no

Font
Theme

Ch-6 : နှလုံးသွင်းခြင်း။

စုဇီမို,တစ်ယောက် အမှောင်ထုရဲ့ ဝါးမြိုခြင်းခံရချိန် ရုတ်တရက် နားလည်လိုက်သည်။

လူသားတွေရဲ့ ဘဝကိုလျစ်လျုရူစိတ်မရှိ‌ပေမဲ့ သူစိမ်းများနဲ့တွေ့ဆုံတိုင်း သူ့ရဲ့ အကြံလုံးဝပြောင်းလဲသွားခဲ့သည်။

ဒါ့အပြင် "အိမ်မက်ဆိုးကမ္ဘာ " လို့ သိတဲ့ ထူးဆန်းတဲ့နေရာထဲရှိနေခဲ့ပြီး အရူးတစ်ယောက်လို စာလေ့လာတဲ့နေရာလည်းမဟုတ်ပေ။

စုဇီမိုတွင် ထူးဆန်းတဲ့အခြေအနေ တွေသာမရှိရင် အိမ်မက်ဆိုးလို့ ခေါ် တဲ့နေရာမျိုးမှာ တနာရီကြာ အသက်ရှင်နေနိုင်မှာမဟုတ်ဘူး။

"ဟေး"စုဇီမို သည် အနှုတ်သဘောဆောင်သည့် စိတ်ခံစားချက်များကို ဖယ်ရှား၍ ညာဘက်လက်နှင့် တံခါးအနောက်ကို ကိုင်ထားလိုက်သည်။ထိုတံခါးသည် အမှောင်ထဲတွင် ဘယ်သူ့မှ ကြည့်မနေတာကြောင့် ထပ်ထွက်ပေါ် လာခဲ့သည်။စုဇီမို သူ့ပတ်ဝန်းကျင် အနည်းငယ်ထူးဆန်းတယ်လို့ခံစားလိုက်ရသည်။

'စုဇီမို'၏ ထင်‌ယောင်ထင်မှား ထဲ လေ့ကျင်သူများနောက်ကိုလိုက်နေသည့် အမှောင်ထုသည် မကောင်းသောဝိညာဥ်များ၏ အစာအိမ်နှင့်တူသည်။သူက အမှောင်ထုရဲ့ အဖမ်းခံရပြီး အစာအိမ်ထဲ မြိုချခံရကာတိုက်ရိုက်စားသောက်ခံလိုက်ရတယ်!

သို့သော် သူရောက်နေတဲ့ ပတ်ဝန်းကျင်သည် အထူးအဆန်းမဟုတ်ပေ။ထို့ အစား စက်ြံတစ်ဖက်တစ်ချက်ရှိ ဖယောင်းတိုင်များ မငြိမ်းသွားယုံသာဖြစ်သည်။အနီရောင်ဖယောင်းတိုင်မီးနှင့်ရှေ့ကစက်ြံကိုတောင်မြင်နေရတယ်။

ဖက်တီးလေး အလန့်တကြားအော် ဟစ်ပြေးလွှားနေတာကိုလည်းမြင်ရသည်။

မြေပြင်ပေါ် သို့ ကျသွားသည့် ဟန်လင်းလည်း လွတ်မြောက်ရန်တွားသွားနေတာ မြင်ရသည်။

သူတို့ကို မြင်နိုင်ပေမဲ့ သူတို့က သူ့ကိုမမြင်နိုင်ဘူး။မဟုတ်ရင် သူကိုင်ထားတဲ့ လက်ကိုင်တံခါးကပြန်ပျောက်သွားလိမ့်မယ်။

သို့ပေမဲ့ ကျန်မင်းပြောတာမှန်တယ်။အမှောင်ရဲ့ အရှိန်က လူကို မြိုချပြီးနောက် ရပ်တန့်သွားသည်။စင်္ကြ့ ရှိ ကျန်ဖယောင်းတိုင်များမငြိမ်းတော့ပဲ ကျန့်မင်းနဲ့တခြားသူများ လွတ်မြောက်ဖို့ အခွင့်အရေးရသွားကြသည်။

စုဇီမို သည် အချိန်အကြာကြီးမတိုက်ခိုက်သော်လည်း ဟန်လင်းကတော့ ဒုတိယနားခိုရာနှင့် ပုန်းခိုနေသည်။!

'ဟန်လင်း' ၏အကြံအစည်ကို အောင်မြင်တယ်လို့ ခေါ်ဆိုနိုင်သည်။

ဒါပေမဲ့ ကောင်းတဲ့တစ္ဆေကကော?

သူ့နှာတံပေါ်ရှိ မျက်မှန်က ပေးအပ်ထားသည့် စွမ်းရည်ကြောင့်လားမသိ။စုဇီမို' သည် အမှောင်ထဲတွင် စက္ကန့်အနည်းငယ်ကြာအောင်နေတာတောင် အမှောင်ထဲတွင် ရောင်ဝါးဝါးမြင်ရသည်။

အမှောင်ထဲတွင် ထွန်းထားတဲ့ ဖယောင်းတိုင်နှင့်နံရံပေါ် က မှန်ကိုမြင်ရသည်။

'စုဇီမို'အစကတည်းက ဟိုတယ်စက်ြံမှာ မှန်တွေအဲ့လောက်အများကြီး ဘာကြောင့် ထားလဲဟု သံသယဝင်ခဲ့သည်။

သူ့မျက်လုံးများက သူပတ်ပတ်လည်ရှိ မှန်တွေ ကို ဖြတ်ကြည့်လိုက်ရာ မယုံနိုင်လောက်သော အမူအရာဖြစ်သွား၏။

သူဘာဖြစ်သွားတာလဲ?

အနီရောင်ဝတ်စုံ ဝတ်ထားသော ဆံပင်ရှည်ရှည်အမျိုးသမီးတစ်ဦးမှန်ထဲတွင် ခေါင်းငုံ့ ကြည့်နေသည်ကိုတွေ့ရသည်။

အဲ့အမျိုးသမီး၏လည်ပင်းမှ ကြောက်မက်ဖွယ်ကောင်းသော နီညိုရောင်သွေးများ စီးကျလာသည်ကိုမြင်လိုက်ရသည်။အမျိုးသမီး၏ပခုံးနှင့် လက်များပေါ်တွင် သွေးများဖြင့် ဖုံးလွှမ်းနေပြီး 'စုဇီမို' ၏အမြင်တွင် အနီရောင်စကပ်သည် မူလက ထိုအရောင်ဟုတ်မဟုတ် မသေချာပေ။သို့မဟုတ် အနီရောင်သွေးများ စွန်းထင်းနေတာလား?

ထိုလူသည် လူ မဟုတ်ပဲ သရဲဆိုတာ ထင်ရှားသည်။

ပိုကြောက်စရာကောင်းတာက အနီရောင်ဝတ်စုံဝတ်ထားတဲ့ သရဲ သည် သူ့ရှေ့မှန်ကနေ ပျောက်ကွယ်သွားပြီး အမှောင်နဲ့ စက်ြံလွတ်ကြား နယ်နမိတ်နဲ့နီးတဲ့ အခြားမှန်တစ်ခုမှာ ပြန်ပေါ်လာသည်။မှန်ထဲတွင် တစောင်းပေါ်လာပြီး အနီးနားရှိ ဖယောင်းတိုင်ကို ငုံ့ကြည့်နေသည်။

တစ္ဆေမိန်းမ ဖယောင်းတိုင်မီးကို မှုတ်လိုက်ရာ ရင်းနှီးသော လေတိုက်သံကို 'စုဇီမို' ကြားရသည်။

အခြားဖယောင်းတိုင်တစ်တိုင် မီးငြိမ်းသွားသောအခါ စက်ြ့အတွင်းရှိ အမှောင်ထုသည် ပို၍နီးကပ်လာသည်။

မီးမှိတ်သွားလေ သရဲ က ပိုပြီး နီးလာလေလေ ဖြစ်သည်။

ပြောရရင် ဒီအိမ်မက်ဆိုးကမ္ဘာရဲ့ သရဲကအမှောင်ထဲ ပုန်းနေတာမဟုတ်ပဲ ဟိုတယ်စင်္ကြ့ ရဲ့မှန်ချပ်တွေမှာဖြစ်သည်။

ဒါက တကယ်ကို စစ်မှန်တဲ့ အိမ်မက်ဆိုးကမ္ဘာရဲ့အမှန်တရားပဲ။

"အမှောင်ထု ပြန်လာပြီ!! ဘာလို့ မသက်ရောက်တာလဲ!!" အမှောင်ထုအပြင်ဘက် စင်္ကြ့လမ်းတလျှောက် ဟန်လင်းရဲ့ အသံ ဖြစ်တယ်။'စုဇီမို' ကို မြိုချလိုက်သောအသံကိုအမှောင်ထုထဲ ကြားနေရသည်။

သူမ ခြေကျင်း တစ်ဖန်ပြန်လည် သက်သာလာပြီဖြစ်သည်။အစကတော့ 'မှန်ထဲက သရဲမက သူ့ကိုတိုက်ခိုက်မှာ မဟုတ်ဘူးလို့ တွေးမိသည်။

"အန်းယုယွီယု" ကပေးထားတဲ့ စွမ်းအားထင်သည်။

သို့သော် 'စုဇီမို' သည် မှန်ထဲတွင် ခေါင်းမော့ကြည့်သည့် သရဲမကိုမတော်တဆ ကြည့်မိရာ အမှောင်ထဲက ထိုသရဲမရဲ့ ရုတ်တရက် အော်မြည်သံ ထွက်ပေါ် လာသည်။

တစ္ဆေ၏ အနက်ရောင်ဆံပင်များက ရေတံခွန်ကဲ့သို့ သူ့ဆီသို့ လွင့်ပြန်လာပြီး မဆိုင်းမတွ တိုက်ခိုက်လာသည်။

အမှောင်ထဲတွင်ရှိသော အရာများကို အနည်းငယ်မြင်နိုင်သော်လည်း 'စုဇီမို' အမှောင်ထဲတွင် အနက်ရောင် ပင်လယ်ရေမှော်များကဲ့သို့ တစ္ဆေဆံပင်များကို မရှောင်နိုင်သောကြောင့် ထွက်ပြေးရန် အချိန်မကျန်ပေ။

ကံကောင်းထောက်မစွာ တစ္ဆေ၏အကြည့်သည်တံခါးလက်ကိုင်ကို မပျောက်ကွယ်‌စေ‌ပေ။

"စုဇီမို!!"

စုဇီမို အနောက်က တံခါးကို တွန်းဖွင့်ချိန် စင်္ကြ့အပြင်ဘက်မှ မမျှော်လင့်ထားသည့် ပုံရိပ်ထွက်ပေါ် လာသည်။

သူမ အမှောင်ထဲနက်နက်ရိူင်ရိူင်း မဝင်သော်ငြား ဖယောင်တိုင်မီး ပြန်ယူကာ အထင်ကြီးဖို့ကောင်းတဲ့ လူသစ်လေးကို လာရှာတာဖြစ်တယ်။

'စုဇီမို' ငါ့လက် ကိုင်လိုက်!"။

အလွန်အားနည်း‌သည့် ဖယောင်းတိုင်မီးအောက်အရှေ့က အမှောင်ထဲကို ကြည့်ရင်း မမြင်ရသည့်လူကို ရှာဖွေမိသည်။

စုဇီမို သည် လက်ထဲ ဖယောင်းတိုင် ကိုင်ထားတဲ့ ချီရှောင်မင်ကို မိုင်အကွာအဝေးတစ်ခုမှမြင်နေရသည်။ဒါပေမဲ့ သရဲဆံပင်က ဖယောင်းတိုင်မီးရှိနေသည့် ချီရှောင်မင် ဘက်လှည့်ထွက်သွားတာကိုလည်းမြင်ရသည်။

"မြန်မြန်ပြေး သရဲမ မင်းဆီလာနေပြီ" စုဇီမို နောက်ဆုံးအကူအညီတွေ ကျေးဇူးတင်ရင်း ထိုအချိန် ဆိုင်တံခါးဆီ ပြန်ဆုတ်သွားသည်။တံခါးဆီမပြန်မသွားခင်သဲလွန်စပေးတာမှန်ကန်တယ်လို့ ခံစားရလိုက်ရသည်။"သရဲမက မှန်တွေကြား ပုန်းနေတယ်။မှန်မရှိရင် မပုန်းနိုင်ဘူး!"

ဟိုတယ်အခန်းရှိရေချိုးခန်းသည် ခေတ်မှီပြင်ဆင်မှုတစ်ခုဖြစ်ကြောင်းထင်ရှားသည်။အခန်းများရှိ ရောင်ပြန်ပြတင်းပေါက်များရှိမှန်များပေါ်အဖြူရောင် နံရံများ အရောင် ပြန်‌နေပြီး တီဗီများကဲ့သို့ ရောင်ပြန်ဟပ်သည့် ပစ္စည်းများမရှိ‌‌‌ပေ။

ထိုအခိုက်အတန့်ကို တွေးကြည့်လိုက်တော့ မှန်များဖြင့်ပြည့်နေသော စင်္ကြ့ သည် ထူးဆန်းနေသည်။အိမ်မက်ဆိုးကမ္ဘာသည် အစကတည်းက ၎င်းတို့အားပြသခဲ့သည့် ရှင်သန်မှုသတိပေးချက် ဖြစ်နိုင်ကြောင်း 'စုဇီမို' ခံစားရသည်။

သူ ဟန်လင်းကို မကယ်တင်ချင်ခဲ့ပါ။ဒါပေမဲ့ အသက်ရှင်ဖို့ ခက်ခက်ခဲခဲကြိုးစားတာကြောင့် ကယ်ဖို့တွေးခဲ့သည်။

စုဇီမို အများကြီးလုပ်ပေးခဲ့တာနှမြောစရာပဲ။သူသာတံခါးထဲထပ်မဝင်နိုင်ခဲ့ရင် သူလဲ သရဲမရဲ့တိုက်ခိုက်မှုအောက်သေလိမ့်မယ်။

စုဇီမို,တစ်ယောက် စတိုးဆိုင်ထဲ ပြန်ဆုတ်ခွာသွားချိန် ချီရှောင်မင်ရဲ့ အပြုအမူကို မမြင်ခဲ့ပေမဲ့ ချီရှောင်မင်၏လက်ထဲက ဖယောင်းတိုင်း အရှိန်နဲ့လှုပ်ခါနေတာ ကြည့်ရင်း သက်သာရာရသွားသည်။

တံခါးဆီသို့ ပြန်ဆုတ်ချိန်အခိုက်အတန့်တွင် စုဇီမိုသည် ပိုပြီးစိတ်သက်သာရာရသွားပြီးတောက်ပပြီးတိတ်ဆိတ်သည့် ဘာမှမရှိတဲ့ "အန်းယုယွီယု”ဆိုင်ကို ပြန်လည်ရောက်ရှိလာသည်။စုဇီမို ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရာ သူ့အနောက်မှန်တံခါးတောက်တောက်ပပကိုနောက်ဆုံးတွေ့မြင်လိုက်ရသည်။ပြီးနောက် အနောက်က တံခါး၌ အဆုံးမရှိသည့် အမှောင်ထုရှိနေသည်။

စက္ကန့်အနည်းငယ်ကြာတော့ ရေအောက်က ရေညိုပင်တွေလို သရဲမရဲ့ဆံပင်များ ရုတ်တရက် တံခါးမှထွက်ပေါ်လာသည်။လုံခြုံပြီလို့တွေးထားသည့် စုဇီမို,ခဗျား လန့်သွား၏။

ထို့နောက်မကောင်းဆိုးဝါးမရဲ့ဆံပင်၏ကြောက်ဖွယ်တစ်ခုကိုခံစားမိပြီး ဒီရေကဲ့သို့ အလျင်အမြန်ဆုတ်ခွာကာ သာမန်အဖြူရောင်ဘေးတံခါးလည်းအလိုအလျောက်ပိတ်သွားသည်။

တံခါးမပိတ်ခင် စုဇီမိုသည် ဟန်လင်းရဲ့ အော်သံကို ယောင်ဝါးဝါးကြားခဲ့သည်။

"ပြန်ရောက်ပြီ" တံခါးလုံးဝပိတ်သွားသောအခါမှ စုဇီမိုသည် ကောင်တာနဲ့ သိပ်မဝေးသည့်နေရာ"အန်းယုယွီယု” ဆိုင်ရဲ့ ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။ခေါင်းပေါ် က မီးအလင်းရောင်ကိုကြည့်ရင်း အရာအားလုံးကိုအစကို ပြန်ရောက်သွားပုံရသည်။

စုဇီမို သည် တခြားလေ့ကျင်သူများနှင့် အော်သံများ ၊ဆူသံညံများနှင့် ရွံ့အိုင်လိုစိုစွတ်ပြီးအဆင်မပြေတဲ့နေရာနှင့်နှုတ်ဆက်ခဲ့သည်။တနည်းအားဖြင့် ကြည်လင်တောက်ပသည့် ဆိုင်ထဲ ရှိနေပြီး "အန်းယုယွီယု” ဆိုင်လေးမှ လေကောင်းလေသန့်တချို့တောင် ခံစားမိသည်။

အစတည်းကနေ အခုထိ တစ်ခုတည်းသော ခြားနားချက်မှာ ကျောပိုးအိတ်ထဲတွင်အိမ်မက်ဆိုးကမ္ဘာမှ သူပြန်ယူလာခဲ့သော ကုန်ပစ္စည်းများ ရှိနေခြင်းဖြစ်တယ်။

အထူးသဖြင့် ရေချိုးခန်းသုံးပစ္စည်းအစုံ၊ အိမ်သာသုံးစက္ကူလိပ်အနည်းငယ်နှင့်အဖြူရောင်ပန်းအိုးများ ဖြစ်တယ်။

ထိုအရာများကို အိတ်ထဲမှ ထုတ်ရင် အသက်ပြင်းပြင်းရူသွင်းကာ အနောက်ဘက်တံခါးမှ ကြုံတွေ့ရသည်များကို စတင်တွေးတောမိသည်။

ပထမဆုံးအချက်-"အန်းယုယွီယု”ဆိုင်ရဲ့ တံခါးက အမြဲတမ်းသူ့အနောက်၌ ရှိနေပြီး ဘယ်တော့မှ ထွက်မသွားဘူး။

ဒုတိယအချက်'စုဇီမို' ကိုယ်တိုင်မှလွဲ၍ ဘယ်သူ့မှ တံခါးကိုမမြင်ရဘူး။

တတိယအချက်–လက်ဆန့်တာနဲ့ တံခါးလက်ကိုင်ကိုထိနိုင်သော်လည်း တခြားသက်ရှိလူသားများစောင့်ကြည့်နေချိန်တွင် ပျောက်သွားမည်။

စတုတ္ထအချက်- မင်းအနောက်က တံခါးထဲ ပြန်ဝင်ရမည်။

နိဂုံးချုပ်ရရင် ဒီတံခါးအသုံးပြုနိုင်ခြင်းသည် စွမ်းအားနှင့်မသက်ဆိုင်ပေ။အခြားသူများအာရုံမစိုက်သည့် အချိန်မှသာ ထွက်ပေါ် လာတာဖြစ်တယ်။

နောက်တကြိမ် တစ်ယောက်ယောက် က သူ့ကိုသရဲမဆီ တွန်းချရင်ကော သူဘာလုပ်သင့်လဲ?

ဖြစ်နိုင်ချေကို စဥ်းစားပြီး သက်ပြင်းချမိသည်။နောက်တခါအိမ်မက်ဆိုကမ္ဘာမှ ကြုံတွေ့တဲ့သူများကိုအသင်းဖော် အဖြစ် မှတ်မယူဖို့ ကိုယ်ကိုကိုယ်ပြောမိသည်။

တကယ်လို့ အိမ်မက်ဆိုးကမ္ဘာထဲတဖန်ပြန်ဝင်ရမယ်ဆိုရင်နှိမ့်ချပြီးမထင်မရှား အနေအထားမှာနေတာ ပိုသင့်လျော်သည်။ပြောရရင် သူရဲ့အကြီးမားဆုံး အားသာချက်က သူ့ကိုယ်သူနှိမ့်ချနေသရွေ့ လေ့ကျင့်သူများလို တာဝန်ပြီးမြောက်အောင်လုပ်ဖို့မလိုအပ်ဘူး။

သူသည် "အန်းယုယွီယု” ဆိုင်အလယ်ရှိ စင်အနားသို့လျှောက်လာပြီးကျောပိုးအိတ်ထဲကပစ္စည်းများကို ရွေ့ ဖို့ လုပ်သည်။

သာမန်ဟုထင်ရသောအိမ်မက်ဆိုး အိမ်သာသုံးစက္ကူနှင့်အိမ်သာသုံးပစ္စည်းများကို စင်ပေါ်တင်လိုက်ရာ ရောင်းဈေးနှင့်တံဆိပ်များအလိုအလျောက်ပေါ် လာတာတွေ့ရသည်။

[အိမ်မက်ဆိုး premium စက္ကူလိပ်]

[ရောင်းဈေး ၁ယွမ် ]

[အိမ်မက်ဆိုးအမှတ်တံဆိပ်ရေချိုးခန်းသုံးပစ္စည်း ၆ခုပါတစ်စုံ]

[ ရောင်းဈေး ၆ယွမ် ]

ပစ္စည်းအားလုံးကိုပုံမှန်အတိုင်းရောင်းလို့ရသည်။

နောက်ဆုံးပန်းအိုးကို စင်ပေါ်တွင်တင်ပြီးနောက် 'စုဇီမို' သည်ရှေ့နှင့်နောက်တံခါးများထံသို့ လျှောက်လှမ်းရန်ကြိုးစားခဲ့သော်လည်း လည်ပတ်စွမ်းအားမရှိတာကြောင့် ထိုတံခါးနှစ်ချပ်မှာမဖွင့်ပေ။

'စုဇီမို' နှင့် စကားပြောခဲ့ဖူးသော 'အန်းယုယွီယု'၏ကောင်းမွန်သော စနစ်သည် စွမ်းအင်သိုလှောင်မှု မလုံလောက်မှုကြောင့် ပိတ်သွားသောကြောင့် 'စုဇီမို' သည် သူဘာကြောင့် စတိုးဆိုင်မှ ထွက်လို့မရသေးသဲ ကိုယ်တိုင်မသိပေ။

"လည်ပတ်စွမ်းအင်မလုံလောက်လို့လား?"

" ထုတ်ကုန်တွေအရမ်းနည်းနေသေးတာပဲ" စုဇီမို မျက်မှန်ချွတ်ပြီး လွတ်နေသည့် စင်တွေကို ကြည့်ကာ သက်ပြင်းချမိသည်။

ကျန်ရှိနေသည့် သက်တမ်းတိုးဖို့ 'အန်းယုယွီယု' ကို အားကိုးနေရသော်လည်း စုဇီမို ဒီဆိုင်မှ ထွက်ခွာလိုတဲ့ ဆန္ဒပြင်းပြနေသည်။

၄နှစ်အတွင်း အရူးတစ်ယောက်လို သူ့ကို ဘယ်သူဂရုစိုက်သေးသလဲ ? သိချင်မိသည်။

'စုမိသားစု' ၏အမွေဆက်ခံခွင့်ကို ဆုံးရှုံးလိုက်ရသော သူ့အဖေ မှာ လက်ထပ်ထားသည့် မိန်းမ ၄ ယောက်ရှိ ပြီး အချစ်လေးတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲကာ တရားမဝင်သမီးများစွာရှိပေမဲ့ တရားဝင် သားကတော့ တစ်ယောက်ထဲရှိတာမဟုတ်လား?

ဒါမှမဟုတ် သူ၏ဒီမတော်တဆကြောင့် သူ့အဖိုး ပြင်းထန်တဲ့ရောဂါကြောင့်အိပ်ရာပေါ် လဲနေမလား?

စုဇီမို သည် မတူညီတဲ့ဗီလာအမျိုးမျိုးနှင့် အပန်းဖြေစခန်းများ၌ နိုးလာရပြီး ကောင်းကောင်းမွန်မွန်နေထိုင်ရပြီး ဂရုစိုက်တဲ့လူရှိပေမဲ့ အမြဲတမ်းစိတ်ရူပ်ခဲ့ရသည်။

ရွေးချယ်စရာ အဖြေနှစ်ခု ရှိသည်။စုဇီမို အနောက်က အဖြေကို ပိုသဘောကျပေမဲ့ နေမကောင်းဖြစ်တဲ့လူကြီး(အဖိုး)က ၄နှစ်လုံးလုံး ကောင်းမွန်တဲ့ယောကျာ်း(သူ့)ကို ဂရုစိုက်နေခဲ့ရသည်မလား?

အခုကော။

အခုကော။

သူ့ခန္ဓာကိုယ်က ရုတ်တရပ် ပျောက်ဆုံးသွားလို့ လူကြီးတွေ စိုးရိမ်တကြီးနဲ့ ရှာဖွေနေမလား?

ထိုကဲ့သို့မြင်ကွင်းကိုမြင်ယောင်ရင်း စုဇီမို,တစ်ယောက် 'အန်းယုယွီယု" မှ ထွက်သွားချင်တယ်။!

ပစ္စည်းအလုံအလောက်မရှိလို့ မသွားနိုင်တာဆိုရင်...။

စုဇီမို ပိတ်ထားတဲ့ တံခါးကို သေချာစိုက်ကြည့်မိသည်။

ပစ္စည်းမလောက်လို့ဆိုရင် သူထပ်ပြီးအိမ်မက်ဆိုးကမ္ဘာကိုထပ်သွားရမှာပေါ့!!

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment