Chapter 1 : ရသစုံလင်ရိူး
“သေသွားပြီလားဟင်?”
“အသက်ရူနေတဲ့ပုံမရဘူး!”
“မြွေကိုက်ခံရတယ်ဆိုပဲ၊ ဒါဆို တကယ်သေသွားတာလား?!”
[အစီအစဥ်ရိုက်ကူးတဲ့ ပထမဆုံးနေ့မှာတင် တစ်ယောက်သေသွားပြီပေါ့… ဘာလုပ်သင့်လဲ”
တီးတိုးစကားသံတွေနဲ့ ဝိုင်းပြောနေကြ၏။ ရုတ်တရက်ဆိုသလိုပင် စုဖေးဖေး ဟာ မျက်လုံးနှစ်လုံးကို ဖွင့်လိုက်ပြီး ပါးစပ်ဟကာ လေကိုရူသွင်းလိုက်တယ်! ပတ်ပတ်လည်က လူတွေရဲ့ အံ့အားသင့်သံတွေ ကြားလိုက်ရတယ်။ သူမရဲ့မျက်လုံးတွေက ပတ်ဝန်းကျင်က လူတွေကို စမ်းသပ်ကြည့်ရှုလိုက်ပြီး သူမ၏ပါးစပ် က အံ့အားသင့်စွာ ဟသွား၏။
ဒီနေရာ က ဘယ်နေရာလဲ?
မူလကတော့ သူမ သည် ကြီးမြတ်သောရန်တိုင်းပြည် ရဲ့ ဧကရီ ဖြစ်ပြီး စစ်သည်ထောင်ပေါင်းများစွာကို ဦးဆောင်ကာ ရန်သူတွေရဲ့ စခန်းထဲကို ချဥ်းနင်းဝင်ရောက်ခဲ့တယ်။ နောက်ဆုံးမှာတော့ ခေါင်း ဆီ မြားနဲ့ထိမှန်ပြီး မသေခင် စိတ်မချမ်းသာစွာနဲ့ မျက်စိမှိတ်ခဲ့ရတယ်။
တဒင်္ဂလောက်အတွင်းမှာ ကမ္ဘာကြီး လုံးဝပြောင်းလဲသွားကာ၊ များပြားလှတဲ့ ထူးဆန်းတဲ့ မှတ်ဥာဏ်တွေဟာ ဦးနှောက်ထဲ ရုတ်တရက်ပေါ်လာခဲ့သည်။ စုဖေးဖေး သည် မျက်လုံးကို စက္ကန့်ပိုင်းလောက် မှိတ်ထားပြီး အချက်အလက်တွေကို စုစည်းနားလည်အောင် ကြိုးစား၏။နောက်ဆုံးမှာတော့... စက္ကန့်ပိုင်းအတွင်းမှာပဲ အဖြစ်မှန်ကို လက်ခံတော့သည်။ သူမ တခြားခန္ဓာကိုယ်ထဲမှာ ပြန်လည်မွေးဖွားလာခဲ့တာကိုး။
ထို့အပြင် ဒီနေရာဟာ နေခဲ့ဖူးတဲ့ မူလကမ္ဘာလည်း မဟုတ်တော့ဘူး။ ဒီခန္ဓာကိုယ်ရဲ့ ပိုင်ရှင်ဟာ အဆင့်၁၈ရှိ သရုပ်ဆောင်တစ်ယောက် ဖြစ်တယ်။ ဒီနေရာက လူတွေက သူမကို ဆယ်လီဘရစ်တီ လို့ ခေါ်ကြတယ်။ ဒါပေမယ့်နာမည်ကြီး သရုပ်ဆောင် တစ်ယောက်တော့ မဟုတ်ဘူး။ ဤ ဆယ်လီဘရစ်တီနဲ့ သူမရဲ့နာမည်ဟာ တူတူပဲဖြစ်တယ် - စုဖေးဖေး။ လက်ရှိအချိန်မှာတော့၊ အဖေတူအမေကွဲ သမီး က ဤရိူးမှာ ပါဝင်ဖို့ တိတ်တဆိတ် လတ်မှတ်ရေးထိုးခဲ့လို့ လူသူကင်းမဲ့သောကြယ်ကျွန်း အပိုင်း၂ မှာ ပါဝင်နေရတယ်!
ဤရိူး ဟာ တိုက်ရိုက်ထုတ်လွှင့်တဲ့ပုံစံ ဖြစ်ပြီး၊ သတင်းထွက်လာတာနဲ့ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့တဲ့ အကြောင်းပြချက်က တစ်ခုပဲရှိ၏။ - ဒီအစီအစဥ် မှာ သေခြင်းရှင်ခြင်း လောင်းကြေးထပ်ထားတဲ့ စာချုပ် ပါဝင်တဲ့အတွက်ပဲ!
သူတို့တွေရဲ့ အသက်တွေဟာ စာချုပ်အရ စစ်မှန်စွာ စွန့်လွှတ်ဖို့ လိုအပ်တယ်!
ဒီလူသူကင်းမဲ့သောကျွန်းပေါ်ရောက်သွားတာနဲ့ ပန်းမြွေ၊ အင်းဆက်ပိုးမွှားများနှင့် မီးပုရွက်ဆိတ်စသည့် အသက်ရှင်ရပ်တည်ရေး စိန်ခေါ်မှုများကို ရင်ဆိုင်ရလိမ့်မည်။ အပိုင်း၁ မှာ သေဆုံးမှုများရှိခဲ့သောကြောင့်၊ ယုတ္တိအရ အပိုင်း၂ အတွက်
လျှောက်ထားသူ နည်းသင့်သည်။ သို့သော် တကယ်တမ်းတွင် အပိုင်း၁ ထက် လူအများအပြား ပိုမိုပါဝင်လိုခဲ့ကြသည်။
ပြောရလျှင်၊ ဆုများ က အလွန်ဆွဲဆောင်မှုရှိသည်။
ကျွန်းပေါ်တွင် ရက် ၃၀ နေပြီးပါက တျန်ဟွာထုတ်လုပ်ရေး နှင့် စာချုပ်ချုပ်ကာ တစ်နှစ်နီးပါးရှိသော ထိပ်တန်းအခွင့်အလမ်းများ ရရှိနိုင်သည်။ ငွေကြေးဆုများထက် ပိုမိုဆွဲဆောင်မှုရှိပေသည်။
ထို့ထက်ပို၍ ဆွဲဆောင်မှုရှိသည်မှာ အပိုင်း၂ မှာ ယခုနှစ်၏ အကောင်းဆုံးသရုပ်ဆောင်၊ ပိုင်စစ်လင်း ပါဝင်လာကြောင့်ပင်။
ထိုသူကြောင့်ပင် ကုမ္ပဏီ က ယခုအကြိမ် ဘေးကင်းရေးစနစ်ကို စနစ်တကျပြုလုပ်မည် ဟု ကတိပေးခဲ့ပြီး၊ ဤအချက် က မယုတ်မလျော့သော ယောက်ျားတို့ကို ဆွဲဆောင်နိုင်ခဲ့သလို အမျိုးသမီးဦးရေ သည် အမျိုးသားဦးရေထက် ၃ဆမက ပိုများသည်။
…
စုဖေးဖေး သည် သတင်းအချက်အလက်များကို စုစည်းစဥ်းစားပြီးနောက် သူမ၏ခြေထောက်ပေါ်ရှိ ဒဏ်ရာ တစ်ခုကို တွေ့မြင်လိုက်သည်။
မြွေကိုက်ထားသည့် အနာဖြစ်ပုံရသည်။
ပန်းမြွေမျိုး ဖြစ်ပြီး ဤကျွန်းပေါ်ရှိ အဆိပ်ပြင်းမြွေ ၅ မျိုးအနက် တစ်မျိုးဖြစ်ကာ ကြီးမြတ်သောရန်တိုင်းပြည် ၌ အလွန်တွေ့ရများသည်။
သို့သော် ဤနေရာ က ပူနွေးစိုထိုင်းနေတဲ့ဟာ ဘာလို့ ဒီမြွေမျိုး ရှိနေတာလဲ?
စုဖေးဖေး သည် မျက်ခုံးကျုံ့လျက် ခေါင်းမော့ကာ ပတ်ဝန်းကျင်ရှိလူများကို ကြည့်လိုက်ပြီး နှုတ်ခမ်းဆူပုတ်သွားသည်။
ဝတ်စားဆင်ယင်ဟန်မှာ တနေ့ထက်တနေ့ ယိုယွင်းလျက်ရှိသည်။ ဤနေရာရှိလူအားလုံး သည် ပြည်တန်ဆာရုံကလူများကဲ့သို့ ဝတ်ဆင်ထားကြပြီး မျက်လုံး ညစ်ညမ်းစေတယ်!
သူမ မတ်တပ်ထရပ်လိုက်စဥ် လူတစ်ယောက် သူမဆီသို့ ခုန်ပေါက်ဝင်ရောက်လာသည်။
"အဆင်ပြေရဲ့လား?နင့် ကို ငါ သိပ်စိတ်ပူနေတာ!”
ထိုသူ က နူးညံ့ညင်သာသောအသံ ဖြင့် ပြောဆိုပေမဲ့ သူမရဲ့လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ထားရာ လက်မောင်းနာကျင်သွား၏။
စုဖေးဖေး သည် ချက်ချင်း နောက်တစ်လှမ်းဆုတ်လိုက်ပြီး လက်ကို ကိုင်ဆွဲကာ ကျောက်နံရံ ဆီ ပစ်ပေါက်လိုက်တော့သည်!
"အား!"
ကြောက်လန့်သံများ ချက်ခြင်းထွက်ပေါ်လာချေသည်။
"စုဖေးဖေး ဘာလုပ်တာလဲ!"
"ချက်ချင်းလွှတ်လိုက်! နင် ရူးသွားတာလား?!"
စုဖေးဖေး သည် ဘယ်သူ့စကားမှ မကြားသလို လုပ်နေပြီး သူမ၏အနီးသို့ ချဥ်းကပ်လာသူကိုသာ ကြည့်လိုက်သည်။
သူမ၏မှတ်ဥာဏ်အရ ဤပုဂ္ဂိုလ်မှာ မူလခန္ဓာကိုယ်ပိုင်ရှင်၏ အချစ်ဆုံးသူငယ်ချင်း၊ ရှန်းရုံချင်း ဖြစ်ပြီး အပေါ်ယံတွင် အကောင်းဆုံးသူငယ်ချင်းအဖြစ် ဟန်ဆောင်လေ့ရှိသည်။
မူလစုဖေးဖေးမှာ ဤ 'အကောင်းဆုံးသူငယ်ချင်း' လှည့်ကွက်မှာ ကျင့်သားရနေခဲ့သည်။
သို့သော် ကြီးမြတ်သောမဟာရန်၏ ဧကရီ၊ သူမ ဟာ နိုင်ငံရေးလုပ်ကြံမှုမျိုးစုံကို မြင်ဖူးပြီးသားဖြစ်သည်။ လိမ်လည်မှုမျိုးစုံ ကို သူမ ကိုင်တွယ်ဖူး၏။
ဤရိုးရှင်းသောလှည့်ကွက်လေးနဲ့ သူမ က လှည့်စားခံမှာ မဟုတ်ဘူး!
"သတိထား၊ ငါ့ကို လူတွေ လာထိတာ မကြိုက်ဘူး” စုဖေးဖေး က သူမ၏လက်ကို လွှတ်ပေး၍ ပြောလိုက်သည်။
လူအားလုံး က စုဖေးဖေး သရုပ်ဆောင်နေသည်ဟု ထင်နေကြသည်။ သို့သော် ဤသို့ပြုမူခြင်းမှာ သူမ၏ပုံမှန်အပြုအမူပင်ဖြစ်သည်။ သူမ၏ကုမ္ပဏီ က သူမကို ဆိုးသွမ်းသောလူစား အဖြစ် သတ်မှတ်ထားသော်လည်း၊ နောက်ဆုံးတွင် လူငယ်အုပ်စု၏ပြင်းထန်သောဝေဖန်မှု ကိုသာ ရရှိခဲ့ပြီး ဘယ်လိုမှ ကျော်ကြားအောင် မလုပ်နိုင်ခဲ့။
သူမ သည် လုပ်ချင်တာ ဘာမဆို လုပ်နိုင်သည့်အပြင် သရုပ်ဆောင်တွေကို လိုက်ဖမ်းရန် ရည်ရွယ်ချက်တစ်ခုတည်းဖြင့်သာ ဖျော်ဖြေရေးလောကထဲ ဝင်ရောက်လာခြင်းဖြစ်သည်။ သူမ၏ ကုမ္ပဏီကပင် "စတားတွေကို လိုက်ဖမ်းရင်း စတားဖြစ်လာနိုင်တယ်!" ဟူသော လှုံ့ဆော်စာတမ်း ကို ကြော်ငြာခဲ့သော်လည်း၊ စုဖေးဖေးမှာ တစ်ချိန်တည်း စတား ၁၈ ယောက်ကို လိုက်ဖမ်းနေသူ မျိုးဖြစ်နေသည်။
ရှန်းရုံချင်း က ညည်းညူပြီး ပြောလာသည်။ “နင် ဘာဖြစ်နေတာလဲ? ပိုင်စစ်လင်း က ငါ့ကို လတ်မှတ်ထိုးပေးခဲ့လို့ စိတ်ဆိုးသွားတာလား? ငါ က…”
သူမ က လူအများကြား မှာ အချည်းနှီးသတင်းများ ဖြန့်ဖို့ ကြိုးစားနေခြင်းပင်!အတော်ကို ကောက်ကျစ်တဲ့မိန်းမ!
"ဒါမှမဟုတ် အဲ့မိန်းကလေး ရဲ့ ဖျော်ဖြေပွဲလက်မှတ် မရလို့ ငါ့အပေါ် အပြစ်တင်နေတာလား? မရတဲ့အပေါ် ငါ့ကို အပြစ်တင်နေတာလား? ငါ က အိပ်ရာမဝင်ဘဲ အွန်လိုင်းမှာ လက်မှတ်ရဖို့ ကြိုးစားခဲ့တာ၊ ငါ တကယ်မရခဲ့ဘူးလေ!"
လူအုပ် ထဲမှ အသံများ ကြားရသည်။
သူမကို အာဏာရှင်ဆန်သည်ဟု အမြဲသိထားသော်လည်း၊ ဤမျှလောက်ဖြစ်မည် ဟု မထင်ထားခဲ့! စုဖေးဖေးနှင့် ရှန်းရုံချင်းတို့သည် အမျိုးသမီးအဖွဲ့တစ်ခုမှ အဖွဲ့ဝင်များ ဖြစ်ကြသည်။ ဤအရာကို အနိုင်ကျင့်နေတာ လို့ သတ်မှတ်လို့ရတယ်မလား?
ဒါရိုက်တာ က ချက်ချင်း လက်ထောက်ကို အချက်ပေးလေသည်။
“တိုက်ရိုက်ထုတ်လွှင့်ဖို့ စတော့!မြန်မြန်ဖွင့်!”
လက်ထောက် က အချက်ပြသည်ကို လက်ခံရရှိပြီး ရိူး ကို စောစောစီးစီး စတင်သည်။
မူလအစက အစီအစဥ်၏ ပထမနေ့တိုက်ရိုက်ထုတ်လွှင့်မှု သည် မိတ်ဆက်ခြင်းနှင့် အဓိကအချက်များသာ ပါရှိမည်ဖြစ်သည်။ သို့သော် ရုတ်တရက် ဇာတ်လမ်းဆန်းကြီးပေါ်လာမည်ကို သူတို့ လုံးဝမမျှော်လင့်ခဲ့ကြဘူး!
သိထားရမည်မှာ စုဖေးဖေးကိုယ်တိုင်ကို က အငြိုးကြီးသော ပရိတ်သတ်များ ရှိသည့် ကျော်ကြားသူတစ်ဦးဖြစ်ပြီး၊ သူမ၏ညီမ စုလင်း မှာ ကျော်ကြားလျက်ရှိသော နာမည်ကြီးသရုပ်ဆောင်တစ်ဦး ဖြစ်နေခြင်းပင်!
ဤပေါင်းစပ်မှု က ကြည့်ရှုသူဦးရေကို ဧရာမဆွဲဆောင်နိုင်လိမ့်မယ်!
မှတ်ချက်များ သည် ဖန်သားပြင်ပေါ်တွင် ရေလျှံသွားခဲ့သည်။
[ဘာတွေဖြစ်နေတာလဲ? ထုတ်လွှင့်မှုကို စောစောစတင်နေပြီလား?]
[ဗီဒီယိုတစ်ပုဒ်!]
[နောက်ဆုံးတော့ တစ်ခုခုလုပ်လိုက်ကြပြီနဲ့တူတယ်!]
[ဒါဟာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ကိစ္စမျိုးလား?]
[ဒါ စုဖေးဖေး မဟုတ်လား?]
[ကံမကောင်းချင်တော့ ဖွင့်လိုက်တာနဲ့ ညစ်ပတ်တဲ့အရာ တစ်ခုကိုတွေ့ရတော့တာပဲ!]
အခြားတစ်ဖက်တွင်မူ ရှန်းရုံချင်း က မျက်စောင်းထိုးကာ မျက်ရည်များ မထိန်းနိုင်ပဲ ငိုပြောလေသည်။ “ ငါ တကယ်ပဲ နင့်ရဲ့အခွင့်ကောင်း ကို မဖျက်စီးချင်ခဲ့ပါဘူး!ပြီးခဲ့တဲ့တခေါက် ဟိုတယ်အခန်းလဲတုန်းက ပိုင်စစ်လင်း က ငါ့ကို ညသန်းခေါင် မှာ နင် သူ့အခန်းတံခါးကို သွားခေါက်ခဲ့ပြီး အိပ်ရေးပျက်အောင်လုပ်တယ်လို့ ပြောခဲ့လို့ ငါ့ဆန္ဒအလျောက် အခန်းလဲပေးခဲ့တာပါဟာ…”
လူအားလုံး စကားမပြောနိုင်အောင် မင်သက်သွားကြကာ မှတ်ချက်များထဲတွင် မေးခွန်းသင်္ကေတများ ပေါက်ကွဲနေသည်။
[ငါ အခုဘာကြားလိုက်ရတာလဲ???]
[လန့်စရာကောင်းလိုက်တာ?!]
ဒါရိုက်တာ သည် ဤဒရမ်မာ ကြောင့် ပါးစပ်ကို မပိတ်နိုင်အောင် ပြုံးနေသည်။
ဆုံးဖြတ်ပြီးပြီ! hot search နှင့် ကြည့်ရှုနှုန်း သေချာသွားပြီ!
တကယ်ပဲ၊ စုဖေးဖေး က သူ့ကို အချည်းအနှီးမဖြစ်စေဘူးပဲ! ထို့အပြင် သူ သည် လာဘ်လက်ခံခဲ့သောကြောင့် စုဖေးဖေး၏ ပါဝင်မှုကို လက်ခံခဲ့ခြင်းဖြစ်သည်။ ဤရလဒ် ကို မပျော်ပဲ ဘယ်နေမှာလဲ? သူ ကြွယ်ဝချမ်းသာသွားပြီ!
စုမိသားစု ၏ အိမ်တွင်လည်း ထိုနည်းတူပင်။
"အမေ၊ အဖေ၊ မမ ထိပ်တန်းရှာဖွေမှုစာရင်း ဆီ ထပ်ရောက်နေပြီ" ဟု စုလင်း က စိုစိုပြည်ပြည်မျက်လုံးများ ဖြင့် စိုးရိမ်ဟန် မျက်ခုံးညှိုးငယ်ကာ ပြောလေသည်။
"ဘာ?" စုယောင်ကော်၏မျက်နှာထက်ဝယ် ရေခဲတမျှအေးစက်သွားသည်။
စုလင်းက တမင်တကာ တိုက်ရိုက်ထုတ်လွှင့်နေသော ဗီဒီယိုကို စုယောင်ကော်၏ အရှေ့တွင်ထားပြီး ထိပ်တန်းရှာဖွေမှုစာရင်း ကိုပါ ဖွင့်ပြလိုက်သည်။
မျှော်လင့်မထားသည်မှာ— စုဖေးဖေး က တိုက်ရိုက်ထုတ်လွှင့်မှုတွင် လူကိုရိုက်နှက်နှောင့်ယှက်နေ ကြောင်း ဖော်ပြထားခြင်းပင်!
စုယောင်ကော် ချက်ချင်း ဒေါသထွက်သွားသည်။
ထပ်ဖြစ်ပြန်ပြီ! ဒီလမှာ ဘယ်နှကြိမ်များ ထိပ်တန်းရှာဖွေမှုစာရင်း ထဲ ရောက်နေရတာလဲ! စုမိသားစု ရဲ့ ဂုဏ်သိက္ခာ က သူမကြောင့် ဖုန်ထဲ ပစ်ချခံလိုက်ရပြီ!
တိုက်ရိုက်ထုတ်လွှင့်မှုရှိ မှတ်ချက်များမှာ ပို၍ပင် ဆိုးရွားနေသည်။
[စုမိသားစုတစ်ခုတည်း မှာ ကြီးပြင်းလာတဲ့ကလေးတွေ က ဘယ်လိုလုပ် ဒီလောက်ကွဲပြားရတာလဲ?]
[လန့်စရာကြီးပါကွာ! သူမ က အစွဲလမ်းကြီးတဲ့ဖန်နဲ့တူနေပြီ!]
[လူကိုရိုက်နေတယ်ဟ! အခုချက်ချင်း ရဲခေါ်လို့ လိုက်ရမလား?]
[ရဲခေါ်ဖို့ အကြံပေးပါတယ်!]
စုလင်း၏ နှုတ်ခမ်းထောင့် မှာ ကွေးတက်သွားပြီး လှပသောမျက်လုံးထဲတွင် အေးခဲသောအလင်းများ ပြည့်နေသယောင်ပင်။
အဆိပ်ပြင်းမြွေ က သူမ၏ချစ်လှစွာသောအစ်မ ကို ကိုက်သတ်နိုင်ခဲ့ခြင်းမရှိသည့်အတွက်၊ သူမ နောက်ထပ်ဒုက္ခခံရဦးမယ်။
သူမ စိတ်ထဲ မှ ရယ်မောလျက် အခြားမှတ်ချက်များကို ဖတ်နေခဲ့သည်။
ရှန်းရုံချင်း၏ ငိုကြွေးသံ ဆက်လက်တိုးလာချိန်တွင်၊ မိုက်ခရိုဖုန်းမှ ရုတ်တရက် အေးစက်သောအသံတစ်ခု ထွက်ပေါ်လာသည်။
"အခန်းလဲတယ်?" စုဖေးဖေးက ရှန်းရုံချင်းကို အေးစက်စက်လေသံဖြင့် မေးလိုက်သည်။
“အိုး…နင် အဲအကြောင်းပြောနေတာလား? ငါ့ကို အဲအခန်းလဲပေးဖို့ တောင်းဆိုတဲ့သူ က နင်ပဲ မဟုတ်ဘူးလား?”
စကားပြောပြီးသည်နှင့် ရှန်းရုံချင်း၏ ငိုသံ မှာ ချက်ချင်းရပ်တန့်သွားသည်။
"ဘာ?!"
“နင်ပဲ ငါ့အခန်း က ဒေါက်တာလျိုရဲ့အခန်းနဲ့ ပိုနီးတယ်၊ နင် ဇာတ်ညွှန်းဆွေးနွေးဖို့ လိုတယ်လို့ ပြောခဲ့တယ်လေ” သူမ ၏ အေးစက်စက်လေသံမှာ ကွင်းပြင်တစ်ခုထက်ဝယ် ပိုမိုကျယ်လောင်စွာ ဟိန်းထွက်နေသည်။
"ဒါ့အပြင် ညသန်းခေါင်မှာ နင်တို့ရဲ့တိုက်ခိုက်သံတွေကိုတောင် ကြားရတယ်၊ နံရံကို ဖြတ်ကျော်ပြီးတောင် ရိုက်ခတ်သံတွေ က ကျယ်လောင်နေတာ၊ နင် က ‘ပိုပြီးညင်သာပေးပါ’ ဆိုပြီး အော်နေသေးတာလေ…”
"ငါ အိပ်မရလို့ ပိုင်စစ်လင်း ဆီ က နားကြပ်တောင်းဖို့ သွားတာ၊ ဒါကြောင့် သူ့တံခါးကို ခေါက်ခဲ့တာ"
လူတိုင်း ပြောစရာစကားမဲ့သွားတော့သည်။
ကမ္ဘာကြီး တိတ်ဆိတ်သွားတော့သည်။ နောက်တစ်စက္ကန့်မှာပဲ မှတ်ချက်တွေရဲ့ မုန်တိုင်းကြီး စတင်ဝင်ရောက်လာတော့သည်တကား။