12.0pt;margin-left:0in">Five Elements
12.0pt;margin-left:0in">
12.0pt;margin-left:0in">Chapter 4 : ကွာကျခြင်း
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရှန်းရိချွင်း ကျိုးကျားယွီခါးက တက်တူးပုံကို
သေချာ ဓာတ်ပုံရိုက်ပြီးသွားနောက် ကျိုးကျားယွီက ဘောင်းဘီပြန်၀တ်ခဲ့သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ဒီတက်တူးရဲ့ အဓိပ္ပာယ်က ဘာများလဲ"
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီက မေးလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ငါတို့လည်း မသိသေးဘူး လေ့လာကြည့်နေတုန်း”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရှန်းရိချွင်းက ခေါင်းငုံ့ကာ ကင်မရာကို ကြည့်ရင်း
မျက်မှောင်ကြုံ့နေသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“အကြီးအကဲက မင်းကို တက်တူးထိုးပေးနေတဲ့အချိန်အတွင်း
တစ်ခုခုပြောခဲ့သေးလား?”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီက ပြန်တွေးကြည့်လိုက်ရာ လင်းကျူးရွှေစကားပြောခြင်း
မပြောခြင်းအပေါ် သူအာရုံစိုက်ခြင်း မရှိခဲ့ပေ။ သူ သေချာ မှတ်မိနေသည့် တစ်ခုတည်းသော
အရာက ခါးပေါ်တွင် ဖိထားတဲ့ လေးလံကာ အေးစက်တဲ့လက်ချောင်းများရဲ့ အထိအတွေ့သာဖြစ်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီက တွေးရင်း ခေါင်းခါပြလာသည်ကို
ရှန်းရိချွင်းမြင်တဲ့အခါ သက်ပြင်းချလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ထားလိုက်တော့ အကြီးအကဲက တစ်ခုခုပြောခဲ့ရင်တောင်မှ
မင်း နားမလည်လောက်ပါဘူး”
12.0pt;margin-left:0in">
12.0pt;margin-left:0in">တုံးအတဲ့ ကျောင်းသားတွေအပေါ်ထားရှိတဲ့ သူတို့ရဲ့
ခွဲခြားဆက်ဆံမှုကို ကျိုးကျားယွီက နက်နက်နဲနဲ ခံစားမိလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီရဲ့ လှုပ်ရှားမှုများက အခက်အခဲရှိနေတဲ့အတွက်ကြောင့်
ဟင်းချက်သည့်တာ၀န်သည် ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်တို့ထံ ထပ်မံ ကျရောက်သွားပြန်သည်။
ထိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တာ၀န်လွှဲချဖို့ ကြိုးစားခဲ့ကြပေမယ့် နောက်ဆုံးမှာ
သုံးယောက်လုံး ဗိုက်ဆာလာကြသောအခါ၊ ချက်ပြုတ်ရန်တာဝန်ကို ရွေးချယ်ဖို့အတွက် ဒင်္ဂါးပြားလှန်ရန်
ဆုံးဖြတ်ခဲ့ကြသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရှန်းရိချွင်းက စိတ်ပျက်လက်ပျက် အမူအရာဖြင့်
မီးဖိုချောင်ထဲ၀င်သွားကာ ရှန်းအာပိုင်က ဆိုဖာပေါ်တွင်မှီရင်း ကွန်ပျူတာကို ကိုင်၍ ကျိုးကျားယွီရဲ့တက်တူးကို
ဆက်လေ့လာနေခဲ့သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရှန်းအာပိုင်က ကျိုးကျားယွီနဲ့ အသက်ရွယ်တူနီးပါးရှိပြီး
မျက်နှာတွင် မျက်မှန်တပ်ထားသောကြောင့် တော်တော်လေး တည်ငြိမ်သည့် စိတ်နေစိတ်ထားရှိသည်။
ဒါပေမယ့် ကျိုးကျားယွီ လေ့လာကြည့်ရသလောက်တော့ ရှန်းအာပိုင်က ရှန်းရိချွင်းနဲ့ ရန်ဖြစ်နေသမျှ
ရှန်းအာပိုင်ရဲ့ IQ နဲ့ EQ က သူ့အဆင့်ထိ ဆွဲချခံရ၍ ပိုလျှံတဲ့အတွေ့အကြုံရှိသော ရှန်းရိချွင်းရဲ့
အနိုင်ပိုင်းခြင်းကို ခံရလေ့ရှိသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">မီးဖိုချောင်ထဲတွင် ချက်ပြုတ်မှု စတင်နေလေသည်။
ချက်ပြုတ်ဖို့ကို ဘာလို့အဲ့လောက်ထိ ငြင်းဆိုနေရတာလဲဆိုတာကို အမြဲသိချင်နေခဲ့သော ကျိုးကျားယွီသည်
ရှန်းရိချွင်း ချက်ပြုတ်ထားသည့် ခေါက်ဆွဲကို စားကြည့်လိုက်သည့်အချိန်တွင် အဖြေရရှိသွားခဲ့သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ပဲငံပြာရည် ဆော့စ်တချို့ပါဝင်ပြီး မကျက်သေးတဲ့
အသီးအရွက်တွေနဲ့ တူးနေတဲ့ကြက်ဥကြော်ပါ ပါဝင်နေသော ခေါက်ဆွဲတစ်ပန်းကန်ဖြစ်လေသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီက ထိုပန်းကန်ကို အကြာကြီး ကြည့်နေမိသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">တစ်ဖက်မှာတော့ စိတ်ကိုကြိုတင်ပြင်ဆင်ထားတဲ့
ရှန်းအာပိုင်က ခေါက်ဆွဲကို တည်တည်ငြိမ်ငြိမ်ဖြင့် စားနေသည်။ ရှန်းရိချွင်းက ကျိုးကျားယွီကို
ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“စား အားမနာနဲ့ အိုးထဲမှာကျန်သေးတယ်”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီ : “.....”
12.0pt;margin-left:0in">
12.0pt;margin-left:0in">သူသည် ခေါက်ဆွဲဖတ်အနည်းငယ်ကို အရသာခံကြည့်လိုက်သည်နှင့်
သူ၏တင်ပါးရှိ နာကျင်မှုများ ပိုမိုပြင်းထန်လာသလို ခံစားလိုက်ရသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">တချို့လူတွေက မီးခိုချောင်ထဲသို့ မ၀င်ရန်ကို
ကံကြမ္မာပါလာခြင်း ဖြစ်သည်။ တူညီတဲ့ ပါ၀င်ပစ္စည်းများ၊ တူညီတဲ့ လုပ်ငန်းစဉ်များကိုဖြစ်သော်လည်း
အရသာရှိတဲ့ ပါ၀င်ကစ္စည်းတွေကို ဆိုးရွားတဲ့ ဟင်းပန်းကန်တစ်ခုဖြစ်လာအောင် ဖန်တီးနိုင်စွမ်းရှိကြလေသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">အဲ့အချိန်မှာပဲ သူ အရသာရှိတဲ့ ဟင်းလျာတွေ
ချက်လိုက်ချိန်တွင် အကုန်လုံးက သူ့အပေါ် ကောင်းမွန်သည့် သဘောထားများ တိုးတက်လာလဲဆိုတာကို
ကျိုးကျားယွီက နောက်ဆုံးတော့ နားလည် သဘောပေါက်သွားသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ပဲငံပြာရည်ဆော့စ်က ခေါက်ဆွဲကို မည်းညစ်နေအောင်ပြုလုပ်စေပြီး
မြင်တဲ့လူတိုင်းကို စားချင်စိတ်ပျက်အောင် လုပ်နေသည့်အပြင်၊ အရသာကို မြည်းကြည့်ပြီးတဲ့နောက်မှာတော့
ဘ၀ကိုပင် ပြန်လည် မေးခွန်းထုတ်ချင်သွားစေသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီက သူ့ရှေ့တွင်ထိုင်၍ အမည်းရောင်
ခေါက်ဆွဲစွပ်ပြုတ်ကို အငမ်းမရ စားသောက်နေတဲ့ ရှန်းရိချွင်းကို ကြည့်နေသော်လည်း စားသောက်ရန်
ခက်ခဲနေဆဲဖြစ်သည်။ ရှန်းရိချွင်းက စားပြီးသွားတဲ့နောက်မှာ ပါးစပ်ကိုသုတ်၍ ပုံတွေကို
ဆက်လေ့လာရန် ပျော်ပျော်ကြီး ထွက်သွားလေသည်။ ကျိုးကျားယွီ သူ့ရဲ့အားအင်ပြည့်၀ တက်ကြွနေတဲ့
ပုံစံကိုကြည့်ရင်း အသက်အရွယ် ငယ်ရွယ်ခြင်းက တစ်ကယ်ကို ကောင်းမွန်လှသည်ဟု တွေးနေမိသည်။
မိမိကဲ့သို့ အရွယ်ရှိနေသည့် လူများကတော့ ဒီလိုအရသာနဲ့ ခေါက်ဆွဲကိုသာ စားပြီးသွားရင်
အသက်ရှင်ချင်စိတ်ပင် ပျောက်ကွယ်သွားပေလိမ့်မည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်တို့ နှစ်ယောက်လုံးတွင်
တူညီတဲ့ အမူအရာများရှိနေသည်။ ကျိုးကျားယွီက ညစာကို တစ်ဝက်ခန့် စားပြီးသွားချိန်မှာ
ရှန်းအာပိုင်က မျက်မှန်ကို ချွတ်ရင်း ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“မကြည့်ဘဲစားရင် ပိုပြီး စားလို့ကောင်းလာလိမ့်မယ်”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီ : “.....”
12.0pt;margin-left:0in">
12.0pt;margin-left:0in">'သူ တကယ်ပဲ ဘယ်လိုဘ၀မျိုးမှာ အသက်ရှင်ခဲ့ရတာလဲ'
12.0pt;margin-left:0in">
12.0pt;margin-left:0in">ခေါက်ဆွဲ စားပြီးသွားတဲ့နောက် ကျိုးကျားယွီက
အခန်းကို ပြန်သွားခဲ့သည်။ သူ့အခန်းစားပွဲပေါ်တွင် လင်းကျူးရွှေ ပြောထားတဲ့ ဆေးတွေဖြစ်လောက်တဲ့
များစွာသော လိမ်းဆေးများရှိနေသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရေချိုးပြီးတဲ့နောက် ကျိုးကျားယွီက ကိုယ့်ဘာသာ
ဆေးလိမ်းရန် ခန္ဓာကိုယ်ကို လှည့်ကြည့်နေသည်။ ထိုသို့ရုန်းကန်နေရင်း ထင်ယောင်ထင်မှား
ဖြစ်နေသကဲ့သို့ သူ၏ခါးပေါ်ရှိ ရေကူးနေတဲ့ငါးရဲ့အမြှီးက လှုပ်ခတ်နေပုံပေါ်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီ၏ လှုပ်ရှားမှုများ အေးခဲသွားသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ကျီပါ့ မင်း မြင်လိုက်လား?”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျီပါ့ : “ဘာကိုလဲ?”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီ : “ငါ့ ခါးပေါ်က ငါးက ခုလေးတင်
လှုပ်သွားတယ်”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျီပါ့ : “မမြင်လိုက်ပါဘူး”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီက တက်တူးကို ခဏလောက် သေချာစိုက်ကြည့်ရင်း
သူ့မျက်လုံးများ ပြဿနာရှိနေတာလားဟု သိချင်နေသည်။ သူသည် သက်ပြင်းချကာ ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ငါလေ ကမ္ဘာတွေ ပြောင်းနေသလိုမျိုး ခံစားရတယ်”
12.0pt;margin-left:0in">
12.0pt;margin-left:0in">သူသည် အရင်တုန်းက ဘာသာမဲ့တစ်ယောက်ဖြစ်ခဲ့သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျီပါ့က ဘာစကားမှ ဆက်မပြောပဲ လိပ်ခွံပေါ်တွင်
ဆောင့်ကြောင့်ထိုင်ရင်း သူ့ရဲ့ခြေချောင်း သေးသေးလေးများကို အမွှေးထူတဲ့အမွှေးအတောင်တွေကြားတွင်
မြှုပ်နှံထားလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">လင်းကျူးရွှေက ကျိုးကျားယွီကို တက်တူး ထိုးပေးပြီးနောက်
ရက်အကြာတဲ့အထိ ပေါ်မလာခဲ့ပေ။ ဂျွန်လကုန်ခါနီး တစ်ရက်မှာတော့ ဧည့်သည်တွေ ခြံ၀င်းထဲ ရောက်ရှိလာကြသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ငါတို့ မစ္စတာလင်းနဲ့ ဘယ်တော့ တွေ့လို့ရမှာလဲ?”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ဧည့်သည်များသည် အမျိုးသားတစ်ယောက် အမျိုးသမီးတစ်ယောက်ဖြစ်ကြ၍
ဧည့်ခန်းထဲက ဆိုဖာပေါ်တွင် ထိုင်နေကြသည်။ ထိုအမျိုးသမီးက ကျိုးကျားယွီကို နောက်ကျောပေး၍
ထိုင်ကာ မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ရှန်းရိချွင်းကို ကြည့်ရင်း မေးလိုက်သည်။
ရှန်းရိချွင်းက ခေါင်းငုံ့၍ တစ်ခုခုကို ကြည့်နေပြီး သာမန်သာလျှံကာဖြင့် ပြန်ဖြေလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ခဏစောင့်ပေးပါ”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ထိုအမျိုးသမီးရဲ့လေသံက အနည်းငယ် စိတ်မကျေနပ်ပုံပေါ်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ငါတို့စောင့်နေတာ မိနစ်နှစ်ဆယ်တောင်ရှိနေပြီ—”
12.0pt;margin-left:0in">
12.0pt;margin-left:0in">သူမ စကားပြောလို့ မပြီးသေးမီမှာပင် ဘေးရှိအမျိုးသားက
သူမကို တားဆီးကာ ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ရှောင်ကျဲ စိတ်မစောပါနဲ့”
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ငါက ဘယ်လိုလုပ်ပြီး စိတ်မစောဘဲ နေနိုင်မှာလဲ
ငါ့မှာလုပ်စရာတွေ အများကြီးရှိသေးတယ် ဒီမှာလာပြီး အချိန်ဖြုန်းမနေနိုင်ဘူး ရွေ့ကျဲ
ဒီလူက လူလိမ်လား ဘာလား”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရှောင်ကျဲဟုခေါ်သော ထိုအမျိုးသမီးက ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီက ထိုအမျိုးသမီးရဲ့အသံကို နားထောင်ရင်း
တစ်မျိုးတစ်ဖုံ အလွန် ရင်းနှီးနေသလို ခံစားရသည်။ ရှန်းရိချွင်းက လှေကားက ဆင်းလာတဲ့
ကျိုးကျားယွီကို မြင်တဲ့အခါ ရှေ့ကစိတ်တိုနေတဲ့ အမျိုးသမီးကို လျစ်လျူရှု၍ လှမ်းမေးလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ကျိုးကျားယွီ ငါတို့ ဒီနေ့ နေ့လည်စာ ဘာစားကြမလဲ?”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီ : “ငါးချက်စားရအောင်လေ ငါတို့
မနေ့က ငါးလတ်လတ်ဆတ်ဆတ် ရထားတယ်မလား”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရှန်းရိချွင်းကို စကားလှမ်းပြောနေချိန်တွင်
စိတ်တိုနေတဲ့ အမျိုးသမီးက သူ့ဘက်သို့ ခေါင်းလှည့်ကြည့်လာသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီက သူမရဲ့မျက်နှာပုံစံကြောင့်
အနည်းငယ် အံ့ဩသွားခဲ့သည်။ သူသည် သူမကို အရင်တုန်းက တီဗီမှာ မြင်ဖူးခဲ့သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">အနုပညာနယ်ပယ်ရဲ့ စူပါစတားကြယ်ပွင့် ရွမ်ယွင်ကျဲက
အနုပညာနယ်ပယ်ရဲ့ဘုရင်မအဖြစ် နှစ်ပေါင်းများစွာကြာအောင် သရဖူဆောင်းခဲ့ဖူးသည်။ ယခုနှစ်တွေ
အတွင်းမှာလည်း သူမ၏လှုပ်ရှားမှုတွေ ဆက်ရှိနေပြီး နိုင်ငံခြားက မျိုးမျိုးသော ဆုပေါင်းများစွာကို
ဆွတ်ခူးခဲ့သည်။ အနုပညာနယ်ပယ်ကို အလွန် စိတ်၀င်စားခြင်း မရှိတဲ့ ကျိုးကျားယွီလို လူမျိုးလျှင်ပင်
သူမ၏ အနုပညာအလုပ်များကို မြင်ဖူးခဲ့ပြီး သူမကို သိနေသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွမ်ယွင်ကျဲနဲ့ သူမ နံဘေးရှိ အမျိုးသားက
ရှန်းရိချွင်း၏ အကြည့်နောက်လိုက်ကြည့်ရာမှ ကျိုးကျားယွီကို မြင်သွားကြသည်။ ထို့နောက်
ရွမ်ယွင်ကျဲက ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“သူကလည်း မစ္စတာလင်းရဲ့ တပည့်ပဲလား?”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရှန်းရိချွင်းက ပြန်မဖြေဘဲ ကျိုးကျားယွီကို
လက်ပြ၍ အနားလာရန် လှမ်းခေါ်လိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီက ဖြေးဖြေးချင်း လျှောက်သွားလိုက်ပြီးနောက်
ရှန်းရိချွင်းပြောသံကို ကြားလိုက်ရသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“သူမကို ကြည့်လိုက် မင်း တစ်ခုခုမြင်ရလား”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီ ရွမ်ယွင်ကျဲကို ကြည့်လိုက်သည်နှင့်
သူ့မျက်လုံးများတွင် အံ့ဩမှုများဖြင့် ပြည့်နှက်လာလေသည်။ စောနက သူသည် ဝေးကွာနေ၍ အသေးစိတ်
မမြင်ခဲ့ရသောကြောင့် ထူးခြားမှုများကို သတိမထားမိခဲ့ပေ။ ယခု နီးကပ်သွားချိန်တွင် ရွမ်ယွင်ကျဲရဲ့
ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံးက မည်းနက်နေကာ ထူထဲနေတဲ့ မြူမှုန်တွေထဲ နှစ်မြုပ်နေပုံပေါ်ခြင်းကို
သတိထားမိသွားသည်။ ထူထဲတဲ့ မြူမှုန်တွေက အသက်၀င်နေပုံဖြင့် လေထဲလွင့်မျောနေရင်း သူမ၏
ခန္ဓာကိုယ်အောက်ပိုင်းကို လှည့်ပတ်နေခြင်းက သူမရဲ့အသားအရောင်ကို ဖြည်းဖြည်းချင်း ဆိုးရွားလာအောင်
ပြုလုပ်နေသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ငါ….”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီ တစ်ခုခုကို မြင်ပေမယ့် ထိုအရာကို
ဒီနေရာမှာ ထုတ်ပြောပြတာက အကြံဉာဏ်ကောင်းဟုတ်မည်ဟု သူ မထင်ပေ။ သူသည် ခဏတွန့်ဆုတ်နေပြီး
ခေါင်းခါပြလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ဟင့်အင်း ငါ ဘာမှမမြင်ရဘူး”
12.0pt;margin-left:0in">
12.0pt;margin-left:0in">အဲ့စကားကို ကြားတဲ့အခါ ရှန်းရိချွင်းက သူ့ကို
လုံး၀မယုံပေ။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“လုပ်စမ်းပါ ငါတောင် မြင်ရတဲ့ဟာကို မင်းက
မမြင်ရဘူး?”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီသည် ကူကယ်ရာမဲ့သည့် အမူအရာဖြင့်
ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">"မြင်ရတယ်ဆိုရင်တောင်မှ ဘယ်လိုပဲဖြစ်ဖြစ်
ငါ ဘာမှလုပ်မပေးနိုင်ဘူးလေ”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရှန်းရိချွင်း : “အမ်း... မင်း တစ်မှတ်ရသွားပြီ”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွမ်ယွင်ကျဲက သူတို့နှစ်ယောက်ရဲ့ စကားဝိုင်းကို
နားထောင်ရင်း မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“မြင်တာတွေရော မမြင်တာတွေရော ဘာတွေပြောနေကြတာလဲ?
တစ်ခုခုရှိနေရင်လည်း ဒီတိုင်းပြောလိုက်စမ်းပါ တမင်သက်သက် ဖုံးကွယ်ထားစရာ မလိုဘူး”
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ရှောင်ကျဲ” ရွေ့ကျဲက မျက်မှောင်ကြုံ့ရင်း
ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ထိုနှစ်ယောက်ကြားက ဆက်ဆံရေးသည် သိပ်မရှင်းလင်းသော်လည်း
အဆူခံရပြီးတဲ့နောက်မှာတော့ ရွမ်ယွင်ကျဲက နှုတ်ခမ်းကို ရှုံ့မဲ့ကာ ဘာမှဆက်မပြောလာတော့ပေ။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရှန်းရိချွင်းက ဒေါသထွက်နေပြီဖြစ်သည်။ သူက
လင်းကျူးရွှေ လက်အောက်မှာ ဖုန်းရွှေပညာကို သင်ယူနေသော်လည်း သူ၏မိသားစုသည်လည်း နာမည်ကြီးသည်
ဖုန်းရွှေမိသားစုတစ်ခုဖြစ်၍ အလိုလိုက်ခံရကာ ကြီးပြင်းလာခဲ့သည်။ ထို့အပြင် ဒီပညာရပ်မှာ
တကယ့်စွမ်းအားကြီးပုဂ္ဂိုလ်တွေကို မြင်တွေ့ဖူးသူဖြစ်သောကြောင့် ရွမ်ယွင်ကျဲလို လူမျိုးကို
အာရုံထဲကို ထည့်မထားခဲ့ပေ။ သူမ လင်းကျူးရွှေရဲ့ဧည့်သည်သာ မဟုတ်လျှင် သူ လှည့်ထွက်သွားတာ
ကြာနေပြီဖြစ်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီကတော့ ဘာကိုမှခံစားမနေဘဲ သူ့ရဲ့အာရုံများက
ရွမ်ယွင်ကျဲရဲ့ မည်းနက်နေတဲ့ မြူမှုန်တွေနှင့် သူမ၏ မျက်ကွင်းကျနေသော အသွင်အပြင်ဆီသို့
ရောက်ရှိနေသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွမ်ယွင်ကျဲက ဆိုဖာပေါ်သို့ ဒေါသထွက်နေဟန်ဖြင့်
ထိုင်ချလိုက်ရာ၊ ရွေ့ကျဲက အားနာနေသည့် အမူအရာမျိုးကို ပြသ၍ စကားပြောလာသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“အားနာပါတယ်နော် သူ့ပင်ကိုယ်စရိုက်ကကို ဒီလိုပဲမို့လို့ပါ….”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရှန်းရိချွင်းက ‘ရပ်လိုက်’ ဟု လက်ဟန်အမူအရာ
ပြ၍ ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ငါ့ကို မပြောပါနဲ့ အကြီးအကဲရောက်လာမှ သူ့ကို
ပြောပြလိုက်ပါ”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွေ့ကျဲက ကိုးရိုးကားယားဖြင့် သဘောတူဟန်
ပြုလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ဂျွန်လကုန်ခါနီးဖြစ်၍ နွေရာသီရောက်လုနီးပါးဖြစ်သောကြောင့်
အပြင်ဘက် ဥယျာဉ်ထဲရှိလမ်းမသည် အစုလိုက်အပြုံလိုက် သစ်ပင်များ၏ အရိပ်များကို ရရှိနေ၍
သိပ်မပူလှပေ။
12.0pt;margin-left:0in">
12.0pt;margin-left:0in">သူတို့နေတဲ့ သစ်သားအိမ်မှာတော့ မည်သို့သော
နည်းလမ်းများကို အသုံးပြုထားလည်း မရှင်းလင်းသော်လည်း လေအေးပေးစက်၊ လျှပ်စစ်ပန်ကာများ
မရှိလျှင်ပင် အပူချိန်က ၂၅-၂၆ ဒီဂရီ မှာသာ အမြဲတည်ငြိမ်နေသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">လင်းကျူးရွှေ ရောက်လာတဲ့ အချိန်မှာတော့ ကျိုးကျားယွီက
ဆိုဖာလက်တန်းပေါ်ကို မှီလျက် အိပ်ပျော်လုနီးပါးထိ ဖြစ်နေသည်။ ရှန်းရိချွင်းရဲ့အသံသည်
သူ့ကို ပင်ပန်းနွမ်းနယ်နေမှုကနေ နိုးထလာစေသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“အကြီးအကဲ ရောက်လာပြီ"
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီ 'အင်း' ဟုပင် အသံဖျော့ဖျော့
ထွက်လာသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီက ထိုအသံကိုကြားတဲ့အချိန်မှာ
ချက်ချင်း နိုးကြားသွားသည်။ သူသည် မျက်လုံးတွေကို ပွတ်သပ်ကြည့်လိုက်ရာ လင်းကျူးရွှေက
သူ့အရှေ့မှာ ရပ်နေတာကို တွေ့လိုက်ရသည်။ နွေရာသီပင်ဖြစ်နေသော်လည်း အပြင်ကနေ လမ်းလျှောက်လာသော
လင်းကျူး၏ ရွှေခန္ဓာကိုယ်တွင် ချွေးထွက်သည့် အရိပ်အယောင်ပင် လုံး၀ရှိမနေပေ။ လင်းကျူးရွှေက
လက်မြှောက်ကာ ညာဘက်လက်ကောက်၀တ်မှာရှိတဲ့ ကျောက်စိမ်းပုတီးစေ့ကို ညသာစွာ လှည့်လည်နေခဲ့ရာ
သူ့ရဲ့ဖြူဖွေးလှတဲ့ လက်ချောင်းများက ကျိုးကျားယွီ၏ အမြင်အာရုံသို့ ၀င်ရောက်လာသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ဘာဖြစ်လို့လဲ?”
12.0pt;margin-left:0in">
12.0pt;margin-left:0in">လင်းကျူးရွှေက မေးလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">လင်းကျူးရွှေက သူမကိုမေးနေသည်ဟု ထင်သော ရွမ်ယွင်ကျဲက
ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“မစ္စတာလင်း ကျွန်မတို့ ရှင့်ကို ဒီလောက်အကြာကြီး
စောင့်နေတာတောင် ရှင်က ဘာတွေဖြစ်နေလဲဆိုတာကို မသိဘူးလား?
12.0pt;margin-left:0in">
12.0pt;margin-left:0in">လင်းကျူးရွှေက အေးစက်စွာ ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ငါ မင်းကိုမမေးဘူး”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွမ်ယွင်ကျဲက ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက်၊
ထိုအချိန်မှာ လင်းကျူးရွှေက သူ့ဘက်သို့ မျက်နှာမူ၍ မေးနေခြင်းဖြစ်ကြောင်းကို ကျိုးကျားယွီ
သတိထားမိသွားသည်။ သူသည် တမျိုးတစ်ဖုံ ရှက်ရွံ့သွားကာ ပါးများ အနည်းငယ်နီလာရင်း ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ဘာမှမဖြစ်ပါဘူး၊ ဘာမှမဖြစ်ဘူး”
12.0pt;margin-left:0in">
12.0pt;margin-left:0in">လင်းကျူးရွှေ : “ဆေးရော သေချာလိမ်းလား?”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီ : “လိမ်းတယ် လိမ်းတယ်”
12.0pt;margin-left:0in">
12.0pt;margin-left:0in">တက်တူးက လုံး၀အသားကျသွားသောအခါ နာကျင်မှုလည်း
ပျောက်ကွယ်သွားသောကြောင့် သူ့အရေပြားသည်လည်း ကောင်းကောင်း သက်သာနေပြီဖြစ်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">သူတို့နှစ်ယောက်က ရွမ်ယွင်ကျဲကို လျစ်လျူရှု၍
မေးလိုက် ဖြေလိုက် လုပ်နေကြသည့်အတွက် သူမမျက်နှာတစ်ခုလုံး ဒေါသစိတ်ကြောင့် စိမ်းဖန့်လာသည်။
တကယ်တော့ သူမရဲ့လက်ရှိ အခြေအနေနဲ့ ထင်ရှားတဲ့အသွင်အပြင်ကြောင့် ဘယ်သွားသွား အာရုံစိုက်မှုတို့ရဲ့အချက်အချာတွင်
ရှိခဲ့ရသည်။ သာမာန်လူတွေက သူမကို နွေးနွေးထွေးထွေး ပျူငှာစွာ ဆက်ဆံလေ့ရှိကြသောကြောင့်
ဒီလိုအေးစက်တဲ့ ဆက်ဆံခံမှုမျိုးကို တစ်ခါမှ မကြုံခဲ့ဖူးပေ။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွမ်ယွင်ကျဲက ဒေါသထွက်လာသောကြောင့် အံကြိတ်လိုက်သည်။
ဒီနေ့သာ လင်းကျူးရွှေလို့ ခေါ်တဲ့ဒီလူက ရှင်းပြချက် မပေးနိုင်လျှင် ဒီကိစ္စကို အလွယ်တကူ
အဆုံးသတ်ပေးမည် မဟုတ်ဘူးဟု သူမ တွေးနေမိသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွမ်ယွင်ကျဲနဲ့ ယှဉ်လျှင် သူမဘေးတွင် ရှိနေတဲ့
ရွေ့ကျဲက လေးစားတဲ့အမူအရာနဲ့ ပြောလာသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“မစ္စတာလင်း၊ ကျွန်တော့်ကို ပြောခွင့်ပြုပါ”
12.0pt;margin-left:0in">
12.0pt;margin-left:0in">လင်းကျူးရွှေ : “ဘာကိစ္စနဲ့ အလုပ်ရှုပ်ခံမှာလဲ”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွေ့ကျဲက အံ့ဩသွားသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">လင်းကျူးရွှေ : “ငါ သူ့ကို မကယ်နိုင်ဘူး”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွေ့ကျဲက အလွန် တုန်ရီလာပြီးနောက် စိတ်အားငယ်စွာ
ပြောလာသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“မစ္စတာလင်းသာ ကူညီနိုင်ရက်—”
12.0pt;margin-left:0in">
12.0pt;margin-left:0in">လင်းကျူးရွှေရဲ့ မျက်နှာအမူအရာက ကျောက်စိမ်းရုပ်ထုကဲ့သို့
အေးစက်နေသည်။ သူက သံသယတွေနဲ့ ပြည့်နှက်နေတဲ့ ရွမ်ယွင်ကျဲဆီကို ဖြေးဖြေးချင်း လျှောက်သွားပြီးနောက်
စကားငါးလုံးနဲ့ ပစ်ပေါက်လိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“မျက်နှာအသွင်အပြင်က စောစောသေမယ့် လက္ခဏာပဲ”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွေ့ကျဲက လုံး၀မလှုပ်မယှက် ဖြစ်သွားပြီး
ရွမ်ယွင်ကျဲရဲ့အမူအရာသည်လည်း အေးခဲသွားသည်။ သာမာန်လူတစ်ယောက်က ထိုသို့ပြောလာခဲ့လျှင်
သူမ လုံး၀ဒေါသထွက်သွားမည်ဖြစ်သည်။ လင်းကျူးရွှေလို ရေခဲတမျှ အေးစက်တဲ့လူနှင့် ထိပ်တိုက်တွေ့တဲ့အခါမှာတော့
သူမ၏ဒေါသစိတ်များက ကြောက်ရွံ့စိတ်များ အဖြစ်သို့ ပြောင်းလဲသွားစေ၍ ရွမ်ယွင်ကျဲရဲ့နှလုံးသားကို
တင်းတင်းကြပ်ကြပ် ဖိညှစ်ထားသကဲ့သို့ ခံစားလိုက်ရသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ရှည်လျားတဲ့ အမုန်းမျက်ခုံးတွေ၊ ကောင်းကင်ပြိုကျခြင်း၊
မျက်နှာသေးသေးနဲ့ နှာတံနိမ့်နိမ့်”
12.0pt;margin-left:0in">
12.0pt;margin-left:0in">လင်းကျူးရွှေသည် တစ်စုံတစ်ယောက်၏ အသက်အိုးအိမ်
ဖြတ်တောက်ခံရမှုနှင့်ပတ်သက်၍ ပြောနေခြင်း မဟုတ်ဘဲ အရေးမပါသော အရာတစ်ခုကို ဆွေးနွေးနေသကဲ့သို့
သူ၏လေသံသည် အလွန်ပေါ့ပါးနေသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“မင်း မထိသင့်တဲ့အရာတစ်ခုကို သွားထိပါးခဲ့တယ်မလား?”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွမ်ယွင်ကျဲ၏မျက်လုံးများ ပြူးကျယ်သွားကာ
မထိန်းချုပ်နိုင်တော့ဘဲ နှုတ်ခမ်းများ တုန်ရီလာပြီးနောက် သူမက ဆိုသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ကျွန်…ကျွန်မ ရှင်ပြောနေတာတွေကို ဘာမှမသိဘူး….”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီက သူ့ကို သင်ပေးဖို့အတွက် စိတ်ထဲ၌
ကျီပါ့ကိုသာ အားကိုးနေရသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျီပါ့ : “ ‘အမုန်းမျက်ခုံးရှည်’ဆိုတာကို
တင်းကျပ်တဲ့ မျက်ခုံးနဲ့မျက်လုံးကို ဆိုလိုတာ၊ ‘ကောင်းကင်’ က မျက်လုံးတွေကြားက နေရာ၊
‘မျက်နှာသေးသေးနဲ့ နှာတံနိမ့်နိမ့်’ဆိုတာကိုတော့ ရှင်းပြဖို့မလိုပါဘူး”
12.0pt;margin-left:0in">
12.0pt;margin-left:0in">လင်းကျူးရွှေ : “ကျီပါ့ မင်းက တကယ် အထင်ကြီးဖို့ကောင်းတာပဲ”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျီပါ့က သူ့ရဲ့ခေါင်းလေးကို ဂုဏ်ယူ၀င့်ကြွားစွာ
မော့ကြွားရင်း ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ကျီပါ့မပါပဲ ဘယ်သူမှအလုပ်မဖြစ်နိုင်ဘူးလေ"
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီ : “....” ဟင့်အင်း၊ တကယ်တော့
မိန်းကလေးတွေက မင်းကို မလိုအပ်ပါဘူး
12.0pt;margin-left:0in">(T/N - ကျီပါ့ဆိုတာ d!ck ကို ဆိုလိုသည်
xD)
12.0pt;margin-left:0in">
12.0pt;margin-left:0in">လင်းကျူးရွှေက ထိုစကားများ ပြောပြီးသွားတဲ့နောက်
ရွေ့ကျဲကို ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“မင်းလည်း အဲ့ဒါကို သိထားသင့်တယ် အစကတည်းက
မကာကွယ်နိုင်ဘူးဆိုရင် ဘာလို့ခုမှလာပြီး ငါ့ကို တောင်းဆိုနေတာလဲ?”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွေ့ကျဲ၏မျက်နှာက လူသေတစ်ဦးကဲ့သို့ ဖြူဖျော့သွားသည်။
သူက တုန်ယင်နေသော လက်ဖြင့် စီးကရက်ကို ထုတ်ယူလိုက်ရာ၊ ၎င်းသည် သုံးလေးကြိမ်လောက် မီးညှိပြီးမှ
မီးစွဲသွားလေသည်။ လင်းကျူးရွှေက သူ့ကို မလောပဲ တိတ်ဆိတ်စွာ စောင့်ပေးနေခဲ့သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွေ့ကျဲ : “ရှောင်ကျဲ ဆရာ့ကို မင်းအခြေအနေပြောပြလိုက်
မဟုတ်ရင် ငါလည်း တခြားလုပ်ပေးနိုင်တာ ဘာမှ မရှိတော့ဘူး”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွမ်ယွင်ကျဲက မူလတုန်းက ယုံကြည်မှုလွန်ကဲစွာနဲ့
မတ်တပ်ရပ်နေခဲ့ပေမယ့် လင်းကျူးရွှေရဲ့စကားတွေကို ကြားပြီးတဲ့နောက် သူမ ဆက်ပြီးရပ်မနေနိုင်တော့ပေ။
သူမ ယသည် ရွေ့ကျဲဆီကို လျှောက်သွားပြီး မျက်နှာအမူအရာ တောင့်တင်းစွာဖြင့် ဖြေးဖြေးချင်း
ထိုင်ချရင်း ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“သူက ဘာမှသေချာရေရာတာ ပြောရသေးတာမှမဟုတ်တာ
သူ…သူက လူလိမ်ဖြစ်နေပြီး ငါ့ကို လှည့်ဖျားဖို့ ကြိုးစားနေတာဆိုရင်ရော…”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွမ်ယွင်ကျဲရဲ့စကားကို ကြားလိုက်သော ရှန်းရိချွင်းက
ကျိုးကျားယွီ၏ပုခုံးပေါ်သို့ သူ၏လက်တင်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ကြည့်၊ မင်းတို့ လူလိမ်တွေရဲ့ မကောင်းတဲ့
အပြုအမူတွေကြောင့် ဒီလိုဖြစ်ရတာ"
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီ : “....”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရှန်းရိချွင်း : “မင်းဆီကိုသာ ဒီလိုအလုပ်မျိုး
ရောက်လာရင် ဘာလုပ်မှာလဲ?”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“အလုပ်အပ်တဲ့သူက အရမ်းကြီးမြတ်လွန်းတော့
မစခင်ကတည်းက ပြင်ဆင်နိုင်ပါ့မလားလို့တောင် စိုးရိမ်မိတယ်”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရှန်းရိချွင်း : “မင်း တစ်မှတ်ရသွားပြန်ပြီ”
12.0pt;margin-left:0in">
12.0pt;margin-left:0in">သူတို့ရဲ့စကားပြောဝိုင်းက အလွန် အသံတိုးသော်လည်း
လင်းကျူးရွှေက သူတို့၏ ပြောသံကို ကြားရနိုင်သည်။ လင်းကျူးရွှေက ဘာမှ တုံ့ပြန်မလာသော်လည်း
သူ့ဘေးမှာ ချထားတဲ့ လက်ရှိ လက်မနဲ့လက်ညှိုးကို ညင်ညင်သာသာ ပွတ်သပ်နေခြင်းကို သတိထားမိလိုက်သည်။
ကျိုးကျားယွီက ကြောက်ရွံ့မှုကြောင့် ချက်ခြင်းပဲ တိတ်ဆိတ်သွားသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“မင်း ကုတင်ခေါင်းရင်းက အရာတွေကို လွှတ်မပြစ်ဘူးဆိုရင်
မင်းကလေးက မွေးလာမှာမဟုတ်ဘူး”
12.0pt;margin-left:0in">
12.0pt;margin-left:0in">လင်းကျူးရွှေ၏အသံသည် အနည်းငယ် အေးစက်နေသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ငါ့ကို တောင်းပန်နေလည်း အသုံးမ၀င်ဘူး ဒါက
ကံအကြောင်းတရားနဲ့ ၀ဋ်ကြွေးရဲ့ သဘာ၀စက်ဝန်းပဲ၊ ပြန်ပေးဆပ်ဖို့လိုတဲ့ အရာမှန်သမျှကို
ပြန်ပေးဆပ်ရမယ်”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွမ်ယွင်ကျဲရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သေ
သေသွားလေသည်။ သူမသည် အသက်ရှူသံများ ပြင်းထန်လာကာ မျက်လုံးထဲတွင် အကြောက်တရားများ ပြည့်နှက်လာသည်။
လင်းကျူးရွှေရဲ့စကားလုံးတွေက သူမရဲ့အနက်ရှိုင်းဆုံး အကြောက်တရားကို ထိုးနှက်နေသည်။
သူမ၏ အိပ်ရာသည် တခြားသူများ၏ အိပ်ရာများနှင့်မတူပေ။ ကုတင်ခေါင်းရင်းသည် အလွတ်ဖြစ်နေ၍
ဖွင့်လို့ရကာ အထဲတွင် အလွန်ထူးခြားသည့် အရာတစ်ချို့ ရှိနေသည်။ ဒီကိစ္စကို သူမတစ်ယောက်တည်းသာ
သိထားပြီး သူမနှင့် အနီးစပ်ဆုံးသူဖြသ်သည့် ရွေ့ကျဲလျှင်ပင် သိမထားပေ။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ကုတင်ခေါင်းရင်းက အရာတွေ?”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွေ့ကျဲက ကြောင်အမ်းအမ်းဖြစ်သွားကာ ရွမ်ယွင်ကျဲကို
လှည့်ကြည့်လိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ရှောင်ကျဲ မင်းကုတင်ခေါင်းရင်းမှာ ဘာတွေထည့်ထားတာလဲ—”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွမ်ယွင်ကျဲက ဟန်လုပ်ပြုံးပြီး ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ထိုင်း…ထိုင်းကနေ ၀ယ်လာခဲ့တဲ့ ပစ္စည်းတွေ…”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွေ့ကျဲ : “မင်း လုပ်ရဲတယ်ပေါ့လေ။ အဲ့ပစ္စည်းတွေကို
ထပ်မထိဖို့ ငါ မင်းကို ပြောခဲ့တယ်မဟုတ်လား!!”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွေ့ကျဲသည် အလွန် ဒေါသထွက်လာ၍ ဆိုဖာကပင်
ရုတ်တရက် ထရပ်လိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ကိစ္စတွေက ဒီလိုတောင်ဖြစ်နေပြီဟာကို မင်းက
ခုထိ ငါ့ကို လိမ်နေတုန်းလား?”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွမ်ယွင်ကျဲက စကားမပြောဘဲ သူမ၏ လက်မောင်းများကိုသာ
ဆုပ်ကိုင်ရင်း တုန်ရီနေသည်။ အစောပိုင်းက သူမရဲ့မောက်မာတဲ့စရိုက်များ လုံး၀ပျောက်ကွယ်သွားပြီး
လင်းကျူးရွှေအပေါ်ထားရှိသည့် မယုံကြည်မှုနှင့် သံသယဖြစ်မှု အကြည့်များက ကြောက်ရွံ့မှုနှင့်
ရိုသေလေးစားမှုများအဖြစ်သို့ ပြောင်းလဲသွားသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွမ်ယွင်ကျဲ : “မစ္စတ..မစ္စတာလင်း”
12.0pt;margin-left:0in">
12.0pt;margin-left:0in">“စောနတုန်းက ကျွန်မ အမှားလုပ်မိတာပါ။ ရှင်က
တကယ်ကို စွမ်းအားကြီးတဲ့လူပါ၊ ကျွန်မ ကျွန်မကို ကူညီပေးလို့ရမလား?”
12.0pt;margin-left:0in">
12.0pt;margin-left:0in">လင်းကျူးရွှေက တိတ်ဆိတ်နေသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွမ်ယွင်ကျဲက ရှုံ့မဲ့၍ ပြုံးလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ကျွန်မ ရှင့်ကို ပိုက်ဆံတွေ အများကြီး ပေးနိုင်ပါတယ်…”
12.0pt;margin-left:0in">
12.0pt;margin-left:0in">လင်းကျူးရွှေက ဂရုဏာကင်းမဲ့တဲ့ ဗုဒ္ဓရုပ်ထုတော်လိုမျိုး
သူ၏မျက်လုံးများကို မှိတ်ထားကာ သူမ၏ အသနားခံ၍ ငိုကြွေးနေခြင်းကို ဘာတုံ့ပြန်မှုမှမပြုလုပ်ပေ။
ဘေးမှာရှိတဲ့ ကျိုးကျားယွီနဲ့ ရှန်းရိချွင်းတို့သည်လည်း စကားမပြောရဲပေ။ ရွေ့ကျဲအရှေ့ရှိ
ပြာခွက်ထဲတွင် ဆေးလိပ်မီးပြာများဖြင့် ပြည့်နှက်လာပြီး သူ၏ ကွဲအက်အက် အသံ ထွက်ပေါ်လာသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွေ့ကျဲ : “မစ္စတာလင်း ရှောင်ကျဲက ကျွန်တော်
ချစ်ရတဲ့သူပါ သူ့ဆီမှာ တစ်ခုခုဖြစ်နေတာကို ကျွန်တော် ကြည့်မနေနိုင်ဘူး ဆရာ သူ့ကိုကူပေးလို့ရမလား….”
12.0pt;margin-left:0in">
12.0pt;margin-left:0in">လင်းကျူးရွှေက သူ့လက်ကောက်၀တ်ရှိ ကျောက်စိမ်းပုတီးကို
ဖြေးဖြေးချင်း ပြန်လှည့်လိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">လင်းကျူးရွှေက တိုက်ရိုက် မငြင်းဆန်တာကို
မြင်လိုက်ရသော ရွေ့ကျဲက ရွမ်ယွင်ကျဲကို အမြန်ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ရှောင်ကျဲ ဒီကိုလာပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာ
မစ္စတာလင်းကို အသေးစိတ်ပြောပြလိုက်”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွမ်ယွင်ကျဲက ခေါင်းငြိမ့်ပြသော်လည်း
12.0pt;margin-left:0in">သူမ၏အကြည့်များက လင်းကျူးရွှေ၏ အနောက်တွင်ရှိနေတဲ့
ရှန်းရိချွင်းနဲ့ ကျိုးကျားယွီတို့ဆီသို့ ရောက်သွားကာ တုံ့ဆိုင်းနေသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွမ်ယွင်ကျဲ : “သူတို့က…”
12.0pt;margin-left:0in">
12.0pt;margin-left:0in">အခြေအနေက ဒီလိုထိဖြစ်နေပြီဆိုပေမယ့် ထိုလူတို့ရဲ့အထောက်အထားကို
သူမက ပူပန်နေဆဲဖြစ်၍ ကောလဟာလများ ပျံ့နှံ့သွားမည်ကို စိတ်ပူနေသေးသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွေ့ကျဲ : “သူတို့က မစ္စတာလင်းရဲ့ တပည့်တွေ
အခြေအနေက ဒီလောက်ထိဖြစ်နေပြီဟာကို မင်းက ဒီကိစ္စတွေကို စဉ်းစားနေတုန်းလား? ကြည့်ရတာ
မင်း ဆက်ပြီး အသက်မရှင်ချင်တော့ဘူးထင်တယ်”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွမ်ယွင်ကျဲ အံကြိတ်ကာ : “ဟုတ်ပါပြီ…. ကျွန်မ
ပြောပါ့မယ်…”
12.0pt;margin-left:0in">
12.0pt;margin-left:0in">“အကုန်လုံးက လွန်ခဲ့တဲ့လက စတာ ပထမတော့ အိမ်မက်ဆိုးလို့ထင်ခဲ့တာ
အဲ့အိမ်မက်ကို နေ့တိုင်းမက်နေပြီးတော့….”
12.0pt;margin-left:0in">
12.0pt;margin-left:0in">“အိမ်မက်ထဲမှာ ကျွန်မက အိပ်ရာပေါ်လှဲနေပြီး
အခန်းထဲမှာ အသံတွေကြားနေရတယ် အဲ့နောက် ရှုံ့တွနေတဲ့လူအရေပြားတွေက ကျွန်မဆီကို ဖြေးဖြေးချင်း
တွားသွားလာကြတယ်”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီက တစ္ဆေသရဲ မကြောက်တတ်သောကြောင့်
သူမ၏ စကားများကို ပုံပြင်တစ်ပုဒ်လိုမျိုး နားထောင်နေသည်။ ရှန်းရိချွင်း၏ မျက်နှာမှာလည်း
ဘာအမူအရာမှ ပြောင်းလဲသွားခြင်းမရှိပေ၊ လင်းကျူးရွှေကတော့ လက်ကောက်၀တ်ရှိ ပုတီးကို ဆက်လက်
လှည့်နေသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“အဲ့လူသားအရေပြားတွေက ဧည့်ခန်းထဲကနေ အိပ်ခန်းထဲ၀င်လာပြီး
နောက်ဆုံး ကျွန်မကုတင်ဘေးကို ရောက်လာကြတယ်”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွမ်ယွင်ကျဲရဲ့မျက်နှာက သွေးမရှိတော့သလို
ဖြူဖျော့လာသည်။ သူမရဲ့အမူအရာကို မြင်သော ရွေ့ကျဲက လက်လှမ်း၍ သူမ၏လက်ကို ဆုပ်ကိုင်ပေးထားသည်။
ရွမ်ယွင်ကျဲက အသက်ရှူထုတ်ပြီးတဲ့နောက်မှာ ငိုနေတဲ့အသံနဲ့ ဆက်ပြောလာသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“အဲ့နောက် အဲ့ဒါတွေက ကျွန်မကို ဖုံးအုပ်လာတယ်”
12.0pt;margin-left:0in">
12.0pt;margin-left:0in">“အိမ်မက်က အရမ်းပြတ်သားနေပြီး၊ လူသားအရေပြားတွေ
ကျွန်မအရေပြားထဲ ပေါင်းစည်းသွားတာကိုတောင် ခံစားလို့ရတယ်”
12.0pt;margin-left:0in">
12.0pt;margin-left:0in">“နေ့တိုင်း အလန့်တကြားနိုးခဲ့ရတယ်”
12.0pt;margin-left:0in">
12.0pt;margin-left:0in">အဲ့လိုကြားသော လင်းကျူးရွှေက မေးလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ဒီအိမ်မက် မက်တာ ဘယ်လောက်ကြာပြီလဲ”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွမ်ယွင်ကျဲက သေချာတွက်ချက်ပြီး ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“လွန်ခဲ့တဲ့လ ကျွန်မမွေးနေ့ပြီးကတည်းက၊ ၂၆
ရက်ရှိပြီ”
12.0pt;margin-left:0in">
12.0pt;margin-left:0in">လင်းကျူးရွှေ ခေါင်းငြိမ့်လိုက်သည်။“ဆက်ပြော”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွမ်ယွင်ကျဲ : “အရမ်းပင်ပန်းနေလို့ ဒီအိမ်မက်ဆိုးမက်တာလို့
ထင်ခဲ့သေးတယ် အဲ့ကြောင့် လ၀က်အနားယူခဲ့ပြီး လွန်ခဲ့တဲ့အပတ်ကမှ ကျွန်မ သတိထားမိသွားတာက….”
12.0pt;margin-left:0in">
12.0pt;margin-left:0in">လင်းကျူးရွှေက တိတ်တဆိတ်ဆက်နားထောင်နေသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရွမ်ယွင်ကျဲက မျက်ရည်များ စီးကျလာရင်း ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“နိုးလာတဲ့အချိန်မှာ ၀မ်းဗိုက်အောက်ပိုင်းမှာ
အရေပြားတစ်ချို့ကွာကျနေတာကို တွေ့လိုက်ရလို့ သတိထားမိသွားတာ—”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ထိုစကားကို ပြောပြီးသွားသည်နှင့် အခန်းထဲရှိအပူချိန်သည်
အနည်းငယ် ကျဆင်းသွားသလို ခံစားရသည်။ ကျိုးကျားယွီက အနည်းငယ် ထိတ်လန့်သွားပြီး သူ့လက်မောင်း
နာကျင်လာခြင်းကို ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်ရာ ရှန်းရိချွင်းက သူ၏လက်မောင်းကို
ဖျစ်ညှစ်ထားပြီး ခွေးတစ်ကောင်က အပြင်လမ်းထွက်လျှောက်ဖို့ စိတ်လှုပ်ရှားသလိုမျိုး အမူအရာမျိုးဖြစ်နေသည်ကို
တွေ့လိုက်ရသည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“....ဟေး”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီက ပြောလိုက်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ညင်သာပါဦး"
12.0pt;margin-left:0in">
12.0pt;margin-left:0in">အဲ့ကျမှသာ ရှန်းရိချွင်းက သူ အလွန် အားစိုက်လိုက်မိသည်ကို
သတိထားမိသွားသည်။ သူသည် လက်ကို လွှတ်၍ ထိုကိစ္စအတွက် စိတ်အားထက်သန်နေပုံပေါ်သည်။
12.0pt;margin-left:0in">
12.0pt;margin-left:0in">“ဒါက ကိစ္စကြီးပဲ"
12.0pt;margin-left:0in">
12.0pt;margin-left:0in">လင်းကျူးရွှေ : “မင်းက ဘာလို့ အရမ်းပျော်နေတာလဲ”
12.0pt;margin-left:0in">
12.0pt;margin-left:0in">ရှန်းရိချွင်း : “အတွေ့အကြုံဆိုတာ လက်တွေ့တိုက်ပွဲကနေလာတာ"
12.0pt;margin-left:0in">
12.0pt;margin-left:0in">ကျိုးကျားယွီ : “..." သတိရှိရင် အကျယ်ကြီး
ပြောကြည့်ပါလား။ လင်းကျူးရွှေက မင်းကို မောင်းထုတ်မှာကို ကြည့်ရသေးတာပေါ့