Chapter 18: နတ်ဆိုးဆန်သော မိန်းမ
စုဖေးဖေး က နောက်ပြန်မလှည့်ကြည့်ဘဲ ထွက်ခွာသွားခဲ့သည်။..
ပိုင်စစ်လင်း မှာ လေထဲတွင် တစ်ယောက်တည်း ရပ်ငြိမ်နေရစ်ခဲ့လေသည်။
[ငါ သေသွားပြီ]
[သူမ ခုနကပဲ မြွေကိုသတ်လိုက်တာလား???]
[ဒီလောက်ကျွမ်းကျင်တာ တကယ်ကောဟုတ်ရဲ့လား?]
[မိုက်ချက်!]
[စုပိုင်အိုး! စုပိုင်အိုး! သူတို့အချစ်က ငါ့ကိုဗိုက်ဝစေတယ်!]
[ဂရုမစိုက်တော့ဘူး! ဒီလက်ထပ်ပွဲ ကို ငါ လက်ခံတော့မယ်!]
[ယုံသွားပြီ။ ချစ်ဖို့ကောင်းအောင် လုပ်ပြပါဦး! ဘေဘီပိုင် ကို ဝမ်းမြောက်ဝမ်းသာ လွှတ်ပေးမယ်!]
[မာမီ့ကို ချစ်တယ်!]
[စုဖေးဖေး က မြွေသတ်ပြီး ငါတို့ဘေဘီပိုင် ကို ထိလိုက်တဲ့ကိစ္စ ဘယ်သူမှ သတိမထားမိဘူးလား?]
[ထိတဲ့အချိန် သူ ပိုးသတ်ဆေးမသုံးတာကို သတိမထားမိကြဘူးလား?]
...
ပိုင်စစ်လင်း နောက်ပြန်လှည့်ကာ လေထဲကကျန်ရစ်သော သွေးအနံ့ကို ရှူရှိုက်သည်။ သူ့ပုခုံးမှာ သူမရဲ့အားပေးသောအထိအတွေ့ က နွေးနေဆဲ။
သူမရဲ့လန်းဆန်းဖွယ်စကားလုံးများ က နားထဲမှာ ဆက်ပဲ့တင်နေချေသည်။- "မင်းအပေါ် ချီးမြှောက်ခဲ့တာ အလဟဿမဖြစ်ဘူးပဲ"
သူ နှုတ်ခမ်းစေ့ထားကာ တခဏကြာမှ မျက်လုံးထံ၌ ပြုံးရိပ်တစ်ခု ပေါ်ထွန်းလာခဲ့သည်။
စိတ်ဝင်စားဖို့ကောင်းမဲ့ပုံပဲ… ။
...
စုဖေးဖေး ဆေးခြင်းတောင်းနဲ့အတူ ပြန်ရောက်လာချိန်၊ လက်ထဲက မြွေ ကို ဟိုဟိုဒီဒီ ခါယမ်းနေ၏။
မှတ်ချက်ပေးသူတွေ ဆံပင်ဖျား ထုံကျင်သွားသလို ခံစားရပြီး ‘ဒီမိန်းမ က နတ်ဆိုးမ’ ဟု ဝေဖန်တော့သည်။
ထိုအခိုက်၊ လူသူကင်းမဲ့သောကြယ်ကျွန်း အပိုင်း ၂ ၏ လဲလှယ်ရာကောင်တာ ၌ လူစုဝေးနေပြီ။ မွန်းတည့်ချိန်ဖြစ်သော်လည်း စုဖေးဖေး တစ်ဦးတည်းသာ ဆေးပင်ရှာထွက်ခဲ့သည်။ အားလုံး ပျင်းရိငြီးငွေ့နေကြ၏။
လဲလှယ်ရာကောင်တာ ပိတ်ရန် တစ်နာရီသာ လိုတော့သည်။
"ဟေ့၊ ပြန်လာပြီလား?" တစ်စုံတစ်ဦး က ရုတ်တရက်အော်လိုက်၏။.
ရှောင်ဟဲ ချက်ချင်းထပြီး စုဖေးဖေးအား ပြုံးရင်း လက်ယမ်းခေါ်တယ်။ "အစ်မဖေးဖေး နဲ့ အစ်ကိုပိုင် ဒီမှာ!"
စုဖေးဖေး ခုနက သေလုမျောပါးဖြစ်ခဲ့ကြောင်း သူ မသိပါ။ စုဖေးဖေး လက်ထဲက အရာများကို မြင်တော့ မင်သက်သွားသည်။ ဒီအရာတွေရဲ့အဓိပ္ပာယ်က ဘာများလဲ?
နောက်တစ်စက္ကန့်တွင် စုဖေးဖေး က မြွေကို ရှောင်ဟဲ၏ လက်ထဲသို့ ပစ်လိုက်သည်။
"သန့်သန့်ရှင်းရှင်း ဆေးပြီး ချက်ထား"
ရှောင်ဟဲ ၂ စက္ကန့်လောက် ငေးငိုင်နေပြီး ခုန်ပေါက် အော်ဟစ်တော့သည်။
"အမယ်လေး! မြွေ! မြွေ!"
စုဖေးဖေး က သူ့ပခုံးပေါ် ရိုက်လိုက်သောအခါ တိတ်သွားလေသည်။ သူမ၏ အေးစက်သောမျက်နှာကို မြင်တော့ ချက်ချင်း ခါးဆန့်၍ မတ်တပ်ရပ်၏။
“ရော့… ဒါ မလိုချင်ဘူး!" ဟု သူက ရုတ်တရက် ဖြေလိုက်သည်။
စုဖေးဖေး ထံမှ ၂ ရက်တာ မြင်းထိုင်အနေအထား လေ့ကျင့်ခန်း ခံထားရပြီးနောက်၊ ရှောင်ဟဲ၏ လုပ်ဆောင်မှုများ သည် စစ်သင်တန်းဆရာများထက် အဆတစ်သောင်း ထိရောက်နေပြီ ဖြစ်သည်။
“ဘာတွေ အံ့အားသင့်နေတာလဲ? ရှားပါးတဲ့ ပစ္စည်းကောင်းနော်၊ တစ်ခါစားဖူးတာနဲ့ သေချာပေါက် ကြိုက်သွားမှာ"
ရှောင်ဟဲ မှာ တုန်ယင်နေပြီး မလှုပ်ရဲ။
"ဒါဆို ဆေးပင်တွေ... ရှာဖွေပြီးပြီလား?"
"အင်း"
ရန်ပိုင် သူတို့စကားကို ကြားတော့ ဟက်ဟက်ပက်ပက် ရယ်လေ၏။
ဆေးပင်ရှာဖွေတယ်? စုဖေးဖေးကလေ? ဒါက သူ ၂ရက်အတွင်း ကြားဖူးသမျှ အရယ်ရဆုံး ပြက်လုံးပဲ!
စုဖေးဖေး က သူ့ကို လုံးဝဂရုမစိုက်တော့ဘဲ စားပွဲပေါ် တောင်းကို တင်လိုက်တယ်။
"စစ်ဆေးကြည့်” ဟု သူမ က တိုတိုတုတ်တုတ်ပြောလေသည်။
နေပူကြောင့် ငိုက်မျဉ်းနေသော ဝန်ထမ်းတစ်ဦးက ချက်ချင်း နိုးလာပြီး၊ နေရောင်စူးစူးတောက်နေသောအလင်းအောက်တွင် စုဖေးဖေး ယူလာသည့် ဆေးပင်များကို သေချာစွာ စစ်ဆေးတော့သည်။
…
ထိုအချိန်တွင် ကင်မရာ သည် စုဖေးဖေး ပြန်ယူလာခဲ့သည့်အရာကို အနီးကပ်ရိုက်ကူးသည်။ မှို ၂ မျိုးသာ ဖြစ်၏။
[သူမ ရောက်နေပြီ၊ ရောက်နေပြီ၊ ဆေးဖက်ဝင်အပင်နဲ့ ပြန်လာတာ]
[ဆိုတော့ကား ရန်ပိုင်ကျတော့ မှိုတွေအများကြီးခူးပြီး မင်းကျတော့ နည်းနည်းပဲခူးလာတယ်လား?]
[သူမ က အမှတ်ရဖို့ အသုံးပြုချင်နေတာ ဟုတ်တယ်မလား]
[ ငါ ရယ်သေတော့မယ်၊ အမှိုက်အစား ဆေးပင်ပဲ ခူးမယ်လို့ သူမ ပြောဖူးသလားလို့?]
[စုဖေးဖေး သေထိုက်တယ်၊ ထွက်သွားစမ်း]
အလုပ်သမား က လက်ထဲ၌ ပစ္စည်းတစ်ခုကို ကိုင်ထားပြီး စုဖေးဖေး သယ်လာသည့် မှိုနှင့်ယှဉ်သည်။ လူတိုင်း တစ်ယောက်နဲ့တစ်ယောက် တီးတိုးပြောနေကြတယ်။
“ဒီဝန်ထမ်းက တကယ်ပဲ တာဝန်သိတာပဲ”
"အပေါစားဆေးပင်လေးတစ်ခုအတွက် နာရီဝက်လောက် လှန်လောရှာခဲ့ရတာလေ”
"ငြင်းမနေနဲ့! သူတို့အလုပ်သူတို့လုပ်ခွင့်ပေးလိုက်!"
လူအားလုံး၏ အာ ရုံက လဲလှယ်ရာကောင်တာ ဆီသို့ ပြန်ရောက်သွားသည်။
အကူဝန်ထမ်း က စက်ဖြင့် တစ်ခုခုပြောနေကာ သူတို့ထဲက အနည်းငယ် က တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ကြည့်နေကြသည်။
"တောင်းပန်ပါတယ်၊ ဒါရိုက်တာကိုမေးမှရမယ်" ဟု ဆိုကာ အဖွဲ့သား က တောင်ကုန်းပေါ်ရှိ အဓိကထိန်းချုပ်ရေးခန်းဆီသို့ လျှောက်သွားသည်။
[တစ်မှတ်မှ မရလောက်အောင် စုတ်ပြတ်သတ်နေလို့လား?]
[ငါ ရယ်သေနေပါပြီနော်!]
[စုဖေးဖေး နင် တကယ်ကိုယ့်ကိုယ်ကိုဟာသလုပ်ယူတက်ပါလားနော်]
ရန်ပိုင် ချဉ်းကပ်လာပြီး စုဖေးဖေး ကို အကဲခတ်ကြည့်၏။ “ဆိုတော့ကား မင်း ဘာခူးလာတာလဲ?”
“လင်းရှီတောနက်ဂေါ်ရခါး ” စုဖေးဖေး က အေးစက်စက်တုန့်ပြန်၏။
တောနက်ဂေါ်ရခါး?
ပရိသတ်များ ထပ်မံဆူညံလာကြသည်။
ရန်ပိုင် အံ့အားသင့်ပြီးနောက် နှုတ်ခမ်းတွန့်သွားသည်— ဒီအမျိုးသမီး ရူးနေသလား? တောနက်ဂေါ်ရခါး ကို ဘယ်လိုလုပ်သာမန်တွေ့နိုင်မှာလဲ?
ဒီနေရာမှာ ဂေါ်ရခါးပေါက်ဖို့ အခြေအနေမရှိပါဘူး၊ သူကိုယ်တိုင် ကျွန်းစွန်းတစ်လျှောက် လျှောက်ခဲ့ပြီး တန်ဖိုးရှိတာတွေယူထားပြီးသား! စုဖေးဖေး က သူ့ကြွင်းတဲ့အမှိုက်တွေပဲ ခူးနိုင်တာ၊ အခု အရှက်မရှိ၊ မျက်နှာမရှိဘဲ ဂေါ်ရခါးတွေ့တယ်ဆိုပြီး ကြိမ်းဝါးနေသေးတယ်!
[အံ့ဖွယ်ပဲ၊ တကယ်ပဲ တောနက်ဂေါ်ရခါးဆို ငါ့ချီးငါ ပြန်စားပစ်မယ်]
[ငါ တချက်သွားကြည့်မယ်၊ အမေ က မနေ့ကမှ ဂေါ်ရခါးခြောက်အိတ်ကြီးဝယ်ထားတာ]
[သွားကြရအောင်! ဒီည ဂေါ်ရခါးဟင်းချိုပြုတ်စားကြမယ်!]
ရန်ပိုင်၏နှုတ်ခမ်းကွေးတက်သွားကာ လှောင်သောအပြုံးဖြင့် “အဲဟာလား? တောနက်ဂေါ်ရခါး ဆိုရင် အမှတ်အများကြီးရနိုင်တယ်! ငါ့လိုမဟုတ်ဘူး၊ အမှိုက်တချို့ လဲတာတောင် ငါ အမှတ်၁၀၀ကျော်ပဲ ရခဲ့တာ”
သူ့အရာများကို အလေးပေးဆိုကာ လှောင်သံဖြင့် အားလုံးကြားအောင် ပြောလေသည်။ လူများစွာ ရှိသော်လည်း စုဖေးဖေးဘက်မှ မည်သူမျှမရပ်တည်ကြ။
"ဟေ့၊ ဟိုဟာ က တောင်ကုန်းတစ်ဖက်က ဒါရိုက်တာမဟုတ်လား?" တစ်ယောက်က ရုတ်တရက်အော်လိုက်သည်။
လူတိုင်း က ရိူးပွဲကြီးတစ်ခုကို စောင့်နေကြလျက် တောင်စောင်းဘက်သို့ လှည့်ကြည့်ကြသည်။
ဒါရိုက်တာလျို က လူအုပ်ကြီးနှင့်အတူ အလျင်အမြန်ဆင်းလာပြီး မျက်နှာတွင် လေးနက်မှုရှိနေသည်။ ဒါရိုက်တာ က မှန်ဘီဘူးဖြင့် မှို၏အညှာကို သေချာကြည့်၏။
မှန်ဘီလူးကို ချ၍ ဝန်ထမ်းတစ်ဦးစီ ကို မှိုအနံ့ခံခိုင်းသည်။ အဆုံးတွင် သူ သည် မှိုကို မလိုလားစွာ ချိန်တွယ်လေ၏။
“၂ခုပေါင်း၊ ၅ကျပ်သား” တွက်ချက်သည့် ဝန်ထမ်း ၏မျက်နှာထက်တွင် ရူပ်ထွေးနေသည့်အမူအရာတို့ ပြည့်နှက်နေသည်။
“တွက်ချက်ပြီး အမှတ်ထည့်ပေးလိုက်ကွာ” ဒါရိုက်တာ က သွားကြိတ်ကာ ပြောသည်။
ရန်ပိုင် အပါအဝင် လူအားလုံး နားစွင့်နေကြသည်။
ဘာလို့လဲ? စုဖေးဖေးရဲ့အမှိုက်တွေ က အမှတ်လဲလို့ ရတယ်လား?
ရန်ပိုင် က မည်သူမဆိုထက် ပို၍နားစွင့်ထားသည်။
[ဒါရိုက်တာ က အရည်အချင်းကို အသိအမှတ်ပြုပြီး တစ်မှတ်လောက် ပေးလေမလား?]
[အသက်စွန့်ထားရတာဆိုတော့ ပိုပေးသင့်တယ်]
စုဖေးဖေး က ဖုန်းထုတ်ကြည့်ပြီး ကျေနပ်စွာခေါင်းညိတ်ကာ လှည့်ထွက်သွားသည်။
ရန်ပိုင် က လျှောက်လာကာ အပြုံးဖြင့် “ဆိုတော့ မင်း ဘယ်နှစ်မှတ်ရသလဲ? ငါ မင်းကို ပြောပြမယ် ဒါရိုက်တာအဖွဲ့ က ရှုပ်ထွေးလိုက်တာ— ငါအသေခံပြီးလုပ်ရင်တောင် အမှတ်၁၀၀ပဲရတာ၊ မင်းရဲ့ မှို၂ခု က ဘယ်လောက်ရလဲ?”
စုဖေးဖေး က ရန်ပိုင် ကို မကြည့်ပဲ “တောနက်ဂေါ်ရခါနှစ်ခုပဲဟာ၊ သိပ်မများဘူး”
“ဘယ်လောက်ဆို မများဘူးလဲ?” ရန်ပိုင် စုဖေးဖေးရှေ့တွင်ရပ်ကာ ပြောသည်—"နည်းလို့ မပြောရဲတာမျိုးလား? ပြောစမ်းပါ၊ မရှက်နဲ့၊ ငါတို့ ဘာမှမပြောဘူး။ အားလုံး က မိသားစုပဲဟာ”
[ငါ ရယ်သေနေပြီ၊ အခုဆို စုဖေးဖေး အပြစ်စိတ်ဝင်နေမှာပဲ]
[ရန်ပိုင်၏ နှစ်စဉ်ဇာတ်ညွှန်း မှ… စျေးကွက်ရှာဖွေရေးအဖွဲ့ ဒီကျွမ်းကျင်မှုကို သတိထားသင့်တယ်]
[စျေးကွက်ရှာဖွေရေးအဖွဲ့ ဇာတ်ညွှန်းရေးနိုင်ရင် ချမ်းသာနေတာ ကြာပြီ]
စုဖေးဖေး ကြာရှည်စွာ တိတ်ဆိတ်နေစဉ် ရန်ပိုင်၏ ရင်ဘတ် မှာ ဂုဏ်ယူစွာမြင့်တက်လာချေသည်။
ဒီမိန်းမ အမှတ်နည်းလို့ဒီလိုပြောနေတာ! သူ့ရှန်းရုံချင်း ကို နှောက်ယှက်တဲ့အတွက် ဒီလိုမျက်နှာပူစေမှာပဲ! ကိုယ်တိုင်မခံရရင် နာကျင်မှုကို သိမှာမဟုတ်ဘူး!
လူတွေက တီးတိုးပြောဆိုနေကြသည်။ စုဖေးဖေး ဒီကျွန်းကိုရောက်ကတည်းက သူတို့မှာ အထင်အမြင်လွဲမှုတွေရှိခဲ့သည်။
"တကယ့်ကို သိပ်မများဘူး..."
စုဖေးဖေး က အေးဆေးတည်ငြိမ်စွာပြောသည်၊ အသံမကျယ်သော်လည်း ရန်ပိုင်နှင့် အနီးအနားကလူများ ကြားနိုင်သည်။
"အမှတ်၅၀၀လေးပဲ ရတာ”
“ငါ ပြောပါတယ်၊ အဆင်ပြေပါတယ်လို့။ လုတိုင်း က …” ရန်ပိုင် ၏ အပြုံးတွေ ရုတ်တရက်ခဲသွားပြီး သူပြင်ဆင်ထားသော နှစ်သိမ့်စကားတွေ လည်ချောင်းထဲညပ်သွားကာ မျက်လုံးပြူးကျယ်သွားလေသည်။
ခဏလေး... သူမ ခုနက …. ဘယ်လောက်ရတယ်လို့ ပြောလိုက်တာလဲ?