no

Font
Theme

Five Elements

 

Chapter - 6 : လက်ရာများ

 

ဘေးအခန်းက ကလေးငိုသံက ပိုပိုပြီး စူးရှကျယ်လောင်လာကာ အကြားအာရုံကပင် အသံကို လက်မခံနိုင်တော့သလို ခံစားလာရသည်။ ကျိုးကျားယွီ နားများကို လက်တွေနဲ့ ပိတ်လိုက်ပေမယ့်လည်း အသံက လုံး၀လျော့သွားခြင်းမရှိပေ။ ကျိုးကျားယွီ ကုတင်ခြေရင်းတွင် ခဏထိုင်နေ‌လိုက်ပြီးနောက် သူ ထပ်ပြီးသည်းမခံနိုင်တော့ပါ။

 

ကျိုးကျားယွီ : “ငါ လင်းကျူးရွှေကို ဘာတွေဖြစ်နေတာလဲလို့ သွားမေးလိုက်ရမလား?”

 

ကျီပါ့ : “သွားပေါ့ သူက မင်းကို ကိုက်စားမှာမှ မဟုတ်တာ”

 

ဒါက အကြံကောင်းပဲလို့ ကျိုးကျားယွီက တွေးလိုက်ကာ အားတင်းပြီး လင်းကျူးရွှေအခန်းတံခါးဆီကို လျှောက်သွားလိုက်သည်။ ဒါပေမယ့် သူ တံခါးကို ရောက်တဲ့အချိန်မှာ အနည်းငယ်တွန့်ဆုတ်သွားကာ ပြောလိုက်သည်။

 

“သူ ဒေါသထွက်သွားလောက်မလား?”

 

ကျီပါ့ : “သတ္တိရှိစမ်းပါ!”

 

ကျီပါ့က အားပေးလိုက်၍ ကျိုးကျားယွီ လက်ကို ဖြေးဖြေးချင်းမြှောက်လိုက်ပြီး တံခါးကို ညှင်ညှင်သာသာ ခေါက်လိုက်သည်။

 

တုံ့ပြန်လာမှုမရှိပေ။ ကလေးငိုသံက ဆက်ရှိနေသေးပေမယ့် လျှောက်လမ်းက တိတ်ဆိတ်နေသည်။ ကျိုးကျားယွီက စိတ်ပျက်သွားပေမယ့်လည်း စိတ်သက်သာရာရသွားသလို သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။

 

“အာ…..ကြည့်ရတာ သူ အိပ်ပျော်နေပြီထင်တယ် ဒါဆိုလည်း နှောက်ယှက်မနေတော့ပါဘူး”

 

သူ စကားပြောပြီးတဲ့အခါ ပြန်လှည့်ကာ ထွက်သွားဖို့လုပ်လိုက်သည်။ မထင်ထားစွာနဲ့ပဲ ခြေနှစ်လှည့်ပင်မပြည့်ခင်အချိန်မှာ သူ့နောက်က တံခါးဆီမှ ကျွီ ဟု အသံထွက်လာကာ တံခါးပွင့်လာသည်။ လင်းကျူးရွှေရဲ့ အသံထွက်ပေါ်လာသည်။

 

“ဘာကိစ္စလဲ?”

 

ကျိုးကျားယွီ တောင့်တင်းသွားပြီး ကိုးရိုးကားယားဖြင့် နောက်ပြန်လှည့်ရင်း ကူကယ်ရာမဲ့သလိုမျိုး ခံစားနေရသည်။

 

“မစ္စတာ မစ္စတာလင်း မင်္ဂလာညချမ်းပါ”

 

လင်းကျူးရွှေ : “မင်္ဂလာညချမ်းပါ”

 

ကျိုးကျားယွီ : “အဲ့ဒါက….ကျွန်တော် ခင်ဗျားအခန်းကနေ ကလေး ငိုသံကြားလိုက်လို့ပါ…..”

 

လင်းကျူးရွှေက ဖြေးဖြေးချင်းမျက်ခုံးပင့်ကြည့်ရင်း ကျိုးကျားယွီရဲ့စကားကို အံ့ဩသွားပုံပေါ်နေသည်။

 

လင်းကျူးရွှေ : “မင်း ကြားရတယ်လား"

 

ကျိုးကျားယွီက ဟန်လုပ်ပြုံးပြလိုက်ရာ၊ လာမေးမိသည့်အတွက် နောင်တရနေပြီဖြစ်သည်။ လင်းကျူးရွှေရဲ့ အမူအရာကို ကြည့်ရသလောက်ဆိုရင် နောက်ဆက်ဖြစ်လာမည့်အရာသည် ကောင်းမဲ့အရာ မဖြစ်နိုင်မှန်းကို သူ ခံစားမိနေသည်။

 

“မင်း ကြားရတယ်ဆိုမှတော့ ၀င်လာခဲ့”

 

လင်းကျူးရွှေက ပြောလိုက်သည်။

 

“ငါ ခု စိတ်ရှုပ်နေတာ”

 

ကျိုးကျားယွီ ‘အာ’ဟု အသံပြုလိုက်ပြီး လင်းကျူးရွှေက သူ့ကို ရုတ်တရက်ကြီး အထဲ၀င်ဖို့ ခေါ်လိမ့်မယ်လို့ လုံး၀ထင်မထားခဲ့ပေ။ သူ မငြင်းနိုင်ပဲ ကိုယ်ကို ကျုံ့ပြီးသာ လင်းကျူးရွှေအခန်းထဲ ၀င်လိုက်သည်။ ခု လင်းကျူးရွှေသာ ကြည့်နေခဲ့ရင် ကျိုးကျားယွီက လက်နဲ့ခြေထောက် ပြိုင်တူလမ်းလျှောက်နေတာကို သေချာပေါက် မြင်ရလိမ့်မည်ဖြစ်သည်။ ကျိုးကျားယွီ အခန်းထဲ၀င်လိုက်ပြီး တစ်ချက်ကြည့်ရုံဖြင့် အိပ်ရာအကြီးကြီးပေါ်တွင် ထိုင်နေတဲ့အရာတစ်ခုကို မြင်လိုက်ရသည်။

 

ထိုအရာသည် လက်ဖဝါးအရွယ်အစားမျှသာ ရှိပြီး အနီရောင်သွားရည်ခံအသေးလေး တစ်ခုကို ၀တ်ဆင်ထားသည်။ သူ့ရဲ့၀၀ကစ်က စ်လက်သေးသေးလေးတွေနဲ့ မျက်ရည်တွေကို ဖြတ်လတတ်စွာ သုတ်ရင်း သူရဲ့ပါးစပ်သေးသေးလေးက အကျယ်ကြီး အော်ငိုနေသည်။ — ကျိုးကျားယွီ ကြားလိုက်ရသည့်ငိုသံရဲ့ အရင်းအမြစ်သည် ဒီအရုပ်သေးသေးလေး ဖြစ်မည်မှာ သိသာလှသည်။

 

ကျိုးကျားယွီက အံ့ဩစွာဖြင့် ရေရွတ်လိုက်မိသည်။

 

“တကယ်ကြီး မွေးလိုက်တာလား?!”

 

လင်းကျူးရွှေ : “ဘာကိုမွေးတာလဲ?!”

 

ကျိုးကျားယွီက စကားလမ်းကြောင်းအမြန်လွှဲကာ ပြောလိုက်သည်။

 

“ဟင့်အင်း ဘာမှမဟုတ်ပါဘူး မစ္စတာလင်း ဒါကဘာလေးလဲ?”

 

ထိုအရာက ကလေးနဲ့ ဆင်တူနေပေမယ့်လည်း လူသား မဖြစ်နိုင်သည်မှာ သိသာသည်။

 

လင်းကျူးရွှေ : “အမ်…..တကယ်တော့ ငါက အဲ့ဒါကို မမြင်ရဘူးလေ”

 

ကျိုးကျားယွီ : “.....”

 

လင်းကျူးရွှေရဲ့မျက်နှာအမူအရာသည် အလွန် လေးနက်နေသည်။ သူက မျက်လုံးဖွင့်မထားပေမယ့် သူ့ရဲ့မျက်နှာအမူအရာက ကျိုးကျားယွီကို ထုံထိုင်းသွားစေကာ၊ သူ မသိလိုက်ခင်မှာဘဲ အနောက်သို့ ခြေနှစ်လှမ်း ပြန်ဆုတ်သွားမိသည်။

 

လင်းကျူးရွှေ ကျိုးကျားယွီရဲ့လှုပ်ရှားမှုကို ခံစားမိလိုက်၍ အနည်းငယ်ပြုံးလိုက်သည်။

 

“ဘာတွေ ကြောက်နေတာလဲ?”

 

ကျိုးကျားယွီက လင်းကျူးရွှေကို ကြည့်ရင်း မှင်သက်မိသွားသည်။ သူသည် လင်းကျူးရွှေရဲ့အပြုံးကို ပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်သည်။ ထိုအပြုံးက ခဏတစ်ဖြုတ်သာ ဖြစ်ပေမယ့်လည်း ‘နွေဦးပန်းပွင့်တွေရဲ့ အရောင်’ ဟူသော စာသားမျိုးက သူ့စိတ်ထဲမှာ ပေါ်ပေါက်လာစေသည်။ လင်းကျူးရွှေရဲ့အပြုံးက ရေခဲပြင်ထဲတွင် ဖူးပွင့်နေတဲ့ ပန်းတွေရဲ့ ထူးခြားသောအလှကို အမှန်တကယ် ပေးစွမ်းနေသည်။

 

“မ... မကြောက်ပါဘူး”

 

ကျိုးကျားယွီက တုန်ရီနေ၍ စကားကိုပင် ရှင်းရှင်းလင်းလင်း မပြောနိုင်ပေ။

 

လင်းကျူးရွှေ : “မကြောက်ဘူးဆိုရင် သူ့ကို သွားပြီး ချော့လိုက်" 

 

ကျိုးကျားယွီ : “ဟမ်?ဘာကိုချော့ရမယ်?”

 

လင်းကျူးရွှေ : “အိပ်ယာပေါ်က အရာကိုလေ”

 

 

“ကျွန်တော်က ခင်ဗျားကိုပဲ မကြောက်ပေမယ့် အိပ်ရာပေါ်က အရာကိုတော့ ကြောက်တယ်” ကျိုးကျားယွီက အလွန် ဘဝင်ကျစအောင် ပြောလိုက်သည်။

 

လင်းကျူးရွှေက ပြုံးသယောင်ယောင် ဖြစ်သွားသည်။

 

“အို? မင်းက တကယ်ပဲ ငါ့ကိုမကြောက်ဘူးပေါ့?”

 

ကျိုးကျားယွီက စကားပြောတာကို ရပ်လိုက်ကာ ခေါင်းငုံ့ရင်း အိပ်ရာဘေးကို သွားလိုက်သည်။ တကယ်တော့ သူ လင်းကျူးရွှေကို နည်းနည်း ကြောက်နေဆဲဖြစ်သည်။ အိပ်ရာပေါ်ကအရုပ်က လူဟုတ်မဲ့ပုံမပေါ်ပေမယ့် ချော့လို့တော့ လွယ်မဲ့ပုံပေါ်သည်။

 

အရုပ်သေးသေးလေးက လက်တစ်ဖဝါးစာအရွယ်အစားသာ ရှိပြီး ငိုသံကတော့ ကျိုးကျားယွီကို ခေါင်းကိုက်လာစေသည်။ သူ ခဏလောက်တွန့်ဆုတ်နေပြီးနောက် အရုပ်ကို ကောက်ယူဖို့ လက်လှမ်းလိုက်သည်။

 

အရုပ်က တစ်ယောက်ယောက်က သူ့ကို တကယ်ချီတော့မယ်ဆိုတာကို သိသွားတဲ့အခါ မျက်နှာက အံ့ဩသွားပြီး ဗလုံးဗထွေးတွေ စပြောလာသည်။ ကံမကောင်းစွာနဲ့ပဲ ကျိုးကျားယွီ တစ်လုံးမှ နားမလည်ခဲ့ပေ။

 

လင်းကျူးရွှေက ဘေးကနေ ဘာသာပြန်ပေးလိုက်သည်။

 

“အဲ့ဒါက မင်းကို မေမေလို့ ခေါ်နေတာ”

 

ကျိုးကျားယွီ : “......”

 

လင်းကျူးရွှေ : “ပြီးတော့ နို့ဆာတယ်လို့ ပြောနေတယ်”

 

ကျိုးကျားယွီ: “.....”

 

လင်းကျူးရွှေက ကျိုးကျားယွီရဲ့ ငိုချတော့မလိုဖြစ်နေတဲ့ မျက်နှာထားကို မြင်သောအခါ ထပ်ထည့်ပြောလိုက်သည်။

 

“ငါ မင်းကို လိမ်နေတာပါ”

 

ကျိုးကျားယွီက ရုတ်ခြည်းပဲ လင်းကျူးရွှေအရှေ့တွင် ဒူးထောက်ကာ ‘ကျေးဇူးပြုပြီး ကျွန်တော့်ကို မကစားပါနဲ့ အကြီးအကဲရယ်’လို့သာ ပြောချင်တော့သည်။

 

ကျိုးကျားယွီရဲ့တုံ့ပြန်မှုက လင်းကျူးရွှေအတွက်တော့ ကမ္ဘာအသစ်တစ်ခုကို ဖွင့်တဲ့တံခါးလိုမျိုး ဖြစ်နေသည်။ သူ့ရဲ့တပည့်လေးယောက်လုံးက ရိုသေလေးစားသူများဖြစ်ကြရာ မိမိက အရှေ့ဘက်ကို လမ်းပြလိုက်ရင် အနောက်ဘက်ကို သွားရဲသူဟူ၍ မရှိပေ။ လင်းကျူးရွှေ စိတ်အ၀င်အစားဆုံး အရာသည့် ကျိုးကျားယွီရဲ့ ကောင်းကင်ကို စိန်ခေါ်နိုင်တဲ့ ပင်ကိုယ်စွမ်းရည်ဖြစ်သည်။

 

သူလျှင်ပင် အိပ်ရာပေါ်မှာ ရှိနေတဲ့ အရုပ်ရဲ့ ပုံရိပ်အကြမ်းထည်ကိုသာ မြင်နိုင်သော်လည်း ကျိုးကျားယွီက ပုံရိပ်အကြမ်းထည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေရုံတင် မကပဲ လက်ဗလာနဲ့ပင် ထိတွေ့နိုင်နေသည်။ ကျိုးကျားယွီရဲ့ပင်ကိုယ်စွမ်းရည်က လင်းကျူးရွှေ မြင်ဖူးသည့် ထိပ်တန်းအဆင့် နှစ်ယောက်အနက်ပင် အဆင့်သတ်မှတ်နိုင်သည်။

 

“မကြောက်နဲ့ အဲ့ဒါက အချိန်တစ်ခုလောက်ထိတော့ ဘယ်သူ့ကိုမှ ထိခိုက်အောင်လုပ်နိုင်မှာ မဟုတ်ဘူး”

 

 

“ငိုတာ ရပ်ဖို့ပြောလိုက် သူ့ကြောင့် ငါ ခေါင်းကိုက်နေပြီ” လင်းကျူးရွှေက ပြောလိုက်သည်။

 

“မစ္စတာလင်း ဒါက တကယ်ပဲ ဘာများလဲ?” ကျိုးကျားယွီက အရုပ်ကို ချော့ရင်း လင်းကျူးရွှေကို တိုးတိုးလေး လှမ်းပြောလိုက်သည်။

 

လင်းကျူးရွှေ : “မှင်စာမွေးတာကို ကြားဖူးလား?”

 

ကျိုးကျားယွီက ခေါင်းငြိမ့်ပြလိုက်သည်။

 

လင်းကျူးရွှေ : “ငါတို့က အဲ့ဒါကို ‘မှင်စာမွေးတယ်’ လို့ခေါ်ပေမယ့် ထိုင်းမှာကျတော့ ‘Kuman Thong’ လို့ခေါ်တယ် အဓိပ္ပာယ်က ချမ်းသာမှု၊ စွမ်းရည်နဲ့ အကြွင်းမဲ့အာဏာအတွက် ကလေးရဲ့ဝိညာဉ်ကို ပစ္စည်းတစ်ခုနဲ့ ချည်နှောင်လိုက်တာ”

 

ထိုအချိန်မှာသာ ကျိုးကျားယွီလက်ထဲက အရုပ်က တိုးဝှေ့လာကာ ငိုသံက တိတ်လာသည်။ သူ့ရဲ့အထိအတွေ့က လူသားအရေပြားနဲ့ ဆင်တူပေမယ့် အနွေးဓာတ်ရှိ‌မနေပေ။ ကျိုးကျားယွီက ထိုအရာ၏ နောက်ကျောကို ပုတ်ပေးလိုက်နေရင်းမှ ၎င်း၏ နွမ်းနယ်လာတဲ့မှုကို ကြည့်နေခဲ့သည်။

 

လင်းကျူးရွှေ : “ရွမ်ယွင်ကျဲ လုပ်ခိုင်းခဲ့တာက Kuman Thong ပဲ”

 

ငြိမ်သက်စပြုလာတဲ့အရုပ်က လင်းကျူးရွှေရဲ့ စကားကို ကြားလိုက်ရ၍ ရုတ်တရက် ပြန်‌ပေါက်ကွဲကာ ကိုယ်ခန္ဓာကနေ အနက်ရောင်မီးခိုးတွေ ထုတ်လွှတ်လာသည်။ အစတုန်းက သွားမရှိတဲ့ အရုပ်ရဲ့ပါးစပ်ထဲမှာ ချွန်ထက်သော သွားတွေ ပြည့်နှက်ကာ ကျိုးကျားယွီရဲ့လက်ကို ကိုက်ရန် ဟန်ပြင်လိုက်သည်။

 

လင်းကျူးရွှေရဲ့ လှုပ်ရှားမှုက အလွန်အမင်း မြန်ဆန်သည်။ ကလေးက မကိုင်မိခင်မှာပင်  ကလေးရဲ့လည်ပင်းကနေ ကြောင်တစ်ကောင်လိုမျိုး ဆွဲမလိုက်သည်။

 

“ဝူးးးဝူးး!!!”

 

ကလေးက ကျယ်ကျယ်လောင်လောင် ငိုကြွေးလာသည်။ ပြတင်းပေါက် အပြင်ဘက်တွင် လေပြင်းများ တိုက်ခတ်နေပြီး လိုက်ကာတွေက အသံထွက်တဲ့အထိ လှုပ်ရှားလာ၍ လေတိုက်ခတ်မှုကြောင့် ပွင့်‌ထွက်သွားလေသည်။ လင်းကျူးရွှေက မျက်မှောင်ကြုံ့ရင်း ပြောလိုက်သည်။

 

“မင်း သေချာစဉ်းစားရမယ် လက်စားချေရင် ပြန်ပြီးလူ၀င်စားလို့ရမှာ မဟုတ်ဘူး”

 

ကလေးရဲ့မျက်လုံးထဲတွင် သွေးများ ပြည့်နှက်လာကာ သူ့ရဲ့ ကနဦး ချစ်ဖို့ကောင်း၍ နူးညံ့သော ပုံရိပ်များ လုံး၀ပျောက်ကွယ်သွားသည်။ လင်းကျူးရွှေက သက်ပြင်းအရှည်ကြီး ချလိုက်ပြီး‌နောက် အသံထဲမှာ စိတ်ဆိုးနေတဲ့ အရိပ်အမြွက်များဖြင့် ပြောလိုက်သည်။

 

“ဘာလို့လဲ?”

 

သူတို့နှစ်ယောက်လုံးက ဒီကိစ္စမှာ သဘောထားခြင်း လုံးဝမတူညီကြသည်မှာ သိသာနေသည်။ လင်းကျူးရွှေက ကလေးရဲ့သွေးရူးသွေးတန်းဖြစ်နေတဲ့ပုံကို ကြည့်ရင်း ရုတ်တရက် ပြောလိုက်သည်။

 

“မင်း သူ့ကို အရေခွံနွှာခဲ့တာက မဟုတ်မှလွဲရော...”

 

ကလေးက အဲ့ဒါကို ကြားတဲ့အချိန်မှာ လှုပ်ရှားမှုရော ငိုနေတာပါ ရပ်တန့်သွား၍ လင်းကျူးရွှေ သက်ပြင်းချလိုက်သည်။

 

“ငါ နားလည်ပြီ”

 

ဒီအဖြစ်အပျက် တောက်လျှောက်လုံး ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို ကျိုးကျားယွီ နားမလည်ပေ။

 

“အကြီးအကဲ…..?”

 

“နောက်ကျနေပြီ အိပ်ရာ၀င်တော့”

 

လင်းကျူးရွှေက ပြောလိုက်သည်။

 

“မနက်ဖြန်ကျရင်လည်း သင်္ချိုင်းဆီ သွားရအုံးမှာ”

 

လင်းကျူးရွှေက မိမိကိုလည်း မကြာမီ စိတ်မွန်းကျပ်အောင် လုပ်လာလောက်တယ်လို့ ကျိုးကျားယွီတစ်ယောက် ခံစားမိ၍ ယိုင်တိယိုင်တိုင်စွာဖြင့် အခန်းထဲသို့ ပြန်သွားခဲ့သည်။ ကျိုးကျားယွီက အိပ်ရေးပျက်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့် လှဲလိုက်တာနဲ့ တန်းပြီးအိပ်မောကျ သွားသည့်အတွက် သူ အာရုံကြောတွေရဲ့ ထူထပ်မှုကို နားလည်မှုလွဲသွားမိမှန်း သိလိုက်ရသည်။

 

နောက်နေ့မနက် မနက်စာစားချိန်မှာ ကျိုးကျားယွီက ရှန်းရိချွင်းကို မနေ့ညက အသံတစ်ခုခု ကြားသေးလားဆိုပြီး မေးလာသည်။

 

ရှန်းရိချွင်းက ခေါင်းခြောက်စွာဖြင့် ပြောလိုက်သည်။

 

“ဘာကိုကြားရမှာလဲ?”

 

ကျိုးကျားယွီ ခေါင်းခါရင်း : “ရပြီ ဘာမှမဟုတ်တော့ဘူး”

 

လင်းကျူးရွှေက နောက်ကျမှ ရောက်လာကာ မနက်စာတွင် စိတ်၀င်စားပုံမပေါ်ပေ။ နို့တစ်ခွက် သောက်ပြီးသွားသည်နှင့် စားသောက်မှုကို ရပ်လိုက်သည်။

 

သူတို့သုံးယောက် မနက်စာစားနေချိန်တွင် တစ်ညလုံး မအိပ်ဘဲ နေနေပုံပေါ်သည့် ရွမ်ယွင်ကျဲနဲ့ ရွေ့ကောတို့ ရောက်လာခဲ့သည်။ ရွေ့ကောရဲ့ မျက်နှာက အလွန်အမင်း ဖြူဖျော့နေသည်။ ရွမ်ယွင်ကျဲက နှာခေါင်းစည်းနဲ့ နေကာမျက်မှန်တပ်ထားကာ သူမကိုယ်သူမ သေချာဖုံးကွယ်ထားသည်။

 

ရွေ့ကော : “မစ္စတာလင်း ဆရာ့ရဲ့တောင်းဆိုမှုအတိုင်း ကျွန်တော်တို့ရဲ့ပရိဘောဂတွေကို ပြန်လည်ပြင်ဆင်ထားပြီးတော့ အုတ်ဂူလည်း လုပ်နေပါပြီ။ နေ့လည်လောက်ဆို အဆင်သင့်ဖြစ်ပါပြီ”

 

လင်းကျူးရွှေ : “ဗီလာကို အရင်သွားကြတာပေါ့”

 

ရွေ့ကောက အမြန်သဘောတူလိုက်သည်။

 

၎င်းတို့အားလုံး ရွမ်ယွင်ကျဲရဲ့နေရာကို ပြန်သွားခဲ့ကြသည်။ တစ်ညလုံး အလုပ်ကြိုးစားပြီးတဲ့ နောက် အိမ်ထဲက ပရိဘောဂတွေအကုန်လုံးကို ရှင်းလင်းထားသောကြောင့် အိမ်က ဗလာဖြစ်နေသည်။ အပြင်ဘက်ရှိ နေရောင်က အလွန်တောက်ပနေကာ အပူချိန် ၃၄ ဒီဂရီလောက် ရှိလုနီးပါးဖြစ်နေပြီဆိုပေမယ့် အထဲကအအေးဓာတ်သည် လူတိုင်းကို ကြက်သီးမွေးညှင်းပင် ထလာစေသည်။

 

လင်းကျူးရွှေသည် ပထမအထပ်ကို လျှောက်ပတ်ကြည့်ပြီးနောက် ဒုတိယအထပ်ကို တက်သွားကာ ရွမ်ယွင်ကျဲရဲ့ အိပ်ခန်းတံခါးရှေ့ ရောက်သွားသောအခါ ခြေလှမ်းများ ရပ်သွားသည်။ လင်းကျူးရွှေရဲ့တုံ့ပြန်ပုံကို မြင်လိုက်ရ၍ ရွေ့ကောက အမြန်မေးလိုက်သည်။

 

“ဆရာ ဘာဖြစ်လို့ပါလဲ?”

 

လင်းကျူးရွှေ : “အထဲမ၀င်နဲ့အုံး မီးဖိုချောင်ကိုသွားပြီး ဂျုံမှုန့်တစ်ချို့ယူလာခဲ့”

 

ရွေ့ကော ဘာလို့လဲ ဆိုပြီးပြန်မမေးရဲပေ၊ အောက်ထပ်ကို ပြေးဆင်း၍သာ မီးဖိုချောင်က ဂျုံတစ်အိတ်ကို ဆွဲယူလာလိုက်သည်။

 

လင်းကျူးရွှေက ဂျုံအိတ်ကိုယူကာ အခန်းထဲ၀င်သွားပြီး လမ်းလျှောက်ရင်း ဂျုံမှုန့်ကို ကျဲချလိုက်သည်။ ပထမတော့ လင်းကျူးရွှေက မည်သို့ကြောင့် ဤသို့ပြုလုပ်သည်ကို သူတို့ နားမလည်ခဲ့ပေ။ သူတို့ အနီးကပ်‌ကြည့်လိုက်သည့်အချိန်မှသာ အခန်းရဲ့ကြမ်းပြင်တစ်ခုလုံးတွင် မရေတွက်နိုင်တဲ့ ကလေးလက်ရာမျာူဖြင့် ဖုံးလွှမ်းနေတာကို တွေ့လိုက်ရသည်။

 

လက်ရာတွေက အရွယ်အစား မတူညီကာ ကြမ်းပြင်၏ ထောင့်တိုင်းမှာ ရှိနေပုံအရ ကလေးတစ်ယောက်တည်း မဟုတ်ကြေယင်း သိသာထင်ရှားနေသည်။ ကျိုးကျားယွီသည် သူ၏ခေါင်းတစ်ခုလုံး ထုံထိုင်းသွားကာ၊ ရွမ်ယွင်ကျဲရဲ့တုံ့ပြန်ပုံက ပို၍ပင် ဆိုးရွားနေသည်။ သူမသာ် အော်ဟစ်၍ အခန်းထဲကနေ ပြေးထွက်သွားသည်။ လင်းကျူးရွှေက နံရံကို လက်ညှိုးထိုးရင်း အေးစက်စွာ ပြောလိုက်သည်။

 

“နံရံနဲ့ မျက်နှာကျက်ပေါ်တွေရော၊ နေရာတိုင်းမှာပဲ”

 

ရွေ့ကောရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပြိုလဲသွားသည်။ အခန်းတစ်ခုလုံးက လက်ရာတွေကို ကြည့်ရင်း သူနဲ့ရွမ်ယွင်ကျဲက ဒီနေရာတွင် အိပ်ခဲ့တယ်ဆိုတာကိုပင် မယုံကြည်နိုင်ဖြစ်နေသည်။

 

 

“တော်တော် ကြောက်ဖို့ကောင်းတာပဲ ဒါက ဘာကြီးလဲ?” ကျိုးကျားယွီ‌၏ ဘေးမှာ ရပ်နေတဲ့ ရှန်းရိချွင်းက ကြောက်လန့်နေတဲ့ အမူအရာဖြင့် ပြောလာသည်။

ရွေ့ကော : “မစ္စတာလင်း ဒါ ဒါက ဘာလဲ"

 

လင်းကျူးရွှေက စိတ်ရှုပ်စွာဖြင့် လက်ကာပြရင်း ပြောလိုက်သည်။

 

“ မသိဘူး ရွမ်ယွင်ကျဲကို သွားမေး”

 

ရွေ့ကောက နောက်လှည့်ပြီး ထွက်သွားရုံမျှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

 

ရွမ်ယွင်ကျဲရဲ့ ရှိုက်ငိုနေတဲ့အသံက အပြင်ဘက်ကနေ အခန်းထဲသို့ စိမ့်၀င်လာသည်။ လင်းကျူးရွှေက ကျိုးကျားယွီနဲ့ ရှန်းရိချွင်းတို့ကို ပြောလိုက်သည်။

 

“ဒီအခန်းထဲက လက်ရာတွေက လူဘယ်နှစ်ယောက်နဲ့ သက်ဆိုင်နေလဲဆိုတာကို စစ်ဆေးကြည့်”

 

ရှန်းရိချွင်းက ခေါင်းငြိမ့်လိုက်သည်။

 

“အကြီးအကဲ အဲ့ပစ္စည်းကို ခင်ဗျားနဲ့အတူ ယူသွားပြီးပြီ မဟုတ်ဘူးလား?” ကျိုးကျားယွီက နားမလည်နိုင်ဖြစ်နေကာ မေးလိုက်သည်။

ကျိုးကျားယွီသည် လင်းကျူးရွှေ၏ အခန်းထဲရှိ ထိုအရာလေးကို မြင်တွေ့ပြီးပြီဖြစ်သည်။ လင်းကျူးရွှေက အေးစက်စွာ ရယ်လိုက်သည်။

 

“ငါက တစ်ခုပဲ ယူသွားတာလေ သူက ဘယ်လောက် မွေးထားလဲဆိုတာကို ဘယ်သူသိမှာလဲ”

 

ရွမ်ယွင်ကျဲရဲ့ တုံ့ပြန်မှုနဲ့ ချိတ်ဆက်ရာမှ ကျိုးကျားယွီက အလွန်ဆိုးရွားသည့် အတွေးချိတ်ဆက်မှုမျိုး ပြုလုပ်လိုက်သည်။ တစ်ခန်းလုံးကို စစ်ဆေးပြီးနောက် ကျိုးကျားယွီနဲ့ ရှန်းရိချွင်းက လင်းကျူးရွှေထံသို့ သူတို့၏အဖြေများကို ပြောလိုက်သည်။

 

အခန်းထဲတွင် အနည်းဆုံးလျှင် လက်ရာအမျိုးအစား သုံးခုရှိနေ၍ ၎င်းတို့က ကိုယ်ခန္ဓာအမျိုးအစားနဲ့ အရွယ်မတူညီတဲ့ ကလေးသုံးယောက်နဲ့ သက်ဆိုင်နေကြောင်း သိနိုင်သည်။ လင်းကျူးရွှေက ဒီအခြေအနေကို လေ့လာပြီးတဲ့နောက် ပြန်ဖို့ လှည့်ထွက်သွားလိုက်သည်။ သူ၏ လေးနက်တဲ့မျက်နှာကို မြင်သော ရွေ့ကောက အမြန်အနားကပ်လာ၍ မေးလိုက်သည်။

 

“မစ္စတာလင်း ဘယ်သွားမလို့လဲ?”

 

လင်းကျူးရွှေ : “ငါ့မှာ လုပ်နိုင်စွမ်းမရှိဘူး။ ငါ ဒါကို မကိုင်တွယ်နိုင်ဘူး”

 

ရွေ့ကောက ငေးငိုင်သွားပြီးနောက် လင်းကျူးရွှေကို မေးလိုက်သည်။

 

“ဒါပေမယ့် မစ္စတာလင်း၊ ဆရာ ထွက်သွားရင် ယွင်ကျဲကရော ဘယ်လိုလုပ်မလဲ"

 

လင်းကျူးရွှေက အေးစက်စက် ရယ်လိုက်သည်။

 

“ဘာလုပ်ရမလဲဆိုတာ သူ သိပါတယ်”


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment