no

Font
Theme

Chapter 11: - နှလုံးသားထိတွေ့မှု

[ဖာ့ခ်?????]

[သောက်ကျိုးနည်း!]

[မေးချင်တာက ဘယ်သူက ဝံပုလွေကို လိုက်နေတာလဲ??? စုဖေးဖေးလား????]

[အမေ က ငါ့ကို ဘာလို့ ဒူးထောက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတာလဲ လို့ မေးတယ်]

[ငါ ဘာဖြစ်နေမှန်း မသိတော့ဘူး?!]

[သူမ တစ်နေ့ကို ဘယ်နှစ်ကြိမ် ဒရမ်မာလုပ်နေမှာလဲ?]

[ငါ့နှလုံး က မကောင်းဘူးလို့ ပြောရုံရှိသေး၊ သူမ လုပ်မယ့် အစီအစဥ်တွေနဲ့ တကယ်သေတတ်ပါလားနော်]

[ဒီရိူး ကို ကျေးဇူးပဲလို့!]

[သူမ ဘာလုပ်နေတာလဲ? နားမလည်ရင် သူမကိုမေးလေ!]

...

ကင်မရာက ဒီမြင်ကွင်းကို ဖမ်းမိလိုက်ချိန် မှာ ထုတ်လုပ်ရေးအဖွဲ့အားလုံး လန့်သွားကြသည်။

"ဒါက စည်းမျဥ်းချိုးဖောက်တယ်နော်?"

လက်ထောက် က ပွင့်ပွင့်လင်းလင်းထုတ်ပြောလေ၏။ ဒါရိုက်တာ က မျက်မှောင်ကြုံ့ကာ မော်နီတာကို ကြာကြာကြည့်နေလျက် ဖြေးဖြေးချင်း ပြောလာသည်။ “ငါတို့ရဲ့ လစ်ဟာမှုပဲ။ ဝံပုလွေရဲ့ နာမည်ကတ်ကို မဖြုတ်ရဘူးလို့ မပြောခဲ့ဘူး"

အားလုံး တိတ်ဆိတ်သွားသည်။

[ဒါဆို စုဖေးဖေးက တကယ်ပဲ ဝံပုလွေတွေကို အမဲလိုက်နေတာလား?]

[ခုနကထုတ်ပယ်မှုတွေ ဆိုတာ... ဖြစ်နိုင်တာက…]

[စုဖေးဖေး က သူတို့ကို ထုတ်ပစ်လိုက်တာလား!]

[တကယ်တော့ စည်းမျဥ်းလျို့ဝှက်ချက်တွေ က ယို့ယွင်းနေတာလို့ စဥ်းစားကြည့်၊ ဒါရိုက်တာအဖွဲ့ သူတို့ကို အပြစ်ဒဏ်ပေးမယ်ဆိုရင် ပရိုဂရမ်ကနေ သူ ထုတ်ပစ်လိုက်တာ အကောင်းဆုံးဖြစ်နေတာ မဟုတ်ဘူးလား? ပိုပြီးစိတ်ဆိုးစေတာတွေ မဖြစ်လာအောင်လေ!]

[ဒါက စည်းမျဥ်းလှို့ဝှက်ချက်ကို ခိုးသုံးတာပဲ။ဒါရိုက်တာအဖွဲ့အတွက်လည်း အပြစ်ဒဏ်ရှိသင့်တယ်!]

[ကူညီကြပါ! ဘာဖြစ်နေမှန်း ငါ ကြည့်ချင်တယ်!!!!]

[မနှစ်ကလည်း စည်းမျဥ်းချိုးဖောက်တာ ရှိခဲ့ပေမဲ့ ဒါပေမယ့် စုဖေးဖေး က ဝန်ထမ်းတွေကိုတောင် ထုတ်ပစ်လိုက်တယ်၊ အရမ်းတော်တယ်!]

[စုဖေးဖေးကို မထုတ်ပစ်ပါနဲ့!]

[ဘယ်လိုထူးဆန်းမှုတွေ ထပ်လုပ်နိုင်မလဲ ကို ငါ ကြည့်ချင်တယ်!]

[ဟုတ်တယ်၊ သူမ မပါရင် ငါမကြည့်တော့ဘူး!]

...

မှတ်ချက်များ မကြုံစဖူး ငြင်းခုန်မှုများ ဖြစ်ပွားနေစဥ် ဒါရိုက်တာ မှာ သူ့ရှေ့ က စခရင်န်ကို ကြည့်ရင်း ပါးစပ်တွန့်သွား၏။

"ဟမ့်..."

မြစ်ကမ်းဘေးတွင် ဝံပုလွေ သည် သူ၏ရင်ဘတ်ပေါ်ရှိ ဝေါ်ကီတော်ကီ ကို ယူကာ ပြောလေသည်။ "တစ်ယောက်ယောက် ကူကြဦး! ငါ မြစ်ကမ်းနားမှာ!"

ထိုအခါ ဝံပုလွေအားလုံး၏ ဝေါ်ကီတော်ကီမှ အသံမြည်လာသည်။

ဝံပုလွေများ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ချက်ချင်း မြစ်ဘက်သို့ ပြေးလာကြသည်။

စုဖေးဖေး က ယင်းကို ကြားသောအခါ နှုတ်ခမ်းထက်ဝယ် နူးညံ့သောအရိပ်အမြွက် ပေါ်လာချေသည်။ "အချိန်ကိုက်ပဲ၊ ငါ သူတို့ကို ရှာမတွေ့မှာ စိုးနေတာ”

ပိုင်စစ်လင်း နှင့် ရှောင်ဟဲ : “...”

"အစ်ကိုပိုင်၊ သူမ က ကြောက်စရာကြီး…” ရှောင်ဟဲ က ပိုင်စစ်လင်း အနောက်မှာ ဝင်ပုန်း၏။

ဝံပုလွေ သည် မြစ်ထဲသို့ ပြေးရုံကလွဲ၍ လမ်းမရှိတော့ပေ။ စိတ်ရှုပ်ထွေးနေစဥ် ပိုင်စစ်လင်း နှင့် ရှောင်ဟဲ ကို မြင်လိုက်ရသည်။ နည်းလမ်းမရှိဘူးဆိုမှတော့ သူတို့နှစ်ယောက်ကို ဓားစာခံအဖြစ် ဖမ်းရမယ်!

စုဖေးဖေး က အဖွဲ့ဝင်များကို ဂရုစိုက်သည်။ သူတို့ကိုဖမ်းမိရင် စုဖေးဖေး လက်လျှော့မှာ သေချာတယ်!

ဤအတွေးနှင့် ဝံပုလွေ က ရှေ့သို့တိုးလာသည်။

သို့သော် လက်ဆန့်နိုင်သေးမီ အရိပ်လိုလူတစ်ယောက် သူ့ရှေ့တွင် ပေါ်လာသည်။

စုဖေးဖေး က ဝံပုလွေအား တုံ့ပြန်ခွင့် မပေးဘဲ မြစ်ထဲသို့ ကန်ချလိုက်၏။

ဘန်း! ဘန်း!

ပတ်ဝန်းကျင်ရှိ မြူများကြားတွင် လသာရောင်အောက်၌ ကန်ထုတ်လိုက်သော ကိုယ်ဟန် သည် မယုံနိုင်စရာ ချိုးကွေးမှုဖြင့် လေထဲတွင် ဖြန့်ထွက်လာပြီး

ခန္ဓာကိုယ်၏ကောက်ကြောင်းတိုင်း က ရှင်သန်စိတ်ဓာတ်များ၊ ရည်ရွယ်ချက်များ ပြည့်နေသည်။

ပိုင်စစ်လင်း လှည့်ကြည့်ကာ ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ရုတ်တရက် ပတ်ဝန်းကျင်အသံများ ပျောက်ကွယ်သွားသကဲ့သို့ ခံစားရသည်။

စိတ်ထဲတွင် စကားလုံးနှစ်လုံး အလိုလို ပေါ်လာခဲ့သည်။

ထိုမျက်နှာ သည် အပြုံးမပါသေးသော်လည်း၊ လှုပ်ရှားမှုတိုင်းမှာ သန့်ရှင်းပြတ်သားပြီး အနည်းငယ်မျှ ညစ်ထေးမှုမရှိ။

သူမ၏ တင်းမာနေသော ကိုယ်ခန္ဓာပေါ်တွင် စိတ်ဓာတ်ခိုင်မာမှုကို မြင်နိုင်ပြီး၊ အရိုးထဲမှပေါ်ထွက်နေသော ကြမ်းတမ်းမှု က လူတို့ကို မျက်စိမလွှဲနိုင်စေခဲ့။

ဤမြင်ကွင်း က စိတ်တုန်လှုပ်ဖွယ်ကောင်းတာ ငြင်းဆိုမရပေ။

အဆင့်မြင့်ရုံးခန်းများတွင် ရေမွှေး မွှန်လျက် ဒေါက်မြင့်ဖိနပ်များ ဖြင့် လှည့်ပတ်သွားလာနေသော မိန်းမလှလေးများ နှင့် ညကလပ်များတွင် ယိမ်းထိုးနေသည့် အမျိုးသမီးများလည်း မြင်ဖူးသည်။

သူတို့ သည် အနုစိတ်ခြင်းနှင့် ဟိတ်ဟန်ကြီးခြင်းကို လိုက်စားကြသည်။

ရုံးခန်းထဲရှိ ပန်းများကို နေ့စဥ်လဲကြသည်၊ ဖိနပ်အမျိုးမျိုးနှင့် အဝတ်အစားအမျိုးမျိုးဝတ်ဆင်ကြ၏။ သူတို့ကိုယ်သူတို့ လက်ဆောင်တဖွယ် ထုပ်ပိုးထားကြပြီး ‘လှတယ်’ ဟူသော စကားကို စောင့်မျှော်ကြ၏။

ဤအရာများ က လောကီအလှအပ၏ သတ်မှတ်ချက်များဖြစ်ကြောင်း သူသိသည်။

သို့သော်... အမျိုးသမီးတစ်ယောက် လူတစ်ယောက်ကို ကန်သည့်အခါ ဤမျှ လှပနိုင်သည်ကို သူ မသိခဲ့။

သူ၏အတွေးများကို အော်ဟစ်သံများ က ပြတ်တောက်အောင်လုပ်ခဲ့၏။

"အား!" ရေထဲကန်ချခံရသော ဝံပုလွေလူသား က အော်ပြောသည်။ စက္ကန့်အနည်းငယ်ကြာသောအခါ ရေမျက်နှာပြင်ပေါ်၌ လှိုင်းတံပိုးများသာ ကျန်ရစ်ခဲ့သည်။

ကျန်ရစ်သော ဝံပုလွေများ က တုန်တုန်ရီရီအသံ တစ်ခု ကို ဝေါ်ကီတော်ကီမှတဆင့် ကြားလိုက်ရသည်။ —

"ဝံပုလွေနံပါတ်၈ ထုတ်ပယ်ခံရ… !"

ပိုင်စစ်လင်း သည် မျက်နှာမလွှဲဘဲ စုဖေးဖေးကို ဆက်လက်စိုက်ကြည့်နေဆဲ။

ဤစကားကိုကြားသည်နှင့် ခုနအရောက်လာသော ဝံပုလွေများ က တစ်ယောက်ကိုတစ်ယောက် ချက်ချင်းကြည့်ကာ စုဖေးဖေးနှင့် သူမ၏အုပ်စုဆီသို့ ပြေးလာကြသည်။

"ဟိုမိန်းမ! ဖမ်းကြစမ်း!"

ဝံပုလွေများ က သူတို့ကိုယ်ပိုင် အုပ်စုဖွဲ့ထားကြသည်။

သူတို့ ပိုင်စစ်လင်း ကို လိုက်ဖမ်းကြသောအခါ စုဖေးဖေး၏မျက်နှာမှာ မဲမှောင်သွားသည်။

“ဟမ်?” ရှောင်ဟဲ မင်သက်နေသည်။

စုဖေးဖေး က ရှေ့သို့တိုး၍ ပိုင်စစ်လင်းနှင့် ရှောင်ဟဲကို တဖက်စီဆွဲကာ ခုန်လိုက်တော့သည်။!

"ဖေးဖေး၊ မင်း... အား!"

[ဒီမိန်းမ ဘာလုပ်နေတာလဲ??]

[ဒါက အပူပိုင်းဒေသရဲ့မြစ်ဟ၊ အတွင်းမှာ အန္တရာယ်ရှိသတ္တဝါတွေ ရှိမရှိ ငါတို့ မသိဘူးလေ!!]

[သေချင်ရင်တောင် အခြားသူတွေကို မဆွဲချနဲ့!]

[ဒီမိန်းမ စိတ်မနှံ့တာ သေချာပြီ!!!]

[ဘုရားရေ!]

[သူမ ရူးနေပြီ!]

အခြားတစ်ဖက်တွင် ကြီးမားသောရေသံ ထွက်ပေါ်လာ၏။ မိုးအမှတ်တမဲ့ရွာခဲ့သောကြောင့် မြစ်ရေစီးသန်းနေဆဲ။

စုဖေးဖေး တည်ငြိမ်စွာရပ်တည်ရန် ရုန်းကန်နေစဥ် ဘယ်ဘက်သို့ ကြည့်လိုက်သည်—

ပိုင်စစ်လင်း မရှိတော့ဘူး!

စုဖေးဖေး၏ နှလုံးသား နစ်မြုပ်သွားသည်။ သူမ အသက်ပြင်းပြင်းရှုသွင်းကာ ရေထဲဆင်းပြီး ပိုင်စစ်လင်း ကို ရှာဖွေသည်။

ပိုင်စစ်လင်း ရေမျိုချမိသော်လည်း မြောမသွားခဲ့၊ တစ်စုံတစ်ရာကို ကပ်တွယ်ရန် အတက်နိုင်ဆုံး ကြိုးစားရှာသည်။

သူမ သည် အားအင်စုစည်း၍ ပိုင်စစ်လေး ဘေးသို့ လျှောဝင်၏။

စုဖေးဖေး လက်မြောက်ကာ သူ့ကို ရိုက်လိုက်၏။ သို့သော် အသုံးမဝင်။

သူ သတိလစ်ခါနီး ဖြစ်နေပြီ။

သူမ မျက်မှောင်ကြုံ့ကာ စက္ကန့်ပိုင်းစဥ်းစားပြီး သူ၏ခါးကို ပွေ့ဖက်ကာ သူမ၏ရင်ခွင်ထဲ ဆွဲထည့်လိုက်၏။ ထို့နောက် သူမ ခေါင်းငုံ့ကာ သူ့နှုတ်ခမ်းဆီသို့ ဦးတည်လာခဲ့သည်။

အောက်မှလူ က ရုတ်တရက် လှုပ်ရှားလာသည်။ သူမ လေမှုတ်၍ သူ၏အဆုတ်ကို ဖိအားပေးရန် ကြိုးစား၏။ သူ့မျက်လုံးတွေ ချက်ချင်းဖွင့်သွားတယ်!

ရေလှိုင်းများအောက်တွင်၊ အလင်းနှင့်အရိပ်များ အပေါ်အောက် မျောပါနေ၏။ သူ က သူမ၏မျက်နှာ၊ ထူထဲသော မျက်တောင်မွှေး၊ နှင့် မှောင်နေသော မျက်လုံးစုံ ကို မြင်နေရသည်။

ပိုင်စစ်လင်း က အနည်းငယ် ရုန်းကန်ကာ တွန်းဖယ်ဖို့ ကြိုးစား၏။

သို့သော် စုဖေးဖေး သူ့ခေါင်းနောက်စေ့ကို ပြင်းထန်စွာ ဖိကာ နှုတ်ခမ်းချင်း ဖိထားသည်။ နမ်းနေသည်နှင့် ပိုတူနေခဲ့သည်။ သိပ်နူးညံ့၏။

စုဖေးဖေး က ခက်ထန်စွာ စိုက်ကြည့်နေစဉ် သူ့ရဲ့မျက်နှာထက်မှာ အံ့အားသင့်နေတဲ့ အရိပ်အမြွက်ပေါ်လာခဲ့တယ်!

ထိုအတောအတွင်း ဒရုန်းတစ်စင်း မြစ်အထက်တွင် လှည့်ပတ်နေသည်။

ရှောင်ဟဲ နှင့် အခြားသူများ က စိုးရိမ်ပူပန်စွာ ရှာဖွေနေကြသည်။

စုဖေးဖေး က ပိုင်စစ်လင်းကို ထောက်ပံ့ရင်း မြစ်ရေဆန်သို့ ကူးခတ်နေသည်။

ပိုင်စစ်လင်း က နှုတ်ခမ်းပေါ်ရှိ ပူနွေးချိုမြိန်မှုကို ခံစားရပြီး၊ ရေပေါ် မှ ထွက်လာလုနီးနီးဖြစ်နေပြီ။

ဒရုန်းသံကိုလည်း ကြားနေရသော်လည်း၊ မတွန်းဖယ်ဘဲ စုဖေးဖေး လုပ်သမျှကို ခွင့်ပြုလိုက်တော့သည်။

သို့သော် စုဖေးဖေး က ရေပေါ်မှ တက်လာသောအခါ ချက်ချင်းလွှတ်ပေး၏။

“အစ်ကိုပိုင်! အစ်မဖေးဖေး!" ရှောင်ဟဲ စိတ်လှုပ်ရှားစွာ အော်ခေါ်လေသည်။

မြစ်ပေါ်ရှိ လူနှစ်ယောက်မှာ အထူးတောက်ပပါ၏။

ယောက်ျား၏ အသားရောင် မှာ ဖြူဖျော့နူးညံ့နေပြီး၊ အမျိုးသမီး က ယောက်ျားကို ပွေ့ထားကာ မျက်လုံးများ မှာ တောက်ပတည်ကြည်သည်။

လူတိုင်း ပြောစရာစကားပျောက်ရှသွားလောက်အောင် မင်သက်သွားကြတယ်၊ သိပ်လှတာပဲ!

[ငါပြောမယ်... ငါ့နောက်ဝတ္ထုအတွက် ဇာတ်လိုက်မင်းသားနဲ့မင်းသမီး ပုံစံ ကို ဒီအတိုင်းထားမယ်!]

[သူတို့ကို ဒရမ်မာရိုက်ဖို့ ငါ တောင်းပန်ပါတယ်!!!]

[စုဖေးဖေး ဆံပင်စိုနေတဲ့အခါ ဘာလို့ဒီလောက်လှရတာလဲ?]

[စုဖေးဖေး က လှပြီးသားပါ၊ ဒါပေမဲ့ ဘာလို့ မိတ်ကပ်ထူထူလိမ်းရတာလဲ? အရင်တုန်းက သူမရဲ့ အဝတ်အစား က ထိပ်တန်းရှာဖွေမှုစာရင်းဝင်ခဲ့တာ နင်တို့ မှတ်မိသေးလား?]

[အမှန်ကိုပြောရရင် သူမရဲ့မျက်နှာ က ဖျော်ဖြေရေးလောက ၉၀% ကိုနိုင်နေပြီ...]

[ဟေ့.. ဇာတ်လိုက်မင်းသားနဲ့မင်းသမီး ဇာတ်ညွှန်း ပြောင်းပြန်ဖြစ်နေတာ သတိထားမိကြလားဟေ? ငါတို့သားလေး၊ ပိုင်စစ်လင်း က ဘာလို့ အပွေ့ခံထားရတာလဲ?]

စုဖေးဖေး ကမ်းစပ်သို့ ကူးခတ်လာပြီး ပိုင်စစ်လင်းက သူမ၏ လက်နှစ်ဖက်ကြားထဲတွင် အားပျော့စွာ မှီထားသည်။

သူမ က သူ့လက်မောင်းကို ပုတ်ချလိုက်ပြီး ပိုင်စစ်လင်း ကို ရှောင်ဟဲထံ လွှဲအပ်လိုက်သည်။

ရှောင်ဟဲ လက်ဆန့်လိုက်သည်။

ပိုင်စစ်လင်း က စက္ကန့်အတွင်း ဖြောင့်ဖြောင့်ရပ်ကာ သူ့အဝတ်အစားတွေကို ဖြေးဖြေးချင်း ညှိယူသည်။

ရှောင်ဟဲ : “...”

သူ ရှက်ကိုးရှက်ကန်း လက်ရုတ်ကာ စိတ်ရူပ်ထွေးစွာ မေးလိုက်သည်။ “အစ်ကိုပိုင်၊ ဘာလို့ ပါးစပ်မှာ သွေးထွက်နေတာလဲ?”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment