Ch-1 :အိမ်မက်ဆိုးကမ္ဘာ
ဟိုတယ် ကို စွန့်ပစ်ထားသည်မှာ ဘယ်နှနှစ်ကြာပီလဲ မသိပေ။
အဖြူရောင်ဖယောင်းတိုင်များ၊မှန်ကွဲများနှင့်နံရံအနှံ့ပင့်ကူမျှင်များသာရှိနေသည်။စင်္ကြံနှစ်ဖက်စလုံး၌ နောက်ခံပုံဟောင်းများချိတ်ဆွဲထားပြီး ဟိုတယ်အခန်းတံခါးများအားလုံးကိုလဲတင်းတင်းကြပ်ကြပ်ပိတ်ထားသည် ။အခြားထပ်ကို သွားသည့်ဓာတ်လှေကားမှာ ဖွင့်မရသည့်အပြင်ခလုတ်အားလုံးလည်းပျက်နေသည်။
ဖယောင်းတိုင်မီးမှိန်မှိန်အောက် လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးသည် သစ် စ်သားချောင်းကိုဝှေ့ယမ်းရင်းထောင့်နားသို့ရောက်ရှိလာသည်။စင်္ကြ့အတွင်းရှိအနီရောင်ကော်ဇောပေါ်တွင်အတက်နိုင်ဆုံးပြေးလွှားနေပြီး၊သွားများကိုကြိတ်ထားသောကြောင့် သူ့မျက်နှာမှာရက်စက်ပုံပေါ်သည်။
လူလတ်ပိုင်းရွယ်အမျိုးသား၏နောက်တွင် အားကစားဝတ်စုံဝတ်ထားသောမိန်းကလေးတစ်ဦး၊ကျောင်းဝတ်စုံဝတ်ထားသောဝဝကစ်ကစ်ကောင်လေးတယောက်၊ခေတ်ဆန်သောအဝတ်အစားနှင့်ကောက်ကွေးနေသောဆံပင်ရှိသည့်မိန်းကလေးတစ်ဦးနှင့်တောင်တက်ကျောပိုးအိတ်ကိုကိုင်ဆောင်ထားသည့်မျက်မှန်နှင့်လူငယ်တစ်ဦးတို့ရှိနေသည်။
ဟိုတယ်ရဲ့စင်္ကြံကိုဖြတ်ပြေးနေသည်မှာထူးဆန်းနေပေမဲ့ လူငါးယောက်ကတော့ ပြေးသလောက်မရောက်ဘူးလို့ခံစားနေရ၏။အံကြိတ်ထားသည့်အပြင်သူတို့၏မျက်နှာအများစုသည် ကြောက်မက်ဖွယ်ကောင်းသည့်အရာတခု နောက်မှလိုက်လာနေသကဲ့သို့ သူတို့၏မျက်နှာအများစုမှာတုန်လှုပ်ချောက်ချားမှုများရှိနေသည်။
အဖွဲ့၏အဆုံးတွင်ထူးဆန်းသောလူငယ်တယောက်ရှိသည်။သူ့မျက်နှာပေါ်ကအမူအရာကတည်ငြိမ်နေပေမဲ့သူ့နှုတ်ခမ်းတွေကိုကိုက်လျက် သူ၏မျက်နှာစွန်းတလျှောက်ချွေးတွေစီးကျနေ၏။အရွယ်အစားကြီးသည့်တောင်တက် အိတ်ကိုကိုင်ဆောင်ထားသည့် လူငယ်၏မျက်မှန်မှာ အလွယ်တကူ ပြုတ်လေ့ရှိတာကြောင့် မျက်မှန်ကိုမကြာခဏကိုင်ထားရသည်။ဖုန်းကွယ်ဖို့ခက်ခက်ခဲခဲကြိုးစားပေမဲ့အဝေးကိုရောက်ဖို့ကြိုးကြိုးစားစားပြေးနေသည် ကို သူတို့သိသည်။ကံကောင်းထောက်မစွာ ထိုလူငယ် သည် နောက်ကျမကျန်ခဲ့ပေ။
"အမြန် ဟေ့ ..အရှေ့မှာအလင်းရောင်ရှိတယ်။"
လူလတ်ပိုင်းအရွယ်အမျိုးသား သည် စင်္ကြံတလျှောက်ဘယ်ဘက်သို့လှည့်ကြည့်လိုက်ရာ သူ့ရှေ့တည့်တည့်တွင်ဖွင့်ထားသော တံခါးတချပ်ကိုမြင်လိုက်ပြီး မှောင်နေသောစင်္ကြံ၌ တောက်ပသောနွေးထွေးသောအလင်းရောင်ကိုမြင်လိုက်ရသည်။
အလင်းရောင်ကိုမြင်လိုက်သည်နှင့်လူလတ်ပိုင်းအရွယ်အမျိုးသားနှင့်အားကစားဝတ်စုံ ဝတ်ထားသောမိန်းကလေးနှစ်ယောက်စလုံးတို့၏မျက်လုံးများအရောင်တောက်သွားကာ နှစ်ယောက်စလုံးအရှိန်အဟုန်ဖြင့်တညီတညွတ်တည်းပြေးကြသည်။
"ငါတို့ရှေ့မှာနားခိုရာနေရာရှိတယ်ဟေ့"
အားကစားဝတ်စုံဝတ်ထားသည့်မိန်းကလေး ကအံ့သြတကြီးအော်ပြောသည်။“အဲ့ဒီရောက်ရင်ခနအနားယူနိုင်လိမ့်မယ်”
"ဘာ?! "
ထိုမိန်းကလေး ၏စကားမဆုံးခင် သူ့နောက်ကကွေးကောက်နေတဲ့ဆံပင်ရှိသည့်မိန်းကလေးမှာ ရုတ်တရက်မြေပြင်ပေါ်လဲကျသွားလေသည်။
"ငါ့ကိုကူညီပါဦး၊ငါ့ခြေထောက်နာသွားပြီ။အရမ်းနာတယ်.." သူမငိုယိုရင်း အကူအညီလှမ်းတောင်းလေသည်။
"ဒီလူသစ်တွေအကုန်လုံး ဆီပုလင်းတွေလိုတရွတ်တိုက်ဆွဲနေတာလား?"
သစ်သားတုတ်ကိုင်ထားသည့်လူလတ်ပိုင်းအရွယ်အမျိုးသားသည် နံရံပေါ်ကဖယောင်းတိုင်မီးကိုကြည့်ရင်း အသက်ရူရန်ခေတ္တရပ်လိုက်သည်။အနောက်ကို အထင်သေးစွာ ကြည့်လိုက်ရာ ခြေတိုတိုနှင့် ဝဝကစ်ကစ်ကျောင်းသား၊ဒေါက်ဖိနပ်စီးကာပြေးနေသောမိန်းကလေးနှင့်သာမာန်ကြည့်ကောင်းယောကျာ်း ကို တွေ့ရသည်။လူငယ်လေးကတော်တော်ကြည့်ကောင်းတယ်။သူဘာလို့ဒီလောက်နှေးတာလဲ?
"ကောင်းပြီ...မြန်မြန်သွားစို့ "
အားကစားဝတ်စုံဝတ်ထားသောမိန်းကလေး က ဒဏ်ရာရနေသော အမျိုးသမီးကိုဆွဲထူလိုက်သည်။ဒီအရာက ငါတို့နောက်မှာသိပ်မဝေးဘူး။နားခိုရာနေရာမရောက်မချင်း အဲအရာက စောင့်မှာမဟုတ်ဘူး! "
အားကစားဝတ်စုံဝတ်ထားသောကောင်မလေး က လူငယ်လေး၏နောက်ကျောကိုတချက်လှည့်ကြည့်လိုက် သည်။ထိုလူငယ် က ရုပ်ရည်ချောမောသောလူငယ်တစ်ဦးဖြစ်သည်။သူသည် ချိန်းကြိုးတပ်ဆင်ထားသောမျက်မှန်ဝိုင်းဝိုင်း ကိုတပ်ထားသည်။သူ့ရဲ့အသွင်အပြင်နဲ့စိတ်နေစိတ်ထားက မိန်းကလေးငယ်တွေကိုစိတ်လှုပ်ရှားစေလောက်အောင်ထိ လုံလောက်ကောင်းမွန်သည်။
ထိုလူငယ်လေး အိမ်မက်ဆိုးကမ္ဘာကိုပထမဆုံးရောက်လာတာကြောင့်ကြောက်လန့်နေသလားမသိပေ။လူငယ်လေး၏မျက်နှာသည် ဖျော့တော့ပြီးဖယောင်းတိုင်မီးမှိန်မှိန်တွင်အေးစက်ကာဖြူနေ၏။
"ဒါ_ဒါ_တာ_"
"ပြေး!!"
ကြောက်စရာကောင်းသောခြေသံတွေထပ်ရောက်လာသောအခါ ထိုကောင်မလေးသည် နှုတ်ခမ်းကိုဖိကိုက်၍ ကွေးကောက်နေသောဆံပင်ရှိသည့်မိန်းကလေးကို မီးရောင်ရှိသည့်အခန်းစီလျှောက်လှမ်းနိုင်အောင်ကူညီပေးသည်။
တုတ်ကိုင်ထားသည့်လူလတ်ပိုင်းအရွယ်အမျိုးသားနှင့်ဝဝကစ်ကစ်ကောင်လေးတို့ နှစ်ယောက်စလုံး အခန်းတံခါးဝသို့အပြေးအလွှားသွားကာ သူတို့နောက်က စင်္ကြံကိုထိတ်လန့်စွာကြည့်နေကြသည်ကို သူမမြင်လိုက်ရသည်။
ထိုကောင်မလေးလည်း မတက်နိုင်ပဲ အနောက်ကို လှည့်ကြည့်လိုက်သည်။
"ထိုအရာ" ရဲ့ ခြေလှမ်းကိုမမြင်ရသော်လည်း စင်္ကြံရှိဖယောင်းတိုင်မီးများ အနည်းငယ်ငြိမ်သက်သွားလျက် စင်္ကြံသည်အမှောင်ထဲတွင်အမြစ်တွယ်နေသည်ကိုတွေ့ရသည်။
"ကျေးဇူးတင်ပါတယ်"
ထိုကောင်မလေးရှေ့ကိုလျှောက်လှမ်းဖို့ခက်နေချိန် ခပ်ကြမ်းကြမ်းလမ်းလျှောက်လာတဲ့ရုပ်ရည်ချောမောတဲ့ ကောင်လေးကကောက်ကွေးသောဆံပင်ရှိသည့်ကောင်မလေးရဲ့ လက်တဖက်ကိုကူညီပေးဖို့လှမ်းလာသည်ကိုတွေ့ရသည်။သူ့မျက်နှာကအေးစက်ပုံရပေမဲ့ အရေးကြီးတဲ့အခိုက်အတန့်မှာတယောက်နဲ့တယောက်ကူညီရမယ်ဆိုတဲ့ နွေးထွေးမှုတော့ရှိသည်။
သူတို့ရှေ့ရှိနေရာသည် အိမ်မက်ဆိုးကမ္ဘာအတွက်ယာယီနားခိုရာနေရာဖြစ်သည်။အဲ့ဒီ့ကိုရောက်ရင်ဘေးကင်းလိမ့်မယ်။
"ဝုန်း!"
မိန်းကလေးနှစ်ယောက်နှင့်လူငယ်လေးတို့ မီးထွန်းထားသောအခန်းထဲသို့အမြန်ပြေးပြီး တံခါးအတွင်းပိုင်း၌အတော်ကြာ စောင့်နေသည့်လူလတ်ပိုင်းအရွယ်အမျိုးသားက တံခါးကိုစောင့်ပိတ်ကာ တံခါးကိုလုံးဝသော့ခတ်လိုက်သည်။
"နားခိုရာ" ဟု ခေါ် တဲ့နေရာက သာမန်ဟိုတယ်အခန်းထက်အရမ်းရိုးရှင်းသည်။အလင်းရောင်ကလွဲပြီး အိပ်ရာနှစ်ခုသာရှိသည်။အခန်းက သိပ်မကြီးမားပေ။နောက်ခံကပ်ထားသောအချပ်များနှင့်ပရိဘောဂတွေဟာလည်းမီးခိုးရောင်ဆန်ပြီးအိုဟောင်းနေသည်။
လူလတ်ပိုင်းအရွယ်အမျိုးသား က နားခိုရာနေရာ က လေးလံသောကန်လန်ကာများကိုဆွဲဖွင့်လိုက်သော်လည်း ပြတင်းပေါက်အစား ဘာမှမရှိသောအဖြူရောင်နံရံတစ်ခုကိုမြင်လိုက်ရတယ်။
"နားခိုရာနေရာတိုင်း အနည်းဆုံးမိနစ်၃၀တော့လုံခြုံမှုရှိတယ်။"
အားကစားဝတ်စုံဝတ်ထားတဲ့ကောင်မလေး မှ "မင်းမေးချင်တာတွေရှိရင် ငါတို့ကိုအခုပဲမေးလို့ရတယ်" သူမသည် ဖုန်ထူတဲ့ ကုတင်ပေါ်တွင်ထိုင်နေတဲ့ ဆံပင်ကောက်ကွေးနေသောကောင်မလေးကို ပြောလိုက်တယ်။
ထိုကောင်မလေးက သူ့ကိုကူညီခဲ့တဲ့ လူငယ်လေး ကိုတိတ်တဆိတ်ကြည့်လိုက်ရာ ထိုလူငယ်က နံရံကိုမှီကာရပ်နေပြီး မျက်မှန်ကိုကိုင်ကာ ပါးပြင်ပေါ်ကချွေးတွေကိုသုတ်ရင်းဘေးပတ်လည်ကိုကြည့်နေသည်ကို တွေ့ရသည်။
မျက်မှန်ဘောင် ၌ ငွေကြိုးတပ်ထားပြီး စိတ်ထားကောင်းတဲ့လူငယ်လေးတွေကိုရှားရှားပါးပါးတွေ့ဆုံရတာဖြစ်သည်။သူ့ရဲ့လက်ချောင်းလေးတွေကရှည်ပြီးလှသည်။ဒီလိုကြောက်စရာကောင်းတဲ့အိမ်မက်ဆိုးကမ္ဘာမှာမဆုံဖြစ်ရင်အကောင်းသား။
"ဒါဘယ်မှာလဲ?"
ကုတင်ပေါ်တွင်ထိုင်နေသောပျင်းရိသောမိန်းကလေးမှာ ငိုထားပုံရသည်။မျက်လုံးတွေနီရဲနေရုံတင်မက သူမရဲ့နဂိုကနူးညံ့လှပတဲ့မျက်လုံးက မိတ်ကပ်တွေကလဲပျက်စီးကုန်ပြီဖြစ်သည်။
"ဒီကိုဘယ်လိုရောက်လာတာလဲ?"
“ဒါကအိမ်မက်ဆိုးကမ္ဘာပဲ” အခန်းတဖက်တွင်ရပ်နေသောလူလတ်ပိုင်းအရွယ်အမျိုးသားကစိတ်ဆိုးဆိုးဖြင့် ဖြင့်ပြောလိုက်တယ်။"ငါတို့အားလုံး ဒီအိမ်မက်ဆိုးကမ္ဘာထဲ ဝင်လာဖို့ရွေးချယ်ခံရတဲ့အတွေ့အကြုံရှိတဲ့ကစားသမားတွေဖြစ်ပြီး အဲမိန်းကလေးကအိမ်မက်ဆိုးပေါင်းများစွာမှာ အတွေ့အကြုံရှိပြီးသား ဝါရင့်တစ်ယောက်ပဲ။"
" မင်းက အိမ်မက်ဆိုးကမ္ဘာရဲ့လူသစ်"
"ဒါပေမဲ့ငါတို့ရဲ့ရည်ရွယ်ချက်တွေကတူတူပဲလေ။အိမ်မက်ဆိုးကမ္ဘာရဲ့စမ်းသပ်ချက်တွေအကုန်လုံးကိုငါတို့အတူတူဖြေရှင်းနိုင်မှငါတို့ရဲ့မူလကမ္ဘာကိုပြန်သွားလို့ရမှာ"
အားကစားဝတ်စုံဝတ်ထားသောမိန်းကလေး က ပြောပြလာသည်။
"အိမ်မက်ဆိုးကမ္ဘာရဲ့တာဝန်ကိုမင်းဘယ်ဘက်လက်မောင်းမှာရေးထွင်းထားတယ်။စကားလုံးတိုင်းက လေးနက်ပြီး အဲ့တာကိုကြည့်တဲ့အခါ မင်းတယောက်ပဲမြင်နိုင်လိမ့်မယ်”
လူလတ်ပိုင်းအရွယ်အမျိုးသား က တုန်ရီနေဆဲဖြစ်သောလူသစ်ကိုတချက်ကြည့်၍ အင်္ကျီစများကိုလိပ်ကာဘယ်ဘက်လက်ကိုမြှောက်လိုက်သည်။
"ဒီတခါစမ်းသပ်မှုကအရမ်းရိုးရှင်းတယ်။ဒီအိမ်မက်ဆိုးကမ္ဘာမှာ ၁၂ နှစ်နာရီ အထိ ရှင်သန်ဖို့ပဲ။သတ်မှတ်ချိန်ကို မင်းရဲ့ညာဘက်လက်မောင်းမှာရေးထွင်းထားတယ်။"
ကုတင်ပေါ်ထိုင်နေတဲ့ ခြေထောက်ဒဏ်ရာရနေတဲ့ မိန်းကလေးနှင့်ဝတုတ်လေးတို့ လူလတ်ပိုင်းအရွယ် အမျိုးသားလိုပဲ မသိမသာ လက်မြောက်လိုက်ကြသည်။
သူတို့ဘယ်ညာလက်မောင်းမှာရေးထွင်းထားတဲ့သွေးစွန်းနေတဲ့စာလုံးတွေကြောင့် အလန့်တကြားအော်လိုက်ကြသည်။
အစပိုင်းတွင် နံရံကျောကပ်ရပ်နေတဲ့ မျက်မှန်တပ်ထားတဲ့လူငယ်သည် အမူအရာမပြောင်းလဲပဲ လက်မြောက်လိုက်တယ်။သူ့လက်ကိုတိတ်တဆိတ်ပြန်ချပြီး အခန်းဘေးပတ်လည်ကို ကြည့်လိုက်တယ်။အခန်းအပြင်အဆင်နဲ့အရာဝတ္တူများသည် အိမ်မက်ဆိုးကမ္ဘာထက်ပိုကောင်းနေသည်။
"စမ်းသပ်မှုပြီးသွားရင် အရမ်းအသုံးဝင်တဲ့အိမ်မက်ဆိုးကမ္ဘာရဲ့အမှတ်တွေကိုရမယ်။အရမ်းအသုံးဝင်တယ်" ထိုမိန်းကလေးက ထပ်ဖြည့်ပြောလာသည်။
"ဒါပေမဲ့ တခြားလိုအပ်တာတွေ နဲ့လဲရတာလား?" ဖက်တီးလေးက တဖက်ကနေ ထစ်ငေ့ါငေါ့ ပြောလာသည်။သူ သည် သူ့လက်ကို၂ ကြိမ်ကြည့်ပြီး အလွန်တုန်လှုပ်နေသည်။
" အိမ်မက်ဆိုးကမ္ဘာက မင်းတို့ ဖတ်ဖူးတဲ့ နိုဗယ်တွေနဲ့မတူဘူး။"လူလတ်ပိုင်းအမျိုးသားက မျက်မှောင်ကြုံ့သွားကာ ပြောလိုက်သည်။
"အိမ်မက်ဆိုးအမှတ်တွေက အများကြီးသက်ရောက်မှုရှိတယ်။တာဝန်ပြီးမြောက်တိုင်း မင်းရဲ့ ခွန်အားတိုးဖို့ တကြိမ်အသုံးပြုလို့ရတယ်။အိမ်မက်ဆိုးကမ္ဘာမှာ ရတဲ့ဘယ်ရတနာမဆို အိမ်မက်ဆိုးရမှတ်နဲ့လိုအပ်ရင် လဲလို့ရတယ်.."
ထိုမိန်းကလေးက လူသစ်များကို ကြည့်၍ပြောလိုက်သည်။"အရေးအကြီးဆုံးက မင်းတို့ အိမ်မက်ဆိုးကမ္ဘာမှာ သေခဲ့ရင်...မင်းတို့ အသက်ဆက်ရှင်ဖို့ အိမ်မက်ဆိုးရမှတ်လုံလောက် ရမယ်။"
" ရမှတ်မလောက်ရင်ကော .. "ဖက်တီးရဲ့မျက်နှာ ပြာတက်သွားပြီးမေးလာသည်။
"ဒါဆို သေမှာပဲ"လူလတ်ပိုင်းအမျိုးသားက အလွန်ဆုံးဖြတ်ချက်မှန်စွာ ဆိုတယ်။
"မင်းတို့က အဆုံးထိလျှောက်ရမှာကိုပြေးဖို့ ငြင်းဆန်တာနဲ့တူနေတယ်”
ဒဏ်ရာရနေသည့်မိန်းကလေးနဲ့ဖက်တီး၏မျက်နှာထား ထပ်ပြောင်းလဲသွားသည်။အမှောင်ထုက နေ လူတစ်ယောက်ကိုမြိုချလိုက်ပြီး အော်သံ ကို သူတို့ကြားခဲ့သည်။သူတို့ အိမ်မက်ဆိုးကမ္ဘာကို ပထမဆုံးအကြိမ်ဝင်လာသောအခါ ကောရစ်ဒါနား ၌ အမှောင်ထုက တစ်စုံတစ်ယောက် ကို 'စားသောက်' နေတာကြုံခဲ့သည်။အနောက်က လူလတ်ပိုင်းအမျိုးသားက သူတို့ကို ပြေးဖို့ ပြောခဲ့သည်။
"အိမ်မက်ဆိုးကမ္ဘာမှာ ရှင်သန်တဲ့ တစ်ယောက်ချင်းစီတိုင်းမှာ အိမ်မက်ဆိုးရမှတ်က အကျိုးရှိတယ်။မင်းတို့ အေးဆေးနေပါ၊ ရူးမိုက်တဲ့အရာတွေမလုပ်နဲ့။အဲဦးလေးနဲ့ငါမင်းတို့ကို တက်နိုင်သလောက် ကူညီမယ်။"
လူလတ်ပိုင်းအမျိုးသားထက် စာရင် အသက် ၁၇ နှစ် အရွယ်မိန်းကလေးက ပိုကြင်နာတက်သည်။
"ငါ့နာမည်က ချီရှောင်မင်။အိမ်မက်ဆိုးကမ္ဘာ ၂ ခု အတွေ့အကြုံရှိတယ်။"
"ဒီကကျန့်မင် ဆီမှာအိမ်မက်ဆိုး ကမ္ဘာ ၃ ခု အတွေ့အကြုံရှိတယ်။" ကျန့်မင် ဆိုသည့် လူလတ်ပိုင်းအမျိုးသားက သူ့ကိုယ်သူပြောပြီး အသံထဲ ဂုဏ်ယူမှုပါဝင်နေသည်။
"မင်းကကော? မင်း နာမည် ?" ချီရှောင်မင်ကမျက်မှန်တပ်ထားသည့်လူငယ်လေးကို တိုက်ရိုက်ကြည့်လိုက်သည်။
"စု.ဇီ.မို"
ထိုလူငယ်လေး မျက်မှန်ကိုလက်ဖြင့် ပင့်၍ပြောလိုက်သည်။သူ့အသံက ကောင်းမွန်သလို အနည်းငယ်ခြောက်ကပ်သည်။ကြမ်းတမ်းသည်။အတော်ကြာစကားဝင်မပြောသည့် လူငယ်မှမေးလိုက်သည်။" ဒီနားခိုရာရဲ့ ဆိုလိုရင်းက ဘာလဲ?"
"အိမ်မက်ဆိုးကမ္ဘာထဲကို ဝင်ရောက်တဲ့လူအနည်းစု (ဒါမှမဟုတ်) လူသစ်တွေ အတွက် အခက်အခဲကို လျော့ချပေးဖို့ အမိုးအကာလိုနေရာမျိုးပါ”
ချီရှောင်မင်က ဟိုတယ်မျက်နှာကျက်က ဖယောင်းတိုင်များကိုညွန်ပြ၍ပြောလိုက်သည်။
"ဒီအမိုးအကာ ရဲ့ သိသာလွန်းတဲ့ အချက်က နွေးထွေးတဲ့ အလင်းရောင်ပဲ။အထူးသဖြင့် အမှောင်ထဲမှာဆိုရင် အရမ်းထင်ရှားတယ်။"
"ဒီအမိုးအကာ ထဲဝင်နိုင်သရွေ့ အနည်းဆုံး မိနစ် ၃၀လောက်တော့ လုံခြုံတယ်။ငါတို့ကတော့ အထဲရောက်ရင်အစီအစဥ်ချမှတ်တယ်။အနားယူကြတယ်။ဒါပေမဲ့ ..."ချီရှောင်မင် သည် မျက်မှောင်ကြုံသွားပြီး ရုတ်တရက် သူမ၏လေသံမှာလေးနက်လာသည်။
"လုံခြုံတဲ့အချိန်ဖြတ်သန်းပြီးရင် လူတိုင်း နားခိုရာက ဖြစ်နိုင်ရင် မြန်မြန်ထွက်သွားရမယ်။မဟုတ်ရင် ဒီနယ်မြေကပိုကြောက်ဖို့ကောင်းလာပြီး အိမ်မက်ဆိုးကမ္ဘာထဲ အန္တရယ်အများဆုံးနေရာဖြစ်လာလိမ့်မယ်။! "
"မိနစ် ၃၀ ပြီးရင် ငါတို့ ထွက်သွားကြမှာလား?" ကျောင်းယူနီဖောင်းဝတ်ထားသည့် ဖက်တီးက အတော်လေးရှက်နေ၏။သူသည်နားခိုရာထဲ ထောင့်တနေရာ၌ ပုန်းနေပြီး တုန်ယင်နေသည်။
"အတိအကျဆိုရင် အခုကစပြီး၂၅ မိနစ်။" လူလတ်ပိုင်းအမျိုးသားကညာလက်မြောက်၍ကြည့်လိုက်သည်။
"မင်းတို့လက်မှာ ၁၂ နာရီရေတွက်တာမျိုးပါတယ်။နာရီလိုမျိုးပဲ ။ပိုတိကျတယ်။"
"မြန်မြန်အနားယူကြ။တာဝန်တွေက တအားမခက်ခဲတော့ စိုးရိမ်ဖို့မလိုဘူး။"စိတ်မရှည်သည့်ကျန့်မင်နဲ့ ယှဥ် ရင် ချီရှောင်မင် လူတွေကို နှစ်သိမ့်ပေးတဲ့ ဇာတ်ကနေ နေပြီး လူတိုင်းကို ကူညီပေးသည်။
စကားဝိုင်းသည် ပြတ်တောက်သွားပြီး လူတိုင်းနားခိုရာထဲတွင် တိတ်ဆိတ်နေ၏။စုဇီမိုသည် နံရံကိုကျောကပ်ထားကာ မျက်မှန်ကိုထိန်းညှိနေပြီး အခန်းထဲက ရေချိုးခန်းကို စိုက်ကြည့်ကာ ခဏကြာတော့ ဝင်သွားသည်။
အခန်းထဲ က အလင်းရောင်ကြောင့် ရေချိုးခန်းထဲတွင် ဖုန်တချို့ မြင်ရသည်။အထဲသည် နွေးထွေးပြီးတောက်ပသည်။အိမ်မက်ဆိုးကမ္ဘာထဲ လူတွေကို ကြောက်လန့်ခြင်းမဖြစ်စေပေ။
သူ၏ဖျော့တော့သည့်မျက်နှာ၊ ပိန်ပါးတဲ့ခန္ဓာကိုယ် ၊ ဘာစိတ်ခံစားချက်မှမရှိတဲ့ မျက်နှာထား။နှစ်လိုဖွယ်မျက်မှန်ချိန်းကြိုး တစ်စုံ။
"အိမ်မက်မဟုတ်ဘူးပဲ။" စုဇီမို သူ့ကိုယ်သူတီးတိုးပြောမိသည်။
သူ၏နှုတ်ခမ်းထောင့် တင်းကျပ်နေ၏။အိမ်မက်ဆိုးကမ္ဘာက ရွေးချယ်လိုက်သူကို လေ့ကျင့်သူလို့ ခေါ် သည်။ဒါဆို ကောင်းကင်ဘုံက သူ့ကို ဘာလို့ ရွေးချယ်တာလဲ?
သူ့ကိုယ်သူ အနည်းငယ် ရူတ်ချမိလေသည်။