no

Font
Theme

Chapter 5 : တောင်းပန်ပါတယ်

'ကျန့်မင်'၏အေးစက်သောအပြုံးကိုကြည့်ရင်း စုဇီမို၏နှလုံးခုန်နှုန်းမြန်ဆန်လာပြီး နောက်ဆုံး ကြောက်ရွံ့မှုခံစားလိုက်ရသည်။

အစတည်းကနေ အခုလက်ရှိ အထိ ပင်ပန်းနွမ်းနယ်နေသည့်မျက်နှာက လွဲပြီး စုဇီမို သည် ထိတ်လန်သည့် စိတ်ခံစားချက်မပြသခဲ့ပါ။

ဘာလို့လဲဆိုတော့ ထူးခြားဆန်းကြယ်တဲ့အရာများ သူ့ဆီမှာဖြစ်ပျက်လွန်းတော့သူ့ဘေးပတ်လည်ကအရာတွေ မအံ့ဩမိပေ။

ဘာလို့လဲဆိုတော့သူ့ဘဝက လက်တွေ့မဆန်ဘူး။

သူဆီမှာ ဖြစ်ပျက်နေသည့်အဖြစ်အပျက်တွေက အိပ်ရာပေါ် မှာအရူးတစ်ယောက်လိုလှဲနေ၍မက်မြင်နေသော အိမ်မက်လိုမျိုးပင်။

ဒါအိမ်မက်မဟုတ်တာ စုဇီမို သိသည်။ပြောရရင် နာကျင်မှု၊ပင်ပန်းနွယ်နယ်မှုတွေက လိမ်ညာတာမဟုတ်ပါ။အထူးသဖြင့် ခန္ဓာကိုယ်ထိန်းချုပ်နိုင်စွမ်းပြန်ရရှိလိုက်တဲ့စုဇီမိုအတွက် ပိုပြီး သေချာစေတာက သူအခုလမ်းလျှောက်နေတာပဲ။

ဒါ့အပြင် စုဇီမိုရဲ့တည်ငြိမ်မှုက တခြားအတွေ့အကြုံရှိတဲ့သူတွေနဲ့မတူပေ။ဒါ့အပြင် အမှန်တိုင်းပြောရင် "အန်းယုယွီယု" ဆိုင်ကလေး က သူ့အနောက်မှာ လုံးဝရှိနေသည်။သူ့ကို ထားမသွားသေး။

စုဇီမို သည် ကျန့်မင်ရဲ့စကားနဲ့သူ့မျက်နှာပေါ် ကအပြုံးကိုမြင်လိုက်ရတယ်။စုဇီမိုသည် သူ့အနောက်က တံခါးကိုဖွင့်ဖို့နည်းလမ်းမသိပေမဲ့ ရှင်းရှင်းလင်းလင်း နားလည်တာတစ်ခု ရှိသည်။

ကျန့်မင် သည် အသက်ရှင်ကျန်ရစ်တဲ့သူဆီကနေရမဲ့ အိမ်မက်ဆိုးဘောနပ်အမှတ်တွေကိုလက်လျော့ဖို့ဆုံးဖြတ်လိုက်ပြီပဲဖြစ်သည်။

ဒါတင်မကပဲ ရှင်သန်နိုင်ဖို့လေ့ကျင်သူတွေရဲ့အသက်ကို စတေးဖို့ အဆင်သင့်ဖြစ်နေပြီ။

ကျန့်မင်းရဲ့ စကားသည် အလွန်တည့်တိုးဆန်တာကြောင့် ဟန်လင်း ရှင်းရှင်းလင်းလင်း နားလည်သွား၏။သူတို့ခြေထောက်များ အရှိန်မြင့်သော် လည်း လေ့ကျင့်သူအားလုံး စင်္ကြံလမ်း၌ တိတ်ဆိတ်နေပြီး လေထုဟာလည်း တိတ်ကျနေ၏။

"ငါတို့ ပြီးအောင်လုပ်သင့်တယ် " ချီရှောင်မင်က တိတ်ဆိတ်နေတာကို ချိုးဖျက်ချင်နေသည်။သူမ မောပန်းနေသော်ငြားလက်ညိုးထိုး၍ပြောလိုက်သည်။"ကြည့်လိုက်စမ်း၊ဒါ စစချင်းတွေ့ခဲ့တဲ့ ဓာတ်လှေကားမလား?"

လူတိုင်း ကြည့်လိုက်ရာ ထောင့်အနား၌ ရင်းနှီးနေသည့် ဓာတ်လှေကား ရှိနေတာမြင်ရသည်။ဒါက သူတို့အိမ်မက်ဆိုးကမ္ဘာကိုစရောက်ချိန်မြင်ရတဲ့ အရာဖြစ်ပြီး သူတို့လွတ်မြောက်ခဲ့သောတိုက်ပွဲ၏ စမှတ်လည်းဖြစ်သည်။

စုဇီမို ဓာတ်လှေကားထဲ ထပ်ပြေးသွားချိန် ဓာတ်လှေကား‌တံခါးပိုပို ကြေမွသွားတာ သတိထားမိသည်။ဓာတ်လှေကား ထောင့်တနေရာက ဖုန်းစခရင်န်လည်း ‌ကြွေမွနေသည်။ဒါအိမ်မက်ဆိုးကမ္ဘာက အမှောင်ထု မြိုချလိုက်တာ။ဒါ လူသစ်ကျန်ခဲ့တဲ့ ပစ္စည်းဖြစ်နိုင်သည်။

"ဘာ!"

"ဒါက..."

စုဇီမို သည် ဖုန်းကို စိုက်ကြည့်နေစဥ် အခြားလေ့ကျင်သူများ၏အော်သံနားထဲ ရုတ်တရက်ထွက်ပေါ်လာသည်။

သူ့အရှေ့က စင်္ကြံကို ကြည့်လိုက်သည်။ဒါမှမဟုတ် သူ့အရှေ့ ကအိမ်မက်ဆိုးကမ္ဘာကို ကြည့်လိုက်သည်။

ဒါ လုံးဝ ပြိုကွဲနေပြီ!

ခန်းမများကို အလင်းပေးမည့် အဝါရောင်မီးရောင် တခဏချင်း တဝက်ခန့်ငြိမ်းသက်သွားလျက် မှိန်ပျပျထူးဆန်းသည့် အနီယောင်ဖယောင်းတိုင်သာ ကျန်ရှိတော့သည်။

အဖြူရောင်ဖယောင်းတိုင် ဆိုတာ သိသာပေမဲ့ အနီရောင်အရည်တွေ ကျဆင်းနေ၏။

အနီရင့်ရောင် အလင်းသည် တဖက်တချပ်စီက လုံးဝကျွတ်ထွက်နေသည့် နောက်ခံနံရံများကို မြင်ခွင့်ပြုထားသည်။နီရင့်ရင့် အလင်းရောင်အောက် စေးစပ်နေသည့် သွေးများအတွင်းနံရံထဲ အကန့်အသတ်မရှိအရှေ့ သို့ ထွက်ပေါ် လာသည်နှင့်တူ၏။

စုဇီမိုသည် စင်္ကြ့လမ်းပေါ် က သတ္တူတွန်းလှည့် ကိုတချက်ကြည့်လိုက်သည်။မြေပြင်ပေါ်တွင် အားလုံးပြန့်ကျဲနေပြီး အားလုံးကျိုးပဲ့နေသည်။

လေ့ကျင့်သူများသည် လှုပ်ရှားချိန် ခြေထောက်အောက်က အနီရောင်ကောဇောသည် မိုးရွာပြီးနောက် ခြေထောက်‌များနှစ်မြုပ်သလိုခံစားရပြီး လူတိုင်းမှာတုန်လှုပ်သွားလေသည်။

ဖယောင်းတိုင်မီးအနီရောင် ..အနီရောင်နံရံ အနီရောင် 'ရွှံ့' ကော်ဇော။

စင်္ကြံထဲသို့ ဝင်သွားသော လေ့ကျင့်သူအားလုံး သည် လေထုနှင့်ပတ်ဝန်းကျင်မူမမှန်တာခံစားမိပြီး အသက်ဝဝမရူရဲကြပေ။

စင်္ကြံတစ်ခုလုံး တိတ်ဆိတ်နေပြီး တစ်ယောက်အသက်ရူသံတစ်ယောက်ကြားနေရသည်။

ပတ်ဝန်းကျင်လည်း စိုစွတ်ပြီး ပူစပြုလာကာ သွေးကဲ့သို့ မဖော်ပြနိုင်သော ငါးညှီနံ့များလည်း ရှိနေသည်။

ဗွက်ထနေပြီးမသက်မသာဖြစ်ရသောကြောက်ဖို့ကောင်းသော ဒီရွံ့ကောဇောပေါ် လျှောက်နေရပေမဲ့ စုဇီမို,သည် သူ၏ခြေလှမ်းများမရပ်ရဲပေ။

အနီရောင်ကမ္ဘာကြီးပေါက်ကွဲလိုနီးချိန် ပတ်ဝန်းကျင် ၌ ကြောာက်ဖို့ကောင်းတဲ့ဖိအားရှိနေပြီးအသက်ရူမဝင်အောင်ဖြစ်စေသည်။

"ငါ မပြေးတော့ဘူး!! ငါ မပြေးချင်ဘူး!!" ဖက်တီးက ရုပ်ပိုင်းဆိုင်ရာနွမ်းနယ်မှုကြောင့် မျက်ရည်များစီးကျနေပြီး အနီရောင်စင်္ကြ့၌ရှိနေချိန် နံရံကိုမထိရဲပဲ မြေပြင်ပေါ် လည်း လဲမကျရဲပေ။သူသည် မြေပြင်ပေါ် မကျအောင် ထိန်းထားရင်း ခေါင်းငုံ့၍ငိုနေ၏။

"ငါတို့မလွတ်မြောက်နိုင်ဘူး။!! မလွတ်မြောက်နိုင်ဘူး!!"ဖက်တီးမှ ငိုသံနဲ့ ပြောလိုက်သည်။"မင်းတို့မမြင်ဘူးလား? ငါတို့ ‌ပြေးရင်‌တောင် စင်္ကြ့က ဖယောင်တိုင်မီးအားလုံးငြိမ်းသက်သွားတာ! ငါတို့ သေပြီ!"

ဖက်တီးလေး သည် ရုတ်တရက် တင်းတင်းကျပ်ကျပ်ပိတ်ထားတဲ့ဟိုတယ်အခန်းထဲ ပြေးဝင်သွားလျှင် လွတ်မြောက်နိုင်တယ်လို့ခံစားရသည်။

အံ့ဩဖို့ကောင်းတာက ဧည့်သည်အခန်းတွေက နားခိုရာလိုတွန်းဖွင့်တိုင်းမပွင့်ခြင်းပင်! သေချာပေါက် နားလိုရာလို နွေးထွေးတဲ့အလင်းရောင်မရှိဘူး။လူတိုင်းအရှေ့၌ ပိုပြီးကြောက်ဖို့ကောင်းတဲ့ အမှောင်ထု ထွက်ပေါ် လာသည်!

"အမှောင်ထဲက သရဲ !" ကျန့်မင်း မပြောခင် ဖက်တီး တီးတိုးပြောရင်း ပင်ပန်းနွမ်းနယ်သမျှ မေ့ပျောက်ကာ ကျန့်မင်းအနောက် အပြေးအလွှားလိုက်ဖမ်းလေသည်။

ကျန့်မင်းက ရက်စက်တဲ့ စကားတွေပြောတည်းက သူအရှေ့ ၌ ပြေးပြီး တခြားလေ့ကျင့်သူများရဲ့ အပြုအမူကို ရပ်ပြီးကြည့်နေသည်။

စုဇီမို သည် အဖွဲ့နဲ့အတူ အရှေ့ ကို ဆက်လက်ပြေးတယ်။သူ့အားနည်းတဲ့ ခန္ဓာကိုယ်သည် ခြေထောက်နာနေသည့် ဟန်လင်းနဲ့ ဖက်တီးလို တို့ထက်မနိမ့်ကျပါ။ပြောရရင် ‌ချီရှောင်မင် သည် အားကစားလုပ်သည့် မိန်းကလေးနဲ့တူပြီး ခြေလှမ်းတွေအနည်းငယ်မူမမှန်ပေ။

အစတည်းက ‌ပြေးနေသည့် နည်းလမ်းမှန်ကန်သလား သံသယဝင်နေခဲ့ပြီး တခြားအခန်းတွေထဲ ပုန်းနေဖို့ တွေးမိသည်။သို့ပေမဲ့ ဖက်တီးတံခါးပွင့်လိုက်ချိန် တံခါးအနောက်၌ အမှောင်ထု ရှိနေခဲ့သည်။ကြည့်ရရင် အမှောင်ထုမှ လွတ်မြောက်ဖို့ ဒိနည်းလမ်းပဲရှိတယ်ဆိုတာ သဘောတူရပေမည်။

အမှောင်ထု ဝါးမမျိုခင် ဒီကစားပွဲပြီးသွားဖို့ မျှော်လင့်သည်။သူ့အ‌နောက်ကတံခါးဖွင့်ဖို့ နည်းလမ်းတစ်ခု ရှာတွေ့မယ်ဆိုရင် သူက ကံကောင်းတဲ့လူဖြစ်လာလိမ့်မယ်။

ဒီနည်းလမ်းကို စဥ်းစားနေရင်း အဖွဲ့ရဲ့နောက်ဆုံး၌ပြေးနေသည့် စုဇီမိုသည် မသိမသာ သူ့လက် ကျောပိုးအိတ်ကိုထိလိုက်သည်။'အန်းယွီယွီ'က ပေးတဲ့ကျောပိုးအိတ်က သူ့ကိုလုံခြုံမှုအနည်းငယ်ခံစားရစေသည်။ပြောရရင် "အန်းယုယု' ကနေ ယူလာတာဆိုလို့ မျက်မှန် ပဲရှိသည်။ဒါကိုလည်းအသုံးမပြုနိုင်သေးပေ။

ထိုအချိန် ထူးဆန်းတဲ့အရာတစ်ခုဖြစ်ပွားခဲ့သည်။

လက်ဆန့်ထုတ်၍ အနောက်က ကျောပိုးအိတ်ကို ဖမ်းမဆုပ်ခင် သူ အေးစက်စက် သတ္တူနဲ့တူသည့်အရာကိုပထမဆုံးထိမိလိုက်သည်။

ဒါ တံခါးလက်ကိုင်လား?

စုဇီမိုမှာ လုံးဝအနောက်ပြန်လှည့်မကြည့်ပါ။သို့သော် တကယ်ပဲ သူက သူ့အနောက်က ထူးခြားဆန်းကြယ်တဲ့ တံခါးလက်ကိုင်ကိုကိုင်ထားတယ်လို့ ခံစားနေရတယ်!

မမြင်ရတဲ့ လေအေးအေး စုဇီမို၏ နားထဲ ဖြတ်ပြေးသွားပြီးနောက် ပါးပြင်၊ ဆံပင်များဆီ ဖြတ်ပြေးသွားပြီး ချမ်းစိမ့်စိမ့်လေ လည်ပင်းဆီ ရောက်လာပြီး သူတို့နဲ့အနီးဆုံး ဖယောင်းတိုင်းကို မှုတ်ထုတ်လိုက်သည်။

စုဇီမိုရဲ့ ညာဘက်လက် သူ့အနောက်၌မတည်ရှိသည့် တံခါးလက်ကိုင် ကိုသေသေချာ‌ချာဆုတ်ကိုင်ထားပြီး အနည်းငယ်တုန်ယင်နေ၏။သိသိသာသာအရှေ့ကို ဆက်ပြေးနေပေမဲ့ ခက်ခက်ခဲခဲ ဆွဲယူထားပြီး ရှိနေသည့် ဆန်းကြယ်တဲ့ တံခါးကိုဖွင့်နိုင်ဖို့ လိုအပ်သည်။"အန်းယုယွီယု!!"

စုဇီမိုတစ်ယောက်တည်း ဒီတံခါးကိုမြင်ရသည်။ဒါက မမြင်ရသည့် လူသားဗားရှင်းနဲ့တူသည်။မှန်ရှေ့မတ်တပ်ရပ်ချိန် ဒါမှမဟုတ်အနောက်က တံခါးကို ကိုင်ထားချိန် အခုလက်ရှိတံခါးကိုမြင်နေရသည်။

ဒီတံခါးကို အချိန်မရွေးဖွင့်နိုင်တယ်လို့ခံစားရသည်။ပြီးတော့ သူတံခါးကိုဖွင့်နိုင်သရွေ့ "အန်းယုယွီယု"ဆိုင်ငယ်လေးကို ပြန်သွားနိုင်သည်။ဒီကလုံးဝ ထွက်ခွာလိမ့်မယ်။ဒီစိတ်လှုပ်ရှားဖို့ကောင်းတဲ့ အိမ်မက်ဆိုးကမ္ဘာထဲကနေ !!

"မစ္စတာစု ဘာဖြစ်နေတာလဲ?" စုဇီမို ရုတ်တရက် အရှိန်နှေးချလိုက်ပြီး အနည်းငယ်ထူးဆန်းနေ၏။ချီရှောင်မင် စိုးရိမ်တကြီးလှည့်ကြည့်သည်။

ချီရှောင်မင် လှည့်ကြည့်ချိန် စုဇီမို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည့် တံခါးလက်ကိုင်မှာ ရုတ်တရက်ပျောက်ကွယ်သွား၏။

သူ့လက်ဖဝါးထဲသတ္တုလို့ယုံကြည်ထားတဲ့ ခံစားချက် လုံးဝပျောက်ကွယ်သွားပြီး ဘာမှမရှိတော့။

'စုဇီမို ' အံ့ဩသွားသည်။သူ့နောက်က တံခါးနဲ့ တံခါးလက်ကိုင်က လူတွေ့ရဲ့အမြင်ကို တတ်နိုင်သမျှ ရှောင်ဖို့ ကြိုးစားနေတယ်လို့ခံစားလိုက်ရသည်။ဘယ်သူ့မှကြည့်မနေတဲ့အချိန်မှ တံခါးလက်ကိုင် ကို ထိနိုင်တယ်!!

စုဇီမိုသည် တံခါးရဲ့ တည်ရှိမှုကို မှန်တချပ်ရဲ့အကူအညီကြောင့် ရှာတွေ့ခဲ့သည်။အစကနေ အဆုံးထိ ဒီအဖွဲ့နဲ့မပြေးနေဘူးဆိုရင် စုဇီမို သူ့အနောက်က အရာကိုအဆုံးထိ ရှာတွေ့မှာမဟုတ်ပါ။တံခါးလက်ကိုင်အပါအဝင်ပင်။

"အဆင်ပြေတယ်။"စုဇီမို သွားတင်းတင်းထပ်ကြိတ်မိသည်။ဒီတခေါက် သူ့အရှိန်ကိုဆက်ထိန်းထားသည်။

'စုဇီမို'သူဘာဆက်လုပ်မယ်ဆိုတာကို မတွေးရသေးပဲ ဘေးနားက နောက်ထပ် အာမေဋိတ်သံတစ်ခုကို ကြားလိုက်ရသည်။

"အား! ငါ့ခြေဖဝါး!"

သူလှမ်းကြည့်လိုက်ရာ ခြေထောက်ဒဏ်ရာရနေသော ဟန်လင်းသည် လဲကျသွားပြီး ဒဏ်ရာရ‌သွားတဲ့ ထိုခြေ‌ထောက်ပဲ ထပ်ဒဏ်ရာရသွားလေသည်။!

ဟန်လင်း သည် အရင်ကခံနိုင်ရည်ရှိခဲ့သော်လည်း အခုတစ်ကြိမ် မြေပြင်ပေါ်သို့ လဲကျပြီးနောက် နာကျင်မှုကြောင့် မထနိုင်ပေ။

ဒီထက် ပို၍ပင်စိုးရိမ်စရာမှာ စင်္ကြံမှာရှိတဲ့ သူတို့ အနောက် က ဖယောင်းတိုင်များ အရှိန်အဟုန်ဖြင့် ငြိမ်းသွားခြင်းပင်ဖြစ်သည်။

"ဝူး ..."

အမှောင်ထုသည် မုန်တိုင်းကဲ့သို့ သူတို့ဆီသို့ တိုးဝင်လာသည်။

"အရှေ့မှာ အလင်းရှိတယ်။! " အရှေ့ဆုံး၌ ပြေးနေသည့် ကျန့်မင်းမှအော်ပြောသည်။"အရှေ့မှာ ဒုတိယနားခိုရာ!"

ကျန့်မင်းသည် တခြားလေ့ကျင့်သူတွေ ဘာဖြစ်နေသလဲမသိပေမဲ့ သူ့အသံကြားရတာ သတင်းကောင်းလည်းဖြစ်သည်။

တကယ်လို့... ဟန်လင်း လဲကျသွားပြီး မထနိုင်ပါက ..

"ဟန်လင်းရဲ့ခြေထောက် ထပ်ထိခိုက်သွားပြီ!" ချီရှောင်မင်းမှကျယ်လောင်စွာအော်ပြောလိုက်လေသည်။

"သူ့ကို စိတ်ပူမနေနဲ့။နားခိုရာကို သွားမယ်! သူ့ကိုလက်‌လျော့လိုက်!"

အစတည်းက အနောက်က ပြေးလာသည့် စုဇီမို ကို လဲကျနေသည့် ဟန်လင်းက ခြေကျင်းဝတ်ကိုဆုပ်ကိုင်ထားကာ သွားခွင့်မပေးပေ။

အောက်ကို ငုံ့ ကြည့်လိုက်ရာ ငိုယိုနေသည့်မျက်နှာနှင့်ဟန်လင်းကိုမြင်ရပြီး သူမ ခြေကျင်းဝတ်ကိုကိုင်ကာတောင်းပန်နေ၏။

"ကျေးဇူးပြုပြီး ငါ့ကိုကူညီပါ။"

စုမိသားစု က အစတည်းကသင်ကြားပေးထားတဲ့ပညာရေးကြောင့် သူ့နှလုံးသားက သူမအား ကန်ထုတ်ခွင့်မပြုပေ။

ဟန်လင်းရဲ့ လက်မောင်းကိုလျင်မြန်သည့် အရှိန်ဖြင့် ဆုပ်ကိုင်၍ဟန်လင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးသူ့အပေါ် မှီစေကာ မတ်တပ်ရပ်စေတယ်။သူတို့နှစ်ယောက်ကြား လေအေးဖြတ်တိုက်သွား၏။အမှောင်နီးကပ်လာပြီဆိုသည့် သတိပေးချက်ဆိုတာသိလိုက်သည်။

ထိုအချိန် ...။

ခြေတဖက်ဖြင့် မတ်တပ်ရပ်နေသည့် ဟန်လင်း မှာ စုဇီမိုကိုအမှောင်ထဲသို့ ရုတ်တရက် တွန်းချလိုက်လေသည်။

ဟန်လင်း,တစ်ယောက်ခက်ခက်ခဲခဲ ထိန်းချုပ်နိုင်သော်လည်း နောက်ပြန်ရုတ်၍ အောင်အောင်မြင်မြင် စုဇီမိုကိုအမှောင်ထဲတွန်းချလိုက်နိုင်သည်။

ဖက်ရှင်ကျသော PR မန်နေဂျာ ဟန်လင်း သည် "ယဇ်ပူဇော်ဖို့ "အချိန်မီ မစွန့်ပစ်ဘူးဆိုရင် သူထပ်မပြေးနိုင်တော့ပဲ လွတ်မြောက်မှာမဟုတ်ဘူးဆိုသည်ကို သိနေခဲ့သည်။သူမ "ယဇ်ပူဇော်ဖို့ စွန့်လွှတ်" တဲ့လူဖြစ်လာလိမ့်မယ်။

"ကျေးဇူးတင်ပါတယ်နော်... နောက်ဆုံးအနေနဲ့ ကူညီပါဦး!"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment