no

Font
Theme

Ch-2 : ငါးသလဲထိုး။

တရုတ်အရှေ့ပိုင်း၌အလွန်နာမည်ကြီးတဲ့ 'စုမိသားစု' တစ်စုရှိသည်။စုမိသားစု ထဲတွင်အမျိုးမျိုးသော နယ်ပယ်တွေထဲ အရေးပါတဲ့ရာထူးတွေရှိသည်။

ဒါပေမဲ့ ငွေကြေးအာဏာရှိတယ်လို့ ကျော်ကြားတဲ့ စုမိသားစုထဲ အခြားအကြောင်းအရာတွေ လည်း ရှိသည်။ဒါက စုမိသားစုရဲ့ တစ်ဦးတည်းသော မြေး စုဇီမိုကအရူးတစ်ယောက်ဖြစ်လို့ပင်။

'စုမိသားစု' လိုမိသားစုထဲ သဘာဝကျစွာ အရူးတစ်ယောက် မွေးလာဖို့ ဆိုတာလုံးဝမဖြစ်နိုင်ဘူး။ပြီးတော့ စုဇီမိုက မွေးတည်းက ရူးတာမဟုတ်ဘူး။ဆန့်ကျင်ဘက်ကပြောရရင် ‘စုဇီမို’ ကမတော်တဆ မဖြစ်ခင်က စုမိသားစုထဲ အချစ်အခံရဆုံး မြေးတယောက်ဖြစ်ခဲ့သည်။ငယ်ငယ်ကတည်းက ကြည့်ကောင်းပြီး အရည်အချင်း ရှိရုံသာမက ကြင်နာတတ်တဲ့ စိတ်ထားလည်းရှိသည်။မိသားစုကို တန်ဖိုးထားပြီး လူတိုင်းကိုလည်း ချီးကျုးခဲ့သည်။

ဒါပေမဲ့ နတ်ဘုရားက အမှားတစ်ခုလုပ်ခဲ့တယ်။အထက်တန်းကျောင်းတက်စဥ် ကားအက်ဆီးဒန့် ထဲ စုဇီမို ပါဝင်ခဲ့သည်။သူ့ဘဝက စိုးရိမ်မှု မရှိခဲ့သော်လည်း ဘာကြောင့် နိုးထရသလဲ သူမသိဘူး။သူ အရူးတစ်ယောက်ဖြစ်လာတယ် ။_ _ အငိုအရယ်မရှိဘူး။စကားမပြောဘူး။အသက်ရှင်ဖို့ အခြေခံလိုအပ်ချက်များလုပ်ဆောင်ဖို့မိုးလင်းက မိုးချုပ်အထိ သူ့ကိုအလုပ်အကျွေးပြုဖို့လိုအပ်တယ်။

'စုမိသားစု' ရဲ့ မြေး ထိုကဲ့သို့ဖြစ်လာခဲ့တယ်။

သို့သော် "စုမိသားစု" ရဲ့ မြေးခန္ဓာကိုယ်ထဲ အဆက်မပြတ် ရုန်းကန်နေတဲ့ ဝိညာဥ်တစ်ကောင် ရှိတယ်ဆိုတာကို ဘယ်သူ့မှမသိပေ။

'စုဇီမို' ရဲ့စိတ်ထဲ အမြဲသတိရှိနေခဲ့သည်။

စုဇီမိုသည် ကားအက်ဆီးဒန့် ဖြစ်ကတည်းက ကိုမာဝင်ခဲ့သည်။ကိုမာကနေ နိုးလာချိန် စိုးရိမ်နေတဲ့အဖိုးဖြစ်သူ ကိုမြင်ရသည်။အဖိုးကို သူ လုံခြုံတယ်လို့ပြောပြချင်ပေမဲ့ သူစကား‌‌မပြောနိုင်တာ ရှာတွေ့ခဲ့တယ်!

အဖိုးကို ပြုံးပြချင်ပေမဲ့ သူ့အပြုအမူကို လုံးဝထိန်းမချုပ်နိုင်ဘူး။လက်မောင်းမြှောက်ချင်ပေမဲ့ လက်ချောင်းလေးတောင် မလှုပ်နိုင်ဘူး။သူ့မျက်လုံး ရှင်းရှင်းလင်းလင်းဖွင့်ထားပေမဲ့ စုဇီမိုရဲ့ ကိုယ်ပိုင်ထိန်းချုပ်မှုအောက်မရှိပဲ လုံးဝမျက်တောင်မခတ်ဘူး!

သူက ထူးဆန်းတဲ့ခန္ဓာကိုယ်ပိတ်မိနေတဲ့ မသက်ဆိုင်တော့တဲ့ လူတစ်ယောက်တူသည်။အများဆုံး ဒီခန္ဓာကိုယ် ရဲ့ မျက်လုံးကနေ အပြင်ကို ကြည့်ရူလို့ပဲရသည်။ဘယ်လောက်ပဲ ရုန်းကန်ရုန်းကန်၊အော်ဟစ်အော်ဟစ် ပတ်ဝန်းကျင်က လူတွေက ‌ချောမောလှပ၍မတုန့်ပြန်တဲ့ အရူးတစ်ယောက် ကိုပဲ အမြဲတမ်းမြင်တွေ့ရသည်။

ထိုညှင်းဆဲမှုဘဝမျိုးဖြင့် ၄နှစ်နေထိုင်ခဲ့သည်။သူ့အခြေအနေ အရမ်းမှားယွင်းနေမှန်း သူသိသည်။ဒီယာဥ်မတော်တဆမှု က တစ်စုံတစ်ဦး လုပ်ကြံတာလို့သံသယ ရှိပေမဲ့လည်း ဒါနဲ့ပတ်သတ်ပြီး သူအနေနဲ့ တစ်စုံတစ်ရာလုပ်ဆောင်နိုင်တာမျိုးလည်းမရှိခဲ့။

အချိန်ကြာလာတာနဲ့အမျှ 'စုဇီမို' သည် ဆက်လက်ရုန်းကန်လေလေ စိတ်ဝိဥာဏ်ပိုပင်ပန်းလာသည်။မကြာခင်‌ သတိလစ်သွားပြီး ပျောက်ကွယ်သွားလိမ့်မယ်လို့ ခံစားနေခဲ့ရသည်။

ဒါ့ကြောင့် စုဇီမိုသည် သူ့ကိုယ်ပိုင်ခန္ဓာကိုယ် ထဲအိပ်ပျော်ဖို့ သင်ယူခဲ့သည်။အချိန်တိုင်းနိုးထဖို့ သင်ယူခဲ့သည်။ပြီးတော့ သူ့ခန္ဓာကိုယ် ထိန်းချုပ်လို့ရအောင် ဆက်ရုန်းကန်နေခဲ့သည်။တချိန်ထဲ သူ့အတွက် ‌‌အချိန်အကြာကြီးအိပ်ရင်းကုန်ဆုံးခဲ့သည်.

ဒါပေမဲ့ 'စုဇီမို" နှစ်နှစ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရာမှ နိုးလာတော့သူဘယ်မှာ ရှိနေသလဲ မြင်ရသည်။ထိုအချိန် ရုတ်တရက် window ကွန်ပျူတာဟောင်းမှ start up ဖွင့်သံနှင့်ထိုစက်မှ ‌ကလေးဆန်ဆန် အသံ ကြားရသည်။

"သခင်.. ပြန်လည်ကြိုဆိုပါတယ် 'ယုယုရီ'"

စုဇီမို မျက်လုံးဖွင့်ကြည့်သည်။သူ...သူ့ ကိုယ်ပိုင်အားသုံး၍ မျက်လုံးဖွင့်လိုက်တယ်!!

သူ လုပ်လိုက်တာ မယုံနိုင်ဖွယ်လှုပ်ရှားမှု ဆိုတာ နားလည်လိုက်တော့ ဒီကိစ္စက တခြားသူအတွက် အသေးအဖွဲ့ ဖြစ်ပေမဲ့ သူ့ အနေနဲ့ တုန်လှုပ်သွားခဲ့သည်။ထို့နောက် သူ့ခန္ဓာကိုယ် တုန်ယင်နေတာကိုချက်ချင်းနားလည်လိုက်သည်။ ။သူ့ညာဘက်လက်ကို မြှောက်ကြည့်သည်။

သူ့ခန္ဓာကိုယ် ကိုထိန်းချုပ်နိုင်ပြီ။!! ၄ နှစ်ကြာပြီးနောက် နောက်ဆုံးတော့ သူ့ခန္ဓာကိုယ်ကို ပြန်ရလိုက်ပြီ!

"အားးးးးး!!!!!!"

...ဟားးး...ဟားးး..." 'စုဇီမို' သည် စကားပြောဖို့ ကြိုးစားကြည့်သည်။ဒါပေမဲ့ ၄ နှစ်ကြာတဲ့အထိ စကား‌မပြောထားတော့ သူ့ခန္ဓာကိုယ်က ကျင့်သားမရသေ

း။အော်ထုတ်လိုက်ရာ အသံသည် ခြောက်ကပ်ကပ်ဖြစ်နေသည်။ချောင်းဆိုးချင်ပေမဲ့ ဆိုးလို့မရပါ။

ဒါပေမဲ့ ဒါ ဘယ်လို ဖြစ်တာလဲ?

"ဒါ...ဒါဘာဖြစ်တာလဲ။"

သူ့ခန္ဓာကိုယ် အားနည်းပြီး တုန်တုန်ယင်ယင်နေသည်။အသံက ခြောက်သွေ့နေသည်။ပြီးတော့ အသံဝင်နေတယ်။ဒါတွေအားလုံးက သူ သူ့ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်လို့ရပြီလို့ ပြသတာပဲ!!

"ဘယ်နေရာ..ဘယ်နေရာလဲ? အခု ဘယ်သူ စကားပြောနေတာလဲ?"

'စုဇီမို' သည် သူ့ထိန်းချုပ်မှုအောက်တွင်ရှိသော ခန္ဓာကိုယ်ကို လိုက်လျောညီထွေ မှုရှိအောင် လုပ်၍ လှည့်ပတ်ကြည့်မိသည်။

"ဆိုင်?"

'စုဇီမို' သည် အေးစက်စက် မီးခိုးရောင်ကြွေပြားကြမ်းခင်းပေါ်မှထလိုက်သည်။သူသည် ထူးဆန်းသောဆိုင်တစ်ခု၏ ကြမ်းပြင်ပေါ် လဲလျောင်းနေတာ ရှာတွေ့လိုက်စဥ် အံ့အားသင့်သွားသည်။

သူ့မျက်စိကမှုန်ပေမဲ့အဝေးကြည့် ဒီဂရီ သိပ်မများဘူး။ ဒါပေမဲ့ မျက်စိအာရုံ မညီတဲ့ရောဂါရှိသည်။'စုဇီမို' သည် ကားမတော်တဆမှု ဖြစ်ပြီးတည်းက မျက်မှန်မတပ်ဘဲ အဝေးမှအရာများကို ကြည့်ရှုတက်ဖို့ ကြိုးစားခဲ့သည်။

ဆိုင်ဧရိယာ သည် အလွန်သေးငယ်သည်။အလွတ်စင် နှစ်ခုရှိသည်။ဘာမှ ‌လေဘယ်တံဆိပ်(ဈေးနှုန်း) မှ မတပ်ထားပါ။ကောင်တာ၌ဘာမှမရှိသောဆိုင်းဘုတ်‌ရှိသည်။သူကလွဲ၍တခြား ဘာမှမရှိပါ။

အရမ်းထူးဆန်းသည်။စုဇီမို သည် ကြောင်အသွားပေမဲ့ ဂရုစိုက်သည်။သူ့အိမ်ထဲ နိုးလာတာလား ဒါမှမဟုတ် ကုသဖို့ မျိုးစုံသော တခြားနိုင်ငံ ရောက်နေတာလား ?

ပြီးတော့ အခုထူးဆန်းတဲ့ အသံတစ်ခု ကြားလိုက်ပုံပင်။

"သခင်.. 'ယုယုရီ' မှ ပြန်လည်ကြိုဆိုပါတယ် "

"အာ"

ဒီအသံထပ်ကြားလိုက်ရပြန်ပြီ။စုဇီမို သည် ဘေးကကောင်တာ ကို ထောက်ကာမတ်တပ်ရပ်ဖို့ ကြိုးစားကြည့်သည်။မတ်တပ်ရပ်ဖို့ ကြိုးစားချိန် ပျော့ခွေ့နေသည့် သူ့ခြေ‌ထောက်များ လိုက်လျောညီထွေဖြစ်မဲ့အထိ စောင့်ရင်း ကောင်တာကို ကိုင်ကာ တည့်တည့်မတ်တပ်လိုက်ရသည်။

"သခင်.. 'ယုယုရီ' မှ ပြန်လည်ကြိုဆိုပါတယ် "

စုမီမို သည် အသံလားရာကို ကြည့်လိုက်သည်။ကောင်တာအနောက်က အိုဟောင်းသည့်ကွန်ပြူတာဘေးက သေးငယ်တာ စပီကာမှ အသံ ဆိုတာ ရှာတွေ့လိုက်သည်။

ကွန်ပျူတာပုံစံ သည် အလွန်ကြီးမားပြီး 'စုဇီမို' ၏၄နှစ်သားအရွယ်တည်းက ထိုကဲ့သို့ကွန်ပြူတာပုံစံမျိုး ဖယ်ရှားလိုက်ကြပြီဖြစ်သည်(မရှိတော့ဘူး)။

'စုဇီမို' နောက်ဆုံး အိပ်ရာနိုးတဲ့အချိန်က စုမိသားစုရဲ့အစေခံ မီးဖိုချောင်မှအစားအသောက်လှည်းသွားယူနေချိန်ဖြစ်သည်။

'စုဇီမို'သည် ခန္ဓာကိုယ် ကို ‌လိုက်‌လျောညီ‌ထွေဖြစ်‌အောင် ကြိုးစားရင်း ကောင်တာကို ကိုင်ကာ အထဲကို လျှောက်လာသည်။မောပန်းလာတော့ မသက်မသာဖြစ်တဲ့ကုလားထိုင်‌ပေါ် ဖြေးညှင်းစွာ လဲချပြီး အပန်းဖြေသည်။

အချိန်အနည်းငယ်အတွင်းတွင် သူ့ခန္ဓာကိုယ် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာတယ်လို့ ခံစားရသည်။ဒါ့ကြောင့် စိတ်မနှောက်အယှက်မဖြစ်သင့်ဘူးလေ။

ကောင်တာပေါ်ရှိ ကွန်ပျူတာကို ဖွင့်လိုက်ရာ desktop နောက်ခံသည် ခရမ်းရောင်သန့်သန့်ဖြစ်ပြီး desktop ၏အလယ်၌ icon တစ်ခုသာရှိသည်။

icon က အဖြူရောင်စာသားဖြင့် ရေးထွင်းထားတဲ့ 'ဆိုင်' ဆိုသည့် အမည်ရှိသည်။ဆော့ဝဲလ်အမည် က အလှဆင်တာမျိုးမရှိဘဲ ရိုးရိုးရှင်းရှင်း ဖြစ်သည်။

"အန်းယုရီယု" ရဲ့ စတိုးဆိုင်ရဲ့ ပိုင်ရှင်အနေဖြင့် ဆိုင်အချက်အလက်ကိုကျေးဇူးပြီး စစ်ဆေးပါ။ထက်မြက်တဲ့လမ်းပြစနစ်က ဆယ်မိနစ်အကြာတွင် ပိတ်သွားလိမ့်မယ်။ကုန်ပစ္စည်းများကို တတ်နိုင်သမျှ အမြန်ဆုံးပြန်လည်သိုလှောင်ရန်နဲ့စတိုးဆိုင်ကို အဆင့်မြှင့်တင်လိုပါသလား။"

စုဇီမို သည် ဘာဖြစ်နေသလဲနားမလည်ပါ။သူသည် Mouse ဖြင့် Destop ပေါ် က တစ်ခုတည်းသော ဆော့ဝဲလ်ကို နှိပ်လိုက်သည်။ထို့နောက် သူ့ရှေ့အဖြူအမဲစာသားပါသော ရိုးရှင်းသောမျက်နှာပြင်တစ်ခု ပေါ်လာသည်။

သူ သည် အဝေးမှုန်ဖြစ်လို့ 'စုဇီမို' သည် သူ့မျက်လုံးတွေကိုပွတ်သပ်ရင်း mouseဘေးကမျက်မှန်ကို ယူကာ တပ်လိုက်သည်။မျက်မှန်၏မှန်သည်ပ ါးလွှာပြီး ငွေ‌ရောင်ချိန်းကြိုးဖြင့် သွယ်ထားသည်။

Destop ပေါ်ရှိ စကားလုံး အရွယ်အစားကွာခြားမှုသည် ကျဆင်းသွားသော်လည်း'စုဇီမို' သည် အပြာရောင်နောက်ခံပေါ် က အဖြူရောင်စကားလုံးများကို မြင်ရသည်။

ဆိုင် : အန်းယုရီယု

"အန်းယုယွီယု " စုဇီမို၏လည်ချောင်းသည် အလွန်ခြောက်နေပြီး ထူးဆန်းတဲ့အသံ ထွက်လာသည်။သို့သော် မသိစိတ်က ဒီထူးဆန်းတဲ့ ဆိုင်နာမည်ကို သဘောကျမိသည်။သူ တော်တဆ မှားဖတ်မိလိုက်ပေလည်းပေါ့။

အန်းယုရီယု ဆိုတဲ့ အဓိပ္ပာယ်ထောင့်တစ်ခု ကိုပြောတာမလား ? ဒီဆိုင် ဖွံ့ဖြိုးတိုးတက်ဖို့ မစဥ်းစားတော့ဘူးလား?

နှစ်ခုကို နှိုင်းယဥ်ကြည့်လျှင်'စုဇီမို'ပထမနည်းလမ်း၏ခံစားချက်ကို ပိုနှစ်သက်တယ်။နာာမည် နှစ်ခု ယှဥ်ရင်သာမန်ကျတဲ့ စိတ်ခံစားချက်ရှိတာမျိုး သဘောကျသည်။

နောက်စက္ကန့် ကြာတော့ စုဇီမို မှားဖတ်မိလိုက်သောထူးဆန်းတဲ့ စကား software ‌ရဲ့ ပထမဆုံးလိုင်း‌ပေါ် ပေါ်လာသည်။

[ဆိုင် : အန်းယုရီယု(အန်းယုယွီယု)]

စုဇီမိုရဲ့ခန္ဓာကိုယ်ပြန်လည်ထိန်းချုပ်နိုင်ခဲ့လို့ ဆော့ဝဲလ် က သူ့ကိုနှစ်သိမ့်တာလို့ခံစားရသည်။သို့သော် စုဇီမိုအတွက် သူ့ခန္ဓာကိုယ်ထိန်းချုပ်နိုင်စွမ်းလွတ်သွားတာ ၄ နှစ်ကျော်ပြီဖြစ်သည်။ဒ့ါကြောင့် ဘယ်လိုထူးဆန်းတဲ့အရာမျိုး မဆိုလက်ခံနိုင်ပုံပင်။

ဆိုတော့ကား စုဇီမို သည် ရိုးရှင်းတဲ့ဆော့ဝဲလ် ကိုဆက်လုပ်ဆောင်လိုက်သည်။

[ဆိုင်ပိုင်ရှင် : စုဇီမို]

[ဘဝအာမခံ: ၃၆၅ရက်]

၃၆၅ ရက် ?

စုဇီမို သည် မျက်မှန်ကို ချွတ်၍ မျက်လုံးပွတ်သပ်ကာ မှားမြင်တာဟုတ်မဟုတ် ပြန်ကြည့်သည်။ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ဆော့ဝဲ က သူ့နာမည်ကိုသာသိရုံသာမက အသက်ရှင်ဖို့ တနှစ်ပဲ ကျန်တော့တယ်လို့ ပြောနေသည်။

နည်းနည်းဆန်းကြယ်တယ်။'စုဇီမို' သည် လေးနှစ်ကြာမျှ သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ခဲ့ကာ သာမန်လူများ မထင်မှတ်ထားသောဘဝကို ဖြတ်သန်းခဲ့ရသော်လည်း သူ့ဘဝကိုမုန်းတယ်လို့ တစ်ခါမှ‌ မတွေးဘူး။ဘဝကိုဘယ်တော့မှအရှုံး မပေးဘူး။

အထူးသဖြင့်သူ၏ခန္ဓာကိုယ် ထိန်းချုပ်လို့ပြန်ရသွားပြီးနောက် 'စုဇီမို'သည် တခြားလူထက်ပိုပြီး အသက်ရှင်ချင်သည်။

၃၆၅ ရက်? ဘယ်လိုလုပ် လုံလောက်မှာလဲ? .။!!

" စတိုးဆိုင်မှ အမြတ်ငွေများကို အသက်ရှင်ဖို့ အတွက် အချိုးကျလဲလို့ရတယ်။ကျေးဇူးပြု၍ ပိုင်ရှင်အား ကုန်ပ္စစည်းများကို တက်နိုင်သမျှ အမြန်ဆုံးပြန်လည်သိုလှောင်ဖို့နဲ့ဆိုင်ကို အဆင့်မြှင့်ပါ။လည်ပတ်စွမ်းအင်ချို့တဲ့ကောင်းမွန်သောလမ်းပြစနစ် ၉မိနစ်အကြာတွင် ပိတ်သွားမှာပါ "

အပြစ်ကင်းသောစက်သံတစ်ခု ထပ်မံထွက်ပေါ်လာသည်။

၃၆၅ ရက် က သူ့ ဘဝကိုမကန့်သတ်ထားဘူးလို့ စက်မှ ပြောလာသည်။

ဒါဆို နေ့ရက်တွေ စုဆောင်းရမှာလား?

စုဇီမို သတိပြန်လည်လာပြီး ကောင်တာပတ်လည်နဲ့ဘေးပတ်လည်ကိုကြည့်လိုက်သည်။တစ်ခုခု ဝယ်ချင်ရင် ငါ ဒီထူးဆန်း တဲ့ဆိုင်ကနေ အရင်ထွက်သွားရမယ်။

စုဇီမို အနီးနားပတ်ဝန်းကျင်ကို အကြမ်းဖျင်းကြည့်လိုက်ရာ အေးစက်စက် ကြမ်းပြင်နှင့်အဖြူရောင် နံရံပဲ ရှိသည်။ကောင်တာဘေး၌ စင်အလွတ်နှစ်ခု ရှိသည်။သို့သော်နောက်တကြိမ်လှည့်ကြည့်ရာ ဘာမှမရှိတဲ့ဆိုင်အလွတ်ထဲ တံခါး ၃ ချပ်ကို တွေ့ရသည်။

တစ်ခုက ဆိုင်ရှေ့က မှန်တံခါးဖြစ်ပေမဲ့ သတ္တုတံခါးပိတ်ထားတာကြောင့် တံခါးအပြင်ဘက် ကိုမမြင်ရပေ။ကောင်တာ အနောက်ကတံခါး သည် "အနောက်တံခါး" ဖြစ်ပြီး လုံခြုံရေးအနည်းငယ်ရှိတဲ့ လုံခြုံရေးတံခါးဖြစ်သည်။နောက်ထပ်တံခါးတချပ် က ကောင်တာရဲ့ဘေးဘက်၌ရှိပြီး အရမ်းသာမန်ဆန်တဲ့ လျှောတံခါး ဖြစ်သည်။ဒါကို "ဘေးဆွဲတံခါး" လို့ ပြောရအောင်။

စုဇီမို သည် အနီးဆုံးဖြစ်တဲ့ ကောင်တာအနောက်က တံခါးဆီ ခပ်တင်းတင်းလျှောက်လာသည်။နံရံအထောက်အပံ့မပါပဲ လျှောက်နိုင်တာ သူ့အတွက် သတင်းကောင်းပဲ။သို့သော် နောက်ဖေးတံခါးကို ဖွင့်ကြည့်လိုက်ရာ သောခတ်ထားပုံရတယ်။

"လည်ပတ်စွမ်းအင် မလုံလောက်သောကြောင့် ဤတံခါးကို ယာယီဖွင့်၍မရပါ။ကျေးဇူးပြု၍ ဆိုင်ကို အမြန်ဆုံး ပြန်ပြင်ဆင်ပေးပါ။။ဥာဏ်ရည်ထက်မြတ်သော လမ်းကြောင်းကျစနစ်သည် လည်ပတ်စွမ်းအင်မရှိသဖြင့် ၈မိနစ်အကြာတွင်ပိတ်သွားပါမည်။"

အပြစ်ကင်းစင်သောစက်ပိုင်းဆိုင်ရာအသံကြောင့် စုဇီမို သည်တောင့်ခဲသွားကာ အရှေ့တံခါးနှင့် ဘေးတံခါးကို လှည့်ကြည့်လိုက်သည်။အနောက်တံခါးနဲ့မတူပဲ အရှေ့နဲ့ဘေးတံခါးကို တင်းတင်းကျပ်ကျပ် ပိတ်ထားသည်။ဘေးတံခါး နံရံပေါ် တောက်ပတဲ့ စခရင်န်နံရံ တစ်ခုရှိသည်။

စုဇီမိုသည် စတိုးဆိုင်၏တံခါးရှေ့သို့ ဖြေးညှင်းစွာ လျှောက်လာသည်။အရှေ့တံခါး ဖွင့်လို့မရသည်မှာ ‌မမျှော်လင့်ပဲ ရှာတွေ့ ခဲ့ပြီး ထိုတံခါး ပေါ် ထူးဆန်းတဲ့စရင်းတစ်ခု ရှိနေသည်။စုဇီမို သည် မျက်မှန်ပင့်တင်လိုက်တယ်။စုဇီမို ထိုစာရင်းကို ရှင်းရှင်းလင်းလင်းမြင်ရသည်။

သူ၏နှာတံပေါ်သို့ သံကြိုးတပ်ထားသောမျက်မှန်ကို ပြန်လည်ပင့်တင်ပြီးနောက်'စုဇီမို'သည်စာရင်းပါစာလုံးများကို ရှင်းရှင်းလင်းလင်းဖတ်လိုက်သည်။

[ကမ္ဘာရွေးချယ်စရာများ]

[001-တကယ့်ကမ္ဘာ]

[001-အိမ်မက်ဆိုးကမ္ဘာ]

[မဖွင့်သေးပါ]

[မဖွင့်သေးပါ]

ပထမနှင့်ဒုတိယ ရွေးချယ်မှုများမှလွဲ၍ စာရင်းရှိအခြားအရာအားလုံးဖွင့်မရသေးပါ။

'စုဇီမို' ထူးဆန်းသောပတ်ဝန်းကျင်နှင့် တိတ်တဆိတ်လိုက်လျောညီထွေဖြစ်နေသည်။သူ 001-တကယ့်ကမ္ဘာကို ကိုရွေးချယ်၍ထိလိုက်သည်။

"ပစ္စည်းတွေမရှိသေးလို့ ဆိုင်မဖွင့်သေးပါ၊ ပစ္စည်းတွေရအောင် ကြိုးစားပါ။ဥာဏ်ရည်ထက်မြက်သောလမ်းကြောင်းကျစနစ် သည် လည်ပတ်စွမ်းအင်ချို့တဲ့သောကြောင့် ၇မိနစ်အကြာတွင် ပိတ်သွားပါမည် "

ရွေးချယ်မှုနှစ်ခုကလွဲ၍ စုဇီမို၏အကြည့် နောက်ဆုံး မထင်မရှား ဘေးတံခါးပေါ် သို့ ကျရောက်သွားသည်။အဖြူရောင် နှင်းခဲမှန်၏ ဘေးတွန်းတံခါးပေါ် လည်း တူညီတဲ့စခရင်န်တစ်ခုရှိတယ်။

'စုဇီမို' ဆိုင်အလွတ်ထဲ ရပ်နေပြီး အသက်ပြင်းပြင်းရူသွင်းလိုက်တယ်။

သာမန်လူများအတွက်မထင်မှတ်ထားသော အတွေ့အကြုံရပေမဲ့ အိမ်မက်မက်နေတယ်လို့ ခံစားရတယ်.

စုဇီမို ဘေးတံခါးဆီ လျှောက်လာတော့ တူညီတဲ့ စာရင်းတစ်ခု တွေ့ရတယ်။

စုဇီမို' သည်ဘေးတံခါးဆီသို့လျှောက်သွားသောအခါ ဘေးတံခါးအနီးရှိ အိမ်ရှေ့တံခါးနှင့် ဆင်တူသော စာရင်းတစ်ခုကိုသူတွေ့ရှိခဲ့သည်။

[ရွေးချယ်နိုင်သောကမ္ဘာ]

[001-အိမ်မက်ဆိုးကမ္ဘာ]

[မဖွင့်သေးပါ]

[မဖွင့်သေးပါ]

အိမ်မက်ဆိုးကမ္ဘာလား?

ရင်းနှီးပြီးသား စကားလုံးတွေကို ပြန်မြင်သောအခါ 'စုဇီမို' တစ်စက္ကန့်အနည်းလောက်ရပ်တန့်သွားသည်။ သူသည် အနည်းငယ်ကြိုးစားကြည့်ဖို့ လက်ဆန့် ထုတ်လိုက်သည်။

သူနှစ်ကြိမ်ကျရှုံးခဲ့ပြီမို့ဒီတစ်ကြိမ်အောင်မြင်ဖို့အခွင့်အလမ်းကကြီးကြီးမားမားကြီးမရှိဘူးလို့ ခံစားရသည်။

သို့ပေမဲ့ စုဇီမို မ‌မျှော်လင့်ထားတာက...

သူ မနှိပ်ခင်ကောင်တာမှ အပြစ်ကင်းစင်သောစက်ပိုင်းဆိုင်ရာအသံ ထွက်ပေါ် လာသည်။

"ဒီဆိုင်ရဲ့ အဆင့်နိမ့်ကျနေတယ်။အိမ်မက်ဆိုးကမ္ဘာက ဝင်ဖို့ခက်ခဲတယ်။ကျေးဇူးပြုပြီး ခရီးဆောင်အိတ်သယ်ဖို့ ပြင်ဆင်ပါ။ဥာဏ်ရည်ထက်မြက်သော လမ်းကြောင်းကျစနစ်လည်ပတ်နိုင်စွမ်းမရှိ၍ ၆မိနစ်အကြာတွင်ပိတ်သွားပါမည်။"

"ဒါပေမဲ့ ငါ့မှာ တခြားရွေးချယ်စရာမရှိဘူး။ငါလုပ်ရမှာလား?" စုဇီမို မေးလိုက်ပေမဲ့ အဖြေပြန်မရပေ။

သို့ပေမဲ့ အသိဥာဏ်ရှိ လမ်းညွန်စနစ်ကပြောသည့် စကား က 'စုဇီမို' ၏အာရုံကိုဖမ်းစားသွား၏။သူကြားတာမှန်ရင် စနစ်က သူ့ကို "ခရီးဆောင်အိတ်သယ်သွား"ဆိုတဲ့ စကားထက် သူကြားတာမှန်လျှင် စနစ်ကခရီးဆောင်အိတ် ထုတ်လို့ ပြောနေသလိုပဲ ။

ဒါကို စဥ်းစားရင်း စုဇီမို စတိုးဆိုင်ဘက်လျှောက်လာသည်။သူ ဒီခန္ဓာကိုယ် နဲ့အကျွမ်းဝင်နေပြီ။ဆိုင်နဲ့စနစ်က ပြောတဲ့ "အိတ်" ရှိသလား ရှာချင်သည်။

ဆိုင်ထဲရှိတဲ့အရာတွေ အရမ်းကိုနည်းပါးသည်။ဘာမှမရှိတဲ့ စင်နှစ်ခုက လွဲပြီး ကွန်ပြူတာရှိတဲ့ကောင်တာ၊တံခါးသုံးချပ် ။ကွန်ပြူတာ ကီးဘုတ်အောက် လေးလံတဲ့ သတ္တူဘောပင် တွေ့လိုက်သည်။ဗီဒိုထဲ၌ အရွယ်အစားကြီးမားတဲ့တောင်တက်အိတ်ရှိနေတယ်။

အနက်ရောင်နဲ့မီးခိုးရောင် ပေါင်းစပ်ထားတဲ့ တောင်တက်အိတ်က ကြည့်ရတာ ဘာမှမဟုတ်ပေမဲ့ ကြီးမားတယ်။‌လေဘယ်တပ်ထားတဲ့ ပလက်စတစ်အိတ်တွေကို ရွေ့လို့မရဘူး။ဒီတောင်တက်အိတ် က 60L ပစ္စည်းတွေပဲ ထည့်လို့ရတာ စုဇီမို သိသည်။

စနစ်က "အိတ်" လို့ ခေါ် ခဲ့တအမှတ်ရမိသည်။

ဘာမှမရှိတဲ့ တောင်တက်အိတ်ကိုလွယ်လိုက်စဥ် ဒီအိတ်က အရမ်းကိုပေါ့ပါးတာ စုဇီမို သိလိုက်သည်.အနောက်၌ လေးလံတဲ့ ပစ္စည်းတွေ သယ်ရင်တောင် သက်ရောက်မှုရှိမှာမဟုတ်ဘူး။

လမ်းတလျှောက် ကျောပိုးအိတ်ကို လွယ်၍ အိတ်ထဲ လေးလံတဲ့ဘောပင်ကို ထည့်လိုက်သည်။အရင် ရှာတွေ့ထားတဲ့ မျက်မှန်တပ်ထားတယ်။ပြီးနောက် ဘေးတံခါးဆီ ပြန်လာသည်။

ထိုအချိန် 'စုဇီမို' လက်ဆန့်ထုတ်လိုက်တော့ စနစ်ဆီမှအသံထပ်မကြားရတော့။သူသည် ပေါ့ပေါ့ပါးပါးဖြင့် " 001-အိမ်မက်ဆိုးကမ္ဘာ" ကို ထိလိုက်သည်။အဖြူရောင်မှန်ဘေးတံခါးသည် "ကလစ် " အသံ နဲ့ အလိုအလျောက်လော့ပွင့်သွားတာ မြင်ရသည်။

စုဇီမို သည် တံခါးတွန်းဖွင့် လိုက်ချိန် သူ့နှလုံးသား အခုန်မြန်နေတာ ရှင်းရှင်းလင်းလင်းခံစားမိသည်။သို့သော်‌4 နှစ်ကြာပြီးနောက် သူ့ခန္ဓာကိုယ် ပြန်ထိန်းချုပ်နိုင်တာဖြစ်လို့ ဒီလို စွန့်စားခန်းခံစားချက်ကိုမမုန်းတီးဘူး။

တံခါးအနောက် ၌ မှောင်မည်းနေပြီး အမှောင်ထဲ အဖြူရောင်လှိုင်းလုံးကြီးတစ်ခု ပေါ်လာကာ တံခါးဆီမှ ဆက်သွားဖို့ ခေါ်နေသည်။

"Host အခုအိမ်မက်ဆိုးကမ္ဘာထဲ ဝင်လို့ရပါတယ်။ဒီအိမ်မက်ဆိုးကမ္ဘာထဲ ‌ ၄၈ နာရီ အကြာမှ နောက်ထပ် ပြန်ဝင်လို့ ရမှာပါ။ကောင်းမွန်သောလမ်းကြောင်းကျစနစ်လည်ပတ်စွမ်းအင်နည်းပါးပြီး မကြာခင်ပိတ်သွားတော့မည် ။ကျေးဇူးပြုပြီး ကုန်ပစ္စည်းများကို တက်နိုင်သမျှ ပြန်သိုလှောင်ပြီး ဆိုင်ကိုအဆင့်မြှင့်ပါ။နောက်တစ်ကြိမ်ထပ်တွေ့ဖို့မျှော်လင့်ပါတယ်။"

တံခါးဖွင့်ပြီးနောက်တွင် အပြစ်ကင်းသောအသံထပ်မံထွက်ပေါ်လာ၏။အခုအသံ ကစောင့်မျှော်နေတဲ့အသံနဲ့ တူနေသည်။

စနစ်က သူ့ကို လှုံ့ဆော်တာ ဖြစ်နိုင်ပေမဲ့ စုဇီမို သူ့အရှေ့က နေရာကို ကြည့်ရင်း အသက်ပြင်းပြင်းရူသွင်းကာ သူ့ခြေထောက်ရှည်ရှည် ကို အမှောင်ထဲ ဦးတည်လှုပ်ရှားလိုက်လေသည်။

'စုဇီမို' ရဲ့ မျက်လုံးရှေ့၊ အလင်းပြန်ပေါ် လာချိန် ...တွင်။

စုဇီမိုသည် အဆုံးမရှိသော ကောရစ်ဒါ ၌ ရှိနေသည်။သူ့အနောက် ၌ အချိန်မရွေးနေရာမရွေး ဝါးမြိုသွားနိုင်သော အမှောင်ထုကြီးလည်းရှိနေသည်။

"ဒါအိမ်မက်ဆိုးကမ္ဘာလား? "နားခိုရာ၏ဖုန်မှုန်များ ပေနေသည့် ညစ်ပတ်တဲ့ ရေချိုးခန်းထဲ စုဇီမို လက်မောင်းကို ဆွဲဆိတ်လိုက်တယ်။ရင်းနှီးသလိုမရင်းနှီးသလိုနာကျင်မှုခံစားရပြီးနောက် သူ အိမ်မက်မက်နေသလား ။အိမ်မက်မ မက်နေဘူးလား မသေချာပေ။

"အန်းယုယု" လို့ ခေါ် တဲ့ဆိုင် နဲ့တကယ်ကြီး တွေ့ခဲ့သည်။မဟုတ်ဘူး အဲဆိုင်နာမည်က "အန်းယုယွီယု"

သူတကယ်ပဲ အရွယ်အစားကြီးတဲ့ အရွယ်အစားကြီးတဲ့ တောင်တက်ကျောပိုးအိတ် ယူလာကာ ပြန်လည်သိုလှောင်ဖို့ အိမ်မက်ဆိုးကမ္ဘာလို့ခေါ်တဲ့ ဒီနေရာကိုရောက်လာသည်။

သူသည် "အတွေ့အကြုံရှိ" လူတစု နဲ့တွေ့ဆုံခဲ့တယ်။သူတို့က လူတိုင်းကို "လူသစ်"လိုဆက်ဆံသည်။

အရေးကြီးဆုံးအချက် မှာ 'စုဇီမို' ဖုန်ထူနေတဲ့ ရေချိုးခန်းထဲ "မဖွင့်ရသေးတဲ့ ဟိုတယ်သုံးလက်‌ဆေးစင် ကို ‌ကြည့်လိုက်သည်။သို့‌ပေမဲ့ ထိုပစ္စည်းပေါ် စာကြောင်းတချို့ကိုမြင်လိုက်သည်။ ။

[အိမ်မက်ဆိုးအမှတ်တံဆိပ်- ၆ ခုပါအဆင့်မြှင့် skin care ။(ကြယ်မသက်မှတ်)]

[ဈေး - ၆ယွမ်]

[ဖော်ပြချက် - သွားဘက်ဆိုင်ရာသုံးပစ္စည်း နှစ်စုံ၊လက်ရာမြောက် သစ်သားဘီး၊အဆင့်မြင့်ဆပ်ပြာအသုံးအဆောင် ၊အဆင်မြင့် ခေါင်းလျှော်ရည်၊ အဆင့်မြင့်ရေချိုးဂျယ်လ်။စုစုပေါင်း ၆ ခုကို အိမ်မက်ဆိုးကမ္ဘာမှ ထုတ်လုပ်သည်။ရေချိုးskin care များသည် နိုင်ငံတကာ skin care များနှင့် ယှဥ်လို့ရသည်။အစိတ်အပိုင်းတိုင်းကို ရောင်းချနိုင်သည်။]

"...." စုဇီမို ထိုစာကို ခဏစိုက်ကြည့်ပြီးနောက်ဆုံး ရေချိုးခန်းသုံးပစ္စည်များယူ၍ အနောက်က လွယ်အိတ်ထဲသို့ကောက်ထည့်လိုက်တော့သည်။

'ဝယ်ဖို့' ဆိုတဲ့ စကားကို နားလည်လိုက်ပြီဖြစ်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment