Chapter 20: Nightmare Metro
ကို့ရို့ကားယားဖြစ်ဖို့အကောင်းဆုံးကိစ္စက … စုဇီမို မြေအောက်ရထားအပြင်ဘက်ရပ်နေပေမဲ့ လေ့ကျင့်သူအဖြစ် ရုပ်ဖျက်မည်ဆိုကာမှ လေ့ကျင့်သူများသည် မြေအောက်ရထားထဲရှိနေကြခြင်းဖြစ်သည်။
စုဇီမိုရဲ့အတွေ့အကြုံရှိသည့်အဖွဲ့ထဲ ပါဝင်မည့်အစီအစဥ်မှာ ချက်ချင်းပင် လုံးဝ ပျက်စီးသွားခဲ့သည်။ ခွင့်မပြုတဲ့အခြေအနေမှာ သူဘာလုပ်နိုင်မှာလဲ?
သူ့စိတ်ထဲ မှ တိတ်တိတ်လေး သက်ပြင်းချမိသည်။စုဇီမို သူ့အခြေအနေကို အမြန်ညှိနှိုင်းလိုက်သည်။နောက်တဆင့်ကို ဘယ်လိုစီစဥ်ရမှန်း မသိပေမယ့် “လုပ်ငန်းခွင်ရောဂါ” ခံစားနေရပုံပင်။သူ သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးဒီမြေအောက်ရထားဘူတာရုံ တွင် သူလွတ်သွားသည့်ပစ္စည်းများရှိမရှိ သိချင်လာတော့သည်။
စုဇီမို သည် သူကျောင်းတက်တုန်းက လူတွေကသူ့ကိုတိတ်တဆိတ်ကျောင်းလိုက်ပို့တာ ကျောင်းလာကြိုတာမျိုးရှိခဲ့သော်လည်း စနေ၊ တနင်္ဂနွေနဲ့ အားလပ်ရက်တွေမှာ သူ့အတန်းဖော်တွေ၊ သူငယ်ချင်းတွေနဲ့ မကြာခဏ တွေ့ဆုံဖူးသည်။သူက မြေအောက်ရထားကိုတောင် မစီးဖူးတဲ့ ထူးခြားတဲ့သခင်လေးမျိုးတော့မဟုတ်ပါ။
အခု သူရှိနေသည့် မြေအောက်ရထားဘူတာရုံသည် သူမှတ်မိသည့်နေရာနှင့်မတူပေ။နံရံတွေကို အဖြူရောင် ခြယ်ထားသည်။ထိပ်တန်းအဆင့်ရှိသော အလင်းရောင်သည် နေရာတစ်ခုလုံးကို တောက်ပစေသည်။မှတ်တိုင်များနှင့် ကြော်ငြာများကို ပြသသည့် နံရံပေါ်တွင် ချိတ်ဆွဲထားသည့် စခရင်တစ်ခု။ကြည့်ရတာ ချိုမြိန်သလိုပင်။စခရင်ထဲက Host သည် နောက်နေ့အတွက် မိုးလေဝသခန့်မှန်းချက် နဲ့ပတ်သက်သည့်သတင်းကိုပြောဆိုနေလေသည်။
"မနက်ဖြန်ရဲ့ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီနဲ့ အမြင့်ဆုံးအပူချိန် ၃၁ ဒီဂရီ ဖြစ်ပါတယ် .."
စခရင်အောက်တွင် စျေးရောင်းတဲ့စက်နှစ်လုံးရှိသည်။တစ်လုံးက အချိုရည်အတွက်နဲ့ နောက်တစ်ခုက အဆာပြေမုန့် အတွက် ဖြစ်သည်။
စုဇီမို လှည့်ကြည့်လိုက်ရာ သူ သည် "Centralရင်ပြင် မှတ်တိုင် " ဟူသော စကားလုံးငါးလုံးပါသည့် ဆိုင်းဘုတ်ကြီးတစ်ခုနောက်တွင် ရှိနေပြီး နားမလည်နိုင်သော မြေအောက်ရထားလမ်းကြောင်းမြေပုံနှင့် တစ်ခါမှ မကြားရဖူးသော ဆိုင်းဘုတ်တစ်ခုရှိသည်။siteတစ်ခု၏နာမည်ဖြစ်လောက်သည်။
ဒီ မြေအောက်ရထားဘူတာနှင့် လမ်းကြောင်းမြေပုံပေါ်ရှိ ဘူတာများအားလုံးသည် ရိူးရှန်းမြို့ တွင် မဟုတ်မှန်း သူ အသေအချာသိသည်။ကမ္ဘာပေါ်တွင် လေးနှစ်ကြာ ပါဝင်ပတ်သက်ခြင်းမရှိခဲ့သည့် ကာလအတွင်းမြေအောက်ရထားဘူတာရုံများနာမည်ပြောင်းလဲရင်တော့ သူလည်း မသိတော့ဘူး။
မြေအောက်ရထားဘူတာရုံတွင် ရောင်းချဖို့ရမည့်"ကုန်စည်များ" ရှာမတွေ့တာတော့ သနားစရာပင်။ဈေးရောင်းစက်ရှိ အရာများပင်လျှင် သာမန်အများပြည်သူသုံး အမှတ်တံဆိပ်တစ်ခုသာသာဖြစ်ပြီး မှတ်ချက်တစ်စုံတစ်ရာ မရှိပါ။
စုဇီမို သည် အလျင်မြန်ဆုံး အရှိန်ဖြင့် ၄ ပတ် ပတ်ကြည့်ပြီးနောက် ဘာမှရှာမတွေ့ခဲ့ပါ။စုဇီမို သည် ဘူတာရုံနံဘေး လုံးဝရပ်တန့်နေသည့် ရထားကိုကြည့်လိုက်သည်။မြေအောက်ရထားရဲ့ တံခါး မပွင့်သေးပေမဲ့လူ ၆ ယောက် သည် ခြေလှမ်း ၂ လှမ်းနောက်ပြန်ဆုတ်ကာအပြင်ဘက်က စုဇီမိုကို သတိဖြင့်ကြည့်နေကြသည်။
စုဇီမို သည် မြေအောက်ရထားထဲ တွင် မရှိသော်လည်း အတွေ့အကြုံရှိ လေ့ကျင့်သူအချို့၏ ခံစားချက်ကို မြင်ယောင်မိသည်။ သူတို့ စိတ်ကူးထဲက အတွေးများကိုပြောရရင် . ‘သူတို့ အိမ်မက်ဆိုးကမ္ဘာထဲလူ ၆ ယောက်နဲ့အတူ ရှိနေပြီး ရထားသည်ဘယ်သူမှမရှိသည့် ထူးဆန်းသည့် မြေအောက်ရထားဘူတာတစ်ခုသို့ စိုက်လာခဲ့သည်။နောက်ဆုံးတော့ ထူးဆန်းသည့်ပတ်ဝန်းကျင်ထဲ ထူးဆန်းသည့်လူ(စုဇီမို) တစ်ယောက်ကို တွေ့လိုက်တယ်’
ဟူ၍။
စုဇီမို လည်း သူတို့နေရာမှာဆိုရင် ကြောက်လန့်မိမှာပင်။
“ဒင်—”
အသံနှင့်အတူ စုဇီမိုရဲ့ မျက်နှာချင်းဆိုင် မြေအောက်ရထားတံခါး ဖြေးဖြေးချင်းပွင့်လာခဲ့သည်။
မြေအောက်ရထားဘူတာရုံထဲက ထွက်သွားရမှာလား? ဒါမှမဟုတ် အတွေ့အကြုံရှိတဲ့လူတွေနဲ့ မြေအောက်ရထားထဲ ဝင်ရမှာလား?
ထိုရွေးချယ်မှုနှစ်ခု ကို တွေးတောရင်း စုဇီမို သည် နှစ်စက္ကန့် လောက်စဥ်းစားပြီးနောက် သူ့ရှေ့ရှိ မြေအောက်ရထားထဲသို့ လျှောက်လာခဲ့သည်။
အပြင်ဘက်က လူလှုပ်ရှားလာတာကို နားလည်သဘောပေါက်သွားသောအခါ ရထားထဲက လေ့ကျင့်သူများသည် ထောင့်တထောင့်သို့ ချက်ချင်းကျုံ့သွားကာပွေ့ဖက်ထားသည့်လူတွေတောင်ရှိသည်။သို့ပေမဲ့ စုဇီမိုရဲ့လှုပ်ရှားမှုကြောင့် လေ့ကျင့်သူများမြေအောက်ရထားရဲ့တခြားထွက်ပေါက် ဆီ မလှုပ်ရှားကြတာကတော့ နည်းနည်းထူးဆန်းသည်။
စုဇီမို သည် အတွေ့အကြုံရှိ လေ့ကျင့်သူများကို တချက်ကြည့်ပြီးသူတို့ရှိသည့် ရထားတွဲ ဆီမလျှောက်ပဲ တခြားတဖက်ရထားတွဲဆီ မြန်မြန်လျှောက်လာခဲ့သည်။
လေ့ကျင့်သူများ အလွန်မကြောက်စေဖို့ နဲ့ အတိတ်က ကြုံဖူးသည့် မလိုလားအပ်သည့်ပြသာနာများမဖြစ်စေဖို့ အတွက် ဘာမှမရှိသည့် ရထားအလွတ်ထဲ တိုက်ရိုက် ထိုင်ချလိုက်ကာ ဘာမှမရှိသည့်ဘက်မျက်နှာမူထားသည်။
ဘာမှလည်း လုပ်စရာမရှိတာကြောင့် စုဇီမို သည် မီးရောင်အောက်က မြေအောက်ရထားဘူတာရုံကိုစိုက်ကြည့်၍ ဘေးရထားတွဲမှ အတွေ့အကြုံရှိလေ့ကျင့်သူများ ပြောမဲ့စကားကိုသာအာရုံစိုက်ထားသည်။
ရထားပေါ်မတက်ခင် စုဇီမိုသတိထားမိတာက ဘေးရထားတွဲ၌လူငယ် ၄ ယောက်၊ အမျိုးသမီး ၂ ယောက်ပါဝင်သည်။ သူတို့ရုပ်ရည် သည် သူ့အတိုင်းပင် ချောမောသူတွေဖြစ်သည်။သူတို့တောင်တက်အိတ်နဲ့ဆင်တူသည့်အိတ်လွယ်ထားသည်။
သူတို့သည်အရင်လေ့ကျင့်သူများနဲ့အနည်းငယ်ကွဲပြားလှသည်။
သူတို့က အသစ်တွေလား? စီနီယာတွေလား?
ဒီအိပ်မက်ဆိုးကမ္ဘာအတွက် သူတို့ရဲ့ရှင်းလင်းရေးတာဝန်က ဘာများလဲ?
အခု ဘာလို့ ဒီထူးဆန်းသည့်မြေအောက်ရထား က မထွက်သေးတာလဲ?
ရထားတွဲများကြားတွင် တံခါးမရှိပါ။သို့သော်လေ့ကျင့်သူများ ရဲ့ရထားတွဲသည် နောက်ဆုံးရထားတွဲအပိုင်းဖြစ်သည်။ဒါ့ကြောင့် သူတို့အရှေ့ ရထားတွဲ၌ထိုင်နေသည့် စုဇီမို က သွယ်ဝိုက်သည့်နည်းဖြင့် သူတို့ကို နောက်ဆုံးရထားတွဲအပိုင်း၌ ပိတ်ထားသလိုဖြစ်နေခဲ့သည်။ရထားတွဲထဲသွားဖို့ တခြားရထားတွဲလည်းမရှိပါ။သူတို့ စုဇီမိုနဲ့အဝေးဆုံး ထောင့်တထောင့်၌ကျုံကျုံနေဖို့သာ တက်နိုင်လေသည်။
ဒီကလေးတွေကိုကြည့်စမ်းပါဦး !
"ဒါဆို... လူလား?သရဲလား?”
မြေအောက်ရထားသည် ဘူတာရုံမှ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။စုဇီမို သည် ဘေးရထားတွဲမှ လူများ အသက် ရူရိူက်ရင်း ယောကျာ်းလေးရဲ့အသံ တိတ်ဆိတ်မှုကိုချိုးဖျက်သည်အထိ စောင့်နေခဲ့သည်။
"အဲဒါသရဲပဲ။ဒီမှာပေါ် လာတည်းကတခြားရှင်းပြနေဖို့မလိုဘူး။သရဲပဲ။ဒါပေမဲ့ အချိန်မလွန်သေးဘူး။ တာဝန်က ငါတို့ ဘဝတွေကို ပိတ်ဆို့လို့မရဘူး”
"ငါ မတည်ငြိမ်နိုင်သေးဘူး”တည်ငြိမ်နေသည့် နောက်ယောကျာ်းတစ်ယောက်အသံထွက်ပေါ်လာသည်။သူသည် စုဇီမိုနဲ့ ငြင်းခုန်ရမှာ ကြောက်နေသလိုမျိုး အသံခပ်နိမ့်နိမ့်ဖြင့် သတိနဲ့ပြောဆိုသည်။
“ယုရန် နင်ပြောတဲ့ ‘အိမ်မက်ဆိုးကမ္ဘာ’ကငြီးငွေ့ဖို့ကောင်းတဲ့ သရဲတစ္ဆေဇာတ်လမ်းတစ်ပုဒ်လို့ ငါထင်နေတာ။အခု ငါတို့ဝင်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
"ရှောင်ယုရန် !!! " လူတိုင်း ငြိမ်သက်စွာ စကားပြောနေကြစဥ်မိန်းမတစ်ယောက်ရဲ့ ငိုသံကျယ်ကျယ်လောင်လောင်ရုတ်တရက်ထွက်ပေါ်လာတော့သည်။ "နင် ငါ့ကို တမင်တကာ ခေါ်လာတာမလား? နင် ပြောတာကို ငါမယုံခဲ့လို့လေ။နင် ငါ့ကိုဒီလို သရဲတစ္ဆေနေရာထဲ ခေါ် လာတာ!"
“ယွမ်ယွမ် အသံကျယ်ကျယ် မပြောနဲ့ “ စုဇီမို က ‘သရဲ’ဆိုတာ အရမ်းကိုသေချာနေသည့် ယောကျာ်းတစ်ယောက်ရဲ့အသံ ချက်ချင်းထွက်ပေါ်လာသည်။“အိမ်မက်ဆိုးကမ္ဘာထဲ လေ့ကျင့်သူရွေးချယ်တာပုံမှန်မဟုတ်ဘူး။ မင်းတို့အားလုံးလည်း ငါ့လို လေ့ကျင့်သူဖြစ်လာမယ်ဆိုတာ ငါဘယ်လိုလုပ်သိမှာလဲ? ဒီတောင်တက်လှုပ်ရှားမှုကို ငါတကယ်စောင့်မျှော်နေတယ်ဆိုတာ ဘုရားသိတယ်.”
"နင်နဲ့ ခွဲလို့မရလို့ပေါ့။နင့်အနောက်က လိုက်ခဲ့မယ်လို့ပဲ မဟုတ်ရင် ဘာလို့ဒီရောက်ရမှာလဲ!" အမျိုးသမီးအသံက ကျယ်လောင်ပြီး ညည်းညူသံမှ ဒေါသထွက်သံအဖြစ်ပြောင်းလဲသွားလေသည်။
"မစ္စဂန်၊ တိုးတိုး၊။" သူ့ဘေးနားကလူက မြန်မြန်ဖျောင်းဖျသည်။
" သရဲတစ္ဆေတွေ ငါ့ကို စိုက်ကြည့်တာကို ငါကြိုက်တယ်ထင်နေသလား?ရထားထဲကထွက်မှာကိုဘာလို့ဆွဲထားတာလဲ?”မစ္စဂန်,တစ်ယောက် အလွန်မပျော်မရွှင်ဖြစ်နေတာသိသာလို့နေသည်။
"မစ္စ၊ ငါတို့ရဲ့ ပထမဆုံးအလုပ်က မြေအောက်ရထားပေါ်မှာ နှစ်နာရီကြာအောင်နေဖို့ပဲ၊ အခု ငါတို့ လမ်းတစ်ဝက်ပဲရှိသေးတယ်။မင်းကို လွှတ်လိုက်ရင် ဘာဖြစ်သွားမလဲ မင်းမသိဘူး" ရှောင်ယုရန် ရဲ့အသံက အနည်းငယ်ကူရာမဲ့နေ၏။“ မင်းငိုရင်တောင် မင်းလက်ပေါ် က သွေးကို ဖတ်ရမှာပဲမဟုတ်လား?”
ဘေးရထားတွဲတွင် လူတိုင်း တီးတိုးပြောနေကြကာ စုဇီမိုရဲ့ ‘သရဲ’လိုလှုပ်ရှားမှုကိုတောင် သတိမထားမိကြပေ။
တချို့တွေက .. စွပ်ဖက်ဖို့ ခက်လိုက်တာနော် ..။