no

Font
Theme

အပိုင်း ၁၂

စစ်ဆေးပြီးနောက် ကျိုးကျားယွီ ပြိုင်ပွဲအတွင်း ဝင်သွားလေသည်။

အတွင်း၌ လူအပြည့်ရှိနေသည်။ အလယ်၌ မျက်နှာပြင်အကြီးကြီးတစ်ခုရှိပြီး ဝင်ပေါက်ပိတ်ထားသောကြောင့် ထိုမျက်နှာပြင်မှာတောက်ပနေ၏။

ပြိုင်ပွဲအစီအစဉ်တင်ဆက်သူများက ထိုမျက်နှာပြင်ပေါ်တွင်ရပ်နေပြီး ယောက်ျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက် ဖြစ်သည်။ နှစ်ယောက်လုံးက အလွန်လှပကြသည်။ အဖွင့်အမှာစကားအား နှစ်ယောက်လုံး ညီညီညာညာပြောကြပြီး အားလုံးနွေးထွေးစွာ လက်ခုပ်တီးကြသည်။

ကျိုးကျားယွီလည်း လက်ခုပ်တီးသည်။ သူ့ဘေးတွင်မူ ယန်မြန်ရပ်နေသည်။ သူက ကျိုးကျားယွီထက် ပိုစိတ်လှုပ်ရှားနေပြီး နှုတ်ခမ်းစေ့ထားကာ မျက်နှာက အနည်းငယ်ဖြူစုတ်နေ၏။

အစီအစဉ်တင်ဆက်သူများက အဖွင့်အမှာစကားအဆုံးသတ်ပြီးနောက် ၂၇ကြိမ်မြောက် သိပ္ပံပြိုင်ပွဲစတင်ကြောင်း တရားကြေညာကြလေသည်။

ကျိုးကျားယွီ ကြောင်သွားသည်။

“…ယင်နဲ့ယန်ရဲ့ သိပ္ပံ?”

ယန်မြန် ပင်ပန်းနွမ်းလျလျက်ပြောသည်။

“ဟုတ်တယ်၊ စစ်ဆေးရေးတွေဖြတ်နိုင်အောင်လို့ ဒီလိုနာမည်ရွေးထားတာ…”

ကျိုးကျားယွီ : “…”

အစမှအဆုံးအထိ ပြိုင်ပွဲနာမည်ကို ထည့်မပြောခဲ့သည်မှာ အံ့ဩစရာမရှိတော့ပေ။

ယန်မြန် ပြောသည်။

“တကယ် အသံထွက်ဆိုးလိုက်တာ၊ ငါတို့အကုန် ပြောရမှာတောင် ရှကိတယ်။”

သို့သော် ပြိုင်ပွဲနာမည်က ဆိုးရွားသော်ငြား ပြိုင်ပွဲ၌ သူ့စံနှုန်းနှင့်သူရှိကာ ဆုကြေးငွေက ဆွဲဆောင်နေသည်။ နှစ်တိုင်း လူပေါင်းများစွာ ပါဝင်ကြပြီး ပထမဆုနေရာကလည်း အလွန်အဖိုးတန်သည်။

သူတို့နှစ်ယောက်စကားပြောနေစဉ် အစီအစဉ်တင်ဆက်သူများက အစမ်းပွဲအတွက် စည်းမျဉ်းများ စတင်ကြေညာနေပြီဖြစ်သည်။

ကျိုးကျားယွီ သေချာအာရုံစိုက်နားထောင်သည်။ နားထောင်ပြီးနောက် သူ လုံးဝကြောင်သွား၏။

“သောက်ကျိုးနည်း အကြည့်ကို ဖမ်းစားတဲ့ကျောက်တုံးကိုရွေးပါဆိုတာ ဘာကိုပြောတာလဲ။”

ထိုစကားများကို ယန်မြန်ကြားသောအခါ အံ့အားသင့်ပြီးပြောသည်။

“ကျောက်တုံး ဘယ်လိုရွေးရမလဲဆိုတာ ဆရာလင်း မသင်ပေးဘူးလား။”

ကျိုးကျားယွီ : “..မသင်ပေးထားဘူး…”

ယန်မြန်ပြောသည်။

“ကျောက်တုံးတွေ အရင်သွားကြည့်ကြရအောင်။ အဲ့ရောက်ရင် ငါ ပြောပြမယ်။”

သူ ခေါင်းကုတ်ကာ ပဟေဠိဖြစ်သွားပုံရသော်လည်း နှိုက်နှိုက်ချွတ်ချွတ်မတွေးပေ။ ဤသို့သောပရိတ်သတ်မျိုး၏မျက်လုံးထဲတွင် လင်းကျူးရွှေက ကျိုးကျားယွီကို ချက်စားလိုက်လျှင်ပင် သူတို့က ‘ဆရာလင်းက အရမ်းအံ့ဩစရာကောင်းတယ်၊ သူ အပူကို ကောင်းကောင်းထိန်းချုပ်နိုင်တယ်’ ဟု တုံ့ပြန်ကြလိမ့်မည်။

ကျိုးကျားယွီ သဘောသာတူလိုက်နိုင်သည်။

သူတို့လူအုပ်အတိုင်းလိုက်လာကာ ကျောက်တုံးပုံစံပေါင်းစုံပြည့်နေသည့်နေရာကြီးသို့ရောက်ရန် ပြိုင်ပွဲတစ်ဖက်ရှိလမ်းအတိုင်း လျှောက်လာသည်။ ၎င်းတို့က အရွယ်အမျိုးမျိုးရှိကာ မျက်စိစူးစေသည်။

“အပြင်လူတွေကတော့ စွန့်စားရေးကျောက်တုံးလို့ခေါ်ပေမဲ့ ငါတို့ကတော့ စုဆောင်းရေးကျောက်တုံးလို့ခေါ်တယ်။”

ယန်မြန် ရှင်းပြသည်။

“ဒီကျောက်တုံးတွေမှာ ကျောက်စိမ်းအရည်အသွေးအပြည့်ပဲ။ အရည်အသွေးကလည်း အမျိုးမျိုးရှိတယ်။ အကုန်လုံးကတော့ ကျောက်တုံးချည်းပဲပေါ့။ ခွဲလိုက်မှသာ ကျောက်စိမ်းအရည်အသွေးသိရတာ။”

ကျိုးကျားယွီ : “ ငါ အရင်က ကြားဖူးသလိုပဲ”

ယန်မြန် ခေါင်းညိတ်ပြီး ပြောသည်။

“ဒါဆို ကောင်းတာပေါ့။ ကျောက်စိမ်းအမျိုးမျိုးရဲ့အရည်အသွေးနဲ့စွမ်းအားက တော်တော်လေးကွဲတယ်။ ကောင်းတဲ့ကျောက်တွေကို အသုံးဝင်တဲ့မှော်ပစ္စည်းတွေလုပ်နေချိန် မကောင်းတဲ့ဟာတွေက သုံးစားမရတော့ဘူး။ အဲ့ဒါကြောင့် ကျွမ်းကျင်တဲ့ဖုန်းရွှေဆရာတစ်ယောက်က အဲ့နှစ်ခုကို အလွယ်တကူခွဲတတ်ရမယ်။”

ကျိုးကျားယွီ : “မင်း ခွဲတတ်လား။”

ယန်မြန်‌ ခေါင်းကုတ်ပြီး အရူးတစ်ယောက်ကဲ့သို့ ရယ်သည်။

“ဟားဟား အရမ်းတော့မကျွမ်းဘူး။ ဒါက တကယ် နည်းနည်းခက်တဲ့ဟာမို့လို့လေ”

ကျိုးကျားယွီ : “…”

သူ့ခေါင်းပေါ်သို့ ဓားစက်များကျလာသလိုခံစားရသည်။

အတိုချုပ်ရှင်းပြပြီးနောက် ယန်မြန်က ကျိုးကျားယွီနှင့်ကွဲထွက်ကာ သူ့ပုံစံက အနည်းငယ် သောကများပုံပေါက်နေသည်။

ကျိုးကျားယွီ လိုက်ကြည့်နေရာမှ လူအများစုက သူတို့ကျောက်တုံးများ ရွေးထားပြီဖြစ်ကြောင်းသာ သိလိုက်ရသည်။ လမ်းလယ်ခေါင်တွင်ရပ်ရသည်မှာ အနည်းငယ်အူကြောင်ကြောင်နိုင်သဖြင့် ဘေးဘက်သို့ တိတ်ဆိတ်စွာလျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူ့အနားမှ ကျောက်တုံးတချို့ကိုယူကြည့်ပြီး ပြော၏။

“အမ်…မမှည့်သေးဘူး။”

သူ့ဘေးနားရှိ ပြိုင်ပွဲဝင်တစ်ယောက်က မပြုံးဘဲ မနေနိုင်ဖြစ်ကာ ပြောလေသည်။

“အစ်ကိုကြီး ဖရဲသီးရွေးနေတာလား။”

ကျိုးကျားယွီ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မျက်ဝန်းအတွင်းရှိအကြည့်က ပြိုင်ပွဲဝင်ကို တုန်လှုပ်သွားစေသည်။ သူ အားတင်းပြီး ပြုံးလျက်ပြော၏။

“ဟားဟားဟား စတာပါ စိတ်မရှိပါနဲ့။”

ကျိုးကျားယွီ : “ဟား၊ ကျွန်တော် ကျောက်တုံးရွေးနေလို့လား။ ကျွန်တော့်ပြာအတွက် ကျောက်စိမ်းအိုးရွေးနေတာ အသိသာကြီး။”

စုဆောင်းရေးကျောက်တုံးပဲဖြစ်ဖြစ်၊ စွန့်စားရေးကျောက်တုံးပဲဖြစ်ဖြစ် ကျိုးကျားယွီကမူ လုံးဝ နလပိန်းတုံးတစ်ယောက်သာဖြစ်သည်။ ခဲရောင်ကျောက်တုံးတိုင်းက သူ့အတွက် တူညီလုနီးနီးပင်။ ဟိုကောက်ကြည့်၊ ဒီကောက်ကြည့်ရာမှ နောက်ဆုံးတွင်မူ ကူကယ်ရာမဲ့စွာပြောသည်။

“ကျီပါ့ တိတ်မနေနဲ့၊ မင်း host အသစ်ရှာဖို့ အဆင်သင့်မဖြစ်သေးဘူးမလား။”

ကျီပါ့ ပြောသည်။

“ငါက အဲ့လိုငှက်မျိုးလား။”

ကျိုးကျားယွီ၏မျက်နှာက သံသယကိုထုတ်ဖော်ပြသနေသည်။

နောက်ဆုံးတွင်မူ ကျီပါ့ လွန်စွာ မဆီလျော်နေခြင်းမဟုတ်ပေ။ ၎င်းက အနက်ရောင် တောင်ပံများကိုဖြန့်ကာ ပြင်းထန်စွာခတ်ရင်း ထူးဆန်းသည့်ကိုယ်ဟန်အနေအထားကိုလုပ်၍ ပြောသည်။

“မျက်စိမှိတ်ထား။”

ကျိုးကျားယွီ မျက်လုံးမှိတ်လိုက်သည်။

သူ နားမလည်သည့်ကျမ်းစာရွတ်ဖတ်သံများ စိတ်ထဲတွင်မြည်ဟီးလာသည်။ ကျိုးကျားယွီ မျက်လုံးပြန်ဖွင့်လိုက်ချိန် ဘေးပတ်ဝန်းကျင်မြင်ကွင်းက ပြောင်းလဲသွားကြောင်း သိလိုက်ရသည်။ အတိအကျဆိုရလျှင် လောကကြီးတစ်ခုလုံး ပြောင်းလဲသွားခြင်းဖြစ်သည်။

ကျိုးကျားယွီ မျက်လုံးမှ အရောင်များအားလုံး တဖြည်းဖြည်းပျောက်ကွယ်ကာ အဖြူ၊ အမည်းအဖြစ်ပြောင်းလဲသွားသည်။ အဖြူအမည်းကမ္ဘာ ၌ ပတ်ဝန်းကျင်ရှိကျောက်တုံးများသာ အရောင်ရှိပြီး တောက်ပသည့်အလင်းတန်းများထုတ်လွှတ်နေချိန် လူများအားလုံးက အမည်းရောင်အရိပ်များ ဖြစ်သွားကြသည်။

တချို့အလင်းများကကြီးပြီး တချို့ကသေး၏။ တချို့ကမူ အကြည့်ဖမ်းစားစရာများဖြစ်နေပြီး တချို့ကမှိုင်းနေသည်။ ညအချိန်အခါ၌ ကြယ်များဖြန့်ကျက် ထွန်းလင်းနေသကဲ့သို့ ကျိုးကျားယွီကိုအံ့ဩစေသည်။

ကျီပါ့ အသံထပ်ထွက်လာသည်။

“မြန်မြန်ရှာ။”

ကျိုးကျားယွီ၏အကြည့်က ပြိုင်ပွဲနေရာတစ်ခုလုံးသို့ဖြန့်ကျက်လိုက်ပြီး အတောက်ပဆုံး အလင်း၌ အဆုံးသတ်သွားသည်။ တခြားကျောက်တုံးများနှင့်ယှဉ်ကြည့်ပါက ၎င်း၏အလင်းကား ကြယ်များနှင့် တောက်ပသည့်လတစ်စင်းကဲ့သို့ ရိုးရှင်းစွာကွဲပြားလှသည်။ တစ်ချက်ကြည့်ရုံနှင့်တင် ကျိုးကျားယွီ အကြည့်မလွှဲနိုင်တော့ပေ။

“ငါ တွေ့ပြီ။”

သူ ပြော၏။

ကျီပါ့ : “ကောင်းပြီ”

မျက်တောင်တစ်ခတ်စာအတွင်း ကျိုးကျားယွီမျက်လုံးအတွင်းရှိလောကကြီးက မူလပုံစံပြန်ဖြစ်သွားသည်။

အသက်ကို ခပ်ဖွဖွတစ်ချက်ရှုကာ ရှေ့ဆက်သွားရန် ကြိုးပမ်းလိုက်သော်လည်း ခြေထောက်ကရုတ်တရက်ပျော့ခွေသွားပြီး လဲကျလုနီးနီးပင်။ ကံကောင်းစွာဖြင့် အနားရှိလူတစ်ယောက်က ကူတွဲပေးပြီး ပြောသည်။

“ဟေး မင်း အဆင်ပြေရဲ့လား။”

ကျိုးကျားယွီခမျာ ပြန်ဖြေရန် အချိန်ခဏယူလိုက်ရသည်။

“အမ်…ပြေပါတယ်။ ခြေထောက်တွေ နည်းနည်းအားနည်းသွားရုံပါ။”

ထိုလူ ပြော၏။

“ဘယ်လိုပဲဖြစ်ဖြစ် မင်းနိုင်မှာမဟုတ်ဘူး၊ စိတ်မလှုပ်ရှားပါနဲ့ ဟားဟားဟား။”

ကျိုးကျားယွီ : “…”

သူ ဖြည်းဖြည်းချင်းမော့ကြည့်ပြီး ထိုလူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

ထိုလူ ကျိုးကျားယွီ၏အကြည့်ကို မြင်သွားပြီး အနည်းငယ် ရှက်လျက်ပြောသည်။

“ဟေး ငါ စတာပါ။ အဲ့လိုကြီး မကြည့်ပါနဲ့”

ထိုလူ့အသွင်အပြင်က မဆိုးသော်ငြား စကားလုံးများက လူကို မပျော်မရွှင်ဖြစ်စေသည်။ ကျိုးကျားယွီက မျက်လုံးပြူးလျက်ပြောလိုက်၏။

“ခင်ဗျားကို ကြည့်တာ ဘာဖြစ်လို့လဲ။”

ထိုလူက ရုတ်တရက် ကျိုးကျားယွီအနားကပ်လာပြီး တိုးတိုးလေးပြောသည်။

“မင်း ငါ့ကို တောင်အောင် လုပ်မိမှာ။”

ကျိုးကျားယွီ :???

ထိုလူ စကားပြောအဆုံးသတ်ပြီး အပြုံးနှင့်ထွက်ခွာ သွားသည်။ မသွားခင် ကျိုးကျားယွီကို အလွန်စိတ်မပူရန်နှင့် အားကစားစိတ်ဓာတ်နှင့် အရည်အချင်းအတွက်သာယှဉ်ပြိုင်ရန် ပြောသွားသေးသည်။

ကျိုးကျားယွီ သူ လိင်ပိုင်းဆိုင်ရာစော်ကားခံလိုက်ရမှန်းမသိခင် အချိန်ခဏကြာသွားခဲ့သည်။ သူ ပြောသည်။

“အဲ့တော့ အခု မေးခွန်းထွက်လာပြီ…”

ကျီပါ့ : “ဘာမေးခွန်းလဲ။”

ကျိုးကျားယွီ : “တခြားသူတွေ လိင်ပိုင်းဆိုင်ရာစော်ကားရင်ပြိုင်ပွဲက အထုတ်ခံရမှာလား။”

ကျီပါ့ : “အဲ့အတွက် အစဉ်အလာရှိလို့လား။”

ကျိုးကျားယွီက လေးနက်သည့်အမူအရာနှင့် ပြိုင်ပွဲဝင်များကိုကြည့်ပြီးနောက် မတူညီသကဲ့သို့တွေးလိုက်သည်။ အားလုံး အလွန်စိတ်လှုပ်ရှားနေကြသဖြင့် တခြားအရာများအကြောင်းတွေးချင်စိတ်မရှိကြပေ။

သို့သော် အဆင်ပြေ၏။ သူ ထိုလူ့မျက်နှာကို မှတ်ထားပြီးသားဖြစ်ရာ ပြိုင်ပွဲဝန်ထမ်းကို အချိန်မရွေးတိုင်ကြားနိုင်သည်။ ကျိုးကျားယွီက သူ့ကိုယ်သူ ထိုကဲ့သို့နှစ်သိမ့်လိုက်ပြီး ယခင်ရွေးထားသည့်ကျောက်တုံးရှိရာသို့ လျှောက်သွားလိုက်၏။

သူရွေးထားသည့်ကျောက်တုံးမှာ တခြားသူများနှင့်မတူပေ။ ကြီးမားကာ အနည်းဆုံးတန်အနည်းငယ်ခန့်လေးသည်။ ကျောက်တုံးသေးသေးလေးများကိုသာ အားလုံးစိတ်ဝင်စားပုံရပြီး ထိုကျောက်တုံးအနားတွင် မည်သူမျှမရှိချေ။

ကျိုးကျားယွီ ခေတ္တခဏတုံ့ဆိုင်းနေပြီး သူ့နံပါတ်ပြားများကို ကျောက်တုံးပေါ် ကပ်ချလိုက်လေသည်။

သူ့နံဘေး၌ ကျောက်တုံးရွေးနေသည့်ပြိုင်ပွဲဝင်များက သူ့လှုပ်ရှားမှုများကိုကြည့်ပြီး အံ့ဩသွားပုံရသည်။ သူ့ကိုယ်ပိုင်ကျောက်တုံးရွေးပြီးသည့်ယန်မြန်က လက်ထဲ၌ကျောက်တုံးပိုက်လျက် ကျိုးကျားယွီကိုလာရှာသော်လည်း ဒီကောင်ကြီးကို တွေ့လိုက်ရသည်။

ယန်မြန်ရွေးထားသည့် ကျောက်တုံးကား ထူးဆန်းသည့်ပုံသဏ္ဍာန်နှင့် ဘောလုံးအရွယ်သာ ရှိသော်လည်း ကျောက်စိမ်းလက္ခဏာများကို ခပ်ရေးရေးမြင်ရသည်။

“ဒီကျောက်တုံးကို ဘာလို့ရွေးတာလဲ။”

ယန်မြန် မေးလိုက်သည်။

ကျိုးကျားယွီက သာမန်ဆင်ခြေတစ်ခုပေးပြီး ပြောလိုက်သည်။

“တော်တော်ကြီးလို့လေ။”

“အိုး ဒီကျောက်တုံးရဲ့အရည်အသွေးက တော်တော်သာမန်ပဲ။

ယန်မြန်က ခေါင်းခါပြီးပြောသည်။

“ကျောက်တုံးရွေးတဲ့အခါ တစ်ပိုင်းချင်းစီထက် တစ်လိုင်းချင်းဆီကြည့်ဖို့ အရေးကြီးတာ။ ဒီကျောက်တုံး…”

မူလကျောက်တုံးပေါ်၌ အစိမ်းရောင်လိုင်းနှင့် အပိုင်းများ ပျံ့နှံ့နေသည်။ အစိမ်းရောင်အမြှောင်းဟုလည်းသိကြပြီး ကျောက်တုံးရွေးရာ၌ အကောင်းဆုံးလက္ခဏာဖြစ်သည်။ ကျောက်တုံး၌အစိမ်းရောင်အပိုင်းပါခြင်းက အပြင်ပိုင်းသာစိမ်းပြီး အတွင်းဘက်တွင်သုံးစားမရတာမျိုး ဖြစ်နိုင်၏။ အစိမ်းရောင်အမြှောင်းပါပါက အရည်အသွေးကောင်းနိုင်ချေ အလွန်မြင့်မားသည်။

အစိမ်းရောင်အပိုင်းကိုရွေးကြသည်မှာ မကျွမ်းကျင်သူတစ်ယောက် အများဆုံးလုပ်သည့်ကိစ္စဖြစ်သည်။ ကျိုးကျားယွီ ပွဲကျင်းပရာနေရာသို့ဝင်သွားချိန် စိတ်ရှုပ်ထွေးနေသည်။ ထို့ကြောင့် ယခုလို ကျောက်တုံးမျိုးရွေးမိသည်ကို အံ့ဩပုံမရပေ။

သို့သော် ကျိုးကျားယွီက လင်းကျူးရွှေ၏တပည့်ဖြစ်ကြောင်းတွေးပြီး ယန်မြန်က မထိန်းထားနိုင်ဘဲပြောမိသည်။

“မင်း ဒီတစ်ခုကိုရွေးရင် ဆရာလင်းတော်တော်စိတ်ဆိုးမှာ”

လင်းကျူးရွှေ၏အေးစက်စက်အမူအရာကို စဉ်းစားပြီး ကျိုးကျားယွီခမျာ စိတ်ထိခိုက်ကာ ငိုချင်လာသည်။ သို့သော် ငိုချင်စိတ်ကိုထိန်းပြီး သူ မယုံသည့်တိုင် အလိမ်အညာစကားတစ်ခွန်းပြောလိုက်၏။

“ရပါတယ် ဆရာက အရမ်းသဘောကောင်းတာ။”

ယန်မြန် သက်ပြင်းချသည်။

ယှဉ်ပြိုင်ချိန်တစ်နာရီက လျင်မြန်စွာကုန်ဆုံးသွားသည်။ မိနစ်လက်တံက ဆယ့်နှစ်သို့ညွှန်းပြနေသောကြောင့် ပြိုင်ပွဲဝင်များလည်း ကွင်းပြင်မှ ဖြည်းညှင်းစွာထွက်ခွာသွားကြသည်။

တချို့ ပြိုင်ပွဲဝင်များက ကျောက်တုံးသေးသေးလေးများရွေးပြီး စောစောထွက်သွားနိုင်ကြသည်။ သို့သော် ကျိုးကျားယွီရွေးထားသည့်ကျောက်တုံးက အလွန်ကြီးသဖြင့် ကျွမ်းကျင်ပစ္စည်းနှင့်သာသယ်နိုင်သည်။

ကျိုးကျားယွီထွက်လာသောအခါ အပြင်ဘက်၌ ရှန်ရိချွင်းထိုင်နေသည်ကိုသာ တွေ့လိုက်ရသည်။ ရှန်ရိချွင်း သူ့အနားအမြန်ကပ်လာပြီး ပြော၏။

“ဘယ်လိုလဲ။ ပြိုင်ပွဲက ဘာအကြောင်းလဲ။”

ကျိုးကျားယွီ : “ကျောက်တုံးရွေးတာ။”

ရှန်ရိချွင်း : “…”

ကျိုးကျားယွီ : “မင်းမျက်နှာထားက ဘာတုံး။”

ရှန်ရိချွင်း သူ့မျက်နှာကိုသုတ်ပြီး ပြောသည်။

“အိုး ငါတော့ ရှန်အားပိုင်နဲ့ နေ့တိုင်း ခေါက်ဆွဲအတူစားရဦးမယ်။”

ကျိုးကျားယွီ : “…”

ရှန်ရိချွင်းက ကျိုးကျားယွီ၏ပုခုံးကိုပုတ်ပြီး ပြောလိုက်သည်။

“ချင်းမင်ပွဲတော်ရောက်တိုင်း မင်းဆီ ငါ လာလည်ပါ့မယ်”

ကျိုးကျားယွီ ရင်ထဲ၌ အတက်အကျများပြည့်လာပြီး ငိုချင်လာသလိုခံစားရသည်။

စာရေးသူမှာ ပြောစရာရှိပါတယ်။

ကျိုးကျားယွီ : ဆရာ ကျွန်တော်ဆုံးရှုံးသွားရင်…

လင်းကျူးရွှေ : ဘာဆုံးရှုံးတာလဲ?

ကျိုးကျားယွီ : ကျွန်တော့်နှလုံးသားတစ်ခု…

လင်းကျုးရွှေ : ကောင်းတာပေါ့

ကျိုးကျားယွီ : ဝူးဝူးဝူးဝူး ငါ တကယ်မသေချင်သေးဘူး။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment