Chapter 8 :အမည်ခံအတု (အချက်အလက်အတု(သို့)ကိုယ်ရေးအတု)
မှန်နံရံမှတဆင့်ဖြတ်၍ကြည့်လိုက်ရာ စာသင်ခန်းရဲ့ မျက်နှာကျက်မှ ကြမ်းပြင်ထိ ရှည်သည့် ပြတင်းပေါ် မှ ညအချိန်မြို့ရဲ့မီးရောင်စုံများကိုမြင်တွေ့ရသည်။
"ဒယ်ရာလေ့ကျင့်ရေး အကယ်ဒမီ" ကျောင်းသည် ခေတ်မီသော အထပ်မြင့် ရုံးခန်း အဆောက်အအုံတစ်ခုမှာတည်ရှိနေသည်မှာ သေချာသည်.လေ့ကျင့်ရေးများကွဲပြားရုံသာမက နေရာလည်းကျယ်ဝန်းသည်။စုဇီမိုရဲ့ ဒုတိယအကြိမ်မြောက် အိမ်မက်ဆိုးကမ္ဘာလည်းဖြစ်တယ်.
စုဇီမိုသည် အနီးတစ်ဝိုက်ရှိ စာသင်ခန်းတိုင်းရှိမီးကိုဖွင့်လိုက်သည်။မှန်နံရံမှတဆင့် ဖျက်မပစ်ရသေးသည့် ကျောက်သင်ဘုန်းပေါ် က စာများနှင့် ပန်းချီ စာသင်ခန်းရှိ ကျောင်းသားများရဲ့ ပုံအမျိုးမျိုးကိုလည်း တွေ့ရသည်။ကောရစ်ဒါရဲ့လျှောက်လမ်းအဆုံး အခန်း A မှ လွဲ၍ ကျန်သည့်အခန်းများကို သော့ခတ်ထားတယ်။
"ဂီတအခန်း"နာမည်တပ်ထားသည့် အခန်းကိုရက်ရက်ရောရောဖွင့်ထားတာကြောင့် ထိုအခန်းမှထွက်သည့်အသံ ကို ရှင်းရှင်းလင်းလင်းကြားနိုင်သည်။
ထိုအခန်းထဲ မသွားခင် ပစ္စည်းများသယ်ထားတဲ့ အရွယ်အစားကြီးမားတဲ့ ကျောပိုးအိတ်ကို ချွတ်၍ အထူးဒီဇိုင်းပြုလုပ်ထားသည့် ဝှက်ထားသည့် ဇစ်ကိုဆွဲလိုက်သည်။အနက်ရောင်နှင့် မီးခိုရောင်တောင်တက်ကျောပိုးအိတ် အရွယ်အစား ချက်ချင်းကျုံ့ သွားပြီးကိုယ်ပေါ် သယ်ဆောင်သည့်အခါ သိပ်စိတ်အနှောက်အယှက်မဖြစ်တော့ပေ။
ဒါ စုဇီမို ဆိုင်ထဲ အချိန်ဖြုန်းရင်း ရှာတွေ့ခဲ့သည့် လှည့်ကွက်လည်း ဖြစ်သည်။
စုဇီမို သည် စာသင်ခန်းရဲ့ ၂ မီတာအကွာ၌ ရှိနေပြီး အခန်းထဲမှ သေးငယ်ပျော့ပျောင်းသည့်မိန်းကလေး အသံကိုကြားလိုက်ရသည်။
"ဂေါင်ရန် ငါတို့တံခါးပိတ်သင့်လား?"
"ရတယ်။ဒီအိမ်မက်ဆိုးကမ္ဘာက ပေးတဲ့ အဆင့်မြင့်တာဝန်တွေငါတို့ ရပြီးပြီ။နောက်တာဝန် တစ်ခုမပေးမချင်း အန္တရယ်မရှိဘူး။" လူငယ်တစ်ယောက်ရဲ့ အသံ ထွက်လာသည်။"ဒီနေရာက နည်းနည်းမွန်းကျပ်တယ်။ငါ ပြတင်းပေါက်တံခါးဖွင့်လို့မရဘူး။အခန်းတံခါးပိတ်လိုက်ရင်ပူတယ်"
"လေဝင်လေထွက်ရဖို့ တံခါးဖွင့်ထားတာလား?" ကလေးတစ်ယောက်ရဲ့အသံထွက်ပေါ် လာသည်။" ငါ အရွယ်ရောက်ပြီးသား လူကြီးတွေနဲ့ IQ ကိုအတော်ပိုတွက်မိတာပဲ"
"နတ်ဆိုးလေးမင်းဘာတွေပြောနေတာလဲ!"ဂေါင်ရန်မှ လေသံမြင့်၍ပြောလိုက်သည်။
"ငါတို့ဘေးကင်းဖို့အတွက် မင်း တံခါးဖွင့်ထားတာလို့တွေးမိလို့ပါ။" ထိုကလေးက ကျယ်လောင်သည့်အသံကိုဂရုမစိုက်ပဲအေးအေးဆေးဆေးပြောလိုက်သည်။“ဒါအိမ်မက်ဆိုးကမ္ဘာ။သရဲမ တံခါးဖွင့်ထားသည်ဖြစ်စေ ပိတ်ထားသည်ဖြစ်စေ အဝင်အထွက်လုပ်တာကိုတားဖို့နည်းမရှိဘူ။အရင်အိမ်မက်ဆိုးကမ္ဘာရဲ့အတွေ့အကြုံအရ တချို့တံခါးတွေက လုံးဝဖွင့်လို့မရဘူး။ဒီလိုဆိုရင် ငါတို့ကို ကာကွယ်လို့မရရင် လွတ်မြောက်လို့အခွင့်အရေးလည်းမရှိဘူး"
စာသင်ခန်းထဲက တခြားသူများ သည် ချေပဖို့မတွေးနိုင်တော့ပဲ ငြိမ်ကျသွားတော့သည်။
"အငယ်လေး ..မောင်ငယ်လေးမင်းအတော်ဥာဏ်ကောင်းလိမ့်မယ်လို့မထင်ထားဘူး။ငါ မင်းကိုလျှော့တွက်မိတာပဲ။ငါ့ နာမည်က ချန်ဂျင်မြောင်ပါ။ဂေါင်ရန်ရဲ့ အသင်းဖော် " ထိုမိန်းကလေးက ပြောလိုက်သည်။
"အစ်မ ငါ့ နာမည်က ဖန်ဖန်း "
သိပ်မဝေးသည့် တနေရာက စုဇီမို နာမည်၃ ခုနဲ့ ထင်ရှားတဲ့အချက် ၂ ချက်ကြားလိုက်တယ်။
မှတ်သားစရာကတော့ ချန်ဂျင်မြောင်ဆိုတဲ့မိန်းကလေး 'အသင်းဖော် ' လို့ ပြောခဲ့တယ်။နောက်တစ်ခုက 'ဖန်ဖန်း' ဆိုတဲ့ကောင်လေးက နာမည်အပြည့်အစုံမပြောခဲ့ပေ။
"မင်းတို့ စီနီယာတွေလား?" စာသင်ခန်းထဲအခြားလူတစ်ယောက်ရဲ့ အသံ တည်ငြိမ်ပြီးရိုးသားတယ်လို့ထင်ရသည်။
"ငါတို့ ၃ ယောက်အိမ်မက်ဆိုးကမ္ဘာ တကြိမ်ပဲ ကြုံဖူးသေးတယ်။ငါတို့ ကြိုးကြိုးစားစားလုပ်ကြမယ်..ဒါ့ကြောင့်..."
ထိုလူမှာ ထပ်ပြောဖို့ ရှက်သွားတယ်.
"စိတ်လျော့ အိမ်မက်ဆိုးကမ္ဘာရဲ့ အမှတ်တွေက အသက်ရှင်ကျန်ရစ်တဲ့လူအရေအတွက်အပေါ် မှာလည်း မူတည်တယ်။ကျွန်မနဲ့ ဂေါင်ရန် ရှင့်ကို ကူညီပေးမယ်။" ချန်ဂျင်မြောင် မှပြောလိုက်သည်။
"ကျေးဇူး ကျေးဇူး!" 'ချန်ဂျင်မြောင် ရဲ့ အာမခံချက်' ကို ကြားသောအခါ သူတို့ကိုတခဲနက်ကျေးဇူတင်စကားဆိုတယ်။
စီနီယာ ဂေါင်ရန်မှ "ငါ့ကို အချိန်တိုင်း လူကောင်းဖြစ်အောင် မလုပ်နဲ့၊မင်း ပြသာနာကြုံတိုင်း ငါ့နောက်မှာ ပုန်းမနေနဲ့"
"ဒါပေမဲ့ ရှင်က အံ့ဩဖို့ကောင်းတယ်လေ။" ချန်ဂျင်မြောင်သည် စုဇီမိုတို့ ကျောင်းက ကျောင်းနတ်ဘုရားမ ပြောသလိုမျိုး ပျင်းဖို့ကောင်းပြီး ချစ်ဖို့ကောင်းသောလေသံဖြင့်ပြောလိုက်သည်။ချန်ဂျင်မြောင် ရဲ့အသံအနည်းငယ်မြင့်တက်ပြီး လူတိုင်းကိုညင်သာတဲ့ခံစားချက်ပေးစွမ်းသည်။
"သူတို့က အိမ်မက်ဆိုးကမ္ဘာတစ်ခုပဲ ကြုံဖူးသေးတယ်။အတွေ့အကြုံမရှိသေးတဲ့လူတွေအတွက် သေမိန့်ချတာနဲ့အတူတူပဲ။ဘယ်လောက်သနားဖို့ကောင်းလဲ!!"
"ကောင်းပြီ၊ ကောင်းပြီ။ငါမင်းပြောတာကိုနားထောင်မယ်။" ဂေါင်ရန်သည် တဖက်မိန်းကလေး အလေးအနက်တောင်းဆိုသည့်အပေါ်ခံနိုင်ရန်မရှိပေ။
စုဇီမို သည် ချန်ဂျင်မြောင်ပြောသောလေသံကိုကြားသောအခါအရင်အိမ်မက်ဆိုးကမ္ဘာက "ချီရှောင်းမင် "ပြောတဲ့စကားနဲ့အနည်းငယ်တူတာ သတိရမိသည်။
ဆင်တူရုံလေးပဲ။
ဂီတအခန်းထဲက စီနီယာ ၂ ယောက်ကလည်း လူကောင်းတွေလို့လည်း မထင်မိပါ။
အခု တစ်ကြိမ်တွင် 'စုဇီမို' သည် သူနှင့် လေ့ကျင်သူများကြား ခြားနားချက်ကို ပိုမိုသိရှိလာခဲ့သည်။အကယ်၍ သူတို့ ရှေ့တွင် မပေါ် လာဖို့ရွေးချယ်ပါက၊ စမ်းသပ်ချက်ပြီးမြောက်စေသောဂိမ်းကစားရန် သူတို့နဲ့ လိုက်ပါဖို့မလိုအပ်ဘူး။
ဒါပေမယ့် 'စုဇီမို' ရဲ့ ပြဿနာကတော့ စောစောက သူယူလာတဲ့ ထီးအနက်နဲ့ဓာတ်လှေကားက အရင်ဟိုတယ်မှာလိုပဲ သုံးလို့ မရသောသလို ဘေးနားက အရေးပေါ်ထွက်ပေါက်ကနေ ဖွင့်လို့မရတော့တာကြောင့် သူက လေ့ကျင့်သူတွေ တွေလိုဖြစ်သွားသည်။လေ့ကျင့်သူတွေပဲ ဒီအထပ်မှာ လှုပ်ရှားသွားလာနိုင်တာဖြစ်တယ်။
လေ့ကျင့်သူများစုဝေးရာ အိမ်ရှေ့စားပွဲနှင့် ဂီတစာသင်ခန်းမှလွဲ၍ အခြားမှန်တံခါးများအားလုံး သော့ခတ်ထားသည်။။'စုဇီမို'မှ ပစ္စည်းများကို ဆက်လက်စုဆောင်းလိုပါက ဂီတခန်းထဲဆက်သွားရမည်။
ထပ်ပေါင်းပြောရရင်'စုဇီမို' ၏နောက်ထပ်ရွေးချယ်မှုမှာ 'အန်းယုရီယု' သို့ ချက်ချင်းပြန်သွား၍ ဘေးကင်းလုံခြုံသောစုဆောင်းမှုအခွင့်အလမ်းကိုရှာဖွေရန်အတွက် နောက်ထပ်အိပ်မက်ဆိုးကမ္ဘာ ထဲသွားလို့ရသည်။
ဒါပေမဲ့ ဒါကိုလုပ်ဖို့ ဆုံးဖြတ်ရင် နောက်ထပ် လေးဆယ့်ရှစ်နာရီ စောင့်ရလိမ့်မယ်။!
'စုမိသားစု' ၏အဘိုးသည် "စည်းစိမ်ဥစ္စာနှင့် စွန့်စားခန်းကိုရှာပါ" ဟူသော စကားပုံကို မကြာခဏချိတ်ဆွဲထားတက်သည်။သူ့အဖိုးကို တွေးရင်း စုဇီမို' သည် နောက်ထပ် လေးဆယ့်ရှစ်နာရီကို မဖြုန်းဖို့ခံစားချက်တစ်ခု ရှိနေသည်။
ထို့ကြောင့် 'စုဇီမို' သည် အသက်ရူသွင်းပြီးလေ့ကျင့်သူများရှေ့တွင် ဘယ်လိုပုံစံမျိုးနဲ့နေမလဲဟု တွေးနေမိတယ်။
'မင်း တကယ်ပဲ လေ့ကျင့်ရေးသမား ဟုတ်လို့လား? ဒါပေမဲ့ လမ်းမှာ ယာဥ်ကြောပို့လို့ နောက်ကျနေတာလား?’ ဟုမေးလာရင် ‘မဟုတ်ဘူး’ဆိုသာဖြေနိုင်သည်။လေ့ကျင့်သူဆိုသည့် ရာထူးက အချိန်မရွေးပြန်ဆုတ်ဖို့အတွက် သူ့အတွက် အလွန် ဒုက္ခရောက်တယ်။
"တံခါးအပြင်ဘက်မှာ တစ်ယောက်ယောက်ရှိနေပုံရတယ်။"
ရှေ့တစ်လှမ်းတိုးလိုက်ပြီးနောက်တွင် 'အန်းယုရီယု' နှင့် ခပ်ဆင်ဆင်တူသော ဂီတစာသင်ခန်းမှ ကလေး 'ဖန်ဖန်း'၏ အသံကို 'စုဇီမို' ကြားလိုက်သည်။ထို့နောက် အဆက်မပြတ် လှုပ်ရှားနေသော ဂီတစာသင်ခန်းမှာ မြေပြင်ပေါ်မှ အပ်ပြုတ်ကျသံအစကြားရသကဲ့သို့ တစ်ခဏမျှ တိတ်ဆိတ်သွားသည်။
'စုဇီမို' သည် စောင့်၍မရကြောင်း သိထားသောကြောင့် သူ့ကိုယ်သူ ထုတ်ဖော်မပြောနိုင်အောင် သူ့ပါးပြင်ကို ပွတ်သပ်မိသည်။'စုမိသားစု' မှ သင်ကြားပေးသော ပိုကာမျက်နှာကို သူ မဖန်တီးနိုင်သော်လည်း ဒီလောက်တော့ လုပ်နိုင်သည်။
သိပ်ခက်ခဲတယ်။ပြီးတော့သူ့တွင် အပြစ်အနာအဆာများကို ဖော်ထုတ်နိုင်သည့် အချိန်အခါများ ရှိလိမ့်မယ်။
'စုမိသားစု' ညစာစားပွဲကို တက်ရောက်တုန်းက ခံစားချက်တွေကို ပြန်ရလိုက်သလိုပဲတန်းတန်းမတ်မတ်ရပ်၍ လူစုလူဝေးနဲ့ အတူလျှောက်ဖို့ စတင်နီးကပ်လိုက်ပါလာခဲ့သည်။အနက်ရောင်နှင့် မီးခိုးရောင် ကျောပိုးအိတ်ကို ပခုံးတစ်ဖက်တွင် ကိုင်ထားပြီး ထီးကို ကိုင်ကာ စာသင်ခန်းထဲလျှောက်လာသည်။
ဂီတစာသင်ခန်းထဲတွင် လူ၆ ယောက်ရှိသည်။ပြတင်းပေါက်နားရှိ ပျော့ပျောင်းတဲ့ သားရေချည်ခုံပေါ်တွင် လူငယ်လေးနှင့် အမျိုးသမီးနှစ်ယောက် ထိုင်နေသည်။လှပသော ကောင်လေးတစ်ယောက်ဖွင့်ထားသော မှန်တံခါးကို စူးစူးစိုက်စိုက် ကြည့်နေ၏။နောက်ကျောမှာ ရပ်နေတဲ့ လူ သုံးယောက်လည်း သူတို့ရဲ့ ဘယ်ညာ လက်မောင်းတွေကို ရံဖန်ရံခါ ကြည့်နေကြသည်။
သို့သော် တံခါးအပြင်ဘက်တွင် တစ်စုံတစ်ခု ရွေ့လျားနေသည်လို့ ကလေးငယ်က ပြောပြီးနောက် လူတိုင်း၏ မျက်လုံးများ ထိုလမ်းကြောင်းဆီသို့ စူးစိုက်လာပြီး သူတို့ အမူအရာများ နိုးကြားလာခဲ့သည်။
ခြေသံတွေ တကယ်ကြားနေရတယ်။
"အိပ်မက်ဆိုးကမ္ဘာက အဆင့်မြင့်စမ်းသပ်ချက်တစ်ခု ထွက်လာတယ်။စာသင်ခန်းတစ်ခုရွေးချယ်ဖို့ တာဝန် ပြီးသွားပြီ။ဒုတိယတာဝန်မထွက်သေးဘူး။ဒါ့ကြောင့် အန္တရယ်မရှိသင့်ဘူး”ချန်ဂျင်မြောင်က ‘ဂေါင်ရန်' ရဲ့ နောက်ကွယ်မှာ ပုန်းနေရင်း စကားအနည်းငယ်ပြောကာသူမကိုယ်သူမ နှစ်သိမ့်ပေးနေလေသည်။
ခြေသံများ နီးကပ်လာသည်နှင့်အမျှ လူတိုင်းသည် ဂီတစာသင်ခန်းထဲတွင် ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေတစ်ကောင် ပေါ်လာမည်ကို သံသယရှိကြပြီး တကယ့်အိပ်မက်ဆိုးကမ္ဘာကြီး စတင်တော့မည် လို့ ထင်နေကြသည်။
ဒါပေမယ့် အဲဒီအချိန်က လူတိုင်းရှေ့မှာ လုံးဝထူးဆန်းတဲ့ လူငယ်တစ်ယောက်ပေါ်လာသည်။
တစ်ဖက်သား၏မျက်နှာသည် သရဲတစ္ဆေအရိပ်အယောင်များမပြပဲ မျက်နှာသွင်ပြင်နှင့် စိတ်နေသဘောထားအလွန်ကောင်းမွန်သည်။ထိုလူသည် ရှပ်အင်္ကျီအဖြူနှင့် မလိုက်ဖက်သော အိတ်ကို လွတ်ထားသော်လည်းသူ၏ သွယ်လျပြီးပြီးပြည့်စုံသော အသွင်အပြင်သည်အနုပညာ စာသင်ခန်း၏ပန်းချီကားတစ်ချပ်မှ ထွက်လာသကဲ့သို့ ထူးခြားသော ရောင်ဝါကို ခံစားရစေသည်။.
အင်း… နောက်ဆုံးတခေါက်အိပ်မက်ဆိုးကမ္ဘာတုန်းက သူ့ခန္ဓာကိုယ်က တောင့်တင်းပြီး ပြင်းထန်စွာ ပြေးလွှားနေချိန်ဖြစ်လို့ သခင်လေး စု က ဒီကိုယ်ဟန်အခြေအနေထားကို ပြသဖို့အခွင့်မရှိခဲ့ပေ။
"မင်းကဘယ်သူလဲ? ဘာလို့နောက်ကျနေတာလဲ" သူတို့ကို လေးလေးနက်နက် မေးခွန်းထုတ်နေစဥ်'စုဇီမို'မှာ ဂီတ စာသင်ခန်းထဲသို့ ဝင်ကာ ပစ္စည်းများကို စုဆောင်းရန် အသင့်ဖြစ်နေပြီဖြစ်သည်။
လေ့ကျင့်သူများက အိပ်မက်ဆိုးကမ္ဘာအကြောင်း ဘာမှမသိသည့် အသိပညာကို အားကိုးနေချိန် စုဇီမို သည် အနက်ရောင်ထီးရှည်ကို ပေါ့ပေါ့လှည့်ရင်းစာသင်ခန်းပတ်လည်ကိုကြည့်ကာသူ့ရှေ့မှ သူစိမ်းတွေကို သတိထားကာကြည့်လိုက်သည်။
"ငါတို့ ဒီမှာ ညနေ သင်တန်း မရှိဘူး။စာသင်ခန်းထဲမှာ မင်းကို တစ်ခါမှ မတွေ့ဖူးဘူး။မင်းက သေချာပေါက် ငါ့တပည့် မဟုတ်ဘူး ။မင်းဒီကိုလာပြီးဘာကိုမျှော်လင့်နေတာလဲ ?။မင်း ဒီမီးကိုဖွင့်လိုက်တာလား?”စုဇီမိုသည် လေ့ကျင့်သူများ ဖြေတာစောင့်မနေပဲ အစတည်းက ထိန်းချုပ်ဖို့ရာ လေးနက်သည့်မေးခွန်းများဆက်တိုက်မေးနေခဲ့သည်။
"ကောကောဘာလို့ဒီရောက်တာလဲ?”
လေ့ကျင့်သူအများစု သည် 'စုဇီမို' ၏အထောက်အထားနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း၊ 'စုဇီမို' ဘက်တွင်ရပ်နေသော ကလေးငယ် 'ဖန်ဖန်း' ကမျက်လုံးများကိုဖွင့်ကာမော့ကြည့်ပြီးစကားလုံးအသုံးအနှုန်းများကို မေးခွန်းထုတ်လာသည်။
"......" 'စုဇီမို'ကလေးကို မြင်သောအခါ သူ့မျက်ခုံးတွေ နည်းနည်းလျော့သွားသော်လည်း ပြောလိုက်သည်။"စာသင်ခန်းထဲတစ်ခုခုကျန်ခဲ့လို့လာယူတာ ဒါပဲ”
စုဇီမို ပြောလိုက်ချိန် ဂီတစာသင်ခန်းထဲမှာ သူ့ရဲ့စုဆောင်းမှုပန်းတိုင်ကို ရှာတွေ့နေပြီဖြစ်သည်။
“တစ်ခုခု မေ့ခဲ့လို့?”စန္ဒယားနားတွင်ရပ်နေသော 'ဂေါင်ရန်' သည် 'ချန်ဂျင်မြောင်' ကိုဆွဲကာ နောက်ဆုတ်လိုက်သည်။သူသည် 'စုဇီမို'အလွန်သတိထားနေစဥ် လေ့ကျင့်သူများ စုဇီမိုကိုစောင့်ကြည့်နေကြသည်။ပြောရရင် ဒီလူ အိပ်မက်ဆိုးကမ္ဘာထဲ ဘာလို့ ရုတ်တရက် ပေါ်လာကြသလဲ သူတို့တကယ်မသိဘူး !
အခု အချိန်တွင် 'စုဇီမို' သည် သူ၏ကိုယ်ပိုင်လက္ခဏာကို တီထွင်နေဆဲဖြစ်သည်။
လေ့ကျင့်သူများသူ၏အထောက်အထားကို ဆုံးဖြတ်ရန် လိုအပ်သည်။
'စုဇီမို'' သည် ဂေါင်ရန်' ရဲ့မေးခွန်းကို ချက်ချင်း ပြန်မဖြေဘဲနှုတ်ဆိတ်နေခဲ့သည်။
အပြန်အလှန်သတိထားနေရတဲ့ အခြေအနေအောက်တွင် ကလေး'ဖန်ဖန်း' က မျက်တောင်တခတ်ခတ်ဖြင့်ပြောလာသည်။“ကောကော မင်းက ဒီကဂီတဆရာလား? ငါတို့ အားလုံး စန္ဒယားသင်ယူဖို့ စာရင်းသွင်းမလို့ ။လှပတဲ့ကျဲကျဲ ကကျွန်တော်တို့ကို ဒီမှာစောင့်နေဖို့ပြောတယ်၊ ဒါကြောင့် အခုအချိန်အထိ စောင့်နေတာ မှောင်နေပြီ၊ ဖန်ဖန်း ကြောက်တယ်!"
'ဖန်ဖန်း' ၏ တုံ့ပြန်မှုသည် ချိုယွင်းချက်မရှိပေ။'စုဇီမို' နှင့် သူ့ပြောဆိုဆက်ဆံပုံမှာ သီးသန့်ဂိမ်းများထဲကစားသူဇာတ်ကောင်များနှင့် မစ်ရှင် NPC ဇာတ်ကောင်များကြားတွင် ဆက်စပ်ပြောဆိုနေသလိုပင်။
ကစားသူနှင့် NPC အကြား ပြောဆိုမှုများသည် ဇာတ်လမ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်သည်။
အိမ်မက်ဆိုးကမ္ဘာသည် နောက်ဆုံးတွင် ဂိမ်းတစ်ခုဖြစ်သောကြောင့် ၊ NPC ဇာတ်ကောင်များပေါ်လာသည်မှာ အံ့သြစရာမဟုတ်ပေ။သင်တန်းကျောင်း၏ရှေ့ဆုံး၌စာရေးခုံတွေနဲ့ အမျိုးသမီးဆရာမတွေ အများကြီးရှိတာကြောင့် ချို့ယွင်းချက် လုံးဝမရှိပေ။
" 'အားလင် က မင်းကို ဒီကို ခေါ်လာတာလား? သူငါ့ကိုဘာလို့မခေါ်တာလဲ?” 'စုဇီမို' က ကစားပွဲထဲက ဖန်ဖန်ရဲ့ အခန်းကဏ္ဍာကိုကြားချိန် စိတ်သက်သာရာရသွားသည်။"ပြောရမှာတော့ ထူးဆန်းတယ် ဒီမှာ အချိန်ပိုအလုပ်ဆင်းတဲ့လူတစ်ယောက်ရှိသင့်တာ၊ တစ်ထပ်လုံးမှာ ဘာလို့ မင်းတို့ပဲ ရှိနေတာလဲ?”
" "ဒီကလူတွေ ရုတ်တရက် ပျောက်ကွယ်သွားပုံပဲ!" ဘေးတွင်ရပ်နေသော ''ဂေါင်ရန်' သည် ကစားပွဲသို့ စတင်ဝင်ရောက်လာပြီး စုဇီမိုကိုမေးမြန်းလာသည်။"လောင်ရှီး၊ ဒီအထပ်မှာ ဒါမှမဟုတ် ဒီလေ့ကျင့်ရေးကျောင်းမှာ အရင်က ထူးဆန်းတာတွေ ကြုံဖူးလား?"
ဂေါင်ရန် ၏ သတင်းအချက်အလက်အတွက်မေးသည့်မေးခွန်းကိုကြားသောအခါ ဒီလေ့ကျင့်သူတွေက တကယ်ပဲ ကစားပွဲအတွက် ဝင်ရောက်လာတယ်ဆိုတာ သိလိုက်သည်။