no

Font
Theme

chapter (10) :အဆင့်မြင့်တာဝန်။

စုဇီမို ရဲ့ ခန့်မှန်းချက် က ရိုးရှင်းသည်။

သူ့မျက်မှန်မှမြင်ရသည့် စာသားမှတ်ချက်က အမှန်ဆိုရင်သူပွေ့ဖက်ထားသော ဖန်ဖန်း သည်လည်း အတွေ့အကြုံရှိလေ့ကျင့်သူမဟုတ်ပါပဲအစတည်းက ခက်ထန်တဲ့သရဲတစ်ကောင်ဖြစ်လောက်သည်။

ဒီဇာတ်ကွက် သည် ထိတ်လန့်စရာဇာတ်ကွက်များတွင်အဆန်းတော့မဟုတ်ဘူး။

စုဇီမိုသာ ဒီကိစ္စမှာ အရောတဝင်ဝင်ဖွက်ခြင်းမရှိရင် သူ့အရှေ့က လေ့ကျင့်သူတွေ ဖန်ဖန်းရဲ့ ကာရိုက်တာကိုသံသယဖြစ်မှာမဟုတ်တဲ့အပြင် ဖန်ဖန်းရဲ့ အရွယ်နဲ့မလိုက်အောင်ရင့်ကျက်မှုကြောင့် ယုံကြည်မှုတိုးလာလိမ့်မယ်။

မဟုတ်ဘူး။တေးဂီတနုတ်စာရွက်၏ဇာတ်လမ်းက အစစ်အမှန်ဆိုရင် ဖန်ဖန်ရဲ့အသက်အရွယ်က အခု ရုပ်ရည်ထက်အသက်အများကြီး ကြီးနိုင်သည်။

ဒီကလေးက တကယ်ပဲ အရွယ်ရောက်ပီးသား ယောကျာ်းလား....?သူ့ထက်တောင် အသက်ကြီးနေမလား? "

အပြစ်ကင်းပီးချစ်ဖို့ကောင်းတဲ့ ဖန်ဖန်းကိုကြည့်လိုက်ရာ သူ့ရဲ့ခန့်မှန်းချက်မှန်ကန်လားဆိုတာ မသေချာတော့။

ဖန်ဖန်း က သရဲတစ်ကောင်ဆိုရင် သူကတော့ သူ့လက်ရှိအခြေအနေကိုမေ့နေခဲ့သည်။

ဒါအမှန်ဆိုရင် အခု ဖန်ဖန်းက မရက်စက်ပေမဲ့ အခုစန္ဒယားတီးနေခဲ့တာကြောင့် အရမ်းပျော်ရွှင်နေတာ စုဇီမို ခံစားမိသည်။

စုဇီမို နုတ်ပြောင်းလဲတီးခတ်တာကို ဖန်ဖန်း ခံစားမိရင် စုဇီမိုကလည်း ဖန်ဖန်း စန္ဒယားတီးနေရင်းပျော်ရွှင်နေတာကိုခံစားမိသည်။

စုဇီမိုနဲ့ဖန်ဖန်းတို့ကြားကအထူးဆက်သွယ်မှုနဲ့ယှဥ်ရင် လေ့ကျင့်သူများက စုဇီမိုကို ပိုသံသယဝင်ကြသည်။ သူတို့ စုဇီမို နဲ့ဝေးဝေး တက်နိုင်သမျှ အနေအထား၌ ရပ်နေကြသည်။

[တာဝန် (၁)စာသင်ခန်းထဲ ဝင်ရောက်၍ စာသင်ချိန်မပီးခင်အချိန်ထိ ထွက်ခွာခြင်းမပြုရန်။]

[တာဝန်(၂) စာသင်ခန်းထဲ က မလိုလားအပ်သောသရဲကို နှင်ထုတ်ပါ။]ထိုတာဝန်မှာ ချန်ဂျန်မြောင် နှင့်ဂေါင်ရန် ၏ဘယ်ဘက်လက်နှစ်ဖက်တွင်ဆက်တိုက်ပေါ်လာတော့သည်။

ချန်ဂျန်မြောင် ကအဆင့်မြင့်တာဝန်များလို့ ခေါ်သော်လည်း တာဝန်သည် အရိုးရှင်းဆုံးနှင့်အရှင်းလင်းဆုံးတာဝန်လို့ သူတို့ သတ်မှတ်သင့်သည်။

အစတည်းက သူတို့ ဖန်ဖန်းနဲ့အတူရှိနေတာဖြစ်လို့ စုဇီမိုမှာ လေ့ကျင့်သူများရဲ့မျက်လုံးထဲပို၍သံသယဖြစ်ဖို့ကောင်းနေခဲ့သည်။

“မစ်စတာဂေါင်” အလုပ်သမားယူနီဖောင်းဝတ်စုံ ဝတ်ထားသည့် ဟန်ဟောင်က အိမ်မက်ဆိုးကမ္ဘာထဲက အတွေ့ကြုံရှိသည့် ဂေါင်ရန်ကိုတီးတိုးပြောလိုက်သည်။“ အဲလူက ငါတို့ရှာနေတဲ့သရဲလား?” ငါတို့အဲလို ဆင်တူတွေအများကြီးတွေ့ဖူးတယ်မလား?”

စကားပြောနေစဥ် ချန်ဂျန်မြောင်၏မျက်လုံးများသည် စာသင်ခန်းရှေ့ရှိစုဇီမို ကို ဆက်တိုက် ကြည့်နေခဲ့ပြီး ဂေါင်ရန်က သူမကို မသက်မသာ မျက်မှောင်ကြုံပြီး ပြန်လှည့်ကြည့်နေသည်။

ချန်ဂျင်မြောင် သည် ရုပ်ချောသလိုစန္ဒယားတီးတက်သည်။ မိန်းကလေးငယ်တစ်ဦးအတွက် ရုပ်ချော၍ အလွန်ချန်းသာသောမိသားစုရဲ့အိမ်သားဖစ်နိုင်သူစန္ဒယားဆရာ သည်အလွန်ချမ်းသာအိမ်က ဖြစ်လောက်ပြီး မျက်စိကျဖို့ကောင်းလွန်းသည်။

ချန်ဂျန်မြောင်ပြောတာမှန်တယ်ဆိုရင် စန္ဒယားဆရာရဲ့ခန္တာကိုယ်ပေါ်ကအဝတ်အစားက ရိုးရိုးသာမန်ဆိုပေမဲ့ သူ့ရဲ့လက်မောင်းနဲ့လက်ချောင်းများကကြည်လင်သည်။စန္ဒယားတီးခတ်ခြင်းသည် သာမန်လူတိုင်းရဲ့ဝါသနာမဟုတ်မှာစိုးမိသည်။

အမွေဆက်ခံမိသားစုကရာဇပလ္လင်ရှိသောသခင်လေး က ငယ်စဥ်ရွယ်အတွေ့အကြုံခံစားဖို့ထွက်လာတာများလား?

အမှန်တော့ ချန်ဂျန်မြောင် သည် သူမအရှေ့ရှိဆရာငယ်သည် အိမ်မက်ဆိုးကမ္ဘာ၏ တစိတ်တပိုင်းဖြစ်နေကာ အမှန်တကယ်မရှိတာသိသည်။သို့သော် အခုအခိုက်အတန့် TVပေါ် က သူမအကြိုက်ဆုံး မင်းသား ကိုမြင်နေရသလိုပင်။သူမ အနည်းငယ်ဘက်လိုက်နေမှာ မလွဲမသွေပင်ဖြစ်သည်။

"ဂျင်မြောင် မင်းကငါ့အသင်းဖော်ဆိုတာမမေ့နဲ့”

"အိမ်မက်ဆိုးကမ္ဘာက စိတ်ကူးယဥ်ဇာတ်ကောင်နဲ့ ယှဥ်ရင် သူက လူသားပဲဖြစ်ဖြစ်သရဲပဲဖြစ်ဖြစ် ငါတို့ ကြားက ဆက်ဆံရေးလောက် တောင်အရေးမကြီးဘူး”

အသင်းဖော်ဟူသောစကားကိုကြားပီးနောက် ဂျင်မြောင် သည် သူမ၏အကြည့်ကိုရုတ်၍ ဂေါင်ရန်ကိုမခို့တရို့ပြုံးပြရှာသည်။

"အိမ်မက်ဆိုးကမ္ဘာထဲက အလွန်အဖိုးတန်လှတဲ့အသင်းဖော်ဆုတံဆိပ်ကိုမင်းနဲ့ချိတ်စပ်ဖို့ ငါသဘောတူခဲ့တယ်။ငါတို့နှစ်ယောက်ဟာအိမ်မက်ဆိုး ကမ္ဘာမှာယုံကြည်နိုင်တဲ့တစ်ခုထဲသောသူတွေပဲ”ဂေါင်ရန်က ချန်ဂျန်မြောင် ၏လက်ကို အနည်းငယ်အားထည့်ကာ ဆုပ်ကိုင်လိုက်သည်။

"အင်း”

“ရှင်က အားအကြီးဆုံးပဲ။”

ဂေါင်ရန်သည် ချန်ဂျန်မြောင်ရဲ့ပခုံးကိုပုတ်၍ သူ့အိတ်ကပ်မှ သာမန်ဓားမြှောင်တချောင်း ထုတ်လိုက်သည်။ထို့နောက် အလင်းရောင်အောက်တွင် ငွေရောင်တောက်နေသောဓားမြှောင်ကိုဆွဲထုတ်ကာ စုဇီမိုဆီသို့လျှောက်လာသည်။

သူ ဓားမြှောင်ကို စုဇီမိုဆီ တိုက်ရိုက်ချိန်ထားသည်။စုဇီုမိုသည် စန္ဒယားခုံမှ ထကာ ဖန်ဖန်းရဲ့စပ်စုနေသည့်အကြည့်အောက် အနက်ရောင်ထီး၊ တေးဂီတစာရွက် နှင့် အိတ်ကို ယူ၍ လှည့်ကြည့်လိုက်ချိန် ထက်မြက်သည့်ဓားက သူ့ဘက် ဦးတည်နေတာကိုမြင်လိုက်သည်။ဓားကိုင်ဆောင်သူမှာ– စီနီယာ ဂေါင်ရန်ပင်။

[အိမ်မက်ဆိုး စံပြဓားတို- ကြယ်တစ်ပွင့် ရောင်းစျေး- (၂၀)ယွမ်]

[ဖော်ပြချက်။အားနည်းသောစိတ်ဓာတ်ကိုစွန့်လွှတ်ဖို့ ဝယ်ယူနိုင်သောလက်နက်များထဲကတစ်ခု ကြမ်းတမ်းပီးအသုံးပြုရလွယ်ကူသည်။မကောင်းသော ဝိညာဥ်များကိုအနည်းငယ်ထိခိုက်စေနိုင်သည်။အသုံးပြုမှုအပေါ် ကန့်သတ်ချက်များမရှိပါ။]

စုဇီမို သည် ဓားမြှောင် ကိုင်ထားသည့် ဂေါင်ရန် ကိုကြည့်လိုက်သည်။ဖော်ပြချက်အရဓားသည်သူမြင်ဖူးသမျှတွင် အစွမ်းထက်ဆုံးလက်နက်ဖြစ်သည်ကိုခံစားမိသည်။”သေခြင်းရဲ့တေးဂီတ” သည် ကြယ်သုံးပွင့်အဆင့်ရှိသော်လည်း တိုက်ပွဲအတွက်အသုံးမပြုနိုင်ပေ။

"မလှုပ်နဲ့”ဂေါင်ရန် မှ ပြင်းပြင်းထန်ထန်အော်ပြောသည်။

"မင်းက ဘယ်သူလဲ! စန္ဒယားသင်ဖို့အရုပ်ဓားယူဖို့ လိုအပ်လို့လား?” စုဇီမို သည် မျက်မှောင်ကြုံ့ကာလှည့်ပတ်ကြည့်ရင်း စိတ်ရှုပ်နေဟန် ဟန်ဆောင်သည်။မကြာခင် ဂီတစာသင်ခန်းအတွင်း အခြေအနေမမှန်သည်ကို တွေ့ရှိခဲ့သည်။ ဂေါင်ရန် ရဲ့အနောက်က လေ့ကျင့်သူများသူတို့ ဘယ်ဘက်လက်များကို မကြာခဏစစ်ဆေးနေတာသတိထားမိလိုက်သည်။

ဒီအပြုအမူက လက်မောင်းပေါ်အိမ်မက်ဆိုးကမ္ဘာထဲရဲ့တာဝန်တွေကို ကြည့်နေတာနဲ့တူသည်။

အရင်က ချန်ဂျန်မြောင် အမည်ရှိ စီနီယာအမျိုးသမီး သည် အဆင့်မြင့်တာဝန်နှစ်ခုကို ပြီးမြောက်ဖို့လိုအပ်တယ်လို့ ပြောနေတာကြားခဲ့သည်။ ပထမတာဝန်ကိုပီးမြှောက်ပီးနောက် အိမ်မက်ဆိုးကမ္ဘာသည် ဒုတိယတာဝန်ပို့လိမ့်မယ်။

လေ့ကျင့်သူများရဲ့တင်းမာမှုကို ကြည့်သလောက် သူတို့ဘယ်ဘက်လက်မောင်း၌ တာဝန်ပေါ်လာကာ ထိုတာဝန်ရဲ့အဓိကအကြောင်းပြချက်ကြောင့် ဂေါင်ရန်က သူ့အား ရုတ်တရက် ဓားဖြင့် ရွယ်ထားဟု ခံစားမိလိုက်သည်။

အိမ်မက်ဆိုးကမ္ဘာထဲက အခက်ထန်ဆုံးသရဲက ‘သူ’ဟု လေ့ကျင့်သူများက အလွယ်တကူပစ်မှတ်ထားလိုက်မှန်းတွေးမိသည်။

ဒါ့ကြောင့် အခု ဂေါင်ရန် ဓားကို သူ့ဆီ ရည်ရွယ်ထားတာကသူ့ကို သရဲအဖြစ်သတ်မှတ်ထားလို့ဖြစ်လောက်သည်။

"ဘာမှမမေးနဲ့ မင်းနားလည်မှာမဟုတ်ဘူး"

ဓားမြှောင်ကိုကိုင်ထားသည့်ဂေါင်ရန်က စုဇီမိုကိုပြောလိုက်သည်။"မင်းကိုအခုဓား နဲ့ထိုးလိုက်မယ်၊သာမန်လူတွေက ဓားထိုးခံရရင် သွေးထွက်မှာလေ။ ဟုတ်တယ်မလား?”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment