Ch- 14: တံခါးဆီပြန်လာခြင်း။
၅ မိနစ်ကြာပြီးနောက် –
ပုံရိပ်သေးသေးလေး ရူံးနိမ့်သလို ဖြစ်နေစဥ် ‘ဒယ်ရာ’ လေ့ကျင့်ရေးအကယ်ဒမီ စားပွဲရှေ့ပိန်ပိန်ပါးပါးပုံရိပ်လေးသည် ရပ်နေကာစားပွဲအနောက် ဖွက်ထားသည့် ဗီဒိုတံခါးများကိုဖွင့်လိုက်သည်။
ဗီဒို တံခါးကိုဖွင့်ပြီးနောက်လူနှစ်ယောက်ရဲ့အပေါ်တွင် သပ်သပ်ရပ်ရပ်စုပုံထားသော အရာဝတ္ထုသေးသေးလေးများရှိနေသည်။အများစုမှာ အသုံးမပြုရသေးသည့် အသစ်စက်စက်ပစ္စည်းများဖြစ်နေသေးတာ တွေ့ရှိခဲ့သည်။မုန့်များ၊ အရုပ်များနှင့် ကျောင်းသုံးပစ္စည်းများဖြစ်သည်။တချက်ကြည့်ရုံနဲ့သိနိုင်သည်။
နှာခေါင်းထိပ်ပေါ် လျှောကျနေသည့် မျက်မှန်ကိုင်ထားရင်း စုဇီမိုသည် မျက်လုံးရှေ့ ထွက်ပေါ်လာသည့် ပစ္စည်းများ၏ မှတ်ချက်များကိုကြည့်ပီး ဖန်ဖန်း ကို ကိုင်ထားသည့် ဘယ်ဘက်လက်မှာ အနည်းငယ်တုန်ယင်နေ၏။
နေ့ချင်းညချင်း ချမ်းသာလာတော့ …ဘယ်လိုခံစားရသလဲ?
[အိပ်မက်ဆိုးကတ် ဗလာစာအုပ် (ကြယ်မပါ)
[အရေအတွက် : 20]
[ဈေးနှုန်း : 1ယွမ် ]
[ဖော်ပြချက်- သာမန်လေ့ကျင့်ခန်းစာအုပ်များအတွက်၊မျဥ်းများပေါ် တွင် အိပ်မက်ဆိုးမှတ်တမ်းများကို မှတ်တမ်းတင်နိုင်သည်]
[အိပ်မက်ဆိုးသကြားလုံးဘူး (အဆင့်သတ်မှတ်မထား)]
[အရေအတွက်- 10]
[စျေးနှုန်း- ၁ ယွမ်]
[ဖော်ပြချက်- အိမ်မက်ဆိုးအမှတ်တံဆိပ်မှ ထုတ်လုပ်သော သကြားလုံးသည် အလွန်ချိုမြိန်သော အရသာရှိပြီး ညနှောင်းပိုင်း အိပ်မက်အတွက် အခြားချိုမြိန်မှုမျိုးကိုလည်း ယူဆောင်လာနိုင်သည်။]
[ lollipop ကြီးကိုကိုင်ဆောင်ထားသော အိပ်မက်ဆိုးကတ် (ကြယ်မပါ)]
[အရေအတွက်- 5]
[စျေးနှုန်း- ၁ ယွမ်]
[ဖော်ပြချက်-အိမ်မက်ဆိုး အမှတ်တံဆိပ်မှ ထုတ်လုပ်သော lollipop သည် အလွန်ထူးခြားသော ချိုမြိန်သောအရသာရှိပြီး အိမ်မက်အတွင်း အခြားချိုမြိန်မှုမျိုးကိုလည်း ယူဆောင်နိုင်သည်။]
[ အိမ်မက်ဆိုး အမှတ်တံဆိပ်အတုယူဗားရှင်း Sunny Doll (ကြယ်မပါ) ]
[အရေအတွက်- 3]
[စျေးနှုန်း- ၁ ယွမ်]
[ဖော်ပြချက်- အတုအယောင်ဖြစ်လို့ ညံဖျင်းပေမဲ့နေသာသောနေ့များ တွင် ဆုတောင်းလို့မရသို့မဟုတ် ဖောက်သည်များကို ဆွဲဆောင်ရန်။သို့ပေမဲ့အိပ်မက်ဆိုးအမှတ်တံဆိပ်တစ်ခုမှ ထုတ်လုပ်ထားသောကြောင့်အထူးရာသီဥတုအချို့ကို ဆွဲဆောင်နိုင်သည်။]
[အိပ်မက်ဆိုး တယ်ဒီဝက်ဝံ(အဆင့်သတ်မှတ်မထား)]
[အရေအတွက်- 2]
[စျေးနှုန်း 2 ယွမ်]
[ဖော်ပြချက်-ညဘက်တွင် ကလေးများနှင့် အရုပ်များကိုတစ်ယောက်တည်း မထားတာအကောင်းဆုံးပဲ။နောက်တာနော် ]
[အိပ်မက်ဆိုး ကလေးများနာရီ (ကြယ်မရှိ)]
[အရေအတွက်- ၁]
[စျေးနှုန်း- ၁ ယွမ်]
[ဖော်ပြချက်- လူများအထူးနှစ်သက်သော ခေါ်ဆိုမှု လုပ်ဆောင်ချက်ကို ထည့်သွင်းထားသည်။ သို့သော် ဖုန်း၏အခြားတစ်ဖက်စွန်း ကိုယ်သိတဲ့လူ ဟုတ်မဟုတ်တော့ မသေချာဘူးနော်။သေချာပေါက် စနောက်ဖို့သပ်သပ်ဖြစ်သည်။]
“မင်း ဒီလိုမျိုးတွေ လိုချင်တာ သေချာလား?” ဖန်ဖန်း၏မီးခိုးရောင်မျက်လုံးများ ပြောင်းလဲသွားသည်။ထိုအချိန် သူသည် သာမန်အတိုင်းပြန်ပြောင်းလိုက်ပြီး သူ့ပုံစံမှာ အလွန်ရူပ်ထွေးနေသည်။
“ကျောင်းတွေမှာ ကျောင်းသားတွေအတွက် ဆုတချို့ ရှိတယ်။ဒါပေမဲ့ ဒါတွေက မသုံးတာအတော်ကြာပြီ ပြောရရင် ဒီအထပ်မှာ ကျောင်းသားမရှိဘူး။အဲလူတွေပြောတာမှန်တယ်။ ဒါ အိမ်မက်ဆိုးကမ္ဘာသပ်သပ်ပဲ မလွတ်မြောက်နိုင်ဘူး။”
စုဇီမို သည် ဖန်ဖန်းကိုကြည့်ပြီး ဖန်ဖန်းက လေ့ကျင့်သူတွေဆီက မသိသင့်တာတွေ သိလွန်းနေလို့ ထူးဆန်းနေတာဖြစ်မယ်လို့တွေးမိတော့သည်။
“ဒါတွေက ငါလိုအပ်တာတွေ အတိအကျပဲ” စုဇီမို သည် ပြုံး၍ခေါင်းညိတ်လိုက်သည်။
“ဒါဆို မင်းလိုချင်တာ ဘာများလဲ?” ဖန်ဖန်း က သူ့ထက်အရပ်ရှည်သည့် ဗီဒိုကိုကြည့်ကာ ကလေးများ သဘောကျသည့် လက်ဆောင်ပစ္စည်းများအပေါ်စိတ်ဝင်စားမှုကင်းမဲ့နေသည်။စုဇီမို ဘာလို့ ဒါတွေကိုလိုချင်နေသလဲ သူလည်းမသိပါ။
"အရာရာလိုအပ်တယ်။" စုဇီမို ဂီတစာရွက်နှင့်အနက်ရောင်ထီးကိုအရှေ့က စားပွဲခုံတွင် ဂရုတစိုက်ချ၍ လွယ်ထားသည့် အိတ်ကို ချပြီး ဇစ်ဖွင့်လိုက်ရာ အလွန်ကြီးမားသောတောင်တက်အိတ်၏မူရင်းပုံသဏ္ဍာန် သို့ပြောင်းလဲသွား၏။ဗီဒိုထဲက ပစ္စည်းအားလုံးထည့် ဖို့ပြသာနာမရှိပါပေ။
ဖန်ဖန်း :“...”
စုဇီမို သည် အရင်ဆုံး အပိုင်းအစလေးများကို အိတ်ထဲအရင်ထည့်၍ အရေးကြီးသည့်အရာနှစ်ခု မပျက်စီးစေဖို့ နောက်ဆုံး အနက်ရောင်ထီးနှင့် ဂီတစာရွက်ကိုထည့်လိုက်သည်။
အနက်ရောင်ထီးများနှင့်တေးဂီတနုတ် တွင် ကြယ်ပွင့်များမရှိပဲ တခြားအရာများနဲ့အနည်းငယ်ကွာခြားတာသိသော်လည်း စုဇီမိုရဲ့စရိုက်အရ ဂရုစိုက်ဆဲဖြစ်သည်။
ထိုအခိုက်အတန့် တောင်တက်အိတ်ထဲပစ္စည်းအပြည့်ကိုကြည့်ရင်း ထပ်တိုးအလေးချိန်ကိုမခံစားမိပါ။ ‘အန်းယုယွီယု’ ဆိုင်ထဲက တည်ရှိသည့်ပစ္စည်းများကို နှိုင်းယှဥ်မိသည်။ဒီတခေါက် အမြတ်က ကြီးမားလှသည်။
စုဇီမိုသည် တောင်တက်အိတ်ကို ကောက်လွယ်ကာ သူ့အရှေ့က ဘာမှမကျန်တော့သည့် ဗီဒိုအလွတ်ကို တွေးတောနေသည့်မျက်နှာအမူအရာဖြင့် ကြည့်နေ၏။
ဖန်ဖန်းတစ်ယောက် ရူပ်ထွေးနေသည့်အကြည့်ဖြင့်ကြည့်နေစဥ် စုဇီမိုသည် ရုတ်တရက် သူ့အင်္ကျီလက်ကြယ်သီးကို ယူကာ စားပွဲအရှေ့၌ ထားလိုက်သည်။လက်ကြယ်သီးကို သလင်းကျောက်ဒါမှမဟုတ် zircons, ဖြင့် မွန်းမံထားသော်လည်း စစ်မှန်သည့် သေးငယ်သည့်စိန်အနည်းငယ်လည်း ပါဝင်သည်။
အဖိုးတန်ရတနာတွေမဟုတ်ပေမယ့်စုဇီမိုရဲ့တောင်တက်အိတ်ထဲက ပစ္စည်းတွေထက်ပိုတန်ဖိုးရှိသည်။
အရင်တခေါက်က အိမ်မက်ဆိုးကမ္ဘာရဲ့ဟိုတယ်ကြီးဟာ အပျက်အစီးတစ်ခုလို ဆိုပေမယ့် အခု ရှိနေသည့် နေရာက သာမန်ရုံးခန်း အဆောက်အဦးတစ်ခုလို ဖြစ်နေတာကြောင့် ဒီအရာတွေရှိမရှိ၊ဂရုစိုက်မဲ့လူ ရှိမရှိ မသိတာတောင်မှတစ်ခုခုချန်ထားခဲ့ရမယ်လို့ခံစားမိသည်။
သူ့ခန္ဓာကိုယ်မှာ ချုးတပြားတောင်မရှိပါ။သူ့မှာ တန်ဖိုးတချို့ ရှိရမယ်ဆိုရင် သူ့ခန္ဓာကိုယ်ပေါ် က ၎င်းက တန်ဖိုးတစ်ခုလောက်တော့ရှိနိုင်သည်။
အချို့သော ကုန်ပစ္စည်းများထက် ဈေးနှုန်းများ မြင့်မားသော်လည်းစုဇီမိုက စိန်မလိုအပ်ဘူး။သို့သော် သူ့အရှေ့က ကုန်ပစ္စည်းများပဲလိုအပ်သည်။
အရာအားလုံးကိုစီစဥ်ပြီးနောက် စုဇီမိုသူ့နောက်ဘက်ရှိ စင်္ကြံ၏အနက်ရှိုင်းဆုံးအပိုင်းကို တစ်ချက်ကြည့်လိုက်သည်။သူနဲ့ ဖန်ဖန်း,တစ်ယောက် ဂီတစာသင်ခန်းက ထွက်သွားပြီး မကြာခင်တွင် မီးရောင်၊စန္ဒယားသံတွေနဲ့ စာသင်ခန်းထဲက လေ့ကျင့်သူတွေရဲ့အသံပျောက်ကွယ်သွားလေပြီဖြစ်သည်။
သူတို့ရဲ့ဒုတိယ မစ်ရှင်က ဘာလဲဆိုတာ စုဇီမိုမသိပါ။တကယ်လို့ သူတို့မစ်ရှင်က အိမ်မက်ဆိုးကမ္ဘာကလွတ်မြောက်ဖို့ ဒါမှမဟုတ်သရဲဘယ်သူဆိုတာ ခန့်မှန်းဖို့ဆိုရင်တော့ ဂေါင်ရန်ကလွဲလို့ ကျန်သည့်လေ့ကျင်သူများအားလုံး လွတ်မြောက်လောက်သည်။
ဂေါင်ရန်ကတော့ အဲနေရာမှ ပိတ်မိနေခဲ့သည်။
“သွားစို့” စုဇီမို သည် သူ့အရှေ့ကဖန်ဖန်းဆီ ဘယ်လက်ကမ်းလိုက်သည်။လက်သေးသေးလေးနဲ့လက်ကြီးကြီးဆုပ်ကိုင်ပြီးနောက် စုဇီမိုက သူ့အနောက်က အေးစက်နေသည့် တံခါးလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်။
ဖန်ဖန်းက တကယ်ကိုအိမ်မက်ဆိုးကမ္ဘာထဲက သရဲ ဖြစ်ပြီး အိပ်ရာထဲ လှဲလျောင်းနေသူကလည်း သူပဲဖြစ်သည်။အခုတော့ ‘သေခြင်းဂီတ’ကို ဖန်တီးသူဖြစ်ပေသည်။!
အစကနေ အခုအထိ စုဇီမိုတွင် ဒါကိုသက်သေပြဖို့လုံလောက်သည့်သက်သေနောက်ဆုံးတော့ ရှိလာခဲ့ပြီဖြစ်သည်။
ပြောရရင်ဖန်ဖန်း,တစ်ယောက် စုဇီမိုကို တချိန်လုံးနီးနီးကပ်ကပ်ကြည့်နေချိန် အနောက်က တံခါးကမပျောက်ကွယ်ခဲ့ပါ။
သူ့အနောက်က တံခါးကိုဖွင့်ဖို့ လက်ဆန့်ထုတ်ချိန် စုဇီမိုသည် ဖန်ဖန်းရဲ့မယုံနိုင်ဖွယ်မျက်လုံးကြီးများကိုကြည့်၍ တံခါးထဲဆွဲခေါ် သွားတော့သည်။
"ဒါဘာလဲ?! ဘယ်လိုလုပ်ပြီး .. .ဘယ်လိုဖြစ်ရတာလဲ..."ဖန်ဖန်း သည် စုဇီမိုရဲ့အနောက်က တံခါးကိုမြင်လိုက်ပုံပင်။ဖန်ဖန်း,တစ်ယောက် မေးရိုးပြုတ်ကျမတက် အံ့အားသင့်နေပြီး လှပသည့်သူ့မျက်ဝန်းတွေက ပြူးကျယ်နေသည်။ “မင်း ဘယ်သူလဲ?”
“လက်ရှိတော့ ဒါက ဆိုင်သေးသေးလေးပေါ့”
စုဇီမို သည် ‘အန်းယုယွီယု’ ဆိုင်ထဲသို့ ပြန်ဆုတ်ခဲ့သည်။စုဇီမိုသည် ဘေးတံခါးကိုဖြတ်၍ ဖန်ဖန်း,တစ်ယောက် “ဒယ်ရာ” လေ့ကျင့်ရေးသင်တန်းကျောင်းရဲ့ကောရစ်ဒါမှ တလှမ်းချင်းလျှောက်လာတာကိုကြည့်နေခဲ့သည်။
စုဇီမိုရဲ့ ဘယ်ဘက်လက်အနည်းငယ်ဖိအားခံစားရပြီး ချက်ချင်းဆိုသလို ဖန်ဖန်းလေးနဲ့အတူဝင်ရောက်လာခဲ့သည်။
သို့သော်စုဇီမိုကိုအံ့အားသင့်စေတာက မျက်နှာပေါ် အမြဲတမ်းအံ့အားသင့်ပြီးသံသယတွေရှိနေတက်သည့် ဖန်ဖန်းသည်ရုတ်တရက် ထိုင်ချပြီး ဘေးပတ်လည် ကြည့်ကာမပြုံးတော့။
"အရမ်းအဆင်ပြေတယ်..."ကလေးတစ်ယောက်ရဲ့မျက်နှာပေါ်က စိတ်ပန်မှုတွေ ပျောက်ကွယ်သွားကာ ပျင်းရိနေသည့် ကြောင်လေးလို ဆောင့်ဆောင့်ထိုင်ရင်း ပြောလာသည်။“ အရမ်းသက်တောင့်သက်သာရှိလိုက်တာ ဒီနေရာက အရမ်းသက်တောင့်သက်သာရှိလိုက်တာ… ”
“ ဖန်ဖန်း ?”
စုဇီမို၏လက်များ လွတ်သွားသည်နှင့် တပြိုင်နက် နံရံကို ညင်သာစွာ ဆုပ်ကိုင်ထားသော ကလေးငယ်ကို တွေ့လိုက်ရပြီး နောက်ဆုံးတွင်အနည်းငယ် လျှောကျလာကာ ပုဇွန်လေးတစ်ကောင်လို ကွေးကောက် ဆန့်တန်းကာ ထိုနေရာတွင်
လဲလျောင်းနေတာတွေ့လိုက်ရသည်။
“ဒါ ဘယ်နေရာလဲ? ငါ တကယ်အိပ်ချင်နေပြီ။ကောင်းလိုက်တာ .. ငါမအိပ်ရတာ ဘယ်လောက်ကြာပြီလဲဆိုတာ ငါတောင်မသိတော့ဘူး” ဖန်ဖန်း သက်တောင့်သက်သာရေရွတ်ရင်း သူ့ခန္ဓာကိုယ်ဟာလည်း သာမန်လူတစ်ယောက်လို တဖြေးဖြေးပြောင်းလဲလာလေသည်။
“ကော ငါ နည်းနည်းချင်အိပ်ချင်တယ် ရလား?”
ခန္ဓာကိုယ်သည် ကြည်လင်လာပြီးနောက်ဖန်ဖန်း သည်လက်ကလေးကို ဆန့်ထုတ်လိုက်ပြီး အလွန်ကျေနပ်သော အပြုံးဖြင့် ပြောလာသည်။"ကျေးဇူးတင်ပါတယ် ကော၊ ဒီနေရာ အရမ်းကောင်းတယ်။မင်းမှာ စန္ဒယားရှိရင် ကောင်းမယ်.. နိုးလာရင် ငါ မင်းနဲ့အတူ ရှိချင်သေးတယ် .. အာ....”
ဖန်ဖန်းရဲ့စကားတွေ မပြီးပြတ်သေးဘဲ သူ့ခန္ဓာကိုယ်ဟာ စတိုးဆိုင်ထဲက လေထုနဲ့ ပေါင်းစပ်သွားကာပျောက်ကွယ်သွားတော့သည်။
စုဇီမိုသည် ဖန်ဖန်းကိုဖမ်းဆုပ်ချင်ပေမဲ့ ပုံရိပ်လေးသည် လုံးဝမှေးမှိန်သွားကာဖန်ဖန်း လှဲလျောင်းသည့်နေရာတွင် အနည်းငယ်အိုဟောင်းနေသည့် စာမျက်နှာတစ်ခုသာ ကျန်ရစ်ခဲ့သည်။
သူသည် စတိုးဆိုင်၏ဘေးတံခါးကိုပိတ်၍ ထိုစာရွက်ကို ကောက်ယူကြည့်လိုက်ရာ တေးဂီတ နုတ်ရဲ့ စာအုပ်အဖုံး ဖြစ်သွား သည်ကို တွေ့ရသည်။
သီချင်းဂီတရဲ့ အမည်မှာ "DreAm" (အိပ်မက်) ဖြစ်ပြီး ဖန်တီးသူ၏အမည် မှာ ‘ဖန်ဖန်း’ဟူ၍ပင်။
နာမည်သည် လက်ရေးဖြင့်ထိုးထားသည်မှာ သိသာထင်ရှားသည်။သို့သော် ဒါဟာ ကလေးဆန်ပြီး အရွယ်မရောက်သေးတဲ့ စာလုံးပုံစံ လုံးဝမဟုတ်။ထို့အစား သပ်ရပ်ပြီးအချိန်အကြာကြီး လေ့ကျင့်ထားမှန်းခံစားမိသည်။ ဒါက ‘သေခြင်းဂီတ’ ရဲ့ပျောက်ဆုံးနေသောမျက်နှာဖုံးစာမျက်နှာဆိုတာ လုံးဝသေချာသည်။
အခု မျက်နှာဖုံးနဲ့ဆိုရင် စုဇီမိုပိုင်ဆိုင်သည့် တေးဂီတနုတ်သည် အခုအချိန်ပြည့်စုံသွားပြီဖြစ်သည်။
ဖန်ဖန်း,တစ်ယောက် ဘာဖြစ်သွားသည်ကိုမသိသော်လည်း စုဇီမိုသည် ‘ယုယွီယု’ သို့ ဝင်ရောက်ချိန် ဂီတတွင် ယာယီ ပါဝင်ကာ ယာယီအိပ်ပျော်သွားဟု ယုံကြည်သည်။
ဒါကိုစဥ်းစားရင်း စုဇီမို သက်သာရာရစွာ သက်ပြင်းချပြီးဘာမှမရှိသေးသည့် ‘အန်းယု’ ရဲ့ထောင့်ပတ်လည်ကိုကြည့်လိုက်သည်။
ဒီဆိုင်မှာ စန္ဒယားတစ်လုံး ပျောက်နေတယ်လို့သူတွေးမိသည်။ ဆိုင်ထောင့်နေရာသည် ထပ်တဆိတ်သွားခဲ့ကာ စုဇီမို တစ်ယောက် ထဲ ဆိုင်အလွတ်ထဲရှိနေခဲ့ပြီး တစ်ယောက်တည်း ကြိုကြားကြိုကြား ပစ္စည်းများရှိနေသည့် စင်နှစ်ခုကိုကြည့်မိသည်။
အိပ်မက်ဆိုးကမ္ဘာ၏ "စွန့်စားခန်း" ကြောင့်တုန်လှုပ်နေသည့် နှလုံးသားသည် "အန်းယုယီယု’ ပြန်ရောက်ချိန်မှာတော့ တဖြေးဖြေးတည်ငြိမ်သွားခဲ့သည်။ စုဇီမို လွယ်ထားသည့် ကျောပိုးအိတ်ထဲမှ အရင်ဆုံး ထီးနှင့်ရောင်းမရသည့် တေးဂီတနုတ်ကို ဘေးက ကောင်တာပေါ်ကိုတင်လိုက်သည်။ထို့နောက် ကျန်သည့် ပစ္စည်းများ ထုတ်လိုက်သည်။
[ဆိုင် : အန်းယုယွီယု (အားယုယုယု )]
[ဆိုင်ပိုင်ရှင်-စုဇီမို ]
[ကျန်ရှိ နေ့ရက် : 362 ရက်]
[စင် နံပါတ်- 1(ကြယ်မပါ) ပမာဏ- 46/50]
[စင်နံပါတ် 2 (ကြယ်တစ်ပွင့်) စွမ်းရည်- 0/20]
ကုန်ပစ္စည်းအားလုံးကို စင်ပေါ်၌ အလိုအလျောက် စီခွဲပြီးနောက်၊"1 ယွမ်"လို့ ရေးထားသော စျေးနှုန်းတံဆိပ်များ ထုတ်ကုန်များရှေ့တွင် အလိုအလျောက် ပေါ်လာသည်။ကြယ်ပွင့်မရှိသည့် ထုတ်ကုန်အားလုံးကို ထည့်သွင်းထားပြီး စတိုးဆိုင်၏ ကွန်ပျူတာရှိ ဒေတာများလည်း တာဝန်ကျေကျေ အပ်ဒိတ်လုပ်ထားသည်။ကြယ်ပွင့်မရှိသည့်ထုတ်ကုန်များအတွက် နံပါတ် ၁ စင်အတွက် အသုံးပြုသည်။အခု နေရာလွတ် လေးခုကျန်သေးသည်။ ဆိုင်ပိုင်ရှင်အသစ် စုဇီမိုအတွက် ဒါကတကယ်ကိုရိတ်သိမ်းမှုကြီးပင်!
စတိုးဆိုင်တွင် လည်ပတ်စွမ်းအင်မရှိသောကြောင့် ဥာဏ်ရည်ထက်မြက်သောစနစ် မပေါ်သေးပေ။စုဇီမို သည် အရှေ့တံခါးဆီလျှောက်လာကာ ဒီတခေါက်ပစ္စည်းများက သူ့ကို ဒီကထွက်သွားလို့ရနိုင်မလားဟု သိချင်မိသည်။
ဆိုင်ရှေ့တံခါး ဖွင့်လို့မရတာသိပြီးနောက် စုဇီမိုသည် ကောင်တာဘေးရှိ အနောက်တံခါးဆီ လျှောက်လာသည်။
ဆိုင်၏နောက်ဘက်တံခါးအနီးတွင် ရွေးချယ်ရန် အီလက်ထရွန်းနစ်စခရင်မရှိသောကြောင့် သူလုပ်နိုင်သမျှမှာ တံခါးအဝိုင်းလက်ကိုင်ကို ကိုင်ထားပြီး အရင်လိုလှည့်ဖွင့်ဖို့ဖြစ်ပေမဲ့ တံခါးမဖွင့်နိုင်လျှင် စိတ်ပျက်မှာကိုလည်း စိုးမိသည်။
“ကလစ် !"
ထိုအချိန် တံခါးဖွင့်သွားခဲ့သည်။
ခဏစိတ်မလည်လာသေးသည့် စုဇီမိုသည် ဆိုင်ထဲ ဇဝေဇဝါရပ်နေမိကာ တံခါးတဖက်ကိုလှမ်းကြည့်လိုက်သည်။
တံခါး၏အခြားတစ်ဖက်တွင် သူနဲ့ အလွန်ရင်းနှီးသည့် အိပ်ခန်းတစ်ခုရှိသည်။ မတွေ့တာ ခဏပဲကြာသေးပေမဲ့ သူ ကျောင်းသားဘဝတည်းက အသုံးပြုခဲ့သည့် အိပ်ခန်းကိုတော့ သဘာဝကျစွာမှတ်မိသည်။
စတိုးဆိုင်ရဲ့ဘေးတံခါးမထင်မှတ်ထားတဲ့ အိပ်မက်ဆိုးကမ္ဘာကြီးဆီ ဦးတည်သွားတယ်လို့ ဘယ်သူထင်မှာလဲ။
ကောင်တာဘေးရှိ နောက်တံခါး သည် စုမိသားစုရဲ့အိမ် စုဇီမိုရဲ့အိပ်ခန်း ဆီ ဦးတည်လေသည်။!
အိပ်ခန်းတံခါးအပြင်ဘက်တွင် တစ်စုံတစ်ယောက်၏ တီးတိုးသံကိုပင် ကြားနေရသည်။