Chapter 13: အသင်းရဲ့ဂုဏ်
“မင်းရဲ့နှလုံးသားထဲ ဘာတွေဝှက်ထားသလဲ?ကြောက်စိတ်၊ ဆန္ဒ၊ ရူးသွပ်မှု?”
ကလေးအရွယ်လီကွေ့လေးက စုဇီမိုကိုစိုက်ကြည့်၍ မေးခွန်းမေးချိန် ‘သေမင်းဂီတ’တေးသွားသည် အရင်ကထက်ပိုဖရိုဖရဲဖြစ်လာတော့သည်။စဥ်ဆက်မပြတ် ထွက်ပေါ်လာသည့် တေးဂီတသည် စူးရှထက်မြက်ကာ စုဇီမိုရဲ့ရင်ဘတ်ကိုရိုက်ခတ်လာသည်။
ထိုအခိုက်တွင် စုဇီမိုရဲ့အတွင်းနှလုံး ချက်ချင်းပေါက်ကွဲချင်လာသည်။
သူလိုချင်တာရိုးရှင်းတယ်။တခြားလေ့ကျင့်သူများလို နေထိုင်ချင်တယ်။သူ့ဘဝအတွက် ၃၆၂ ရက်လိုချင်ရုံမက အသက်ရှည်ချင်သည်။စိတ်လှုပ်ရှားစရာတွေ လိုချင်တယ်။ဒါ့ကြောင့်ထုတ်ကုန်ကို ပိုလိုအပ်တယ်။သူ့ခံယူချက်က တခြားလေ့ကျင့်သူနဲ့ခြားနားပေမဲ့ လူဗီဇက ဆင်းသက်လာခြင်းတူသည်။ထိုအခိုက်အတန့် စုဇီမိုသည် သူ့အတွက် ဘာအကူအညီမှာမရှိမှာစိုးမိသည်။
ဒါ့အပြင် သူ စုမိသားစုဆီ ပြန်သွားချင်သည်။ အဖိုးကို တွေ့ဖို့၊ စုမိသားစုကိုတွေ့ဖို့ ကားမတော်တဆတွင် သူ့ကို ရုတ်တရက်အရူးဖြစ်သွားရခြင်းရဲ့ အကြောင်းအရင်းကိုရှာဖွေချင်သည်။သို့သော် ထူးဆန်းတာက စုဇီမို သူ့ဆန္ဒအမှန်ကို ဖိနှိပ်နိုင်ခဲ့သည်ကိုရှာတွေ့ခဲ့သည်။ စန္ဒယားတီးသံကြောင့် သူ တုန်လှုပ်သွားသည့်အခါတိုင်းသူ့ညာလက်ထဲကိုင်ဆောင်ထားသော ထူးဆန်းသောအနက်ရောင်ထီးက ရေခဲတုံးကို စားနေချိန်ကဲ့သို့ အေးစက်စက်ခံစားချက်မျိုး ဒါမှမဟုတ်ဦးနှောက်နာကျင်မှုကြောင့်နိုးလာသလိုမျိုး ခံစားရအောင်လုပ်ဆောင်ပေးလာခဲ့သည်။
စုဇီမို သည် လက်ထဲက ငွေလက်ကိုင်ပါသည့် အနက်ရောင်ထီးကိုတချက်ကြည့်လိုက်သည်။သူ့ဘယ်လက်ထဲ တွင် ‘သီချင်းစာရွက်ကို’ကိုင်ထားသည်။
မမျှော်လင့်ထားသည်ကဗလာသပ်သပ်အမူအရာ ရှိနေသည့်ဖန်ဖန်း ကို သူကပြောလိုက်သည်။_“ ငါနဲ့လိုက်မလား?”
"ဟင်?"ဖန်ဖန်းရဲ့မျက်ဝန်းပြူးကျယ်သွားကာ နှုတ်ခမ်းက အရောင်တောင် ဖျော့တော့သွားသည်။
ထို“ကလေး” ဒါကိုလုံးဝစဥ်းစားမိပုံမပေါ်ပေ။တစ်စုံတစ်ယောက်က သူ့ကိုတောင်ဖိတ်မံတက ပြုနေသေးသည်။
” ဒီနုတ်က မသေဘူး။” စုဇီမို ဖန်ဖန်းကိုထပ်မကြည့်ခင် လက်မောင်းထဲက နုတ်ကို ငုံ့ကြည့်၍ပြောလိုက်သည်။ “ အကြောင်းအရာတွေ အရမ်းများနေတယ်၊ တခြားအရာတွေကို ငါမယူသွားနိုင်ဘူး။ငါ ယူသွားမယ်ဆိုရင် ဖန်တီးရှင်ကိုပါ ခေါ် သွားချင်တယ်.”
“မင်း ဘယ်သူလဲ? ဒီအထပ်မှာ ဘယ်သူမှမရှိဘူး။မင်းဘယ်ကလာတာလဲ?” ဖန်ဖန်းရဲ့ အပြစ်ကင်စင်းသည့် အပြုံးအနည်းငယ်လွင့်ပါးနေကာ နှုတ်ခမ်းအရောင်ကလည်း ဖျော့တော့လာလျက် ပြောင်းလဲလုနီးပါးဖြစ်နေ၏။သူ၏နှုတ်ခမ်းမီးခိုးရောင်သန်းလာသည်။
“မင်း ဘယ်သူလဲ? မင်းကတကယ်ပဲဘယ်လိုပုံစံလဲ?” စုဇီမိုသည် ဖြေမဲ့အစား မေးလိုက်သည်။
"..."
"ဒီတေးဂီတဖန်တီးသူဟာ စစ်မှန်တဲ့လွတ်လပ်မှုကို တောင့်တတဲ့အတွက် သူ့ရဲ့ဆန္ဒက ဒီမှာနေဖို့ မဟုတ်ဘူးဆိုတာ သေချာတယ်။" စုဇီမိုပြုံး၍ပြောလိုက်သည်။“မင်း ငါနဲ့လိုက်ခဲ့မလား?”
“သွားဖို့နည်းလမ်းမရှိဘူး။”ဖန်ဖန်းသည် အလေးအနက်ကြည့်၍ပြောလိုက်သည်။ “ဒီနေရာက ထွက်သွားစရာ ဘာမှမရှိဘူး”
"ငါ စမ်းကြည့်ချင်တယ်!" စုဇီမိုရဲ့အမြင်မှာ ဖန်ဖန်းနဲ့ ‘သေခြင်းဂီတ’က ခွဲလို့မရဘူး။ဂီတနုတ်ကိုလိုချင်တယ်ဆိုရင် ဖန်ဖန်းကိုပါ တံခါးဝရှေ့ ခေါ်သွားရလိမ့်မည်။
စုဇီမိုရဲ့အမူအရာကိုကြည့်၍ ဖန်ဖန်းမှာ ဘာပြောရမှန်းမသိဖြစ်သွား၏။
“ဘုန်း!"
ဖန်ဖန်း မတုန့်ပြန်ခင် စုဇီမိုသည် ကျယ်လောင်သည့်အသံကိုကြားလိုက်သည်။လှည့်ကြည့်လိုက်ရာ ချန်ဂျင်မြောင် သည် မမြင်ရသည့်လေနံရံကိုတိုက်မိပြီး ခေါင်းပေါ်တွင်သွေးများစီးကျနေကာ သူ့အားကြည့်နေသည်။
"
“တစ်ယောက်ကိုတစ်ယောက် အသုံးပြုတယ်? မင်းက ငါ့ကိုအသုံးချခဲ့တယ်?” အနောက်မှ ဂေါင်ရန်က ချန်ဂျင်မြောင်ကိုလှောင်ပြောင်လေသည်။ “ မင်း တစ်ခုတော့မသိထားဘူး”
"ဒီလိုအသင်းဆုတံဆိပ်က အစကတည်းက တစ်ခုတည်းသော ဆုတံဆိပ်မဟုတ်ဘူး” ဂေါင်ရန် ချန်ဂျင်မြောင်ရဲ့ ပါးကို ဓားဖြင့်ညင်သာစွာပွတ်ကာပြောလိုက်သည်။ “ချည်နှောင်တဲ့ကစားသမားသေရင် နောက်တခေါက်ချည်နှောင်လို့ရတယ်.”
ချန်ဂျင်မြောင်ရဲ့ခန္ဓာကိုယ်မှာ တုန်တက်သွားတော့သည်။
“ဒါ့ထက်ပိုကောင်းတာက …” ဂေါင်ရန်သည် ရယ်မောရင်းပြောလိုက်သည်။ “ချည်နှောင်ခံတဲ့ အဖွဲ့သားသေရင်တော့ အိမ်မက်ဆိုးကမ္ဘာမှာ သူရခဲ့တဲ့ ပစ္စည်းအားလုံးကို ခေါင်းဆောင်က ပိုင်တယ်.!မဟုတ်ရင်ဒီတံဆိပ်ကို အရမ်း..အရမ်းအဖိုးတန်တယ်လို့ဘယ်လိုလုပ်ပြောလို့ရမှာလဲ?”
"နင် အသင်းဖော်တွေကို မသတ်ဘူး လို့ ကတိပြုခဲ့တယ်!"ချန်ဂျင်မြောင်ရဲ့ အသံ စိုးရိမ်စိတ်နေသဖြင့် ကွဲလုမတတ် ဖြစ်နေသည်။
“သတ်မယ်လို့ ဘယ်သူပြောလို့လဲ?” ဂေါင်ရန်သည် ရယ်မောရင်း အိမ်မက်ဆိုး ကြယ်တပွင့်ဓားတိုကို လက်ထဲတွင်ယမ်းနေ၏။
“ ဝိညာဥ်ကို ရောင်းလိုက်ရုံပဲ၊ ဒါပေမယ့် သိပ်တန်ဖိုးမရှိတာ နှမြောစရာပဲ။ဘာမှလည်းမဟုတ်ဘူး။ဓားတိုလောက်တောင် အသုံးမကျဘူး”
"အားးးးးးး !" ထိုအခိုက်တွင် ချန်ဂျင်မြောင်သည် နောက်ဆုတ်ကာ ထိုနေရာ၌ ထိုင်ချ၍ သူ့ခေါင်းသူကိုင်ကာ အသည်းအထန်အော်ဟစ်တော့သည်။
“ဘာလို့လဲ? မရပ်တည်နိုင်ဘူးလား? မင်း မသေမချင်း ငါ့ရဲ့အသင်းဖော်ဖြစ်တာကို မမေ့နဲ့။ငါတို့ တူညီတဲ့အိမ်မက်ဆိုးကမ္ဘာထဲအတူဝင်ကြမယ်။ အိမ်မက်ဆိုးအမှတ်တွေကို အတူမျှဝေကြမယ်။ဒါမှမဟုတ်ရင် အိမ်မက်ဆိုးကမ္ဘာထဲ က လက်နက်ရောင်းချသူနဲ့ထပ်တွေ့မယ် “ ဂေါင်ရန် ချန်ဂျင်မြောင်ရဲ့မေးရိုးကို ကိုင်၍ပြောလိုက်သည်။ "မင်းရဲ့စိတ်ဝိညာဥ်က ပိုတန်ဖိုးရှိမလား ငါသိချင်မိတယ်။
စုဇီမိုသည် ဒီနေ့ ပထမဆုံးအကြိမ် ‘အသင်းတံဆိပ်’ ဆိုသည့် စကားနဲ့ ပတ်သက်လို့ပထမဆုံးအကြိမ်ကြားလိုက်သည်။အစတွင် အွန်လိုင်းဂိမ်းများ ရဲ့အသင်းလုပ်ဆောင်ချက်နဲ့ဆင်တူတယ်လို့ထင်ခဲ့သည်။ဂေါင်ရန်နဲ့ချန်ဂျင်မြောင်တို့ရဲ့ စစ်မှန်တဲ့ဆက်ဆံရေးကိုကြည့်ရင်း တုန်တက်သွားရသည်။
"ဒါက အသင်းဖော်ကို ရှာရတာ၊ အခြေခံအားဖြင့် တိရစ္ဆာန်မွေးမြူတာပဲ"စုဇီမိုရဲ့ ကောင်းမွန်သောပညာရေး မှ အခုအချိန်တွင် ပို၍ပြေပြစ်သောစကားလုံးကို အစားထိုးနိုင်ခဲ့သည်။
"သူတို့အားလုံးအတူတူပဲ။"ဖန်ဖန်းရဲ့မီးခိုးရောင်မျက်လုံးထဲ ဘာခံစားချက်မှမမြင်ရပေ။ “တုံးအပြီးရင်း တုံးအလိုက်ကြတာ ။ကလေးကိုမြင်တော့သူတို့ စိတ်လေးလက်အေးဖြစ်တယ်။ သတိလည်းထားတယ်။စန္ဒယားတီးသံကြားတော့ငါ ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ပါးစပ်ကဖြေရမယ်။တစ်ခါတလေ စာကြောင်းရှည်တွေ ရွတ်နေတက်တယ်။ မမေးလဲ တီးတိုးပြောနေတက်တယ်။နားလည်ဖို့ခက်ခဲတာတွေ အများကြီးရှိတယ်”
ဖန်ဖန်း,တစ်ယောက် ရှင်းရှင်းလင်းလင်း မပြောပေမယ့် ဖန်ဖန်းက လေ့ကျင်သူတွေဆီကနေ အများကြီးသိနေသည်။ ဒါမှမဟုတ် ထက်မြက်သည်ကို စုဇီမိုခံစားမိသည်။
လေ့ကျင့်သူများထဲ ဖန်ဖန်းရှိနေခဲ့တယ်ဆိုတဲ့အချက်က ဘယ်သူ့မှကိုသံသယမဝင်စေဘူး ဒါပေမဲ့ထို့အစား လေ့ကျင့်သူ တစိတ်တပိုင်းအဖြစ်သတ်မှတ်စေခဲ့သည်။
"နင် ငါ့ကို သတ်မယ်?!"
မူရင်းဂီတစာသင်ခန်းသည် ရှုတ်ထွေးရုံသာမကရူးသွပ်လျက်ရှိသည်။တစ်ဖန် မြေကြီးပေါ်သို့ တွန်းချခံခဲ့ရသော ချန်ဂျင်မြောင် သည် လက်ကိုစုဇီမိုဘက် ဆန့်ကာပြောလာသည်။ “ နင် ငါ့ကိုသတ်တာ!"
အစောပိုင်းက စုဇီမိုကို တခြားသူများရဲ့အသက်ကို ယူသွားဖို့နဲ့ သူမကိုလွှတ်ပေးဖို့ ဆက်လိုက်တောင်းပန်ခဲ့သည်။အခု ချန်ဂျင်မြောင်က စုဇီမိုကို သူမရဲ့ဘဝကိုယူသွားဖို့ပဲ ဆက်တိုက်တောင်းပန်နေတော့သည်။သူမရဲ့အနောက်က လူက ‘သရဲ’ လိုပင်။ကြောက်ဖို့ကောင်းသည်။
ထိုအခိုက် သူမရဲ့ အသံ အစပိုင်းပျော့ပျောင်းသွားကာ နောက်တော့သက်သာလိုစိတ်သာ ကျန်ရစ်ခဲ့သည်။
“ဒါအလုပ်မများဘူးဆိုတာ မင်း မသိဘူး” စုဇီမို ခေါင်းခါယမ်းရင်း ပြောလိုက်သည်။“မင်းရဲ့လူအတွက်အိမ်မက်ဆိုးကမ္ဘာရဲ့ တာဝန် ရှင်းလင်းရေးပျက်ကွက်မှု က မင်းရဲ့ဘဝနဲ့ ဘာမှမဆိုင်ဘူး”
စုဇီမို ရဲ့မှတ်ဥာဏ်သိပ်မဆိုးဘူး။ ဒါ့ကြောင့် အရင်က ချန်ဂျင်မြောင်ပြောခဲ့တာကို မှတ်မိသည်။’အိမ်မက်ဆိုးကမ္ဘာရဲ့ တာဝန်ရှင်းလင်း ရေးပျက်ကွက်မှုအတွက် သေဒဏ်ကိုကာမိစေဖို့အိမ်မက်ဆိုးကမ္ဘာရဲ့ရမှတ်များလုံလောက်ရမည်။’
သူတို့ကို သတ်ရင်တောင် နောက်တကြိမ်အိမ်မက်ဆိုးကမ္ဘာထဲကို ထပ်ဝင်ရင် ချန်ဂျင်မြောင်က ဂေါင်ရန်နဲ့ထပ်ဆုံလိမ့်မယ်။ အဘယ်ကြောင့်ဆိုသော်အသင်းတံဆိပ်ရဲ့စွမ်းအားကြောင့်ဖြစ်သည်။အဲအချိန်ကျရင် ချန်ဂျင်မြောင် ဟာ အကူအညီအတွက် တစ်စုံတစ်ယောက်ကို ရှာနိုင်မှာမဟုတ်ပေ။
ချန်ဂျင်မြောင် သည် စုဇီမို ပြောတာမှန်သည်ကိုသိသည်။ဒါ့ကြောင့် သူ့ပခုံးများတုန်ယင်နေကာ တဖြေးဖြေးငြိမ်သက်သွား၏။တကယ်ပဲ တည်ငြိမ်သွားတာလား? ဒါမှမဟုတ် လက်လျော့လိုက်တာလားကို သူလည်း မပြောတက်ပါပေ။
“နောက်တခါကျရင် အတွေ့အကြုံရှိတဲ့သူတွေကိုမယုံနဲ့”အိမ်မက်ဆိုးကမ္ဘာထဲကြာကြာနေခဲ့သည့် ချန်ဂျင်မြောင်,တစ်ယောက် အခြေခံအကျဆုံးအမှန်တရားကိုတောင် နားမလည်တာကြောင့် စုဇီမိုမှာ အနည်းငယ်အနည်းငယ်ထူးဆန်းသလိုဖြစ်မိသည်။တကယ်ကို ဂရုစိုက်ရမဲ့ တိရစ္ဆာန်လေးတစ်ကောင်လိုပါပဲ။
“ဝူး…” သူမ အသံခပ်နိမ့်နိမ့်နဲ့ငိုယိုလေသည်။
"ဟားဟားဟားဟားဟားဟား!"ချန်ဂျင်မြောင်နဲ့ဆန့်ကျင်ဘက်အနောက်၌ရပ်နေသည့် ဂေါင်ရန်သည် ချန်ဂျင်မြောင်ရဲ့ အနာဂတ်လမ်းကြောင်းလုံးဝချည်နှောင်ခံရတာနဲ့ ပတ်သက်လို့ လုံးဝလှောင်ပြောင်နေလေသည်။
စုဇီမိုသည် ဂီတနုတ်ကို သိမ်းချင်သော်ငြား ဂေါင်ရန်ရဲ့ရယ်မောသံကိုကြားသောအခါ မတက်နိုင်ပဲ မျက်မှောင်ကြုံ့သွားသည်။သူ့ပုံစံက အနည်းငယ်သဘောမကျဖို့ကောင်းသည်။
"မင်း သူ့ကို မကြိုက်ဘူး။" ဖန်ဖန်းသည် မီးခိုးရောင်မျက်လုံးများကို မှိတ်ထားပြီး သေချာပေါက်ပြောလာသည်။
ထို့နောက်စုဇီမိုပြောတာမစောင့်ပဲ ဖန်ဖန်း သူ့လက်ချောင်းကို ကွေးလိုက်ရာ ဂေါင်ရန် သည် ဂီတခန်းမှာ ပျောက်ကွယ်သွားလေ၏။!
ဂေါင်ရန်ဘယ်ရောက်သွားတာလဲ ?
စုဇီမိုသည် ဂေါင်ရန်ကို ရှာဖို့ အရှေ့အနောက် ပတ်လည် လှည့်ကြည့်လိုက်ရာ အံ့အားသင့်သွားသည်။ဂေါင်ရန်သည် ကြီးမားသည့် ဆေးထိုးပြွန်ကြီးနဲ့ချိတ်ထားသည့်အိပ်ရာပေါ် ရှိနေခဲ့သည်။
ဖန်ဖန်း,တစ်ယောက်ကလေးလိုပေါ် လာသည့်အခါ သူ့အနောက်က အိပ်ရာပေါ် က လူပျောက်ကွယ်သွားခဲ့သည်။အခု ဂေါင်ရန်သည် ဆေးရုံကုတင်ပေါ် ချုပ်နှောင်ခံထားတာ မြင်တွေ့ရပြီး လီကွေ့ (သရဲ) နေရာကို အစားထိုးလိုက်တာလို့ ထူးထူးဆန်းဆန်းခံစားလိုက်ရသည်။
ဂေါင်ရန် သည် ပျက်စီးလွယ်၍ပါးလွှာသည့် ဆေးထိုးပြွန်များကိုဖြုတ်ဖို့ သန်မာသည့်အားကိုအသုံးပြုပေမဲ့ မဖယ်ရှားနိုင်ခဲ့။ ပိုကြောက်ဖို့ကောင်းတာက ဂေါင်ရန်ရဲ့ မျက်နှာပေါ် အုပ်ထားသည့် သာမန်အသက်ရူနှာခေါင်းအုပ်သည် သူ့ကိုသော့ခတ်ထားကာ အသံတောင်မထွက်လာခဲ့ပေ။
နောက်ဆုံးတော့ ဂေါင်ရန်,တစ်ယောက် မေ့လဲသွားတော့သည်။
“တနေ့ ငါထွက်သွားရင် တစ်စုံတစ်ယောက်တော့ ဒီမှာနေခဲ့ရမယ်.” ဖန်ဖန်းသည် စုဇီမို ကြားတာမလိုချင်ဟန်ဖြင့် သူ့ကိုယ်သူရေရွတ်လေသည်။
“...”ဆေးရုံကုတင်ပေါ် ကျန်ခဲ့သည့် ဂေါင်ရန်ကိုကြည့်ပြီး စုဇီမို မတားခဲ့ပါ။
စုဇီမိုသည် ခါးကွေးကာ ဖန်ဖန်းရဲ့လက်ကို ဆွဲကိုင်၍ပြောလိုက်သည်။ “မင်း ကို ဒီကနေ ခေါ် ထုတ်သွားဖို့ ငါကြိုးစားကြည့်ချင်တယ်”
စုဇီမိုရဲ့သွယ်လျပြီး ဖြူစင်သော ဘယ်လက်ကိုကြည့်ရင်း ဖန်ဖန်းမှာ ခဏတုန့်ဆိုင်းနေ၏။နောက်ဆုံး သူ့နူးညံ့သည့်လက်ချောင်းများ ဆန့်ထုတ်ကာ စုဇီမိုရဲ့ လက်ချောင်းကိုဆုပ်ကိုင်လိုက်တော့သည်။ ဖန်ဖန်းရဲ့မျက်ဝန်းသည် မသေမချာဖြစ်နေပြီး စုဇီမိုရဲ့စကားကိုမယုံနိုင်ဖြစ်နေကာ သူ့ကိုယ်သူလည်း ဒီကနေထွက်သွားနိုင်မယ်လို့မယုံနိုင်အောင်ဖြစ်နေလေသည်။
“ကော မင်းကတကယ်ထူးဆန်းတယ်။ဒီမှာရုတ်တရက်ပေါ်လာပြီး မဖြစ်နိုင်တာတွေ ရုတ်တရက်ပြောလွန်းတယ်.. ။အမှန်ပြောရရင် မင်းလိုချင်တာ တစ်ခုခုရှိရင် တိုက်ရိုက်ပြောလို့ရတယ် ။ပြောရရင်ငါ မင်းလိုချင်တာ ဘာမဆိုပေးသင့်တာလေ။မဟုတ်ဘူး …” ဖန်ဖန် သူ့ကိုယ်သူ ရေရွတ်လေသည်။ ဘာကြောင့်လဲဆိုတော့ စန္ဒယားအသံက စုဇီမိုကိုမသက်ရောက်ဘူး ဒါ့ကြောင့် သူ အနေနှင့်လည်းအမှားမကင်းပါ။
"တကယ်တော့ ငါလိုချင်တာတစ်ခုရှိတယ်။"စုဇီမို ဖန်ဖန်းရဲ့လက်ကိုကိုင်ကာ မတ်တပ်ထရပ်လိုက်သည်။ပါးလွှာသည့်အနားကွပ်မျက်မှန်အနောက်က သူ့လှပသည့်မျက်လုံးများအပြုံးတစ်ခုဖြင့်အနည်းငယ်ကွေးတက်သွားကာ မျက်တောင်များမှ မှေးကျသွားလေသည်။