Chapter 5:အောက်မေးရိုးကျမတက် အံ့အားသင့်။
တစ်နေရာလုံး တိတ်ဆိတ်နေလျက် ပိုင်စစ်လင်း၏ အဖြေကို စောင့်နေကြသည်။
ပိုင်စစ်လင်း သည် ရှည်လျားကျဥ်းမြောင်းသော မျက်ဝန်းများတွင် ပျင်းရိမှုနှင့် အေးစက်မှုတို့ဖြင့်ပြည့်နေသည်။ နှုတ်ခမ်းထောင့်များတွင် အမြဲတမ်းပြုံးနေသော်လည်း စုဖေးဖေး၏မေးခွန်းကိုမူ မဖြေချေ။
စာအုပ်ထဲက ဇာတ်လမ်းကို မှတ်မိသည်။ ဤနေရာတွင် စုဖေးဖေး က ပိုင်စစ်လင်း အား ရေတိုက်ရမည့်အစား အားပြင်းသောမူးယစ်ဆေးရောထားသည့်အရည်တိုက်ခဲ့သောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု၌ ကာမရုပ်ရှင်ဆန်သောဇာတ်ကွက်ဖြစ်ပွားခဲ့သည်။ ယခုမူ ရေအစား ယုန်ခြေထောက်ဖြစ်လာသည်။
ရှေ့က အဖြစ်အပျက်များမှာ မတော်တဆသာဖြစ်ပြီး ယခုမှ ဇာတ်လမ်းအစစ် စတင်မည့်အချိန်ဖြစ်သည်။
"မလိုဘူး၊ ငါ ယုန်ခြေထောက် စိတ်မဝင်စားဘူး”
စုဖေးဖေး စိတ်ရှုပ်သွားသည်။
သူမ သည် မိမိလက်အောက်ငယ်သားများကို ဘယ်တော့မှ အထိအခိုက်မခံခဲ့။ ဤယောက်ျား က သူမနဲ့တစ်ဖွဲ့တည်း ဖြစ်လို့ သူမ၏လက်အောက်ငယ်သားပင်။ ယင်း က သူမ၏အကျင့်ပင် ဖြစ်သည်။ ဤယောကျာ်း က သူမ၏ဂုဏ်ကို အဘယ်ကြောင့်ထိပါးနေရတာလဲ?
"မစားချင်ရင်လည်း မစားနဲ့၊ ဗိုက်ဆာခွင့်ပြုလိုက်တော့” စုဖေးဖေး က တိုက်ရိုက်ပြောသည်။လူတိုင်း၏ မေးစေ့များ မြေပြင်ပေါ်ကျချင်လုနီးပါးဖြစ်သွားပြီး ဤမိန်းမ ရူးနေပြီ ဟု တွေးမိကြသည်! သူမ ဘယ်လိုလုပ် သူ့ကို အခုလို ပြောရတာလဲ!
တစ်ဖက်တွင်မူ စုဖေးဖေး သည် အိုမင်းနေသော ခွေးကြီးတစ်ကောင်ကဲ့သို့ အေးအေးဆေးဆေး ဒုတိယယုန်ကို စတင်စားသောက်ပြန်သည်။
စားလေလေ ကျေနပ်လေလေ ဖြစ်၏။
ပိုင်စစ်လင်း : “...”
[ဖာ့ခ်?]
[ဒီမိန်းမ က နည်းနည်းမောက်မာတယ်ဟ]
[ယုန်တစ်ကောင်ဖမ်းမိတာနဲ့ ဒီလောက်စွမ်းသွားတာလား?]
[ပိုင်စစ်လင်း ကို ဒီလိုဒုက္ခပေးတာ မတရားဘူး!]
ပိုင်စစ်လင်း က မြန်မြန်သတိကပ်ကာ သူမ၏မျက်နှာကို စူးစိုက်ကြည့်နေ၏။ ယုန်ခြေထောက်ထဲမှာ မူးယစ်ဆေးမရှိဘူး။ တခြားနေရာမှာ ထည့်ထားတာ ဖြစ်ရမယ်။ သူ သည် လူအုပ်ထဲမှ လှည့်ထွက်လာကာ အနားယူစခန်းသို့ ပြန်လာခဲ့သည်။
ရှန်းရုံချင်း က ရှေ့မှာ ရပ်ပြီး လက်ထဲမှ ပေါင်မုန့် နှင် ငါးကင်၏အနံ့အသက်များ ပျောက်ဆုံးသွားသည်ကို သတိထားမိသည်။
သူမ ဒေါသထွက်ကာ လက်ထဲကငါးကင်ကို ရန်ပိုင်ဘက်သို့ ပစ်ပေးလိုက်ပြီး အသံတုန်တုန်ဖြင့်ပြောလေသည်။ “ဖေးဖေး၊ အဲယုန် ကို နင် ဘယ်က ရတာလဲ?ခိုးလာတာများလား?”
စုဖေးဖေး က လစ်လျုရူထားသည်။
ရှန်းရုံချင်း က ဒေါသထွက်ကာ အားတင်းပြုံး၍ ဆိုသည်။ "ဒါရိုက်တာလျို၊ ထုတ်လုပ်ရေးအဖွဲ့ က သူမတစ်ယောက်တည်းကိုပဲ အစားအစာရအောင် စီစဥ်ပေးထားတာလား?"
ဒါရိုက်တာလျို မျက်မှောင်ကြုံ့သွားသည်။ “ချစ်ရပါသော ဧည့်သည်၊ ဒီရိူး မှာ မသမာမှုမရှိဘူး”
“အဲလိုလား?” ရှန်းရုံချင်းရဲ့မျက်လုံး တောက်ပသွားကာ နူးညံ့စွာ ပြော၏။ "သူမရဲ့ ကိုယ်ခန္ဓာအခြေအနေနဲ့ ယုန်ဖမ်းနိုင်မယ်မထင်မိလို့ပါ၊ ကျွန်မ သူမကို လျှော့တွက်မိသွားတယ်”
[အမှန်ပဲ! စုဖေးဖေး က ယုန် ကို ဘယ်လိုရတာလဲ?]
[အတွင်းလူတွေ ပါနေပြီ!]
[ဇာတ်ညွှန်းရှိနေတာသေချာတယ်!]
[ဒီအရူး က ယုန်တွေကို အမဲလိုက်နိုင်ပါ့မလား? ဘယ်လိုမျိုးလဲ??!]
[ပွင့်ပွင့်လင်းလင်းပြောရရင် ရှန်းရုံချင်းရဲ့ မျက်နှာအမူအရာ က နည်းနည်းတော့ ကြောက်စရာကောင်းနေတယ်နော်...]
[ဧကရာဇ်စု ထက်တောင် ပိုကြောက်ဖို့ကောင်းလို့လား?]
[နင် ထုတ်လုပ်ရေးအဖွဲ့ကို ငွေအမြောက်အမြား ပေးခဲ့ရမှာပဲ မလား?]
ပစ်လိုက်သော စာသားများထဲမှာ ကျိန်ဆဲသံများ ထပ်မံပြည့်လျှံသွားခဲ့သည်။
စုဖေးဖေး သည် ယုန်သားတစ်ဝက်ကို စားပြီး ကျန်တစ်ဝက်ကို မီးပေါ်တွင် အပူပေးထားသည်။
သူမ က ဘေးတိုက်ကြည့်၏။ “ငါ အမဲလိုက်တယ်လို့ ဘယ်သူပြောလဲ?”
“မဟုတ်ရင် ဘယ်လိုရတာလဲ?” တစ်ယောက်ယောက် က မေးလာသည်။ “ယုန် က မင်းဆီပြေးဝင်ပြီး သေသွားတာလို့တော့ လာမပြောနဲ့!”
စုဖေးဖေး က ယုန်ခြေထောက် ကို ဘယ်ညာ ကင်နေလျက် ဘေးဘက်သို့ ကြည့်လိုက်သည်။ ကင်မရာသမား က သူမ၏အကြည့်ကို ဖမ်းမိသွားကာ ကင်မရာနှင့်အတူ ရှေ့သို့တိုးလာခဲ့သည်။
“ထောင်ခြောက်လေ” စုဖေးဖေး ထပ်ပြောဖို့ ပျင်းနေသည်။
ကင်မရာ က အနီးကပ်ရိုက်ယူထားခဲ့သည်။ ဖန်သားပြင်ပေါ်တွင် ချွန်ထက်သော သံတုတ်များနှင့် ပြည့်နေသည့် ထောင်ချောက်တစ်ခု အမှန်ပင်ရှိနေသည်။ သန့်ရှင်းပြီး စနစ်တကျ စီစဥ်ထားသည်ကို မြင်နိုင်ပြီး၊ ပြုလုပ်သူ က ကျွမ်းကျင်သူဖြစ်ကြောင်း ထင်ရှားနေသည်။
[ဖာ့ခ်?! ထောင်ချောက် အမှန်တကယ်ရှိနေတာလား? ပြီးတော့ ဒါကို စုဖေးဖေး ကိုယ်တိုင်လုပ်တာလား?]
[အရမ်းတော်တာပဲ။ သူမ က သရုပ်ဆောင် သိပ်ကောင်းတာ]
[အဖွဲ့ က အတည်ပြုပြီးပြီလား?]
[ဟုတ်တယ် ထောင်ချောက်ပဲ၊ အပေါ်မှာ သွေးနဲ့အသားတွေ ကပ်နေတယ်…]
[ဒီမိန်းမ က ကြောက်စရာကြီး!]
[မဖြစ်နိုင်ဘူး၊ နင်တို့ တကယ် ယုံနေတာလား? ဦးနှောက်မသုံးရင် ဆေးရုံကို လှူဖို့ အကြံပေးတယ်နော်]
[ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအသား က ဘေဘီပိုင် အတွက်ပဲဖြစ်သင့်တယ်]
[ဖြစ်နိုင်တာက သူ့အတွက်ဆိုပေမယ့် ဒီမိန်းမ က အရင်ရသွားတာလား?]
[တကယ်တော့ ဖြစ်နိုင်တယ်လို့ ငါ ထင်တယ်၊ စုဖေးဖေးရဲ့ ဖျော်ဖြေရေးလောက မကောင်းသတင်းတွေကို ထပ်ခါထပ်ခါ ဖတ်ဖို့ ငါ အကြံပြုတယ်နော်၊ သူမ က မြွေစိမ်းမ တစ်ကောင်ဆိုတာ သတိရစေဖို့ပေါ့]
ဒါရိုက်တာလျို ငိုချင်သော်လည်း မျက်ရည်မကျချေ။ လက်ထောက်ဒါရိုက်တာ က စုဖေးဖေးဟာ တကယ်ပဲ ကိုယ်တိုင်အမဲလိုက်တာလို့ ပြောပြခဲ့သည်။ ဇာတ်ညွန်းနှင့် အစားအစာများ စီစဥ်ပေးထားသည်မှာ မှန်သော်လည်း၊ အားလုံးကို ပိုင်စစ်လင်းအတွက်သာ စီစဥ်ထားပြီး စုဖေးဖေးအတွက် မဟုတ်ခဲ့ပေ။
ကံဆိုးစွာပင်၊ ဒါရိုက်တာလျို သည် ယခင်က ဒီအနုပညာရှင်လေးကို အလေးမထားခဲ့သဖြင့် သီးသန့်ကင်မရာသမား တစ်ဦးကို သူမနောက်သို့ လိုက်စေခြင်း မပြုခဲ့ပေ။ ယခုတော့ သူမ က သူ့အာရုံကို တကယ်ဖမ်းစားလိုက်ပြီ။
PR အဖွဲ့အားလုံး သူမ က အပြစ်ကင်းသည် ဟု အော်ဟစ်ကြေညာနေကြသော်လည်း ဘယ်သူမှ မယုံကြည်ကြပေ။
ပိုင်စစ်လင်း၏ ပရိသတ်များ က ဦးဆောင်ပြီး ကုမ္ပဏီရုံးချုပ်ထံ တိုက်ရိုက်သွားရောက်ကာ အောက်တွင် ကျိန်ဆဲမှုများ အမြောက်အမြား ရှိနေခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကလည်း ဘယ်လိုမှ မပိုကောင်းခဲ့။
[တရားမျှတမှုတောင်းဆိုတယ်၊ တခြားဧည့်သည်တွေအတွက် စကားပြောပေးကြဟေ့!] ဟူသော စာသားများဖြင့် ဖန်သားပြင် ပြည့်သွားခဲ့သည်။
အမှန်တရားကို ဘယ်သူမှ ဂရုမစိုက်ကြ။ မတရားမှုများ ကိုသာ မြင်ချင်ယောင်ဆောင်နေကြသည်။
ဤရိူး သည် ထပ်မံရေပန်းစားမှု အမြင့်ဆုံးနေရာသို့ ရောက်ရှိသွားပြီး ယခုတစ်ကြိမ်တွင်မူ ဒါရိုက်တာလျို သည် ဤရေပန်းစားခြင်း ကို လုံးဝမလိုချင်ခဲ့။
သူသာ အပြစ်တင်ခံရမည့်လူ ဖြစ်ပေသည်။
မိုးမှောင်ချိန်ရောက်သောအခါ အဖွဲ့မှ ရွက်ဖျင်တဲများ ဝေငှပေးခဲ့သည်။
စုဖေးဖေး သည် နားနေစခန်းအနီးတွင် မီးပုံကြီးထွန်းညှိ၏။ အဖွဲ့လိုက်အတူနေရသောကြောင့် ပိုင်စစ်လင်း နှင့် စုဖေးဖေးတို့၏ရွက်ဖျင်တဲကို အတူထားရှိသည်။ ပိုင်စစ်လင်း ရှိရာတွင် လက်ထောက်လေးလည်း ရှိနေမည် ဖြစ်သည်။
သူတို့ ၃ ဦး ဆုံသောအခါ ပိုင်စစ်လင်း သည် ကျန်ရှိသောအမှတ်များဖြင့် လက်ဆေးရည် လဲလှယ်ကာ ကျောက်စိမ်းလိုဖြူသောလက်ချောင်းများ ကို ဂရုတစိုက် သုတ်နေသည်။
စုဖေးဖေး က ဖြတ်လျှောက်လာကာ ထိုယောက်ျား ကို ရပ်၍ ကြည့်သည်။ ထို့နောက် ရွက်ဖျင်တဲအိတ်ကို ပိုင်စစ်လင်း ထံ ပစ်ချလိုက်တော့သည်။! တဲတစ်ခုလုံး သူ့အပေါ်သို့ လွှမ်းမိုးလာပြီး “ဒေါင်း”ကနဲ အသံနှင့် လုံးဝဖုံးအုပ်သွားခဲ့သည်။
“ကိုယ့်အလုပ်ကိုယ်လုပ်!”
ရှောင်ဟဲ၏ ပါးစပ် မှာ ချက်ချင်း “အို” ပုံစံဖြစ်သွားသည်။
[ဒီမိန်းမ ဘာဖြစ်နေတာလဲ!]
[ကောင်းလိုက်တာ။ ငါ့မေးရိုး ထပ်ပြုတ်ကျတဲ့နေ့ပဲ]
“ဒါ..ဒါ..ဒါ...” လက်ထောက်လေး မှာ ချက်ချင်း ရှေ့သို့တိုးကာ ပိုင်စစ်လင်း ခေါင်းပေါ်မှ ရွက်ဖျင်တဲကို ဆွဲချပေးလိုက်သည်။ “ကျွန်တော်…လုပ်ပါမယ်၊ ကျွန်တော်…လုပ်ပါမယ်!”
“အိပ်မဲ့လူ ကိုယ်တိုင်လုပ်” စုဖေးဖေး၏ မျက်လုံးများ က ဓားသွားလိုကျဥ်းမြောင်းနေသည်။
ရှောင်ဟဲ ခေါင်းလှည့်ကြည့်လိုက်စဥ် သူမ၏ ထိုးဖောက်ကြည့်နေသော အကြည့်နှင့် ကြုံလိုက်ရသည်။ တစ်ခဏတာ သူ သည် လှုပ်မရဲတော့ဘဲ တုန်တုန်ယင်ယင် ပိုင်စစ်လင်း ကို ကြည့်လိုက်သည်။