို ယိမ်းယိုင်စွာ အပြေးနှင်၍ တံခါးကို ခပ်ကြမ်းကြမ်း ပြေးခေါက်တော့သည်။
“အကြီးအကဲ အကြီးအကဲ….”
ခဏကြာသည်နောက် တံခါးပွင့်လာခဲ့သည်။ လင်းကျူးရွှေသည် ညအိပ်၀တ်စုံ ၀တ်ထားဆဲဖြစ်ပြီး မျက်လုံးပိတ်ထားရင်း မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ?”
ဘယ်ကနေ သတ္တိတွေရလာမှန်း မသိသော ကျိုးကျားယွီက လင်းကျူးရွှေ၏ ရင်ခွင်ထဲသို့ ပစ်၀င်ကာ အော်ငိုတော့သည်။
“ကယ်ပါဦး—ကျွန်တော့် အခန်းထဲမှာ အကြီးအကဲတွေ အများကြီးရှိနေပြီး၊ သူတို့က လှေလှော်နေကြတယ်!!”
လင်းကျူးရွှေ : “...”
ကျိုးကျားယွီတစ်ယောက် ငိုပြီးသွားသည်နှင့် လင်းကျူးရွှေ၏ အနောက်ဘက်မှ ဖြေးဖြေးချင်း ထွက်လာသော အဖြူရောင် မြေခွေးအမြှီးများကို မြင်လိုက်ရ၍ လုံးလုံးလျားလျား အေးခဲ့တောင့်တင်းသွားလေးသည်။
ကျိုးကျားယွီ : “ဝူး…”
လင်းကျူးရွှေက ကျိုးကျားယွီ၏ ခန္ဓာကိုယ်ပေါ်က အရက်နံ့ရနေသောကြောင့် မေးလိုက်သည်။
“မင်း သောက်ထားတာလား?”
သူ့အမြှီးကို မြင်လိုက်သော ကျိုးကျားယွီ တစ်ပတ်လှည့်၍ ထွက်ပြေးရန် လုပ်လိုက်ပေမယ့် လင်းကျူးရွှေ၏ ပြန်ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။ သူသည် သနားစရာကောင်းသောပုံစံဖြင့် ပြန်လှည့်ပြီး ငိုလိုက်သည်။
“ကျွန်တော့်ကို မစားပါနဲ့၊ ကျွန်တော်က အရသာမရှိပါဘူး…”
လင်းကျူးရွှေ : “.....ဘယ်သူက မင်းကို စားချင်နေလို့လဲ?”
လင်းကျူးရွှေက သူ၏အမြှီးများကိုတောင် ထုတ်ဖော်ပြထားသောကြောင့် ကျိုးကျားယွီ သူ့စကားများကို လုံး၀ မယုံကြည်ခဲ့ပေ။ ကြောက်မက်ဖွယ် အကောင်းဆုံးအရာသည် အစတုန်းက သူ့အခန်းထဲတွင် လှေလှော်နေသည့် ခုနှစယောက် ရှစ်ယောက်သော လင်းကျူးရွှေများက အခန်းထဲမှ လှေလှော်ရင်း သူ့ဆီကို လာနေလေသည်။
“ဟိုမှာ ရေတွေ လွှမ်းနေပြီ—” ကျိုးကျားယွီ အကျယ်ကြီးအော်ငိုကာ ပြောလိုက်သည်။
လင်းကျူးရွှေ : “....” သူက မူးတာလား ရူးသွားတာလား?
လင်းကျူးရွှေက ကျိုးကျားယွီကို သတိလစ်သွားအောင် ရိုက်ကြည့်ဖို့ တွေးနေတဲ့အချိန်မှာ သူတို့နဲ့တစ်ထပ်တည်း အတူတူတည်းခိုတဲ့ ယန်ကျီချွမ်က မည်းမှောင်နေသော မျက်နှာအမူအရာနဲ့ ပြောလာသည်။
“မစ္စတာလင်း!!! ကိစ္စအကြီးကြီးတော့ ဖြစ်သွားပြီ!! ကျွန်တော့်တပည့်လည်း သရဲအပူးခံလိုက်ရပြီ!!!”
လင်းကျူးရွှေ : “အပူးခံရတယ်?”
ယန်ကျီချွမ် : “သူတို့ကို အဖျက်သမား ဝင်စီးတာပဲ ဖြစ်ရမယ်!!”
နှစ်စဉ်နှစ်တိုင်း ဖုန်းရွှေပြိုင်ပွဲ မတိုင်မီတွင် ထူးခြားတဲ့ အကြောင်းပြချက်မျိုးစုံဖြင့် မိစ္ဆာများ၏ မကောင်းကြံမှုကို ခံလိုက်ရသည့် ပြိုင်ပွဲ၀င်များစွာရှိခဲ့သည်။ အဆိုးရွားဆုံးတစ်ခုသည် နောက်ဆုံးပြိုင်ပွဲရှိ အိမ်မက်ဆိုး ဖမ်းစားတာခံလိုက်ရသော ပြိုင်ပွဲ၀င်တစ်ဦးသည် ကိုယ့်သဘောနှင့်ကိုယ် ပါးဆုပ်ပနကောင်၏ အသိုက်ကို ဒုတ်နဲ့ သွားထိုးခဲ့ပြီး အရေးပေါ်ကုသခန်းထိ ရောက်သွားသည်အထိ ဖြစ်ခဲ့ရသည်။
လင်းကျူးရွှေက စကားပြောဖို့ လုပ်လိုက်ပေမယ့် သူ့ရင်ခွင်ထဲတွင် ရေရွတ်နေတဲ့ ကျိုးကျားယွီက ရုတ်တရက် ခုန်ထွက်လာ၍ သူ၏အနောက်ဘက်သို့ ရောက်သွားလေသည်။ ပြီးနောက် သူ လင်းကျူးရွှေ၏တင်ပါးကို ရိုက်ပုတ်ပြီး ငိုလိုက်သည်။
“အကြီးအကဲ၊ အကြီးအကဲရဲ့ အမြှီးကိုးချောင်းက လူလေးကိုးယောက်အဖြစ် ပြောင်းသွားပြီ"
ယန်ကျီချွမ် : “....”
လင်းကျူးရွှေ : “....”
လင်းကျူးရွှေသည် ကျိုးကျားယွီကို လက်မောင်းကနေ လှမ်းဆွဲလိုက်ပြီးနောက် ရင်ခွင်ထဲထည့်၍ အံကြိတ်ရင်း ပြောလိုက်သည်။
“သူတို့သုံးယောက်ကို ခုနတုန်းက ဘာလုပ်ခဲ့ကြတာလဲ?”
ယန်ကျီချွမ် : “အာ၊ ကြည့်ရတာ သူတို့သုံးယောက် ညလယ်စာ အဆာပြေ ထွက်စားကြတဲ့ပုံပါပဲ”
“၁၂၀ ကိုခေါ်လိုက်” လင်းကျူးရွှေက ချက်ချင်းပင် နားလည်သွားကာ ပြောလိုက်သည်။
“120 ကိုခေါ်ရမယ်? သူတို့က အပူးခံရတာကို ဖြေရှင်းနိုင်ပါ့မလား?” ယန်ကျီချွမ်က တွေဝေရင်း ပြောလိုက်သည်။
“ဘယ်လိုအပူးခံရတဲ့အမျိုးအစားလဲ? မှိုစားရာကနေ အပူးခံရတာလား” လင်းကျူးရွှေက စကားတစ်ခွန်းကို ဖျစ်ညှစ် ပြောလိုက်သည်။
ယန်ကျီချွမ် : “....” သူ ဘာမှမပြောနိုင်တော့ဘဲ ဖုန်းကို တိတ်တိတ်လေး ထုတ်၍ ၁၂၀ ကို ခေါ်လိုက်သည်။
ခဏကြာပြီးနောက်မှာ လူနာတင်ကားရောက်လာပြီး သူတို့သုံးယောက်ကို ဆွဲခေါ်သွားကြသည်။ ရှန်းရိချွင်း၏ အခြေအနေသည်လည်း သူ့အဖော်တွေလိုမျိုး သနားစရာကောင်းလုနီးပါး ဖြစ်နေသည်။ သူကတော့ ဘာထူးခြားတဲ့ သွေးလေ ခြောက်ခြားမှုမျိုးမှမရှိဘဲ အန်ခြင်းနဲ့ ၀မ်းလျှောခြင်းသာ ဖြစ်နေသည်။ သူသည် ဆွဲခေါ်ခံနေရအခိုက်အတန့်တွင် တုန်ရီရင်း မေးလိုက်သည်။
“အကြီးအကဲ၊ ကျွန်တော်တို့ သေတော့မှာလားဟင်?”
“ရှန်းရိချွင်း၊ ငါသာ မင်းဆိုရင် ဆေးရုံမှာ သေသွားတာက ပိုကောင်းလိမ့်မယ်လို့ တွေးမိမှာ” လင်းကျူးရွှေက ပြုံးရင်း ပြောလိုက်သည်။
ရှန်းရိချွင်း : “...” အကြီးအကဲရဲ့ အပြုံးက အရမ်းကြောက်ဖို့ကောင်းတာပဲ၊ ကျိုးကျားယွီ မင်း ဘာသွားလုပ်လိုက်တာလဲ….
ကျိုးကျားယွီသည် မူးဝေနေရင်း သူ၏လူသေးသေးလေးများကို လိုက်ရေတွက်နေဆဲဖြစ်ကာ၊ သူ ဘာလုပ်မိခဲ့လဲဆိုတာကို လုံး၀ သတိမထားမိသေးပေ။ ဆေးရုံကို အပို့ခံလိုက်ရပြီးနောက် အစာအိမ်ကို ဆေးကြောခံရကာ ပြန်ကောင်းလာခဲ့ချိန်တွင် လူသေးသေးလေးများ၏ ကမ္ဘာတွင်သာ အသက်ရှင်နေလိုက်တာက ပိုကောင်းလိမ့်မယ်လို့ ကျိုးကျားယွီတစ်ယောက် ခံစားမိလိုက်သည်။
ကျိုးကျားယွီ : “ငါ လင်းကျူးရွှေရဲ့ တင်ပါးကို ကိုင်ခဲ့မိတယ်”
ကျီပါ့ : “အင်း”
ကျိုးကျားယွီ : “ငါ နည်းနည်းတောင် ဖျစ်ခဲ့သေးတယ်”
ကျီပါ့ : “အင်း”
ကျိုးကျားယွီ : “မင်းမှာ ဘာမှပြောစရာမရှိဘူးလား?”
ကျီပါ့က ခဏလောက် တွေးလိုက်သည်။
“မင်း ဘယ်လိုခံစားရလဲ?”
ကျိုးကျားယွီက ရှက်သွေးဖြန်းနေသည်။ “အရမ်းကောင်းတယ်”
ကျီပါ့ : “အမ်း၊ မင်း အခု ကမ္ဘာကြီးကနေ ငြိမ်ငြိမ်းချမ်းချမ်း ထွက်သွားလို့ရပြီပဲ”
ကျိုးကျားယွီက မျက်လုံးများ မှိတ်လိုက်ရာ စိုးရိမ်မှု မျက်ရည်များ စီးကျလာလေသည်။ သေဖို့ရန် စောင့်နေရသည် ခံစားချက်မျိုးက ဒီလိုမျိုးလားဟုပင် သူ တွေးနေမိသည်။
လင်းကျူးရွှေသည် နောက်ပိုင်းမှ ဆေးရုံကို တစ်ခေါက် ရောက်လာခဲ့ပြီး သူ ရောက်လာတဲ့အချိန်တွင် သူတို့သုံးယောက်စလုံး ပြန်ကောင်းနေပြီဖြစ်သည်။ ယန်ကျီချွမ်က တော်တော်လေ ရှက်သွားကာ ဘယ်လိုမှမတတ်နိုင်ဘဲ လင်းကျူးရွှေကို တောင်းပန်ခဲ့သည်။
လင်းကျူးရွှေ : “ရပါတယ်၊ ဒီကိစ္စက ခင်ဗျားနဲ့ဘာမှမဆိုင်ပါဘူး”
“ကျွန်တော် မေးကြည့်လိုက်တော့ ခင်ဗျားတပည့်တွေကို မှိုစားခိုင်းတာက ကျွန်တော့် တပည့်ပါ…..” ယန်ကျီချွမ်က လုပ်ယူပြုံးရင်း ပြောလိုက်သည်။
“သူတို့ သွားစားတာ သူတို့အပြစ်ပဲ။ သူတို့ ဘယ်လူနာဆောင်ထဲမှာလဲ?” လင်းကျူးရွှေက အေးစက်စွာ ပြောလိုက်သည်။
ယန်ကျီချွမ်က ညာဘက်ကို ညွှန်ပြလိုက်သည်။
လင်းကျူးရွှေ : “ဒါဆိုရင် ကျွန်တော် သွားကြည့်လိုက်ဦးမယ်”
ယန်ကျီချွမ်က လင်းကျူးရွှေ၏ နောက်ကျောကိုကြည့်ရင်း အကြောင်းအရင်းတစ်ချို့ကြောင့် လင်းကျူးရွှေ၏ တပည့်နှစ်ဦးအပေါ် ကရုဏာသက်လိုက်မိသွားသည်….
စာရေးသူ၏ စာကြွင်း :
လင်းကျူးရွှေ : အဲ့ဒီ့တော့ မင်းက မှိုစားရတာကိုကြိုက်တယ်ပေါ့လေ။ ဒါဆို ငါက မင်းကို ပိုကြီးတဲ့ မှိုမျိုးကျွေးရမလား?
ကျိုးကျားယွီ : ….အဟင့် မှားသွားပါတယ်…မဆန့်ဘူး၊ ပါးစပ်နဲ့မဆန့်တော့ဘူး…