Ch-3 : ကျွမ်းကျင်သူ
လူတိုင်း အားကျနေချိန်တွင် စုဖေးဖေး က မျက်နှာအမူအရာမပြောင်းဘဲ -"ဘာဖြစ်လို့ သွားရမှာလဲ?"
အလွန်အမင်း ရယ်စရာကောင်းလှသည်။ သူမ က ဧကရီမိဖုရားဖြစ်ဖူးသူ၊ ဘယ်တုန်းက လူတစ်ယောက် ကို နိုးဖူးလို့လဲ? ယခုတွင် ဧကရီမဟုတ်တော့သော်လည်း အခြားသူများကို အစေခံရန် စိတ်မဝင်စားချေ။
[ဘာဖြစ်လို့ ငြင်းပယ်တာလဲ?!]
ဒါရိုက်တာလျို ၏မျက်နှာမှာ မည်းမှောင်သွားပြီး ပြက်ရယ်သံနှင့်ပြောလေသည်။ “ကောင်းပြီလေ! မသွားချင်ရင် စာချုပ်ဖျက်သိမ်းလိုက်! ဒဏ်ကြေးကို မင်း တတ်နိုင်လား?”
စုဖေးဖေး စဥ်းစားကြည့်သည်။ သူမ၏မှတ်ဥာဏ်ထဲတွင် စာချုပ်ဖောက်ဖျက်မှုအတွက် ဒဏ်ကြေးငွေများစွာပေးဆောင်ရမည်ကို သတိရမိသည်။ မူလပမာဏ၏၁၀ ဆ သည် စုဖေးဖေး ပင် မတတ်နိုင်သည့် အလွန်မြင့်မားသောပမာဏပင်။
စုဖေးဖေး ဟာ နိုင်ငံရေးသမားဖြစ်သည်၊ နိုင်ငံရေးသမားဆိုသည်မှာ အမြဲတမ်း အရှုံးမပေးသော လုပ်ငန်းရှင်တစ်ဦးဖြစ်၏။ ထို့ကြောင့် ဒေါသထွက်မိပေမဲ့ မတတ်နိုင်သော အဆိပ်များကို မခံယူလို၊ စက္ကန့်၂၀ အကြာတွင် စုဖေးဖေး သည် ပိုင်စစ်လင်း ကို ရှာဖွေရန် ထွက်လာခဲ့သည်။
[ဒီမိန်းမ က တကယ်ပဲ အရာရာကို အခမဲ့အသုံးချတတ်တယ်။ ဖျော်ဖြေးရေးလောကရဲ့ နံပါတ်တစ် အခမဲ့အသုံးချသူဆိုတာ အမှန်ပဲ]
[ငါ ရယ်နေပြီ၊ စောင့်ကြည့်စမ်းပါ၊ ဒီကောင်မ ပြီးပြီ! ပိုင်စစ်လင်း က သူ့ကို လာနိုးတာကို အမုန်းဆုံးပဲ!]
[အရင်က တစ်ယောက် ဆို ပိုင်စစ်လင်း ကို လာနိုးခဲ့လို့ ပိုင်စစ်လင်းရဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှု နဲ့ ဒီဖျော်ဖြေရေးလောကကြီးကနေ ထွက်သွားခဲ့ရတယ်]
[အရမ်းရယ်စရာကောင်းတယ်!]
စုဖေးဖေး သည် မှတ်ချက်များဘာမျှမသိပေ။ သာမန်သွားနိုးခိုင်းတာ လို့ပဲ ဘောထားခဲ့သည်။ ရွေးချယ်စရာမရှိသောကြောင့် မက်မောမှုကင်းစွာဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။
ကင်မရာ သည် စုဖေးဖေး နောက်သို့လိုက်လံရိုက်ကူးပြီး ပိုင်စစ်လင်း ထံသို့ ချဥ်းကပ်လာသည်။ စုဖေးဖေး နီးကပ်လာသည်နှင့်တပြိုင်နက် ကုလားထိုင်လဲခုံပေါ်ရှိ ယောက်ျားကိုတွေ့လိုက်ရသည်။
ပြောရမည်ဆိုလျှင် ဧကရီဖြစ်ဖူးသည့်အတွက် စုဖေးဖေး သည် ယခင်ဘဝတွင် လှပပြောင်မြောက်သော ယောက်ျားများစွာကို မြင်ဖူးခဲ့သည်။ သို့သော် ထိုယောကျာ်းရှေ့တွင်မူ အားလုံး ဟာ သာမန်မျှဖြစ်နေတော့သည်။
နေလုံး၏လိမ္မော်ရောင်အလင်း သည် ထိုယောက်ျား၏ မျက်နှာတစ်ဝက်ပုံရိပ် ပေါ်သို့ ကျရောက်နေ၏။
သူ့တွင် မြင့်မားသောနှာတံခုံ၊ အနုစိတ်လွန်းသော မျက်နှာအသွင်အပြင် ရှိပြီး၊ နဖူးကြားရှိ ပင်ပန်းမှု က သူ့အား ကျိုးပဲ့နေသော အလှတစ်ခု ထပ်ဖြည့်ပေးထားသည်။
သူ၏ အသားရောင်မှာ ဖြူဖပ်ဖူရော်ဖြစ်နေပြီး၊ နေရောင်အောက်တွင် ဆွဲဆောင်မှုအပြည့်ရှိ၏။
ကင်မရာရွေ့လျားသည်နှင့် ဖန်သားပြင်တစ်ခုလုံး စွဲမက်ဖွယ်အော်ဟစ်သံများ ဖြင့် ပြည့်သွားသည်။
[ငါ သေသွားပြီ၊ ငါ သေသွားပြီ၊ ငါ သေသွားပြီ!]
[ငါ သူ့မျက်နှာကို တစ်သက်လုံးကြည့်နေလို့ရတယ်!]
[ငါ က ပရိသတ်မဟုတ်ပေမယ့် အမှန်ကိုပြောရရင် သူနဲ့ယှဥ်ရင် ငါက ရုပ်ဆိုးတဲ့မြေပြင်ပေါ်က လူသားတစ်ဦးပါ]
သို့သော် စုဖေးဖေး က မျက်မှောင်ကြုံ့နေဆဲ။
သူမ စစ်တပ်ထဲတွင် ကြံ့ခိုင်သောယောက်ျားများနှင့်အတူ တိုက်ပွဲဝင်ခဲ့ဖူးသည်။ သို့သော် ဤယောကျာ်း က စစ်ပွဲအတွက် မသင့်လျော်ဟု ထင်ရသည်။ ဤနေရာရှိ ယောက်ျားများ က လေ့ကျင့်သင်ကြားရန် လိုအပ်ပုံပင်။
အခြားတစ်ဖက်တွင် လက်ထောက် က လက်ခါယမ်းကာ “ရှူး…’ ဟု အသံပြုလျက် သူမအား ချက်ချင်းဆုတ်ခွာရန် အချက်ပြသည်။
အခြားသူများ မသိသော်လည်း ပိုင်စစ်လင်း က အိပ်ရာနိုးချိန်တွင် အလွန်ဒေါသထွက်တတ်ကြောင်း သူ ကောင်းစွာသိသည်။ သူ့ကို စိတ်ဆိုးစေပါက လွတ်မြောက်ဖို့ မလွယ်ဘူး။
ပတ်ဝန်းကျင်ရှိလူများ က လက်ထောက်၏အဓိပ္ပာယ်ကို နားလည်ကြပြီး တစ်ယောက်ပြီးတစ်ယောက် နောက်သို့ဆုတ်သွားကြသည်။ သူတို့ က ဒရမ်မာ ကို စောင့်ကြည့်သည့်စိတ်ထားဖြင့် စုဖေးဖေး ကို ကြည့်နေကြသည်။
ရှန်းရုံချင်း ဆိုလျှင် ရှေ့တန်းမှာ ရပ်နေလေသည်။
စုဖေးဖေး ၏မျက်လုံးမှေးသွား ကာ ရှေ့သို့ ခြေလှမ်းလိုက်သည်။
ခြေလှမ်းသံများ နီးကပ်လာသည်နှင့် လက်ထောက် က သူမကို အချိန်မှီမတားဆီးနိုင်ခဲ့။ ကုလားထိုင်ပေါ်ရှိလူ နိုးမှာကို ကြောက်ရွံ့နေသည်။
လူတိုင်း အသက်ရှုရပ်သွားပြီး မျက်နှာလွှဲသွားကြသည်။
မှတ်ချက်များ က ပေါက်ကွဲလာပြန်သည်။
[ငါ့ဘေဘီ အနား မကပ်နဲ့! ဖယ်!]
[အန်ချင်စရာကြီး။ အာရုံစိုက်ခံဖို့ နည်းရှာနေတာ။ ခုနတုန်းက လူလိုက်လို့ မရတဲ့ဟန်ပန်က ဘယ်ရောက်သွားလဲ?]
ထိုအမျိုးသမီး၏ ကိုယ်ဟန်မှာ ဖြောင့်တန်းနေပြီး လှုပ်ရှားမှုများမှာ ပြတ်သားသွက်လက်၏။
နီးကပ်လာသောအခါ ရပ်လိုက်ပြီး ခြေထောက်ကို မြှောက်လိုက်သည်။
ရှန်းရုံချင်း မျက်ခုံးကျုံ့သွားသည်။
သူမ ဘာလုပ်ဖို့ ကြံစည်နေတာလဲ?
နောက်စက္ကန့်မှာပင် ခြေထောက် သည် ချက်ချင်းပင် ကုလားထိုင် ထံ ဦးတည်သွားတော့သည်!
ဘန်း!
ကုလားထိုင် မှာ မြေပြင်ပေါ်သို့ လှဲကျသွားတော့သည်။
ကုလားထိုင် သည် မီတာအနည်းငယ် နောက်ပြန်ပျံသွားပြီး အကြိမ်အနည်းငယ် လည်ပတ်ကာ ရပ်သွားသည်။
မြေပြင်ပေါ်ရှိ ယောက်ျား သည် ချက်ချင်းခေါင်းမော့လိုက်ပြီး ဖြည်းဖြည်းချင်း ခန္ဓာကိုယ်ကို ထောက်ထားလိုက်သည်။
ရိုးရှင်းသော အဖြူရောင်တီရှပ် ၏ ထောင့်တစ်ခု မြှောက်တက်လာကာ ချိုင်းကြွက်သားများ ပေါ်လာသည်။
သူက နေကာမျက်မှန် ကနေ ဖြတ်ကာ စုဖေးဖေး ၏ မျက်လုံးများကို စိုက်ကြည့်နေသည်။
ဒါရိုက်တာလျို မှာ ပါးစပ်အဟောင်းသား၊ ရှန်းရုံချင်း လည်း စကားမပြောနိုင်အောင် တုန်လှုပ်နေခဲ့တယ်!
[သူမ ငါတို့ဘေဘီကို ကန်လိုက်တာလား?!]
[?????]
[ဟေ့ ဒါ လက်ဝှေ့ပြိုင်ပွဲ လား?]
[ဒီအရူး က ငါတို့ဘေဘီကို ကန်ရဲတာလား????]
[ချိုင်းကြွက်သား၊ ချိုင်းကြွက်သား၊ ချိုင်းကြွက်သား!!!]
[ဒိုက်ထိုးပစ်လိုက်!!!]
လူတိုင်း မှာ မေးရိုးဟလျက်… စုဖေးဖေး စိတ်မနှံ့တာ လူတိုင်းသိသော်လည်း၊ ဒီလောက်ထိ ဖြစ်မယ်လို့ ဘယ်သူမှ မထင်ထားဘူး!
ပိုင်စစ်လင်း က ဖျော်ဖြေရေးလောက၏ ထိပ်တန်းသရုပ်ဆောင်! သူမလို သရုပ်ဆောင်တစ်ယောက်က ဝေဖန်ခံရဲတယ်လား?
ဤတစ်ကြိမ်တွင် သူမ၏ အာရုံစိုက်မှု က ပိုင်စစ်လင်းအပေါ်သို့ ကျရောက်နေသည်။
ကြာမြင့်စွာကြာပြီးနောက် ပိုင်စစ်လင်း သည် ဖြည်းဖြည်းချင်း လက်ကိုဆန့်ထုတ်ကာ သူ၏ နေကာမျက်မှန်ကို ချွတ်လိုက်သည်။
ရှည်လျားကျဥ်းမြောင်းသော အနက်ရောင်မျက်လုံးများ ပေါ်လာပြီး ခံစားချက်မဲ့လျက် စုဖေးဖေး၏ မျက်နှာကို စိုက်ကြည့်နေသည်။
လက်ထောက်ရှောင်ဟဲ မှာ မျက်နှာဖျော့တော့နေလေသည်။
ဒီမိန်းကလေး တော့ သွားပြီ!
'ဒီမိန်းကလေး ပုံမှန်ဟန်ဆောင်နေတာ က ပြဿနာမဟုတ်ပေမယ့် ဒါက...'
သို့သော် နောက်စက္ကန့်တွင် စုဖေးဖေး နောက်ထပ်တစ်လှမ်း ရှေ့သို့တိုး၍ ပိုင်စစ်လင်း တုံ့ပြန်ဖို့ အချိန်မပေးဘဲ သူမ၏ ကြမ်းတမ်းသောအသံ သည် နေရာတစ်ခုလုံးတွင်း ဟိန်းထွက်နေသည်။
"ဒီအချိန်က အလုပ်လုပ်ချိန်၊ မင်း ဘယ်သူဖြစ်ဖြစ် ငါ့အဖွဲ့နဲ့ဆိုရင် ငါ့စည်းမျဥ်းတွေကို လိုက်နာရမယ်!
နောက်တစ်ခါ ဒီလိုအိပ်ရာထဲပဲ အိပ်နေဦးမယ်ဆိုရင် အဖွဲ့ကနေ ထွက်ပြီး ကိုယ့်ဘာသာရှင်သန်! ကြားလား?"
ထို့နောက် စုဖေးဖေး က သူ့ကို ခပ်မြန်မြန်ကြည့်လိုက်ပြီး အထင်သေးစွာ နှာခေါင်းရူံ့လေသည်။
"မင်း … က သိပ်အားနည်းတယ်”
ကျောက်ရုပ် ဖြစ်နေကြသော လူအုပ် နှင့် မေးခွန်းသင်္ကေတများနှင့် ပြည့်နေသည့် မှတ်ချက်များ ကို နောက်ချန်ထားလိုက်ကာ စုဖေးဖေး လှည့်ထွက်သွားလေသည်။
လူတိုင်း စကားမပြောနိုင်အောင် မင်သက်နေကြသည်။
လူသူကင်းမဲ့သောကျွန်း ထဲတွင် ထိုည၏ တစ်ခုတည်းသော အရာမှာ တိတ်ဆိတ်မှု ဖြစ်သည်။
ပိုင်စစ်လင်း တစ်ယောက်သာ မျက်ခုံးပင့်လျက် စဥ်းစားနေသည်။
တိတ်ဆိတ်မှုထဲတွင် ဆံပင်ခပ်မြင့်မြင့်စီးထားသော ရှန်းရုံချင်း က ပိုင်စစ်လင်း ထံသို့ လျှောက်လာသည်။ သူမ က နူးညံ့စွာ ပြောလေသည်။ "အဆင်ပြေရဲ့လား?"
ထိုယောက်ျား က လက်ကို အလျင်အမြန် ရုတ်၍ သူမ အား ထိခွင့်မပြုချေ။
ရှန်းရုံချင်း၏ လက်သည် လေထဲတွင် ရပ်တန့်သွားသည်။
ဦးခေါင်းပေါ်မှ နိမ့်ကျအေးစက်သော အသံတစ်သံ ကြားလိုက်ရသည်—
"မလိုဘူး၊ ငါ မိတ်ကပ်နဲ့ဓာတ်မတည့်ဘူး”
“မင်းလို အသားအရည်ရှိတဲ့လူတွေနဲ့လည်း ဓာတ်မတည့်ဘူး” ဟု သူ က အေးဆေးစွာ ဆိုသည်။
ရှန်းရုံချင်း၏မျက်နှာမှာ ချက်ချင်းပင် ရဲတက်သွား၏။
[မဖြစ်နိုင်တာ!]
[အိမ်သားတို့၊ ပိုစိတ်ဝင်စားဖို့ကောင်းလာပြီ!]
[သူမ က တမင်တကာလုပ်နေတာ!]
[ငါရယ်တာ ရေသီးတယ်ဟယ်!]
[ငါ့ဘေဘီပိုင် မပါရင် ဒီရသစုံလင်ရှိုး ကို ကြည့်မှာမဟုတ်ဘူး!]
[ဒီတုံ့ပြန်မှုနဲ့ဆို လူတွေကိုအကဲဖြတ်ရာမှာ ကျွမ်းကျင်သူ ဆိုတာ သေချာပြီ!]
[အသံ က စွဲမက်ဖို့ကောင်းလိုက်တာ! ငါ့နားတွေ ကောင်းသွားပြီ!]
[တကယ်တော့ ပိုင်စစ်လင်းနဲ့ စုဖေးဖေး တို့ တဖွဲ့တည်းဖြစ်ဖို့ကို စောင့်နေတာ။ စုဖေးဖေး မင်း သေဖို့ပဲ ကျန်တော့တယ်၊ အား!!!]
[ကြမ်းတမ်းတဲ့ power couple ကို မျှော်လင့်လို့ရမလား?]
[ပိုင်စစ်လင်းရဲ့စကားက တကယ်တော့ နည်းနည်းလွန်တယ်။ ရှန်းရုံချင်း က စေတနာနဲ့ ကူညီတာကို...]
ပုံမှန်အားဖြင့် ဖျော်ဖြေရေးလောက သည် ဂုဏ်သိက္ခာထိန်းရန် လိုအပ်သော်လည်း ပိုင်စစ်လင်း မှာမူ လမ်းကြောင်းပုံသေ လိုက်လေ့မရှိ။ ဤပိုင်စစ်လင်း သည်... အခြားသူများ ဖော်ပြသည့်ပုံစံနှင့် မတူဘဲ ကွဲပြားသည်။
တကယ်တော့ အပြိုင်စကြဝဠာတစ်ခု တွင် စီးပွားရေးလုပ်ငန်းရှင် ဖြစ်သော ပိုင်စစ်လင်း တစ်ယောက် ရှိပြီး၊ သူ၏အမည်လည်း ပိုင်စစ်လင်း ပင်ဖြစ်သည်။ လွန်ခဲ့သော ၃ ရက်က ဤ စီးပွားရေးလုပ်ငန်းရှင် သည် ဖျော်ဖြေရေးလုပ်ငန်း တွင် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေစဥ် သူ၏ လက်ထောက် က စာမူအချို့ ယူလာခဲ့သည်။ တစ်ခုမှာ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးမည့် စီမံကိန်းဖြစ်ပြီး၊ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ စာရေးဆရာ က သူ့ကို ပုံစံထုတ်၍ ပိုင်စစ်လင်း အမည်တူ ဗီလိန်ဇာတ်ကောင် ကို ဖန်တီးထားခြင်းပင်ဖြစ်သည်။
ရုံးခန်းထဲတွင် အိပ်ပျော်သွားပြီး ဤနေရာ မှာ နိုးထလာသည်။ ဤကိစ္စကို မချေဖျက်နိုင်မီ အကြောင်းမဲ့သပ်သပ် အမျိုးသမီးတစ်ယောက်ရဲ့ကန်ထုတ်ခြင်း ကို ခံခဲ့ရသည်။
ထိုအမျိုးသမီး၏ အမည်မှာ စုဖေးဖေး ဖြစ်ပုံပင်။ သူမ က ဤစာအုပ်ထဲ က ဇာတ်ရံအမျိုးသမီးမဟုတ်ဘူးလား?
ပိုင်စစ်လင်း မှတ်မိသည်— ဤဇာတ်ကောင်သည် စာအုပ်ထဲတွင် သူ အမုန်းဆုံးဇာတ်ကောင် ဖြစ်သည်။ ဝတ္ထုအရ ဤဇာတ်ရံအမျိုးသမီး က သူ့ကို ဆေးခတ်ခဲ့သည်။ သူတို့နှစ်ယောက် ရေကန်အနားတွင် လိင်ဆက်ဆံမှုပြုပြီး ထိပ်တန်းရှာဖွေမှုစာရင်း ဝင်ကာ၊ ထိုအချိန်မှစ၍ ပိုင်စစ်လင်း ၏ ဘဝတွင် အရှက်ရဆုံးအရာ ဖြစ်လာခဲ့သည်။