Chapter 3 : တံခါးအနောက်
အရွယ်အစားကြီးသောတောင်တက်ကျောပိုးအိတ်ထဲတွင် ရေချိုးခန်းသုံးပစ္စည်းများပါရှိပေမဲ့'စုဇီမို' သည်ပေါ့ပါးပြီးပျော့ပျောင်းသော အိတ်၏အလေးချိန်ကို မခံစားရပါ။ရေချိုးခန်းသုံးပစ္စည်းအစုံ က ပေါ့ပါးတာမဟုတ်ပဲ ကျောပိုးအိတ်ကို က လျှို့ဝှက်ဆန်းကြယ်သော အကျိုးသက်ရောက်မှု ရှိတာလား မရှိတာလား သူလည်းမသေချာပါ။
စုဇီမိုသည် အရေးကြီးသော အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ရေချိုးခန်းတွင် စာသားကို သူမြင်ရသည့်အကြောင်းအရင်းမှာ ရုတ်တရပ်ကြီး ထူးခြားစွမ်းရည်ကို ရရှိခဲ့ခြင်းမဟုတ်ဘဲ နှာခေါင်း ပေါ် က တပ်ထားတဲ့ မျက်မှန်ကြောင့်ဖြစ်သည်။
'စုဇီမို' သည် မျက်မှန်ကို ချွတ်၍ လည်ပင်းမှာဆွဲထားလိုက်ရာ အာရုံထွေပြားစေတဲ့ စကားလုံးတွေမမြင်ရတော့။
'စုဇီမို' ၏ လက်ထဲ မဖွင့်ရသေးတဲ့ အိမ်သာသုံးစက္ကူလိပ်ကိုင်ထားပေမဲ့ မျက်လုံးတပ်လိုက်ရင် 'ယွမ် ၁တန်ဖိုး ရှိ အိမ်မက်ဆိုးကမ္ဘာမှ အလွန်ကောင်းမွန်တဲ့ အိမ်သာသုံးစက္ကူဆိုသည့် " စာသားကိုမြင်ရသည်။
ဒီအိမ်သာစက္ကူထဲ နိုင်ငံတကာအမှတ်တံဆိပ်ရေမွှေးရဲ့ တင့်သင့်တဲ့အနံ့တွေပါရှိတာကို သူခံစားမိတယ်။
"..." စုဇီမို သည် တိတ်တဆိတ် စက္ကူလိပ်ကို သူ့အိတ်ထဲပစ်ထည့်၍ သူ့မျက်မှန်ကို ပင့်ကာ ရေချိုးခန်းမှ ထွက်လာခဲ့သည်။
သို့သော် 'စုဇီမို'ထွက်ခါနီး သူ့မျက်လုံးရှေ့က မှုန်ဝါးနေဆဲ မှန်ချပ် ဆီ အာရုံဆွဲဆောင်မိသွားတယ်။
"ဒါက ဘာလဲ?" စုဇီမို မျက်နှာကို ညာဘက်လက်ဖြင့် ကိုင်ထားပြီး အိပ်ချင်မူးတူးဖြစ်နေသကဲ့သို့ မျက်လုံးကိုပွတ်လိုက်သည်။
ကြည့်ရတာ သူ့အနောက် ၌ကြည်လင်တောက်ပတဲ့ တံခါးတချပ်ရှိနေပုံပဲ။
စုဇီမို ချက်ချင်းနောက်သို့ပြန်ကြည့်လိုက်ပြန်သည်။သို့သော် ဒါပေမဲ့ပိတ်လျက်သား ရေချိုးခန်းတံခါးကလွဲပြီး သူ့အနောက်၌ တခြားဘာမှမရှိဘူး။
သူမှားမြင်တာလား?
'စုဇီမို'မှန်ကို နောက်တကြိမ်ပြန်ကြည့်လိုက်သည်။သူသည် ဖွင့်နေသည့် တံခါးကိုထပ်မြင်ရတယ်။
သူသည် မှန်သုတ်ဖို့ ထားထားတဲ့ တဘတ်အဟောင်းကိုယူလိုက်တည်။ရေပိုက်ခေါင်းကမူလီများဖြုတ်ဖို့ကြိုးစားပေမဲ့ အဆင်မပြေဘူး။သူအတော်ကြာတဲ့အထိ မှန်ကို သုတ်ကြည့်သည်။ကြည့်ရတာ မှန်တံခါးက သူ့အရှေ့ အရင်ကထက်ရှင်းရှင်းလင်းလင်းထွက်ပေါ် လာသည်။ထိုတံခါးက "အန်းယုယွီယု" ဆိုင် က ဘေးတွန်းတံခါးနဲ့ အနည်းငယ်ဆင်တူသည်။
'စုဇီမို'သည် ရေချိုးခန်းထဲကမှန်ထဲမှ ဖြတ်ဝင်ဖို့ တွေးကြည့်သည်။ဘေးပတ်လည်ကို ကြည့်၍ဘေးက အပိုင်းအစ တစ်ခုကို ကောက်ယူလိုက်သည်။ကြိမ်များစွာကြိုးစားကြည့်ပြီးနောက် မယုံနိုင်ဖွယ် အရာတစ်ခု ရှိတယ်ဆိုတာ သေချာသွားသည်။
သူ့အနောက်၌ ဘေးတွန်းတံခါးအမြဲတမ်းရှိနေတယ် !
တံခါးက သူ့အနောက်၌ပေါ် ပေါ် လာသည်။မှန်ရဲ့အကူအညီမပါပဲ ဘယ်လောက်ပဲ ကြည့်ကြည့် ဒီတံခါးကို ရှာတွေ့ဖို့မဖြစ်နိုင်ဘူး။
နောက်ပြန်လျှောက်ဖို့ ကြိုးစားပေမဲ့ တံခါးက တစ္ဆေသရဲ ကဲ့သို့ ဘာမှမရှိဘဲ ရေချိုးခန်းနံရံကိုပဲတိုက်မိသည်။
အကြိမ်ပေါင်းများစွာကြိုးစားပြီးနောက် တံခါးကို ဘယ်လိုသုံးရမလဲ နားမလည်တဲ့စုဇီမိုသည် စူးစမ်းလေ့လာဖို့ ခဏလက်လျော့ထားလိုက်သည်။ပြောရရင် နားခိုရာ၌ အချိန်အကန့်အသတ်ရှိသည်။
သူ့ကိုယ်သူ ကာကွယ်ဖို့ နည်းလမ်းရှာ၍ တက်နိုင်သမျှ ပစ္စည်းတွေ ဝယ်ဖို့ (ကောက်ဖို့) လိုသည်။
အဲလိုမဟုတ်ရင်အိမ်မက်ဆိုးကမ္ဘာနဲ့အန်းယုယွီယု ထဲ တသက်လုံး ပိတ်မိနေလိမ့်မယ်!
အသက်ပြင်းပြင်းရှုပြီးနောက် 'စုဇီမို' သည် ရေချိုးခန်းတံခါးကို ဖွင့်၍ထွက်လာသည်။
တံခါးကို ဘယ်လိုသုံးရမယ်ဆိုတဲ့ လမ်းညွန်းချက်မရှိသ်ောလည်း သူ့အနောက်လိုက်နေတဲ့ တံခါးက သူ့အတွက်အကျိုးရှိတယ်ဆိုတာ ခံစားနေရတယ်!
ရေချိုးခန်းထဲမှ ထွက်လာပြီးနောက် နားခိုရာနေရာရှိလေထုသည် အနည်းငယ် တိတ်ဆိတ်နေတာ ရှာတွေ့ခဲ့သည်။စီနီယာ လို့ ကြောငြာထားတဲ့လူနှစ်ယောက်နဲ့လူသစ် ၂ ယောက်တို့သည် စကားမပြောပဲ စဥ်းစားနေကြပုံပေါ် သည်။
'စုဇီမို' ရဲ့ လက်မောင်း၌ တာဝန်တွေမပါဘူး။သူကသူတို့နဲ့မတူဘူး။ဒါ့ကြောင့် ၂၄ နာရီ ဆိုပြီးရေတွက်တာမျိုး မရှိဘူး။
သူ ဒီမှာ ပစ္စည်းလာဝယ်ရုံပဲ။ပြီးတော့ သူ့မှာ ထူးဆန်းတဲ့တံခါးတချပ် အထောက်အပံ့ရှိသည်။
သို့သော် ထွက်လမ်းကိုမသိရသေး။
"ဇီ... မစ္စတာစု "
C-Mr. Suit အားကစားဝတ်စုံနှင့် ponytail ဝတ်ဆင်ထားတဲ့ "ချီရှောင်မင်က စုဇီမိုထွက်လာတာမြင်သောအခါစဥ်းစား၍ပြောလာသည်။"နင် အိုကေ လား?"
သာမန်အသိစိတ်အရ အန္တရာယ်ရှိတဲ့ အိမ်မက်ဆိုးကမ္ဘာကြီးရဲ့ရေချိုးခန်းထဲ အကြာကြီးဝင်နေရင် အကြောင်းပြချက် နှစ်ချက်ပဲရှိသည်။
"နင်အရမ်းစိတ်ရှုပ်နေလား ဒါမှမဟုတ် အဆင်မပြေဖြစ်နေလား?"
"အင်း ကျွန်တော်အဆင်ပြေတယ်”
ရုတ်တရပ် မစ္စတာစု လို့ အခေါ်ရတော့ စုဇီမိုအနည်းငယ်မသက်မသာဖြစ်ပြန်သည်။
ပြောရရင် လွန်ခဲ့တဲ့ ၄ နှစ်လောက်က သူက ဘွဲ့ရတော့မဲ့ အထက်တန်းကျောင်းသား။သူ့ကိုယ်သူ သက်ကျော်သက်အဖြစ်တွေးနေဆဲပဲ။စုဇီမိုသည် မျက်မှန်တပ်၍ ဒီကမ္ဘာနဲ့လိုက်လျောညီထွေဖြစ်အောင် နေရမယ်လို့ ခံစားမိသည်။
"စောနကအတွက်ကျေးဇူးတင်ပါတယ်။"
ခြေထောက်ဒဏ်ရာရနေသည့်မိန်းကလေးသည် စုဇီမို ဘက်ခြမ်းသို့လျှောက်လာတယ်။ထိုမိန်းကလေးရဲ့ မျက်နှာသည် ခြေထောက်ဝတ်ဒဏ်ရာကြောင့် ရူံ့ မဲ့နေသည်။သို့သော် သူမ သည် စုဇီမိုနဲ့ ချီရှောင်မင်ကို ကျေးဇူးတင်စကားပြောလာသည်။
"ကျွန်မ နာမည် ဟန်လင်းပါ၊ပြည်သူ့ဆက်ဆံရေးမန်နေဂျာတစ်ယောက်ပါ"
ဟန်လင်း တွင် လှပသောကွေးကောက်နေသောဆံပင်များ ရှိကာ ခပ်ကျပ်ကျပ်အနက်ရောင် စကပ်ဝတ်ဆင်ထားပြီး မိမိုက်နေသည်။သူမ သည် ဒေါက်မြင့်ဖိနပ်ကို ချွတ်ထားသော်လည်း အရပ်ရှည်သောခန္ဓာကိုယ်ကို ဖုံးကွယ်ထားလို့မရပေ။
ရှေ့စင်္ကြ့ မှ လွတ်မြောက်လာချိန်ဦးဆောင်သူ ကျန်မင်းက ဟန်လင်းနှင့်စုဇီမိုကို ညစ်ပတ်နေတဲ့ဆီပုလင်းလိုမျိုး ခေါ် ဆောင်သွားပေမဲ့ နားခိုရာတွင်ပုန်းနေပြီးနောက် ကျန်မင်း သည် မစ်လင်းဟန်ကို စုန်ချည်ဆန်ချည် သရေတမြှားမြှားကြည့်နေခဲ့သည်။
ဟန်လင်း "ကျွန်မကို ကူညီပေးတာကျေးဇူးတင်ပါတယ်" ဟုပြော၍ လူလတ်ပိုင်းကျန်မင်းရဲ့အကြည့်အောက် ရှောင်ရှားဖို့ စုဇီမိုနဲ့ချီရှောင်မင်ဆီ လှုပ်ရှားလိုက်ခြင်းဖြစ်သည်။
"ကျွန်မကိုမကူညီခဲ့ရင် အစပိုင်းကလူတွေလို အမှောင်စားသုံးတာခံနေရလိုက်ပြီ”
" မင်း စိတ်ပူစရာမလိုဘူး" ချီရှောင်မီ သည် ဟန်လင်းက ကျန်မင်း ကို ငြင်းပယ်တာခံစားမိသည်။
ချီရှောင်မီမှ အသံခပ်နိမ့်နိမ့်နဲ့ပြောလိုက်သည်။"အိမ်မက်ဆိုးကမ္ဘာတစ်ခုစီမှာ အသက်ရှင်ကျန်ရစ်သူအရေအတွက်က လူတိုင်းရဲ့အိမ်မက်ဆိုးအမှတ်တွေအပေါ်သက်ရောက်မှုရှိတယ်။ဒါ့ကြောင့် မျှော်လင့်ချက်မမဲ့သရွေ့က ငါနဲ့ မစ္စတာကျန်မင်း မင်းကို ကာကွယ်ဖို့ ကြိုးစားမှာပါ။"
ဟန်လင်း,တစ်ယောက် သက်သာရာရစွာအသက်ရူထုတ်ချိန် ချီရှောင်မင်မှာ အနည်းငယ်ဆန်းကြယ်စွာပြောလာသည်။
"မစ္စတာကျန့် ကိုင်ထားတဲ့ လက်နက်က တခြားအိမ်မက်ဆိုးကမ္ဘာက ယူလာခဲ့တာလေ။မဟုတ်ရင်သူ ဒီကိုလာမှာမဟုတ်ဘူး"
ချီရှောင်ချီ စကားပြောနေချိန်တွင် စုဇီမိုသည် လှည့်ပတ်ကြည့်တယ်။အရမ်းထူးဆန်းတဲ့ အရာတစ်ခုကိုတွေ့လိုက်သည်။ရေချိုးခန်းသုံး မော်ဒန်ပစ္စည်းတွေလိုမျိုးပင်။အခန်းထဲ တီဗီ နဲ့ ဖုန်းမရှိပါ။တခန်းလုံး အဟောင်းတွေချည်းသာရှိသည်။ ရောင်းဈေး (ဒါမှမဟုတ်) စာသားတွေ မရှိပေမဲ့ ကုတင်ဘေးက စားပွဲပေါ် က ကြွေပန်းအိုးပေါ် ဈေးနှုန်းတစ်ခုပေါ်ထွက်လာသည်။
[ဈေးပေါတဲ့ ပန်းအိုး (ကြယ်မပါ)]
[ဈေးနှုန်း -တစ်ယွမ်]
[ဖော်ပြချက် : အရည်အသွေးအရမ်းနိမ့်တဲ့ပန်းအိုး။အိမ်မက်ဆိုးကမ္ဘာ၏လေထု ညစ်ညမ်းမှု ပါဝင်နေပြီး ဘာမှမဖြစ်စေပါ]
နောက်ထပ် 1 ယွမ်လား?
ချီရှောင်မင်မှ ကျန့်မင်၏ အကြောင်း ပြောတာကြားသောအခါ စုဇီမိုသည် ထူးဆန်းသလိုခံစားရသည်။ထူးဆန်းတဲ့ သစ်သားတုတ်ချောင်းကိုင်ထားတဲ့ ကျန့်မင်း ကို မသိမသာကြည့်လိုက်သည်။မထင်ထားသည်မှာ စုဇီမိုသည် သစ်သားချောင်းနဲ့ ပတ်သက်တဲ့ စာသားကို အမှန်တကယ်တွေ့လိုက်ရသည်။
[ သစ်သားတုတ်ချောင်း ( ကြယ်တစ်ပွင့် )]
[ဈေးနှုန်း .. ဆယ်ယွမ်]
[ဖော်ပြချက်။ ။ရိုးရုင်းစွာပြုလုပ်ထားသော ထင်းရှူးချောင်း၊နတ်ဆိုး၏အုတ်ဂူဘေး၌ စိုက်ထားသည့် ထင်းရှူးပင်မှ ရရှိ၏။တစ္ဆေနာကြည်းချက်အနည်းငယ် စွန်းထင်နေပြီး အတိုင်းအတာတစ်ခုထိ တိုက်ခိုက်နိုင်သော်လည်း ပျက်စီးရန်အလွန်လွယ်ကူသည်။(ပျက်စီးခြင်း -၈၆ ရာခိုင်နှုန်း )]
'စုဇီမို' သည် " ကြယ်တစ်ပွင့်" ဆိုသည့် ဖော်ပြချက်ကို ပထမဆုံးအကြိမ်မြင်ဖူးတာဖြစ်သည်။ချီရှောင်မင်က လက်နက်လို့ ခေါ် ပေမဲ့ စုဇီမိုအမြင်မှာ ဒါကနိမ့်ကျတဲ့ ပရိဘောဂများနှင့်အတူတူပင်။ပျက်စီးနေပြီဖြစ်တယ်။ဒါက တခြားသူရဲ့ ပိုင်ဆိုင်မှုလည်းဖြစ်သည်။
'စုဇီမို'သည် ကြမ်းပြင်ပေါ် ၌ ဟန်လင်း ပစ်ထားတဲ့ ဒေါက်ဖိနပ်နဲ့ကျောပိုးလွယ်ထားတဲ့ အမည်မသိ ကျောင်းသားကို ကြည့်လိုက်သည်။ထိုကျောင်းသားနဲ့သက်ဆိုင်တဲ့အရာများလည်းသစ်သားတုတ်ချောင်းကဲ့သို့စာသားများ မပေါ်ပေ။
တုတ်ချောင်းက မတူညီပဲ ထူးခြားနေတာ ပြသနေသည်။
ချီရှောင်မင် ပြောတာမှန်လောက်သည်။ကျန့်မင် ဒီတုတ်ချောင်းကို တခြားအိမ်ကမ္ဘာဆိုးကမ္ဘာက ယူလာခဲ့သည်။ပြောရရင် ဒီအခန်းထဲ၌ ကျန့်မင်း သည် အိမ်မက်ဆိုးကမ္ဘာ ၃ ကမ္ဘာထဲ ဝင်ဖူးသူဖြစ်ပြီး အတွေ့အကြုံ ရှိတဲ့ တစ်ဦးတည်းသောသူ ဖြစ်သည်။
"မိနစ် ၂၀ကျော်ပြီ။ငါတို့ အမြန်သွားကြမယ်! "ကျန်မင်းသည် ညာဘက်လက်မောင်းတွင် ရေးထွင်းထားသည့် အချိန်ကို တစ်ချက်ကြည့်၍ ကုတင်ပေါ်မှ ဖြေးညှင်းစွာ ထရပ်လိုက်သည်။
"ဆယ်..ဆယ်...မိနစ်ကျော် ပဲ ရှိသေးတာမဟုတ်ဘူးလား? "
ကျောင်းလွယ်အိတ် ကိုင်ဆောင်ထားသည့် ကျောင်းသား၏ခန္ဓာကိုယ်ဝဖြိုးပုံရပြီး အခန်းထောင့်သို့မဝင့်မရဲ ကြည့်ကာ နားခိုရာမှ ထွက်သွားချင်ပုံမရပေ။
"စီနီယာတွေဆီကကြားတာ။အိမ်မက်ဆိုးကမ္ဘာထဲ ကြာကြာနေလေ အန္တရယ်များလေပဲ။ဒါ့ကြောင့် မိနစ်မပြည့်ခင် ထွက်ခွာတာက ဘေးအကင်းဆုံး ရွေးချယ်မှုပဲ"ချီရှောင်မင် မှ စိတ်ရှည်လက်ရှည် ရှင်းပြပေးသည်။
"ငါတို့ နားခိုရာထဲဆက်နေရင် ငါတို့ ဘာနဲ့တွေ့ ကြုံရမလဲ? အပြင်ဘက်စင်္ကြ့ ရဲ့အမှောင်ထဲ ဖွက်ထားတာက ဘာတွေများလဲ? "စီနီယာနှစ်ယောက်ရဲ့ ရှင်းလင်းချက်သည် မရေရာတာကြောင့် စုဇီမိုသည်မျက်မှောင်ကြုံ့၍တိုက်ရိုက်မေးလိုက်သည်။“သရဲလား?"
သရဲ၊ တစ္ဆေ တွေရဲ့တည်ရှိမှုက အနည်းငယ်မျှ ကျိုးကြောင်းမသင့်သော်လည်းဒီအချိန် ဒါက ကျိုးကြောင်းအသင့်ဆုံးလို့ စုဇီမို တွေးမိသည်။
"ဒါကအိမ်မက်ဆိုးကမ္ဘာ၊ဘာမဆိုဖြစ်နိုင်တယ်" 'ချီရှောင်မင် သည် ရပ်တန့်၍ဆက်ပြောပြသည်။“ဒါပေမဲ့ အိမ်မက်ဆိုးကမ္ဘာအများစုမှာ ငါတို့တွေ့ကြုံရတဲ့အန္တရာယ်တွေက တကယ်ကိုရက်စက်တဲ့သရဲ၊ တစ္ဆေတွေဖြစ်ပြီး အခုလည်းချွင်းချက်မရှိဘူး။"
နားခိုရာနေရာသည် ထပ်တိတ်ကျသွား၏။အသစ်ဝင်လာတဲ့ လူသစ် ၃ ယောက်အတွက် ကမ္ဘာအသစ်တစ်ခုကို အကျုဥ်းချုပ်မြင်ဖို့ အချိန်လိုအပ်သည်။
"မင်းက စီနီယာလား?" မိနစ်အနည်းငယ်ကြာတော့ ကျောင်းသားလေးက အထိတ်တလန့် ပြောလာသည်။" မင်း အရမ်းအစွမ်းထက်တယ်မလား? မင်း သရဲကို မသတ်နိုင်ဘူးလား? "
"ဖက်တီး။အပြင်မှာရှိတဲ့ အရာအားလုံးက သရဲတွေထပ်သတ်လို့ရပါ့မလား? " ကျန့်မင်းသည် ထေ့ငေါ့ပြုံး၍ပြောလိုက်သည်။"ပုန်းကွယ်နေတဲ့အတွက် ငါတို့စီနီယာတွေကို အပြစ်မတင်နဲ့။အိမ်မက်ဆိုးကမ္ဘာကနေ ထွက်သွားဖို့ နည်းလမ်းတစ်ခုရှိတယ်။ဒါကသရဲတွေပုန်းနေတဲ့နေရာကိုရှာဖို့ ၊ သရဲတွေရဲ့အားနည်းချက်ကိုရှာဖို့ သူ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီး မစ်ရှင်ပြီးတဲ့ အထိလုံးဝဘေးကင်းစွာ ပုန်းနေဖို့ပဲ။အခုသရဲ က အမှောင်ထဲ ပုန်းနေတယ်။ဒါ့ကြောင့် ငါတို့ အမှောင်နဲ့ဝေးဝေးနေရမယ် နားလည်လား?"
"တကယ်တော့ တစ္ဆေ၊ သရဲတွေကိုသတ်ဖို့ မဖြစ်နိုင်ဘူး" ချီရှောင်မင်လည်း ခေါင်းခါရင်းပြောလာသည်။
"စီနီယာတွေ အရင်က သရဲတွေကို သတ်နိုင်တဲ့ အင်အားကြီးမားတဲ့ယောကျ်ားတွေအိမ်မက်ဆိုးကမ္ဘာမှာရှိတယ်လို့ ပြောကြတယ်။သူတို့က နားခိုရာနေရာကို လာတယ်။နောက်နာရီဝက်ကျော်ရင်… "
"နားခိုရာက မိနစ် ၃၀ကျော် ရင် အိမ်မက်ဆိုးကမ္ဘာထဲကအန္တရာယ်အရှိဆုံးနေရာဖြစ်လာတယ်လို့မင်းပြောတာ ကျွန်တော် မှတ်မိတယ်။"
စုဇီမို တစ်ခုခုကို ဆက်စပ်တွေးကြည့်သည်။
"ဟုတ်တယ် ဒီအချိန်မှာ မကောင်းတဲ့ ဝိညာဥ်တစ်ကောင် ပေါ်လာဖို့၁၀၀ရာခိုင်နှုန်းဖြစ်နိုင်တယ်! " ချီရှောင်မင် လည်း ခေါင်းညိတ်ပြီးအလေးအနက်ပြောသည်။
"အဲ့တာကငါတို့အတွက်ကြောက်စရာအကောင်းဆုံးအခြေအနေပဲ။ဒါပေမဲ့ ဒီကောင်တွေအတွက်တော့ တစ္ဆေတွေသတ်ဖို့ အကောင်းဆုံးအချိန်ပဲ။!"
"အဲ့တာကိုမစဥ်းစားနဲ့၊အိမ်မက်ဆိုးကမ္ဘာရဲ့လူသစ်ပေါ် လာတဲ့နေရာ မှာ နားခိုရာပေါ် လာတက်တယ်။"
ကျန့်မင် မသက်မသာဖြစ်နေသည့် ကျောင်းသားကို ကန်၍ အင်္ကျီကော်လံ ကနေ ဆွဲခေါ်သွားသည်။
"မင်း ဒီလိုသန်မာတဲ့လူနဲ့တွေ့ဆုံတာ ကံကောင်းတယ်လို့မှတ် ! "
ထိုသို့ပြောပြီး ကျန့်မင်း သည် နားခိုရာတံခါးကိုဖွင့်၍ပြေးထွက်သွားသည်။
"မစ္စတာစု၊ ငါတို့လည်း "
ချီရှောင်မင် သည် 'စုဇီမို' ကိုခေါ်ချင်သော်လည်း ချောမောလှပ ပြီး နူးညံ့သိမ်မွေ့သော စိတ်ထားရှိတဲ့ လူငယ်က ကုတင်ဘေးသို့ အမြန်လျှောက်သွား၍ စားပွဲပေါ်ရှိရုပ်ဆိုးပြီးဟောင်းနွမ်းပျက်ဆီးနေတဲ့ ပန်းအိုးကို တောင်တက်ကျောပိုးအိတ်ထဲသို့ ပစ်ချတာကိုတွေ့ရလိုက်သည်။
"...."