no

Font
Theme

Ch- 4 :ကမ္ဘာပျက်ခြင်း။

'စုဇီမို'သည် ကျောပိုးအိတ်ကိုကိုင်ဆောင်ကာအခန်းမှနောက်ဆုံး ထွက်ခွာလာခဲ့သည်။

အခန်းအပြင်ဘက်ရှိ ဟိုတယ်စက်ြံသည် အရင်နဲ့ မတူပဲအနည်းငယ်ကွဲပြားနေသည်။အိမ်မက်ကမ္ဘာစတင်ကတည်းက စင်္ကြ့ရှိအဝါရောင်နောက်ခံပုံဟောင်းနှင့် ကြမ်းပြင်ပေါ်ရှိ အနီရောင်ကော်ဇောသည် စိတ်ဓာတ်ကျခြင်းနှင့် မသက်မသာဖြစ်စေသော ခံစားချက်ကို ပေးစွမ်းသော်လည်း အခန်းမှထွက်ပြီးနောက် ဟိုတယ်စင်္ကြလမ်းပြောင်းလဲသွားသည်ကို စုဇီမို ခံစားမိသည်။

အစပိုင်းတွင် 'စုဇီမို' သည် ဆယ်မိနစ်ကျော်ကြာလှည့်ပတ်ကြည့်သည်။စင်္ကြ့ သည် Uပုံသဏ္ဠန်စက်ြံကြီးဖြစ်ပုံရပြီး ပိတ်ထားသော ဓာတ်လှေကားဆီသို့ ပြန်လာခဲ့သည်။

စင်္ကြ့ နံရံများတွင်ကွဲနေသောမှန်ချပ်များတိုးလို့တွဲလောင်း ဖြစ်နေသည်။အချို့မှာ အဝိုင်းပုံ၊ အချို့မှာ စတုရန်းပုံ ဖြစ်ပြီး သံချေးတက်နေသော ဥရောပသတ္တုဘောင်များဖြင့် မြုပ်နှံထားသည်။ထိုမြုပ်ထားသည့်မှန်ကွဲစများတွင် လေ့ကျင့်သူများ၏ပုံရိပ်များ ထင်ဟပ်‌နေသည်။

ကွဲနေသည့် မှန်တစ်ခုစီ ကြား၌ အကွာအဝေးရှိသည်။သံချေးတက်နေသည့် တိုင်များ၌ ဖယောင်းတိုင်များ ထွန်းညှိထားသည်။

'စုဇီမို' နှင့် အခြားလေ့ကျင့်သူများကို ထူးဆန်းစွာခံစားစေရသောအရာမှာ ဖုန်ထူသောနောက်ခံပုံဟောင်းကြီးသည် အရင်ကထက်ပိုမိုအရောင်မဲ့နေပြီးအရောင်ကိုဖော်ထုတ်ဖို့ ဖယောင်တိုင်မီးဖြင့် မမြင်နိုင်လောက်အောင်ရှိ၏။

အနက်ရောင်ဖြစ်နိုင်သော်လည်း ကြက်သွေးရောင်လည်းဖြစ်နိုင်သည်။

ဒါ့အပြင် မူလမှိန်ပြီးမှောင်နေသည့်ဖယောင်တိုင်မီးသည် နားခိုရာမှ သူတို့ထွက်လာပြီးနောက်ပိုင်း ပိုပြီးမှောင်လာခဲ့သည်။ပိတ်ဆို့လို့နီးပါး စင်္ကြကိုဖြတ်ရင်း မသိမသာလေတိုက်ခတ်လျက်ရှိသည်။အားနည်းသည့် ဖယောင်းတိုင်မီးတောက် လေနဲ့ အတူ တဖျပ်ဖျပ်လူးနေပြီး နံရံပေါ် က ‌ဖယောင်းတိုင်မီးများရဲ့ အရိပ်များသည် သရဲ၊ တစေ များကဲ့သို့ထိတ်လန့်ဖို့ကောင်းသည်။

"ပြောင်းလဲသွားတာလား ? မှောင်ကျသွားပြီ?" ဟန်လင်း,တစ်ယောက်တုန်ယင်နေကာ လမ်းလျှောက်ရင်း ထော့နဲ့ထော့နဲ့ ဖြစ်နေတယ်။ဟန်လင်းသည် အဖွဲ့၏လမ်းလျှောက်နှုန်းအတိုင်း အတူတူသွားဖို့အံကြိတ်ထားသည်။

သို့ပေမဲ့ ဖယောင်တိုင်းမီးအားလုံးမငြိမ်းသေးပေမဲ့အနောက် က မမြင်ရလောက်အောင်မှောင်နေ၏။စုဇီမိုသည် နှာတံပေါ် လျှောက်ကျနေသည့် မျက်မှန်ကို ပင့်တင်၍ စင်္ကြလမ်းမှောင်နေတာ ထင်ယောင်ထင်မှားမဟုတ်ဘူးဆိုတာ သေချာစေသည်။

သတင်းကောင်းက အမှောင်ထုသည်လူစားပြီးနောက် သူတို့အနောက် ချက်ချင်းမလိုက်နိုင်ပေ။စုဇီမိုတို့သည် စင်္ကြ့ လမ်းတလျှောက် နာရီလက်တံပြောင်းပြန်အတိုင်း လျှောက်လာပြီး အရှိန်မှာ အရင်ကထက်ပိုနှေးသည်။ဒါက'ဟန်လင်း' နဲ့ ကြောက်ရွံ့နေသောကျောင်းသားလေးကို အသက်ရှုဖို့ အခွင့်အရေးပေးနေသလိုပင်။

ကျိုးနေသည့် စင်္ကြ့လမ်းအတိုင်းလျှောက်လာတော့ ချီရှောင်မီ စုဇီမိုကို လှည့်လှည့်ကြည့်တယ်။အတိအကျပြောရရင်သူ့တောင်တက်အိတ်ကို ကြည့်နေတာလို့ ခံစားရသည်။အိမ်မက်ကမ္ဘာနှစ်ခု၌ အတွေ့အကြုံရှိသည့် စီနီယာချီရှောင်မီ သည်စုဇီမို အိမ်မက်ဆိုးကမ္ဘာက ပန်းအိုးကို ထည့်သွားသည်ကို သတိထားမိခဲ့သည်။

" အိမ်ပြန်ချင်တယ်" ကျောင်းသားလေးက ငိုမဲ့မဲ့နဲ့ပြောသည်။

သူသည် နံရံ နှင့် ဖယောင်းထောင်မီးတောက်များ၌ ပုန်းနေသည့် သရဲ ၊တစ္ဆေများရှိနေသကဲ့သို့ တဖက်ရှိ နံရံများကိုမကြည့်ဝံ့ပေ။

"ငါတို့အားလုံး အိမ်ပြန်ချင်တယ်။"ချီရှောင်မင်လည်း သက်ပြင်းချ၍ လှောင်ပြောင်သည့် အပြုံးဖြင့် ပြောပြလာသည်။"အိမ်မက်ဆိုးကမ္ဘာထဲဝင်တဲ့ လေ့ကျင့်သူတိုင်းကို သေချာရွေးချယ်တာမဟုတ်ပဲ ကျပန်းရွေးချယ်တာ။"လေ့ကျင့်သူ" တွေဘာကြောင့် အိမ်မက်ဆိုးကမ္ဘာထဲမှာရှိနေတယ်ဆိုတာကို ဘယ်သူ့မှမသိကြဘူး။ဒါကကံဆိုးလို့ ဖြစ်တာလို့ ယူဆကြတယ်"

" ဒီလိုရွေးချယ်မှုမျိုးက လုံးဝမတရားဘူး။" ခလုတ်ခသင်း များကြောင့် လဲကျသွားတဲ့ ဟန်လင်းသည် ချီရှောင်မင်ရဲ့ အကူအညီကို ငြင်းဆန်၍ပြောလိုက်သည်။

" အိမ်မက်ဆိုးကမ္ဘာမှာ တရားမျှတမှုမရှိဘူး။ရောက်တဲ့နေရာ ပျော်ရွှင်အောင်နေဖို့ပဲရှိတယ်။ငါတွေ့ကြုံဖူးတဲ့ တခြားအိမ်မက်ဆိုးကမ္ဘာနဲ့ နှိုင်းယှဥ်ရင် ဒီအလုပ်က ရိုးရှင်းတယ်။"

ကျန့်မင်း သည် အရှေ့က ကျောင်းသားကို တွန်း၍အော်ပြောလိုက်သည်။“မင်း ဒီစမ်းသပ်မှုပြီးရင် အခြေခံ အိမ်မက်ဆိုးရမှတ်တွေ ရလိမ့်မယ်။နောက်တစ်ခါအိမ်မက်ဆိုးလောကထဲကို ဝင်တဲ့အခါကျရင် အခုလိုအဆင်မပြေဖြစ်မှာမဟုတ်ဘူး။"

အစတည်းက စုဇီမိုသည် အဖွဲ့ရဲ့အနောက်၌ ရှိနေခဲ့သည်။ကျန့်မင်ရဲ့မကောင်းတဲ့ဒေါသ ကိုယ်ရည်ကိုယ်သွေးနှင့် မသက်မသာအမူအရာများ ကို သူခံစားမိသည်။ဒါပေမဲ့ ကျန့်မင်း သည်အိမ်မက်ဆိုး ကမ္ဘာထဲပထမဆုံး အကြိမ်ဝင်ရောက်လာတဲ့ လူသစ်ဂျူနီယာတွေကို ဦးဆောင်ဖို့ စီနီယာတွေရဲ့ အခြေခံအကျဆုံးတာဝန်ကို တော့ အနည်းဆုံးဖြည့်ဆည်းရှာသည်။

လူ့သဘောသဘာဝအရ အဆိုးဘက်ကိုမတွေးချင်သော်လည်း ကျန့်မင်း ' ထက်ပိုဆိုးသော စီနီယာများရှိသည်ဟု စုဇီမို ယုံကြည်သည်။

ထိုအချိန်စင်္ကြ့လမ်း၌ ရုတ်တရက်ဆိုသလိုပင် အဖြူရောင်၊အဝါရောင်စဖြင့် ဖုံးအုပ်ထားတဲ့ဟိုတယ်လှည်းကို စုဇီမို သတိပြုမိလိုက်သည်။စုဇီမို၏စိတ်ထဲထိုလှည်းသည် အိပ်ရာနှင့်ရေချိုးခန်းသုံး ပစ္စည်းမျာလဲလှယ်ဖို့ဟိုတယ်သန့်ရှင်းရေး ဝန်ထမ်းများ သုံးပြုသော လှည်းတစ်ခုဖြစ်ပုံရသည်လို့ တွေးမိသည်။

U ပုံသဏ္ဠန်စက်ြံတွင် ထိုလှည်းသည် စက်ြံလမ်းအတိုင်းတွင် ရပ်ထားပုံရသော်လည်း နံရံနှင့်မကပ်ဘဲ သပ်သပ်ရပ်ရပ်ရှိနေသည်။အခု သူတို့ စက်ြံရဲ့ အကွေ့မှာ ရောက်နေတာဖြစ်သည်။

စုဇီမို သည် နားခိုရာရဲ့ ရေချိုးခန်းထဲမှပစ္စည်းများယူခဲ့ပြီး အခုလည်း ကျန့်မင်းကန်ထုတ်လိုက်သည့် လှည်းကိုသူ့အကျင့်အတိုင်း အာရုံစိုက်မိသည်။

သူသည် အဖွဲ့ ရဲ့ နောက်ဆုံးကနေ လျှောက်ရင်း ဖုန်များ‌ရှိနေသည့် အဖြူရောင်အဝတ်စကို လှန်လိုက်ရာ လှည်း၏ အပေါ် ဆုံး၌ ရင်းနှီးနေသည့် ‌ရေချိုးခန်းသုံး ပစ္စည်း ၆ ခုနှင့် အိမ်သာသုံးစက္ကူအချို့ကို တွေ့ရသည်။ထုတ်ပိုးမှုအများစုမှာ ကွဲအက်နေပြီး ထိုပစ္စည်းများ၌ ရောင်းချလို့ရသည့် စာသားမရှိတာနှမြောဖို့ကောင်းသည်။'စုဇီမို' သည် စာသားပါတဲ့ အိမ်သာသုံးစက္ကူလိပ် ကိုပဲ ယူပြီးကျောပိုးအိတ်ထဲ ထည့်လိုက်သည်။

"ဟေ့မင်းဘာလုပ်နေတာလဲ?"

'စုဇီမို' သည် သူ၏လှုပ်ရှားမှုကို ဖုံးကွယ်မထားသောကြောင့်အနောက်မှအမှောင်ထုကို လှည့်ကြည့်တဲ့ ကျန့်မင်း သည် ‘စုဇီမို' ၏ နားမလည်နိုင်သည့် လုပ်ရပ်ကို မြင်သွားလေသည်။

"ဘာများလဲ?"

အတွေ့အကြုံရှိတဲ့လေ့ကျင့်သူတိုင်းဟာ အိမ်မက်ဆိုးကမ္ဘာကြီးထဲကတစ်ခုခုကို ယူသွားလို့ရနိုင်လိမ့်မယ်လို့ မျှော်လင့်ကြသည်။သရဲတစ္ဆေတွေကိုတိုက်ထုတ်၍ မိမိကိုယ်ကိုယ်ကာကွယ်ဖို့ လက်နက်တွေကိုရယူနိုင်လိမ့်မယ်လို့မျှော်လင့်ကြသည်။။

သို့သော် ဈေးသက်သာတဲ့အိမ်သာသုံးစက္ကူတော့မဟုတ်ပါ။

အိမ်မက်ဆိုးကမ္ဘာမှာရှိတဲ့ ပစ္စည်းအားလုံးကို ယူဆောင်ချင်လျှင် တန်ဖိုးရှိတဲ့ အိမ်မက်ဆိုးအမှတ်တွေနှင့်လဲလှယ်ရမည်ဟု ကျန့်မင်းမှ စိတ်မရှည်စွာပြောခဲ့သည်။သို့သော် စုဇီမို ဘာကြောင့်အိမ်သာသုံးစက္ကူတွေကို ယူဆောင်လာလဲကို အဖြေရှာလို့မရပါ။

"တကယ်ဘဲ အိမ်သာသုံးစက္ကူလား။?"

" မင်းနေမကောင်းဘူးလား၊ ရူးနေလား?"

ကျ့န်မင်းသည် ကြည့်ကောင်းတဲ့ လူငယ်လေးကိုကြည့်လိုက်သည်။ထိုလူငယ်လေး၏အသားအရည်ဟာ မနာလိုဖြစ်ဖို့ကောင်းလောက်အောင် ချောမွေ့နေပေမဲ့အရူးတစ်ယောက်သာဖြစ်သည်။

"နောက်ကျ အသုံးဝင်မှာပေါ့ ။ဘယ်သူသိမှာလဲ?" စုဇီမိုသည် နောက်ဆုံးမပြုံးချင်ပြုံးချင်ဖြင့် ပြုံးပြလိုက်သည်။ကျန့်မင်းသည် သူ့၏မျက်မှန်အနောက် ကမျက်လုံးတွေကိုတည်တည်ငြိမ်ငြိမ်ကြည့်နေသည်။

နားမလည်နိုင်တဲ့အလုပ် သည် စုဇီမို၏ကိစ္စဖြစ်လို့ အသင်းကိုမဆွဲချသရွေ့ သူတို့နဲ့ဘာမှမဆိုင်ပါ။

အခြားလေ့ကျင်သူများ အတွက် ဒီအိမ်သာသုံးစက္ကူများနှင့် အိမ်သာသုံးပစ္စည်းများ သည်အသုံးမဝင်သော အမှိုက်များသာဖြစ်သည်။ဒီအရာက သူ့အသက်ကို ကယ်တင်ခြင်းနဲ့ ဆက်စပ်နေတယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်တာဖြစ်လို့'စုဇီမို' မှာ တခြားသူများရဲ့အမြင်ကို ဂရုမစိုက်ပေ။

ကျန့်မင်း သည် တစ်ခုခုပြောချင်ပေမဲ့ နောက်ဆုံး သူ့အရှေ့က ဖက်တီးကို တွန်းပြီးအေးစက်စက်အော်ပြောလိုက်လေသည်။"ဘာ..အိမ်မက်ဆိုးအမှတ်ဘောနပ်စ် လဲ။မင်းလိုချင်ရင် ငါတို့တစ္ဆေတစ်ကောင်လိုအပ်တယ်။! "

သူတို့နောက်ကွယ်က အမှောင်ထုကို မမြင်နိုင်သော်လည်း ထောင့်တစ်လျှောက်၌ ရှိနေတာ ခံစားမိကြသည်။ဒ့ါကြောင့် အရေးမပါတဲ့ အရာတွေအတွက် ရပ်တန့်ဖို့ ဘယ်သူကမှ ဆန္ဒမရှိ ဘူး။နောက်ဆုံးမှာရှိနေတဲ့ 'စုဇီမို'အရှိန်မြှင့်လိုက်သည်။

တကယ်တော့ အဖွဲ့ရဲ့အရှိန်က သိပ်မမြန်ပင်မဲ့ 'စုဇီမို' ဟာ ၄ နှစ်ကြာ အိပ်ပျော်နေပြီး မာရသွန်ပြေးဖို့ နိုးလာတဲ့ ဟင်းသီးဟင်းရွက်နဲ့ အတူတူပဲ။မောပန်းလာသည့်နှင့်အမျှ သူ့ခန္ဓာကိုယ်၏ အဆက်မပြတ် ပင်ပန်းနွမ်းနယ်မှုကို ခံစားရသည်။ပြန်လည်ကောင်းမွန်လာတာကလည်းအားနည်းချက်တစ်ခုလို့ယူဆ၍ရသည်။

"Mr.စု မင်းရဲ့ကျောပိုးအိတ်မလေးဘူးလား?" ရှေ့တွင်ရှိရမည့် ချီရှောင်မင်သည် စုဇီမို အနားရောက်လာဖို့ အရှိန်လျော့လိုက်သည်။ရေချိုးခန်းသုံးပစ္စည်းများနှင့်အိမ်သာသုံးစက္ကူလိပ်များအကြောင်း မေးချင်ပုံပေါက်သော်လည်း နောက်ဆုံး လှည့်ထွက်သွားခဲ့သည်။

"အလေးချိန်မရှိဘူး" 'စုဇီမို' သည် အနည်းငယ်ခေါင်းခါယမ်းလိုက်ပြီးမျက်မှန်ဘောင်ပေါ်ရှိ ငွေရောင်ကြိုးလေးသည် အလွန်ရိုးသားစွာပြောနေသကဲ့သို့ ပေါ့ပေါ့ပါးပါး လှုပ်ရမ်းသွားသည်။

"အန်းယုယွီယု " မှထုတ်လုပ်တဲ့တောင်တက်ကျောပိုးအိတ်သည် အထူးကျောပိုးအိတ် ဖြစ်သောကြောင့်ဖြစ်နိုင်သည်။၆၀လီတာပစ္စည်းများအထိကိုင်ဆောင်နိုင်တယ်လို့ ဆိုသည်။'စုဇီမို' အိမ်သာသုံးစက္ကူလိပ်များနှင့်ပန်းအိုးများ ထည့်ပြီးတာတောင်အလေးချိန်မပြောင်းလဲသေးပေ။

'စုဇီမို' သူ့နောက်ကျောကကျောပိုးအိတ်ကို တိတ်တဆိတ် ဆုပ်ကိုင်ထားသည်။တကယ်တော့ကျောပိုးအိတ်ရဲ့ အလေးချိန်က အရင်အတိုင်းပင်။

"ဖယောင်းတိုင်မီးငြိမ်းသွားပြီ" ဟန်လင်း အော်လိုက်ချိန် ဖယောင်းတိုင်မီး ငြိမ်သွားပြီး အနောက်၌ အမှောင်ကျလာသည်ကိုတွေ့လိုက်ရသည်။

သူတို့ကမှားတဲ့လမ်းကိုလည်းမသွားဘူး၊ မှားတဲ့ဦးတည်ရာကိုလည်း မသွားကြဘူး။အမှောင်က သူတို့အနောက်တစ်ချိန်လုံးလိုက်နေခဲ့သည်။

"မြန်မြန်! "ကျန့်မင်းသည် လက်ထဲက သစ်သားတုတ်‌ချောင်းကို ဆုတ်ကိုင်ပြီး ရှေ့က သွားနေတဲ့ ဖက်တီးကိုတွန်းရင်းပြောလိုက်သည်။"အမှောင်ထဲက သရဲအစားခံရမှာကြောက်ရင် ပြေး!!"

ကျန့်မင်နှင့်အခြားသော လေ့ကျင့်သူများအားလုံးအရှိန်မြှင့်လိုက်ကြသည်။မည်မျှပင် ပင်ပန်းနေသော်လည်း အံကြိတ်ကာအရှေ့သို့ ပြေးကြတယ်။အနာကျင်ဆုံးသူမှာ ခြေကျင်းဝတ်တွင် နာကျင်နေသည့်အမျိုးသမီး လူထုဆက်ဆံရေးမန်နေဂျာ 'ဟန်လင်း' ဖြစ်သည်။

သူတို့ဟာ စက်ြံ့လမ်း၌ရှိနေမှန်းသိသာပေမဲ့ စက်ြံလမ်းကရှည်လွန်းသည်။'လေ့ကျင့်သူ' ရဲ့ညာဘက်လက်မောင်း၌ ရေးထွင်းထားတဲ့ အချိန်ကိုကြည့်လိုက်ရာ လမ်း၏လေးပုံတစ်ပုံကို ဖြတ်သန်းရန် လေးငါးမိနစ်မျှလိုသေးသည်။

နံရံပေါ်ရှိနောက်ခံပုံများကွာခြားလာပြီး နောက်ခံပုံအောက်ရှိ အနက်ရောင်နံရံမှ သွေးၕရိယာကြီးတစ်ခုလို ပြန့်နှံ့သွားသည်။စက်ြံမျက်နှာကျက်မှ ဖုန်မှုန့်များ ပြုတ်ကျနေတာကို စုဇီမို တွေ့လိုက်သည်။

ဒီခံစားချက်က စက်ြံတစ်ခုလုံး ပြိုကျပြီးရင်း ပြိုကျနေသလိုပင်။ပြိုကျမှုနှုန်းကလည်း အရှိန်တက်လာသည်။

'စုဇီမို' သည် အပြင်းအထန်ပြေးရင်း ပိတ်ထားတဲ့ အခန်းတွေကို လှမ်းကြည့်လိုက်သည်။သံချေးတက်နေတဲ့ အခန်းတံခါးနံပါတ် ၁၄၀၄ ။ဒီနံပါတ်က ထူးခြားသည်။သတ္တုတွန်းလှည်းဘေးရှိ အခန်းနံပါတ်မှာလည်း ၁၄၀၄ ဆိုတာ ရှင်းရှင်းလင်းလင်း မှတ်မိသေးသည်။

ဒီစက်ြံရှည်ကြီးက တကယ်ထူးဆန်းတယ်။နံပါတ်အားလုံးသည် အကြိမ်ပေါင်းများစွာထပ်ခါထပ်ခါ ဖြစ်နေပြီး စက်ြံရဲ့ နောက်ထပ်ထောင့်တစ်ထောင့်ကို မတွေ့မှီ အချိန်အတော်ကြာအောင် အချိန်ယူထားရန် လိုအပ်သည်။

" ဘာလို့ အရှိန်ကပိုမြန်ပြီးရင်း ပိုမြန်လာတာလဲ ။" 'ဟန်လင်း' ၏ မျက်လုံးများနီရဲကာ မျက်ရည်ပင်မထိန်းနိုင်တော့ပေ။သူ့မျက်နှာပေါ်ရှိ မိတ်ကပ်လဲ ညစ်ပတ်နေပြီဖြစ်သည်။

လေ့ကျင့်သူများ၏အနောက်ရှိ စင်္ကြ့လမ်း ရဲ့ ဖယောင်းတိုင်များ မြန်မြန်ဆန်ဆန် ငြိမ်းသွား၏။နည်းနည်းလေး အရှိန်လျော့လိုက်ရင် အမှောင်ထဲ ဖမ်းမိပြီး ဝါးမျိုခြင်းကို ခံရနိုင်သည်။

" ပထမလူကို စားသောက်တုန်းက ငါတို့ဘယ်လိုလွတ်မြောက်ခဲ့လဲဆိုတာ မှတ်မိလား" ရှေ့ က ပြေးနေသည့် ကျန့်မင်း က အကျယ်တဖွင့် မရှင်းပြဘဲ ပြောလာသည်။

'စုဇီမို' လည်း အိမ်မက်ဆိုးကမ္ဘာသို့ ပထမဆုံးရောက်ဖူးသည့်မြင်ကွင်းကိုလည်း သတိရသွားသည်။

'စုဇီမို' နိုးလာတော့ တကယ်ဘဲ ထိတ်လန့်သွားခဲ့သည်ဘေးတံခါးမှ လမ်းလျောက်ပြီး တစ်ခါမှမမြင်ဘူးသော ဟိုတယ်ထဲသို့ ဝင်ရောက်လာမယ်လို့ မမျှော်လင့်ထားပေ။သူ့ဘေးပတ်ဝန်းကျင်၌သူစိမ်းများစွာလည်း ရှိနေသည်။

'ဟန်လင်း' နှင့် အခြားလူသစ်များ မေးတုန်းက သစ်သားချောင်းကိုကိုင်ဆောင်ထားသော ကျန့်မင် မှာ အလွန်စိတ်မရှည်ဖြစ်‌နေခဲ့သည်ကို စုဇီမို သတိထားမိခဲ့သည်။

ချီရှောင်းမီ မှ လူသစ်များကို ကူညီဖို့ မတ်တပ်ထရပ်ပြီး စကားပြောချိန် လည်ပင်း၌ ရွှေရောင်ဆွဲကြိုး ဝတ်ထားသူက ဖြတ်ပြောခဲ့သည်။

အမည်မသိလူသစ်က စစချင်းဆူပူသောင်းကျန်းပြီး သူတို့ရဲ့ အသက်အန္တရာယ်ကို စတင်ခြိမ်းခြောက်လေသည်။ချီရှောင်းမင် ဘာပဲ ပြောပြောငြင်းပယ်ခဲ့တယ်။

အဆုံးမှာ ကျန့်မင်းရဲ့ တိုက်တွန်းမှုကြောင့် ထိုနေရာမှ ထွက်လာချိန် ထိုအသစ်ဝင်သူက အလုံပိတ်ဓာတ်လှေကားထဲ ဖုန်းခေါ် ဖို့ ကြိုးစားရင်း ကျန်ခဲ့သည်။အမှောင်ထုသည် တိတ်တဆိတ် ထွက်ပေါ် လာပြီး ရူးသွပ်နေသည့် လူကိုဝါးမြိုသွားခဲ့သည်။

'စုဇီမို' သည် အမှောင်ထဲ၌ ထိုသူရဲ့ မျက်ရည်များနှင့် အော်ဟစ်သံအားလုံးကို ကြားသိခဲ့သည်။

"လူသစ်အစားခံရချိန်တုန်းက အမှောင်ထု ထဲ ပုန်းနေတဲ့ သရဲက ရပ်သွားတယ်မလား?" ကျန့်မင်း ‌ရုတ်တရက် အနောက်လှည့်ကြည့်ရာ သူ့မျက်နှာထက်အေးစက်စက်အပြုံးတစ်ခုရှိနေခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment