Chapter 2: ညစ်ပတ်တယ်!
[ဖာ့ခ်, ဖာ့ခ်, ဖာ့ခ်! ညစ်ပတ်လိုက်တာ!]
[ငါ့မျက်လုံးတွေ ညစ်ပတ်သွားပြီ!]
[ဒါ... ဒါ.. ငါတွေးနေတဲ့ဟာပဲလား?!]
[ငါ သိခဲ့တယ်! သူမက အမြဲတမ်း အဲဒီလို အမျိုးအစားပဲဟာ!]
[ဒီလောက်အထိ သိမယ်မှန်း မသိခဲ့ဘူး၊ ငါ ဆက်ကြည့်သင့်ရဲ့လား??]
[စုဖေးဖေး ဆိုတာ နာမည်နဲ့လိုက်အောင်... ဒါမျိုးပြောရဲတာ သူတစ်ယောက်ပဲလေ!]
[ဒါပေမဲ့ အချိန်ကာလအရ အဲဒီရှိုးက အစီအစဥ်ဒါရိုက်တာလျို က… လက်ရှိဒါရိုက်တာ မလား?]
ဟုတ်ပါတယ်၊ ဒါရိုက်တာလျို ဟာ ဘေးနားမှာ ရပ်နေခဲ့ကာ မျက်နှာဖြူရော်နေခဲ့ပြီး ပါးစပ်ကျယ်ကျယ်ဖွင့်ဟလို့နေချေသည်။
ရှန်းရုံချင်းရဲ့ မျက်နှာကတော့ အခုမှ ပြန့်သွားတဲ့ သတင်းကြောင့် နီမြန်းသွားခဲ့တယ်။
"နင်! ဘာလို့ အဓိပ္ပာယ်မှမရှိတဲ့စကားတွေ ပြောနေတာလဲ?!"
"ငါ ဘာပြောလို့လဲ?" စုဖေးဖေး က မျက်မှောင်ကြုံ့သွားသည်။ သူမ အမှန်ပင် အသံကို ကြားခဲ့ရတာ ဖြစ်၏။ ဆူညံလွန်းတယ်၊ သိပ်ကိုဆူညံခဲ့တာ။ သူမ နားကြပ်သွားငှားခဲ့တာ အမှန်ပင်။ ဒါပေမယ့် ပိုင်စစ်လင်း က လုံး၀တံခါးမဖွင့်ပေးခဲ့ဘူး။
"မဟုတ်ဘူး! ဒီလိုမျိုး မဟုတ်ဘူး!" ရှန်းရုံချင်း စိတ်ရှုပ်သွားတယ်။ စုဖေးဖေး အဲဒီညက သူမရဲ့အသံ ကို ကြားနေမှန်း မထင်ခဲ့ဘူး!
စုဖေးဖေး က သူမကို ဘာမှမပြောပဲ အေးစက်စက်နဲ့ ကြည့်၍ ဆက်လက်ပြောဆိုသည်။
"တေးဂီတပွဲလက်မှတ်ကတော့ နင် hyaluronic acid မျက်နှာဖြူဆေး ကြော်ငြာရဲ့အကျိုးအတွက် ငါ့ကို လတ်မှတ်ယူပေးဖို့ ကူညီပေးခဲ့တာလေ၊ ငါတော့ နင့်ကို ကျေးဇူးတင်တုန်းပဲ"
[ဘာတွေ ဖြစ်နေတာလဲလို့!]
[Hyaluronic acid??? ရှန်းရုံချင်း က အမေမွေးထားတဲ့ သဘာဝအလှ ကို သဘောကျပြီး ပလတ်စတစ်ဆာဂျရီ မုန်းတယ်လို့ အမြဲကြွေးကြော်နေခဲ့တာ မဟုတ်ဘူးလား?!]
[ငါသိခဲ့တယ်... သူမရဲ့နှာခေါင်းကို ကြည့်လိုက်ပါဦး။ အရှည်ကြီး!]
[မဖြစ်နိုင်ဘူး... စုဖေးဖေး ပြောတာကို ယုံကြလား? သူမ က အမြဲတမ်း သူမတစ်ယောက်တည်းပျော်ဖို့ လူတွေကို လှည့်စားကျလေ!]
[မှန်တယ်... စုဖေးဖေးရဲ့စကားတွေက လိမ်ညာမှုတွေနဲ့ ပြည့်နေတာ ပထမဆုံးအကြိမ် မဟုတ်ဘူး၊ သူမရဲ့ ကြောင်တောင်တောင်စကားတွေလည်း ထူးဆန်းနေကျပဲဟာ!]
[လူလိမ်မ... ဖျော်ဖြေရေးလောကကနေ ထွက်သွားစမ်း!]
[ငါတို့ရုံချင်းကို မထိနဲ့!]
…
ဖန်သားပြင်ရဲ့အခြားဘက်မှာ စုလင်း က ရုတ်တရက် မျက်မှောင်ကြုံ့ကာ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။
ဘာတွေဖြစ်နေတာလဲ? ဘာလို့ စုဖေးဖေး က ဒီလို ထူးဆန်းနေရတာလဲ?
အရင်တုန်းကဆို စုဖေးဖေး မှာ နောက်ပါးစပ်တစ်ခု ထပ်ရှိရင်တောင် သူမကိုယ်သူမ ရှင်းပြဖို့ မတတ်နိုင်ဘူးလေ!
ဒီလို လိမ်လည်စွပ်စွဲတတ်တဲ့အကျင့် ကို ဘယ်က သင်ယူလာတာလဲ?
မဖြစ်နိုင်တာ အခြားတစ်ဖက်ကို အရှိန်မြှင့်ဖို့ အသိပေးရမယ်။ဒီတစ်ခါတော့ စုဖေးဖေးကို လုံးဝ ပြန်လာခွင့်မပြုနိုင်ဘူး!
ဒါရိုက်တာလျို သည် မှတ်ချက်များကို ကြည့်ရင်း ဝမ်းနည်းပျော်ရွှင်ဖြစ်နေ၏။
ပရိသတ်စီးဆင်းမှု ရှိတာ မှန်ပေမဲ့ ဒီလောက် အာရုံစိုက်မှုကို မတောင်းတမိဖူးတာ ဒါ ပထမဆုံးအကြိမ်ပင်။
သူ့အကျိုးအတွက် ဒီလို ဆက်ရန်ဖြစ်လို့မရဘူး၊ သူ က ချောင်းဟန့်ကာ မိုက်ခရိုဖုန်း ကောက်ကိုင်လိုက်၏။
"တိတ်ကြစမ်း!"
လူအုပ် မှာ ချက်ချင်း တိတ်ဆိတ်သွားပြီး သူ့ဘက်ကို လှည့်ကြည့်လာကြတယ်။
“လူတိုင်း ဒီ ရသစုံလင်ရိုးကို လာရောက်ကြတာ အရမ်းဝမ်းသာပါတယ်။ ဒီအကြိမ်မှာ လူစာရင်းသွင်းသူ ပိုများလာတဲ့အတွက် လူသူကင်းမဲ့သောကြယ်ကျွန်း ကို ပထမဆင့်ဝင်ရောက်မယ့်လူဦးရေလည်း တိုးလာခဲ့တယ်၊ ဒီမှာ လူတစ်ရာနီးပါး ရှိနေပါပြီ!”
"လူတိုင်း ကို ဆဲလ်ဖုန်းတစ်လုံး ပေးမှာဖြစ်ပြီး အုပ်စုတစ်ခုထဲ ထည့်ပေးထားမယ်။အန္တရာယ်ကြုံရင် အကူအညီတောင်းနိုင်သလို မဟာမိတ်ဖွဲ့ဖို့ ဖုန်းနံပါတ်တွေဖလှယ်ကာ ဆက်သွယ်နိုင်ပါတယ်”
"ဖုန်း မှာ ရမှတ်တွေ ရှိမှာဖြစ်ပြီး တာဝန်တွေလုပ်ဆောင်တာနဲ့ အမှတ်ရနိုင်တယ်၊ ရမှတ်အဆင့်မှတ်တမ်းကို ညတိုင်းတင်ပေးမှာ ဖြစ်တယ်!ဒီရမှတ်တွေနဲ့ အစားအစာနဲ့ နေ့စဥ်သုံးပစ္စည်းတွေ လဲလှယ်နိုင်တယ်!”
“ငါတို့ရဲ့လုပ်ဆောင်ပုံ က ပြီးခဲ့တဲ့ရာသီနဲ့ ကွဲပြားတယ်၊ အထင်ရှားဆုံးကတော့ ပြိုင်ပွဲထုတ်ပယ်မှုစနစ် ထည့်သွင်းထားပဲ၊ တောထဲမှာ တောရိုင်းသားများအဖြစ်(ကျွန်းသူ/ကျွန်းသား)အဖြစ် မင်းတို့ ပါဝင်ကြရမှာဖြစ်ပြီး နယ်မြေအတွက် ယှဥ်ပြိုင်ရာမှာ တစ်ယောက်ကိုတစ်ယောက် ထုတ်ပယ်နိုင်တယ်၊ အသက်ရှင်ဖို့သုံးတဲ့ ဖုန်းကို လုယူခံလိုက်ရရင်ပဲ ဒီလူကို ချက်ချင်း ထုတ်ပယ်ပစ်မှာဖြစ်တယ်!”
"ဒါနဲ့တင် အပယ်ခံရနိုင်တယ် ဆိုပါလား? ယောက်ျားတွေပဲ မွေးရာပါ အခွင့်ထူးရနေတာလား?"
"၃ရက်ကာကွယ်မှုကာလ ရှိမယ်။ အဲဒီ၃ရက်အတွင်း တစ်ယောက်ကိုတစ်ယောက် သတ်လို့မရဘူး" ဟု ဒါရိုက်တာ က ပြုံးရင်းပြောသည်။ "ဒါ့အပြင် လိုအပ်တဲ့ ပစ္စည်းတွေရယူပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တယ်”
သို့သော်လည်း ပတ်ဝန်းကျင်ရှိလူများက မကျေနပ်သံများ ဆက်ထွက်နေလေသည်။ အချို့ က မဟာမိတ်အဖွဲ့များ ဖွဲ့ရန် ဆွေးနွေးနေကြပြီး၊ အသိများသူများက အုပ်စုလိုက် အလိုအလျောက်စုစည်းနေကြသည်။
"ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီး ကိုယ့်ရဲ့ အားသာချက်တွေ ပြောကြပါ!" ဟု ဒါရိုက်တာ ဆက်ညွှန်ကြားသည်။
တိုက်ရိုက်ထုတ်လွှင့်နေသော ကင်မရာ မှာ လှည့်ပြီး ကစားသမာများ ဆီသို့ ကျရောက်သွားသည်။
လုံးဝန်းသောမျက်နှာရှိ အမျိုးသမီးငယ် မှ စတင်သည်—"ကျွန်မရဲ့... ကျွမ်းကျင်မှုက သီချင်းသီဆိုတာပါ..."
နံပါတ် ၂ က သူ၏ တောက်ပနေသော ဆံပင်ကို ပွတ်သပ်ရင်း ပြောသည်—"ကျွန်တော် က မော်ဒယ်။ မော်ဒယ်လောကထဲမှာ ကျွန်တော့်နာမည် ကြားဖူးကြမယ်ထင်တယ်၊ ဂီတကို ကြိုက်တယ်၊ အားကစားလုပ်တယ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဘဝ ကို လိုက်စားတယ်..."
ကင်မရာ က တစ်ယောက်ပြီးတစ်ယောက် ဖြတ်သန်းသွားသည်။
စုဖေးဖေး မှာ နံပါတ် ၉၉ ဖြစ်သည်။
သူမအလှည့်ရောက်သောအခါ ဖန်သားပြင်တစ်ခုလုံး ပြန်လည်ကျယ်ပြန့်လာသော ကဲ့ရဲ့သံများ ဖြင့် ပြည့်သွားသည်။
"မစ်စု၊ မင်းရဲ့ကျွမ်းကျင်မှုက ဘာလဲ?"
ပတ်ဝန်းကျင်က လူများ ရယ်မောကြသည်။
ကျွမ်းကျင်မှုလား? စုဖေးဖေး မှာ ကျွမ်းကျင်မှုရှိလို့လား? သေမဲ့အချိန်ကို ရေတွက်ရာမှာ ကျွမ်းကျင်တာများလား?
ရှန်းရုံချင်း မှာ ခေါင်းငုံ့ရယ်မောရင်း မထိန်းနိုင်တော့။
စုဖေးဖေး အရှက်ရမှာကို မြင်ချင်လှပြီ! လူတိုင်း သိကြတာက စုဖေးဖေး ဟာ ငယ်စဥ်ကတည်းက ဘာမှမသင်ခဲ့ရဘူး။ ကျောင်းမှာလည်း နာမည်ဆိုးနဲ့ ကျောင်းသား ဖြစ်တယ်! သူမ မှာ ကျွမ်းကျင်မှုရှိလို့လား?
နောက်စက္ကန့်အတွင်း စုဖေးဖေး က ကင်မရာကို မျက်နှာမူကာ အလွန်လေးနက်စွာ စကားလုံးနှစ်လုံးကို ထုတ်ပြောသည်—
"သတ်တာ"
လူအားလုံး စကားမပြောနိုင်အောင် အံ့ဩသွားကြတော့သည်။
"ဘ... ဘာကို သတ်မှာလဲ?"
ဒါရိုက်တာလျို ၏ နှုတ်ခမ်းများ တုန်တက်သွား၏။ သူ မေးသောအခါ အေးစက်စက်အကြည့်ကို ရရှိလိုက်ကာ ကြောက်လန့်ခဲ့ရသည်။
သူမ က နှုတ်ဆိတ်နေ၏။
ဒါက ဘာထူးဆန်းလို့လဲ?
ရှန်းရုံချင်း လိုလူမျိုးဆိုလျှင် တစ်ခုတည်းသောဓားရှည်ဖြင့် လူ၃ယောက်မျှ သတ်နိုင်သည်။
[ငါ မှားကြားနေတာလား?]
[ဟေ့ လူတွေ၊ မင်းတို့ အဓိပ္ပာယ်မရှိတာကို ပြောခွင့်ပြုထားတာလား?]
[သူမ ငါတို့ ရှန်းရုံချင်း ကို ကြည့်ရင်းပြောနေတာ သတိထားမိကြလား? ဘာလုပ်ချင်တာလဲ?! ငါတို့ရဲ့ ဘေဘီ ကို ခြိမ်းခြောက်နေတာလား?]
[ဒီမိန်းမက သိပ်ကိုကြမ်းကြုတ်တာပဲ!]
"အာ... ဒါ..." ဒါရိုက်တာလျို က ဖြစ်ညှစ်ပြုံးလျက် အဖြေရှာဖို့ ကြိုးစားသည်— "မိတ်ဆက်တာတွေ ဒီမှာပဲရပ်လိုက်ကြစို့၊ စတင်ကြရအောင်!"
"ဒါရိုက်တာ၊ နောက်တစ်ယောက် ကျန်သေးတယ်လေ!" ဟု တစ်စုံတစ်ယောက် က အားပျော့စွာ ပြောလေသည်။
[မှန်တယ်။ စုဖေးဖေး က နံပါတ် ၉၉။ နံပါတ် ၁၀၀ ကကော?]
[ပိုင်စစ်လင်းလေ! သူ့အလှည့်ပဲ! သူ ထွက်မလာသေးဘူး!]
[နတ်ဘုရား!]
[ငါ့ရဲ့ ပျားသကာမုန့်လေး?!]
ဒါရိုက်တာ၏ မျက်လုံးများ ပြာသွားသည်။ အဘယ်ကြောင့် သူတို့ထဲက တစ်ယောက်က ထွက်ပြောရသလဲ!
အရင်က ဒါရိုက်တာ သည် ပိုင်စစ်လင်း အား ဒီအတွဲ ၂ မှာ ပါဝင်ခွင့်မပြုရန် နည်းလမ်းပေါင်းစုံသုံးခဲ့သည်။ သို့သော် ဘယ်လိုပင်လုပ်လုပ် ပိုင်စစ်လင်း က လာဖို့ အခိုင်အမာဆိုခဲ့တယ်! နောက်ဆုံးတော့ သူ က အယောက် ၁၀၀ မြောက် ပါဝင်သူ အဖြစ် ဝင်ရောက်လာခဲ့တယ်။
ယခု သူရောက်နေသော်လည်း ဒါရိုက်တာ က သူ့ကို နိုးဖို့ ဖုန်းခေါ်သောအခါ သူ က ထဖို့ ငြင်းဆန်ခဲ့တယ်။ ဒါကြောင့် ဒါရိုက်တာ က သူ့ကို ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ရတော့တယ်။
“သူ အလုပ်ကနေ ပြန်ရောက်တာ မကြာသေးတော့ ခေါင်းနည်းနည်းမူးနေလို့ အနားယူဖို့ လိုအပ်တယ်၊ ဘာပဲဖြစ်ဖြစ် အရင်စကြစို့၊ အခုအထိ ဘာမှမသက်ရောက်သေးဘူးလေ” ဟု ဒါရိုက်တာလျို က ဆိုသည်။
[ငါ့ နှလုံးသားနာသွားပြီ!]
[သူ့ကိုတွေ့ဖို့ ဒီ တိုက်ရိုက်ထုတ်လွှင့်မှု ဝင်လာတာလေ! ဘာလို့ ဒီလောက်စောင့်နေရတာလဲ!]
[ငါတို့ ချစ်စရာပိုင်လေး က တခြားအစီအစဥ်တွေမှာ ပါနေတာလား မသိဘူးနော်!]
[လျို့ဝှက်ခရီးထွက်နေတာဖြစ်မယ်။ ပိုင်လေး ကျားယို့!]
[ပိုင်လေး ကို ချစ်တယ်!!!]
ပိုင်စစ်လင်းအကြောင်း မှတ်ချက်များ သည် ဖန်သားပြင်ကို ချက်ချင်းလွှမ်းမိုးသွားသည်။
ဒါရိုက်တာ လှည့်ကြည့်သောအခါ လူတိုင်း အုပ်စုလိုက်အလိုအလျောက်ဖွဲ့သွားကြပြီး၊ စုဖေးဖေး တစ်ယောက်တည်း တစ်နေရာတည်း ရပ်နေသည်ကို တွေ့လိုက်ရသည်။
နေရောင် သည် သူမ၏ ဖရိုဖရဲမျက်နှာပေါ် ကျရောက်နေသော်လည်း၊ ယခင်ကဲ့သို့ ကြောင်အမနေချေ။ သူမ တစ်ယောက်တည်းရပ်နေပြီး၊ နောက်ခံတွင် ဝေးလံသော တောင်တန်းများနှင့် ငှက်များ ရှိသည်။ သူမဟာ တခဏမျှ ဤကမ္ဘာနှင့် မသက်ဆိုင်သူတစ်ဦးနှင့်တူနေသည်။
"စုဖေးဖေး!" ဒါရိုက်တာလျို က ချက်ချင်း အော်ခေါ်သည်၊ "မင်း အုပ်စုမဖွဲ့ရသေးဘူး၊ ပိုင်စစ်လင်း နဲ့တစ်စုတည်းနေ! သူ့ကိုနိုးဖို့ မင်း တာဝန်ယူ၊ မြန်မြန်သွား!"
"ဘာ?!" လူအုပ်ထဲက တစ်စုံတစ်ယောက် ချက်ချင်းလှည့်ပြီး ဆိုလာသည်။ "သူမ က ဘာအခွင့်အရေးနဲ့ သူနဲ့တစ်အုပ်စုတည်း ဖြစ်ရမှာလဲ?!"
"ဒါရိုက်တာ၊ ဒါ မတရားဘူး!"
ဒါရိုက်တာလျို က လက်ခါယမ်းလျက် လူတွေ ကို တိတ်တိတ်နေဖို့ အချက်ပြလေသည်။
သူတို့ ဘာသိလို့လဲ? ဒါက အလုပ်ကောင်းတစ်ခုလား? သူ ဒီအကြံကို စဥ်းစားမိတဲ့အခါ ဂုဏ်ယူနေဆဲပဲ! စုဖေးဖေး၏ နှုတ်မလှုံမှုကို ဒီလိုပဲဒဏ်ခတ်ရမယ်!