no

Font
Theme

Chapter 12: တကယ့်လိုအင်။

“ဖန်ဖန်း”

ဆေးရုံကုတင်ပေါ်ရှိပိန်ပိန်ပါးပါး ဖျားနာသော၊အားနည်းသော လူငယ်လေးကို ကြည့်ရင်း စုဇီမိုသည် သူနဲ့ စန္ဒယားတီးဖူးသည့် ကလေးရဲ့နာမည်ကို မသိစိတ်က ဖတ်လိုက်မိသည်။

စုဇီမို သူ့နာမည် ခေါ်လိုက်အချိန်အခိုက်အတန့်တွင် ဆေးရုံကုတင်ပေါ် လဲလျောင်းနေသော အသက်ရှုမျက်နှာဖုံးနဲ့ ပိန်ပိန်ပါးပါး လူငယ်လေး ရဲ့ မျက်ဝန်းတွေမှာ ရုတ်တရက် ပွင့်သွားသွားသည်။!

ဒီမျက်ဝန်းတွေက …

အဖြူရောင်?

စုဇီမို ခေါင်းလှည့်ကြည့်လိုက်သည်။သို့သော် သူသည် အဖြူရောင်မျက်လုံးတစ်စုံကိုသာ တွေ့ရသည်။မျက်စိသူငယ်အိမ်မရှိတာကြောင့်ပဲလား ဒါမှမဟုတ် မျက်လုံးကိုယ်တိုင်က အဖြူရောင်ပဲလားဆိုတာ မသိပါ။တိုတိုပြောရရင်တော့ နီရဲ၍ထူးဆန်းတဲ့အဖြူရောင်မျက်လုံးတစ်စုံက တစ်ချက်တစ်ချက်ကြည့်လိုက်ရုံနဲ့ သူ့နှလုံးသားကို အေးခဲသွားစေသည်။

ဂေါင်ရန်မှ တချိန်လုံးစိုက်ကြည့်နေတာကြောင့် စုဇီမိုသည်ဆေးရုံကုတင်ပေါ် လူကို ဂရုတစိုက်မကြည့်မိခဲ့။သူ ထိုလူကိုထပ်ကြည့်လိုက်ချိန် ထူးဆန်းသည့်အဖြူရောင်မျက်လုံးများ ပိတ်ကျနေတာတွေ့ရပြန်သည်။

တချိန်တည်းမှာပင်ဖရိုဖရဲဖြစ်နေသည့် ဂီတစာသင်ခန်းထဲ အကျွမ်းတဝင်မရှိသည့် စန္ဒယားသံထွက်ပေါ်လာတော့သည် !

အခန်းထဲက အမြဲတစေ ဖွင့်နေသည့် တံခါးသည် ‘ဖြန်း’ခနဲ ပိတ်ကျသွား၏။ငလျင်ကြောင့်လဲကျသွားသည့် ချန်ဂျင်မြောင် သည် ချက်ချင်း ထရပ်၍တံခါးဖွင့်ချင်ပေမဲ့ တံခါးသည် လုံးဝလော့ချသွားကာ အားဖြင့် ဖွင့်လို့တောင်မရတော့ပေ။

မူရင်းဗားရှင်းနှင့်လိုက်လျောညီထွေဗားရှင်းကို တီးခတ်ဖူးတဲ့ စုဇီမိုသည် ဂီတစာသင်ခန်းတွင် တီးခတ်သော စန္ဒယားသံ က ‘ "သေမင်းဂီတ" တေးသံဖြစ်သည်ကို တွေ့ရှိခဲ့သည်။သို့သော်အခုတခေါက် စန္ဒယားသံကတတိယမြောက် ကွဲပြားခြားနားသောဗားရှင်းဖြစ်သည်။အရင်ကနှင့်အရမ်းကွာခြားသည်။

စာသင်ခန်းရှေ့တွင်၊ စန္ဒယား၏ တစ်ခုတည်းသော အဖြူအမည်းကီးများ သည် မမြင်နိုင်သောလက်တစ်စုံမှ လျင်မြန်စွာတီးနေသကဲ့သို့ စန္ဒယားသံနှင့်အတူ ရွေ့လျားနေ၏။!

ထိုစန္ဒယားသံ ထဲတွင်သက်တောင့်သက်သာရှိသည့် အသံနှင့် သက်တောင့်သက်သာမရှိသည့် အသံပါဝင်နေကာ သက်ဝင်ပျော်ရွှင်သော လေထုလည်း မရှိသည့်အပြင် နေရာများစွာလုံးဝမှားယွင်းနေသည်။သီချင်းစာသားများကြားတွင် စူးရှသော သို့မဟုတ် လေးလံသောကွဲအက်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။၎င်းကို ဆူညံသံလို့မှတ်ယူနိုင်သည်။၎င်းက သာမာန်လူတွေရဲ့ အကြားအာရုံကို သည်းမခံနိုင်အောင် ဖြစ်စေဖို့ လုံလောက်သည်။

စုဇီမိုကတော့ ဒီအသံကို မခံစားမိပါ။တကယ်တော့ အခုလေးတင်ဖန်ဖန်းနဲ့တီးစဥ်က နုတ်တွေအများကြီးပြောင်းလဲခဲ့ပေမဲ့ ပြောင်းလဲခဲ့တဲ့ရည်ရွယ်ချက်က ဂီတကို ပိုရွှင်မြူးရန်နှင့်သဟဇာတဖြစ်အောင် လုပ်ဖို့ပဲဖြစ်သည်။

သို့ပေမဲ့ အခု နည်းနည်းလေးတောင် လိုက်ဖက်မှုမရှိပဲ လက်မခံနိုင်လောက်သည့် ဆူညံသံကို ထပ်ခါတလဲလဲ ကြားနေရတော့ စုဇီမို,ခဗျား အလွန်အမင်းသည်းခံနိုင်ပေမဲ့ တေးဂီတက အခန်းထဲပတ်လည်ဝိုင်းရံထားပြီးစာသင်ခန်းထဲ နေရတာက ညည်းပန်းနှိပ်စက်နေတယ်လို့ခံစားမိတော့သည်။

ပိုထူးဆန်းတာက ရုတ်တရက် ဆူညံသံကြားတိုင်း သူ့နှလုံးခုန်သံတွေ မြန်လာသလို ခံစားလိုက်ရပြီး စုမိသားစုထဲက အဘိုး၊ အဖေနဲ့တခြားလူတွေရဲ့ မျက်နှာတွေ သူ့စိတ်ထဲပေါ် ထွက်လာသည်။ခံစားချက်တွေက သူ့ရင်ဘတ်ထဲဖြတ်သန်းပျံ့နှံသွားတော့သည်။

နာကျင်မှုတွေ၊ အလျင်လိုနေတာတွေ၊ ဝမ်းနည်းစရာတွေ …။

စန္ဒယားသံ၏လွှမ်းမိုးမှုအောက်တွင် သူ၏ခံစားချက်များကို ဆက်လက်မထိန်းနိုင်တော့ဘဲ စန္ဒယားသံ ဆက်လက်ပြင်းထန်လာသည်နှင့်အမျှမထိန်းနိုင်တော့ပဲ စိတ်ရှုပ်ထွေးမှုများ ဆက်လက်ကြီးထွားလာတော့သည်။

[အထူးစွမ်းရည်- ဖန်တီးရှင် ကိုယ်တိုင်ကိုယ်ကျ တီးခတ်ထားသည့် တေးဂီတ ဟာ လူသားများကို အမှန်တကယ် လိုအင်ဆန္ဒများ ပေါက်ကြားလာစေပြီး စတိုးဆိုင်သို့ အသွားအလာ ပိုမိုများပြားစေသည်။]

စုဇီမို သည် "သေမင်းဂီတ "ထဲက မှတ်ချက်စာတမ်းကြီးကိုကြည့်ရင်း အထူးစွမ်းရည် ဆိုသည့်ကောလံကို အကြာကြီးစိုက်ကြည့်ကာ ရေရွတ်မိသည်။ “အာ…”

အခု စာသင်ခန်းထဲ တီးခတ်နေသည့် တေးသံသည် တကယ့် ‘သေမင်း ဂီတ’ဖြစ်လောက်သည်ဟု ခံစားမိလာသည်။

“အားးးး-”

စန္ဒယားတီးခဲ့တဲ့ စုဇီမိုနဲ့ယှဥ်ရင် စာသင်ခန်းထဲက လေ့ကျင့်သူများ အရင်ဆုံး ပြိုလဲကျသွားသည်။

“ဘာလို့ငါတို့ ဒီလိုမျိုး ကြုံနေရတာလဲ ? ငါသည်းမခံနိုင်ဘူး..." အရင်ပြိုလဲကျသွားသည့် လူက အရှေ့ကိုဂရုတစိုက်ကြည့်ရင်း အော်ပြောလာသည်။

စကားများစွာထွက်ပေါ်လာကာ သူ့အသံလည်းတဖြေးဖြေး နှေးကျသွားသည်။ထိုလူက သူ့ကိုယ်သူ ရေရွတ်လေသည်။“ငါ ဘာလို့ ကံမကောင်းတာလဲ? သူတို့ကျ ကောင်းကောင်းနေထိုင်ရပြီး ငါ့ကျတော့ ရုတ်တရက်ကြီး ဘာလို့အလုပ်ပြုတ်သွားတာလဲ?ချေးငွေတွေအများကြီး ငါ ဘယ်လိုပြန်ဆပ်ရမလဲ? ဒီတခေါက်အိမ်မက်ဆိုးကမ္ဘာကို ဘယ်လိုရှင်းထုတ်ရမလဲ? ငါ နောက်တခေါက် သေလိမ့်မယ်… သေတော့မှာပဲ”

ထိုသို့ပြောနေစဥ် ထိုလူလတ်ပိုင်းအမျိုးသားကချွန်ထက်သည့်အရာကိုမြင်သောအခါ ချက်ချင်း ခုန်ဝင်လိုက်လေသည်။

"ငါအသက်ရှင်ချင်တယ်၊ ငါဒီလိုမသေချင်ဘူး!" အတွေ့အကြုံရှိသူ နောက်တစ်ယောက်က ဂေါင်ရန် ကို ထိုး၍ ဂေါင်ရန်ရဲ့လက်ထဲက ဓားမြှောင်ကို လုယူဖို့ကြိုးစားလေသည်။

သေချင်နေတဲ့ လူလတ်ပိုင်းက တစ်ကိုယ်လုံး မြေပြင်ပေါ် လှဲလျောင်းနေကာ ရိူက်ငိုနေလေသည်။

“မစ်စတာဂေါင် မင်းငါ့ကိုအသက်ရှင်လျက်ထားသရွေ့ ငါမင်းအတွက် ဘာမဆိုလုပ်ပေးမယ် !" လေ့ကျင့်သူက ဂေါင်ရန်ရဲ့ လက်မောင်း ကို သမုဒ္ဒရာထဲက ရေမျောကမ်းတင်သစ်သားတဖွယ် ဖမ်းဆုပ်ကိုင်ထားသည်။"မစ္စတာ ဂေါင် က အရမ်း တော်တယ်ဆိုတာ ငါသိပါတယ်၊ငါအသက်ရှင်နေသရွေ့ မင်းရဲ့ခွေးဖြစ်ပေးနိုင်တယ်!"

“သွား !”ဓားကိုင်ထားသည့် ဂေါင်ရန်က လေ့ကျင့်သူကို မတုန့်ဆိုင်းပဲမြေပြင်ပေါ် ပစ်ချလိုက်သည်။သူက သူ့ခြေထောက်များမယူကာ လေ့ကျင့်သူရဲ့ လက်ဖဝါးကိုတက်နင်းလိုက်သည်။

နာကျင်သည့် တေးသံမထွက်ခင်တည်းက လူတိုင်း သည် စုဇီမို,တစ်ယောက်တည်း သာမန်အတိုင်းဖြစ်နေသေးတာကိုမြင်ကြသည်။

အိပ်မက်ဆိုးကမ္ဘာကို ကြုံဖူးကြသည့် အတွေ့အကြုံရှိလေ့ကျင့်သူ ၃ ဦးသည် ကြောက်လန့်ကြပေမဲ့အနှုတ်သဘောဆောင်သည့် စိတ်ခံစားချက်မထုတ်ပြပဲ ပုံရိပ်ကို အလွန်နိမ့်ချကာစောင့်ဆိုင်းနေကြသည်။

ဂေါင်ရန်သည်‘ဝါရင့်’ တစ်ယောက်ဖြစ်ပြီး လက်ရှိအဖွဲ့ထဲအာဏာအရှိဆုံးဖြစ်သည်မှာထင်ရှားသည်။သူက အန္တရယ်မကျရောက်ခင်တည်းကဥာဏ်ရည်ထက်မြက်သော ခေါင်းဆောင်တစ်ဦး၏ ပုံစံကို ထိန်းသိမ်းဖို့ အမြဲကြိုးစားခဲ့သည်။ဂေါင်ရန် ၌ ဒီလို စွမ်းရည်နဲ့ စတိုင်မျိုးမရှိတာကြောင့် ဂေါင်ရန်က စုဇီမိုက အရမ်းထူးဆန်းတယ်ဆိုသည့် ခံစားချက်မျိုး ခံစားရအောင်လုပ်ခဲ့သည်။

သို့သော် အခု သာမန်လေ့ကျင့်သူတွေမှာ အာရုံခံနိုင်စွမ်း ကင်းမဲ့မှုကြောင့် စိတ်ဆိုးမိကြတယ် ဒါမှမဟုတ် ဝမ်းနည်းကြတယ် ဒါမှမဟုတ် သည်းမခံနိုင်ကြတော့။

ပြီးတော့ ဂေါင်ရန်သည် လည်း သူ့ရုပ်ဖျက်မှုအားလုံး ရုတ်တရက်ဖယ်ရှားလိုက်သလိုမျိုး ကြမ်းတမ်းတဲ့လူကြမ်းတစ်ယောက်ဖြစ်လာခဲ့သည်။

စုဇီမိုရဲ့အသိစိတ်က လက်ရှိပရမ်းပတာအခြေအနေကိုအခွင့်ယူပြီး ဂီတအခန်းထဲက ထွက်သွားတာအကောင်းဆုံးပဲလို့ ပြောနေသည်။စန္ဒယားတီးသံကြောင့် ဖရိုဖရဲဖြစ်နေကြသော လေ့ကျင့်ရေးသမားများကိုကြည့်လိုက်ပြီးနောက် သူ့နှလုံးသားထဲအဆက်မပြတ်ထွက်ပေါ်နေသော ခံစားချက်များကို ကြံ့ကြံ့ခံကာ သူ့အနောက်က တံခါးကနေ တိုက်ရိုက်ထွက်သွားချင်မိတယ်.!

“ငါ့ကိုလွှတ် !"

ထိုအချိန်တွင် စာသင်ခန်းတံခါးဝတွင် လဲကျနေသော ချန်ဂျင်မြောင်မှ စုဇီမိုဆီ ပြေးဝင်တယ်။!

စုဇီမိုကို ခက်ထန်သည့် သရဲတစ်ကောင်လို့ သတ်မှတ်ထားလို့များလားတော့မသိ။ချန်ဂျင်မြောင်က သူ့မျက်နှာကိုအထိတ်တလန့်ကြည့်၍ ဘာမှမဖြစ်သလို မတ်တပ်ရပ်ကာ ပြောလာသည်။“ဆရာ”

ချန်ဂျင်မြောင် ကြည့်ချိန်တွင် စုဇီမိုရဲ့ လက်မှ ထိလိုက်သည့် တံခါးဟာ ပျောက်ကွယ်သွားတာအံ့ဩစရာမဟုတ်တော့။

“သူတို့ကိုပါခေါ်သွား။ငါ့အိမ်မက်ဆိုးအမှတ်မဆုံးရူံးချင်ဘူး !” ချန်ဂျင်မြောင်မှ တောင်းပန်လေသည်။ချန်ဂျင်မြောင်က သူတို့ ဆိုတာ ဘယ်သူလဲမပြောသလို ရှင်းပြဖို့လဲမလိုအပ်ပါ။ဒီတခေါက် အိမ်မက်ကမ္ဘာထဲသေသွားရင်တောင် ဝါရင့်’အနေနဲ့ ချန်ဂျင်မြောင်က တကယ့်ကမ္ဘာကိုပြန်နိုင်သည်။

သို့သော်ချန်ဂျင်မြောင်ရဲ့ ပွင့်ပွင့်လင်းလင်းပြောသောစကားကိုကြားသောအခါ ချန်ဂျင်မြောင်ရဲ့အိမ်မက်အမှတ်က တခြားလေ့ကျင့်သူအသက်များထက်ပိုအရေးကြီးနေတာကို စုဇီမို ခံစားမိသည်။

ချန်ဂျင်မြောင်,တစ်ယောက် စုဇီမိုရဲ့ရင်ခွင်ထဲတိုးဝင်တော့မှာမြင်တော့စုဇီမိုသည် ဘေးတိုက်ရှောင်ထွက်ဖို့လုပ်စဥ် ရုတ်တရက်ဆိုသလို မမြင်ရသည့် စွမ်းအားက စုဇီမို အနောက်သို့ဆွဲယူခဲ့သည်။!

စုဇီမို ပြန်သက်သာချိန် သူ့ကိုယ်သူ တေးဂီတအခန်းထဲမှ ထွက်လာကာ ပြိုကျနေသောနံရံ၏ တစ်ဖက်တွင် ရပ်နေလျက် မီးနီဖြင့် လင်းနေသော အခန်း၏တခြားတဖက်၌ ရပ်နေတာကိုတွေ့ရှိခဲ့တယ်!

ဖန်ဖန်းက သူ့ကိုဆွဲယူခဲ့ပုံပင်။အခု သူ သည် သရဲရဲ့အိပ်ရာနံဘေးမတ်တပ်ရပ်နေသည်။

ခဏကြာတော့ စုဇီမိုရဲ့ခန္ဓာကိုယ်တောင့်တင်းနေပြီး နည်းနည်းလေးတောင် ဘေးပတ်လည်ကိုမကြည့်ရဲပေ။

ဂီတစာသင်ခန်းနှင့် လုံးဝခြားနားသော နေရာတစ်ခုတွင် ရှိနေသလိုမျိုးခံစားရသည်။

အနီရောင်ရပ်ကွက်ရှိ လေထုသည် ပူလောင်နေပြီး စိတ်ဓာတ်ကျနေပုံပေါ် သည်။ စုဇီမိုကို ဖက်ချင်နေသည့်ချန်ဂျင်မြောင် အား မမြင်ရသည့်လေထုနံရံအလွှာကပိတ်ဆို့ထားပုံပင်။

[သတိပေးချက်- မိမိစိတ်ကြိုက်ဖြစ်တည်မှုကို ရှုတ်ချရန် ခွင့်မပြုပါ။]

ချန်ဂျင်မြောင်,တစ်ယောက် မမြင်ရသည့် နံရံဆောင့်တွန်းတာခံရချိန် ဂေါင်ရန် သည် ရုတ်တရက် ပြေးလာလာပြီး ချန်ဂျင်မြောင်ရဲ့ဆံပင်ကိုဆွဲကာ အလွန်မသက်သာသည့်လေသံဖြင့်ပြောလိုက်သည်။ “ဟုတ်သား..မင်း ပါးနပ်နေပါလား? မင်းရဲ့အိမ်မက်ဆိုးရမှတ်အတွက် ငါတို့အခြေအနေပြောင်းလဲသွားပြီလား?”

“တစ်ခုခုဖြစ်သွားရင်တောင် အိမ်မက်ဆိုးရမှတ်တွေကို နှမြောဖို့လုံလောက်တယ်ပေါ့၊ဟုတ်တယ်မလား? “ ဘေးက ချန်ဂျင်မြောင်က မျက်လုံးပိတ်ကာ ပြန်တုန့်ပြန်လေသည်။ “ငါ့ကိုအသင်းဖော်အဖြစ်ရွေးချယ်တာ အသင်းဖော်ဖြစ်တဲ့ငါ့ဆီက အိမ်မက်ဆိုးရမှတ် 50% လိုချင်လို့မဟုတ်ဘူးလား?! ငါတို့အစတည်းကတစ်ယောက်နဲ့တစ်ယောက်အသုံးချခဲ့တာပဲလေ!”

စုဇီမို သည် ဖန်သားမှဖြတ်လာသည့်ချန်ဂျင်မြောင်၏အသံကိုကြားလိုက်သည်။ အရမ်းထူးဆန်းသော်လည်းအလွန်ရှင်းသည်။

ချန်မင်မြောင်ရဲ့စကားမှန်ရင် စုဇီမို သည် ‌ဂေါင်ရန်ရဲ့ IQ ကို တကယ်ကိုစိုးရိမ်မိသည်။

ချန်ဂျင်မြောင်မှ အသင်းဖွဲ့စည်းခြင်းတံဆိပ်ကိုပြောခဲ့သလောက် အသင်းရဲ့အိမ်မက်ဆိုးကမ္ဘာရမှတ်ကို အသင်းခေါင်းဆောင် ဆီ အမှန်တကယ်လွဲပေးလို့ရသည်။ပြောရရင်အသင်းဖော်ရွေးချယ်ရင် အိပ်မက်ဆိုးကမ္ဘာတွင် ပိုမိုရှင်သန်နိုင်စွမ်းရှိသော အတွေ့အကြုံရင့်ကစားသမားအချို့ကို ရွေးချယ်သင့်သည်။ထို့အစား ချန်ဂျင်မြောင် ကိုရွေးချယ်တော့ ချန်ဂျင်မြောင် က အသားအရည်ကလွဲလို့ ဘာအကျိုးကျေးဇူးမှမရှိသူဖြစ်သည်။ဂေါင်ရန်,တစ်ယောက် လေ့ကျင့်သူရဲ့ခန္ဓာကိုယ်ပေါ် အဆက်မပြတ်ကြွေမွအောင်နင်းချေတည်းက ဂေါင်ရန်က ချန်ဂျင်မြောင်ရဲ့ အပြစ်ကင်းစင်ပြီးကြင်နာမှုကြောင့် အသင်းဖွဲ့ခဲ့တယ်ဆိုတာ မယုံနိုင်နိုင်အောင်ဖြစ်မိသည်။

“မင်းကော?”

စုဇီမို သည် ထိုလူများကို တွေးတွေးဆဆ ကြည့်နေချိန် ဖန်ဖန်းရဲ့ပုံရိပ်လေး သူ့ရှေ့ရုတ်တရက်ထွက်ပေါ်လာသည်။

သူ့ဘေးရှိအိပ်ရာပေါ် က ပိန်ပါးဖျော့တော့သည့် ပုံရိပ်လေးပျောက်ကွယ်သွားသည်။

စာသင်ခန်းထဲ ခြောက်ခြားအောင်လုပ်သူမှာ ဖန်ဖန်း ဖြစ်ပြီး ‘တေးဂီတ’ ဖန်တီးသူမှုလည်း ဖန်ဖန်းဖြစ်တယ်ဆိုတာ သက်သေပြနေသည်။

“မင်းရဲ့ စိတ်ထဲက တကယ့်အတွေးကဘာများလဲ?”ဖန်ဖန်း သည် စုဇီမိုကိုကြည့်၍မေးလိုက်သည်။ “မင်းရဲ့တကယ့်ဆန္ဒကဘာလဲ?”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment