no

Font
Theme

အပိုင်း ၁၃

ကျီပါ့က ကျိုးကျားယွီအတွက် ၎င်း၏ဒဏ္ဍာရီ ရွှေလက်ချောင်းကို ဖွင့်ပေးခဲ့သော်ငြား သူ့နှလုံးသားအပေါ်တွင် အက်ကြောင်းတစ်ခုပေါ်နေသလို ကျိုးကျားယွီခံစားရဆဲပင်။

ရှန်ရိချွင်း ကျိုးကျားယွီအပေါ် ယုံကြည်မှုမရှိကြောင်း သိသာသည်။ ယခင်တုန်းက သူ့ကို စနေခြင်းကြောင်းပြောကာ နှစ်သိမ့်ပေးပြီး သူ ရှုံးခဲ့လျှင်ပင် ဆရာ ဘာမှလုပ်လိမ့်မည်မဟုတ်ဟုဆိုသည်။ ၎င်းကို ကျိုးကျားယွီကြားသောအခါ မေးသည်။

“အရင်တုန်းက ဆရာ ဒီပြိုင်ပွဲမှာ ပြိုင်ဖူးလား။”

ရှန်ရိချွင်း ပြောသည်။

“အရင်ကပြိုင်ဖူးပေမဲ့ လူတစ်ယောက်ကို တစ်ခါပဲပြိုင်ရပြီး အစမ်းကာလမပြီးခင် ပြီးအောင်ပြိုင်ရတာ။”

ကျိုးကျားယွီ ပြောသည်။

“ဒါဆို ရလဒ်က…”

ရှန်ရိချွင်း ဂုဏ်ယူစွာပြောသည်။

“ဒါပေါ့ ဆရာ ပထမရတာလေ။ အဲ့ဒါတင်မက ငါ့ညီအစ်ကိုတွေတောင် ဒုတိယအောက် တစ်ခါမှမရောက်ဖူးဘူး။”

ကျိုးကျားယွီ ပြုံးပင်မပြုံးနိုင်တော့ပေ။ သက်ပြင်းရှည်ကြီးချပြီးနောက် တိတ်ဆိတ်သွားတော့သည်။

ရှန်ရိချွင်းက သူ့ခံစားချက်များကိုနားလည်ကောင်းနားလည်ကာ နှစ်သိမ့်ပေးရန်ပခုံးပုတ်ပေးလေသည်။

လက်ရှိတွင် ပြိုင်ပွဲဝင်ပေါင်း ၃၀၀ ကျော်ရှိပြီး ၎င်းတို့ထဲမှ အယောက် ၂၀ ကသာ အကြိုဗိုလ်လုပွဲကိုတက်ခွင့်ရမည်။ သူတို့ တစ်ကြိမ်အရွေးခံပြီးသားဖြစ်သော်လည်း လင်းကျူးရွှေ၏ထူးခြားသည့်ဂုဏ်ရှိန်ဝါကြောင့် ကင်းလွတ်ခွင့်ရခဲ့သည်။ ကျိုးကျားယွီ အလွန်ရှင်းရှင်းလင်းလင်းမသိထားသည်မှာ သေချာပေါက်ပင်။ ယခု သူ့ကျောက်တုံးကြီးကို အပြည့်အဝအာရုံစိုက်ထားလေသည်။

တန်အနည်းငယ်လေးသည့်ကျောက်တုံးကြီးက ပြိုင်ပွဲကျင်းပရာနေရာသို့ ဖြည်းညှင်းစွာရောက်ရှိသွားသည်။

ပုံမှန်လမ်းအတိုင်းသွားရန် ကြီးလွန်းသဖြင့် အလယ်ပိုင်းမှ ကျောက်တုံးများ ဖွင့်ကြည့်ရာ နေရာသို့သာပို့နိုင်သည်။

ကျောက်တုံးရောက်လာသည်နှင့်တစ်ပြိုင်နက် ပွဲကွင်းတစ်ခုလုံး ရယ်မောကြလေသည်။ ထိုလူများ ဘာကိုရယ်ကြကြောင်း ကျိုးကျားယွီနားမလည်ခင် သူ့ဘေးနားရှိ ရှန်ရိချွင်းကပြောလေသည်။

“ဟားဟားဟား ဘယ်ငတုံးက ဒီကျောက်တုံး ရွေးထား…”

ကျိုးကျားယွီ : “…”

ရှန်ရိချွင်း : “လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက ဒီကျောက်တုံးမျိုးတစ်ခါမြင်ဖူးတယ်။ ဒီနေ့ ထပ်တွေ့ရမယ်မထင်ထားဘူး၊ ရှစ်နှစ်ကြာပြီးမှလေ။”

ကျိုးကျားယွီ : “…”

ကျိုးကျားယွီ၏မျက်နှာထား ထူးဆန်းနေသည်ကို ရှန်ရိချွင်းမြင်သွားပြီး ပြောသည်။

“မင်း ဘာဖြစ်တာလဲ။ မျက်နှာက အီးစားထားသလို ဘာလို့ဖြစ်နေတာလဲ။”

ကျိုးကျားယွီခမျာ တိတ်ဆိတ်နေကာ ရှန်ရိချွင်းကို ခါးသက်သည့်အကြည့်နှင့် ကြည့်လိုက်သည်။

ရှန်ရိချွင်း ထပ်မေးချင်သော်လည်း မျက်နှာပေါ်ရှိအပြုံးက ချက်ချင်းတောင့်ခဲသွားသည်။ ထို့နောက် အသက်မပါသည့်ရယ်သံနှင့် ပြော၏။

“နေပါဦး နေပါဦး ကျိုးကျားယွီ မင်းနံပါတ်ပြားကို ဒီဟာကြီးပေါ် ကပ်ခဲ့တာလား။”

ကျိုးကျားယွီ ပြောသည်။

“ခန့်မှန်း ကြည့်လေ?”

ရှန်ရိချွင်း : “…”

ရှန်ရိချွင်း စကားပြောရပ်သွားကာ နှစ်ယောက်လုံး အားနာနာနှင့်တိတ်ဆိတ်သွားကြသည်။ သူ စီးကရက်တစ်လိပ်ထုတ်ပြီး ကျိုးကျားယွီကို ကမ်းပေးလိုက်သည်။

ကျိုးကျားယွီ ခုံတစ်လုံးပေါ်ထိုင်ကာ ခပ်ပြင်းပြင်းတစ်ချက်ဖွာသည်။

“တကယ် ဘာမျှော်လင့်ချက်မှမရှိတော့ဘူးလား။”

ရှန်ရိချွင်း ပြောသည်။

“ဆေးလိပ်ဆက်သောက်။”

ကျိုးကျားယွီ ကျီပါ့ကို စိတ်ထဲထပ်မေးသည်။

“တကယ် ဘာမျှော်လင့်ချက်မှမရှိတော့ဘူးလား။”

ကျီပါ့ စိတ်တိုပြီးပြောလိုက်၏။

“ငါက မင်းအတွက် ရွှေလက်ချောင်းဖွင့်ပေးလို့ပဲ ရတာ။ ကျောက်တုံးက မင်းဘာသာရွေးတာလေ။”

ကျိုးကျားယွီ : “ရုတ်တရက် ငါ့အမြင်တိမ်ဖုံးပြီး မှားရွေးလာတာများလား။”

ကျီပါ့ : “…”

ထို့ကြောင့် လူနှစ်ယောက်နှင့်ငှက်တစ်ကောင် တစ်ပြိုင်နက်တိတ်ဆိတ်သွားကြသော်လည်း သနားစရာကျီပါ့ကမူ ဆေးလိပ်ပင်မသောက်နိုင်ရှာပေ။ ၎င်း၏ပဲပုပ်မျက်လုံးလေးများနှင့်သာ စိုက်ကြည့်နိုင်ပြီး ဝမ်းနည်းမှုကို ကျိုးကျားယွီပင်ခံစားမိသည်။

အားလုံး၏လှောင်ပြောင်မှုအလယ်တွင် ကျောက်တုံးက ပွဲနေရာသို့ ဖြည်းညှင်းစွာဝင်ရောက်လာသည်။

ပြိုင်ပွဲဝင် ၃၀၀ ကျော် ရှိသော်လည်း ကျောက်တုံးတစ်တုံးချင်းဖွင့်နေပါက ဆယ်ရက်ကျော်လောက်ကြာသွားနိုင်သည်။ သို့သော် ပြိုင်ပွဲဝင်များအား ပထမရက်မှာတင် သေချာရွေးပြီးလုနီးနီးပင်။

အဘယ်ကြောင့်ဆိုသော် ဒိုင်လူကြီးများက ကျောက်တုံး ၃၀၀ ထဲမှငါးခုကို ရွေးမည်ဖြစ်သောကြောင့်ပင်။ ပြိုင်ပွဲဒိုင်လူကြီးတစ်ယောက်ဖြစ်ရန် စွမ်းရည်များမှာ သာမန်အဆင့်ထက် သာလွန်ပြီးသားပင်။ သူတို့ရွေးထားသည့်ကျောက်တုံး ၂၀ က အားလုံးထဲ၌ အကောင်းဆုံးများဖြစ်ကြသည်။

ရွေးချယ်သည့်လုပ်ငန်းစဉ်က ဒိုင်လူကြီးတစ်ယောက်၏ခွန်အားပေါ် တကယ်မူတည်နေသည်။ ဒိုင်လူကြီးကိုယ်တိုင်က ပြိုင်ပွဲဝင်လောက်မသန်မာလျှင် သူတို့ကို ထုတ်ပယ်ရန် ဘယ်လိုလုပ် အရည်အချင်းပြည့်ဝမည်နည်း။

အရွေးမခံရသည့်ကျောက်တုံးများမှာ နောက်ရက်အနည်းငယ်အတွင်း အလိုလိုကွဲသွားလိမ့်မည်။ သို့သော် ပြိုင်ပွဲပေါင်းများစွာ စစ်ဆေးပြီးနောက် ဒိုင်လူကြီးများက ချို့ယွင်းချက်နည်းသည့်အကောင်းဆုံးကျောက်တုံးများကိုသာ အမြဲရွေးချယ်သည်။

အားလုံးအရှေ့၌ မျက်နှာပြင်ကြီး လင်းလာကာ ကျောက်တုံးရွေးနေသည့်လူလေးယောက် ထွက်ပေါ်လာသည်။ ယောက်ျားသုံးယောက်၊ မိန်းမတစ်ယောက်ဖြစ်ပြီး သူတို့ထဲမှတစ်ယောက်က လင်းကျူးရွှေ ဖြစ်သည်။

လင်းကျူးရွှေမျက်လုံးများပိတ်ထားကာ လက်ထဲ၌ လမ်းလျှောက်တုတ်မရှိသော်လည်း ကျောက်တုံးများကြားတွင် လွတ်လွတ်လပ်လပ် လျှောက်သွားပြီး သုံးတုံးအမြန်ရွေးလိုက်သည်။ သူ့အရှိန်က ကျန်ဒိုင်လူကြီးများထက် လွန်စွာ မြန်ဆန်ပြီး နောက်ဆုံးတစ်ခုအတွက် အဆင်သင့်ဖြစ်ရန် ငါးမိနစ်သာကြာလိုက်သည်။

ကျန်ဒိုင်လူကြီးသုံးယောက်ကမူ လွန်စွာ အေးဆေးကာ ကျောက်တုံးမရွေးခင် ကြိမ်ဖန်များစွာပွတ်ကြည့်သေးသည်။ သူတို့ပုံရိပ်များအား အားလုံးပြသထားပြီး အမှားတစ်ခု လုပ်မိသည်ကို ပြိုင်ပွဲဝင်များမြင်သွားလျှင် အလွန်ရှက်စရာကောင်းလိမ့်မည်။

“ဆရာလင်းက တကယ်အံ့ဩစရာပဲ။”

သူ့ဘေးနားကတစ်ယောက် ပြောသည်ကို ကျိုးကျားယွီ နားစွန်းနားဖျားကြားလိုက်သည်။ ထို စကားလုံးများကြား ‘ဆရာလင်း’ ဟူသည့်စကားက သူ့အာရုံကိုဖမ်းစားသွားသည်။

“ဟုတ်ပ။ ငါ သူ့ကို အားအကျဆုံးပဲ။”

ပြောသည့်ပြိုင်ပွဲဝင်က မိန်းကလေးဖြစ်သည်။

“အိုး ဘာလို့ သူလဲ။”

ထိုလူက ထပ်ပြောသည်။

“သူက ကြည့်အကောင်းဆုံးပဲလေ။”

မိန်းကလေးက ယုံကြည်ချက်ရှိရှိပြောလိုက်သည်။

ထိုလူ : “…”

ကျိုးကျားယွီရယ်ချင်သော်လည်း လင်းကျူးရွှေ၏ရုပ်ရည်က တကယ်အစားမထိုးနိုင်စရာ ဖြစ်သည်ဟု ဆိုရမည်။ တခြားဟာမပါသေးဘဲ သူ့ဇာမဏီမျက်ဝန်းများ အနည်းငယ်ဖွင့်ကြည့်သည့်အခိုက်အတန့်မှာတင် အဆုံးမဲ့ကျက်သရေ အဖြစ်ဖော်ပြနိုင်ပေသည်။ အသားအရေကား ကျောက်စိမ်းဖြူကဲ့သို့ ဖြူဖွေးချောမွတ်နူးညံ့သော်လည်း မိန်းမဆန်နေခြင်းမဟုတ်ပေ။ အနီး သို့မဟုတ် အဝေးဖြစ်စေ သူက အံ့ဩစရာကောင်းသည့်ကျောက်စိမ်းအလှတရားမျိုး ဖြစ်သည်။ ကျိုးကျားယွီခမျာ ထိုအတွေးများကို တိတ်တိတ်လေးတွေးရဲသည်မှာ သေချာပေါက်ပင်။ ထိုသို့မဟုတ်ပါက အုတ်ဂူပေါ်ရှိမြက်များ ငါးမီတာလောက် ရှည်နေလိမ့်မည်။

ကျိုးကျားယွီ၏စိတ်က သိချင်သော်လည်း ရှန်ရိချွင်း၏အော်သံကို ကြားလိုက်ရသည်။

“လီး။”

အနီးအနားရှိပြိုင်ပွဲဝင်များလည်း ပင့်သက်အံ့ဩသွားကြ၏။

“ဘာဖြစ်တာလဲ။”

ကျိုးကျားယွီ ပြောသည်။

ရှန်ရိချွင်းကစိတ်တိုပြီး ပြောသည်။

“ဖန်သားပြင်မျက်နှာပြင်ကို ကြည့်”

ကျိုးကျားယွီ မျက်နှာပြင်ပေါ်သို့လှမ်းကြည့်လိုက်ရာ လင်းကျူးရွှေက သူ ရွေးထားသည့် ကျောက်တုံးကြီးဘေးတွင် တကယ်ရပ်နေကြောင်းတွေ့လိုက်ရသည်။ ထိုအခိုက်အတန့်၌ ရှည်လျားသွယ်လျသည့်လက်ချောင်းကို ကျောက်တုံးမျက်နှာပြင်ပေါ်သို့ ဖြည်းညှင်းစွာ ပွတ်ကြည့်နေသည်။

ရှန်ရိချွင်း ပြောလေသည်။

“ဆရာ ဆရာ ဒါကို မရွေးလောက်ပါဘူးနော်။ ရွေးမှာလား”

ကျိုးကျားယွီက ဖုန်းရွှေ သို့မဟုတ် ထိုကဲ့သို့အရာများတွင် တကယ်ယုံကြည်ချက်မရှိပေ။ ကျီပါ့က သူ့ရွှေလက်ချောင်းဖွင့်ပေးခဲ့သည်ဟု ဆိုသော်ငြား သူ့ဘေးနားမှ လူများ၏အကဲဖြတ်မှုအရ ထိုကျောက်တုံးက ရတနာဖြစ်ပုံမပေါ်ပေ။

“မဖြစ်သင့်…”

ရှန်ရိချွင်း၏စိတ်ထဲတွင် အလွန်ပြဿနာတက်နေကာ သူ့သာမန်အသိနှင့်အတူ လင်းကျူးရွှေအပေါ်ယုံကြည်မှုက စတင်ပြိုကွဲလာသည်။

ကျိုးကျားယွီခမျာ ဘာမှမပြောရဲဘဲ မျက်နှာပြင်ကိုသာ မမှိတ်မသုံအာရုံစိုက်ကြည့်နေသည်။

နောက်ဆုံးတွင်မူ အားလုံး၏အကြည့်အောက်၌ လင်းကျူးရွှေ၏လက်ချောင်းများက ကျောက်တုံးကြီးကိုခပ်ပါးပါးပုတ်ပြီး ပြောလာသည်။

“ဒီတစ်ခု။”

ဘေးနားရှိအကူဝန်ထမ်းလည်း အပြင်ဘက်ရှိ ပြိုင်ပွဲဝင်များနှင့်တုံ့ပြန်ပုံတူညီကာ သူတို့မျက်လုံးကို သူတို့မယုံနိုင်တော့ပေ။

“ဆရာလင်း ဒီ ဒီတစ်ခုရွေးတာ သေချာလို့လား”

လင်းကျူးရွှေ ပြောလာသည်။

“အင်း”

အကူဝန်ထမ်းက တစ်ခုခုပြောချင်သကဲ့သို့ ပါးစပ်ဟလိုက်သော်ငြား လင်းကျူးရွှေ၏စရိုက်ကို တွေးမိပြီး စကားများမြိုချကာ ကျောက်တုံးခွဲရန်အတွက်ပြင်ဆင်ရန် တစ်ယောက်ယောက်ကိုခေါ်လိုက်သည်။

“လင်းကျူးရွှေ မင်း အဆင်ပြေရဲ့လား။ ဒီကျောက်တုံး ဘာလို့ရွေးလိုက်တာလဲ”

လင်းကျူးရွှေနှင့် မလှမ်းမကမ်းတွင်ရပ်နေသည့်ဒိုင်လူကြီးတစ်ယောက်က အံ့ဩသွားသည်။ သူ နှင့်လင်းကျူးရွှေက အသွင်အပြင်လုံးဝကွဲပြားသည်။ သူက သန်မာသည့်ခန္ဓာကိုယ်ရှိကာ ရိုးရိုးကုတ်အကျ်ီဝတ်ဆင်ပြီး ဖုန်းရွှေလေ့ကျင့်သည့် လူနှင့်မတူသော်လည်း ရှေးဟောင်းသိုင်းဆရာ တစ်ယောက်နှင့် အတော်တူသည်။

“ရွှီကျန် ဒီကျောက်တုံးက ဘာဖြစ်လို့လဲ။”

လင်းကျူးရွှေ၏မျက်နှာထား မပြောင်းလဲသေးပေ။

“တစ်ချက်ကြည့်ရုံနဲ့တင် ဒီကျောက်တုံးက အဲ့လောက်မကောင်းမှန်း ဘယ်သူမဆိုပြောနိုင်တယ်”

ရွှီကျန်က ရယ်ပြီးပြောသည်။

“ငါ နှစ်ပေါင်းများစွာရွေးလာတာ ဘယ်လိုလုပ် မှားနိုင်မှာလဲ။ အပေါ်လွှာပါးပေမဲ့ တည်ဆောက်ပုံနဲ့ ကြည်လင်မှုမရှိဘူးဆိုတာ တစ်ချက်ထိရုံနဲ့ ပြောနိုင်တယ်။ အထဲမှာ တစ်ခုခုရှိရင်တောင် အလွန်ဆုံးရှိလှ ရေခဲကျောက်စိမ်းပဲဖြစ်မှာ”

လင်းကျူးရွှေက ပေါ့ပါးစွာပြန်ပြောလိုက်သည်။

“အဲ့ဒါ မင်းထင်တာလား။ ငါတော့ မယုံပါဘူး”

ရွှီကျန်က ကျောက်တုံးကိုသေချာကြည့်ပြီး ခေါင်းခါလိုက်သည်။

“မင်း ထပ်စဉ်းစားဖို့ အကြံပေးချင်တယ်။ ဘယ်လိုပဲကြည့်ကြည့် မင်း ဒီတစ်ခုကိုရွေးတာ အကြောင်းပြချက်တစ်ခုတော့ ရှိလိမ့်မယ်”

လင်းကျူးရွှေက မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။

ရွှီကျန်က ရယ်ပြီးပြောနေ၏။

“အကြောင်းပြချက်ကတော့ မင်းတပည့်လည်း ဒီကျောက်တုံး ရွေးထားလို့ပဲ။ မင်း သူ အရှက်ကွဲမှာကြောက်ပြီး သူ့အတွက် အပြစ်ပြောခံချင်နေတာ။ ဟားဟားဟားဟားဟား။”

လင်းကျူးရွှေ သူ့ရယ်သံကိုနားထောင်နေသော်လည်း စိတ်မဆိုးပေ။ အကူဝန်ထမ်းဘက်သို့ လှည့်ပြောလိုက်သည်။

“ဒီတစ်ခုကို နောက်ဆုံးမှခွဲပါ။”

ထိုစကားများကြောင့် အကူဝန်ထမ်းခမျာကြောင်သွားပြီး ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။

ရွှီကျန်က ဆက်ပြောသည်။

“ဘာလို့လဲ။ မင်း တကယ်ကြောက်နေတာမလား။ မင်းကြောက်ရင် ဆုံးဖြတ်ချက်ကိုအမြန်ပြောင်းလိုက်။ အားလုံးက နှစ်ပေါင်းများစွာသိလာကြတာ၊ ငါတို့ ဘာမှပြောမှာမဟုတ်ဘူး”

လင်းကျူးရွှေက အေးစက်စက်ပြုံးသည်။

“ငါ ဘာလို့ နောက်ဆုံးမှခွဲလဲ မင်း သိချင်လား”

ရွှီကျန် : “ဘာလို့လဲ”

လင်းကျူးရွှေ အေးစက်စွာပြောသည်။

“အကောင်းဆုံးဆိုတာက နောက်ဆုံးမှထုတ်ပြရတာလေ။”

သူ ပြောပြီးနောက် လှည့်ထွက်သွားကာ ရွှီကျန်ကို စိမ်းဖန့်ဖန့်မျက်နှာထားနှင့်ချန်ခဲ့လေသည်။

“ချီး သူ အမြဲဒီလိုပဲ။ ဒီတစ်ခေါက် သူ အမှားမလုပ်ဖူးဆိုတာ မယုံဘူး”

ရွှီကျန် တိတ်တိတ်လေးဆဲလိုက်သည်။

“ကျူးရွှေနဲ့ ဘာလို့ထပ်ငြင်းနေတာလဲ”

နှစ်ယောက်ငြင်းနေသည်ကို မြင်သောအခါ တစ်ဦးတည်းသောအမျိုးသမီးဒိုင်လူကြီးက သက်ပြင်းချလေသည်။

“စကားကောင်းကောင်း ပြောလို့မရဘူးလား။”

“ဟမ့် ချန်ရှောင်းရူ ငါ့ကိုဖျောင်းဖျဖို့ မကြိုးစားနဲ့။ သူ့ကို သွားဖျောင်းဖျ”

ရွှီကျန်က ထိုသို့ပြောပြီး ထွက်သွားလေသည်။

ချန်ရှောင်းရူက သက်ပြင်းဖွဖွချလိုက်သော်လည်း သူတို့နှစ်ယောက်ကြားထဲ သူ(မ)ကိုယ်သူ(မ)အရှုပ်မခံပေ။ သူ(မ) ကျောက်တုံးနှစ်တုံးရွေးရဦးမည်။

တစ်နာရီကြာပြီးသည့်နောက် ကျောက်တုံး အတုံး ၂၀ ရွေးပြီးကာ ကျောက်ခွဲသည့်နေရာသို့ အသီးသီးပို့လိုက်သည်။

ကျောက်တုံးအရွယ်အစားပေါင်းစုံရှိကာ သူတို့ကြားတွင် ကျိုးကျားယွီ၏ကျောက်တုံးကြီးက အထူးတလည်ထင်ရှားနေ၏။

အားလုံး စကားပြောနေကြကာ အများစုက ထိုကျောက်တုံးအကြောင်း အပြစ်တင်နေခြင်းဖြစ်ပြီး တချို့ဆိုလျှင် ယခုတစ်ခေါက် လင်းကျူးရွှေအမှားလုပ်မိပြီဟူ၍ပင် သံသယဝင်နေကြသည်။

ကျိုးကျားယွီကို ဘယ်သူမှမသိသော်လည်း တချို့က ရှန်ရိချွင်းကိုသိကြသည်။ သို့သော် ဒီအချိန်တွင် ကျိုးကျားယွီနှင့်ရှန်ရိချွင်းတို့ အမူအရာများမှာ တော်တော်ဆိုးရွားနေကာ ဘယ်သူမှစကားမပြောပေ။

“ကျိုးကျားယွီ”

ရှန်ရိချွင်း ခေါ်လိုက်၏။

“ကြည့် ဆရာက မင်းကို တော်တော်သဘောကျတာ”

လင်းကျူးရွှေက ကျိုးကျားယွီအတွက် အပြစ်တင်ခံလိုက်သည်ဟု သူလည်းတွေးမိသည်။

ကျိုးကျားယွီက ပြန်ပြောသည်။

“အင်း ငါ အရမ်းစိတ်လှုပ်ရှားနေတာ”

“အဲ့တော့..”

ရှန်ရိချွင်း ပြောသည်။

ကျိုးကျားယွီ ပြောသည်။

“အမ်?”

ရှန်ရိချွင်း ပြော၏။

“မင်း အရင်ကရွေးထားတဲ့ကြွေထည်ဒီဇိုင်း ငါ့ဆီ ပြန်ပို့ပေးပါလား။”

ကျိူးကျားယွီ : “….?”

“ဆရာက နည်းနည်းလေးတာမျိုး သဘောကျတာမလား”

စာရေးသူမှာ ပြောစရာရှိတယ်။

လင်းကျူးရွှေ : ဒီကို လာပါဦး။ ဆရာ မင်းကို ချစ်လို့။

ကျိုးကျားယွီ : မလာဘူး ကျွန်တော့်ဖင်နာတယ်

End...

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment