Chapter 19: အိမ်မက်ဆိုးကမ္ဘာဆီ ပြန်သွားခြင်း။
အဘိုးစုကွယ်လွန်ပြီးခုနစ်ရက်အကြာတွင်။
ရိူးရန်တောင်ပေါ်ရှိ စုမိသားစုပင်မအိမ်တော်ရဲ့ အဆုံးစွန်၌စုမိသားစုရဲ့ဘိုးဘွားအုတ်ဂူတည်ရှိရာဖုန်းရွှေ နယ်မြေရှိသည်။
လွန်ခဲ့သည့် ခုနှစ်ရက်အတွင်း၊စုဟဲဝမ်နှင့်မိသားစုရှိ အခြားအကြီးအကဲများသည် စူးစမ်းလိုစိတ်နှင့် ရူးသွပ်သောမီဒီယာအားလုံးကို ရှောင်ရှားရန် ပိုင်ရှင်အသစ် စုဇီမိုကို ကူညီပေးခဲ့ကြသည်။
သို့သော် ဈာပနလာပို့သူများပြားသောကြောင့် မီဒီယာအချို့ကိုလည်း စက်ပစ္စည်းအားလုံး ဖယ်ရှား ခိုင်းခဲ့သည်။ မီဒီယာအချို့ကိုရိုးရှင်းသည့်ဘောပင်,စာရွက်ကိုအသုံးပြုခွင့်ပြုကာ ရိူးရန်တောင်ပေါ်တက်ခွင့်ပြုခဲ့သည်။ အရည်အချင်းရှိသူသည် ပုံဆွဲဘုတ်နှင့် ဆေးသုတ်တံကိုပင် ယူဆောင်လာပြီးစုမိသားစုခေါင်းဆောင်အသစ်၏ ပုံတူကို ရေးဆွဲချင်ခဲ့သည်။
ဘယ်သူမှ စည်းမျဥ်းစည်းကမ်းကို မချိုးဖောက်ရဲကြချေ။ပြောရရင် စုမိသားစုနဲ့စုဟဲဝမ် နတ်ဆိုးကြီးကို ဘယ်သူမှ မစော်ကားရဲကြချေ။
စုဟဲဝမ်ဟာ သူ့ကိုယ်သူ စုမိသားစုလို့ ဘယ်တုန်းကမှ မယူဆတဲ့အတွက်စု မိသားစုရဲ့အခြားသူတွေနဲ့အတူ သင်္ချိုင်းထဲခေါင်းတလားထမ်းကာ လမ်းလျှောက်မည့်အစား စုမိသားစုရဲ့အဆင့်တစ်ခု၌ ရပ်နေပြီး အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။
စုGroup ၏ အကြီးတန်းအမှုဆောင် အများအပြားနှင့်ပင် ရပ်တည်ခြင်း မရှိခဲ့ပေ။သူ့နေရာမှာ ဒေါသထွက်ဖို့ကောင်းကာ ကူရာမဲ့ဖို့ကောင်းသည်။
စုမိသားစု၏လေထုက တကယ်ကိုအံ့ဩစရာပင်။စုမိသားစုက သူနဲ့ဘယ်လိုလုပ်ရပ်ရဲမှာလဲ? ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက် သူ့ကိုရှောင်တိမ်းကြလေသည်။
ခဏကြာအတွင် စုမိသားစုရပ်သည့်နေရာမှ စုဟဲဝမ် ထွက်သွားခဲ့သည်။သူက တစ်ယောက်တည်းနေကာ ပျင်းရိသူတွေနဲ့မရင်းနှီးပုံပင်။သင်္ချိုင်းအဝင်ဝမှ အသံတစ်ခုကြားရသောအခါ တောင်တခုလိုမလှုပ်ရှားခဲ့သည့် သူ့ခန္ဓာကိုယ်မှာ အသံရဲ့အရင်းအမြစ်ဆီလှည့်ကြည့်တယ်။
ရှေ့ဘက်မီတာအနည်းငယ်အနောက်တွင် ခေါင်းတလားကို သယ်ဆောင်လာကြသည်။သူတို့အားလုံးဟာ အနက်ရောင်၀တ်စုံနဲ့ လက်ထဲမှာ ထီးတွေ ရှိနေသည်။
စုဟဲဝမ် တွင် လည်း အနက်ရောင်ခေါက်ထီးရှိသည်။သင်္ဂြိုဟ်ချိန်မတိုင်မီနှင့်အပြီးတွင် မိုးသက်မုန်တိုင်း ကျရောက်မည် လို့ဆိုထားသည်။ကိုယ်ပိုင်ထီးက မလိုလားအပ်တဲ့ အရှက်ရစေမယ့် အရှက်ကို ရှောင်ရှားနိုင်သည်။
စုမိသားစုဝင်များ သင်္ချိုင်းထဲသို့ တိုက်ရိုက်လျှောက်လာချိန် သူတို့အားလုံးစုမိသားရဲ့အဆင့်အတန်းကို ချက်ချင်းကြည့်ကြသည်။
စုမိသားစုရဲ့ပိုင်ရှင်အသစ်အကြောင်း တော်တော်များများကြားရပြီး စုသားစု၏ပိုင်ရှင်အသစ်ဟာ အရူးဖြစ်ဖို့ နီးစပ်တယ်ဆိုတာကိုလည်း သိထားကြသည်။ထို့ကြောင့် လာတွေ့ကြသူများထဲတွင် အချို့က စုမိသားစုအပေါ် သစ္စာစောင့်သိသူများ၊အချို့က ပိုင်ရှင်အသစ်အကြောင်း သိချင်ကြလို့ဖြစ်သည်။အချို့က ဟာသများကို တိတ်တဆိတ်ဖတ်ရူဖို့ဖြစ်သည်။
မြေးကြီး သည် ‘အရူး’လို ဝေဒနာမှ နိုးကြားလာကာ ပျောက်ကင်းသွားသော်လည်း အချို့လူများက ရောဂါကို 100% ပျောက်ကင်းအောင် မကုသနိုင်လို့ထင်ကြသည်။နောက်ဆက်တွဲအချို့ ကျန်နေပေလိမ့်မည်။
ထိုသို့သော အတွေးမျိုးရှိသူများသည် စုမိသားစု၏ ပိုင်ရှင်အသစ်၏ အသွင်အပြင်ကို ပိုမိုအာရုံစိုက်ကြပြီး အခု စုမိသားစု၏ရှေ့တန်းမှ ရှိနေသူသည် စုမိသားစုရဲ့ ပိုင်ရှင်အသစ် ဖြစ်သင့်တယ်ဆိုတာကိုလည်းသိကြ၏။ !
မျှော်လင့်ချက်ကြီးလေလေ တုန်လှုပ်လေလေဖြစ်သည်။
ထိပ်ဆုံးက စုမိသားစုဝင်တိုင်းကိုကြည့်လိုက်ချိန်တွင် နှာခေါင်းကွေးကွေး၊မျက်လုံးစောင်းစောင်းနဲ့ ထူးဆန်းသည့်လူကိုမတွေ့ခဲ့ပါ။သို့သော် ဘယ်နေရာကိုမှအကြည့်လွှဲလို့မရနိုင်အောင် တွန်းအားပေးသည့် လူငယ်တစ်ယောက်ကိုတွေ့ခဲ့သည်။သူ သည် မိန်းကလေးငယ်လေးကိုလက်တွဲကာ အနက်ရောင်ထီးလေးကို ဆောင်းထားသည်။
ထပ်ပေါင်းပြောရရင် ငယ်ရွယ်လွန်းသည်။
စုမိသားစုအကြီးအကဲအသစ်ရဲ့အသွင်အပြင်ကိုလူတိုင်းမမြင်ဘူးကြပါ။ပြောရရင် တဖက်လူငယ် သည် အနက်ရောင်ဝတ်စုံနှင့်အနက်ရောင်မျက်မှန်ကိုပါ တပ်ဆင်ထားသေးသည်။ပိန်ရှည်ရှည် အရပ်မြင့်မြင့် ချောမောသည့် မျက်နှာနဲ့နှုတ်ခမ်းမှာ တင်းတင်းကြပ်ကြပ်ရှိနေတာကိုလည်းမြင်ရသည်။
ငယ်ရွယ်သော အိမ်ထောင်ဦးစီး၏နောက်တွင် ကွဲပြားသော အမူအရာများ ရှိသော လူဒါဇင်များစွာ ရှိသည်။
စုမိသားစု အကြီးအကဲဟောင်း အနောက် ၌ စုမိသားစုအကြီးအကဲဟောင်းရဲ့ ကလေးများ၊မြေးများနှင့်မှီခိုသူအမျိုးသမီးများရှိသည်။ငယ်ရွယ်သည့်မိသားစုအကြီးအကဲခေါင်းဆောင် အနောက်တွင်တော့မတူညီသည့်မျက်နှာဘေးနဲ့လူများစွာ လိုက်ပါလာလေသည်။
မျက်နှာနှင့်လက်ထက်သို့ ရေစက်များ တဖြည်းဖြည်း ရွှဲလာသည်ကို လူတိုင်း ရုတ်တရက် ခံစားလိုက်ရသည်။မော့ကြည့်လိုက်ရာ ကောင်းကင်မှမိုးပွှားလေးများ စီးကျလာကာ တဖြေးဖြေး ရွာသွန်းလာသည်ကိုတွေ့ရတယ်။
အရှေ့ကစုမိသားစုရဲ့အကြီးအကဲ ခေါင်းဆောင်လူငယ်လေး သည် တခဏ တုန့်ဆိုင်းသွား၏။သူ့လက်ထဲ၌ ငွေရောင်လက်ကိုင်ထီးကို ကိုင်ထားသည်။သို့သော်ဘာလို့မှန်းမသိ ထီးကို ဖွင့်လိုက်ချိန် လူတိုင်းရဲ့ဘေးပတ်လည်က အပူချိန်ရုတ်တရက် အေးစက်သွားတာခံစားလိုက်ရသည်။
ထိုအချိန် လူတိုင်းသည် တဖက်လူရဲ့အသွင်အပြင် နဲ့အသက်အရွယ်ကိုမမြင်ရပေမဲ့ အနက်ရောင် suit ဝတ်ဆင်ထားကာ အနက်ရောင်ထီးနှင့်ရပ်နေသည့်အသွင်အပြင်သည်အဆင့်အတန်းမြင့်ပြီး
အေးဆေးတည်ငြိမ်လှသည်။
ထပ်ပေါင်းပြောရရင် မိသားစုရဲ့အကြီးအကဲခေါင်းဆောင်လူငယ်လေး က ကြောက်ဖို့ကောင်းတဲ့တစ်စုံတစ်ခုကိုဖုံးကွယ်ထားပုံရသည်။ ဒါ့ကြောင့်သူတို့လည်းဘာလို့မှန်းမသိ ရွာနေသည့်မိုးပြေးလေးတွေဆီ အကြည့်လွှဲမိနေကြလေသည်။
စုဟဲဝမ်ရဲ့ အာရုံက တခြားသူတွေနဲ့ မတူပါ..။
စုဇီမိုသည် စုမြောင်မြောင်နဲ့ ရှေ့တန်းမှဦးဆောင်၍ စုဇီမိုအနောက်တွင် အဖိုးအိုရဲ့ သား ၄ ယောက်ရှိသင့်သည်။
သို့သော်...စုဟဲဝမ် သည် အနက်ရောင် ထီး ၅ ချောင်းကို မြင်လိုက်ရသည်။
သို့သော် သူပြန်လှည့်ကြည့်လိုက်ရာ စုဇီမိုရဲ့အနောက်၌ ဂန်၊သွမ့်၊ခွမ်၊နီ တို့လေးယောက်ပဲရှိပြီး သူစိမ်းလူမရှိပါပေ။
အမှန်ပြောရရင် စုဟဲဝမ် တစ်ယောက်တည်း ထူးဆန်းသလိုခံစားရတာမဟုတ်ပဲ စုဇီမိုလည်း ထူးဆန်းသည့်အနက်ရောင်ထီးကိုဖွင့်လိုက်ချိန် ထူးဆန်းတာတစ်ခုခုဖြစ်သွားမှန်း ခံစားမိသည်။
အနက်ရောင်ထီးက စုဇီမိုကို လေနဲ့မိုးမတိုက်မိအောင် တားဆီးထားသည်။သို့သော်ထီး ဖွင့်လိုက်တာနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရသည်။သူ့အနောက်က တစ်စုံတစ်ယောက်မှ သူ့လည်ပင်းနဲ့ နားရွက်ကို တစ်ချက်မှုတ်လိုက်သလို ခံစားလိုက်ရသည်။သူမတက်နိုင်ပဲ စိတ်ထဲ အဖုအထစ်တွေဖြစ်လာခဲ့သည်။
စုဇီမို မသိမသာနောက်သို့ လှည့်ကြည့်လိုက်ရာ အနက်ရောင်အဝတ်အစားထောင့်များ၌ငွေရောင်ရှိနေတာ မြင်နေရပေမဲ့ နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ရာ စုဂန်ရဲ့ဗလာသပ်သပ်အပြစ်ကင်းသည့်မျက်နှာကိုပဲ တွေ့ရသည်။
ထူးဆန်းသောအရာအားလုံးသည် စုဇီမို ၏ကိုယ်ပိုင်ထင်ယောင်ထင်မှားဖြစ်နေပုံပင်။
..
ရိူးရန်တောင်၏ တောင်စောင်းတွင် မိုးအဆက်မပြတ် ရွာသွန်းပြီး သုသာန်ထဲထီးနက်ပန်းများ ဝေဝေဆာရှိနေခဲ့သည်။
အလွန်သာမန်ဆန်သည့်အဖိုးအို သည် သူ့သားများနှင့် မြေး ကိုချစ်မြတ်နိုးခဲ့သည်။အခု စုမိသားစုရဲ့ရိူးရန်၌ ထာဝရနေခဲ့ပြီဖြစ်သည်။
အေးမြသောနွေရာသီမိုးတိတ်သွားသောအခါ အဖိုးဖြစ်သူရဲ့နှုတ်ဆက်ပွဲပြီးသွားခဲ့သည်။၊ သင်္ချိုင်းတွင်းရှိလူအားလုံးသည် တဖြည်းဖြည်း စတင်လူစုခွဲ၍ထွက်လာခဲ့ကြသည်။
"မိုမို၊ မင်းနာလန်ထဖို့ မနက်ဖြန် ဘန်ကျွမ်းကို ပြန်တာပိုကောင်းမယ်။ဟဲဝမ် က အားလုံးစီစဥ်ပြီးပြီလို့ပြောတယ်။ မင်းသွားချင်တဲ့နေရာရှိရင် အဖေ့ကိုပြောလေ။”
"ကျွန်တော် ဒီမှာပဲနေလိုက်တာ ပိုကောင်းတယ်။" စုဇီမို ပြုံးကာ စုဟဲဝမ်နဲ့စုဂန်တို့ ပြောတဲ့အစီအစဥ်ကိုငြင်းပယ်ခဲ့သည်။
“ဒါပေမယ့်… “ စုဂန် သူ့သားကို စည်းရုံးဖို့ ကြိုးစားလေသည်။
“အဘိုးက ကျွန်တော့်ကို ထွက်ပြေးနေတဲ့အကြီးအကဲ ခေါင်းဆောင် မဖြစ်စေချင်ဘူး ဆိုတာ ကျွန်တော်ယုံတယ်.” ရိူးရန်မှာ ကျွန်တော် နေမယ်။စုအိမ်မှာနေမယ်။ပြီးတော့ ကျွန်တော့် လုံခြုံရေးကိုလည်း ကာကွယ်မယ်”
စုဇီမို စုဟဲဝမ်နဲ့ သူ့အဖေရဲ့ အကြံများကို အမှန်တကယ် ထည့်သွင်းစဥ်းစားခဲ့ပေမဲ့ ဒီလိုလုပ်ရင် သူ အသုံးမကျဘူးလို့ ခံစားနေရသည်။
သေချာပေါက် စုဇီမို သည် ဆုံးဖြတ်ချက်ကိုလက်လွတ်စပယ်မလုပ်ပါ။
စုမိသားစု၏အဓိကအိမ်မှာနေတာတောင်တစ်စုံတစ်ခုက သူ၏ဘဝလုံခြုံရေးကို အမှန်တကယ်ခြိမ်းခြောက်လာပါက ‘အန်းယုယွီယု’ ဆိုင်ထဲ အချိန်မရွေးနေရာမရွေးဝင်လို့ရသည်။
"ခြောက်လွှာ မှာ အခန်းလွတ်တစ်ခန်းရှိတာမှတ်မိတယ်။" ဘေးမှ လျှောက်လာသောစုဟဲဝမ်က စုဇီမိုရဲ့ စကားကိုကြားလိုက်တယ်။သူက အနည်းငယ် မျက်မှောင်ကြုတ်ပြီးမြန်မြန်ပြောသည်။ “ကျေးဇူးပြုပြီး ခဏလောက် နေခွင့်ပေးပါဦး”
"အာ? မင်းတို့အားလုံး နေချင်ကြတာလား?ဒါဆို ငါ..."စုဂန် သူ့သားနှစ်ယောက် ပင်မအိမ်မှာ နေတော့မယ်ဆိုတာ မြင်တော့ ကြိုးစားချင်စိတ် ပြင်းပြလာလေသည်။
"အဖေ ရိူးရန်မှာ နေစဥ်အတွင်း အဖေ့ကို လူမှုအသိုင်းအဝိုင်းထဲကခွဲထုတ်ရမယ့်အချိန်ပဲ"စုဟဲဝမ် က သူ့မွေးစားဖခင် စုဂန်ကို လေးလေးနက်နက်ကြည့်ကာ တစ်ဖက်သားစိတ်လှုပ်ရှားနေချိန် ချက်ချင်းဆိုသလို ရေအေးလောင်းချလိုက်တော့သည်။
"အရမ်းဆိုးတာပဲ၊ မိုမို သိအောင် အလှလေးအနည်းငယ်လောက်နဲ့မိတ်ဆက်ပေးချင်တဲ့ဟာကို”စုဂန်က မတက်နိုင်ပဲ ဆိုသည်။
"မလုပ်တာပိုကောင်းပါတယ်။"စုဟဲဝမ်၏မျက်လုံးကျဥ်းမြောင်းသွားကာ လေးလေးနက်နက်ပြောလာသည်။
“ ငါတို့လည်း တိုင်းပြည်မှာ ကြာကြာနေချင်တာပေါ့၊ ရေချယ် က တိုင်းပြည်ထဲမှာအရေးကြီးတဲ့ စာချုပ်တစ်ခု ရှိတယ်။” စုနီ က ဆံပင်ရွှေရောင်နဲ့ သန်မာတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်သည့် ဇနီးဖြစ်သူကို မျက်မှန်တပ်ပေးကာ လျှောက်လာသည်။
"နောက်ထပ်ဝတ္ထုရဲ့အစကို ကျွန်တော်လည်း တွေးနေတာ။အားလပ်ရက်မှာ ရိူးရန်မှာစိတ်ကူးစိတ်သန်းတွေ ရှာဖို့ အချိန်ရောက်ပြီ။"
စုဇီမို၏အဒေါ်ဖြစ်သူရေချယ် သည် သည် နိုင်ငံခြားအဖွဲ့ကြီးတစ်ခု၏ စီမံခန့်ခွဲမှုဌာနမှာအလုပ်လုပ်သည်။သူမသည် အလွန်သန်မာသောအမျိုးသမီးတစ်ဦးဖြစ်သော်လည်း သူမ၏ခင်ပွန်း၊သားသမီးများနှင့် စုဇီမိုနဲ့ မျက်နှာချင်းဆိုင်ချိန် ချိုမြိန်စွာ ပြုံးနေတက်သူဖြစ်သည်။
သူ့ရှေ့မှာ ရပ်နေတဲ့ မိသားစုကိုကြည့်ရင်း စုဇီမို,မှာ နွေးထွေးနေသလို ခံစားလိုက်ရသည်။
အစပိုင်းတွင် လူတိုင်းမှာဘယ်လိုအစီအစဥ်ရှိရှိ နောက်ဆုံးမှာတော့ စုဇီမိုရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံပြီး သူနဲ့အတူနေဖို့ ဆုံးဖြတ်ခဲ့သည်။ကျန်နေတဲ့ဘဝတွေကို သတိမထားရဘူးဆိုရင် စုဇီမို တကယ်ကိုပစ္စည်းအများကြီးယူချင်သည်။သူတို့ကို အားလုံး ပြောပြချင်မိသည်။
သို့သော်လည်း လျှို့ဝှက်ထားရမည့်အရာအချို့ကြောင့် စုဇီမို သည် ပြောရမဲ့ ဝေါဟာရကို တီထွင်ရန် လိုအပ်နေသေးတယ်လို့ခံစားမိသည်။
ထပ်ပေါင်းပြောရရင် အခြားသူများဘေးကင်းစေရန်အတွက် စုဇီမိုလည်း ကိုယ်ပိုင်လုံခြုံရေးကို ကာကွယ်ဖို့လိုအပ်တယ်။
စုမိသားစုရဲ့အကြီးအကဲအဖြစ် တာဝန်ယူရတဲ့ ခုနစ်ရက်မြောက်နေ့ ၌ လက်ရှိကိစ္စများဖြင့်အလုပ်ရူပ်နေခဲ့သည်။
စုဇီမို သည် သူ့အိပ်ခန်းထဲ မတ်တပ်စန္ဒယားတစ်လုံးနဲ့အထားခံသည့် စားစရာများ ထည့်ခိုင်းပြီးနောက် အိပ်ခန်းတံခါးကိုပိတ်ကာ ကုတင်ပေါ် ခဏလောက်လှဲနေခဲ့သည်။
ရိူးရန်တောင်ပေါ် ည သည် အလွန်တိတ်ဆိတ်နေသည်။စုဇီမိုသည် ခြေလက်များဆန့်ထုတ်ပြီး ကုတင်ပေါ် လဲလျောင်းနေကာ အနားယူပြီးနောက် ပြန်ထသည်။
သက်တောင့်သက်သာရှိသည့် t-shirt နှင့် ဘောင်းဘီရှည်ကိုဝတ်ဆင်၍ ထီးအရှည် ၊ အစားအသောက်များကို ‘အန်းယုယီယု’ဆီ ပြန်ယူသွားမည့် ကျောပိုးအိတ်ထဲထည့်ကာ ‘အန်းယုယွီယု’ ရဲ့မျက်မှန်ကိုလည်း တပ်လိုက်သည်။
ကြမ်းပြင်မှ မျက်နှာကျက် ပြတင်းပေါက်၏ရောင်ပြန်ဟပ်မှုကြောင့် သာမန်ခရီးသွား တက္ကသိုလ်ကျောင်းသားနဲ့တူပေမဲ့ မျက်မှန်ကြောင့် နည်းနည်းအနေအထားမြင့်သည့် ပုံစံထင်ဟပ်စေသည်။
"အိပ်မက်ဆိုးကမ္ဘာ"ထဲမ၀င်ခင် စုဇီမိုရဲ့ နာကျင်ဆုံးအရာက အစားအစာ ပြင်ဆင်ထားတာမရှိတာပဲ. ဗိုက်ဆာတာမျိုးတွေမရှိပေမဲ့ စားဖို့ ဘာမှမရှိခြင်းဖြစ်သည်။ရေတောင် ရှာမတွေ့နိုင်တာ ကြောက်ဖို့ကောင်းသည်။
ထို့ကြောင့်စုဇီမို သည် ရိုးရှင်းသော ဘီစကွတ်များနှင့် ချောကလက်ပါသော အစားအစာအချို့အပြင် အရေးပေါ်သောက်ရန် ရေသန့်ကိုပါပြင်ဆင်ထားသည်။
အလေးချိန် လုံးဝမရှိသော ကျောပိုးအိတ်ကို ကောက်ယူပြီးနောက် မတုန့်ဆိုင်းပဲသူ့အနောက်မှ ‘အန်းယုယွီယု’ ဆိုင်တံခါးကို ဖွင့်ကာ အထူးတပ်ဆင်ထားသည့် ရွေ့လျားနေသောဘီးများနှင့်အတူစန္ဒယားကို ဖြည်းညှင်းစွာ တွန်းလိုက်သည်။
သူ ဖန်ဖန်းကို စန္ဒယား ထားပေးမယ် လို့ ကတိပေးထားသည်။
စန္ဒယားကြီးသည် ပို၍ဇိမ်ရှိပုံရပေမဲ့"အန်းယုယွီယု " ၏ဆိုင်ငယ်တွင် ထားရန် အလွန်အဆင်မပြေသေးသည့်အပြင် ကြီးမားလေးလံသောစန္ဒယားကို ရွေ့ဖို့မဖြစ်နိုင်ပါ။ဆိုင်လေးရဲ့တံခါးကလည်းသေးသည်။
စတိုးဆိုင်နံရံတဖက်တွင် စန္ဒယားကို အောင်အောင်မြင်မြင်နေရာ ချထားပြီးနောက် စုဇီမိုသူ့အိပ်ခန်းနဲ့ ချိတ်ဆက်ထားတဲ့ စတိုးဆိုင်ရဲ့ နောက်ဖေးတံခါးကို ပိတ်၍ "သေခြင်းဂီ " ကော်ပီကို စန္ဒယား ကောင်တာပေါ် တင်လိုက်သည်။ဒါက သူ့ကို စိတ်သက်သာရာရစေသည်။
စိတ်ထဲ ကြီးမားတဲ့ အဖြစ်အပျက်တစ်ခု ပြီးသွားသလိုပင်။
ဝမ်းနည်းစရာကောင်းတာက ဆိုင်မှာ စန္ဒယားအသစ်တစ်လုံးရှိပေမယ့် ဖန်ဖန်းရဲ့ပုံရိပ်ထွက်မလာခဲ့ဘူး။အိပ်ပျော်နေပုံပေါ်သည်။
ပြီးပြည့်စုံသည့် ဆိုင်လေးကို ကြည့်ပြီးနောက် အရှေ့ကတံခါးလည်း မဖွင့်သေးပါ။စုဇီမို သည် စန္ဒယားခလုတ်ကိုထိကြည့်ပြီး ညင်သာစွာပြောသည်။“ငါသွားပြီနော်”
ဆိုင်ထဲ၌ စုဇီမို နှုတ်ဆက်စကားပြောနေသည်မှာ ဖန်ဖန်းတစ်ယောက်တည်းကိုဖြစ်တယ်။
ပြောရရင် စုဇီမို ကျောပိုးအိတ်ကိုလွယ်ကာ ‘အိမ်မက်ဆိုးကမ္ဘာ’ဆီ ဦးတည်သည့်ဘေးတံခါးဆီ လျှောက်လာသည်။တံခါးကိုဆွဲဖွင့်ပြီးနောက် မတုန့်ဆိုင်းပဲ ဝင်လာခဲ့သည်။
စုဇီမို မသိတာက …သူဘေးတံခါးကိုဝင်ပြီး မကြာခင်မှာပဲစတိုးဆိုင်ထဲက စန္ဒယားအဖုံးရုတ်တရက်ပွင့်သွားပြီး မမြင်ရတဲ့လက်က အဖြူအမည်း နုတ်များ ရွှင်မြူးစွာ ကခုန်နေခဲ့သည်ကိုပင်။
"အိပ်မက်ဆိုးကမ္ဘာ" ထဲ ဝင်ရောက်ဖို့ဆုံးဖြတ်ချိန်အစပိုင်းတည်းက အတွေ့အကြုံရှိလေ့ကျင်သူများ အဖွဲ့ နဲ့ ပါဝင်ဖို့ဆုံးဖြတ်ထားသည်။အိမ်မက်ဆိုးကမ္ဘာထဲ ဟန်ဆောင်တာက နောက်ဆုံးတခေါက် တေးဂီတအခန်းထဲ၌ ဖြစ်ခဲ့သလိုမျိုး လေ့ကျင်သူများ သူ့ကိုသံသယဝင်ဖို့ ပိုလွယ်ကူတယ်.
ထို့အပြင် ထိုတန်ဖိုးရှိသော “ကုန်စည်များ” ဟာ လေ့ကျင့်သူများရဲ့ပတ်ဝန်းကျင်တွင် အမြဲပေါ်လာတက်သည်။အသွင်ခပ်နိမ့်နိမ့်နဲ့နေပြီး အိမ်မက်ဆိုးကမ္ဘာထဲဝင်ရောက်သည်မှာမှန်ကန်တဲ့နည်းလမ်းလို့ သူထင်သည်။
သို့သော် အံ့ဩစရာတွေက ဆယ်ယောက်မှာ ကိုးယောက် အမြဲရှိသည်။
စုဇီမို သည် တတိယမြောက် "အိမ်မက်ကမ္ဘာ " တွင် ရပ်နေချိန်တွင် တောက်ပသော မီးရောင်နှင့် ကျယ်လောင်သော ဂီတသံများ ရှိနေသည့် ဘာမှမရှိသည့် မြေအောက်ရထားဘူတာရုံတစ်ခုတွင်ရပ်နေတာကိုတွေ့ရှိခဲ့သည်။ဒါပေမဲ့ သူကလွဲလို့တခြားပုံရိပ်များမရှိပေ။
နောက်စက္ကန့်အတွင်း လေ့ကျင့်သူအသစ်တစ်ယောက်(စုဇီမို)မြေအောက်ရထားဘူတာရုံထဲသို့ ချက်ချင်းဝင်ရောက်လာခဲ့သည်။
မြေအောက်ရထားလည်း ဗလာသပ်သပ်ရှိ၏။မြေအောက်ရထားဘူတာရုံတွင် လူ ၆ ယောက် ဒါမှမဟုတ် ၅ ယောက် ဝင်ရောက်လာပြီး စုဇီမိုကိုမြင်သောအခါ အံ့အားသင့်နေသည့်အကြည့် ဒါမှမဟုတ် ကြောက်လန့်သည့်အကြည့် ဒါမှမဟုတ် အကဲဖြတ်သည့်အကြည့်ဖြင့်ကြည့်ကြသည်။
ထိုအခိုက်အတန့် စုဇီမို သဘောပေါက်သွားတာက _ သူက မြေအောက်ရထားအပြင်ဘက်မှာရှိနေပြီး လေ့ကျင့်သူများက မြေအောက်ရထားထဲရှိနေခြင်းပင်။