Ch- 15: စုမိသားစုရဲ့ညီအစ်ကိုများ။
ဒီအိမ်သည် စုမိသားစု၏အဓိကအိမ်ဖြစ်ပြီး တောင်ပေါ်တောအုပ်ပေါ်တွင်တည်ရှိသည်။ရှုပ်ပွနေသော လွင်တီးခေါင်နှင့် အဝေးရှိမြို့သည် အိမ်ကြီး၏ဘေးပတ်လည် ရှုခင်းလည်းဖြစ်သည်။
စုဇီမို ရင်းနှီးသည့်အိပ်ခန်းသည် တောက်ပနေကာကြီးမားသည့် အိပ်ခန်းထဲ မျက်နှာကျက်မှ ကြမ်းပြင်အထိ ရှည်လျားသည့် ပြတင်းပေါက် ရှိသည်။ ရန်ရှတောင် မှအေးမြသောလေသည် ပွင့်နေသောပြတင်းပေါက်ထဲသို့ တိုးဝင်လာပြီး တောက်ပသောပိတ်ကျဲစ လိုက်ကာစများ ပျော့ပျောင်းကာ ယိမ်းနေကြသည်။
ကြမ်းပြင်မှ မျက်နှာကျက် အထိရှိသည်ပြတင်းပေါက်များအောက်တွင် ဇီယာစေ့အစိမ်းအိုးများနှင့် နတ်သမီးလေး ပန်းအိုးများအများအပြားမှာ လွန်ခဲ့သော ၄ နှစ်ကအတိုင်းပင်။
အရာအားလုံးသည် မူလပုံစံအတိုင်းပင်။
သူက လွန်ခဲ့သည့် ၄ နှစ်တည်းက အရူးတစ်ယောက်ဖြစ်လာခဲ့တာ သူတောင်သတိမထားမိပေ။
ဒါပေမဲ့ စုဇီမိုရဲ့ ပြတ်သားသည့်မှတ်ဥာဏ်ထဲမှာတော့ သူက မလှုပ်ရှားနိုင်ဘူး။သူ သက်သာရာရဖို့အတွက် စုမိသားစုနာမည်အောက် တခြားဗီလာတစ်ခုပြီးတစ်ခု ပြောင်းနေခဲ့သည်။ပြောရရင် သူ့စိတ်ထဲ ပင်မအိမ်ဆိုသည့် စကားလုံးများနှင့်ပြည့်နှက်နေခဲ့တယ်။အဲတုန်းက စုဇီမိုအတွက်နေရာကောင်းမဟုတ်ခဲ့ပါ.
ခြုံပြောရရင် စုဇီမို စုမိသားစုရဲ့ပင်မအိမ်ကိုပြန်ရောက်တာ အချိန်အတော်လောက်ရှိသင့်ပြီ။ဘာလို့ ဒီတံခါးက သူ့ကို ပင်မအိမ်ဆီ ပြန်ပို့တာလဲ ?
စုဇီမို သည် သံသယအတွေးများဖြင့်သူ့နှာခေါင်းပေါ်မှမျက်မှန်ကို မသိစိတ်ဖြင့် ရုတ်သိမ်းလိုက်ပြီး တံခါးထဲသို့ လှမ်းဝင်ကာ သူ့ရင်းနှီးသော အိပ်ခန်းထဲသို့ ပြန်ဝင်ရန် ပြင်ဆင်သည်။
သို့ပေမဲ့ ထိုအခိုက်အတန့် ဒီရက်ပိုင်းအိမ်မက်ဆိုးကမ္ဘာထဲ သူတွေ့ကြုံခဲ့သည့်အရာများ သူ့စိတ်ထဲဖြတ်ပြေးဝင်ရောက်လာသည်။လွန်ခဲ့သောလေးနှစ်ကနေ အခုထိ သူတောင် နားမလည်သောယာဥ်မတော်တဆမှုဖြစ်ခဲ့သည်။သူခေါင်းငုံ့ကာ စဥ်းစားကြည့်သည်။
ဘာတွေဖြစ်နေမှန်းမသိလို့ ကောင်တာစားပွဲရှေ့ ပြန်လာကာ အနက်ရောင်ငွေလက်ကိုင်ထီးရှည်ကို ကောက်ကိုင်လိုက်သည်။ထီးကိုယ်ထည်မှယူဆောင်လာသော အေးမြသောခံစားမှုကို ခံစားပြီးနောက် စုဇီမိုသည် အသက်ပြင်းပြင်းရှူကာ တံခါးဆီ လျှောက်လာခဲ့တော့သည်။
အိပ်ခန်း သည် ရင်းနှီးပြီးသား အိပ်ခန်းဖြစ်နေသေးသည်။
ကြမ်းပြင်မှ မျက်နှာကြက်ပြတင်းပေါက်၏ဘေးတွင် စုဇီမို မလှုပ်ရှားနိုင်တုန်းကထိုင်နိုင်၊ အိပ်နိုင်တုန်းက အသုံးပြုသူ၏ထိန်းချုပ်မှုအောက် ရွေ့လျားနိုင်သော အဖြူရောင်သားရေကူရှင်များပါသည့် ဇိမ်ခံအဖြူရောင် ဝှီးချဲ ရှိသည်။သူနောက်ဆုံး လုပ်ဆောင်ချက်တွေတောင် အသုံးမပြုရသေးဘူး။
ဒီဝှီးချဲပေါ်လာပြီးကတည်းက တံခါးက သူ့ကိုပင်မအိမ်ဆီ ပြန်မပို့တာ သေချာသည်။သို့သော် ‘ယုယွီယု’ ထဲမဝင်ခင် သူ့ကို ဂရုစိုက်တဲ့တစ်ယောက်ယောက်က ပင်မအိမ်ကိုပို့ခဲ့သည်။!
ပျော့ပျောင်း၍သန့်ရှင်းသော ကော်ဇောပေါ် လျှောက်ရင်းစုဇီမို ပိတ်ထားသောအိပ်ခန်းတံခါးဆီလျှောက်လာခဲ့သည်။စတိုးဆိုင်ထဲရှိနေချိန်တုန်းကတံခါးအပြင်ဘက်က အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတချို့နဲ့ တီးတိုးသံ ကြားခဲ့သည်။စုမိသားစုရှိအမျိုးသမီး အများစုသည် အခြားသူများ၏တံခါးဝတွင် စကားစမြည် ပြောဆိုမှာမဟုတ်ပါ။ထို့အပြင် စကားသံများသည် ငယ်ရွယ်သောလေသံများဖြစ်လို့ သူနဲ့မရင်းနှီးပေ။စုမိသားစုရဲ့အိမ်ဖော်များရဲ့အသံဖြစ်လောက်တယ်လို့ တွေးမိသည်။
သူ့လက်ကို ဆန့်တန်း၍ တံခါးကို ညင်သာစွာ ဖိလိုက်ချိန်အသံကို ထပ်မံကြားလိုက်ရသည်။
" ပြန်တွေ့ခဲ့တယ်"
" သခင်လေး ၄ ရဲ့ကလေးမလေးက အရုပ်လေးလို ချစ်စရာကောင်းလိုက်တာ။"
"ဟုတ်ပ…ဟုတ်ပ!"
"..."
တံခါးအပြင်ဘက်က လှုပ်ရှားမှုကို နားထောင်ရင်း စုဇီမိုတိတ်တဆိတ် တွေးမိတယ်. စုမိသားစုထဲတွင် ‘သခင် ၄ ‘ ယောက်ရှိသည်။စုမိသားစုရဲ့အဖိုးရဲ့ ဒူးအောက် သားလေးယောက်ရှိသည်။
စုဇီမိုရဲ့အဖေသည် စုမိသားစုက စွန့်ပစ်ထားသည့် အကြီးဆုံးသား။
စုဇီမို မှတ်မိတာ မှန်ရင် သူ့ဦးလေးငယ် သည် လွန်ခဲ့သည့် ၅ နှစ်က နိုင်ငံခြား သွားခဲ့ပြီး နူးညံ့သိမ်မွေ့သည့် ဆံပင်ရွှေအိုရောင် အမျိုးသမီးနဲ့လက်ထပ်ခဲ့သည်။ထိုအချိန်စလို့စုမိသားစုနဲ့အဆက်အသွယ်သိပ်မရှိတော့ပါ။အခု သူ အရူးဖြစ်နေမှ စုမိသားစုဆီ ဆက်သွယ်ပြီး ပြန်လာတယ်လား?
စုဇီမိုသည် မျက်မှောင်ကြုံ့ကာ တစ်ခုခုမှားနေပြီလို့ခံစားမိသည်။သူမတက်နိုင်ပဲ သူ့အနောက်ကတံခါး ဆီ လက်ဆန့်ကြည့်ရာ တံခါးလက်ကိုင်ကို စမ်းမိဖို့ အချိန်သိပ်မကြာလိုက်ပါ။
“အန်းယုယွီယု”ရဲ့တံခါးက သူ့အနောက်မှာအမြဲရှိနေခဲ့သည်။
“ ပြန်လာပြီ။ဒီတစ်ခါတော့ တစ်ယောက်တည်း…” အပြင်ဘက်က လူများတီးတိုးပြောဆိုကြသည်။
“ဒါ တကယ်ကိုရှားတယ်၊ အန်ကယ် ပြန်လာချိန် ကြီးမားတဲ့အလှလေးတွေကိုပါ အတူခေါ် လာခဲ့တယ်။အမှန်တော့ ဒါက တကယ်ကိုမျက်စိကျစရာပဲ။”
“ ဘာကိုရှာနေတာပဲ ငါတို့ အန်ကယ်စုက ဘယ်လိုအလှလေးမျိုးကြိုက်လဲ?”
"ဒီလိုပါပဲ၊ ပြန်သယ်လာတိုင်း မတူဘူး”
တံခါးအပြင်ဘက်အစေခံနှစ်ယောက်ပြောနေသည့် ‘အန်ကယ်စု ‘ ရဲ့အကြောင်းကိုကြားတော့ စုဇီမို ခါးခါးသီးသီးပြုံးမိသည်။ ပြောရရင် သူတို့ သူ့အဖေ အကြောင်းပြောနေကြတာဖြစ်သည်။တခြားလူများအတွက် စုဇီမို ရဲ့အဖေ မှာ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းရှင်မဟုတ် ဖြုန်းတီးတက်သောလူဖြစ်သည်။စုဇီမိုအတွက်တောင် သူ့အဖေက သူ့မှတ်ဥာဏ်ထဲရံဖန်ရံဖန် မရှိတက်ပါ
“ဒုတိယနဲ့တတိယ သခင်တို့ ပြန်လာပြီလား?”
“ငါပြန်သွားတော့ ဧည့်ခန်းထဲမှာ သူတို့ ရှေ့နေကို ဖိအားပေးနေတာနဲ့ ပတ်သက်လို့ငြင်းခုန်နေတာကိုပြောဆိုနေတာ “
“ဟွတ် .. ဟွတ် !” တတိယအသံတစ်ခု တံခါးအပြင်ဘက်၌ထွက်ပေါ်လာသည်။ “ဒီမှာ အလုပ်ရှင်တွေအကြောင်း ပြောဖို့ မင်းကို ဘယ်သူ ပြောလဲ?မင်း ဒီအလုပ်ကို မလုပ်ချင်တော့ဘူးလား?”
“အပြင်ကလေထုက အရမ်းကြောက်စရာကောင်းလို့ ကျွန်မတို့ မိနစ်အနည်းငယ်လောက် လာပုန်းတာပါ။”အတင်းပြောဆိုသော အစေခံ၏လေသံမှာ ချက်ချင်းကိုတိုးသွားသည်။ “ဒီမှာ လူလည်းမရှိဘူးလေ”
“ဒါ သခင်လေးရဲ့အိပ်ခန်းတံခါး ဘယ်သူမှမရှိဘူးလို့ ဘယ်လိုလုပ်ပြောနိုင်ရတာလဲ?”
“အိမ်ထိန်း …” ထိုအစေခံ သည် တုန့်ဆိုင်းစွာပြောလိုက်သည်။ “ သခင်လေးက ဒီအတိုင်း ဖြစ်နေတာ ၄ နှစ်ရှိပြီ .. ကျွန်မတို့ ပြောတာကြားနိုင်ပါ့မလား?”
“သခင်လေးဟဲဝမ် ကြားရင် စိတ်မကောင်းဖြစ်လိမ့်မယ် “အိမ်ထိန်း မှ သတိပေး၍ အစေခံနှစ်ယောက်ကို ချက်ချင်း အပြစ်မတင်ခဲ့ပေ။အစေခံတွေ အခုလိုပြောနေကျတာအသားကျနေပုံပင်။
သခင်လေးဟဲဝမ်?
ထိုနာမည်ကိုကြားသောအခါ စုဇီမို ထပ်ကြောင်အသွားပြန်သည်။
ဒီနာမည်ကိုမကြားတာအတော်ကြာပြီ။သူနဲ့ စုဟဲဝမ်သည် အပြုသဘောဆောင်သည့်အဆက်အသွယ်အနည်းငယ်ရှိခဲ့သည်။ ။စုဟဲဝမ် သည် တက္ကသိုလ် တက်ပြီးနောက် စုမိသားစုကိုလုံးဝစွန့်သွားခဲ့သည်။
ပြောရရင် စုဟဲဝမ်သည် အချိန်မတိုင်မီ သေဆုံးသွားသောစုဇီမို၏ မိခင်ရဲ့မွေးစားသားဖြစ်သလို သူ့ထက် ငါးနှစ်ကြီးတယ်။စုမိသားစုမှာသူ့အဆင့်အတန်းက အရမ်းရှက်စရာကောင်းသည်။ရုတ်တရက် ‘အရူး’ဖြစ်သွားသည့် စုဇီမိုထက်တော့ပိုကောင်းသည်။
“သခင်လေးဟဲဝမ်လည်းရောက်နေတာလား? ဒါဆို သူက ရူးကြောင်ကြောင်…သခင်လေးကို လာကြည့်တာလား?”
အစေခံတစ်ယောက်က စုဟဲဝမ်အကြောင်းပြောချိန် သူတို့လေသံထဲ ကြောက်ရွံ့မှုအရိပ်အယောင်များ ထွက်ပေါ်နေသည်။
“ဒီနေ့အခြေအနေအရ ဘယ်သူမှ ပြန်မလာလောက်ဘူးလို့ထင်လား?” အိမ်ထိန်းမှ မတက်နိုင်ပဲလေသံခပ်နိမ့်နိမ့်ဖြင့် ပြောလိုက်သည်။“သခင်ကြီးက အရေးကြီးတဲ့အခြေအနေထဲရောက်နေပေမဲ့ ရှေ့နေက ဘာလို့မကြောငြာသလဲဆိုတာ ဘယ်သူမှမသိဘူး။”
“အဲလိုလား?”
“ဟုတ်တယ် စုမိသားစုထဲက ကြီးကြီးငယ်ငယ် စည်းစိမ်ကိုအမြဲတမ်းအာရုံစိုက်တယ်။ အမွေဆက်ခံသူရာထူးက အကြီးဆုံးသား ဖြစ်ရမယ်။ ဒါပေမဲ့ အခုအန်ကယ်ကလည်း အခုလို အငယ်ဆုံးကလည်း အခုလိုဖြစ်နေတာ၊ အခုလုပ်နိုင်တဲ့သူက မွေးစားသားဟဲဝမ်ပဲ။ဧည့်ခန်းထဲအားယဲ့ နဲ့ စန်းယဲ့တို့ရှေ့နေကြောင့် အရှက်ရနေတာမဆန်းဘူး”
"အိမ်ထိန်းလည်း အတင်းပြော.. .."
"ဝှစ်…. !"
တံခါးအပြင်ဘက်တွင် ပုန်းလျှိုးကွယ်လျှိုး တိုးတိုးတိတ်တိတ် ပြောဆိုသံများ ရုတ်တရက် တိတ်ကျသွားကာ ခြေသံများ တသီတတန်းကြီး ထွက်ပေါ်လာသည်။အိမ်ထိန်း သည် အစေခံနှစ်ယောက်ကို ခေါ် ကာ အလုပ်လုပ်ဖို့ထွက်သွားပုံရတယ်.
တံခါးဝတွင် နားထောင်နေသော စုဇီမိုရဲ့မျက်နှာပြောင်းလဲသွားသည်။သခင်ကြီးက စိုးရိမ်ရသည့် အခြေအနေမှာရှိနေတယ်…
ဒါသူ့အဘိုးအကြောင်းပြောတာမဟုတ်ဘူးလား?
အခုလေးတင် အစေခံနှစ်ယောက် ‘ရှေ့နေ’ အကြောင်း ပြောနေကြတာ မဆန်းတော့ဘူး။အမြဲတမ်းကမ္ဘာပတ်နေသည့် သူ့အဖေနဲ့စုပင်မအိမ်တော်ကို ပြန်မလာသည့်လူတချို့ ရောက်နေတာမအံ့ဩမိတော့ပါ။အပြင်က ‘အရူးတွေ’ ရုတ်တရက်ပင်မအိမ်ကိုပြန်ရောက်လာတာမအံ့ဩမိတော့ပါ။အခုလေးတင် အစေခံနှစ်ယောက် ‘ရှေ့နေ့’အကြောင်း ပြောနေကြတာ မထူးဆန်းတော့ပါ။
အရင်ကသတိနဲ့နေခဲ့ကြတဲ့စုမိသားစုရဲ့အစေခံတွေလည်း ပေါ့လျော့သွားတာမအံ့ဩမိပါ။
လူအိုကြီးရဲ့ခန္ဓာကိုယ်ကိုဂရုမစိုက်ကြပဲ လူအုပ်ကြီးသည် ပင်မအိမ်တော်မှာစုဝေးတယ်ဆိုတာက စုမိသားစုနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေဘယ်သူပိုင်ဆိုင်သင့်တယ်ဆိုတာ ဆုံးဖြတ်ကြမလို့လား?
ဒါ တကယ်ကြီးပဲ။!
စုဇီမို သည် ခါးခါးသီးသီးပြုံး၍ အိပ်ခန်းတံခါး ကို ဆုပ်ကိုင်ရင်း တုန်ယင်နေခဲ့သည်။စုဇီမိုသာ အိမ်မက်ဆိုးကမ္ဘာထဲ ခဏလောက်နှောင့်နှေးနေမယ်ဆိုရင် အဖိုးကို တွေ့ဖို့ အရမ်းနောက်ကျသွားလိမ့်မလား ဆိုတာ မြင်ယောင်ကြည့်ဖို့ခက်ခဲသည်။
စုဇီမို သည် သူ့ကိုစာသင်ပေးခဲ့သည့် အဖိုးကိုတွေးရင်း အိပ်ခန်းတံခါးကိုဖွင့်ကာတိုက်ရိုက်ထွက်လာခဲ့သည်။
စုဇီမိုရဲ့အိပ်ခန်း သည် စုပင်မအိမ်တော်ရဲ့ ငါးထပ်မြောက်တွင်ရှိသည်။ ငါးလွှာသည် အကောင်းဆုံးအခန်းဖြစ်ပေမဲ့ ခန်းမ နဲ့အနည်းငယ်ဝေးသည်။ဒီနေ့က စုမိသားစုအတွက် တကယ်ထူးခြားတဲ့နေ့ဖြစ်လို့ ငါးလွှာက ကောရစ်ဒါကိုကြည့်လိုက်ရာ ပတ်ဝန်းကျင်တိတ်ဆိတ်နေကာဘယ်သူမှမရှိတာကိုတွေ့ရသည်.
အစေခံအုပ်စုက ငါးလွှာကို ပျင်းရိဖွယ်နေရာအဖြစ် မှတ်ယူကြသည်မှာ အံ့သြစရာမဟုတ်တော့။
ငါးလွှာက အရာအားလုံး ကို သူမှတ်မိသေးသည်။ဇိမ်ရှိပေမဲ့ အနည်းငယ်အေးစက်သည်။
စုဇီမိုသည် လက်တဖက်တွင် ထီးကိုင်ထားရင်း လှေကားလက်ကိုင်ကို ကိုင်ကာ အောက်သို့ဆင်းလာခဲ့သည်။လှေကား ကွေး၍ အလွန်ရှည်ပေမဲ့ ပင်မအိမ်ရဲ့ တတိယထပ်ကိုလျှောက်လာသောအခါ ပထမအထပ်ခန်းမမှအငြင်းပွားသံများကိုကြားရသည်။
“လေဒီရူ၊ လူအိုကြီး ဘာလို့ မကြောငြာသေးတာလဲ? “ စုဇီမိုရဲ့ဦးလေးရဲ့ညည်းညူသံကိုကြားရသည်။
“ရိုးရိုးသားသားပြောရရင် အဘိုးအိုမှာ သတိမရှိတော့ဘူး။ သူဆန္ဒကိုကြိုတင်ကြောငြာရင်တောင် ဘာမှမထူးခြားဘူး။ငါတို့က ဒီမြေပေါ် နေချင်တယ် ငါတို့ မစောင့်ချင်ပြန်ဘူး။“ နောက်တော့ စုဇီမိုရဲ့တတိယဦးလေးက မှုပ်ကုပ်သည့်လေသံဖြင့်ပြောလာသည်။
“ဒုတိယသခင်နဲ့တတိယသခင် သခင်ကြီးက သူ့ဆန္ဒကို ဒီနေ့ ၂၄နာရီအပြည့်မချင်းမပြောဖို့ တင်းတင်းကျပ်ကျပ်အမိန့်ထုတ်ထားလို့ပါ၊ဒါ ကျွန်တော်တစ်ယောက်လည်း လုပ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး သခင်ကြီးရဲ့အလိုကို အဖွဲ့တစ်ခုလုံးက စီမံခန့်ခွဲနေကြတာပါ။”
ရှေ့နေရဲ့ လေသံ သည် နှိမ့်ချသည်လည်းမဟုတ် မနှိမ့်ချသည့်လေသံလည်းမဟုတ်ပေ။
” နားလည်ပေးပါ။”
“မင်းရဲ့ခေါင်း သေနေသလား?!"” စုဇီမို၏ဦးလေးရဲ့လေသံမှာ မြင့်တက်သွား၏။“ဒီနေ့ပြီးရင် မင်းရဲ့ဘော့စ်က ဘယ်သူလဲဆိုတာ မင်းသိလား?!"
“ဒုတိယ ဒီလိုသိမ်းကျုုံးပြောလို့မရဘူး” စုဇီမိုရဲ့ ဦးလေးမှ “လူအိုကြီးရဲ့ဆန္ဒမမြင်ရသေးဘူး အရာအားလုံးမတည်မြဲဘူး”
“ဟမ့်..” စုဇီမိုရဲ့အဖေမှ လှောင်ပြောင်လေသည်။
"ယိုး—ယိုး ဘာတွေဖြစ်နေတာလဲ ?ဒုတိယ ၊ တတိယ သူ မသေခင် ဆန္ဒကိုအပြေးအလွှားကြည့်ဖို့ရောက်လာတာလား?ပစ္စည်းတွေ ယူချင်လို့ပဲမဟုတ်လား?ငါ့မထီမဲ့မြင်ပြုတာလား? ဘော့စ်?”
တတိယအထပ် လှေကားထောင့်၌ရပ်နေသည့် စုဇီမိုသည် ပိန်ပိန်ပါးပါးဝတ်စုံ ၊အရပ်ခပ်မြင့်မြင့် ၊ဆံပင်အနည်းငယ်ကောက်ထားကာ ချည်နှောင်ထားသည့်လူ ဧည့်ခန်းထဲဝင်လာတာကိုမြင်လိုက်သည်။
ထိုလူက စုဂန်။စုဇီမိုရဲ့အဖေပင်။
"အစ်ကို၊ မင်းနဲ့မတွေ့တာကြာပြီ။မင်းရဲ့ရည်းစားအသစ်ကို ဒီနေ့ပြန်မခေါ်လာဘူးလား? " ဒုတိယဦးလေးယဥ်ကျေးစွာ နှုတ်ဆက်နေပုံရသော်လည်း သူ့အသံမှာ အနည်းငယ် ကို့ရို့ကားယားဖြစ်နေ၏။“အဖိုးအိုရဲ့ဆန္ဒက အရေးကြီးတယ်၊မင်းစိတ်မပူဘူးလား?”
"ငါ့မှာ ငွေရှာနိုင်စွမ်းမရှိဘူး၊ စုမိသားစုက ငါ့အတွက် အသုံးမဝင်ဘူး"စုဂန်သည် ရယ်မောရင်းပြောလာသည်။ "စုမိသားစုက ငါ့ကို ဖြုတ်ချလိုက်ရင် ကားအသစ်ဝယ်ဖို့ ငါ့မှာ ဘယ်လိုလုပ်ပိုက်ဆံရှိတော့မလဲ?”
"အစ်ကို၊ မင်းရဲ့စရိုက်ကို ငါသိတယ်။ဒီနေ့ အိမ်ရဲ့ အကြီးအကဲကို ဆုံးဖြတ်တဲ့အခါ မင်းရဲ့ဝေစုလည်း သေချာပေါက် မဆုံးရူံးစေရဘူး။" ဒုတိယဦးလေး၏စကား သည် ယဥ်ကျေးသောအသံဖြစ်သောလည်းစုဂန်ကို အစကတည်းက ပြိုင်ဘက်အဖြစ်မသတ်မှတ်ခဲ့ပေ။
"ဒုတိယသားက ငါ့ကို နားလည်နေတုန်းပဲ " စုဂန်မှ ပြုံးပြန်တယ်။"ဒါပေမယ့် စုမိသားစုရဲ့ စီးပွားရေးက ကြီးတယ်။မိသားစု ပိုင်ဆိုင်မှုအတွက် တိုက်ပွဲဝင်တဲ့ အချိန်ရောက်လာတော့ အိမ်ပြောင်းရွှေ့ရေး တိုက်ပွဲဝင်နေတဲ့ ကလေးတွေနဲ့ တူတယ်။ရုပ်ဆိုးတယ်"
“ဇီမို အရူးဖြစ်သွားရင် မင်းဘေးထွက်ရပ်မှာလား?” စုရှရဲ့အသံထွက်ပေါ်လာသည်။ “အခု သေမလား ရှင်မလား ဖြစ်နေတာ၊ငါ မင်းတို့ညီအစ်ကိုနဲ့ ငြိမ်းချမ်းရေးဂိမ်းဆော့ဖို့ စိတ်မဝင်စားဘူး။”
“သူက ငါ့သား၊ အရူးမဟုတ်ဘူး။” စုဂန်ရဲ့အသံ ရုတ်တရက်တင်းမာသွားတော့သည်။