no

Font
Theme

Chapter 7 : ကမ္ဘာအသစ်

အိပ်မက်ဆိုးကမ္ဘာကို တစ်ဖန်ပြန်သွားခြင်းသည် လမ်းလျှောက်ရုံသပ်သပ်မဟုတ်ပါ။

"အန်းယုယွီယု' ၏အသိဥာဏ်ရှိသည့်လမ်းညွန်စနစ်ပြောတာကို မှတ်မိသေးသည်။တဖန်ပြန်ဝင်ဖို့ အနည်းဆုံး ၄၈ နာရီ အချိန်ယူရသည်။အခုဒီဘေးတံခါးထပ်ဖွင့်ဦးမှာမဟုတ်ဘူး။

" 'အားယုယု' လို့ခေါ် တဲ့ဆိုင်ကနေ အခုစနစ်မှ 'အန်းယုယွီယု ' လို့ ခေါ် လာသည်။စုဇီမို သည် ဒီလိုငြီးငွေ့ဖို့ကောင်းတဲ့ဆိုင်ထဲ ၄၈ နာရီကြာနေရမှာ စိတ်ပူဖို့မလိုဟုသူ့ကိုယ်သူ တီးတိုးရေရွတ်မိသည်။

အသံတွေကြောင့် ခက်ခဲသော်လည်း ၄နှစ်အတွင်း စုဇီမို ၄လလောက်သာအိပ်ပျော်ခဲ့သည်။ဒါက မသက်မသာခံစားရစေခဲ့သည်။လက်ရှိအခြေအနေနဲ့ဆို ဆိုင်ထဲကထွက်သွားလို့ရတဲ့နည်းလမ်းမရှိပေ။

အတားအဆီးမရှိသော ဆိုင်ကို လှည့်ပတ်ကြည့်ရှုရင်း 'စုဇီမို' သည် ကျောပိုးအိတ်အလွတ်ကို ကောင်တာပေါ် တင်ကာ ကောင်တာအနောက်၌ ထိုင်ခုံ၌ ထိုင်ချ၍ ကောင်တာပေါ် ရှိသေးသည့် ကွန်ပြူတာအဟောင်းကို ကြည့်လိုက်သည်။

'စုဇီမို' သည် အိပ်မက်ဆိုးကမ္ဘာတွင် တစ်နာရီခန့် ကြုံတွေ့ခဲ့ရသည်။ကွန်ပြူတာအား အချိန်ပြည့်ဖွင့်ထားပုံရပြီး အပြာရောင်စခရင်ပေါ်တွင် အဖြူအမည်းစာသားပါသော စတိုးဆိုင်စီမံခန့်ခွဲမှုဆော့ဖ်ဝဲအမြဲဖွင့်ထားသော်လည်း အကြောင်းအရာသည် 'စုဇီမို' အရင် မြင်ဖူးသည့်အရာနှင့်အနည်းငယ်ကွာခြားသည်။

[ဆိုင်- အန်းယုယွီယု (အားယုယု)]

[ပိုင်ရှင်- စုဇီမို]

[အသက်ရှင်ကျန်ရစ်ရက်- 365 ရက်]

[စင်No.1 Capacity(ကြယ်မရှိ) ၆/၅၀ ]

[စင် No.2Capacity (ကြယ်တပွင့် ) ၀/၂၀ ]

'စုဇီမို' မှ ကွန်ပြူတာမှရရှိသော အချက်အလက်အားလုံးဖြစ်သည်။အိပ်မက်ဆိုးလောကမှ ပြန်လာပြီးနောက် ဆိုင်ထဲအရင်ရှိသည့် စင် ၂ခုနှင့်တူသည့် သာမန်အဖြူရောင်စင်နှစ်ခုပေါ် လာပုံရသည်။

ကုန်ပစ္စည်းများတင်ထားသည့် စင်သည် ဆော့ဖ်ဝဲတွင်ဖော်ပြထားသော [Shelf No.1] ဖြစ်သည်။ရေချိုးခန်းပစ္စည်း ၆ ခုပါ တစ်စုံ၊အိမ်သာသုံးစက္ကူလိပ်နဲ့ ပန်းအိုးပဲတွေတွင် စာသားထဲကြယ်မရှိ ဆိုသည့် စာသားပါဝင်သည်။ဆော့ဖ်ဝဲရှိ ကိန်းဂဏန်းများနှင့် ကိုက်ညီသည်။

စုဇီမို မတော်တဆမဖြစ်ခင် လူကြိုက်များသည့် အွန်လိုင်းဂိမ်းအချို့ ဆော့ဖူးသည်။ဒါကြောင့် ‘အန်းယုယွီယု’ ၏လမ်းညွှန်မှုမပါဘဲ 'ကြယ်မရှိ' သို့မဟုတ် 'ကြယ်တစ်ပွင့်' ကိုမြင်သောအခါ ၎င်း၏ဆိုလိုရင်းကို ဇဝေဇဝါနားလည်နိုင်သည်။

'စုဇီမို' သည် စတိုးဆိုင်ထဲ ပြန်ရှာဖွေတယ်။

စတိုးဆိုင်ရှိ စင်တန်းပမာဏကို လက်တွေ့ရေတွက်ပြီးနောက်၊ 'စုဇီမို' တွေ့ရှိသည့်တစ်ခုတည်းသော အသစ်မှာ ပထမစင်၏အောက်ခြေ၌ ထားရှိသည့်စာအုပ်တစ်အုပ်သာဖြစ်သည်။စာအုပ်သည် အထက်တန်းကျောင်းတွင် အသုံးပြုခဲ့သော 'စုဇီမို' စီတန်းထားသော ဗလာစာအုပ်နှင့်တူသည်။စက္ကူသည် အလွန်ပါးလွှာပြီး အရည်အသွေး အရမ်းကြီးမကောင်းပေ။

အခြားစာအုပ်များကဲ့သို့ ဗလာစာအုပ်၏ဘေးဘက်တွင် အညွှန်းများမပါပေ။စာအုပ်ကလည်း ဟောင်းနေပြီး ခေါက်ထားတဲ့ သဲလွန်စတွေရှိသည်။။တစ်စုံတစ်ဦးမှ အသုံးပြုခဲ့သည်ဟု ထင်ရသည်။အဲဒါကြောင့် စင်က ကုန်ပစ္စည်းအဖြစ် မသတ်မှတ်ထားတာဖြစ်နိုင်သည်။

ထူးဆန်းတာက 'စုဇီမို' စာအုပ်ကိုဖွင့်ကြည့်လိုက်ရာ အဝါရောင်စာရွက်ဟောင်းပေါ်မှာ စကားလုံးတွေမပါတာကို တွေ့ရတယ်။

ဗလာစာအုပ်ဟောင်းကို ခဏလောက်ကြည့်ပြီးနောက် 'စုဇီမို' သည် အထက်တန်းကျောင်းတက်တုန်းက သူလုပ်ခဲ့တာတွေကို အမှတ်တမဲ့ သတိရသွားသည်။အဲဒီတုန်းက သူကျောင်းတက်နေတဲ့ အထက်တန်းကျောင်းက အီလက်ထရွန်းနစ်ပစ္စည်းတွေကို ကျောင်းထဲကို ယူဆောင်ခွင့်မပေးဘူး။ချမ်းသာတဲ့ မိသားစုက မွေးဖွားလာတဲ့ နောက်ခံရှိတဲ့ ကျောင်းသားတွေလျှင်ပင် ထိုစည်းကမ်းကို ချိုးဖောက်၍မရချေ။

ကျောင်းသားများသည် ၎င်းတို့၏ အပျင်းဆုံးသော အခြေအနေတွင် ရှိနေသောအခါတွင် စာအုပ်အလွတ်ကိုပင် ဖျော်ဖြေရေးအဖြစ် အသုံးပြုကြသည်။

'စုဇီမို'အရင်ကောင်တာ၌သတ္တုဘောပင်တစ်ချောင်းကို တွေ့ရှိခဲ့ပြီး ကျောပိုးအိတ်၏ ဘေးဘက်အိတ်ကပ်ထဲသို့ ပစ်ထည့်ထားတာ သတိရသွား၏။ထို့ကြောင့်အထူးလေးလံသော ဘောပင်ကို ထုတ်ကာ အိပ်မက်ဆိုးကမ္ဘာတွင် သူတွေ့ကြုံခဲ့ရသည့်အရာအချို့ကို မှတ်တမ်းတင်ကြည့်သည်။

'စုဇီမို'သူ့မှတ်ဥာဏ်ကို သေချာသိသော်လည်း မှတ်ထားရမည့် အရေးကြီးသောအရာအချို့ကို မှတ်တမ်းတင်ချင်သေးသည်။

ဥပမာ- လေ့ကျင့်သူများ၊ အိပ်မက်ဆိုးများ၊ နားခိုရာ၊ စမ်းသပ်ချက်အကြောင်းအရာများနှင့် လေ့ကျင့်သူများ၏ ဘယ်ဘက် လက်မောင်းတွင် သွေးဖြင့် ရေးထွင်းထားသောအချိန်များ။'စုဇီမို' ၌ ထိုကဲ့သို့ အရာတွေ မရှိပါ။ဤအရာများကို မရရှိနိုင်သောကြောင့် အခြားလေ့ကျင့်သူများနှင့် ဆက်သွယ်ရာတွင် မလိုအပ်သာ တားဆီးဖို့ ထိုအချက်တွေကိုလည်း ကောင်းစွာမှတ်မိရမယ်။

အခြားဥပမာပေးရရင် -သူတွေ့ကြုံတဲ့အတွေ့အကြုံအရ- 'စီနီယာ လေ့ကျင့်သူတွေကို မယုံဖို့ '

ဆိုင်ရှိ တစ်ခုတည်းသော ကုလားထိုင်သည် အဆင်မပြေသော်လည်း အနည်းဆုံး နောက်ကျောရဲ့ ညောင်းညာမှုကိုအဆင်ပြေစေသည်။‘စုဇီမို' သည် မျက်လုံးမှိတ်ပြီး ကုလားထိုင်ပေါ်မှာ လဲလျောင်းရင်း မြန်မြန် အိပ်ပျော်သွားသည်။သူတကယ်ကို မောပန်းနေပြီဖြစ်သည်။

သူ၏အသက် ၂၀ ကျော် ရှိပြီ။

အသက်နှစ်ဆယ်ကျော်လောက်က ဒီခန္ဓာကိုယ်ထဲသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအသက်အရွယ်ထက်ငယ်တဲ့ စိတ်ဓာတ်ကတကယ်ကို ခံနိုင်ရည်ရှိလွန်းပြီးမဖြစ်သင့်တဲ့အရာတွေ အများကြီးကို ကြုံတွေ့ခဲ့သည်။ဘာမှပြန်မပြောပေမယ့် 'စုဇီမို'အတွက် ဒီတခါတော့ အိပ်ရေးဝဖို့ လိုအပ်သည်။

"အန်းယုယွီယု" ၌ ၄၈ နာရီကြာအောင် စောင့်ပြီးနောက် စိတ်ခံစားချက်ကင်းမဲ့သည့်သူ့မျက်နှာပေါ် စိတ်အားထက်သန်မှုတချို့ ပေါ်လာသည်။ကျောပိုးအိတ်ကို တစ်ဖန်ပြန်ယူပြီးငွေရောင်ကြိုးလေးတပ်ထားသော မျက်မှန်ကို တပ်ကာ စာအုပ်နှင့် ဘောပင်ကို ဘေးဘက်အိတ်ကပ်ထဲသို့ ထည့်ပြီးတံခါးဆီသို့ လျှောက်လာရင်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

ထပ်ပေါင်းပြောရရင် သူအလွန်ဆာလောင်မွတ်သိပ်နေပြီ။'စုဇီမို' သည် သွားမည့်အိပ်မက်ဆိုးကမ္ဘာထဲက ပစ္စည်းများ စုဆောင်းပြီး 'အန်းယုယွီယု'က အမြန်ထွက်ခွာကာ မူလကမ္ဘာသို့ ပြန်သွားချင်သည်။

'စုဇီမို' သည် သူ့ခံစားချက်ကို ချိန်ညှိပြီး သူ့ကိုယ်သူ ပြင်ဆင်ပြီးနောက်အဖြူရောင်နှင်းခဲမျက်နှာကိုတပ်၍ ဘေးတံခါးရှေ့ ရပ်လိုက်သည်။ဘေး တံခါးရှိ ဖန်သားပြင်စခရင်ငယ်တွင် [001: အိမ်မက်ဆိုးကမ္ဘာ] ကို ရွေးပြီးနောက်၊ ရင်းနှီးသောလက်ကိုင်ကို အခိုင်အမာဆုပ်ကိုင်လိုက်သည်။

အေးစက်သော အထိအတွေ့သည် 'စုဇီမို' ၏ စိတ်ဓာတ်ကို ပြန်လည် နုပျိုစေပြီး သူ့ရှေ့မှ အဆုံးမဲ့ အမှောင်ထုကို ဖော်ထုတ်ရန် ဘေးတံခါးကို ချောချောမွေ့မွေ့နှင့် စောလျင်စွာ တွန်းဖွင့်လိုက်သည်။

အမှောင်ထဲကို ဝင်သွားရင် အိမ်မက်ဆိုးကမ္ဘာထဲ ပြန်ရောက်မည်ကို စုဇီမို သိနေခဲ့သည်။

ချီရှောင်မင်နဲ့ကျန့်မင် တို့ အဆင်ပြေရင်တောင် သူတို့အိမ်မက်ဆိုးကမ္ဘာက အချိန်တိုင်းပြောင်းလဲနေတာဖြစ်သည်။နောက်တဆင့်အိမ်မက်ဆိုးကမ္ဘာထဲ ဘာတွေကြုံရမယ်ဆိုတာ ဘယ်သူ့မှမသိဘူး။အိုဟောင်းတဲ့ဟိုတယ်ဖြစ်နိုင်သလို ဒဏ္ဍာရီကြောက်ဖို့ကောင်းတဲ့ သရဲတွေရှိတဲ့ ရွာထဲလည်းဖြစ်နိုင်တယ်။အသတ်ခံရသည့် သရဲများစွာရှိတဲ့ ပင်လယ်ထဲက ကျွန်း ၊ ညဘက် ခြေလှမ်းများစွာရှိသည့် စွန့်ပစ်ခံ ကျောင်း၊ ဂျင်းကျန့်ဆေးရုံ စတာတွေဖြစ်နိုင်သည်။

အရှေ့က အမှောင်ထုကိုကြည့်ရင်း ရလဒ်မသိသော ပန်ဒိုရာသေတ္တာထဲ ဝင်နေရသလိုခံစားရသည်။

ထို့နောက် သူဝင်ရောက်လာခဲ့သည်။

အမှောင်ထု၏ လွှမ်းခြုံမှုရဲ့ ခံစားချက်သည် စုဇီမိုကို မူးနောက်စေသည်။သူ့အရှေ့က အလင်းရောင်က ပုံမှန်ပြန်ဖြစ်ပြီးနောက်၊ သာမန်ထင်ရတဲ့ ဓာတ်လှေကားထဲ သူ့ကိုယ်သူပြန်တွေ့ရပြီး သူတစ်ယောက်တည်းရှိနေခဲ့တယ်။!

အရင်တခေါက် အိမ်မက်ဆိုးကမ္ဘာတုန်းကသူ့ဘေးနားလေ့ကျင့်သူတွေအများကြီးရှိသည်။

ဓာတ်လှေကားသည် နေရာကျယ်ဝန်းပြီး ထောင့်တထောင့်ကို ကြည့်လိုက်ရာ အနက်ရောင်လက်ကိုင်ထီးတစ်လက်ကို သတိထားမိတယ် ။

ဆန်းပြားသောအသွင်အပြင်နှင့် အလွန်ရှည်လျားသော လက်ကိုင်ထီးဖြစ်သည်။ထီးပေါ်ရှိ ကိုယ်ထည်ဟာလည်းအလွန်သားနားသည်။ငွေရောင်ဖောင်းကြွခလုတ်တစ်ခု တပ်ဆင်ထားပြီး စေ့စပ်သေချာသောနည်းပညာဖြင့် လက်ရာမြောက်သော ဦးခေါင်းခွံထွင်းထုထားသည်။

ထို့အပြင် ထီး၏ ရိုးတံမှာလည်း ငွေရောင်ဖြစ်သည်။၎င်းသည် ထီးထက် ချစ်ဖို့ကောင်းတဲ့ လမ်းလျှောက်လက်ကိုင် တုတ်နဲ့တူပြီး ချစ်ဖို့ကောင်းအောင် ပေါ့ပေါ့ပါးပါးထွင်းထုထားသည်။

သို့သော် 'စုဇီမို' ၏ မျက်လုံးထဲတွင် ပေါ်လာသည်မှာ အမှန်ပင် ထီးတစ်လက်ဖြစ်သည်။သူ့အာရုံကို ဆွဲဆောင်စေတဲ့အရာက သူ့နှာတံပေါ်တွင် ဝတ်ဆင်ထားသော မျက်မှန်မှတဆင့် မြင်လိုက်ရတဲ့ ထူးဆန်းတဲ့ စာသားတွေဖြစ်တယ်။

[အနက်ရောင်ထီး(???)]

[ဈေးနှုန်း : ???]

[ဖော်ပြချက် : ??? ]

စုဇီမို သည် ဘာလို့ ဘာမှမပေါ် လဲ မသိပေ။ဒါမှမဟုတ် အကြောင်းပြချက်မရှိပဲ ထိုထီး ဘာကြောင့် ဒီနေရာ၌ရှိသလဲသူမသိပေ။သို့ပေမဲ့ သူ သိတာက ဒီအိမ်မက်ဆိုးကမ္ဘာက ဒီထီးကိုမယူရင်တနေ့နောင်တရလိမ့်မယ်ဆိုတာပဲ။

ထီးကိုကိုင်လိုက်တော့ မတူသည့် ခံစားချက်မျိုးခံစားရသည်။စက္ကန့်အနည်းငယ်အကြာတွင် ဓာတ်လှေကား သည် "ဒင်" ဆိုသည့် အသံနဲ့အတူဖွင့်သွားပြီး စုဇီမိုလည်း ထွက်လာကာ မရင်းနှီးသည့် ကောရစ်ဒါ ဆီ လျှောက်လာခဲ့သည်။

။ကံကောင်းတာက အရင်တခေါက်ကလို ဖယောင်းတိုင်မီးမှိန်မှိန်အောက် ပျက်စီးနေသည့် ဟိုတယ်မဟုတ်ပဲ ခေတ်မီအလှဆင်ပစ္စည်းများရှိသည့် ရုံးခန်းအဆောက်အအုံတစ်ခုတါင်ဖြစ်သည်။ကောရစ်ဒါလမ်းတလျှောက်အလွန်တောက်ပပြီး ဖန်သားပြင်အမျိုးမျိုးရှိသည်။စိမ်းလန်းသည့် သစ်ပင်များသည်လည်း အိမ်မက်ဆိုးကမ္ဘာရဲ့ စရိုက်ထဲမပါဝင်ပေ။

အံ့ဩဖို့ကောင်းတာက သူတစ်ယောက်တည်းသာ ရှိပြီး လေ့ကျင့်သူများမရှိပေ။

"ဘာဖြစ်နေတာလဲ?အိပ်မက်ဆိုးကမ္ဘာ မဟုတ်ဘူးလား" ကျောပိုးအိတ်နှင့် ထီးတစ်လက်ကို ကိုင်ဆောင်ထားသည့် 'စုဇီမို' သည် တောင်တက်အဖွဲ့တစ်ဖွဲ့ဆီ သွားမဲ့ပုံပေါ် နေပြီး ခေတ်မီရုံးခန်းအဆောက်အအုံတစ်ခုတွင် အဖွဲ့နဲ့ကွဲနေသည်။

မသိစိတ်က အနောက်သို့လက်ပြန်ဆန့်ကြည့်လိုက်ရာ ရင်းနှီးနေသည့် တံခါးလက်ကိုင်ကိုရှာတွေ့ပြီး အိမ်မက်ဆိုးကမ္ဘာနဲ့လေ့ကျင့်သူများ ကိစ္စကိုဘေးဖယ်ထားလိုက်သည်။အရေးအကြီးဆုံးက သူ သူစ္စည်းတွေဝယ်ဖို့ပဲ(ကောက်ဖို့ပဲ)။

စီနီယာလေ့ကျင့်သူများမရှိရင် သူ့ရဲ့ ဝယ်ယူတဲ့လုပ်ငန်းစဥ်ပိုမိုချောမွေ့လိမ့်မည်။

"ဒါက သင်တန်းကျောင်းလား။ပညာရေးအဖွဲ့အစည်းလား?"

ကောရစ်ဒါအတိုင်း လမ်းလျှောက်ပြီးနောက် ဘေးပတ်ပတ်လည်လည်က မှန်ချပ်များပေါ် "ဒယ်ရာ လေ့ကျင့်ရေးအကယ်ဒမီ" လို့ ရိုက်နှိပ်ထားတာ တွေ့ရှိခဲ့သည်။ဓာတ်လှေကားအနီး စားပွဲတစ်ခုရှိသည်။ဘေးနှစ်ဖက်၌ ကြီးမားသည့် စာသင်ခန်းများရှိပြီး အလယ်၌ ကောရစ်ဒါ(လျှောက်လမ်းမ) ရှိသည်။

ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ စကားပြောခန်း၊စာရေးစာဖတ်ခန်း၊အနုပညာ အခန်း၊အကခန်း စသည့်တံဆိပ်ကပ်ထားသည့် အခန်းများကိုတွေ့ရသည်။စုဇီမိုသည် နီးစပ်သည့် အနုပညာစာသင်ခန်းမရဲ့ မှန်တံခါးကို ဖွင့်ဖို့ကြိုးစားလိုက်သည်။သို့ပေမဲ့ သော့ခတ်ထားဖွင့်လို့မရသည်ကိုတွေ့ရှိခဲ့သည်။

သို့ပေမဲ့စားပွဲပေါ် မဖွင့်ရသေးသည် စာရွက်ကလစ်များ၊dovetail ကလစ်မျာနှင့်ကုန်ပစ္စည်းအဖြစ် ရောင်းချနိုင်သည့် အရာများစွာ ရှိနေသည်။အံဆွဲထဲ အသုံးမပြုသော ဘောပင်များ၊ စက္ကူလိပ်အနည်းငယ်လည်းရှိတယ်။ဒါတွေအားလုံးကို အိမ်မက်ဆိုးကမ္ဘာမှထုတ်လုပ်ထားတာဖြစ်သည်။

အိမ်မက်ဆိုးကမ္ဘာ တံဆိပ်ပါသည့် ပစ္စည်းများအားလုံးကို စုဇီမို ယူလိုက်သည်။စုဇီမို သည် ဗိုက်ဆာရင်တောင်မှ စားပွဲရှေ့က မုန့်တွေကို လုံးဝမထိပေ။

ကျောပိုးအိတ်လွယ်၍ အရှေ့က လျှောက်လမ်းမ ဆီ လျှောက်လာခဲ့သည်။စားပွဲက ပစ္စည်းများအားလုံးရှင်းထုတ်ပြီးနောက် ကောရစ်ဒါ အဆုံးမှ လှုပ်ရှားသံ ကြားရလေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment