Chapter 15: စုပိုင်အိုးသင်္ဘော
စုဖေးဖေး နောက်ဆုံးတော့ ဒီလူကို မှတ်မိသွားပြီ။
ဒီလူ က ရှန်းရုံချင်းရဲ့ ချစ်သူ မဟုတ်လား?
ရှန်းရုံချင်းကို ချစ်မိသူဆိုရင် ပိုမှန်၏။ သူ့ထိုးနှက်မှုတွေ က သိပ်မဆိုးသေးဘူး။ ရှန်းရုံချင်းဆီက လေ့ကျင့်မှုအနည်းငယ်ပဲရထားသေးတာ ဖြစ်ပေသည်။
ရှောင်ဟဲ က ရန်ပိုင် ကို မျက်စောင်းထိုး၍ တစ်ခုခုပြောဖို့ ပြင်စဉ် စုဖေးဖေး က လက်မြှောက်ကာ သူ့ကို ပြန်ဆွဲထား၏။
"ရှောင်ဟဲ၊ ထားလိုက်" သူမ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "ဘဝရဲ့အသေးအဖွဲတွေအပေါ် အနှောက်အယှက်အဖြစ်မခံနဲ့”
"မှန်တယ်!" ရှောင်ဟဲ က ချက်ချင်းသဘောတူသည်။ "ဒီလိုလူမျိုးတွေကို ဘာလို့ ခေါ်ရမလဲ သိလား? ပညာမဲ့!"
ရန်ပိုင် မှာ ကြားသောအခါ မျက်နှာထားပြောင်းလဲသွားပြီး အော်ပြောလေသည်။ “မင်း ဘာပြောလိုက်တယ်?”
သူ လဲလှယ်ရာကောင်တာ ကနေ လျှောက်လာ၏။ 1.9မီတာ ရှိသော သူ့အရပ်ကြီး က စုဖေးဖေးရှေ့မှာ ရပ်လိုက်တဲ့အခါ အရိပ်ကြီးတစ်ခုဖြစ်သွားသည်။
စုဖေးဖေး က နှာခေါင်းရူံ့၏။
“မကြားလိုက်ဘူးလား?” သူမ လက်ထဲ က မြက်ပင်တွေကို လှုပ်ရင်း၊ မော့ကာ ရန်ပိုင် ၏မျက်လုံး ကို တည့်တည့်စိုက်ကြည့်သည်။ "ငါပြောတာက ပညာမဲ့တစ်ယောက်နဲ့ ယှဉ်မှာမဟုတ်ဘူးလို့၊ ရှင်းပြီလား?"
[ဖာ့ခ် ဖာ့ခ်၊ သူတို့တိုက်ခိုက်နေကြတယ်!!]
[မနက်ခင်းကြီးမှာ ဘာလို့ဒီလောက်ပြင်းပြင်းထန်ထန်ဖြစ်နေရတာလဲ?]
[ငါ ငိုက်နေတာ၊ ဒါပေမယ့်အခုနိုးသွားပြီ! တိုက်ကြ! တိုက်ကြ!]
ရန်ပိုင် ရဲ့မျက်နှာ ဒေါသအနီရောင်တွေဝင်ပြီး ရင်ဘတ်တက်လိုက်ကျလိုက်ဖြစ်နေသည်။ အတန်ကြာမှသာ စကားထွက်လာသည်—
"ယောကျ်ားတွေကိုဖျားယောင်းတာကလွဲရင် မင်း ဘာထပ်သိသေးလဲ? မနေ့က အမှတ်တွေအများကြီးရှိခဲ့တယ်ဆိုပေမယ့် အဆုံးမှာတော့ အသုံးမကျတဲ့ပစ္စည်းတွေနဲ့ပဲလဲလိုက်တာပဲလေ! ငါ ဒီဆေးပင်တွေနဲ့အမှတ်လဲလို့ရတာကို မနာလိုဖြစ်နေတာလား? မှန်တယ်မဟုတ်လား?" သူ က နှာခေါင်းရှုံ့ပြီး "အဆုံးမှာ ငါ့လမ်းက အသက်ရှင်ဖို့ရေရှည်လမ်း။ ငါ က သာ မျှမျှတတနိုင်တာ!"
"အင်း၊ မင်းအတွက် ကောင်းတာပေါ့" စုဖေးဖေး က ခေါင်းညိတ်လိုက်သည်။
ရန်ပိုင် : “...”
သူ့ရိုက်ချက်က ဝါဂွမ်းပေါ်ကျသွားသလိုဖြစ်နေသည်။
ပုံမှန်အတိုင်းဆို သူမနဲ့ပြန်ငြင်းသင့်တာမဟုတ်လား? ဘာလို့ ချီးမွမ်းနေတာလဲ?
သူ စိတ်ရှုပ်နေစဉ်မှာ စုဖေးဖေး ထပ်စကားမပြောတော့။
ရန်ပိုင် စိုးရိမ်သွားပြီး ချက်ချင်းရှေ့တိုးကာ သူမကိုဆွဲရန် လက်ဆန့်လိုက်သည်။ သို့သော် သူ့လက်ချောင်းများ စုဖေးဖေးကို မထိမီ၊ ရုတ်တရက် ဆွဲထားခြင်းခံရသည်။
လှည့်ကြည့်လိုက်သည်နှင့် ပိုင်စစ်လင်း၏ အေးစက်ပြီးသရော်သောမျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။ သူ၏ မျက်ဆန်များ က အလွန်တောက်ပကာ ပယင်းရောင်ဖျော့ဖျော့ဖြစ်၏။ လူတစ်ယောက်လုံး က လူသူကင်းမဲ့သောကျွန်းမှာ ရှိနေသည်နှင့်မကိုက်ညီပါ။ သူ့ဆီမှ ထွက်လာသည့် အေးစက်မှု က ရန်ပိုင် ကို နေရာ၌ အေးခဲသွားစေသည်။
"ခဏလောက်ကြရအောင်"ပိုင်စစ်လင်း က သူ့အင်္ကျီထောင့်ကို ဆွဲပြီးသောအခါ ချက်ချင်းလွှတ်လိုက်ပြီး ခေါင်းငုံ့ကာ ပိုးသတ်စက္ကူအဝတ်နဲ့ လက် ကို ဖြည်းဖြည်းချင်းသုတ်လေသည်။
[ပိုင်စစ်လင်း၊ မင်းခုနက စုဖေးဖေးကို ထိလိုက်တယ်လေ၊ လက်မသုတ်ဘူးလား?]
[မေ့သွားတာလား? တစ်ခါနှစ်ခါဆို ခွင့်လွှတ်လို့ရတယ်!]
[ငါ့ဘေဘီပိုင် မှာ အကျင့်စရိုက်၂မျိုးရှိတယ်ဆိုတာ ဘယ်တော့မှအသိအမှတ်မပြုနိုင်ဘူး!]
ရန်ပိုင် က ဒီအပြုအမူကို မြင်ပြီး ထုံသွားခဲ့သည်။
ပိုင်စစ်လင်း က ပိုးသတ်စက္ကူကို လွှင့်ပစ်လိုက်ပြီး သူ့ကိုကြည့်လိုက်သည်။
"ခုနက မင်းပြောတဲ့….သူမ ဖျားယောင်းတဲ့ယောက်ျား ဆိုတာ ငါ့ကိုပြောတာလား?"
ပုံမှန်မေးခွန်းတစ်ခုလိုထင်ရပေမယ့်၊ အတွင်းမှာ အဓိပ္ပာယ်တွေအများကြီးဖုံးနေသည်။
ရန်ပိုင် ဒီရုတ်တရက်တိုက်ခိုက်မှုကို တုန်လှုပ်သွားသည်!
ဒီအခိုက်အတန့်မှာ ရုပ်ရှင်ဘုရင် က ပထမဆုံးကျည်ဆန်ကို ပစ်လိုက်ပြီ! လောကကြီးထဲမှာ သူ့ကို စော်ကားတဲ့သူတွေ ကို သူ့ရှေ့မှာ ဘာမှမလုပ်ရဲပေမယ့်၊ နောက်ကွယ်မှာတော့ ဓားထိုးမှာသေချာတယ်လို့ဆိုတဲ့ လူတိုင်း သိကြသည့် ခွန်းရှိတယ်။
သူ့ကို မပျော်မရွှင်လုပ်တဲ့တစ်ယောက်ဆိုရင် တစ်နှစ်ကြာပြီးတောင် သူ က ပြန်လာပြီး နောက်ကျောကို ဓားနဲ့အထိုးခဲ့တယ်!
[TN: နောက်ကွယ်ကနေ လုပ်ကြံတာကို ဆိုလို]
ဒါကြောင့် ဖျော်ဖြေးရေးလောကထဲမှာ မဖော်ပြထားသော စည်းမျဉ်းရှိပေသည်။ သူ က ဒါရိုက်တာကို စော်ကားမိရင် ပြသာနာမရှိဘူး။ သူ က ဒါရိုက်တာကို ပိုက်ဆံအနည်းငယ်ပေးပြီး အဆက်အသွယ်တချို့ ရှာပေးကာ အခြေအနေကို ပြေလည်အောင် လုပ်လို့ရတယ်။ ဆိုးဆိုးဝါးဝါးဆိုလျှင် ဒါရိုက်တာမှာ အံ့ကြိတ်၍ သည်းခံရုံသာရှိတယ်။
ဒါပေမယ့် ပိုင်စစ်လင်းအပေါ် စော်ကားမိရင်ကော? အခမဲ့သဂြိုလ်ဖို့ လာတောင်းဆို နေတာပဲ!
ရန်ပိုင် ရဲ့ နှုတ်ခမ်းတွေ တုန်လာသည်။
"ကျွန်တော်...ကျွန်တော်... ဒီလိုရည်ရွယ်ပြောတာမဟုတ်ပါဘူး..."
"တကယ်လား?"ပိုင်စစ်လင်း ပြုံးလိုက်သော်လည်း ပြုံးချိုချိုထဲတွင် ဓားသွားတစ်ချောင်း ဝှက်ထားသလိုဖြစ်နေသည်။ "ငါ ကြားသလိုကတော့ အဲလိုအဓိပ္ပာယ်ပဲ”
"ကျွန်တော် ဆိုလိုတာက..."
"မင်းစကား က အလွယ်တကူ အဓိပ္ပါယ်လွဲမှားစရာ ဖြစ်နိုင်တယ်…”
စုဖေးဖေး လည်း ထိုရန်ပွဲကြောင့် ဆွဲဆောင်ခံလိုက်ရကာ လှည့်ကြည့်သည်။
ရန်ပိုင်စစ်လင်း မှာ တုန်ယင်နေသည်။
"အစ်ကို၊ ကျွန်တော် က..."
"အစ်ကို ? ငါတို့ ဒီလောက်ရင်းနှီးလို့လား?”
ရန်ပိုင် တကိုယ်လုံး ချွေးစေးတွေပြန်လာတယ်။ ! စောစောက ပိုင်စစ်လင်း နာမည်ပါအောင် မပြောသင့်ဘူး!
"ပိုင်စစ်လင်း ၊ ကျွန်တော် တကယ်တောင်းပန်ပါတယ်! တမင်တကာမဟုတ်ပါဘူး!"
"တောင်းပန်စရာမလိုဘူး”ပိုင်စစ်လင်း က ပြောနေရင်း စုဖေးဖေးဘက်သို့ ကြည့်နေသည်။
သူ၏အကြည့်ကို ခံလိုက်ရသော စုဖေးဖေး မှာ ပြောစရာစကားမဲ့နေ၏။
ဘာကြောင့် သူ သူမကိုကြည့်နေတာလဲ?
ရန်ပိုင် ဘာကြောင့် အဲဒီလို တုန်နေရတာလဲ?
ပိုင်စစ်လင်း က တကယ်ပဲ ဒီလောက် ကြောက်စရာကောင်းတာလား?
သူမ ရဲ့ ငယ်သား က လုံးဝမရိုးရှင်းဘူးပဲ။
ရန်ပိုင် သည် ပိုင်စစ်လင်း၏ ရည်ညွှန်းချက်ကို ချက်ချင်းနားလည်သွားသည်။
သူ စုဖေးဖေးထံသို့ လှည့်ပြေးလာပြီး စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသော်လည်း၊ နောက်ကွယ် က အေးစက်မှောင်မိုက်နေသော မျက်လုံးများကို တွေးမိသည်နှင့် အံ့ကြိတ်၍ ပြောလိုက်ရသည်— "တောင်းပန်ပါတယ်! စောစောက စကားနဲ့ပတ်သက်ပြီး ကျွန်တော့်အမှားပါ!"
[ဘာ?!ပိုင်စစ်လင်း က ဖေးဖေးအတွက် ရပ်တည်ပေးနေတာလား?]
[ဟုတ်မဟုတ်မမေးနဲ့တော့။ ဒီကိစ္စက မျက်စိထဲပေါ်နေပြီ အိုကေ!]
[အသင်းဖော်ဖြစ်လို့ပေါ့!]
[စုံတွဲ က ထူးဆန်းပေမယ့်၊ ဇာတ်လိုက်တွေ ကိုတော့သည်းမခံနိုင်ဘူး!]
[မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး! ငါ မယုံဘူး!]
[ပိုင်စစ်လင်းရေ မျက်လုံးဖွင့်ပြီး ကြည့်စမ်း! နင် ချစ်တာကို ငါတို့ မကန့်ကွက်ဘူး! ဟိုဘက်ကလူကိုကြည့်လိုက်! အနည်းဆုံး လူ့လောကထဲက တစ်ယောက်ယောက်ကို ရွေးချယ်၊ ဟုတ်ပြီလား?]
[ပိုင်စစ်လင်း အတွက် ပျော်စရာကိစ္စမဟုတ်ဘူး၊ ငါထင်တာကတော့ မနေ့က တစ်ကိုယ်ရေသုံးပစ္စည်းတွေ ရလို့ ကျေးဇူးဆပ်တာ! ဒါပဲဖြစ်ရမယ်!]
တစ်ဖက်တွင် စုဖေးဖေးက ရန်ပိုင်စစ်လင်း၏တောင်းပန်မှုကို ထူးထူးခြားခြားတုံ့ပြန်ခြင်းမရှိဘဲ ခေါင်းငြိမ့်လိုက်ရုံသာ။
ရန်ပိုင် က အံ့ကြိတ်၍ လှည့်ထွက်သည်နှင့် သူ့အမူအရာမှာ အေးစက်လို့နေသည်။
ဒီတစ်ကြိမ်တော့ပိုင်စစ်လင်း က စုဖေးဖေးကို ကူညီခြင်းဖြင့် ကျေးဇူးဆပ်လိုက်ခြင်းဖြစ်မည်။
နောက်တစ်ခါတော့ စုဖေးဖေး ဒီလောက် ကံကောင်းမှာမဟုတ်ဘူး!
သူထွက်သွားသည်နှင့်ပိုင်စစ်လင်း က မျက်ခုံးပင့်၍ စုဖေးဖေးဘက်သို့ စောင်းကြည့်သည်။
ဒီမိန်းမ သူ့ကို ကျေးဇူးတင်နေမှာပဲမဟုတ်လား?
နောက်တစ်စက္ကန့်တွင် စုဖေးဖေး ချဉ်းကပ်လာသည်။ နေရောင်အောက်တွင် သူမ၏အသားရေမှာ ဖြူဖွေးတောက်ပနေပြီး ဖရိုဖရဲဆံပင်များပင် သဘာဝအလှတစ်ခုအဖြစ် တည်ရှိနေသည်။
ပိုင်စစ်လင်း က ချီးမွမ်းစကားများအတွက် စိတ်ပြင်ထားသည်။ ဒီမိန်းမ ကျေးဇူးတင်လာသည့်အခါ တွန့်ဆုတ်စွာ လက်ခံဖို့ အတွေးရှိပါ၏။ မနေ့ညက လက်ဆောင်မှာ သူ့အတွက် တကယ်ကို သဘောကျစရာဖြစ်ခဲ့သည်။
ထို့နောက် စုဖေးဖေး၏စကားသံကို ကြားလိုက်ရသည်— “ပြောပါဦး၊ မင်း ကို ဘာဆုပေးရမလဲ? ငါ တက်နိုင်တယ်”
ဤစကားလုံးများတွင် အလိုလိုက်ခြင်း ပါနေသော ဩဇာလွှမ်းမိုးမှု ပါနေသည်။
ပိုင်စစ်လင်း : “...”
ဆု?... သူ့ကို ဆုလာဘ်မျှော်လင့်နေတယ်များ ထင်နေတာလား?
“စိတ်မပူနဲ့၊ မရှက်နဲ့၊ ရဲရဲကြီးပြောလိုက်၊ ငါ့ငယ်သား ကို အလိုလိုက်မှာ” စုဖေးဖေး ကမ္ဘာကြီးကို လက်ဝါးပေါ်တင်ထားသူကဲ့သို့ ပြုံးလိုက်သည်၊။
ပိုင်စစ်လင်း ၏ မျက်နှာမှာ မဲမှောင်သွားတော့သည်။
နောက်ကွယ်မှ ရှောင်ဟဲ သည် လက်ကိုင်ပဝါကိုင်ကာ ထက်သန်စွာ ကြည့်နေသည်။
ဘာတွေဖြစ်နေတာလဲ?!
'ပိုင်စစ်လင်း ရေ၊ ခဏလောက် အတ္တကို စွန့်ထားဦး၊ ဒီကနေထွက်သွားရင် တစ်လလုံးအနားပေးမယ်!'
[ ဟား...ဟားဟား၊ ငါ တက်နိုင်တယ်?]
[ငါ့ငယ်သား ကို အလိုလိုက်မယ်?]
[ငယ်သား ဆိုတာ ဘာလဲ? စုဖေးဖေး အစကတည်းက ဒီစကားကိုထပ်ကာထပ်ကာပြောနေတာ! ဇာတ်ကောင်တစ်ခုထဲ ဝင်ကစားနေတာများလား?]
[ပိုင်စစ်လင်း က ဂိုဏ်းတစ်ဂိုဏ်းထဲ ဝင်သွားသလိုလား?]
[ကိုယ့်လူတို့ရေ! စုံတွဲနာမည် တွေးထားပြီးပြီ! စုပိုင်အိုးလို့ခေါ်မယ်! စုဖေးဖေးက ထမင်းချက်မယ်၊ပိုင်စစ်လင်း က စားမယ်!]
[မဖြစ်ဘူး၊ ဘာလို့စုံတွဲဖြစ်ရမှာလဲ?]
[နင်စိတ်မနှံ့ဘူးလား? ဗိုက်အောင့်မှာမကြောက်ဘူးလား?]