Chapter 9: သေခြင်းတရားဂီတနုတ်စာရွက်
“ထူးဆန်းတဲ့အရာတွေ?"
ဂေါင်ရန်၏ စုံစမ်းမေးမြန်းမှုကို ရင်ဆိုင်နေရသောစုဇီမို သည် ခဏတိတ်ကျသွားပြီးနောက် စဥ်းစား၍ခေါင်းခါယမ်းလိုက်သည်။"ဒါက သာမန်သင်တန်းကျောင်းတစ်ခုပဲ၊ ဘာထူးဆန်းလို့လဲ?”
"အကိုကြီး။" မနီးမဝေးမှာ ရပ်နေတဲ့ဖန်ဖန်က စုဇီမိုရဲ့ အဝတ်အစားထောင့်ကို ရုတ်တရက် ဆွဲကိုင်လာသည်။သူ့မျက်လုံးကြီးတွေက ဖြူစင်ကြည်လင်ပြီး တကယ့်ကို ချစ်ဖို့ကောင်းတဲ့ ကလေးလေးဖြစ်သည်။
"အစ်ကိုကြီး တစ်ခုခု မေ့ကျန်ခဲ့လို့ဆို?ဒီစာသင်ခန်းထဲမှာလား"
စုဇီမိုရဲ့အမြင်မှာတော့ ဒီချစ်စရာကလေးလေးက မရိုးရှင်းပေ။
'ဂေါင်ရန် လို လူကြီး တောင်စုဇီမိုရဲ့အလိမ်အညာကို စတင်ယုံကြည်နေပြီဖြစ်တာတောင် ကလေးက စုဇီမိုရဲ့ အကြောင်းအရာကို ပြန်ဆွဲထုတ်၍ စုဇီမိုရဲ့အထောက်အထားကိုထပ်မံအတည်ပြုချင်နေသည်။
ဖန်ဖန်း ရဲ့ ပြဿနာကြောင့်စုဇီမို ဆုံးရှုံးမှုကို မခံစားရဘူး။သူဂီတစာသင်ခန်းရှေ့တည့်တည့်ရှိ စန္ဒယားဆီသို့ လမ်းလျှောက်သွားကာ စန္ဒယားမှ သီချင်းဟောင်းအချို့ဖြုတ်လိုက်သည်။
ထိုအချိန်တွင် ဖန်ဖန်းရဲ့မျက်လုံး ရုတ်တရက်ပြူးကျယ်သွားတယ် ။
စာသင်ခန်းထဲကို စဝင်တုန်းက စုဇီမိုက သူ့နှာခေါင်းထိပ်က မျက်မှန်မှတဆင့်ဖြတ်၍ အခန်းဘေးပတ်လည်ကိုကြည့်လိုက်ရာ စန္ဒယား ပေါ် မှ ‘ဘေဘီ’ ကိုရှာတွေ့ခဲ့တယ်။
[သေခြင်းဂီတ နုတ် စာရွက်(???)]
[ယာယီရောင်းချခြင်းမပြုပါ]
[ဖော်ပြချက်- စန္ဒယားတီးခြင်း... စန္ဒယားတီးခြင်း... စန္ဒယားတီးခြင်း... စန္ဒယားတီးခြင်း...]
[အထူးပါဝါ:? ? ? ]
ဒါကစန္ဒယားနုတ် တစ်ခုဖြစ်သော်လည်း ဆက်ဆံရေးဟောင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ ဂီတစာရွက် အဖုံးပျောက်ဆုံးနေပြီးစာသား၏မှတ်ချက်များမှတစ်ဆင့်စုဇီမိုအမည်ကိုသိနိုင်တယ်။
“ အဲဒါ အစ်ကိုကြီးရဲ့နုတ်လား?”ဖန်ဖန်းသည် အနားကို လှမ်းလာပြီး မျက်တောင်တခတ်ခတ်ပြန်သည်။ဒီသီချင်းကို ငါတို့အတွက် တီးပေးနိုင်မလား"
"..."စုဇီမိုမှာရပ်တန့်သွားသည်။“စန္ဒယားတီးဖို့ အချိန်မကျသေးဘူးငါထင်တယ်။ဒီထပ်က တခြားလူတွေ ဘယ်ရောက်သွားလဲ သိလား။ငါ ဒီ မရောက်ခင်အရှေ့စားပွဲက တစ်ယောက်နဲ့တာဝန်ကျ ဆရာမ တော်တော်များများကို ဖုန်းဆက်ပြီးပြီ။ဘယ်သူမှ ဖုန်းမကိုင်ဘူး"
"အခုအဆင်ပြေပါတယ်။" ဖန်ဖန်း သည် သူ၏ဘယ်ဘက်လက်မောင်းအတွင်းပိုင်းကို ကြည့်၍ စုဇီမိုကို တောင့်တပြီး ခံနိုင်ရည်မရှိသော မျက်ဝန်းများဖြင့် ကြည့်ကာ စုဇီမိုရဲ့ အဝတ်ထောင့်ကို ရံဖန်ရံခါ ခါယမ်းလေသည်။
.
“ခဏလောက်ဆော့ပြီးရင် အစ်ကိုနဲ့အတူထွက်သွားမယ်လေ အိုကေ?”
ကလေးကအပြစ်ကင်းစင်စွာ ပြုံးပြလာသည်။
စုဇီမို သည် ဖန်ဖန်းရဲ့ ညုတုတုသက်သက်မဟုတ်ကြောင်း အလွန်ရှင်းရှင်းလင်းလင်းသိသည်။စုဇီမို ကိုယ်တိုင် ကြွေးကြော်ထားသည့် “ဂီတဆရာ”ဟုတ်မဟုတ်စန္ဒယားတီးသည့်နည်းစနစ်ကို ဒီကလေးကြည့်ချင်နေသည် ။
သို့သော်စုဇီမို ပြုံး၍ ပခုံးပေါ် က ကျောပိုးအိတ်ကို ချကာ စန္ဒယားရှေ့ရှိ ပျော့ပျောင်းသော သားရေခုံတန်းရှည်ပေါ်တွင် ဝင်ထိုင်လိုက်သည်။စုဇီမိုရဲ့၏ကွေးညွတ်မှုကြောင့် မျက်မှန်ကြိုးပါးပါး သည်တွဲကျနေပြီး ပလက်တီနမ်အလင်း ပျော့ပျောင်းသောအလင်းရောင်အောက်တွင် လင်းလက်နေသည်။
ချိန်ကြိုးများနှင့် မျက်မှန်ကို တပ်ဆင်ထားသည့် စုဇီမို သည် ရိုးရှင်းစွာ ၀တ်ဆင်ထားသော်လည်း လူတို့အား မြင့်မြတ်သော ခံစားချက်ကို ပေးစွမ်းနိုင်သည်။
အထူးသဖြင့် မှန်ကန်မှု။သွယ်လျသောကြွေဖြူလက်များ အနက်ရောင်နှင့် အဖြူရောင်စန္ဒယားကီးများပေါ်တွင် ကပ်ထားချိန်တွင်ဖြစ်သည်။
အဖြူအမည်းကီးများကို အချိန်အတော်ကြာထိ ထိတွေ့ခံစားရင်း စုဇီုမိုရဲ့နှုတ်ခမ်းထောင့်မှအပြုံး တောက်ပလာသည်။. စုမိသားစု ရဲ့ အမွေဆက်ခံသူများသည် ငယ်စဥ်ကလေးဘဝကတည်းက ကျော်ကြားသော ဆရာကြီးများ၏ သင်ကြားမှုကို ခံယူရသည်။ဂီတတူရိယာတစ်ခု သို့မဟုတ် နှစ်ခုကို မတက်ကျွမ်းပဲ ဘယ်နေမှာလဲ? ဖန်ဖန်းရဲ့ သွေးဆောင်မှုသည် စုဇီမိုရဲ့လုပ်နိုင်စွမ်းထဲရှိသည်။
လက်တစ်ဖက်တည်းဖြင့် လုံးလုံးလျားလျား မရင်းနှီးသော သီချင်းစာရွက်ကို ဖွင့်လိုက်သည်။စုဇီမိုသည် အမြန်ဆုံးအရှိန်ဖြင့် တေးဂီတနုတ် ၏ ပထမတဝက်ကို အလွန်ကျက်လိုက်သည်။အခြားလက်တစ်ဖက်သဖြင့် စန္ဒယားကီးများကို လှပစွာပွတ်ဆွဲလျက်၊ လက်ချောင်းများမှ တောင်စမ်းရေတွင်းများကဲ့သို့နှုတ်များတိမ်ကဲ့သို့ စီးဆင်း သွန်ချသည်။
အစပိုင်းတွင် လက်ချောင်းများကြားရှိ တုန်ယင်နေသောခံစားချက်ကို စုဇီမို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့သည်။သူစန္ဒယားကို အမြန်ဆုံးအမြန်နှုန်းဖြင့် ပြန်လည်ကျွမ်းကျင်မှု ရရှိခဲ့သည်။
စုဇီမိုအနောက်၌ စီနီယာလေ့ကျင့်သူများဖြစ်သည့် ဂေါင်ရန်နှင့်ချန်ဂျန်မြောင် တို့သည် စုဇီမို၏စန္ဒယားတီးချိန်အခိုက်အတန့် ကို အရမ်းရင်းနှီးသလိုဖြစ်နေပေမဲ့ စုဇီမိုကို သူတို့လုံးဝမသိကြပါ။နုတ်တီးချိန်အခိုက်အတန့် .. တွင်။
စန္ဒယားတီးနေသောဂီတရှေ့မှာထိုင်နေတဲ့ လူငယ်လေးဟာ တကယ်ပဲ လေ့ကျင့်ရေးကျောင်းမှာ ဂီတဆရာတစ်ယောက်ဖြစ်နေသလိုမျိုး ပထမဆုံး စထိတွေ့ခဲ့တဲ့ “သေခြင်းဂီတ”ထဲ နှုတ်မြုပ်နေနှင့်သည်။
ဒီတေးဂီတနုတ်များတွင် တွင် သရုပ်ဖော်ထားသည့် တေးဂီတနုတ်များသည် ညကောင်းကင်တွင် အုံ့ဆိုင်းနေသော လရောင်ကဲ့သို့၊ တောအုပ်အတွင်း ဖြတ်သန်းစီးဆင်းနေသော နွေဦးရာသီကဲ့သို့၊ ငြိမ့်ညောင်းစွာ သီဆိုနေသော ငှက်သံကဲ့သို့... အတိုချုပ်ပြောရလျှင် ပေါ့ပါးသော တေးဂီတ ဖြစ်ပြီး လုံးဝစိတ်အပန်းဖြေစေသည်။ပျင်းရိသော ဆိုဖာပေါ်တွင် အိပ်နေစဥ် ငြိမ်သက်စွာ နားထောင်ဖို့အလွန်သင့်လျော်သည်။
သို့သော် ၎င်းသည် တီးသူရဲ့ တေးဂီတအပေါ် လေးနက်သည့် နားလည်နိုင်စွမ်းကြောင့်ဖြစ်နိုင်သည်။စုဇီမို ထိုတိတ်ဆိတ်ငြိမ်သက်ပြီး သာယာလည်လည်သောနှုတ်များ ထဲ ဝမ်းနည်းမှုအနည်းငယ်ရှိနေသည်ကို အမြဲခံစားမိသည်။ထိုဝမ်းနည်းမှုမျိုးသည် တစ်စုံတစ်ယောက်သည် အေးအေးဆေးဆေး သက်တောင့်သက်သာရှိသော ဘဝမျိုးကို တောင့်တနေသကဲ့သို့ပင်၊ သို့သော် သူတို့သည် အိပ်မက်တိုင်းပြည်နှင့် မနီးစပ်နိုင်လောက်အောင် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။
နုတ် ၏ နားလည်မှုအသစ်ကြောင့် စုဇီမို၏လက်ချောင်းများမှ ထွက်လာသော နုတ် များကလည်း ကစားသမားများ၏ ဝမ်းနည်းဖွယ်ခံစားချက်ကို ကူးစက်စေခဲ့သည်။
နောက်ကွယ်မှာ ရပ်နေတဲ့ လေ့ကျင့်သူတွေတောင် ထိုစိတ်ခံစားချက်ကူးစက်ခံရနိုင်ပြီး သူတို့ရဲ့ မျက်လုံးတွေမှာ ဗလာသပ်သပ် နဲ့ ရှုပ်ပွနေသည်။ပြောရရင် အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက် အိပ်မက်ဆိုးလောကထဲသို့ ဝင်ရောက်ရမည့် ပါဝင်သူများသည် နေရာအမျိုးမျိုးထဲ ပျောက်ဆုံးနေပုံရပြီး ဦးတည်ချက်မရှိ၊တောက်ပသောအနာဂတ်ကို မမြင်နိုင်ခဲ့ကြပေ။
ထိုအချိန်တွင် ချန်ဂျန်မြောင် နှင့် လေ့ကျင့်သူများသမားများသည် ဘယ်ဘက်လက်တွင် အပ်တစ်ချောင်း စူးခနဲဖြစ်သွားခဲ့သော ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။သူတို့ ဘယ်လက်ကို မသိမသာကြည့်လိုက်တယ်။
"ဂီတစာသင်ခန်းထဲမှာ ပုန်းနေတဲ့ သရဲတစ္ဆေကိုရှာပြီး မောင်းထုတ်ရမယ်? " ချန်ဂျန်မြောင် က သူ့လက်မောင်းပေါ်ရှိ သွေးထွင်းထားသည့် စာသားကို ရွတ်ဆိုရင်း မှိန်းနေသော ဂေါင်ရန်ကို ကြည့်ဖို့ခေါင်းမော့လိုက်သည်။
"ဘာကိုဆိုလိုတာလဲ?"ဂေါင်ရန် ဂီတစာသင်ခန်း၏ထောင့်တိုင်း လှည့်ပတ်ကြည့်ရှုခဲ့သည်။ဒီတခေါက် ဂီတအခန်းထဲတွင် လူတိုင်းရှိနေသည်။
" ဂီတစာသင်ခန်းထဲ သရဲပုန်းနေတာလား? ဒါမှမဟုတ် ငါတို့ထဲက တစ်ယောက်ယောက်လား? သရဲရုပ်ပြလား?”
ဖြည်းညှင်းစွာ လေ့ကျင့်သူအများစု၏ မျက်လုံးများ စန္ဒယားတီးနေသော စုဇီမိုဆီ ကျရောက်လာသည်။
အတွေ့အကြုံမရှိသည့် စုဇီမို သည် သံသယရှိသူဖြစ်လာတယ်ဆိုတာမသိခဲ့။သူနုတ်အဆုံးထိ တီးနေချိန် သူထိုင်နေသည့် ခုံးတန်းလျား ပေါ် က အရာလေးခုန်တက်လာသည်ကိုခံစားမိလိုက်သည်။
စုဇီမို ရဲ့မျက်လုံးထောင့်က ဖန်ဖန်း ဆိုသည့်ကလေးက ‘ "စန္ဒယားသင်ချင်တယ်"လို့ဆိုကာ သူ့ဘေး၌ လာထိုင်သည်။သူ၏ အသားမာသောလက်များကို မြှောက်ကာစုဇီမိုနဲ့အတူ နောက်ဆုံး နုတ်ကို နှိပ်လိုက်တယ်
ဖန်ဖန်းရဲ့ လေးနက်သည့်အမူအရာကိုလှည့်ကြည့်လိုက်ရာ ဖန်ဖန်း၏လက်သွက်သော လက်ချောင်းများကြားမှလျင်မြန်စွာ စီးဆင်းနေသော နုတ် ကို နားထောင်ကြည့်လိုက်ရာ ဖန်ဖန်းသည်လည်း "သေခြင်းဂီတ ကို တီးခတ်နေသည်ကို တွေ့ရပြီး အံ့အားသင့်သွားသည်။
မူရင်းတေးဂီတသည် လေညင်းကဲ့သို့ နူးညံ့ပြီး ပြီးပြည့်စုံသော သက်တောင့်သက်သာရှိသော တေးဂီတဖြစ်သည်။သို့သော် လိုက်လျောညီထွေဖြစ်သော ဂီတက ခုန်နေတဲ့ စာငှက်လို သွက်လက်တယ်။လိုက်လျောညီထွေရှိသော သီချင်း၏ စည်းချက် သည် ပေါ့ပါးပြီး ပိုပျော်စရာကောင်းတယ်။မူရင်းသီချင်း၏ ဖုံးကွယ်ထားသော စိတ်ဓာတ်ကျမှုနှင့် ဝမ်းနည်းမှုတို့ပျောက်ကွယ်သွားပုံရပြီး၊ နုတ် များဖြင့်လှုပ်နေသော လက်ကလေးများကို ကြည့်လိုက်ရုံဖြင့် စိတ်နှလုံးမှ ထွက်လာသော ပျော်ရွှင်မှုနှင့် အပန်းဖြေမှုကို ခံစားမိစေသည်။
ကလေး ၏ ဂီတကြောင့်သက်ရောက်တာဖြစ်နိုင်သည်။မူလက တခါပဲတီးဖို့လုပ်ထားသည့် စုဇီမိုသည်လည်း မတက်နိုင်ပဲပါဝင်လာသည်။စုဇီမိုနဲ့ဖန်ဖန်တို့ ပထမဆုံးတွေ့ဆုံကြတာဖြစ်သည်။စုဇီမိုနဲ့ဖန်ဖန်း တို့မှာ အစမ်းလေ့ကျင့်မှု မပြုလုပ်ခဲ့ကြသော်လည်း အဖြူအမည်းကီးဘုတ်ပေါ်ရှိ နုတ်များသည် အလွန်လှပပြီး လိုက်ဖက်ညီနေခဲ့သည်။
ဖန်ဖန်းရဲ့ မျက်လုံးကြီးများ စုဇီမိုကို လေးနက်စွာ စိုက်ကြည့်နေသည်။သူ့၏ စည်းချက်ပိုမြန်လာတယ်။ဒါပေမဲ့ စုဇီမိုရဲ့ တုံ့ပြန်မှု သည် အညီအမျှ ချွတ်ယွင်းသွားသည်။
မူရင်းသီချင်းက တစ်စုံတစ်ယောက် ပြတင်းပေါက်မှာထိုင်ပြီး မိုးရွာသံကိုနားထောင်နေသည်နှင့်တူ၏။စုဇီမိုနဲ့ထိုကလေး တီးခတ်တော့… မိုးဖွဲဖွဲလေးကနေ တဖြည်းဖြည်း ပြောင်းလဲသွားပုံရပြီး မှန်ပြူတင်းပေါက် ပေါ် မိုးရွာချတာတွေ၊ မိုးပန်းလေးများ လှပစွာပွင့်နေတာတွေ။အိမ်ထဲမှာ ထိုင်ပြီး အပြင်ထွက်လို့မရတဲ့လူတစ်ယောက်ကိုတွေးမိစေသည်။သို့သော် ထိုသူ သည် မိုးကာဖိနပ်အနီကို ၀တ်ထားပြီးမိုးရေနဲ့အတူ အနီရောင်ထီးအောက်တွင် မိုးနဲ့အတူ ကခုန်နေခဲ့တယ် !
မိုးသံထဲ ရယ်မော ငိုကြွေးနေနိုင်တယ်။အနီရောင်ထီးက ကောင်းကင်ကို ပျံတက်သွားတဲ့အခါ သူ့မျက်နှာထက် မျက်ရည်တွေ လား မိုးရေတွေ လား ဆိုတာ ဘယ်သူမှမသိနိုင်ဘူး။
ဒါဟာ လွတ်လပ်မှုရဲ့ ခံစားချက်ဖြစ်နိုင်သည်။..
ကစားသမား၏စိတ်ထဲ တေးဂီတအဖြစ်ပြောင်းသွားသော အနီရောင်ထီးလဲကျသွားပြီးနောက် စုဇီမို ရဲ့ဖျော်ဖြေမှုတစ်ခုလုံးကို အဆုံးသတ်သွားသည့် နောက်ဆုံနုတ် ကိုအဆုံးသတ်လိုက်သည်။
နုတ်များသည်ငြိမ့်ညောင်းပြီး စန္ဒယားတီးသံများဂီတစာသင်ခန်းကို အချိန်အကြာကြီး ဝန်းရံထားသည်။
သီချင်းပြီးတာနဲ့စုဇီမိုဟာ သူ့ရဲ့ ပြင်းထန်တဲ့ အာရုံစူးစိုက်မှု အားကောင်းမှုကြောင့် အနည်းငယ် ပင်ပန်းနွမ်းနယ်မှုကို ခံစားခဲ့ရပေမယ့် သူ့ဘေးမှာ ထိုင်နေတဲ့ ကလေးကတော့မျက်နှာပေါ်မှာ ပြုံးပြီး ပင်ပန်းနွမ်းနယ်မှု လုံးဝမတွေ့ရပါ။ထို့အစား အလွန်ပျော်ရွှင်သောအချိန်ကို ပိုင်ဆိုင်ထားပုံပင်။
ဒီကလေးက လုံးဝမေ့နေပုံရသည်။အရင်ကသူကိုယ်တိုင် စန္ဒယား သင်ချင်တယ်လို့ပြောခဲ့တယ်လေ။
စုဇီမိုတောင် အခုအိမ်မက်ဆိုးကမ္ဘာထဲရှိနေတာ မေ့လုနီးပါးဖြစ်ခဲ့သည်။
"အစ်ကို၊ မင်းတကယ်တီးတာကောင်းတယ်၊ သေချာပေါက်ငါစန္ဒယားတီးတာကို ကြိုက်တုန်းပဲ၊စန္ဒယားတီးရတာ တကယ်ကို ပျော်ရွှင်စရာပဲ"
စုဇီမိုလည်း စိတ်သက်သာရာမရခင် တောက်ပသည့်အပြုံးရှိနေခဲ့သည်။ဖန်ဖန်းက သူ့တိုက်ရိုက်ပွေ့ဖက်လာသည်။သူ့ခန္ဓာကိုယ်သေးသေးလေး စုဇီမိုရဲ့လက်မောင်းထဲဝင်ရောက်သွားပြီး သူ့အပြုံးက ကြယ်လေးတွေ ရှိနေပုံပေါ်သည်။
ထိုအခိုက်အတန့် စုဇီမို သည် စန္ဒယားပေါ်ရှိ အမှတ်အသားများ၏ မူရင်းမှတ်ချက်များစွာပြောင်းလဲသွားသည်ကို ရုတ်တရက် တွေ့ရှိခဲ့သည်။
[သေခြင်းတရားတေးဂီတစာရွက်(ကြယ်သုံးပွင့်)]
[ယာယီရောင်းချခြင်းမပြု]
[ဖော်ပြချက်- ဖန်တီးရှင်လူငယ်သည် ထိန်းချုပ်ခံစီစဥ်ပေးသည့် ပတ်ဝန်းကျင်တွင် အမြဲနေထိုင်ခဲ့တယ်။အလွန်အကျွံ လေ့ကျင့်မှုနှင့် ဖျစ်ညှစ်မှုကြောင့် ဂီတလောကကို ချစ်မြတ်နိုးသူမှာ အဖြူအမည်း ဖြစ်လာခဲ့တယ်။သူ တီးတာနဲ့ သူဖန်တီးထားသော ဂီတဟာငွေရှာရန် ကိရိယာတစ်ခုအဖြစ် အစောပိုင်းတွင် လျာထားသော်လည်း မီးမောင်းထိုးပြရာတွင် အချိန်မည်မျှကြာအောင် တီးနေပါစေ၊ သူ၏ လွတ်လပ်မှုအတွက် ဆန္ဒနှင့်ဂီတမှ လက်တွေ့ဘဝ၏ အကူအညီမဲ့မှုကို ဘယ်သူမှ နားမလည်ဘူး။အခုတော့ သူ့နာမကျန်းမှုကြောင့် လောကကြီးကနေ ထွက်ခွာသွားပေမယ့် သေခါနီးဂီတကို မစွန့်လွှတ်နိုင်သေးဘူး။သူသည် ကလေးတစ်ယောက်ဖြစ်လာပြီး သူနှစ်သက်သော အသက်အရွယ်သို့ ပြန်ရောက်သွားခဲ့တယ်။သူက စန္ဒယားတီးတယ်၊ စန္ဒယားတီးတယ်၊ စန္ဒယားတီးတယ်၊ စန္ဒယားတီးတယ်၊ သူ့သီချင်းတွေ ခုန်ပေါက်လာတယ်၊ သူ့မျက်လုံးထဲမှာ ဂီတလောကဟာ အရောင်တွေ စွန်းထင်းနေပြန်တယ်။ဘာကြောင့်လဲဆိုတော့ သူ့မှာ လွတ်လပ်တဲ့စိတ်ရှိနေခဲ့လို့ဖြစ်တယ်။]
[သတိပေးချက်-သူ့စိတ်ကြိုက်ဖြစ်တည်ကိုမှုကို ရူတ်ချခွင့်မပြုပါ။]
[အထူးစွမ်းရည်- ဖန်တီးသူ ကိုယ်တိုင်ကိုယ်ကျ တီးခတ်ထားသည့် တေးဂီတသည် လူသားများကို စစ်မှန်သော လိုအင်ဆန္ဒများ ပြည့်နှက်စေကာ စတိုးဆိုင်ဆီ အသွားအလာ ပိုများလာစေတယ်]
ကလေးလေး ဖြစ်နေတာလား?
“ဖန်ဖန်း မင်း ..”မှတ်စုရှည်ကို ဖတ်ပြီးနောက် စုဇီမို သည် ဘာဖြစ်နေသလဲ နားလည်သွားကာ ကလေးကို အံ့အားသင့်စွာကြည့်လိုက်
ထိုကလေးက မတုန့်ပြန်ပေမဲ့ ဇုဇီမိုကိုအပြစ်ကင်းစင်သည့်အပြုံးဖြင့်ကြည့်နေခဲ့သည်။