Chapter 6: သူ က ငါနဲ့အိပ်မှာ
ပိုင်စစ်လင်း က ဖြေးဖြေးချင်း မော့ကြည့်၍ "ငါ ဒဏ်ရာရနေတယ်၊ လှုပ်လို့မရဘူး" ဟု ဆို၏။ သူ၏ နိမ့်ပြီး ကြမ်းတမ်းသော အသံသည် သဘာဝအတိုင်း ဆွဲဆောင်မှုရှိနေကာ လူများကို မကောင်းသောအတွေးများ ဝင်စေသည်။
[သူ့အသံကြောင့် ငါ ကိုယ်ဝန်ရတော့မယ်!]
[အားလုံးနားထောင်ပါ၊ ငါ့ဘေဘီပိုင်လို အသံမျိုး ဘယ်သူမှမရှိဘူးလို့ ငါ ပြောလိုက်ပါပြီ!!!]
[စုဖေးဖေး… နင် ပျောက်သွားလို့မရဘူးလား? အဲဟာမရဲ့ မျက်နှာ ကို ကြည့်ရတာ စိတ်တိုင်းကျမနေဘူး!]
စုဖေးဖေး တစ်ယောက်တည်း အေးဆေးတည်ငြိမ်စွာရှိနေပြီး အေးစက်သောမျက်လုံးများဖြင့် သူ့ကို ချင့်ချိန်ကြည့်နေသည်။
"ဘယ်နေရာ ခိုက်မိတာလဲ?”
သူမ ငေးကြည့်နေစဉ် ပိုင်စစ်လင်း အင်္ကျီကို မြောက်လိုက်သည်။
[ဒါကို ငါတို့ အခမဲ့ကြည့်လို့ရပါ့မလား???]
[ဘေဘီပိုင်၊ မင်း က ငါတို့ကို သူစိမ်းလို မဆက်ဆံဘူးပဲ၊ ဟား… ဟား]
သို့သော် မျှော်လင့်ထားသည့် ကာမရူးသွပ်ဖွယ်မြင်ကွင်းမျိုး မပေါ်ပေါက်ခဲ့ပေ။
သူ၏ ဝမ်းဗိုက်ကြွက်သားပေါ်တွင် ခြေရာကြီးတစ်ခု နှင့် ထင်ရှားသောအတွင်းကြေ ရှိနေသည်ကို မြင်ရသည်။
မွန်းတည့်ချိန် က စုဖေးဖေး ကန်လိုက်သော ခြေရာဖြစ်သည်။
စုဖေးဖေး စိတ်ပျော့သွားကာ မျက်မှောင်ကြုံ့သွားသည်။
ဒီလောက်မှ မခံနိုင်ရင် နောက်ပိုင်း ဘယ်လိုအလုပ်လုပ်မှာလဲ?
သို့သော် သူမကိုယ်တိုင် က စတင်တိုက်ခိုက်သူဖြစ်ပြီး ဒဏ်ရာဖြစ်စေသောကြောင့် ဘာမှမပြောတော့ဘဲ အဖွဲ့ဝင်၏ အင်အား ကို ထိန်းသိမ်းရန် ရှောင်ဟဲဆီသို့ လှည့်လိုက်သည်။
ရှောင်ဟဲ က ချက်ချင်း ဖြောင့်ဖြောင့်တန်းတန်းရပ်ကာ မသိမသာပြောပြလေသည်။ “ကျွန်တော် ရှိပါတယ်! ဘာလုပ်ပေးရမလဲ?"
[ဖာ့ခ်၊ သူမကို ကောင်းကောင်းဆက်ဆံနေတာ ရပ်စမ်းပါ!]
[ရှောင်ဟဲ၊ ကြမ်းစမ်း!]
[ငါ့ဘေဘီကို ကာကွယ်ဟ!]
[ငါ့ဘေဘီ သိပ်စိတ်မကောင်းဖြစ်နေမှာပဲ... တောင်တန်းဒေသက အလှူငွေအတွက် ဒီပရိုဂရမ်မှာ ပါဝင်ရတာနဲ့တင် အတော်ဆိုးနေတဲ့ဟာ၊ ဒါ့အပြင် စုဖေးဖေးဆီက ညှင်းပန်းနှိပ်စက်ခံနေရသေးတယ်!]
[စုဖေးဖေး ကို ဖျော်ဖြေရေးလောကကနေ ထုတ်ပစ်လိုက်ကြရအောင်!]
စုဖေးဖေး က ရွက်ဖျင်တဲကို ရှောင်ဟဲဆီသို့ ပစ်လိုက်သည်။ "ဒါဆို မင်း နဲ့ငါ လုပ်မယ်”
တစ်နည်းအားဖြင့် ပိုင်စစ်လင်း ယခုအနားယူနိုင်ပါ၏။ ပိုင်စစ်လင်း က အင်္ကျီအောက်ချလိုက်ရင်း နှုတ်ခမ်းကွေးတက်သွားသည်။ သူ၏ အကြည့်များက သူမ၏နောက်ကျောကို ဖြတ်သန်းကြည့်ရင်း နက်ရှိုင်းစွာ စဥ်းစားနေသည်။
စိတ်ဝင်စားဖို့ ကောင်းလာပြီ။
‘သူမရဲ့ စရိုက်လက္ခဏာ အကြီးအကျယ် ပြောင်းလဲသွားပြီး ဖြစ်ရပ်အားလုံး က ဇာတ်ညွှန်းနဲ့ ကိုက်ညီမနေတော့ခြင်း’၊ ဒါဆို ဇာတ်ကောင်မှာ ပြဿနာရှိနေတာများလား?
ပြဿနာရှိနေရင်… ဒါ က ဒီစာအုပ်ကမ္ဘာကနေ ထွက်ခွာဖို့ သော့ချက်ဖြစ်နိုင်သလား?
တစ်ဖက်တွင်မူ ရွက်ဖျင်တဲဆောင်ခြင်း သည် ရှောင်ဟဲအတွက် အသစ်အဆန်းဖြစ်နေသည်။ စုဖေးဖေး က ခဏလောက် လေ့လာပြီးနောက် မကြာမီ ပြီးစီးသွားခဲ့သည်။ ထို့နောက် ရွက်ဖျင်တဲအပြင်ဘက် မှ ရေစိုခံအကာ ဆုတ်ပြဲနေသောကြောင့် ဆုတ်ပြဲနေသောမိုးကာတစ်ခုနှင့်မခြားတာ သတိထားမိသည်။
စုဖေးဖေး မျက်မှောင်ကြုံ့သွားသည်။ မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်များ က အုပ်စုဖွဲ့နေပြီး တစ်စုံတစ်ရာ မှ ထွက်ပြေးနေဟန် ရှိသည်။
"ရှောင်ဟဲ"
"ရှိ!"
"ထန်းရွက်တချို့ ရှာခဲ့" စုဖေးဖေး က တိုတိုနှင့်ပြတ်ပြတ် ပြောလိုက်သည်။ "မိုးရွာတော့မယ်"
ရှောင်ဟဲ က မိုးတိမ်တစ်ခုမှမရှိသော ကောင်းကင်ကို ကြည့်ရင်း "အစ်မဖေးဖေး၊ မိုးရွာမယ့်ပုံ မပေါက်ဘူးနော်?"
"ရှင်းပြဖို့ ခက်တယ်" စုဖေးဖေး က ပြောလေ၏။ "လုပ်စမ်း”
စစ်တိုက်ရန် အပြင်၌ အကြာကြီးနေဖူးသော သူမအနေဖြင့် လေထု၏ စိုထိုင်းဆကို လက်ဖြင့်ခံစားရုံမျှဖြင့် မိုးရွာချိန်ကို ခန့်မှန်းနိုင်သည်။
ထို့အပြင် ဒီခန္ဓာကိုယ်သည် အနံ့ခံအာရုံ အထူးကောင်းမွန်သည်။ တစ်နာရီအတွင်း မိုးသည်းထန်စွာ ရွာတော့မည်။ သို့သော် လောလောဆယ်တော့ ဘယ်သူမှ သူမကို မယုံကြည်ကြဘူး။
မှတ်ချက်များလည်း ရေလျှံလာပြီး ပြင်းထန်သော တုံ့ပြန်မှုများ ရရှိခဲ့သည်။
[ထပ်ပြီး ဟန်ဆောင်နေပြန်ပြီ၊ ရွံစရာကြီး!]
[သူမ က မောက်မာလိုက်တာ၊ ဘုရားရေ!]
[မင်း က မိုးကြိုးနတ်သမီး…၊ အရမ်းတော်တာပဲ။ မင်း လိုချင်တဲ့ အချိန်မရွေး မိုးရွာအောင်လုပ်နိုင်တယ် အဲလိုလား]
[ဟား… ဟား … ဟား ဘာတွေဖြစ်နေတာလဲ]
[အပူပိုင်းမိုးသစ်တောတွေမှာ ရေငွေ့ပျံနှုန်း မြင့်တယ်ဆိုတာ မသိဘူးလား?ရေအငွေ့ပျံတာ ပုံမှန်ပဲ]
[ငါတောင် မင်းလောက် ယုံကြည်မှုအပြည့် မရှိဘူး]
ရှောင်ဟဲ က သူ၏ကံကြမ္မာ မှ နှုတ်ထွက် ကာ ထန်းရွက်များကို ရှာဖွေခဲ့ရသည်။ သူ သည် သံသစ်ပင် နှင့် ထန်းရွက်များ ရှာဖွေရန် ဆုံးဖြတ်လိုက်ပြီး အရွက်အချို့ ခူးခဲ့သည်။
[TN- သံသစ်ပင်- နိမ့်သောအမိုးအကာပုံသဏ္ဍာန်ရှိသော အီရန်မြောက်ပိုင်းရှိ ကြီးထွားမှုနှေးကွေးသော ရွက်ကြွေသစ်ပင်ငယ်]
ဤသတင်း သည် မီးတောက်လို စခန်းတစ်ခွင်သို့ ပျံ့နှံ့သွားသည်။ လူတိုင်း က စုဖေးဖေးကို နည်းနည်းပို၍ အထင်သေးလာပြီး ရှောင်ဟဲအပေါ် သနားစိတ်ဝင်လာကြတော့သည်။
ထို့နောက် သူတို့ တွင် အတင်းအဖျင်း ပြောဖို့အချိန်မရှိပဲ ပျက်စီးနေသောတဲများကို ဂရုတစိုက်ဆောက်ရန် လူစုခွဲလိုက်ကြတော့သည်။
"ဒါရိုက်တာ၊ ငါ့တဲ ဘာလို့ပြိုနေတာလဲ?"
"ဒါရိုက်တာ၊ ဘာဖြစ်နေတာလဲ? ငါ့တဲကောပဲ!"
လူတိုင်း၏ စိတ်ထဲ စိုးရိမ်သောက ရောက်နေပြီး ချက်ချင်း ပုန်ကန်တော့မည့် အခြေအနေ ဖြစ်နေသည်။
ဒါရိုက်တာလျို က မတ်တပ်ထကာ ပြုံးသည်။ "တဲတချို့ ပျက်စီးနိုင်တဲ့အနေအထားရှိလို့ မင်းတို့ ရဲ့ အမှတ်တွေနဲ့ လဲလှယ်ပြီး တဲအသစ်ရနိုင်တယ်"
လူအုပ် က ဆူညံကြွေးကြော်တော့သည်။
"ဒီည ငါတို့ ဘယ်လိုအိပ်ကြရမှာလဲ?”
[သိပ်လွန်တယ်!]
[ငါတို့ဘေဘီ က ဒီလိုတဲမျိုးနဲ့ ဒီညအိပ်ရမှာလား?]
[ဒါရိုက်တာ၊ မင်းရဲ့လူ့ကျင့်ဝတ် ဘယ်ရောက်သွားလဲ?!]
[ဝိုး၊ အစားအစာမရှိပဲ… ဒီလိုနေရာမျိုးမှာ အိပ်နေကြရတယ်။ နေမကောင်းဖြစ်မှ ရပ်ပေးမှာလား?]
ရှန်းရုံချင်း က သူမ၏တဲကို ဂရုတစိုက် စစ်ဆေးကြည့်ပြီး အပေါက်မရှိကြောင်း တွေ့ရှိရသောအခါ သက်ပြင်းချလိုက်တော့သည်။ သူမ စုဖေးဖေးဆီသို့ လှည့်ကြည့်လိုက်ပြီး ပျက်စီးနေသော တဲကို တွေ့ရသောအခါ စိတ်ထဲ ဝမ်းသာနေသည်။
ဟုတ်တယ်၊ ခွေးမ က ဘာနဲ့မှမတန်တာ အမှန်ပဲ!
မကြာမီ ရှောင်ဟဲ ပြန်ရောက်လာသည်။
ရှောင်ဟဲ သည် ချွေးများ စိုနေ၏။ သူ သည် ထန်းရွက်များကို စုဖေးဖေးထံ ပေးလိုက်သည်။ စုဖေးဖေး က ရွက်များကို လက်ခံယူရင်း ရှောင်ဟဲ၏ လက်များပေါ်တွင် ဒဏ်ရာများ ပြည့်လျက် သနားစရာကောင်းနေသည်ကို သတိထားမိသွားသည်။
“ပင်ပန်းသွားပြီ” စုဖေးဖေး က သံသစ်ပင်အရွက် ကို ယူကာ ရေစိုခံအကာ ပေါ်ရှိ အပေါက်များကို ပြင်ဆင်ရန် အသင့်ပြင်သည်။
ရှောင်ဟဲ က ပြုံး၏။ "ပင်ပန်းတယ်လို့ မရှိပါဘူး။ အစ်မဖေးဖေးအတွက် အလုပ်လုပ်ရတာ ပျော်တယ်!"
စုဖေးဖေး က ရှောင်ဟဲကို ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
သူမ၏ ဤလက်အောက်ငယ်သား ကား မဆိုးလှချေ။ ကျန်တစ်ယောက်နှင့် မတူ၏။
သူမ ဘေးဘက်သို့ ငေါ့ကြည့်လိုက်ပြီး လက်ကို ပိုးသတ်ဆေးနှင့် သုတ်နေသော ပိုင်စစ်လင်းကို မြင်ပြီး ခေါင်းယမ်းလိုက်တော့သည်။
တဲပြင်ဆင်ခြင်း မှာ အလွန်ရိုးရှင်းသည်။ သံသစ်ပင်အရွက်နှင်ထန်းရွက် ကို ပေါင်းစပ်လိုက်ရုံသာ ဖြစ်သည်။ သံသစ်ပင် အရွက် က အပ်နှင့်တူကာ ထန်းရွက် သည် အကာ ဖြစ်ပေသည်။
စုဖေးဖေး ပြီးမြောက်သွားခဲ့သည်။
ရှန်းရုံချင်း က တဲ ကို ဆောက်လုပ်ပြီးသောအခါ မြင်ကွင်း သည် အတော်ရှုပ်ထွေးနေသည်။ လူတိုင်း ကိုယ့်ကိစ္စကိုယ် ဆောင်ရွက်နေကြသည်။ ရှုပ်ထွေးနေစဥ် ဝန်ထမ်းတစ်ဦး က သူမရှေ့သို့ စက္ကူလုံးတစ်လုံး လှိမ့်ပစ်ပေးခဲ့သည်။
ရှန်းရုံချင်း က စက္ကူလုံးကို ဖြန့်ကြည့်လိုက်သောအခါ အမှုန့်အိတ်ကလေး တစ်အိတ် ထွက်ကျလာသည်။ စက္ကူနောက်ကျောတွင် "ဒါက ဘာအတွက်ဆိုတာ သိတယ်မလား" ဟု ရေးထားပြီး နောက်ဆုံးတွင် ‘S’ ဟူသော စကားလုံးပါဝင်၏။
အပူချိန် သည် ၃၀ ဒီဂရီကျော်နေသော်လည်း ရှန်းရုံချင်း၏ နောက်ကျောတွင် ချွေးများ စိုနေသည်။
သူမ က အမှုန့်ကို ဝှက်၍ စုဖေးဖေး ရှိရာဘက်သို့ ကြည့်လိုက်သည်။
ဒီည... မြန်မြန်ဆန်ဆန် လုပ်ဆောင်ရမယ်!
တစ်ဖက်တွင် တဲများဆောက်ပြီးသောအခါ လူတိုင်း သည် ပင်ပန်းနွမ်းနယ်ကာ သစ်ပင်အောက်တွင် နှစ်ယောက်တစ်စု အနားယူနေကြသည်။
စုဖေးဖေး က ရှောင်ဟဲ၏ တားဆီးမှုကို လျစ်လျူရှုကာ တဲကို ဖွင့်လိုက်သည်။
"အစ်မ၊ ကျွန်တော်တို့ ၃ ယောက်၊ ဘယ်လိုအိပ်ကြမှာလဲ?" ရှောင်ဟဲ က မေးသည်။
စုဖေးဖေး က သူမ၏ရွက်ဖျင်တဲ ကို အခြားတဲနှစ်လုံးပေါ်သို့ အုပ်မိုးထား၍ အပေါက်များကို ဖုံးအုပ်နိုင်လောက်အောင် ပြုလုပ်ခဲ့၏။
သူမ ခဏစဥ်းစား၍ "ပိုင်စစ်လင်းနဲ့ငါ အတူအိပ်မယ်” ဟု အေးစက်စက် ပြောလေသည်။
[ငါ ကြောင်သွားပြီ၊ သူမ တကယ် ပြောနေတာလား?]
[သူမ ဘာပြောလဲ? ငါ နားမလည်ဘူး?]
ရှောင်ဟဲ တုန်ယင်သွားပြီး မင်သက်နေသည်။ ပိုင်စစ်လင်းလည်း လှည့်ကြည့်လာသည်။
"အင်း၊ အစ်မ မြင်တဲ့အတိုင်း …” ရှောင်ဟဲ က အကြံပြုသည်၊ "ကျွန်တော် ပိုင်စစ်လင်းနဲ့အတူအိပ်မယ်၊ အစ်မ က တစ်ယောက်တည်းအိပ်…”
“မဟုတ်ဘူး၊ ငါ ပိုင်စစ်လင်းနဲ့အိပ်မယ်” စုဖေးဖေး က ထပ်ပြောပြီး သူမ၏ အမိန့်ကို ထပ်မံအားဖြည့်လေသည်။
မှတ်ချက်များ ပေါက်ကွဲသွားသည်။
ဒါရိုက်တာ က ရုတ်တရက် ပရိသတ်ဦးရေ တိုးလာသည်ကို မြင်သောအခါ မေးမြန်း၏။ "စုဖေးဖေး ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဘာလို့ ပရိသတ်အရေအတွက် ထိုးတက်သွားတာလဲ? သူမတို့ဆီ ပြောင်းလိုက်”
ယုန်ကင်သည့်အဖြစ်အပျက်ဖြစ်ပြီးနောက်ပိုင်း ဒါရိုက်တာ က လူတိုင်းကို ဒရုန်းဖြင့် လိုက်ကြည့်ခဲ့သည်။
"ဟုတ်ကဲ့ ဆရာ!" လက်ထောက် က ချက်ချင်း စုဖေးဖေး ဘက်က မြင်ကွင်းကို ပြောင်းပေးလေသည်။
“ဘ…ဘာလို့ ကျွန်တော် အစ်မနဲ့အတူ မအိပ်ရမှာလဲ?” ရှောင်ဟဲ က သွားတင်းတင်းကြိတ်ကာ ပြောသည်။
သူ အပြည့်အဝ ဆုံးဖြတ်လိုက်ပြီ!
စုဖေးဖေး က အချစ်အရူးမ ဖြစ်သည်ကို အားလုံးသိကြသည်။ ပိုင်စစ်လင်း ကို အခွင့်ကောင်းယူခွင့်မပြုနိုင်ဘူး။
သူ ကိုယ်တိုင် သွားမယ်!
စုဖေးဖေးက ရှောင်ဟဲ၏ အသက်စွန့်သည့် ပုံစံကို ကြည့်ပြီး မျက်မှောင်ကြုံ့သွားသည်။ “ငါ ပြောတာ နားမလည်ဘူးလား? သူ ငါနဲ့အတူ ရှိရမယ်” စုဖေးဖေး က ဇွတ်ပြောလေသည်။