no

Font
Theme

Chapter 11 - အနီရောင်အခန်း

“မင်း ဘာပြောနေသလဲ ငါနားမလည်ဘူး” ဂေါင်ရန်ရဲ့ ဦးနှောက်မြန်မြန်မလှုပ်ရှားနိုင်သော်လည်း တေးဂီတတဖက်သို့ လျှောက်လာချိန်ဓားကိုင်ထားသည့် လက်မှာ အလွန်တည်ငြိမ်နေတာကို စုဇီမိုမြင်လိုက်သည်။

သို့သော် ဂေါင်ရန်ရဲ့အရှိန်က စုဇီမို ထက်ပိုမြန်တယ်။သူ့လက်ထဲကဓားမြှောင်ကို စုဇီမို၏ပခုံးထဲသို့တိုက်ရိုက်ထိုးသွင်းလာတယ်!

တချိန်ထဲမှာပင် ဂေါင်ရန်ရဲ့အသင်းဖော် ချန်ဂျန်မြောင်က ဂီတအခန်းဝင်ပေါက်ကို ပိတ်ဆို့ထားသည်။

ချန်ဂျီမြောင်ရဲ့လက်ထဲတွင် လက်နက်မရှိပေ။သူမသည် လက်နှစ်ဖက်ဖြန့်ကာ အထိတ်တလန့် ပိတ်ဆို့ထားသည်။

‘ချမ်းသာကြွယ်ဝမှု ၊ အာမခံ ..’

ဓားမြှောင်နဲ့ထိုးသွင်းချိန် စုဇီမိုသည် သူ့အဘိုးတစ်ခါပြောဖူးတာကိုအမှတ်ရသွား၏။

သူသည် သူ့ခန္ဓာကိုယ်က မတုံ့ပြန်နိုင်ခင် ဓားသွားကိုခါးသီးတဲ့အပြုံးနဲ့သာ ကြည့်နေခဲ့သည်။ စုဇီမို သည် စာသင်ခန်းထဲတွင် ကြယ် ၃ ပွင့် တေးဂီတစာရွက်ကို ရှာတွေ့ခဲ့သော်လည်း ဒီနေရာတွင် အမှန်တကယ်ဒဏ်ရာရခဲ့ပါက သို့မဟုတ် ဆိုးရွားသည်အရာတစ်ခုကိုခံစားရခဲ့ပါက ဒါက ပိုတန်ဖိုးကြီးသည်။

နူးညံ့သိမ်မွေ့သောဒီဇိုင်းရှိသည့်အနက်ရောင်ထီး၏မူလဇစ်မြစ်ကိုတောင် မသိသေးပါ။ပြီးတော့ ထီး?! စုဇီမိုရဲ့ စိတ်ထဲ ‘ထီး’ ဆိုသည့် စကားလုံးချက်ချင်းတိုးဝင်သည်။သူ သည် ထီးကိုင်ထားသည့်လက်ကိုမြှောက်၍ ချက်ချင်း ဓားထိုးသွင်းမှုကို တိုက်ရိုက်ပိတ်ဆို့လိုက်တယ်!

လွန်စူးရှသောဓားမြှောင်သည် စုဇီမို၏ထီးပေါ်တွင်ကြီးမားစွာ ဆင်းသက်လာပီးထိခိုက်မှု၏နောက်ကွယ်မှအင်အားကြောင့် သူ့အား နောက်ဆုတ်စေခဲ့သည်။စုဇီမို မှတ်မိတာ မှန်မယ်ဆိုရင် နောက်ဆုံးတခေါက် အိမ်မက်ဆိုးကမ္ဘာ ၃ ခုကိုကျော်ဖြတ်ခဲ့သူ ကျန့်မင်း ဆိုသည့်‘ ဝါရင့်’ ကြီး က အိမ်မက်ဆိုးကမ္ဘာကို ရှင်းလင်းခြင်းဖြင့် ရရှိသည့်အိမ်မက်ဆိုးအမှတ်များသည် သေခြင်းတရားကို ကာမိရုံသာမက အိပ်မက်ဆိုးကမ္ဘာမှ အရာများကို လက်တွေ့ကမ္ဘာသို့ ပြန်လည်ခေါ်ဆောင်လာကာ လေ့ကျင့်သူများရဲ့ခန္ဓာကိုယ် ကြံ့ခိုင်စေရန်လည်း အသုံးပြုနိုင်တယ်လို့ပြောခဲ့ဖူးသည်။

စုဇီမို သည် ဘယ်လိုလုပ်သလဲ မသိသော်လည်း သာမန်လူများနှင့်မတူသည့် စွမ်းအားကို တွေ့ကြုံပြီးနောက် ဂေါင်ရန်ရဲ့ခန္ဓာကိုယ် ခွန်အားသည် အိမ်မက်ဆိုးအမှတ်ဖြင့် လုပ်ထားတယ်ဆိုတာ သေချာသွားသည်။ဒီအကြောင်းပြချက်ကြောင့် ကျန့်မင်နဲ့ချီရှောင်မင်တို့ သန်မာကြတာဖြစ်သည်။

စီနီယာတွေက အမှန်ပြောခဲ့တာလား?

စုဇီမို သည် သွားတင်းတင်းကြိတ်၍ ဆက်တိုက်နောက်ဆုတ်ကာ စန္ဒယား အနားသို့ သွားလိုက်သည်။

နားမလည်နိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်စွာဖြင့်တံခါးနားမှာ ရပ်နေသည့် ချန်ဂျန်မြောင် သည် ရုတ်တရက် တုန်လှုပ်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

သို့သော် ဂေါင်ရန်၏တိုက်ခိုက်မှုကိုဟန့်တားနေချိန်တွင်စုဇီမိုသည် သူ့ခြေထောက်အောက်က ကြမ်းပြင် ပြင်းထန်စွာတုန်ခါသွားတာခံစားရတယ်။ထိုတုန်ခါမှု သန်မာတာကြောင့် ဂီတစာသင်ခန်းရှိ ပရိဘောဂအမျိုးမျိုး အပြင်းအထန်တုန်ခါသွားသည်။စုဇီမို မှီထားသည် စန္ဒယားသည် ကြမ်းပြင်ပေါ်ရှိ သံမှိုကြောင့် အတော်လေး တည်ငြိမ်၏။မမြင်ရသည် တုန်ခါမှုကြောင့် တံခါးအနားပိတ်ဆို့နေသည့် ချန်ဂျန်မြောင်မှာ မြေပြင်ပေါ် သို့ လဲကျသွားတော့သည်။

ဂေါင်ရန် သည် ချန်ဂျန်မြောင်နဲ့ယှဥ်ရင် သက်ရောက်မှု နည်းသော်လည်း စန္ဒယားပေါ် သို့ ယိုင်ကျသွားသည့် စုဇီမိုနဲ့ယှဥ်ရင်တော့တုန်ခါမှုကြောင့် ပရမ်းပတာဖြစ်သွားသည်။သူ၏လက်ထဲကဓားမြှောင် တောင်တုန်ခါသွားသည်။

"ဖန်ဖန်း !"

“ငလျင်လှုပ်”သည်ကို အတည်ပြုပြီးချိန် စုဇီမိုသည် ဖန်ဖန်း ရှိနေသည့်နေရာဆီ ချက်ချင်းလှည့်ကြည့်လိုက်ပေမဲ့ ဖန်ဖန်းမရှိနေပေ။ဒါတင်မကသေးဘဲ တုန်လှုပ်ချောက်ချားနေပြီဖြစ်တဲ့ ဂီတစာသင်ခန်းတစ်ခုလုံးမှာ ဖန်ဖန်းကို ရှာမတွေ့တော့။

ရုတ်​တရက်​​ပျောက်​ကွယ်​သွားသလိုပင်။

"ဘာဖြစ်တာလဲ!" အခြားသာမန်လေ့ကျင်သူများ မြေပြင်ပေါ် လဲကျသွားခဲ့ပြီး ယခုနံရံပေါ် မှီကာထောင့်စွန်းတွင် ပုန်းနေကြသည်။

“ဘာဖြစ်နေတာလဲ?ငလျင်လား?”

“သရဲတစ်ကောင်!သရဲပဲ ပျောက်ကွယ်လို့ရတာ ! “

စုဇီမို,တစ်ယောက် အိမ်မက်ဆိုးကမ္ဘာထဲ ဘာဖြစ်နေသလဲ ရှာမတွေ့သေး။ဖန်ဖန်း ဘယ်ကိုသွားသလဲ မသိ။သို့သော် နောက်စက္ကန့်အတွင်းသူ့အနောက်မှ ကျယ်လောင်သည့် အသံကိုကြားရတယ် !

ဂေါင်ရန်ရဲ့တိုက်ခိုက်မှုကိုဆန့်ကျင်နေတာကြောင့် စုဇီမိုမှာ အရင်ဆုံးနောက်သို့လှည့်မကြည့်ခဲ့ချေ။သို့သော် ဂေါင်ရန်နဲ့တခြားလေ့ကျင့်သူမျက်ဝန်းများမှာ မယုံနိုင်ဖွယ် ထိတ်လန့်မှင်သက်နေတာကို မြင်လိုက်သည်။

သူတို့ ဘာမြင်လိုက်လို့လဲ?

ဂေါင်ရန် သည် အထိတ်တလန့် အနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။စန္ဒယားဖြင့် မတိုက်မိခင်အထိ မရပ်တန့်ခဲ့ပါ။သူ သည် ဓားမြှောင်ကို သူ့ရင်ဘတ်နား ကပ်ထားကာ သူ့ကိုယ်သူ အရမ်းကာကွယ်နေပြီးနှလုံးသားထဲအလွန်မကောင်းတဲ့ အငွေ့အသက်ကိုခံစားမိလိုက်သည်။

သူတို့ စုဇီမို၏အနောက်က အဖြူရောင်နံရံကို မြင်ကြသည်။

နံရံမှ ပြိုကျလာသော အပျက်အစီးအားလုံးသည် မြေပြင်ပေါ်တွင် ရွှံ့နှင့် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်သည်။

အဖြူရောင်နံရံပြိုကျတာပြီးနောက် သူတို့ရှေ့က ပေါ်လာတဲ့ အရာကဘေးအခန်းမှာ သင်္ချာတွေးခေါ်မှုဆိုင်ရာ စာသင်ခန်း မဟုတ်ပဲ .. ဆေးရုံ၏အခန်းတစ်ခု!

ထွန်းတောက်နေသော ဂီတစာသင်ခန်းနှင့်မတူဘဲ နံရံနောက်ဘက်ရှိအခန်းကို မီးနီဖျော့ဖျော့ဖြင့် ဖုံးအုပ်ထားသည်။ ။အနီးကပ်ကြည့်လျှင် အခန်းပြတင်းပေါက်အပြင်ဘက်တွင် အနီရောင်မီးသီးတွဲလောင်းကို တွေ့ရသည်။

အခန်းအလယ် သာမန်ဆေးရုံကုတင်တစ်လုံး နေရာချထားပြီး ထိုကုတင်ပေါ် "လူ" တစ်ယောက် လဲလျောင်းနေသည်။

ဆေးရုံကုတင်ပေါ်တွင် ချိတ်ဆွဲထားသော ပုလင်းထဲထူးဆန်းသော အနီရောင်အရည်များဖြင့် ပြည့်နေကာ ‘သွေး’ ကဲ့သို့ အရည်သည်"လူ" ၏ ခန္ဓာကိုယ်ထဲ စီးဆင်းနေခဲ့သည်။

"အိပ်ရာဘေးတွင် နှလုံးခုန်နှုန်းကို စောင့်ကြည့်ရန် electrocardiogram monitor တစ်ခုလည်း ပါရှိသည်။ရိုးရိုးမော်နီတာ၏ မျက်နှာပြင်ပေါ်တွင် နှလုံးခုန်ခြင်းမရှိပဲ ထို့အစား ဘယ်တော့မှ မဆုံးနိုင်တဲ့ မျဥ်းဖြောင့်တစ်ခုပဲ ရှိနေခဲ့သည်။

"တီ-----"

လူတိုင်း၏နားထဲသို့ ရုတ်ချည်းပေါ်လာသောအခါ၊"တီ….." ဆိုသည့် အသံသည် ကုတင်ပေါ်တွင် လဲလျောင်းနေသော "လူ" မှာ နှလုံးခုန်သံမရှိတော့ကြောင်း ပြောဆိုနေသည်။

"တီ-----"

ကြမ်းပြင်၏တုန်ခါမှုမှာ နှေးကွေးသွားသည်။ စုဇီမို သည် ကြောင်အနေသည့်လေ့ကျင့်သူကိုကြည့်ရင်း ရုတ်တရက် သူ့အနောက်၌ ထွက်ပေါ်လာသည့် ရပ်ကွက်ကိုလှည့်မကြည့်ခင် သူ့အတွက် လုံခြုံတယ်ထင်ရသည့်နံရံဘက်သို့ ရိုးရှင်းစွာဆုတ်လိုက်သည်။

သူက ဆေးရုံကုတင်နဲ့ပိုနီးတာကြောင့် ဆေးရုံကုတင်ပေါ် အသက်ရူနှာခေါင်းဖုံး နဲ့ လူကို မြင်လိုက်သည်။

ပိန်ပါး ဖျော့တော့သည့်လူငယ်တစ်ဦး။လူငယ်ရဲ့လစ်လျုရူမှုကြောင့် ဆံပင်ရှည်များရှိသည်။ အသက်ရူနှာခေါင်းအုပ် တပ်ထားသော်လည်း တဖက်လူရဲ့အသွင်အပြင်ကို မြင်နိုင်သည်။အိပ်ရာပေါ် အကြာကြီးလှဲနေခဲ့တာကြောင့် သူ့ပါးများတွင် အသားမရှိဘူး။သူ့ခြေလက်တွေကလည်း အရမ်းပိန်ပါးလွန်းတယ်။အရိုးအရည်ပဲကျန်ရစ်တယ်။

စောင်ပေါ်လက်များကသာ သွယ်လျလှပတယ် စန္ဒယားတီးဖို့ သင့်လျော်သည်။

အရေးကြီးဆုံးအချက်မှာ ကုတင်ဘေးရှိ ဗီရိုတွင်စုဇီမို အရမ်းရင်းနှီးနေသည့် တေးဂီတ စာရွက်လည်းရှိနေသည်။

အဲဒါ... "သေမင်းဂီတ"!

"ဖန်...ဖန်ဖန်း?" စုဇီမိုသည် အနီရောင်မီးအောက်ရှိ ဆေးရုံကုတင်ထဲလဲလျောင်းနေသော ရုပ်ပုံနဲ့ ရင်းနှီးပြီးသား ဂီတစာရွက်ကို ကြည့်လိုက်ရာ စုဇီမိုသူ့ဘယ်လက်ထဲကကြယ်သုံးပွင့် သေဆုံး ဂီတစာရွက်ကို ငုံ့ကြည့်၍ ဂီတစာသင်ခန်းထဲ ဘယ်လို ထွက်ရမလဲ ဆိုတာမသိနိုင်အောင် ဖြစ်နေတော့သည်။ပျောက်ဆုံးနေတဲ့လူငယ်ပုံရိပ် !

ဖန်ဖန်းက သရဲတစ်ကောင်ဆိုရင် ဂီတနုတ်တွေက အမှန်ဆိုရင် ဒါဆို အိပ်ရာပေါ် လှဲနေသည့်လူငယ်ကတကယ်ပဲ ဖန်ဖန်းလား?

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment