no

Font
Theme

Chapter 18: Web of Destiny

လေးနှစ်ကြာဝှီးချဲပေါ် နေခဲ့ရသည့် သားဖြစ်သူ အတားအဆီးမရှိရုတ်တရက် ပြေးနိုင်၊ပုံမှန်အတိုင်းဖြစ်နေသည်ကို မြင်သောအခါ စုဂန် သည် သားဖြစ်သူရဲ့တစ်ကိုယ်လုံးကို စစ်ဆေးဖို့ စိတ်အားထက်သန်နေလေသည်။

သို့သော် သူ့အဖေ(လူအိုကြီး)ရဲ့အစီအစဥ်များကြောင့် အရင်ဆုံး နေဖို့သာတက်နိုင်လေသည်။

ရှေ့နေရူ မှ နှုတ်ဖွင့်ဟ၍ ဆယ်မိနစ်အကြာတွင်အပြင်ဘက်ရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ဝန်ထမ်းများ ဝင်ရောက်ကာ အဖိုးအိုရှေ့တွင် ရောက်နေသည့်သားသမီးမြေးများအား နောက်ဆုံးဆန္ဒကို ဖတ်ပြခဲ့သည်။

ဒါ့ကြောင့် စုဇီမိုရဲ့ဦးလေးစုနီရဲ့ နံဘေးတွင်အဖြူရောင်ဝတ်ဆင်ထားသည့်မိန်းကလေးငယ်တစ်ဦးရှိနေပြီး စုဇီမိုရဲ့အပြစ်ကင်းစင်သည့်မျက်နှာကိုကို သိချင်စိတ်ဖြင့် စူးစမ်းကြည့်နေသည်။တကယ်ကိုအပြစ်ကင်းစင်တယ် စစ်မှန်တဲ့ စိတ်နေစိတ်ထားကို ဖုံးကွယ်ဖို့ကြိုးစားနေသည့်ဖန်ဖန်းလောင် အတိုင်းပင်။

အဖွဲ့အစည်းဆိုင်ရာဝန်ထမ်းများဗီဒီယိုပစ္စည်းကိရိယာများနှင့် ကင်မရာများကို အမြန်ဆုံး အထူးတပ်ဆင်ကြသည်။မှတ်တမ်း၏ ပြီးပြည့်စုံသော ပြင်ဆင်မှု သေချာစေပြီးနောက်အီလက်ထရွန်းနစ်စာမူမှတ်တမ်း အတွက် ပစ္စည်းများကိုအိမ်ဟောင်း၏ ပင်မအခန်း၏နံရံပေါ် နေရာချလိုက်ကြသည်။

တချိန်တည်းတွင် မှတ်တမ်းကို တပ်ဆင်အတည်ပြုပြီးနောက် သက်ဆိုင်သည့်လူများဆီစာရွက်စာတမ်းများ ပေးပို့သည်။

စာရွက်စာတမ်းတစ်ခုစီတိုင်းထူ၏။တစ်ခုစီတိုင်းတွင် အသေးစိတ်အချက်များစွာဖြင့် မှတ်သားထားသည်။ ။ကျွမ်းကျင်သူတွေနဲ့ဆယ်ရက်ခွဲလောက် အတူထိုင်၍ ရှာကြည့်ရင်တောင် ဟာကွက်ရှာတွေ့ဖို့ခက်ခဲသည်။

အဖိုးအိုရဲ့အခန်းထဲ စုမိသားစုရဲ့စည်းကမ်းများကိုဖတ်ဖို့အချိန်မရှိတာ သတိထားမိသည့် ဒီကိစ္စတာဝန်ခံမစ်စတာ ရူ ရိုရိုသေသေ ဦးညွတ်ကာ ပြောလာသည်။_ “သခင်ကြီး ကကျွန်တော့် ကိုဒီစာရွက်စာတမ်းတွေကိုကြည့်ဖို့စစ်ဆေးဖို့ ယုံယုံကြည်ကြည်နဲ့အပ်နှင်းထားတယ်.”

“ပထမဦးစွာ မစ္စတာ စုဟောင် သည် သူရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှု ၊ စု Group ရှိ ရှယ်ယာအများစုကို မစ္စတာ စုဇီမိုဆီ လွှဲပြောင်းပေးခဲ့ကာ ကျန်ရှယ်ယာများကို စုဂန်၊စုသွမ့်၊စုခွမ် နှင့် စုနီစစ်တို့ကိုခွဲခြမ်းပေးခဲ့တယ်။နီစစ်၊ မစ္စတာ ဝေတို့ရဲ့ အတိအကျခွဲဝေမှုအတွက် စာမျက်နှာ ၃ ကိုကြည့်ပါ။”ရှေ့နေ့ရူ စုဇီမိုကို ရှေ့တိုးဖို့ လက်ဟန်ဖြင့်ဖိတ်ကြားလိုက်တယ်။

ထိုစကားဆုံးသည်နှင့် စုမိသားစုက ဒုတိယနဲ့တတိယသားတို့၏ လက်တုန်ယင်သွား၏။စုဇီမို လည်း စိတ်ထဲတုန်ယင်နေသည်။

ရှေ့နေ့၏ နှုတ်မှ ထွက်လာသည့် စကားသည် ရိုးရှင်းသည့် စီရင်ချက်ဖြစ်သော်လည်း စုမိသားစုအတွက်ကတော့အဖိုးအိုရဲ့ဆန္ဒ အရစုဇီမို မှာ စုမိသားစုရဲ့ခေါင်းဆောင်အဖြစ်လာကြောင်းကိုရှင်းရှင်းလင်းလင်းကြောငြာထားသည်။ရှယ်ယာများသာမက ပင်မအိမ်များ၊ပင်မအိမ်တည်ရှိရာရိူးရန်တို့သည်လည်း စုဇီမိုရဲ့အပိုင်ဖြစ်လာခဲ့သည်။!

လွန်ခဲ့တဲ့ နာရီဝက်လောက်ကစုမိသားစုထဲ ဒီရလဒ်ကို ဘယ်သူမှ မမျှော်လင့်ထားမှာ စိုးမိတယ်။

နောက်နေတာလား? ?

အရူးက ပိုင်ရှင် ဖြစ်လာတယ်ပေါ့?

အရူးနိုးလာရင်တောင် သူ့စိတ်သည် အထက်တန်းကျောင်းမပြီးသေးသော ကလေးဖြစ်သည်။စီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ ဘယ်လိုလုပ်သိနိုင်မှာလဲ?

“သေချာပေါက် မစ္စတာ စုဟောင်(အဖိုးအို) ကသူ့အကြီးဆုံးသား မစ္စတာစုဂန်က စုဇီမို အခြေမကျမခြင်း ကူညီပေးဖို့မျှော်လင့်တယ်.”

"ဟာသပဲ!" အခုတခေါက်တွင် ဦးလေးစုသွမ့်သည် အပြင်သို့အလျင်စလို ထွက်သွားကာ သူ့လက်ထဲက စာရွက်စာတမ်းများကို ရှေ့နေ ရူဆီ ပစ်ချလေသည်။”အဖေ့ ဆန္ဒစိတ်ရူပ်နေတာများလား?သူသိကော သိရဲ့လား? ဒီတခေါက် နေမကောင်းဖြစ်လို့များ သူ့ဦးနှောက်က ရှင်းရှင်းလင်းလင်းမသိတာများလား?”

“ဆောရီး မစ္စတာစုဟောင်(အဖိုးအို) မှ ဆန္ဒပြောချိန်ရှေ့နေ တစ်ယောက်ထက်မနည်းပါဝင်ခဲ့တယ်။လုပ်ငန်းစဥ်တစ်လျှောက်မှာ ဗီဒီယိုမှတ်တမ်းတွေနဲ့ ကျန်းမာရေးအကဲဖြတ်မှုတွေရှိခဲ့တယ်။ဒုတိယသခင်အတွက် လိုအပ်ရင် ဗီဒီယိုဖိုင် ပို့ပေးပါမယ် “ရှေ့နေ ရူ က မသိမသာပြောလာသည်။ရှေ့နေရူသည် နောက်ပြန်ဆုတ်ပြီးစုဂန်ကို ကြည့်ကာ ဆက်ပြောလာသည်။ ”မစ္စတာ စုဂန်သခင်ကြီးက မစ္စတာ စုဇီမိုကို ကူညီဖို့ မင်းရဲ့လက်အောက်ငယ်သားကို ယုံယုံကြည်ကြည် ရွေးချယ်ဖို့ အထူးအကြံပေးခဲ့တယ်.”

"နားလည်တယ်”စုဂန် ရယ်မောရင်း ပြောလိုက်သည်။ “ ငါ့သား စုဟဲဝမ်က မိုမိုအတွက် လုပ်ငန်းအမျိုးမျိုးကို စီမံခန့်ခွဲနိုင်အောင် ကူညီပေးမှာပါ"

စုဇီမိုသည် အိပ်ရာဘေးက အဖိုးစုကို ပြန်ကြည့်ပြီးအဖိုးစု ရဲ့လက်လေးကို ကိုင်ထားကာ အခန်းထဲက တခြားသူတွေရဲ့ထူးဆန်းသည့်မျက်ဝန်းကိုလစ်လျုရူထားသည်။

“ထပ်ပြီး စုဟဲဝမ် ပဲ !” တတိယဦးလေးစုခွမ် သည် ဒေါသတကြီး လက်ထဲက စာရွက်များကိုဖွလိုက်သော်လည်း ထိုနေရာ၌ ရပ်နေသေး၏။

"ဒါ့အပြင် ကုမ္ပဏီလေးခုနဲ့ လူကြီးလူကောင်းလေးယောက် ပိုင်ဆိုင်တဲ့ လုပ်ငန်းခွဲတွေကိုတော့ လူကြီးမင်းတွေပဲပိုင်ဆိုင်ထားဆဲပါ။ကိုယ်တိုင်စီမံနိုင်ပါတယ်။" ရှေ့နေရူ သည် စာဖတ်ချိန်က သိပ်မကြာဘူးဆိုတာ သိထားပုံပင်။ ဒါကြောင့် သူက စကားကို အရှိန်အဟုန်နဲ့ ပြောလိုက်သည်။ “လူတိုင်းစာမျက်နှာကို ၆ကိုကြည့်ပါ။ဘာဖြစ်လို့လဲဆိုတော့ သခင်ကြီး မှာ ကိုယ်ပိုင်ဥစ္စာတွေ အများကြီး ပိုင်ဆိုင်ထားလို့ပဲ၊ အစောပိုင်းက 'ဟဲဝမ် ယုံကြည်မှုရန်ပုံငွေ ' နှင့် စာချုပ်ချုပ်ထားပြီးဖြစ်ကာ 'ဟဲဝမ် ယုံကြည်မှုရန်ပုံငွေပိုင်ဆိုင်မှု၏ ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲမှုလည်း ရှိလိမ့်မယ်.”

“သခင်ကြီးနဲ့ ဒီမိသားစု ယုံကြည်မှုရန်ပုံငွေကြားက စာချုပ်သက်တမ်းက၅ နှစ်ပါ။၅ နှစ်ပြီးရင် ဒီပိုင်ဆိုင်မှုကို မစ္စတာစုဇီမိုက စီမံရမှာပါ။” ရှေ့နေရူ ပြီးဆုံးသွားသောအခါ စာရွက်အုပ်လိုက်များ သူ့အပေါ် ပုံကျလာသည်။

“မင်းရဲ့ ‘ဟဲဝမ် ယုံကြည်မှု ရန်ပုံငွေ’ ကို!" စုခွန် သည် စုဂန်နဲ့စုဇီမိုကို အေးစက်စက်စိုက်ကြည့်၍ပြောလိုက်သည်။ “ ရလဒ်အနေနဲ့ ဒီမိသားစုရဲ့ပိုင်ဆိုင်မှုအားလုံးက စုဟဲဝမ် တောရိုင်းမျိုးစေ့ကောင်ရဲ့ဟာ ဖြစ်သွားတာလား? အစ်ကို အပြင်လူတွေ စုမိသားစုကို လှောင်ပြောင်တာကို မင်း မြင်ချင်သလား?”

စုဂန်ရဲ့ ကြွယ်ဝသည့် နည်းပညာကုမ္ပဏီ ကို စုဟဲဝမ်က တာဝန်ယူထားတာ !

အဖိုးအိုရဲ့ ကြီးမားသည့်အမွေအနှစ်က စုဟဲဝမ် ရဲ့ ယုံကြည်မှုရန်ပုံငွေရဲ့ စီမံခန့်ခွဲမှုအောက်ရှိနေတယ် !

စုဇီမို မထိန်းနိုင်သေးလို့ စုဂန်ကို ကူညီပေးဖို့မျှော်လင့်တယ်လို့ အဖိုးအိုက ပြောခဲ့ပေမဲ့ အဆုံးမှာတော့ စုဟဲဝမ် ကို စွပ်ဖက်ခွင့်ပေးခဲ့တာပဲမဟုတ်လား?!

ပိုပြီးစိတ်အနှောက်အယှက်ဖြစ်ဖို့အကောင်းဆုံးက ..

နည်းပညာကုမ္ပဏီများ၊ ကြီးမားသောအမွေအနှစ်များ၊ ကြီးမားသော စုgroup သည် နောက်ဆုံးတော့ အရူးကောင် စုဇီမိုရဲ့လက်ထဲ ရောက်သွားခဲ့ခြင်းဖြစ်သည်။အဲအရူးကို စုဟဲဝမ်က ကူညီလိမ့်မယ်။အဲအကောင်(စုဟဲဝမ်)ပိုင်ရှင်ဖြစ်ဖို့ပဲလိုတော့တယ်မဟုတ်လား ?!

“ငါတို့ လေးယောက် က အဖိုးအိုရဲ့သားအရင်းတွေပဲ။ဥပဒေအရ အမွေခွဲဝေပေးဖို့ တောင်းဆိုတယ်။”ဒုတိယဦးလေးစုသွမ့်က ပြောလိုက်သည်။ “အခုလိုသာအမွေခွဲ ခဲ့ရင် ငါတို့ကစုမိသားစုရဲ့အပြင်လူတွေဖြစ်သွားလိမ့်မယ်.”

“ဒုတိယသခင် အမွေခွဲဝေခြင်းကိစ္စကိုသခင်ကြီးရဲ့ဆန္ဒအတိုင်းလိုက်နာရပါမယ်.”ရှေ့နေရူကအပြုံးဖြင့်ဆိုတယ်။

“ဒုတိယနဲ့တတိယ သိပ်စိတ်မတိုနဲ့” စုဂန် သည် အဖိုးအိုရဲ့အခန်းထဲ၌ရပ်နေတာဖြစ်လို့ စီးကရက်တလိပ် ပါးစပ်ထဲထည့်လိုက်ပေမဲ့ မီးမညှိရဲချေ။ “ဟဲဝမ်က အရမ်းအားကြီးတယ်။ပြီးတော့ စုမိသားစုအတွက် လူတွေ အလုပ်လုပ်ကြတာပဲ။သူ့ကို ငါလစာပဲ ပေးတာ။သူက တခြားခွဲဝေမှုတွေမလိုချင်ဘူး။စုမိသားစုရဲ့ပိုင်ဆိုင်မှုတွေကို မြိုချချင်နေတယ်လို့ ဘယ်လိုလုပ်ပြောနိုင်မှာလဲ?”

“တစ်ခါတစ်လေ မင်းတို့နှစ်ယောက်က ငါနဲ့ခပ်ဆင်ဆင်တူတယ်။ နှစ်တိုင်း ဂွင်ကြီးကြီးရဖို့ချည်းပဲ။ဒါ့အပြင် ကိုယ်ပိုင်ကုမ္ပဏီက အမြတ်တွေ၊နှစ်များစွာ စုထားတဲ့ပိုက်ဆံတွေ ကို ဒီအသက်အရွယ်မှာ အားကြိုးမာန်တက်ကစားခဲ့ကြတာပဲ အိုကေ?”

“အပြင်လူအတွက် ဟာသဖတ်ဖို့ ပိုခက်တယ်” စုဂန် သည် သူ့လက်ကိုဖြန့်ကာပြောလိုက်သည်။ “စုမိသားစုရဲ့လက်ရှိအခြေအနေ ဟဲဝမ်ရဲ့အကူအညီမရှိရင် လူတွေ တကယ်ပဲ ဟာသလုပ်ဖို့ဖြစ်လာနိုင်တယ်”

“အခြေအနေ?ငါတို့စုမိသားစု ဘာဖြစ်နေလို့လဲ?”

“ဒုတိယအစ်ကို စိတ်မလှုပ်ရှားနဲ့” စုနီ က သူ့အနောက်၌ ပုန်းနေသည့် သမီးဖြစ်သူကို ပုတ်ရင်းစုမိသားစုရဲ့ဒုတိယသားကို ပြောလိုက်သည်။“ အခု ကုမ္ပဏီနှစ်ခုရဲ့အခြေအနေက အရမ်းဆိုးဝါးနေတယ် ဟဲဝမ်ရဲ့ထင်မြင်ချက်ကို မေးပြီးပြီလား?”

“ငါ သေနေလို့လား !" စုသွမ့် မှ လက်ခါယမ်းကာထွက်သွားပြင်သောအခါ ရှေ့နေအဖွဲ့က အပြုံးလေးနဲ့ တားမြစ်သည်။

"ဒါတွေက ယေဘူယျအစီအစဥ်တွေပါ။တိကျတဲ့စည်းကမ်းချက်တွေအတွက် လက်ထဲမှာရှိတဲ့ စာရွက်စာတမ်းတွေကို ကျေးဇူးပြုပြီးဖတ်ပါ။သခင်ကြီးက မစ္စတာစုဇီမိုကို ငယ်ငယ်တုန်းထဲက သိခဲ့ပါတယ်။စုမိသားစုသဟဇာတဖြစ်အောင် စည်းစည်းလုံးလုံးရှိနိုင်ဖို့ ကျွန်တော်လည်း မျှော်လင့်ပါတယ်။ ဆိုတော့ကား အခြေအနေအချို့ကိုလည်း ချမှတ်ထားပါတယ်။”

“ပထမအချက်တစ်နှစ်အတွင်း သူတို့လေးယောက်နဲ့ မစ္စတာစုဇီမိုတို့ တစ်ပတ်တရက် ပင်မအိမ်မှာ စုပြီး ညစာအတူစားရမယ်။”ရှေ့နေရူ သည် ခေါင်းညိတ်၍အပြုံးဖြင့်ပြောသည်။"ဥပမာ တစ်ယောက်ယောက်က တစ်ကြိမ်တစ်ခါပျက်ကွက်ရင် သူတို့မှာ ရှိသင့်တဲ့ အစုရှယ်ယာတွေနဲ့ လုပ်ငန်းတွေကို မစ္စတာစုဇီမိုအတွက် တန်းတူညီမျှ တရားဝင် လျှော့စျေးပေးရလိမ့်မယ်”

ထိုစကားကိုကြားသောအခါ ဒုတိယနှင့်တတိယ ဦးလေးတို့မျက်နှာသိသိသာသာပြောင်းလဲသွားပြန်သည်။စုဇီမိုအပေါ် ကန့်သတ်ချက်တာလို့ ထင်ရပေမဲ့ လူအိုကြီးက စုဇီမို ပေါ်လာသည့်တနှစ်အတွင်းလို့ သူတို့ကို ပြောနေသလိုပင်။စုမိသားစုတခုလုံး ဘာမှားယွင်းနေပြီလဲ? စုမိသားစုလုပ်ငန်းတစ်ခုလုံးကို လှူဒါန်းတော့မှာလား? !

ရှေ့နေ သည် မစ္စတာ စုများကိုကြည့်၍ စုဇီမိုကိုကြည့်ကာပြောလိုက်သည်။ “မိသားစုထဲ အတွင်းမှာအကာအကွယ်ရှိရင် မိသားစု ဂုဏ်သတင်းကို အပြင်ကတောင် လေးစားတယ်။ ဒီနေ့ နဲ့အရမ်းကွာခြားတယ်.”

.

မိသားစုစည်းလုံးမှု၊ မိသားစုဂုဏ်သိက္ခာကြီးသူကိုလေးစားမှု ဒါတွေကမိသားစု လမ်းညွှန်ချက်များဖြစ်ပြီး… အဖိုးစု နောက်ဆုံးမပြောနိုင်ခဲ့သော စကားလုံးများမှာ ထိုစာပိုဒ်ထဲ ရှိနေခဲ့သင့်သည်။၎င်းမှာ

လေးစားမှု၊ မိသားစုလမ်းညွှန်ချက်များကို မမေ့မလျော့ဖို့ပင်။

သေတမ်းစာထဲ ပြောဆိုပြီးနောက် ဘာလို့မှန်းမသိစုသွမ့်နှင့်စုခွမ်တို့သည် စုမိသားစု ပင်မအိမ်၊ ရိူးရန် မှ ချက်ချင်းထွက်သွားသွားပြီး စုဂန်၊ စုနီ တို့မိသားစု သာ သခင်ကြီးစုနဲ့အတူနေဖို့ ကျန်ရစ်ခဲ့သည်။

ဒေါက်တာလျိုသည် အဖိုးစု၏နောက်ဆုံးအချိန်တွင် ပျော်ရွှင်ဖို့မျှော်လင့်တာကြောင့်အဖိုးစုကို အလင်းရောင်ရစေဖို့ အဖိုးစုကိုခက်ခက်ခဲခဲထူပေးသည်။စုဇီမိုနဲ့ စုဂန်တို့ အဖိုးစုကို စောင်နဲ့ထုပ်ကာ ဦးထုပ်စောင်းပေးပြီး ဝှီးချဲ တွန်းလာခဲ့သည်။ဒီဝှီးချဲကို စုဇီမို မလိုအပ်တော့။စုနီနဲ့သူ့သမီးတို့လည်း ရိူးရန်ရဲ့ဥယျာဥ် ကြည့်ဖို့တွန်းပို့ခဲ့ကြသည်။

ထိပ်ဆုံးပွဲကြည့်စင်မှရပ်ချိန် တမြို့လုံးကိုလှမ်းမြင်နိုင်သည်။

အဖိုးစုရဲ့မျက်ဝန်းတွေ ရူခင်းတွေကိုမမြင်ရတာ စုဇီမိုမသိတာသနားစရာပင်။

“အဖိုး မြောင်မြောင် ကအဖိုးအတွက် သီချင်းဆိုပြလိမ့်မယ် အိုကေ?” စုဇီမိုရဲ့ဝမ်းကွဲလေး စုမြောင်မြောင် သည် အဖိုးစု အရှေ့ကစင်ရှေ့ရပ်ကာ အင်္ဂလိပ်သီချင်းဆိုပြနေသည်။အဖိုးစု ရှင်းရှင်းလင်းလင်းနားမလည်သော်လည်း အဖိုးစု ပျော်ရွှင်နေတာကို စုဇီမို ခံစားမိသည်။

“မိုမို မင်းရဲ့ကိုယ်ပေါ် က ဝန်တွေမများလွန်းဘူးလား” စုနီသည် မြေးအဘိုးနှစ်ယောက် အတူဆော့နေတာကိုကြည့်ရင်း အပြုံးလေးဖြင့်ပြောလိုက်သည်။“ ငါနဲ့မင်းအဖေက စီးပွားရေးလုပ်ငန်းရှင်မဟုတ်ဘူး။မင်းမှာ ဒုတိယဦးလေးနဲ့တတိယဦးလေးရှိသေးတယ်။ဦးလေးတွေက စကားအရမ်းများတယ်။ အမှန်ပြောရရင်မင်းက မင်းအဖေလိုပဲ အရည်အချင်းရှိပြီး မင်းသာ စဥ်းစားတတ်တဲ့သူပဲ"

“ဦးလေး ကျွန်တော့်အရည်အချင်း ဘာလဲဆိုတာ ကျွန်တော်တောင်မသိဘူး။” စုဇီမိုသည် ခါးခါးသီးသီးပြုံး၍ပြောလိုက်သည်။ “ ဦးလေး ကျွန်တော့်အပေါ် အရမ်းယုံလွန်းတယ်”

“ငါ မင်းကိုမယုံဘူး။မင်းရဲ့အဖိုးကိုတော့ ငါယုံတယ်.”စုနီ သည် စုဇီမိုရဲ့ပခုံးကိုပုတ်ရင်းပြောလိုက်သည်။ “ အဘိုးက မိသားစုထဲကလေးတွေထဲကမင်းတစ်ယောက်ကိုပဲ ခေါ်လာတာ။မင်းအဖေ ငယ်စဥ်ကအဖိုးက အလုပ်ဂျိုး တစ်ယောက်လေ။မင်းရဲ့အဖိုးက ငယ်ငယ်တုန်းကဟဲဝမ် အတိုင်းပဲ။”

“မင်း ဒါကိုခဏလောက်နားမလည်သေးပေမဲ့ အဖိုးက မင်းကိုသင်ပေးချင်တဲ့အရာအားလုံးသင်ပေးခဲ့တာကို ငါယုံတယ်။နောင်မှာ မင်း ဟဲဝမ်ဆီက ပိုသင်ယူ။အဲကလေးက အရမ်းယုံကြည်ရပေမဲ့ မင်းကိုင်တွယ်ရမှာတွေလေ။” စုနီ သည် ခေါင်းကုတ်ရင်း ပြောလိုက်သည်။“မင်းရဲ့ဦးလေး ငါက နိုဗယ်ရေးတာကလွဲရင် ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ မင်း အခက်အခဲရှိလာရင် မင်းရဲ့အဒေါ် ကို ရှာလို့ရတယ်။ သူက ငါ့ထက်ပိုအစွမ်းထက်တယ်. “

“ကျေးဇူးတင်ပါတယ် ဦးလေး”

စုဂန် သည် ဒင်ဆမ်းပန်းကန်ကိုင်ကာ သူ့သား၊ညီဖြစ်သူစုနီနှင့်တူမဆီ ရောက်လာသည်။“ညီလေး အဖေ ငါ့ကိုမျက်လုံးလှိမ့်ပြလိုက်တာ မင်း မြင်လိုက်လား? !”

"အစ်ကို ကျွန်တော်လည်းအစ်ကို့ကို မျက်လုံးလှိမ့်ပြချင်တယ်..အစ်ကို့အသက်ဘယ်နှစ်နှစ်ရှိနေပြီလဲ?" စုနီ သည် ကူရာမဲ့စွာပြောလာသည်။

"မိုမို သူတို့ အဖေ့ကိုအနိုင်ကျင့်နေတယ်!"

“ဦးလေး၊ဦး‌လေး က အရှက်မရှိဘူး ! “ စုမြောင်မြောင်လည်း စိတ်လှုပ်ရှားစွာ ပါဝင်လာသည်။

နောက်ဆုံး အဖိုးစု သူ့မြေးမသီချင်းသီဆိုမှုအောက် တသက်တာမျက်လုံးမှိတ်ကျသွားခဲ့သည်။

အဆုံးတွင် အဖိုးစု စုဇီမိုရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်ထားရင်း သူ့နှုတ်ခမ်းထောင့်ကွေးတက်နေခဲ့သည်။

ညနေခင်းကောင်းကင်ထက်တွင် အလင်းရောင်များ ရောင်ပြန်ဟပ်နေသည်။လူတချို့ အဖိုးစုရဲ့ ဒဏ္ဍာရီပုံပြင်ကြောင့် ဝမ်းနည်းနေကြပေမဲ့ တချို့လူတွေကတော့ အဖိုးစုဒီနေ့အကောင်းဆုံးလက်ဆောင်လက်ခံရရှိပြီး ပျော်ရွှင်နေသည်ကို သိကြသည်။

ဒီအဖြစ်အပျက်တွင် အစောပိုင်းကြိုတင်ပြင်ဆင်မှုများကြောင့် အဖိုးစုရဲ့ အပြုအမူလုပ်ဆောင်ချက်များသည် အစတည်းက စနစ်ကျခဲ့သည်။ကမန်းကတန်းထွက်သွားသည့် စုသွမ့်နဲ့စုခွမ် တောင် သတင်းကြားကြားခြင်းပြန်ရောက်လာပြီးတစ်စုံတစ်ယောက်သူတို့ကိုနှစ်သိမ့်ပေးချင်သွားရလောက်အောင်ရုပ်အလောင်းရှေ့ ဒူးထောက်ကာ ငိုယိုခဲ့ကြသည်။

ရုပ်အလောင်းရှေ့ရှိ လေထုသည် အလွန်ထူးဆန်းတာကြောင့် စုဇီမိုမှာ အနည်းငယ်စိတ်ဓာတ်ကျမိသည်။လူတိုင်း သူ့ကိုမသက်မသာမျက်ဝန်းတွေနဲ့ကြည့်နေတာကြောင့်ခေါင်းဆောင်အသစ်ဖြစ်သည့် သူက သူတို့ကိုလိုက်ပို့ပြီးနောက် တောင်ထိပ်ဆီသို့ တိတ်တဆိတ်ထပ်ရောက်လာခဲ့သည်။ဥယျာဥ်ထဲ ခဏလောက်နေပြီးမှ ပြန်သွားမယ်လို့တွေးထားသည်။

ပြောရရင် စုဇီမိုရဲ့ပခုံးပေါ် ဖိထားသည့် အထောက်အထားအသစ်နဲ့လိုက်လျောညီထွေမဖြစ်သေး။

...ထို့အပြင် သူ၏လက်ကျန်သက်တမ်းမှာ ၃၆၂ ရက် ဖြစ်သည်။

..

ဥယျာဥ်သို့ လျှောက်လာစဥ်စုဇီမိုသည် ရုတ်တရက် သည် ချုံပုတ်များနှင့် ပန်းပွင့်များအလယ်တွင် အရပ်မြင့်မြင့်နဲ့လူတစ်ယောက် ပင်မအိမ်တော်ဆီမလှုပ်မယှက် လှမ်းကြည့်နေသည်ကို ရုတ်တရက်တွေ့လိုက်သည်။စုဇီမိုသည် အေးစက်စက်မျက်နှာပိုင်ရှင်ကိုသိသည်။

“အစ်ကိုကြီး” မှတ်ဥာဏ်ထဲက ဆင်တူပုံရိပ်ကိုကြည့်ရင်း စုဇီမို သည် အော်ခေါ်၍ စုဟဲဝမ် ဆီလျှောက်လာသည်။

စုဂန်ရဲ့ဘယ်လက်ရုံး၊ ညာလက်ရုံ အဖြစ်လူသိများသည့် စုဟဲဝမ်သည် အနက်ရောင်ဝတ်ဆင်ထားကာ ဘာအမူအရာမှမရှိသည့်တိုင် စူးရှသည့်မျက်နှာသည် ခန့်ညားမှုကိုပေးစွမ်းသည်။‘အစ်ကိုကြီး’လို့ခေါ် သံကြားသောအခါ စုဟဲဝမ်ရဲ့ခန္ဓာကိုယ်မှာ သိသိသာသာတုန်တက်သွား၏။

“အစ်ကို ဘာလို့အထဲမဝင်တာလဲ?” စုဇီမို သည် စုဟဲဝမ်ကို ‘အစ်ကိုကြီး’ လို့ ခေါ် တာ အခွင့်အရေးမရှိသလောက် ရှားပါးပေမဲ့ဒီတခေါက် ထုတ်ပြောချိန် ဘာလို့ချောမွေ့နေသလဲတော့ စုဇီမို လည်းမသိပါပေ။

“...” စုဟဲဝမ် သည် မပြောခင် ခဏနှုတ်ဆိတ်သွား၏။“အဖိုးစု ငါ့ကိုယုံကြည်တဲ့အကြောင်းအရင်းက စုမိသားစုကိစ္စတွေမှာ ဝင်မစွက်ဖက်ခဲ့လို့ပဲ။”

"ဒါပေမယ့် အစ်ကို အဘိုးကြီးကို သွားတွေ့ချင်လို့ ဒီမှာ ရပ်နေတာလား။"စုဇီမို မျက်ခုံးပင့်လိုက်သည်။"အဘိုးလည်း အရမ်းပျော်နေမှာပါ”

“...” စုဟဲဝမ် မှာ သူ့အကျင့်အတိုင်းတိတ်ဆိတ်နေ၏။“တစ်ယောက်ယောက်ထွက်သွားတဲ့အထိ စောင့်နေတာ”

“အစ်ကို၊ မင်း အရမ်းကြိုးစားတာပဲ” စုဇီမို သည် လေးနက်သည့် စုဟဲဝမ်ကို ကြည့်ရင်း ပြောလိုက်သည်။ “"ကုမ္ပဏီရဲ့လုပ်ငန်းက..."

"လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က မင်းအမေက ငါ့အသက်ကို ကယ်ခဲ့တယ်"စုဟဲဝမ် သည် စုဇီမို၏ ကျေးဇူးတင်စကားကို ကြားဖြတ်ပြော၍ စုဇီမို၏ မျက်မှန်နောက်မှ မျက်လုံးများကို စိုက်ကြည့်ကာပြောလိုက်သည်။ "ငါ့ဘဝက စုမိသားစု ဖြစ်လာတယ် ဟုတ်တယ် .. အတိအကျပြောရမယ်ဆိုရင် ဒီဘဝက မင်းအတွက်ပဲ"

“အာ?” စုဇီမိုမှာ ဗလာသပ်သပ်ဖြစ်သွား၏။

“ဒါဟာသသပ်သပ်ပါပဲ။ငါတစ်ယောက်တည်းဆိုရင် ငါ့မှာလုပ်နိုင်စွမ်းရှိရင်တောင် စုGroup လိုလုပ်ငန်းကြီးကိုဆက်ထိန်းထားနိုင်မှာမဟုတ်ဘူး။”

“အဖိုးက ‘တောင်တန်းကိုမြတ်နိုးပါ’ လို့အမြဲပြောလေ့ရှိတယ်။ ဒုတိယနဲ့တတိယ သခင်တို့ကိုလက်ခံဖို့မဟုတ်ပဲ စုမိသားစုထဲက လူကြီးတွေကိုတန်ဖိုးထားဖို့နဲ့ စုgp ကိုတန်ဖိုးထားဖို့လည်းပြောခဲ့တယ်”

စုဟဲဝမ် သည် စုဇီမိုကိုမကြည့်ပဲအဝေးတနေရာကိုကြည့်နေလေသည်။ “လူတိုင်းက အစွမ်းထက်တဲ့အကူတွေကို ပြုစုပျိုးထောင်တယ်။ စုပိုင်ရှင် ကြီးကြီးမားမားပြသာနာမဖြစ်သရွေ့ စုမိသားစု ဒုက္ခရောက်မှာမဟုတ်ဘူး။”

ထိုသို့ပြောချိန်စုဟဲဝမ်သည်စုဇီမိုကိုတကြည့်ထပ်ကြည့်သည်။သူက အဖိုးစုရဲ့ဆန္ဒကို သိထားပုံပေါ်သည်။

“ကျွန်တော် ဘာလုပ်ရမလဲ?”စုဇီမို ‘အန်းယုယွီယု ’ ကွန်ပြူတာထဲက လက်ကျန်အသက်ကိုတွေးတောရင်း အနည်းငယ်အပြစ်ရှိသည့်လေသံဖြင့်ပြောလိုက်သည်။

“မင်း ဒီနှစ်မှာ မပေါ်လာတာပိုကောင်းတယ်။ အရေးကြီးတဲ့ကိစ္စတွေကို ငါကိုင်တွယ်လိုက်မယ်။” စုဟဲဝမ် ရဲ့အသံထပ်တင်းကျပ်လာပြန်သည်။ “"လွန်ခဲ့တဲ့ လေးနှစ်လောက်က ကားမတော်တဆမှုက ထူးထူးခြားခြားဖြစ်နေတယ်လို့မင်းခံစားမိမှာပဲ။မင်းသတိမထားမိရင် လုပ်တဲ့လူတွေ ပြန်စမှာစိုးမိတယ်.”

စုဇီမိုလည်း မတက်နိုင်ပဲတွေးမိသည်။

တွက်ချက်မှန်းဆလိုစိတ်မရှိသော်လည် အတိတ်က စုဇီမိုနဲ့စုမိသားစုခေါင်းဆောင်ရာထူး ခွဲထွက်လို့မရတာ စုဇီမို သိသည်။စုဇီမို ကားမတော်တဆမှုမှာသေသွားခဲ့ရင် ဒါမှမဟုတ် ပျောက်ကွယ်သွားခဲ့ရင် မိသားစု ခေါင်းဆောင်ရာထူးအပြောင်းအလဲရှိလိမ့်မယ်။

အခုစုဇီမို စုမိသားစုရဲ့ခေါင်းဆောင်ဖြစ်လာတဲ့အခါ မကျေမနပ်သူတွေအတွက်ကောင်းမွန်တဲ့အရာမဟုတ်ပေ။

“အစ်ကို၊ အဖိုးက ညစာစားဖို့အချိန်းအချက်လုပ်ထားတာ သိသင့်တယ်။တနှစ်အတွင်း ကျွန်တော်တစ်ခုခုဖြစ်ခဲ့ရင် စုမိသားစုလုပ်ငန်းတွေ လှုဒါန်းပစ်မှာ။တနှစ်အတွင်းတော့ သူတို့ရူးရူးသွပ်သွပ်လုပ်မှာမဟုတ်ဘူး။” .

"အဘိုး မင်းကို ပေးတဲ့အချိန်က တစ်နှစ်ပဲ"စုဟဲဝမ် ခဏလောက်စဥ်းစား၍ပြောသည်။ "တစ်နှစ်ထက် ပိုကြာရင် ရည်ရွယ်ချက်ရှိရှိနဲ့ ပုလင်းကွဲဖို့လုပ်ကြလိမ့်မယ်။တစ်နှစ်ထက် ပိုတိုရင် အဖိုး မင်းကိုပေးတဲ့ အချိန်မလောက်မှာ ငါစိုးမိတယ်။အဖိုးအိုနဲ့အတူ ငါမတွေးမိတာတွေ ရှိမှာလည်းစိုးတယ်။မင်းကို အရူးလိုပြောင်းအောင်လုပ်တာဘယ်သူတွေလဲ? အရူးတွေလည်းညစာစားပွဲ လာတက်နိုင်တယ်”

စုဟဲဝမ်ရဲ့စကားကိုကြားတော့ စုဇီမိုတောင် တုန်တက်သွားလေသည်။

သို့သော် လူတစ်ယောက်ကို အရူးတစ်ယောက်အဖြစ်ရိုးရှင်းစွာပြောင်းလဲနိုင်လား?ဒါသာမန်လူတွေလုပ်နိုင်တာလား? ဒါအိမ်မက်ဆိုးကမ္ဘာမဟုတ်ပါပေ။

"တိုတိုပြောရရင် ဘေးကင်းစေဖို့၊ အပတ်စဥ် အစားအသောက်အပြင်၊ ပိုင်ရှင်အသစ် က ခပ်နိမ့်နိမ့်နေတာပိုကောင်းတယ်။နိုင်ငံရပ်ခြားမှာကျောင်းတက်တာမျိုး၊ဒါမှမဟုတ် ပြန်လည်သက်သာလာဖို့ ဘန့်ကျွမ်းကိုသွားတာမျိုး၊ကျန်တဲ့မိသားစုအကြီးတွေလဲ အတူတူပဲ။”

"စိတ်ချငါဒီမှာရှိတယ် ။" စုဟဲဝမ် ရပ်တန့်၍ စုဇီမိရဲ့ အနည်းပွနေသည့်ဆံပင်ကိုပုတ်ပေးကာ နောက်တော့ လက်ပြန်ရုတ်လိုက်သည်။

"ဒီလိုကြီးပြင်းဖို့ခက်တယ်။"စုဇီမိုသည် စုဟဲဝမ် ပြောတာမှန်သည်ကိုသိသည်။စုဇီမို မှာလည်း သူ့ကိုယ်ပိုင် အကြံဥာဏ်နဲ့ အစီအစဥ်တွေ ရှိသောကြောင့် ရယ်ရယ်မောမောနဲ့ ငြင်းဆိုလိုက်သည်။

စုဇီမို အတွက်၊ ဘယ်မှာရှာမတွေ့နိုင်၊ ဘယ်မှာ ကြီးပြင်းလာနိုင်ပြီး သူတို့ရဲ့ သက်တမ်းကို တိုးပေးနိုင်တဲ့ နေရာ ဆိုရင်‌ထောင့်တထောင့်လိုနေရာမျိုး"အိပ်မက်ဆိုးကမ္ဘာ" အကြောင်းကို ပြောနေတာမဟုတ်ဘူးလား?

စုဇီမိုအတွက်ပိုကြောက်စရာကောင်းတာက သူ့အဖိုးရဲ့ဆန္ဒအရ တစ်နှစ်ပေးခဲ့ပြီးတနှစ်သက်တမ်းကလည်း သူ့လက်ကျန်အသက်နဲ့အတိအကျတူနေခြင်းဖြစ်သည်။

သူတို့တွင် ပိုက်ကွန်တစ်ခု ရှိနေပုံရပြီး အရာအားလုံး အစကတည်းက ထုပ်ပိုးထားသလိုပင်။

စုဇီမိုတွင် ပြောင်းလဲဖို့အခွင့်အရေးရပြီး အသက်ပိုက်ကွန်ကိုဖြတ်နိုင်တဲ့ လက်နက်တစ်ခုကိုတွေ့ခဲ့သည်။ဆိုလိုတာက "အန်းယုယွီယု" က ဒီတံခါးကို ဦးဆောင်ခဲ့ခြင်းပင်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment