Chapter 16:သခင်လေး လှုပ်ရှားလာတယ်?
“သူက ငါ့သား၊ အရူးမဟုတ်ဘူး။”
သူ့အဖေ ပြောတာကြားသောအခါ စုဇီမိုရဲ့နှလုံးခုန်သံ မြန်လာ၏။လွန်ခဲ့သည့် ၄ နှစ်တည်းက အပြင်ဘက်တွင်စုဂန်မှာ အဖေတူအမေကွဲ သမီးနှစ်ယောက်ရှိနေသည်ကို မြင်ယောင်ကြည့်မိသည်။
"“မင်းမှာ ရူးကြောင်ကြောင် သားရှိတယ်ဆိုတာ မှတ်မိတယ်ပေါ့? မင်းရဲ့သားက စုဟဲဝမ် လို့ ပြောမယ်လို့ထင်နေတာ”စုဇီမိုရဲ့ဦးလေးကပြောလာသည်.
စုဂန် မှ ပြန်မဖြေပါ။စုဇီမိုသည် ကြမ်းတမ်းသည့်ဦးလေး ဆက်ပြောတာကိုနားထောင်နေခဲ့သည်။
“အဖိုးအို မင်းကိုပေးတဲ့ နည်းပညာမြင့်ကုမ္ပဏီကို မင်း စုဟဲဝမ် နဲ့ထားခဲ့တယ်မလား? အဲဒီကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုး ဘယ်လောက်လဲ မင်းသိလား? အပြင်လူကို ပိုက်ဆံပေးရတာ အရမ်းလုံခြုံရဲ့လား?”
“ပထမအချက် စုဟဲဝမ်က အပြင်လူမဟုတ်ဘူး။ဒုတိယအချက် ကုမ္ပဏီက ငါ့အပိုင်၊ အရင်းအနှီးကလည်းငါ့ အပိုင်။စုဟဲဝမ်က စီမံခန့်ခွဲဖို့ ကူညီပေးတာ”
"အိုး? ကုမ္ပဏီမှာ နောက်ဆုံး ဆုံးဖြတ်ချက်ချနိုင်တဲ့ သူက ဘယ်သူများလဲ? သူက မင်းထင်ထားတာထက် အများကြီး ပိုလုပ်နိုင်တယ်။" ဦးလေးက နှာခေါင်းရူံ့လေသည်။"အစ်ကို၊ ကာကွယ်ရေးက မရှိမဖြစ်လိုအပ်တယ်"
"ဘာပဲဖြစ်ဖြစ် မှားမယ်မထင်ဘူး။စုဟဲဝမ်မှာရောစပ်နိုင်တဲ့ အရည်အချင်း ရှိတယ်။ကုမ္ပဏီကိုသူ့လက်ထဲ လွှဲသွားပြီလို့ ပြောလို့ရတယ်။ငါ့ပိုက်ဆံကလည်း မကြုံစဖူး များပြားလွန်းပြီး ဘဝကို အဆင်ပြေပြေမနေနိုင်စရာမရှိဘူး။”စုဂန်ကျဲ သည် ခန်းမထဲက ဆိုဖာပေါ် တိုက်ရိုက်ထိုင်ချ၍ အချိန်အတော်ကြာ ဝိုင်းရံခံနေရသည့် ရှေ့နေကိုကယ်တင်သည်။ "ငါ့သားကို ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ကောင်လေးကို ကျေးဇူးတင်ရမယ်၊ မဟုတ်ရင် မျက်လုံးအောက်မှာတင် အနိုင်ကျင့်ခံရလိမ့်မယ်!"
တတိယထပ်တွင် ရပ်နေသော စုဇီမို၏စိတ်မှာ တင်းမာသွားပြန်သည်။
"ငါတို့အစ်ကို၊မင်းမျက်လုံးထဲမှာ တောရိုင်းမျိုးစေ့လောက် မကောင်းဘူးလား" ဦးလေး၏ အသံသည် ထူးထူးခြားခြားတိုးလျလှသည်။
“အပြင်လူက ငွေနဲ့ အာဏာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားဆဲလေ၊ မင်းက မြင်ရင်တောင် ဂရုမစိုက်ဘူး၊ ကုမ္ပဏီတောင် မသွားဘူး။အခုတော့ အပြင်က စုဟဲဝမ်က မင်းကို ပလေးဘွိုင်တစ်ယောက်လို သဘောထားနေတုန်းပဲ။"
စုဂန် မှ "ငါက အမြဲတမ်း စီးပွားမရှာတတ်တဲ့ကောင်ပဲ ၊မင်းဆိုလိုတာတဲ့အတိုင်း ငါလုပ်သင့်တာလား? ငါ ကုမ္ပဏီကို စီမံခန့်ခွဲမှာ မဟုတ်ဘူး"
"ငါ ကူညီနိုင်တယ်။ ငါ့လက်ထဲက ကုမ္ပဏီရဲ့ လွှမ်းမိုးမှုကို မင်းလည်း သိသားပဲ၊မင်းရဲ့ ရှယ်ယာတချို့ကို ငါ မျှဝေမယ်၊ ပြီးတော့ငါ့ကို နည်းပညာ ကုမ္ပဏီတွေရဲ့ ရှယ်ယာတချို့ပေး။ဒီနည်းနဲ့ နှစ်ဖက်စလုံးမှာ အမြတ်ဝေစုတွေ ရနိုင်မယ်မလား?မင်းကုမ္ပဏီကိုလည်း စီမံခန့်ခွဲပေးမယ်လေ။”
"ပျင်းဖို့ကောင်းလွန်းတယ်။"စုဂန်,မှာ လုံးဝ မတုန်မလှုပ် ဖြစ်နေပုံပင်။"အဖေကငါတို့ကိုကုမ္ပဏီ ပျိုးထောင်ဖို့ပြောခဲ့တဲ့အခါရေသာခိုပြီး အဆိုးဆုံးနဲ့အလားအလာအနည်းဆုံး ကုမ္ပဏီကို ပေးခဲ့တယ်။မင်းကတော့ အဲအချိန်က ငါ့ကိုကူဖို့မတွေးခဲ့ဘူး။အခုစုဟဲဝမ်က ကုမ္ပဏီကိုကောင်းကောင်း ဂရုစိုက်နေတယ် ဆိုတော့ လူတိုင်းက မျှော်လင့်ချက်ထက်ကျော်လွန်နေကြတယ်။ ငါသူ့ကို ပြသာနာပေးဖို့မလိုအပ်ဘူး။”
"ရိုးရိုးသားသား ပြောရရင် ဒီကုမ္ပဏီဟာ အစတုန်းက လုံးဝတန်ဖိုးမရှိခဲ့သလို အကြွေးတောင် များနေခဲ့တာ။အခု ကုမ္ပဏီမှာရှိတဲ့ အရာအားလုံးကို စုဟဲဝမ်လုပ်ခဲ့တဲ့အပြင် သူ့ရဲ့ ထောက်ပံ့အားကိုးရတဲ့ပလေးဘွိုင်း ငါ့ကိုလည်း ပံ့ပိုးပေးခဲ့တယ်။တစ်နေ့ကျရင် ကုမ္ပဏီရဲ့ရှယ်ယာပိုကောင်းလာလိမ့်မယ်လို့ ငါခံစားရတယ်” စုဂန် သည် ဆေးပြင်းလိပ်ထုတ်ကာပြောလိုက်သည်။ “ပြောရရင် ငါသေရင် သူတစ်ယောက်တည်းကပဲ ဇီမိုကိုစောင့်ရှောက်ဖို့ငါ့ကိုကူညီနိုင်မှာ”
"မင်း အရူးပဲ! အဲဒီကုမ္ပဏီနဲ့ အသစ်ထပ်ထည့်ထားတဲ့ လုပ်ငန်းခွဲတန်ဖိုးကို မင်းမသိဘူး!" ဦးလေး ၏လေသံသည် ပျော့ပြောင်းသည့် လေသံမှ မုန်းတီးသည့်လေသံအဖြစ်ပြောင်းလဲသွားလေသည်။
သို့သော် စုဂန် က ပြုံးနေပြီး ဘာမှမပြောပါ။
စုဇီမို သည် ခန်းမငြိမ်ကျသွားသည်ကိုကြည့်ရင်း တတိယအထပ်မှ ဒုတိယထပ်ဆီ လျှောက်လာသည်။
ဒုတိယထပ်ရဲ့ နေရာအများစုသည် အဘိုးစုဇီမို၏နေရာ၊ အိပ်ခန်းများ၊ စာကြည့်ခန်း၊ လက်ဖက်ရည်ခန်း၊ ရှေးဟောင်းအခန်း စသည်တို့ဖြစ်သည်။အကျွမ်းတဝင်ရှိသော အခန်းများကို ကြည့်လိုက်ရာ စုဇီမိုသည် သူ့ကလေးဘဝနှင့် ကျောင်းနေစဥ်အချိန်များကို အမှတ်ရမိသည်။ ဒုတိယ အထပ်ရှိ အခန်းများကို ဖြတ်လျှောက်ဖူးတာတွေ၊ တစ်ခါတလေ ဆိုးလွန်းလို့ အဖိုးအိုရဲ့ တစ်ခါတစ်ရံဆုံးမသံတွေနားထောင်ဖူးတာတွေ အမှတ်ရလာသည်။
အတိတ်ရှိ ထိုအမှတ်တရများနှင့် ငြီးငွေ့ဖွယ်ကောင်းသောသင်ကြားပို့ချမှုများသည် အသုံးမကျပေမဲ့ စုဇီမိုအတွက် မရှိမဖြစ်လိုအပ်သည်။
စုဇီမို သည် အဖိုးဖြစ်သူရဲ့အခန်းရှေ့ ရပ်လိုက်သည်။သူက တံခါးကိုရိုးရှင်းစွာနှစ်ကြိမ်ခေါက်၍အထဲသို့ဝင်လာခဲ့သည်။စုဇီမိုကို အံ့အားသင့်စေတာက အခန်းထဲဘယ်သူမှမရှိခြင်းပင်။
အဘိုးကြီး၏ ချစ်လှစွာသော ရှေးဟောင်းရတနာများကို ဖယ်ရှားထားသည်။အရှေ့က အခန်းက စုဇီမိုရဲ့အခန်းနဲ့ဆင်တူသည်။ရိုးရှင်းသော ကြမ်းပြင်မှ မျက်နှာကြက်အထိ ရှည်လျားသည့်ပြတင်းပေါက်များနှင့် လိုက်ကာလများရှိတယ်။လွန်ခဲ့သည့် နှစ်အနည်းငယ်က စုဇီမို စိုက်ခဲ့တဲ့ အစိမ်းရောင်အပင်များလည်း ရှိသည်။၎င်းတို့သည် ကောင်းကောင်း ရှင်သန်လျက်ရှိသည်။
ဒါ အဖိုးစု၏ မြေး ရဲ့ စတိုင်ဆိုတာ စဥ်းစားကြည့်လို့ရလေသည်။
အခန်းအလယ်ရှိ ကုတင်ကြီးပေါ်တွင်၊IV(ဆေးရည်) သွင်းနေသည့် ပိန်ပိန်ပါးပါး အဖိုးအိုကို တွေ့ရသည်။ စုဇီမိုရဲ့ မှတ်ဥာဏ်ထဲရှိ အားမာန်အပြည့်နဲ့ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသည့်အဖိုးအို မဟုတ်တော့သည့် အဖိုးအိုဟာမျက်လုံးတွေမှိတ်ထားပြီး လဲလျောင်းနေသည်။
"အဘိုး...အဘိုး?"
စုဇီမိုသည် အနက်ရောင်ထီးကိုချ၍ တီးတိုးဆိုကာ ကုတင်ဘေးက ထိုင်ခုံ၌ဝင်ထိုင်လိုက်သည်။
ကုတင်ပေါ်တွင် လဲလျောင်းနေသော အဘိုးအိုက ဘာမှ မတုံ့ပြန်ပါ။ထို့အစားအိပ်ခန်းတံခါး ရုတ်တရက် ဖွင့်သွားကာ အင်္ကျီဖြူဝတ်ထားတဲ့ ဆရာဝန် အမျိုးသမီးသည် ဖုန်းကြည့်ရင်း အပြင်ကနေ ဝင်လာသည်။
"အာ !" အမျိုးသမီးဆရာဝန် က စုဇီမိုကို မော့ကြည့်ကာ မျက်မှောင်ကြုံ့၍မေးလာသည်။"မင်းက ဘယ်သူလဲ၊ လူနာကို မနှောင့်ယှက်ရဘူးလို့ ပြောထားတယ် မဟုတ်လား”
အမျိုးသမီးဆရာဝန်၏ အသံ အကြောင့် အပြင်ဘက်က သူနာပြုမှာ သတိကပ်သွားပြီး ဝင်လာသည်။
ဝတ်ရုံဝတ်စားဆင်ယင်ထားသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး လည်း လိုက်ပါလာသည်။
စုဇီမို မှတ်မိတာ မှန်ရင် ဒီအိမ်ထိန်းရဲ့မျိုးရိုးက ‘ပိုင်’ ဖြစ်ပုံပင်။သူ့အခန်းအပြင်ဘက် အတင်းပြောတဲ့တစ်ယောက်။
“... သခင်လေး?!!!!!!"
စုဇီမိုကို ရှင်းရှင်းလင်းလင်းမြင်သောအခါ အိမ်ထိန်း သည် သရဲတစ်ကောင်မြင်သလိုမျိုး ကြောက်လန့်သွားတော့သည်။အိမ်ထိန်းသည် ဘေးက ဗီဒိုနားသို့ တိုက်ရိုက်ပြေးကာ စုဇီမိုရဲ့မျက်နှာကိုသေချာကြည့်နေလေသည်။
“သခင်လေး?စုမိသားစုရဲ့ဘယ်အငယ်ဆုံး သခင်လေးလဲ?”အမျိုးသမီးဆရာဝန် သည် စုမိသားစုရဲ့အခြေအနေကို နားလည်ပုံမပေါ် ပေ။ထိုအချိန် ထိုအမျိုးသမီးလည်း စိတ်ရူပ်ထွေးနေသည်။ “သူက စုဟဲဝမ်နဲ့မတူဘူး”
စုဇီမိုရဲ့မှတ်ဥာဏ်ထဲသွေးသားမတော်စပ်သည့် ညီအစ်ကိုသည် စုမိသားစု ကမဟုတ်ပေ။
စုဂန် နဲ့ စုဇီမို တို့နှစ်ယောက်သည် ရုပ်မတူကြပါ။စုဇီမို သည် စုမိသားစုရဲ့နာမည်ကြီး ပလေးဘွိုင်းနဲ့မတူပဲ စောစီးစွာ ဆုံးပါးသွားတဲ့ မိခင်နဲ့ပိုတူတာကြောင့် သူ့အသွင်အပြင်က ပိုမိုသိမ်မွေ့သည်။မွေးစားကလေးဖြစ်သည့် စုဟဲဝမ် သည် မျက်နှာသွင်ပြင်တစ်မျိုးဖြစ်ပြီး စုဇီမို မှတ်မိတက်စအရွယ်တည်းက ငယ်ရွယ်ပြီး ရင့်ကျက်နေပြီဖြစ်ကာ ကြည့်ကောင်းသော်လည်း ကြည့်ရဆိုးသောလူထဲပါဝင်သည်။
စုဇီမို သည် ငယ်စဥ်တည်းက ချဥ်းကပ်လို့မရသည့် ခက်ထန်သည့်ခံစားချက်မျိုးရှိသည်။
"အား..!" သို့သော အိမ်ထိန်းသည် ဆရာဝန်ကိုဂရုမစိုက်ပဲ ထို့အစား စိတ်ဆိုးနေသည့် မဒမ်တစ်ယောက် လို အော်တော့သည်။
“သခင်လေး!ဒါ သခင်လေးပဲ !ဟုတ်တယ် သခင်လေးပဲ ! သခင်လေး လှုပ်ရှားနိုင်ပြီ !!!"
“ဆူတယ် လူနာကို မနှောက်ယှက်နဲ့ !” အမျိုးသမီးဆရာဝန်သည် သွားကြိတ်၍ တံခါးကို ပိတ်လိုက်သည်။
တံခါးအပြင်ဘက်က အိမ်ထိန်းရဲ့ အသံကြောင့် စုမိသားစုရဲ့ တစ်ခုလုံး ရူပ်ထွေးသွားခဲ့တော့သည်။