Chapter 17: စုအိမ်ပိုင်ရှင်။
စုမိသားစုရဲ့ ခေါင်းဆောင်ဖြစ်သော စုဇီမို သည် လွန်ခဲ့သည့် ၄ နှစ်က မတော်တဆကိစ္စတစ်ခုကြောင့် ဦးခေါင်းထိခိုက်သွားခဲ့သည်။လွန်ခဲ့သည့် ၄ နှစ်အတွင်းသူ့စွမ်းဆောင်ရည်က အရူးထက်တောင်ဆိုးခဲ့သည်။
ပြောရရင် အရူးတစ်ယောက် ဗိုက်ဆာတဲ့အခါ စားဖို့တစ်ခုခုရှာတက်ပေမဲ့ဘာမှမရှိတဲ့ ‘စုဇီမို’ ကတော့ ဗလာသပ်သပ်ပင်။လူတိုင်းအမြင်မှာ စုမိသားစုက မိသားစုကြီးမို့လို့ သူက စွန့်ပစ်သင့်တဲ့အမှိုက်ဖြစ်သည်။ သခင်လေးစု မှာအရေခွံကြီးတစ်ခုပဲရှိနေတာ သနားစရာပင်။
အပြင်ဘက်လူများ စုဇီမိုအပေါ် မြင်သည့်အမြင်များသည် စုမိသားစုဝင်များမြင်သည့်အမြင်နဲ့တူသည်။
သူ့အဖေအပါအဝင် လူတိုင်းက စုဇီမို ပြန်နိုးလာလိမ့်မယ်လို့ မထင်ထားပါ။စုမိသားစု ရဲ့ တောက်ပသည့် မြေးလုံးဝ မရှိတော့ဘူးဆိုတာလူတိုင်းနီးပါးခံစားရခဲ့သည်။ !
ဆိုတော့ကား အခု ဘယ်လိုတောင်သောက်ဟာတွေလဲ?
အရူးကို ၅လွှာမှာ နေဖို့ စီစဥ်ထားတယ်မဟုတ်လား? အရူးတစ်ယောက်ရဲ့ လှုပ်ရှားနိုင်စွမ်းက သုညနီးပါးပဲ။၅လွှာကနေ ဒုတိယလွှာထိဝှီးချဲနဲ့ပြေးလာတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
အိမ်၏ပင်မအခန်းထဲ အလျင်စလိုမပြေးခင် လူတိုင်း ထိုအကြောင်းတွေးနေခဲ့ကြသည်။သို့သော် နောက်စက္ကန့်အတွင်း ပါးလွှာသည့်ချိန်းကြိုးမျက်မှန်တပ်ဆင်ထားကာ ထီးတချောင်းကိုင်ထားသည့် အရပ်ရှည်ရှည်လူငယ် မတ်တပ်ရပ်နေတာကို တွေ့လိုက်ရလေသည်။
စုဇီမို အသက်ရှင်သေးတယ် !
အထူးသဖြင့် စိတ်လှုပ်ရှားနေသည့် စုဂန်သည် သူ့သား ဝှီးချဲမပါပဲ ရပ်နေသည်ကိုကြည့်ရင်း အံ့ဖွယ်တစ်ခုကိုမြင်သကဲ့သို့ ပါးစပ်ထဲမှ ဆေးပြင်းလိပ် မြေပြင်ပေါ် သို့ ပြုတ်ကျသွားလေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ..” စုဇီမိုကိုကြည့်ရင်း စုမိသားစုရဲ့ ဒုတိယနဲ့တတိယသားတို့ မယုံနိုင်အောင်ဖြစ်နေကြသည်။ ..”မဖြစ်နိုင်ဘူး .. မဖြစ်နိုင်ဘူး ..ဘယ်လိုမှမဖြစ်နိုင်ဘူး..”
စုဂျန်မှ သူ့သားဆီ ပြေးလာကာ စုဇီမိုရဲ့ ပါးပြင်ကိုတုန်ယင်နေသည့်လက်ဖြင့်ထိကြည့်သည်။
နူးညံ့ပြီး နွေးထွေးတယ်.။!
"သား! မိုမို!မင်းအဖေ့ကို လန့်အောင်လုပ်တယ် !"စုဂန်၌ မျက်ရည်အနည်းငယ်ရှိနေတယ်။သူသည် စုဇီမို ဆီသို့ နှပ်ချေးတွေ၊ မျက်ရည်တွေနဲ့ ပြေးသွားပြီး သားဖြစ်သူ ကိုပွေ့ဖက်ရင်းငိုရင်းနဲ့ပြောလေသည်။ "အဖေ့ကိုတကယ်အသက်ကြီးပြီလို့တွေးကြပေမဲ့ လက်မလျော့ဘူး။လမ်းပေါ်ရောက်တဲ့အချိန်၊ ကားမရှိ၊ အိမ်လည်းမရှိလည်းဘယ်သူမှ ဂရုမစိုက်ဘူး!"
စုဂန်သည် စုဇီမိုရဲ့ နှလုံးသားထဲ အလွန်မှော်ဆန်သော လူတစ်ယောက်ဖြစ်တယ်။သူပြောခဲ့တဲ့စကားက လူတွေကို စစ်မှန်တဲ့ခံစားချက်ကို အမြဲပေးသည်။သို့သော် စုဇီမိုရဲ့အမေ ဆုံးပါးသွားပြီးနောက် စုဂန်ဟာ သားဖြစ်သူကို ထားခဲ့ပြီး အိမ်ကနေ ထွက်ခွာသွားခဲ့သည်။
ထိုအချိန်တွင်စုဂန်သည် ရယ်စရာကောင်းလွန်းသဖြင့် စုမိသားစုသည် သတင်းစာရှိ အတင်းအဖျင်းသတင်းများနှင့် ဇာစ်မြစ်သတင်းများကိုသာ အားကိုးဖို့ဆုံးဖြတ်ခဲ့သည်။
စုဇီမိုရှေ့ အဖိုးဟာထုတ်ပြောတိုင်းလည်း မပြောခင်သက်ပြင်းချလေ့ရှိခဲ့သည်။သို့သော် ကိစ္စမရှိပါ။
သူ့အဖေကအရမ်းကြီး ချုပ်နှောင်ထားတဲ့အခါ သူ သည် သူ့အဖေရဲ့ ရင်ခွင်ထဲမှာ ကြာရှည်စွာ ပျောက်ဆုံးနေတဲ့ နွေးထွေးမှုကို ခံစားလိုက်ရသည်။
“မိုမို ဘာလို့ စကားမပြောတာလဲ?”
“သူကတကယ်ပဲ စုဇီမိုလား?” ဒုတိယဦးလေးမှာ တည့်တိုးပြောတက်သူဖြစ်ကာ သူ့မျက်နှာထက် အလွန်အမင်းရူပ်ထွေးမှုကိုမဖုံးကွယ်ထားချေ။ “လူပြောင်းလဲထားတာလား? အတုလား?”
အိမ်ထိန်းမှ “ သခင်လေး ရုတ်တရက်ပျောက်သွားတာ အခန်းထဲဝှီးချဲပဲ ကျန်ရစ်တယ်”စုဇီမို ရဲ့ ဦးလေးရဲ့ သံသယကိုမဖြေခင် အပြင်ဘက်မှနောက်ထပ် အာမေဋိတ်တစ်ခုကို ကြားလိုက်ရသည်။
“ဆူတယ် လူနာကို နိုးအောင်လုပ်နေတယ်!" ဘေး၌ရပ်နေသည့် ဆရာဝန်က စုမိသားစု၏ ထိတ်လန့်နေသည့် အလွန်အမင်းမပျော်မရွှင်ဖြစ်နေသည့် ပုံစံများကိုကြည့်ရင်း ပြောလာသည်။
အမှန်ပြောရရင် မိသားစုနဲ့စုမိသားစု ၌ နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့ကြသည့်အိမ်စေများ တုန်လှုပ်ခြောက်ခြားနေကြသည်။အစေခံများသည်စုမိသားစုထဲဝင်လာတာ နှစ်အနည်းငယ်ပဲရှိသေးသည်။လူငယ်အချို့ တွေ့ရခဲသည့် သခင်လေး စုဇီမို ကိုမြင်သောအခါ အံ့အားသင့်သွားကြသည်။
စုမိသားစုရဲ့မြေး ‘အရူး’ဖြစ်သည်ကို လူတိုင်း သိထားပြီး အချို့လူများက ‘လေဖြတ်သွားပြီ’လို့ မနှစ်မြို့ဖွယ်စကားများပြောဆိုခဲ့ကြသည်။
စုမိသားစုခေါင်းဆောင်ရာထူး အတွက် သခင်လေး စုဇီမို က ဆွဲဆောင်မှုအရှိဆုံးပဲလို့မကြာခဏ ပြောခံရလေ့ရှိပေမဲ့ဒုတိယနဲ့တတိယ ဦးလေးတို့သည် ကြမ်းတမ်းပြီး အေးစက်တာကြောင့် စုဇီမို ကိုမမြင်ဖူးသူများသည်ဘယ်လိုပုံစံရှိသလဲမသိကြပေ။
စုဇီမိုရဲ့ကျောင်းတက်စဥ်နေ့ရက်များကိုတင်းကျပ် ကန့်သတ်ထားခဲ့သည်။စုဇီမို သည် အဖိုးကိုယ်တိုင် သင်ကြားပေးသည့်အတန်းများအပြင် သာမန်ကျောင်းပညာရေးကိုပါရရှိခဲ့သည်။
ဒါ့ကြောင့် အဖိုးစု သည် စုဇီမိုအရွယ်မရောက်ခင်စုမိသားစုရဲ့မြေး ဓာတ်ပုံနှင့်အချက်အလက်ကို ဘယ်သူ့ကိုမှ ဖြန့်ဝေခြင်းမလုပ်ဖို့ တင်းတင်းကြပ်ကြပ်တားမြစ်ထားခဲ့သည်။
ထိုသို့သော အကာအကွယ်အောက်ရှိအိမ်စေများအတွက် ဒဏ္ဍာရီဆန်ဆန် ရုပ်ရည်ချောမောသော သခင်လေးမို ကိုမြင်မူးသည့်အကြိမ်အရေအတွက်မှာအနည်းငယ်သာရှိခဲ့သည်။
“ထွားလာတယ်” စုဂန်တစ်ယောက်တည်းပဲစုမိသားစုရဲ့တိုက်ပွဲထဲ ထွက်ခွာလိုတာကြာမြင့်နေခဲ့ပြီဖြစ်သည်။
“အရင်ကထက်အရပ်ပိုရှည်လာတယ်။ အရင်ကထက်ပိုပိန်သွားတယ်။ပိုချောလာတယ်!” ဦးလေး စုနီ က အနက်ရောင်ဘောင်ခတ်ထားသည့် မျက်မှန်ကိုတပ်ဆင်ထားပြီး သူ့စိတ်သဘောထားမှာ သိမ်မွေ့သူဖြစ်သည်။အစတည်းက စုမိသားစု ဝင်တွေနဲ့နည်းနည်းပဲဆင်တူသူဖြစ်သည်။
စုနီ သည် စုဇီမို ကိုအပေါ် အောက် သေချာကြည့်လိုက်ရာ ပါးလွှာသည့် ချိန်းကြိုးများတပ်ဆင်ထားသည့် မျက်မှန်တစ်စုံ တပ်ဆင်ထားတာကိုသတိပြုမိသည်။စုဇီမို က ခပ်မြင့်မြင့်ပုံစံပေါ်အောင်ဝတ်ထားတာဖြစ်မယ်လို့ခန့်မှန်းမိသည်။
“ဒီမျက်မှန်က အတော်ကောင်းတာပဲကွ။ ငါပြန်လာတိုင်း မင်းကိုမမြင်မိဘူး. အခုတော့ မင်းတကယ်ရင့်ကျက်လာတာမြင်ရတယ်“ စုနီ ရဲ့လေသံထဲစိတ်ခံစားချက်အပြည့်ရှိနေသည်။လွန်ခဲ့သည့် ၄ နှစ်က စုဇီမို ကို တမင်လစ်လျုရူခဲ့သည်။မတွေ့တာကြာပြီဖြစ်သည့် ဦးလေးနဲ့တူ အတိုင်းပင်။
“စတုတ္ထဦးလေး၊တတိယဦးလေး၊ဒုတိယဦးလေး၊ အဖေဒီနှစ်တွေမှာ ပြသာနာပေးမိပါပြီ။” စုဇီမို သူ့ရှေ့ကလူတိုင်းကိုချစ်မြတ်နိုးစွာကြည့်ပြီးလေးလေးနက်နက် ဦးညွတ်လိုက်သည်။
ဒါအဖိုးအိုရဲ့အခန်း ဖြစ်သည်ကိုစဥ်းစားမိပြီး စုဇီမို သည် လေသံလျှော့ထားသည်။သူ့လေသံက လေးနက်နေပုံပေါ်သည်။
ထိုအချိန် အခန်းတစ်ခုလုံး ငြိမ်သက်သွား၏။အချို့လူတွေ စိတ်လှုပ်ရှားနေကြသည်။တချို့က စုဇီမို မထမချင်း စကားမပြောကြပေ။
သို့ပေမဲ့ အိမ်ထိန်းပိုင် သည် အပြင်လူများ မြင်နိုင်ကြည့်နိုင်သည့် ကိစ္စကိုကျော်လွန်နေပြီဖြစ်လို့ လေသံတိုးတိုးဖြင့်အစေခံများကိုမောင်းထုတ်ခဲ့သည်။သခင်ကြီး နေမကောင်းဖြစ်ပြီးတည်းက စည်းမရှိကမ်းမရှိ ပိုပိုဆိုးလာခဲ့သည်။
အခန်းထဲတွင် စုဇီမို၊စုဂန်၊ဦးလေး 3 ယောက်၊ ရှေ့နေများ၊ ဆရာဝန်မ နှင့် ကုတင်ပေါ် သတိမေ့နေသည့် အဖိုးစု ပဲကျန်ရစ်ခဲ့သည်။
စုဇီမိုရဲ့စိတ်ပျက်မှုကတော့ စုဟဲဝမ်ကိုမမြင်မိခြင်းပင်။သူသည် ဆယ်ကျော်သက်အရွယ်ရောက် တည်းက ရင့်ကျက်ပြီး ခက်ထန်သည့်ပုံစံကို သတိမထားမိခဲ့ပါ။
“ပြန်လည်သက်သာလာတာ ကောင်းလိုက်တာ ဒါ အံ့ဩစရာပဲမဟုတ်လား?”စုဂန် သည် ဒါကိုတွေးမိပြီး သူ့သားနဖူးကိုချက်ချင်းစမ်းသပ်ကြည့်ကာ ဆရာဝန်အမျိုးသမီးကိုမပျော်မရွှင်ကြည့်၍မေးသည်။ဒေါက်တာာ လျို ၊ ငါ့သား အခြေအနေ?”
"မျက်နှာက နီမြန်းပြီး တောက်ပြောင်တယ်၊ အရပ်ရှည်တယ်၊ ပိန်တယ်၊ ခြေလက်တွေရဲ့လှုပ်ရှားမှုက တိမ်လိုပဲ။တိမ်တွေလို ကြိုးကြာတွေလို စိတ်နေစိတ်ထားနဲ့ကျန်းမာတယ်၊ နူးညံ့တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ချောမောပြီး ဆွဲဆောင်မှုရှိတယ်။၊ ပြေးလွှားခုန်ပေါက်နိုင်တယ်၊ အရမ်းကောင်းတယ်။" အမျိုးသမီးဆရာဝန် သည် စုဇီမိုကိုမကြည့်ပဲ အဖိုးစု၏ ဘေးကကိရိယာများကို စစ်ဆေးရင်းပြောလိုက်သည်။
“ဒီဒေါက်တာလျိုကမင်းအဖိုး ရဲ့မိသားစုဆရာဝန်။မင်းအဖိုးရဲ့ခန္ဓာကိုယ်ကို 4 နှစ်ကြာ အောင်စောင့်ရှောက်ခဲ့တယ်. မင်းအဖိုး မင်းကိုစောင့်နိုင်အောင် လုပ်ပေးခဲ့အတွက် သူမကိုကျေးဇူးတင်လိုက်ပါ’ စုဂန်က စုဇီမိုကိုနည်းနည်းချင်း မိတ်ဆက်ပေးသည်။
လူတွေနဲ့ ဝေးရာကို မျက်နှာမူထားတဲ့ ဒေါက်တာလျို က လူတွေနဲ့ပြောဆိုရတာ သိပ်ကြိုက်ပုံမပေါ်ပါ။
“ဒီမှာရူပ်ယှက်ခတ်သွားလို့တောင်းပန်ပါတယ်.”စုဇီမို သည်အဖိုးရဲ့အခန်းထဲရုတ်တရက်ပြေးဝင်လာတာ မကောင်းဘူးလို့ခံစားမိပြီး ဒေါက်တာလျိုကိုတောင်းပန်သည်။
“ဘာမှမဖြစ်ဘူး။” အမျိုးသမီးဆရာဝန်သည် နောက်ဆုံး စုဇီမိုဘက်လှည့်ကာပြောလိုက်သည်။ “လူနာကိုနိုးအောင်လုပ်နိုင်ရင် တကယ့်ကိုအောင်မြင်မှုပဲ။”
ဆရာဝန်မရဲ့ စကားမဆုံးခင် ကုတင်ဘေးက ကိရိယာဆီမှ ရုတ်တရက်မြည်သံထွက်ပေါ်လာတော့သည်။ "beep".
စုဇီမိုတို့ လူအိုကြီးကိုကြည့်လိုက်ရာ လူအိုကြီးရဲ့ခန္ဓာကိုယ် လှုပ်ရှားသွားတာကိုမြင်လိုက်သည်။အစက ထင်ယောင်ထင်မှားလို့ထင်ပေမဲ့ စက္ကန့်အနည်းငယ်ကြာပြီးနောက် လူအိုကြီးရဲ့ လက်ချောင်းတွေက အကြိမ်အနည်းငယ်လှုပ်သွားသည်ကိုမြင်တွေ့ကြသည်။
ဒေါက်တာလျိုသည် အဘိုးအိုဆီ ပြေးလာပြီး အချက်အလက်အမျိုးမျိုးကိုစစ်ဆေးခဲ့သည်။ နောက်တော့ အဖိုးအိုရဲ့လှုပ်ရှားမှု နှေးကျသွားသည်။
စုဇီမိုတို့ ဒေါက်တာလျို သူတို့ဆီလျှောက်လာတာကိုကြည့်နေကြသည်။ဒေါက်တာလျိုက လေသံခပ်နိမ့်နိမ့်ဖြင့် ပြောလာသည်။“လူနာကိုထပ်သွားကြည့် ။သူ့အသိက ယာယီနိုးနေတယ် ဒါပေမဲ့ ..ဒါက ဖြစ်နိုင်တယ်..”
စကားမဆုံးခင် ဒေါက်တာလျိုသည် ကူရာမဲ့စွာ ဘေးသို့ဆုတ်ပေးလိုက်သည် ။သူ့မျက်နှာသည် နီမြန်းနေသော်လည်း ထူးဆန်းစွာ နီမြန်းနေပြီး စကားမပြောနိုင်တော့ပေ။
စုဇီမိုရဲ့ဒုတိယ နဲ့တတိယဦးလေးတို့သည် အဖိုးအိုရဲ့အိပ်ရာဆီ ပြေးလာချင်ပေမဲ့ စုဇီမိုနဲ့ စုဂန်က ပြန်လည်တားမြစ်ခဲ့သည်။သို့သော် စုဇီမိုအဖိုးအိုကိုကြည့်လိုက်တော့ အဖိုးအို သည် ခေါင်းကိုခက်ခက်ခဲခဲလှည့်ကြည့်သည်။အဖိုးအို သည် သူ၏သားလေးယောက်ကိုဖြတ်ကာ အနောက်၌ရပ်နေသည့် စုဇီမိုကိုနောက်ဆုံးမြင်လိုက်သည်။
ထိုအချိန်တွင် အဘိုးအို၏ ခန္ဓာကိုယ်ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်သွားသည်။သူ သည် စကားမပြောနိုင်သော်လည်း နောက်စက္ကန့်တွင်ပင် နီရဲနေသည့် မျက်လုံးများ က စုဇီမိုကို စိုက်ကြည့်နေခဲ့သည်။ နောက်တော့ သူ့မျက်ဝန်းများမှိတ်ချလိုက်၏။
"အဘိုး...ကျွန်တော် ပြန်လာပြီ" စုဇီမို သည် ကုတင်တစ်ဖက်သို့ လျှောက်လာ ပြီး အနီးနားရှိ အဖိုးအို၏လက်ကို လှမ်းဆွဲတယ်။ဒီအချိန် သူ့မှာ ပြောစရာစကားတွေ အများကြီးရှိမှန်း သိသာပေမယ့် အဲဒီစကားတွေက သူ့နှုတ်ခမ်းဆီ ရောက်လာပေမယ့် ကျောင်းကနေ အိမ်ပြန်ရောက်ချိန်တိုင်း အဖိုးအိုကိုပြောလေ့ရှိသည့် အရိုးရှင်းဆုံးစကားတခွန်းပဲ ပြောနိုင်ခဲ့သည်။
“အင်း…”
အဘိုးအိုက ပြတ်ပြတ်သားသား စကားမပြောနိုင်သော်လည်း လက်ကျန်ရှိသည့်အားအကုန်ဖြင့် တက်နိုင်သမျှ စုဇီမိုရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်ထားတာကို ခံစားမိခဲ့သည်။
အဘိုးအို သူ့ကိုယ်သူ တစ်စုံတစ်ရာ ထုတ်ဖော်ချင်နေတယ်လို့စုဇီမို တွေးမိပေမဲ့ မမျှော်လင့်ထားသည်က အဖိုးအို သည်နောက်လက်တဖက်မြှောက်ကာ သူ့ကိုပြင်းပြင်းထန်ထန်ရိုက်နှက်လာခဲ့သည်။
"ဘုန်း!ဘုန်း!ဘုန်း!"
လူတိုင်းရဲ့မျက်ဝန်းရှေ့ အဖိုးအိုသည် တုန်ယင်နေသည့်လက်များဖြင့်‘နံပါတ် ၁’ လို့ လက်ဟန်ပြပြီးတချက်ထက်ပို ထပ်တလဲလဲ ရိုက်ကာ ရပ်နားလိုစိတ်မရှိခဲ့ပေ။
အားလုံးဇဝေဇဝါဖြစ်နေချိန် တိတ်တဆိတ် ရပ်နေသည့် မစ္စတာရူကရှေ့တိုးပြီး ချောင်းတချက်ဟန့်လာသည်။
“မင်းတို့တွေကြိုတင်ရောက်လာမယ်ဆိုရင် သခင်ကြီးက ကြိုတင်အကြောင်းကြားဖို့မျှော်လင့်နေခဲ့တာ။သခင်ကြီးရဲ့ ဖြစ်ချင်တာ ရှိပါတယ် “
“ဟုတ်ပါတယ်” ရှေ့နေ့ ရူ က “သခင်ကြီးမှာအချိန်သိပ်မကျန်တော့တာ သခင်ကြီးကိုယ်တိုင်လည်းသိတယ်. ဒါ့ကြောင့်မတူကွဲပြားတဲ့ ဆန္ဒ ၁ နဲ့၂ ကိုလုပ်ထားတယ်ဆိုတာ သခင်ကြီး ဝန်ခံပြီးသားပါ။”
“သခင်ကြီးရဲ့ ညွန်ကြားချက်အရ ဒီည ၂၄ နာရီပြည့်ရင် ဒုတိယဆန္ဒ ကိုကြောငြာမှာပါ။တကယ်လို့ အံဖွယ်တစ်ခုပေါ် လာခဲ့ရင် သခင်လေး ဇီမိုမှာ မျှော်လင့်ချက် ၁ % ကျန်ခဲ့ရင် .. ဆန္ဒ ၂ ကို ပယ်ဖျက်ပြီးဆန္ဒ ၁ အတိုင်းထုတ်ပြန်ဖို့ညွန်ကြားထားပါတယ်”
ရှေ့နေရူ သည် ထိုနေရာ၌ ရပ်နေသည့် စုဇီမိုကို ကြည့်၍ တက်ဘလက်ကိုင်ထားသည့်သူ့လက်များတုန်ယင်နေခဲ့သည်။
“သခင်ကြီး တကယ်ကိုစောင့်နေမယ်လို့မမျှော်လင့်ထားဘူး”