no

Font
Theme

Chapter 7: ဂြိုလ်ဆိုး

[ဘာတွေဖြစ်နေတာလဲ?]

[ငါတို့ ဘေဘီ ပိုင်စစ်လင်း က သူမနဲ့အတူ အိပ်ရမယ်?!]

[မင်း စိတ်မနှံ့တာလား ငါပဲ စိတ်မနှံ့တာလား?]

[ငါ သေမတက်ရယ်နေပါပြီနော်၊ ဒီရိူး ကို ဟာသရိူး လို့ နာမည်ပြန်ပေးရမယ်]

ရှောင်ဟဲ က သတိမထားမိဘဲ၊ ပိုင်စစ်လင်း ကို ကြောက်လန့်တုန်လှုပ်စွာ ကြည့်နေ၏။

ပိုင်စစ်လင်း က မျက်ခုံးပင့်ကာ သူ့ကျဥ်းမြောင်းတဲ့မျက်လုံးတွေထဲ မှာ စိတ်လှုပ်ရှားမှုတွေပြည့်နေသည်။ -"ငါ့ကို မင်းနဲ့အတူ အိပ်ခိုင်းတာလား?"

"ဟုတ်တယ်" စုဖေးဖေး က စကားတိုတိုဖြင့် ဆိုသည်။

ရှောင်ဟဲ,ခဗျား မျက်ရည်တွေနဲ့ စုဖေးဖေးရှေ့မှာ ငိုဖို့တောင် ဖြစ်နေတယ်။

ဒီမိန်းကလေး … သူမ ရဲ့ဂုဏ်သတင်း က ဘယ်လိုရှိလဲဆိုတာကော သိရဲ့လား? ဒီလိုအိပ်လိုက်ရင် ဖျော်ဖြေရေးလောကထဲ က သူမရဲ့ အဆင့်အတန်းတန်ဖိုးကျသွားမှာ အသေအချာပဲ!

ဒါပေမယ့် ပိုင်စစ်လင်း က နောက်တစ်စက္ကန့်မှာပဲ ခေါင်းညိတ်လေသည်။

"အင်း... ရတာပေါ့”

[ငါ့ရဲ့ ပိုင်စစ်လင်း ဘာလုပ်နေတာလဲ??]

[ချစ်ရတဲ့သားရေ]

[ရုပ်ရှင်ဧကရာဇ်ကိုယ်တိုင်ကလေ…. ?!]

[သူမ နဲ့ ပထမဆုံးည က ငါ့ပိုင်စစ်လင်းနဲ့ဖြစ်နေတယ်ပေါ့!]

[ပြောရဲလောက်အောင် စိတ်မနှံ့ဘူး!]

ရှောင်ဟဲရဲ့ မေးရိုးအောက်ကျမတက်ဖြစ်နေလျက် ဘာမှ ပြန်မပြောနိုင်တော့။

"အစ်ကိုပိုင်..."

"ဒီလိုပဲထားလိုက်တော့" ပိုင်စစ်လင်းရဲ့ နှုတ်ခမ်းထောင့်က ပြုံးရိပ်က နက်နဲတဲ့အဓိပ္ပာယ်တွေ ဖုံးနေသည်။

ဒီအမျိုးသမီး က သူ့ကို မူးယစ်ဆေးတိုက်ဖို့ ကြံနေတာ၊ နောက်ပိုင်း ပြသာနာတွေကနေ ကယ်တင်ဖို့ ဒီကျွန်းကနေ သူမကို ချက်ချင်းထုတ်ပစ်ဖို့ အခွင့်အရေးကောင်းပဲ...။

တဲထဲမှ ရှန်းရုံချင်း သည် အသံကို ကြားသိခဲ့သည်။ သူမ က လက်ထဲတွင် ရေခွက်တစ်ခွက် ဖြင့် စုဖေးဖေး ထံ လျှောက်လာကာ ညတုတုပြောသည်။ “သူငယ်ချင်း၊ နင် ပင်ပန်းနေမှာပဲ၊ ငါ့မှာ အမှတ်တချို့ရှိတော့ နင် သောက်ဖို့ ယူလာခဲ့တယ်”

စုဖေးဖေး အမှန်ပင် ရေဆာနေသည်။ သူ က ရှန်းရုံချင်း နှင့် အပိုစကားမပြောပဲ ရေကို ယူကာ အနည်းငယ် မျက်မှောင်ကြုံ့သွားသည်။

ဒီရေ ရဲ့ အရသာ က မူမမှန်ဘူး။

"သောက်ပါဦး... တစ်နေကုန်ရေငတ်နေမှာပဲ"

"ဒီမှာ ထားခဲ့... ငါ့အလုပ်မပြီးသေးဘူး"

“နင် နည်းနည်းသောက်လေ” သူမ က ထပ်မံအကြံပြုသည်။

[ငါ တော်တော်အံ့အားသင့်သွားပြီ၊ ရှန်းရုံချင်း ဘယ်လောက်စွမ်းအားရှိသလဲ က အရေးမပါဘူး၊ ၃ကြိမ်တိုင်တိုင် စည်းရုံးတာတောင် သူမ မသောက်သေးဘူး]

[သူမ က လူကို လှန့်ဖမ်းနေတဲ့ ရုပ်သေးဆရာသခင်လို့ထင်နေတာလား?]

[မသောက်ချင်ရင် ကပ်ပါးပိုးတွေပါတဲ့ရေ သောက်!]

ဒါပေမယ့် နောက်တစ်စက္ကန့်မှာ စုဖေးဖေး က အေးဆေးတည်ငြိမ်စွာ သူမရဲ့ခေါင်းအထက်ကို လက်ညိုးထိုးလေသည်။

“နင့်အပေါ်မှာ မြွေရှိနေတယ်"

အရောင်စုံ မြွေကလေးတစ်ကောင် က ရှန်းရုံချင်း ကို လျှာထုတ်ပြသည်။

“အား​!" ရှန်းရုံချင်းရဲ့ အော်ဟစ်သံ က စခန်းတစ်ခုလုံးကို ပျံ့သွားကာ လက်ထဲ က ရေပုလင်း ကို ပစ်ချလိုက်လေသည်။ “ဖယ်ပေးစမ်း၊ ဖယ်ပေးစမ်း!"

စုဖေးဖေး ကျောက်စရစ်ခဲလေးတစ်ခု ကောက်ယူပြီး မြွေရဲ့ အသက်သွေးကြောကို ပစ်လိုက်သောအခါ မြွေ က တဖက်သို့ ကျသွား၏။

ရှန်းရုံချင်း မှာ နေရာတွင်ပင် မလှုပ်ရှားရဲပဲ ထိတ်လန့်နေဆဲ။

စုဖေးဖေး က ရေပုလင်းကို ကောက်ယူပြီး သူမဆီ လှမ်းပေးသည်။

"သေသွားပြီ.. ရေနည်းနည်းသောက်လိုက်"

ရှန်းရုံချင်း က ရေကို သောက်လိုက်ပြီးမှ သတိပြန်ရသွားပြီး လန့်သွားသည်။

သူမရဲ့ရည်မှန်းချက် ကို မမေ့။ “နင်လည်း သောက်ဦး”

စုဖေးဖေး က ပြုံးပြီး သောက်ခဲ့သည်။

ဒါပဲ... သူမ သောက်လိုက်ပြီ! ရှန်းရုံချင်း စိတ်သက်သာရာရသွား၏။

ဒီကျွန်း က တကယ်ကြောက်ဖို့ကောင်းတယ်၊ စုဖေးဖေး ကို ဖယ်ရှားပြီးတာနဲ့ မစ်ရှင်ပြီးပြီဖြစ်လို့ ဒီည နောက်ဆုံးတော့ ထွက်သွားလို့ ရပြီ!

ရှန်းရုံချင်း ရဲ့ လက်ထဲက ပုလင်း ကို ဘယ်သူမှ သတိမထားမိခဲ့ကြချေ။

စုဖေးဖေး က မျက်လုံးထောင့်မှ သူမကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့သည်။

ညအချိန် တွင် လျှပ်စီးလက်ပြီး မိုးကြိုးသံများ ကျရောက်လာကာ ရွာသွန်းလာတော့တယ်။

"မိုးသည်းတယ်ဟ!" ဟု တစ်စုံတစ်ယောက် က အော်ပြောသည်။

ရေစိုနေတဲ့တဲတွေ၊ လေပြင်းတိုက်ခတ်သံတွေ၊ အနုပညာရှင်လူငယ်တွေရဲ့ ငိုကြွေးသံတွေနဲ့ ရောထွေးနေသည်။

တဲကောင်းကောင်းမရှိသော ဧည့်သည်အများအပြားမှာ ရေစိုကုန်ကြသည်။ ရွက်ဖျင်တဲကောင်းကောင်းရှိတဲ့သူတွေက ‌ရေစိုခံအမိုး ကို မတပ်ခဲ့ကြဘူး။ ကြယ်တွေကိုကြည့်ဖို့ ညနက်သန်းခေါင်မှာ ကုန်းမြင့်ပေါ်ကို တက်သွားတဲ့ အနုပညာရှင်လူငယ်တချို့လည်း ရှိသည်။ အခုတော့ ကြယ်တွေကို မမြင်နိုင်တော့ဘဲ စိုစွတ်နေခဲ့တယ်။

ဒါပေမယ့် ရှောင်ဟဲနဲ့ ပိုင်စစ်လင်းတို့ကတော့ စုဖေးဖေးဆောက်ထားတဲ့ တဲထဲမှာ လုံလုံခြုံခြုံ ရှိနေခဲ့တယ်။

'သောက်ကျိုးနည်း၊ ကျွန်တော် တကယ်ပဲ... ဘယ်လိုဖော်ပြရမှန်းမသိဘူး! ဘယ်လိုသိတာလဲ?" ဟု ရှောင်ဟဲ ၏ မျက်လုံးများသည် မြတ်နိုးခြင်းများဖြင့် ပြည့်နှက်နေသည်။

“တိုက်ဆိုင်တာ"

[သူမ မှန်သွားတယ်...?]

[မဖြစ်နိုင်ဘူး!]

[အရင်က မိုးရွာမယ်လို့ သူမ ပြောလိုက်တယ်လား?]

မှတ်ချက်ကဏ္ဍ တွင်မူ ရူပ်ပွလျက် စတင်ဆဲဆိုနေကြသည်။ မြင်ကွင်း က အလွန်ရူပ်ထွေးနေ၏။ နေရာတိုင်းတွင် ရွှံ့နွံများနှင့် ရေအိုင်ငယ်များ ရှိနေပြီး ထိတ်လန့်စွာ ထွက်ပြေးနေကြသူများလည်း ရှိနေသည်။

"ဒါရိုက်တာအဖွဲ့ နဲ့ ထုတ်လုပ်ရေးအဖွဲ့ ကဒီနေ့မိုးရွာမယ်ဆိုတာ ဘာလို့ မပြောတာလဲ?”

"ငါတို့နေမကောင်းရင် ဘယ်သူတာဝန်ယူမှာလဲ"

“စုဖေးဖေး မပြောခဲ့ဘူးလား…” ဟု ကောင်မလေးက ပျော့ညံ့စွာ ပြောသည်။

သူမ သည် စုဖေးဖေး၏ စကားကို နားထောင်ခဲ့သော်လည်း တဲကောင်းကောင်းမရသောကြောင့် သူမလည်း ရေစိုခဲ့သည်။

"ပါးစပ်ပိတ်ထား!" အဲဒီလူ က မကျေမနပ် ပြောလေသည်။ “မင်း အခု ကလေးနဲ့တူနေတာ သိရဲ့လား!”

နောက်ဆုံးတော့ ကောင်မလေး ပါးစပ်ပိတ်သွားသည်။ ရူပ်ထွေးနေကြ၏။ မိုးရွာတာ ရပ်သောအခါ လူအများ လျင်မြန်စွာ ထွက်လာကြသည်။

မိုးစဲသွားသောအခါ စုဖေးဖေး က ရေစိုခံအမိုး ကို ဖယ်ရှားလိုက်ပြီး ပတ်ဝန်းကျင်လေသည် ပိုသစ်လွင်လာသည်။

သုံးယောက်သား ချွေးတွေထွက်နေပေမယ့် မိုးမစိုခဲ့ဘူး။

မီးပုံ မီးငြိမ်သွားသောအခါ စုဖေးဖေး က သိမ်းဆည်းထားသော ထင်းခြောက်များကို ထုတ်ကာ မီးပြန်မွှေးသည်။

စခန်းထဲမှာ အားလုံးဝိုင်းထိုင်ကြပြီး မြင်ကွင်း က တကယ်ကို လိုက်ဖက်ညီလွန်းတယ်။

[မီးတောက် က သဘာဝတရားအနား ဝန်းရံထားတယ်၊ အခု ပြတင်းပေါက်အပြင်ဘက်မှာ မြို့မီးရောင်တွေကိုပဲ မြင်ရတော့ ငါ ရုတ်တရက် မနာလိုဖြစ်မိတယ်]

[ဤရိူး က အဆိပ်ပဲ၊ ကြည့်လေ မူးလာလေပဲ]

[သစ်ရွက်ခြောက်သံ နဲ့ ရေတွေ တဟုန်းဟုန်းတောက်နေတဲ့ အသံတွေကြောင့် ငါ့ကို အေးချမ်းသွားစေတယ်]

[ငါ အိပ်ငိုက်နေပေမဲ့ အဆင်ပြေပါတယ်]

[ဒီမြင်ကွင်းကို ကြိုက်ရင် ဒီထက်မက ရှိနိုင်တယ်]

"ကြယ်တွေအများကြီးပဲ!" ဟု ရှောင်ဟဲ က တအံ့တသြနဲ့ အော်ပြောသည်။

စုဖေးဖေး က ခေါင်းမော့ပြီး ကောင်းကင်ကို မော့ကြည့်လိုက်တယ်။

ကြယ်ရောင်များ က သူတို့၏ခေါင်းထက်တွင် တောက်ပပြီး ပြိုးပြိုးပြက်ပြက်ဖြစ်နေသည်။

သူတို့ပတ်ပတ်လည်တွင် တောက်လောင်နေသော မီးကြောင့် မိုးစိုနေသော သူတို့၏ခန္ဓာကိုယ်ကို နွေးထွေးစေသည်။

သူမ ကြယ်ရောင်စုံသော ကောင်းကင်ကြီးကို မော့ကြည့်ရင်း သူမ၏အကြိုက်ဆုံးမြင်းပေါ်ရှိ နေ့ရက်များကို ရုတ်တရက် တွေးမိသည်။ စစ်ပွဲအတွင်း စစ်သားများနှင့် အတူရှိခဲ့သည်။

စစ်မြေပြင်မှာ တပ်သားတွေနဲ့ အတူ ညလုံးပေါက် မီးလင်းဖိုထိုင်ဖူးတဲ့အချိန်တွေ...၊ အိမ် က ဆန်အိုးအကြောင်း၊ ကောက်ပဲသီးနှံအကြောင်း စကားစမြည်ပြောဖူးတဲ့အချိန်တွေ...၊ ဧကရီဘဝကတည်းက ယခုထိတိုင်… အမြဲတမ်း တစ်ယောက်တည်း ဖြစ်နေခဲ့၏။

ဒီလောကသစ်မှာလည်း ဘာမှမကွာခြားဘူး။

ပိုင်စစ်လင်းရဲ့ မျက်လုံးတွေက သူမဘက်ကို လှမ်းကြည့်နေသည်။

လပြည့်ညရဲ့အလင်းအောက်မှာ စုဖေးဖေးရဲ့အမူအရာ က မြေခွေးတစ်ကောင် နှင့်တူပေသည်။ သူတကယ်ပဲ ထိုမိန်းမ ကိုယ်ပေါ် က ကြင်နာမှုအငွေ့အသက်ကို အနံ့ခံမိသည်။ သူမအတွက် အားနည်းခြင်း နှင့် အထီးကျန်သည့်ဘက်ခြမ်း ကို ပြသသည်မှာ ရှားလာသည်။ သူမရဲ့ဘဝက ဘာလို့ ဤမျှအထီးကျန်နေရတာလဲ?

အချစ်အရူးမ ၏ အကြီးမားဆုံးပြဿနာမှာ တံတိုင်းများလွန်းနေပြီး မည်သည့်အရာကို အရင်ဖြိုဖျက်ရမည်ကို မသိခြင်းဖြစ်သည်။

"ရုံချင်း? ရုံချင်း? နင် ဘာဖြစ်နေတာလဲ!"

ရုတ်​တရက်​ ​အော်​ဟစ်​သံ ထွက်ပေါ်လာသည်​။

အားလုံး က ရှန်းရုံချင်း၏တဲ ကို ချက်ချင်း ကြည့်လိုက်ကြသည်။

သူတို့ ရှန်းရုံချင်း ကို သယ်လာတာ တွေ့ရသည်။ သူမ၏ ပါးစပ်ထဲ အမှုပ်များ ရှိနေကာ တကိုယ်လုံး တုန်နေသည်။ သူမကို ကြည့်ရတာ အရမ်းနာကျင်နေပုံ။

[ဘာဖြစ်တာလဲ?!]

[ဖာ့ခ်! ဘာတွေဖြစ်နေတာလဲဟ? ရူးချင်စရာကြီး၊ ဇာတ်ညွှန်းတွေ မလုပ်နဲ့၊ မရဲတင်းကြနဲ့ အိုကေ?]

[အစာအဆိပ်သင့်တာနဲ့တူတယ်!]

[ဒီအပိုင်း၂ က လူသတ်တာတော့ မဖြစ်လောက်ဘူးမလား?]

[မဖြစ်နိုင်တာ???]

[သောက်ဟာတွေ၊ စကားမပြောတက်လည်း ပါးစပ်ပိတ်ထားကြ!]

လူတိုင်း မင်သက်နေကြသည်။

ရှန်းရုံချင်း သည် အန်ပြီးနောက် မျက်လုံးတွေမှာ အာရုံမစိုက်နိုင်သေး၊ မူးဝေနေလျက် စုဖေးဖေးဘက်ကို လှည့်ကြည့်သည်။ လူတိုင်း အလုပ်ရူပ်နေပေမဲ့ တောင်ထဲမှာ စုဖေးဖေး တစ်ယောက်မှာ တည်ငြိမ်စွာထိုင်နေပြီး ရေခဲတောင်လို အေးစက်တဲ့အကြည့်တွေနဲ့ ကြည့်နေတယ်။

ဒါ သူမ လုပ်ခဲ့တာ!

ရှန်းရုံချင်းရဲ့ ရင်ဘတ် က အလျင်အမြန် တက်လိုက်ကျလိုက်ဖြစ်နေခဲ့သည်။ ရေနဲ့... ရုတ်တရက်ပေါ်လာတဲ့ မြွေ !

စုဖေးဖေး က သူမ သတိမထားမိခင် မှာ ရေတွေအစားထိုးပစ်လိုက်တာ ဖြစ်ရမယ်!

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment