ရှန်ရိချွင်းနှင့်ကျိုးကျားယွီတို့ စကားပြောနေရင်း ကျောက်တုံးခွဲသည့် ဆရာခုနှစ်ယောက်၊ ရှစ်ယောက်ခန့်က ကျောက်တုံးခွဲရာနေရာသို့ ဝင်လာကြောင်း မျက်နှာပြင်ပေါ်၌ တွေ့လိုက်ရသည်။
ထိုဆရာများက ထိုနေရာတွင် အကျွမ်းကျင်ဆုံးဟု ရှန်ရိချွင်းဆိုသည်။ ကျောက်တုံးကို ကြည့်ရုံနှင့်တင် ဘယ်လိုကျောက်စိမ်းအမျိုးအစား တွေ့နိုင်ကြောင်း တန်းပြောနိုင်ကြသည်။ နောက်ပိုင်းသုံးသပ်ချက်ကမူ သွေးခြင်း၊ ဖြတ်ခြင်း စသည့် ခွဲထုတ်သည့်နည်းလမ်းအပေါ် မူတည်သည်။ နောက်ဆုံးတွင်မူ ကျောက်စိမ်းအပြည့်အဝ ထွက်လာရေးကိုသာ အလေးပေး၏။
ကျောက်စိမ်းကို မတော်တဆတစ်ဝက်ဖြတ်မိပါက တန်ဖိုးလျော့ကျသွားလိမ့်မည်။
ကျယ်လောင်သည့်စက်သံတစ်ချက်နှင့်အတူ ကျောက်တုံးအပေါ်ယံမှာ ဖြည်းညှင်းစွာကွဲသွားကာ အတွင်း၌ လှပသည့်ကျောက်စိမ်းထွက်ပေါ်လာသည်။ ဖန်သားပြင်မျက်နှာပြင်ကြီးက ခွဲသည့်မြင်ကွင်းအား ခုနှစ်ခန်း၊ ရှစ်ခန်းခန့်ချဲ့ပြကာ ကျောက်တုံးတစ်တုံးချင်းစီ၏အရည်အသွေးကို ရှင်းရှင်းလင်းလင်း ကြည့်ခိုင်းသည်။
ခုနှစ်ခန်း၊ ရှစ်ခန်းကြား၌ တစ်ခုက အကြာဆုံးဖြစ်သည်။ ကျောက်တုံးက အလွန်ထူးဆန်းပြီး အပေါ်ယံက သာမန်သာဖြစ်သော်ငြား အပေါ်လွှားပါးကို ခွဲလိုက်သည့်အခါ ကြည်လင်သန့်ရှင်းသည့်အစိမ်းရောင် ထွက်ပေါ်လာသည်။ ဆရာက ကျောက်တုံးကို မီးထိုးကြည့်ပြီး အလင်းကား မြစိမ်းရောင်တောက်ပသွားလေသည်။ ကျိုးကျားယွီကဲ့သို့ မကျွမ်းကျင်သူပင် ထိုကျောက်တုံး အရည်အသွေးကောင်းမှန်းသိသည်။
“တကယ် ဖန်အမျိုးအစားပဲ။”
ရှန်ရိချွင်းက ထိုအကြောင်းများစွာ သိပြီးပြောသည်။
“အစိမ်းရောင်တွေအများကြီးပါပြီး ကြည်တာကလည်း မဆိုးဘူး။”
သူ မျက်မှောင်ကျုံ့ပြီးပြော၏။
“ငါ မမှားဘူးဆိုရင် အဲ့လူ ပထမရမှာ။”
ကျောက်စိမ်းများကြား ဖန်သားကျောက်က အကောင်းဆုံးအမျိုးအစားဖြစ်ပြီး ၎င်း၏နူးညံ့သည့်အသားနှင့် ဖန်ကဲ့သို့ကြည်လင်နေမှုကြောင့် ထိုနာမည်ပေးထားခြင်းဖြစ်သည်။ တောက်ပနေသည့် ကျောက်တုံးများကြား ဖန်သားကျောက်က တစ်သန်း၌ တစ်တုံးသာရှိနိုင်ပြီး ခွဲပြီးလျှင် သေချာပေါက် တန်ဖိုးများစွာရှိသည်။
ကျိုးကျားယွီက စကားမပြောဘဲ တိတ်တိတ်လေးနားထောင်နေသည်။
ပထမခွဲသည့်အသုတ်တွင် အကြီးမှအသေးအထိ အကုန်ကျောက်စိမ်းပါကြသည်။ သို့သော် ဖန်သားကျောက်စိမ်းတစ်မျိုးထဲသာ ထွက်လာပြီး ကျန်ကျောက်စိမ်းအများစုက ရေခဲကျောက်စိမ်းသာဖြစ်သည်။
ပထမအသုတ်၌ လင်းကျူးရွှေရွေးထားသည်များလည်း ပါသည်။ သူ ရွေးထားသည့် ကျောက်တုံးသုံးတုံးကြားတွင် အကုန်ထိပ်တန်း ရေခဲကျောက်စိမ်းများဖြစ်ပြီး အကောင်းဆုံး ရေခဲကျောက်စိမ်းဟု သတ်မှတ်နိုင်သည်။ တကယ်တမ်းတွင် ထိပ်တန်းရေခဲကျောက်နှင့် ဖန်သားကျောက်ကြားရှိကွာခြားချက်က သေးသည်ဟုဆိုသော်ငြား ထိုကွာခြားမှုသေးသေးလေးကပင် ကျောက်စိမ်းအဆင့်အတန်းကို တန်းကျသွားစေသည်။
အဖြူရောင်ဝတ်ထားသည့် ဒိုင်လူကြီးရွှီကျန်က ရယ်သည်။ သူ အဘယ်ကြောင့် အလွန်ပျော်နေကြောင်း ကျိုးကျားယွီသိချင်နေစဉ် ဘေးနားရှိ ရှန်ရိချွင်းက ရှင်းပြသည်။
“ဖန်သားကျောက်ရတာ သူ့တပည့်လေ”
“မအံ့ဩတော့ပါဘူး”
ကျိုးကျားယွီ ပြောလိုက်သည်။
“အင်း စာပေပညာမှာ ပထမဆိုတာမရှိဘူး၊ သိုင်းပညာမှာ ဒုတိယဆိုတာမရှိဘူးလို့ ပြောကြတယါ။ ငါတို့နယ်ပယ်က သိုင်းပညာနဲ့ တော်တော်လေးမအပ်စပ်ပေမဲ့ ပထမ၊ ဒုတိယစီတဲ့နေရာမှာ အရေးကြီးတယ်လို့ သတ်မှတ်လို့ရတယ်”
ရှန်ရိချွင်း သက်ပြင်းချသည်။
“ဆရာ ဖုန်းရွှေလောကထဲဝင်လာကတည်းက ရွှီကျန်က လောင်းရိပ်မိနေတာ။ ဒီနှစ် ရွှီကျန် သူ့ကိုကျော်သွားရင် တော်တော်ဂုဏ်ယူနေလောက်တယ်။”
ကျိုးကျားယွီ၏မျက်နှာက ကူကယ်ရာမဲ့သွားမှုကိုပြသကာ ကျီပါ့အပေါ်သာ မျှော်လင့်ရတော့မည်။ သူက မပြင်ဆင်ထားသည့်ကျောင်းသားတစ်ယောက်ဖြစ်ပြီး စာမေးပွဲရလဒ်အတွက် ကံကိုသာမှီခိုရတော့မည်။
“မင်းက တကယ် လင်းကျူးရွှေရဲ့တပည့်လား။”
ကျိုးကျားယွီ စဉ်းစားနေစဉ် တစ်ယောက်ယောက်က ပခုံးလာပုတ်သည်။ ပထမဆုံးတုံ့ပြန်မှုက အသံကိုရင်းနှီးနေသလို ခံစားရခြင်းဖြစ်ပြီး ထိုလူ့မျက်နှာကိုလှည့်ကြည့်လိုက်သည်။
“ခင်ဗျားလား။”
ပြိုင်ပွဲထဲမှာ သူ့ကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခဲ့သည့်လူ မဟုတ်ပါလား။
မမျှော်လင့်ထားစွာ၊ ဤအခိုက်အတန့်၌ လာနှုတ်ဆက်ရဲသည်။ ကျိုးကျားယွီ သတိကြီးကြီးထားလျက်မေးလိုက်သည်။
“ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ။”
ထိုလူမဖြေခင် ရှန်ရိချွင်းက မျက်မှောင်ကြုံ့လျက် ပြောလိုက်၏။
“ရွှီရူဝမ် မင်း ဒီမှာဘာလုပ်နေတာလဲ။”
“အနာကို ဆားပက်မလို့လာတာ။”
ရွှီရူဝမ်က အရှက်မရှိပြန်ပြောသည်။
သူ့ပွင့်လင်းမှုကြောင့် ကျိုးကျားယွီလန့်သွားသည်။
ရှန်ရိချွင်းက အံကြိတ်လျက်ပြောသည်။
“လစ်စမ်းပါ ကျောက်တုံးတွေ အကုန်ခွဲလို့တောင် မပြီးသေးဘူး။ မင်း မိုက်ရိုင်းတာတွေ သောက်ဂရုမစိုက်ဘူး။”
ရွှီရူဝမ် ပြုံးပြီးပြောလေ၏။
“အဲ့ဖန်သားကျောက်ကို ငါရွေးထားတာ။ အဲ့ကျောက်တုံးနဲ့ဆိုရင် အနာကို ဆားပက်ဖို့အရည်အချင်း မရှိဘူးလား”
ရှန်ရိချွင်းက လှောင်ရယ်ကာ ဘေးနား၌ ဘာမှမသိဘဲရပ်နေသည့်ကျိုးကျားယွီကို တွန်းထုတ်လိုက်သည်။
“သူက မင်းထက်အများကြီးပိုစွမ်းတယ်”
ကျိုးကျားယွီ : “…”
ချွင်းချွင်း မင်း ခုနကပြောတာ အဲ့စကားမဟုတ်ပါဘူး။
ရွှီရူဝမ်က ရယ်ပြီးပြောသည်။
“သူလား၊ သူက တော်တော်ချစ်စရာကောင်းပေမဲ့ ငါ့ထက်ပိုစွမ်းတယ်လို့ ပြောဖို့ကျတော့…”
သူ့အပြုံးက အေးစက်သွားလျက်ပြောသည်။
“ပါးရိုက်ခံရမှာ မကြောက်ဘူးလား”
သူ ရှန်ရိချွင်းကို တမင်ရန်စနေမှန်းသိသာသည်။ ရှန်ရိချွင်း ပြန်တုံ့ပြန်တော့မည်ကိုကြည့်ရင်း ကျိုးကျားယွီ လှမ်းဆွဲပြီးပြောလိုက်သည်။
“ရိချွင်း စိတ်အေးအေးထား။ မင်း ငါ့အတွက် အရောင်ရွေးပေးရဦးမယ်”
ရှန်ရိချွင် : “…”
သူ အရောင်ဟူသည့်စကားလုံး ကြားလိုက်ရသောကြောင့် ဖြစ်နိုင်သည်။ အမှန်တကယ် စိတ်ငြိမ်သွားလေသည်။ ရွှီရူဝမ်အား စူးစူးရဲရဲစိုက်ကြည့်ကာ ကျိုးကျားယွီကိုဆွဲခေါ်သွားလေသည်။
ရွှီရူဝမ် သူတို့နောက်ကျောများကိုကြည့်ပြီး လေးလေးနက်နက် ဆင်ခြင်သုံးသပ်နေသည့်မျက်နှာအမူအရာ ထွက်ပေါ်လာလေသည်။
လက်ရှိတစ်သုတ်ဖြတ်ပြီးနောက် နောက်တစ်သုတ်ပြင်ဆင်ထားကြသည်။ ယခင်က ရှန်ရိချွင်း ပြောသည့်အတိုင်းပင်၊ ဖန်သားကျောက်စိမ်းအမျိုးအစား ထပ်ထွက်မလာပေ။ နောက်ပိုင်းခွဲသည့် ကျောက်တုံးဆယ်တုံးကျော်မှာ ၎င်းကိုယှဉ်ပင်မယှဉ်နိုင်ခဲ့။
ရှန်ရိချွင်း အရှုံးပေးသွားပုံရကာ စိတ်ပူပန်မှုအပြည့်နှင့် ဆေးလိပ်သောက်ရန် ကျိုးကျားယွီကို ဘေးသို့ဆွဲခေါ်သွားလေသည်။
သူ ပြောလေ၏။
“အိုး မင်းကျောက်တုံးကို မကြာခင်ခွဲတော့မယ်”
ကျိုးကျားယွီ ခေါင်းညိတ်သည်။
မျက်နှာပြင်ကိုမော့ကြည့်လိုက်ရာ ကျိုးကျားယွီ ၏ကျောက်တုံးတစ်တုံးတည်းသာ မခွဲရသေးကြောင်း တွေ့လိုက်ရသည်။
ကျောက်တုံးက အလွန်ကြီးသဖြင့် ခွဲမည့်ဆရာလည်း အနည်းငယ်ပူပန်နေသည်။ သို့သော် လင်းကျူးရွှေ သူ့လက်ကိုဝှေ့ယမ်းပြီး ဆရာ့ကို ပြောသည်။
“ဒီအကြောင်းအတိုင်း တစ်ချက်တည်းခွဲလိုက်”
တခြားတစ်ယောက်ယောက်သာဆိုလျှင် တိတ်တိတ်နေရန် သေချာပေါက်ပြောမိမည်ဖြစ်သော်ငြား လင်းကျူးရွှေကမူ တော်တော်လေး နာမည်ကြီးသည်။ ထို့ကြောင့် ဆရာခေါင်းညိတ်ကာ ကျောက်ဖြတ်စက်ကိုင်လျက် ကျိုးကျားယွီ ရွေးထားသည့်ကျောက်တုံးကို ပထမတစ်ချက် စဖြတ်သည်။
သတ္တုနှင့်ကျောက်တုံးတို့ အရှိန်ပြင်းပြင်း ပွတ်တိုက်သံက အလွန်စူးရှ၏။ ကျောက်တုံးကြီးမှာ သာမန်ကဲ့သို့သာထင်ရသော်လည်း လင်းကျူးရွှေ၏တပည့် ရွေးထားသဖြင့် အားလုံးက အနည်းငယ်စိတ်ပူပန်နေကြသည်။
သို့သော် ဓားသွားအောက်ခြေသို့ရောက်သွားချိန် ကျောက်တုံး၏အတွင်းပိုင်း ထွက်ပေါ်လာပြီး အားလုံး ချက်ချင်းအုတ်အော်သောင်းနင်းဖြစ်သွားလေသည်။
အတွင်းပိုင်းကား အပြင်ကဲ့သို့ဖြူစွတ်နေပြီး ကျောက်စိမ်းလက္ခဏာမရှိပေ။
“သွားပြီ”
ကျိုးကျားယွီ၏နှလုံးသား ဒုတ်ခနဲကျသွားလေသည်။
ရှန်ရိချွင်း၏မျက်နှာလည်း ဖြူစုတ်သွားကာ လေးလံစွာသက်ပြင်းချသည်။
ရွှီကျန်က ဟက်ဟက်ပက်ပက်ရယ်မောပြီး ပြောသည်။
“လင်းကျူးရွှေ မင်းတပည့်မှာ ထွင်းဖောက်မြင်နိုင်စွမ်းရှိပြီး ဒီလိုကျောက်တုံးမျိုးရွေးလာလိမ့်မယ်လို့ မထင်ထားဘူး”
တခြားဒိုင်လူကြီးများလည်း နောင်တကိုထုတ်ပြလာပြီး ယခုတစ်ခေါက် လင်းကျူးရွှေ အမှားလုပ်မိပြီဟု ခံစားနေရကြောင်းသိသာသည်။
မထင်ထားစွာ၊ လင်းကျူးရွှေ တည်တည်ငြိမ်ငြိမ်နှင့် ပေါ့ပါးစွာပြောသည်။
“ဒီအကြောင်းအတိုင်း နောက်တစ်ချက်ထပ်ခွဲ”
ခွဲသည့်ဆရာက များများစားစားမပြောသော်လည်း ကျောက်တုံး၏ဦးတည်ချက်ပြောင်းကာ နောက်တစ်ခါထပ်ဖြတ်သည်။
ရွှီကျန်သည် လင်းကျူးရွှေက အရှုံးကိုလက်မခံချင်ဘူးဟုသာ မှတ်ယူပြီးပြုံးသည်။
“တစ်ခါလောက်ရှုံးတာ ဘာဖြစ်လို့လဲ။ မင်း ငါ့ကို ဆယ်နှစ်ကျော်လောက်နိုင်လာတာလေ။ ငါ့နေရာကိုပြန်ယူဖို့ ငါ့တပည့်ကူညီပေးတာကို မကြိုက်သေးဘူးလား”
သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ကျောက်ခွဲဆရာက ထအော်လေသည်။
“စိမ်းနေတယ်”
ရွှီကျန်၏မျက်နှာထား တောင့်တင်းသွားကာ အံကြိတ်ပြီး ပြောလိုက်သည်။
“ဒီကျောက်တုံးအရည်အသွေးကို ကြည့်ဦး၊ အထဲက အစိမ်းက ခွေးချီးစိမ်းပဲဖြစ်မှာ။ ငါ စောက်ဂရုမစိုက်ဘူး”
သူ မကြောက်ဘူးဟုပြောသော်လည်း ကျောက်တုံးဖြတ်ထားသည့်နေရာကို သေချာစိုက်ကြည့်နေဆဲပင်။
ကျောက်ဖြတ်သံထပ်ထွက်လာပြီး ဓားသွားက ဖြည်းညှင်းစွာဆင်းသက်သွားသည်။ ကြည့်နေကြသည့်ကြည့်ရှုသူနှင့်ပြိုင်ပွဲဝင်များ ထပ်လန့်သွားကြလေသည်။ သို့သော် ဤတစ်ကြိမ်တွင် လင်းကျူးရွှေးအမှားကြောင့် လန့်ခြင်းမဟုတ်ဘဲ သူတို့အရှေ့ရှိမျက်နှာပြင်ကြောင့် လန့်ခြင်းဖြစ်သည်။
ဓားသွား၏ညာဘက်၌ တောက်ပနေသည့်အစိမ်းရောင် ထွက်ပေါ်လာလေသည်။ ထိုအစိမ်းရောင်ကား လှိုင်းထနေသည့်ရေပြင်ကဲ့သို့ ရွှန်းစိုကြည်လင်တောက်ပကာ အရည်အဖြစ်အရည်ပျော်ပြီး တစ်ခဏအတွင်း စီးကျလာတော့မလိုပင်။ ရုပ်ဆိုးအကျည်းတန်သည့်ကျောက်တုံးနှင့် ဆန့်ကျင်ဘက်ဖြစ်နေတော့သည်။
“ဖန်သားကျောက်ပဲ”
ကျောက်ခွဲဆရာမှာ ချွေးအေးများထွက်လာသည်။ စက်ကိုအမြန်ရပ်ကာ ပစ္စည်းတစ်ခု ကောက်ကိုင်ပြီး ဂရုတစိုက်ထပ်အော်သည်။
“တော်ဝင်ကျောက်စိမ်း၊ တော်ဝင်ကျောက်စိမ်း”
ရွှီကျန်တောင့်ခဲသွားလျက် စိတ်တိုပြီးပြောလိုက်သည်။
“မရပ်နဲ့။ ဆက်ခွဲ။ အလွှာပါးလေးပဲဆို ဘယ်လိုလုပ်မလဲ”
ထိုစကားများ ပြောလိုက်သော်လည်း သူကိုယ်တိုင်ပင် မယုံချင်ပေ။ အစိမ်းရောင်၏ကြည်လင်မှုကိုကြည့်ပါက အထူသားဖြစ်မည်။
ကျောက်ခွဲဆရာသည် အလောခံရသော်လည်း ဂရုမစိုက်ဘဲမနေရဲပေ။ နည်းပညာအမှားကြောင့် ကျောက်တုံးကိုဖျက်ဆီးမိပါက သူ့ကိုယ်သူ ရောင်းလိုက်သည့်တိုင် အစားပြန်ထိုးနိုင်မည်မဟုတ်။
“ဒီကိုဖြတ်”
လင်းကျူးရွှေ ပြောလိုက်သည်။
လင်းကျူးရွှေ၏ညွှန်ကြားမှုကို နားထောင်ကာ ကျောက်ခွဲဆရာက ဖြည်းညှင်းစွာဆက်ဖြတ်သည်။
အားလုံးအသက်ရှူသံထိန်းထားပြီး သန့်ရှင်းလှပသည့်ရှားပါးကျောက်စိမ်းက သူတို့မျက်စိရှေ့တွင်ထွက်ပေါ်လာလေသည်။
ရွှီကျန်၏ခပ်ဆိုးဆိုးမျက်နှာကို ကြည့်လျက် လင်းကျူးရွှေက ဗြောင်ကျကျပြောလိုက်သည်။
“ဟုတ်တယ်။ ငါ့တပည့်မှာ ထွင်းဖောက်မြင်နိုင်စွမ်းရှိပြီး ဒီလိုကျောက်တုံးမျိုးရွေးလာလိမ့်မယ်လို့ မထင်ထားဘူး"
ရွှီကျန် သူ့ကိုပြောခဲ့သည့်စကားများ ပြန်ပြောလိုက်ခြင်းဖြစ်သည်။
ရွှီကျန်က ဘာမှမပြောသော်လည်း လှည့်ထွက်သွားလေသည်။
“လီး လီး ဖန်သားကျောက်၊ တော်ဝင်ကျောက်စိမ်း”
အပြင်၌ မျက်နှာပြင်ကိုစိုက်ကြည့်နေသည့် ရှန်ရိချွင်းမှာ အလွန်စိတ်လှုပ်ရှားသွားကာ စီးကရက်ကိုပင် သေချာမကိုင်နိုင်တော့ဘဲ ထအော်လေသည်။
“ကျိုးကျားယွီ မင်း တကယ်အရည်အချင်းရှိတာပဲ”
သူ ဘယ်လောက်စွမ်းကြောင်း ကျိုးကျားယွီမခံစားရသော်လည်း နဖူးပေါ်ရှိချွေးအေးများကို တိတ်တိတ်လေးသုတ်ပစ်လိုက်သည်။ နောက်ဆုံးတွင်မူ အရိုးပြာအိုးကိုနှုတ်ဆက်နိုင်လေပြီ။
“မင်း ဘယ်လိုပြောချင်လဲ? မင်း ဘာပြောချင်သေးလဲ”
ရှန်ရိချွင်း ပြောသည်။
“လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက ငါ့စီနီယာအစ်ကိုပြိုင်ပြီးတော့ ပြိုင်ပွဲကွင်းထဲကို သူနဲ့အတူထပ်သွားခဲ့တယ်။ ငါတို့ ဒီကျောက်တုံးကိုတွေ့ပြီး ဒါကို ယူတဲ့ကောင်ကတော့ အရူးပဲလို့ နောက်ခဲ့သေးတာ”
ကျောက်မိုင်းထဲရှိ ရိုးရိုးကျောက်တုံးများကို ပေါင်နှင့်ရောင်းကြသည်။ တန်အနည်းငယ်ခန့် လေးသည့် ရုပ်ဆိုးဆိုးကျောက်တုံးကြီးအား ဘယ်အရူးကဝယ်မည်နည်း။
“နောက်ဆုံးတော့လည်း အရူးက ငါပေါ့။”
ရှန်ရိချွင်း ရယ်လိုက်သည်။
ကျိုးကျားယွီက ကျောက်စိမ်းတန်ဖိုးကို မတွေးတတ်ဘဲပြောလိုက်သည်။
“တော်ဝင်ကျောက်စိမ်းကိုရောင်းရင် ဘယ်လောက်ရလို့လဲ"
ရှန်ရိချွင်း ပြောသည်။
“ဂရမ်တိုင်းက သောင်းကျော်တယ်။”
ကျိုးကျားယွီ : “…”
သူ ထိုမျှများများ မတွေးမိခဲ့။
ရှန်ရိချွင်းက ဆက်ပြောသည်။
“ခွဲလိုက်တဲ့မင်းရဲ့ကျောက်က ဆယ်ပေါင်ကျော်လောက်လေးမှာ”
ကျိုးကျားယွီ : “အဲ့တော့…”
“အဲ့တော့ အခု မင်း အနည်းဆုံးသန်းကြွယ်သူဌေးဖြစ်ပြီပေါ့”
ရှန်ရိချွင်း ပြောလိုက်သည်။
ကျိုးကျားယွီခမျာ ဝုန်းကနဲ ထခုန်ပြီးပြော၏။
"အကျိုးနည်း တကယ်လား”
ရှန်ရိချွင်းက နှာခေါင်းကိုထိလျက် ပြောသည်။
“မဟုတ်ဘူး။ ခွဲတဲ့ကျောက်တုံးတွေအကုန် လေလံတင်ပြီး ရလာတဲ့အမြတ်ကို လှူပစ်မှာ။”
ကျိုးကျားယွီခမျာ နာကြည်းလျက်ဒူးထောက်ကာ မမေးခဲ့လျှင်ကောင်းသားဟု တွေးလိုက်မိသည်။
မျက်နှာပြင်အရှေ့၌ တခြားသူများ၏တုံ့ပြန်မှုများလည်း ရှန်ရိချွင်းကဲ့သို့ ပြင်းထန်သွားကြသည်။ ယခင်တုန်းက ရှန်ရိချွင်းကို လှောင်ခဲ့သည့်ရွှီရူဝမ်လည်း ယခုအခါကြည့်ရဆိုးနေ၏။ ကိစ္စများ အဆင်မပြေတော့ကြောင်းသိသွားပြီး ထွက်သွားရန်ကြိုးပမ်းသော်လည်း အနောက်မှ ရှန်ရိချွင်းဖမ်းထားခြင်း ခံလိုက်ရလေသည်။ ရှန်ရိချွင်း မေးလိုက်သည်။
“ဘယ်သွားမလို့လဲ ဝမ်ဝမ်။”
ရွှီရူဝမ် : “…”
ဝမ်ဝမ်ဟူသည့်နာမည်ကို မည်သူမဆို ခွေးနာမည်ဟုထင်လိမ့်မည်။
ရှန်ရိချွင်းက ဆက်ပြောသည်။
“မင်းက ငါ့မိသားစုရဲ့ငါးလေးကို စော်ကားတာကို ဒီအတိုင်းထွက်သွားချင်တယ်ပေါ့။ မတောင်းပန်ဘဲနဲ့လေ? ဟမ်?”
ရွှီရူဝမ်က အံကြိတ်လျက်ပြန်ပြောသည်။
“ကျေနပ်မနေနဲ့ ရှန်ရိချွင်း။ အခုမှ အကြိုပြိုင်ပွဲပဲ ရှိသေးတယ်”
ရှန်ရိချွင်း ပြန်ပြောသည်။
“ဒါဆို မင်းက အကြိုပြိုင်ပွဲကိုတောင်မနိုင်ဘူးပေါ့။”
ရွှီရူဝမ် : “…ရှန်ရိချွင်း မကောင်းတဲ့ကောင် စောင့်နေလိုက်။ နောက်တစ်ပွဲကျ မင်းအမေတောင် မင်းကိုမမှတ်မိတဲ့အထိ မင်းတို့နှစ်ယောက်ကိုမရိုက်ဘူးဆိုရင် ငါ့မျိုးရိုးနာမည် ရွှီ မဟုတ်တော့ဘူး”
ထိုစကားပြောကာ ထွက်သွားသည်မှာ အလွန်စိတ်ဆိုးသွားကြောင်း ထင်ရှား၏။
ကျိုးကျားယွီ :”???”
သူ ဘာလို့ ထူးထူးခြားခြားထည့်ပြောနေတာလဲ။
ရှန်ရိချွင်းကမူ ပြောနေဆဲပင်။
“ကျားယွီ ကံကောင်းပါစေ။”
ကျိုးကျားယွီ :”…”
သူနဲ့ ဘာသောက်လုပ်လုပ်စရာရှိသေးလို့လဲ?
ရှန်ရိချွင်းရဲ့လှောင်နိုင်စွမ်းက တော်တော်ကောင်းတာပဲ!
စာရေးသူမှာ ပြောစရာရှိတယ်။
လင်းကျူးရွှေ : လာပါဦး ဆုချမလို့။
ကျိုးကျားယွီ : ဘာနဲ့ဆုချမှာလဲ?
လင်းကျူးရွှေ : အနမ်းနဲ့...!!!
End...